← Chapters

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း ၂၁၂

Vol. 22 Ch. 212

အခန်း (၂၁၂)

ကပ်ပါးကောင် ကူးစက်ခံရခြင်း

ယောင်ရန်နှင့် လုံယုသည် မနက်ပိုင်း လေ့ကျင့်မှုကို ပြီးစီးခါစမှာပင် အပြင်ဘက်မှ ဟွမ်ချန်၏ အသံကို ကြားလိုက် ရသည်။ စူးစမ်းစိတ်ဖြင့် သူတို့နှစ်ဦးသည် အပြင်သို့ ထွက်ကြည့်ခဲ့ကြ၏။

သံတံခါးကို ဖွင့်လိုက်သောအခါ ယောင်ရန်သည် ခေါင်မိုးထပ်မှ ခြေတစ်ဖက် ဆွေ့ဆွေ့ခုန်ကာ ဆင်းလာသော ဟွမ်ချန် ကို တွေ့လိုက်ရသည်။ ကြမ်းပြင်ပေါ်ရှိ သွေးစက်များကို သတိပြုမိသဖြင့် သူမက ပြောလိုက်လေ၏။

"လုံယု...၊ သူ ဒဏ်ရာရထားတယ်...။ ဒဏ်ရာတွေကို ကျွန်မ စစ်ဆေးကြည့်လို့ရအောင် သူ့ကို အထဲတွဲ ခေါ်ပေးပါ ဦး...။"

လုံယုက၊

"ဟုတ်ပြီ...။"

ထို့နောက် သူသည် ဟွမ်ချန်ထံသို့ လျှောက်သွားကာ၊

"ရှောင်ချန်...၊ ရန်ရန်ကို မင်းရဲ့ခြေထောက်ကို စစ်ဆေးခွင့်ပြုလိုက်ပါ...။"

ဟွမ်ချန်သည် နာကျင်မှုကို အောင့်အီးကာ ခေါင်းငြိမ့်ပြလိုက်မိသည်။ ယောင်ရန်၏ ဧည့်ခန်းရှိ ဆိုဖာပေါ်၌ ထိုင် နေရင်း သူသည် ဝရန်တာရှိ စိုက်ပျိုးအိုးများကို ကြည့်ကာ မေးလိုက်လေ၏။

"ယောင်ရန်က ဟင်းသီးဟင်းရွက်တွေ ထပ်စိုက်ထားတာလား...။"

ယောင်ရန်သည် အိပ်ခန်းထဲမှ ဆေးသေတ္တာကို ကိုင်ဆောင်ကာ ထွက်လာခဲ့ပြီး သူ၏မေးခွန်းကို ကြားလိုက် ရသည်။ သူမသည် သူ့ရှေ့တွင် ဝင်ထိုင်လိုက်ကာ၊

"နေကြာအချို့ စိုက်ထားတာပါ...၊ ဒီအပူချိန်အောက်မှာ ဟင်းသီးဟင်းရွက်တွေ ရှင်သန်နိုင်မှာ မဟုတ်ဘူးလေ...။"

သူမ၏ ဆေးသေတ္တာကို စားပွဲပုလေးပေါ်သို့ တင်လိုက်ရင်း ဟွမ်ချန်ကို ကြည့်ကာ မေးမြန်းလိုက်သည်။

"ရှင့်ရဲ့ ဖိနပ်ကို ချွတ်လို့ရမလား...။"

ဟွမ်ချန်သည် ခန္ဓာကိုယ်ကို ညွှတ်ကာ နာကျင်လွန်းသဖြင့် မျက်နှာပျက်လျက် သူ၏ဖိနပ်ကို ဖြည်းညင်းစွာ ချွတ် လိုက်လေသည်။ မိနစ်အနည်းငယ် ကြာပြီးနောက် ယောင်ရန်သည် သူ၏ခြေဖဝါးကို စစ်ဆေးကြည့်ရှုလိုက်ပြီး ခြေအိတ်ကို ညှပ်ထုတ်ရန် ကတ်ကြေးကို အသုံးပြုခဲ့၏။

ဒဏ်ရာမှ သွေးများကို သန့်စင်ပေးပြီးနောက် ယောင်ရန်သည် စစ်ဆေးကြည့်ရှုကာ ပြောလိုက်၏။

"နင် ကံကောင်းပါတယ်...၊ သာမန်အပူလောင်တာပဲ ဖြစ်လို့ ဆေးလိမ်းပေးပြီး ရက်အနည်းငယ်အတွင်းမှာ ဒဏ်ရာက သက်သာသွားလိမ့်မယ်...။ သတိထားရမှာက ခြေဖဝါးကို အားအများကြီးမပြုဖို့နဲ့ ဒဏ်ရာကို ရေ မထိစေဖို့ပဲ...။"

ထိုစကားကို ကြားသောအခါ ဟွမ်ချန်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်လေ သည်။

"ခေါင်မိုးကြမ်းပြင်က တကယ်ပဲ ကျွန်တော့်ဖိနပ်ရဲ့ ခြေဖဝါးအောက်ခံကို အရည်ပျော်စေပြီး ခြေထောက်ကို ပူလောင်စေခဲ့တာကိုး...။"

ယောင်ရန်သည် သူ့အား တစ်ချက်မျှ လှမ်းကြည့်ကာ ဆေးလိမ်းပေးပြီး ပတ်တီးစည်းပေးလိုက်လေသည်​ လုပ်ဆောင်ပြီးစီးသွားသောအခါ သူမက မေးလိုက်လေ၏။

"ရှင် ခေါင်မိုးပေါ်ကို ဘာသွားလုပ်တာလဲ...၊ လက်ရှိ နေရောင်ခြည်က ထိတွေ့ရုံနဲ့ အရေပြားကို လောင်ကျွမ်းစေ နိုင်တာကို ရှင်မသိဘူးလား...။"

ဆိုဖာပေါ်သို့ မှီလိုက်ရင်း ဟွမ်ချန်က ကူကယ်ရာမဲ့စွာဖြင့် ပြန်လည်ဖြေခဲ့ပေသည်။

"ကျွန်တော် ရေစင်ထဲက ရေတွေကို သွားပြီး စစ်ဆေးတာပါ...၊ အပူချိန်က နေ့တိုင်း ဆက်တိုက်မြင့်တက်နေတာ ကြောင့် ဒီအပူရှိန်က ရေတွေကို ခန်းခြောက်သွားစေမလားဆိုပြီး အစ်ကိုရှီရွှမ်းက စိုးရိမ်နေတာမို့လို့ပါ...။"

"မြေပြင်က ဒီလောက်အထိ ပူပြင်းနေလိမ့်မယ်လို့ ဘယ်သူသိမှာလဲ...။ လမ်းခဏလေး လျှောက်ရုံနဲ့တင် ဖိနပ် အောက်ခံတွေ အရည်ပျော်သွားခဲ့တာ...။"

ဤစကားကို ကြားသောအခါ လုံယုနှင့် ယောင်ရန်သည် နံရံပေါ်တွင် ချိတ်ဆွဲထားသော အပူချိန်တိုင်းကိရိယာဆီ သို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြလေ၏။ ယနေ့မနက်ပိုင်း​ေ အပူချိန်မှာ ငါးဆယ့်ငါးဒီဂရီ ဆဲလ်စီး ယပ်စ် ဖြစ်သည်ကို သူတို့ မြင်တွေ့ခဲ့ရသော်လည်း ယခုအခါ နာရီအနည်းငယ်အတွင်းမှာပင် ငါးဆယ့်ခြောက်ဒီဂရီ ဆဲလ်စီးယပ်စ်အထိ မြင့်တက်သွားခဲ့ခြင်း ဖြစ်ပေသည်။

၎င်းကို မြင်တွေ့လိုက်ရသောအခါ သူတို့နှစ်ဦးစလုံးသည် ဤဘဝ၏ အလွန်အမင်း ပူပြင်းမှုမှာ အတိတ်ဘဝ ထက်ပင် ပိုမိုပြင်းထန်လာနိုင်ကြောင်း သဘောပေါက်လိုက်ကြတော့သည်။

ဆိုဖာပေါ်၌ ထိုင်နေရင်း ဟွမ်ချန်သည် သူတို့နှစ်ဦး အပူချိန်တိုင်းကိရိယာကို ကြည့်နေသည်ကို သတိပြုမိသွားခဲ့ သည်။ သူသည်လည်း လှမ်းကြည့်လိုက်ရာ အပူချိန်မှာ ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း တွေ့လိုက်ရ၏။

သူက အံ့အားသင့်စွာဖြင့် ပြောလိုက်လေသည်။

"အပြင်ဘက်က ဘာလို့ ဒီလောက်တောင် ပူပြင်းနေလဲ မဆန်းတော့ပါဘူး...။ အပူချိန်က ငါးဆယ့်ခြောက်ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရောက်နေပြီပဲ...။"

အပေါ်ဆုံးထပ်တွင် နေထိုင်ကြသောသူများအတွက်မူ အပူချိန်မြင့်တက်လာခြင်းမှာ ကပ်ဘေးတစ်ခု ဖြစ်ပေသည်။ လေဝင်လေထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားသဖြင့် အိမ်တွင်းအပူချိန်မှာ အပြင်ဘက်ထက်ပင် ပိုမိုမြင့်မား နေပြီး ချွေးထုတ်ခန်းတစ်ခုအတွင်း ရောက်ရှိနေသကဲ့သို့ ခံစားရစေ၏။

ဤအလွန်အမင်းပူပြင်းခြင်း၏ တစ်ခုတည်းသော ကောင်းကျိုးမှာ သာမန်ကပ်ပါးကောင်များသည် ဤကဲ့သို့သော မြင့်မားသည့်အပူရှိန်အောက်တွင် မရှင်သန်နိုင်ခြင်း ဖြစ်သည်။ သို့သော်လည်း မျိုးဗီဇပြောင်းလဲမှုသည် မျှော်လင့် ထားသည်ထက် စောစီးစွာ စတင်နေနိုင်ခြေ ရှိသဖြင့် ယောင်ရန်သည်လည်း သေချာစွာ မသိရှိနိုင်ချေ။

ယောင်ရန်သည် အပူချိန်တိုင်းကိရိယာဆီမှ အကြည့်ကို လွှဲလိုက်ကာ သူမ၏ ဆေးသေတ္တာကို ပိတ်လိုက်၏။

သူမသည် ဟွမ်ချန်ထံသို့ ဒဏ်ရာကုသရန်အတွက် ကျန်ရှိသော ဆေးလိမ်းခရမ်နှင့်အတူ ပဋိဇီဝဆေးပြားအချို့ကို ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။

"တကယ်လို့ ဒီနေ့ည နင် ဖျားလာမယ်ဆိုရင် အဖျားကျဆေးကို သောက်နိုင်ပါတယ်...။"

မြင့်မားသောအပူချိန်အောက်တွင် ဒဏ်ရာများမှာ ကူးစက်ပိုးဝင်ရန် ပိုမိုလွယ်ကူကြောင်း ဟွမ်ချန် သိရှိပေသည်။ ထို့အပြင် အပြင်ဘက်ရှိ အမှိုက်သရိုက်များနှင့် ဖောင်းပွနေသော အလောင်းများသည် ယင်ကောင် အမြောက် အမြားကို ဆွဲဆောင်နေပြီး ဖြစ်သည်။ သူသည် ၎င်းတို့၏ ပေါက်ဖွားရာ နေရာတစ်ခု မဖြစ်လိုချေ။

ဆေးဝါးများကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားရင်း သူက ပြောလိုက်၏။

"ကောင်းပါပြီ..."

သူသည် လမ်းမလျှောက်နိုင်သဖြင့် လုံယုက သူ့အား ကူညီကာ ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ထိုနေ့ညနေ ပိုင်းတွင် စီမာယွမ်သည် ယောင်ရန်ထံသို့ လာရောက်လည်ပတ်ခဲ့၏။

သူ၏ မျက်နှာအမူအရာကို မြင်တွေ့ရသောအခါ ယောင်ရန်က မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ...၊ ရှင့်ရဲ့ အဘိုးနဲ့ အဖွား တစ်ခုခု ဖြစ်လို့လား...။"

စီမာယွမ်က ခေါင်းယမ်းပြကာ၊

"မဟုတ်ပါဘူး...၊ ရှောင်ပေါင် ဖြစ်လို့ပါ...။"

ယောင်ရန်သည် ရှောင်ပေါင်ဟူသည် မည်သူဖြစ်ကြောင်း စဉ်းစားကြည့်လိုက်ရာ စီမာချန်နန်၏ နာမည်ပြောင် ဖြစ်ကြောင်း သတိရသွားခဲ့သည်။ ကလေးငယ်၏ အရေပြားအခြေအနေကို စဉ်းစားမိသဖြင့် သူမက မေးလိုက် လေ၏။

"သူ့အရေပြားမှာ အနီစက်တွေ ထပ်ပြီး ထွက်လာလို့လား...။"

စီမာယွမ်က၊

"အရေပြားကတော့ သိပ်ပြီး မဆိုးလှပါဘူး...၊ ဒါပေမယ့် သူက ဗိုက်အောင့်နေပြီး မနက်ကတည်းက အန်နေတာ...၊ ကျေးဇူးပြုပြီး ကျွန်တော့်အိမ်ကို လိုက်ပြီး စစ်ဆေးပေးလို့ ရမလားခင်ဗျာ...။"

ဤစကားကို ကြားရသောအခါ ယောင်ရန်က ပြောလိုက်၏။

"ခဏလောက် စောင့်ပါဦး...။"

ထို့နောက် သူမသည် ဆေးသေတ္တာကို ယူရန် အထဲသို့ အလျင်အမြန် ပြန်ဝင်ခဲ့သည်။ သူမ ပြန်ထွက်လာသောအခါ တံခါးကို ပိတ်လိုက်ပြီး စီမာယွမ်နှင့်အတူ ထွက်ခွာခဲ့လေသည်။

အိမ်အတွင်းသို့ ခြေလှမ်းလှမ်းဝင်လိုက်သည်နှင့်တစ်ပြိုင်နက် အိပ်ခန်းအတွင်းမှ ပျို့အန်သံများကို ယောင်ရန် ကြားလိုက်ရသည်။ သူမ သွားရောက်မစစ်ဆေးမီ နှာခေါင်းစည်း၊ ကာကွယ်ရေးမျက်မှန်နှင့် လက်အိတ်များကို ဝတ်ဆင်လိုက်၏။

စီမာယွမ်သည် ယောင်ရန်ကို ခေါ်ဆောင်လာသည်ကို မြင်သောအခါ ရွမ်ယင်းသည် သူမ၏ သားဖြစ်သူအား ကုတင်ပေါ်သို့ လှဲလျောင်းစေရန် ကူညီပေးလိုက်ပြီး၊

"မယောင်ရန်...၊ ကျေးဇူးပြုပြီး ရှောင်ပေါင်ကို ကြည့်ပေးပါဦး....။ သူက မနေ့ညကတည်းက ဗိုက်အောင့်နေပြီး တော့ ဒီနေ့မနက်ကျတော့ အန်တော့တာပါပဲ...။"

ယောင်ရန်သည် အန်ဖတ်များထည့်ထားသော ပုံးကို လှမ်းကြည့်လိုက်ရာ အတွင်း၌ လှုပ်ရှားနေသောအရာ တစ်ခုကို သတိပြုမိလိုက်လေ၏။

သူမသည် အခြားသူများဘက်သို့ လှည့်ကာ ပြောလိုက်သည်။

"ရှောင်ပေါင်က ကပ်ပါးကောင် ကူးစက်ခံထားရတာပဲ...။ ကပ်ပါးကောင်အချို့က အန်ဖတ်တွေနဲ့အတူ ထွက်လာခဲ့ တယ်...။ ဒါက ကပ်ပါးကောင်တွေက သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ပေါက်ဖွားနေပြီး ချက်ချင်း ဖယ်ရှားပစ်ဖို့ လိုအပ်နေပြီ ဆိုတာ ပြသနေတာပဲ...။ "

သူမ၏ စကားကြောင့် သူတို့၏ မျက်နှာများမှာ ဖြူလျော်သွားခဲ့ကြသည်။ ရွမ်ယင်းသည် သူမ၏ သားဖြစ်သူကို တင်းတင်းကြပ်ကြပ် ဖက်ကာ ငိုကြွေးလေတော့သည်။ စီမာဟောက်သည် နာမကျန်းဖြစ်နေသော သားဖြစ်သူကို ကြည့်လိုက်ပြီးနောက် ယောင်ရန်အား ကြည့်ကာ မေးမြန်းလိုက်၏။

"မယောင်ရန်... ကျွန်တော်တို့တွေ ညစ်ပတ်တဲ့အရာတွေကို ဘာမှမစားခဲ့ပါဘူး...။ ရှောင်ပေါင်က ဘယ်လိုဖြစ်ပြီး ကပ်ပါးကောင် ကူးစက်ခံရတာလဲ...။"

ယောင်ရန်က ရှင်းပြခဲ့၏။

"ကပ်ပါးကောင် ကူးစက်ခြင်းက ကပ်ပါးကောင်တွေ ခန္ဓာကိုယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်တဲ့အခါ ဖြစ်ပွား တတ်ပါတယ်...။ ကူးစက်ပျံ့နှံ့တဲ့ နည်းလမ်းတွေထဲမှာ လူအချင်းချင်း ကူးစက်ခြင်း၊ တိရစ္ဆာန်မှတစ်ဆင့် လူသို့ ကူးစက်ခြင်း၊ ကြားခံသယ်ဆောင်သူမှတစ်ဆင့် ကူးစက်ခြင်းနဲ့ ညစ်ညမ်းတဲ့ ရေ သို့မဟုတ် အစားအစာတွေ ပါဝင် ပါတယ်...။"

သူမသည် စီမာချန်နန်ကို ကြည့်ကာ ပြောလိုက်လေသည်။

"ရှင့်မိသားစုက ညစ်ညမ်းတဲ့အရာတွေကို ဘာမှမစားခဲ့ဘူးဆိုရင်တော့ ကပ်ပါးကောင်တွေက တခြားနည်းလမ်းနဲ့ ကူးစက်ပျံ့နှံ့ခဲ့တာ ဖြစ်ရမယ်...။"

ခဏမျှ စဉ်းစားပြီးနောက် ယောင်ရန်က မေးလိုက်၏။

"မကြာသေးခင်က ရှင်တို့ထဲက တစ်ယေက်ယောက် အပြင်ထွက်ခဲ့တာမျိုး ရှိလား...။"

စီမာဟောက်က ခေါင်းငြိမ့်ပြကာ ၊

"လွန်ခဲ့တဲ့ နှစ်ရက်အထိ ကျွန်တော်တို့ အပြင်မှာ အလုပ်လုပ်နေခဲ့ကြတာပါ...။"

All Chapters