အခန်း ၂၁၄
Vol. 22 Ch. 214
အခန်း (၂၁၄)
ယောင်ရန်၏ အစီအစဉ်
လုံယုနှင့် ယောင်ရန်တို့သည် နက်နက်နဲနဲ စဉ်းစားနေကြစဉ် ဟွမ်ချန်သည် သက်ပြင်းချလိုက်ကာ ရေရွတ်လိုက်၏။
"စစ်တပ်ထဲက ငါတို့ရဲ့ ညီအစ်ကိုတွေ ဘာတွေ ဖြစ်ကုန်ကြမလဲ မသိဘူး...။"
ထိုစကားကို ကြားသောအခါ ယောင်ရန်သည် မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ သူမသည် စစ်သား များကို အလွန်အမင်း အေးစက်သော ရာသီဥတုကို ကျော်ဖြတ်နိုင်ရန်အတွက် ရိက္ခာအမြောက်အမြား ပံ့ပိုးပေးခဲ့ ပြီး ဖြစ်၏။ ယခုအခါ သူတို့အား ကပ်ပါးကောင် ကူးစက်မှု၏ သားကောင်များ ဖြစ်ပေါ်လာစေရန် ခွင့်ပြုရမည့် အကြောင်းပြချက် မရှိချေ။
ရှီရွှမ်းသည် သူမ နက်နက်နဲနဲ စဉ်းစားနေသည်ကို မြင်တွေ့ရသောအခါ ပြောလိုက်လေ၏။
"ယောင်ရန်...၊ နင်က ဆေးကျောင်းသားတစ်ယောက်ပဲ...။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရမလဲဆိုတဲ့ အကြံဥာဏ် ရှိလား...။"
အစိုးရအတွက် အလုပ်လုပ်ပေးနေသော ကျွမ်းကျင်သူများနှင့် ဆရာဝန်များစွာ ရှိနေသော်လည်း အများစုမှာ သူတို့ စိတ်ဝင်စားသောအရာကိုသာ အာရုံစိုက်လေ့ရှိကြသည်။ အကယ်၍ကပ်ပါးကောင် ကူးစက်မှုသည် တစ်မြို့ လုံးအတိုင်းအတာအထိ ပျံ့နှံ့သွားပါက အစိုးရသည် အရပ်သားပြည်သူများကိုသာ ဦးစွာ ဦးစားပေး ကူညီ ပေလိမ့် မည်။
သို့သော်လည်း အကယ်၍ သူတို့ကိုယ်တိုင် ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းမည်ဆိုပါက အစိုးရက အရပ်သားပြည် သူများကို ကယ်တင်ရန် အာရုံစိုက်နေစဉ်အတွင်း စစ်သားများကို ကူညီပေးနိုင်ပြီး တတ်နိုင်သမျှ များများကို ကယ်တင်နိုင်ပေလိမ့်မည် ။
ဤအချက်ကို စဉ်းစားသုံးသပ်ပြီးနောက် ယောင်ရန်က ပြောလိုက်လေ၏။
"စစ်သားတွေ ကူးစက်ခံထားရခြင်း ရှိမရှိကို ကျွန်မတို့ မသိနိုင်တာကြောင့် သူတို့တွေ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဆေးဝါးတွေကို တတ်နိုင်သမျှ စောစော သောက်သုံးထားဖို့ လိုအပ်လိမ့်မယ်...။"
"ဒါ့အပြင် သူတို့တွေက နေ့စဉ်နဲ့ တာဝန်တွေ ထွက်တဲ့အခါ ဒါမှမဟုတ် အခြားသူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အခါ သူတို့ရဲ့ နေထိုင်ရာ နေရာတွေနဲ့ ကိုယ်ခန္ဓာတွေကို သန့်စင်ဖို့အတွက် ပိုးသတ်ဆေး အမြောက်အမြား လိုအပ် လိမ့် မယ်...။ လုံလောက်တဲ့ ဆေးဝါးနဲ့ ပိုးသတ်ဆေးတွေကို ပြင်ဆင်ဖို့အတွက် အရင်းအမြစ်တွေနဲ့ အချိန်တွေ အများ ကြီး လိုအပ်တာကြောင့် အစိုးရက ဒီကိစ္စအတွက် ရိက္ခာတွေ ခွဲဝေပေးမလားဆိုတာ ကျွန်မ မသေချာဘူး...။"
သူမ၏ စကားကို ကြားရသောအခါ လူတိုင်းမှာ တိတ်ဆိတ်သွားကြပေသည်။
သူတို့၏ စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာများကို မြင်တွေ့ရသောအခါ ယောင်ရန်က ပြုံးလိုက်ပြီး၊
"တကယ်လို့ အစိုးရက စစ်သားတွေအတွက် ရိက္ခာတွေ မပံ့ပိုးပေးဘူးဆိုရင် ကျွန်မတို့ကိုယ်တိုင် ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းကြရင် ဘယ်လိုလဲ...။"
သူမ၏ စကားဆုံးသွားသည့် အခိုက်အတန့်တွင် အခြားသူများသည် သူမအား အံ့အားသင့်စွာဖြင့် လှမ်းကြည့် လိုက်ကြလေသည်။
ရှီရွှမ်းက မျက်မှောင်ကြုတ်ကာ၊
"ယောင်ရန်...၊ ကျွင်းချန် စစ်အခြေစိုက်စခန်းမှာ စစ်သားအင်အား ဘယ်လောက်အထိ အခြေစိုက်နေလဲဆိုတာ နင်သိရဲ့လား...။"
ယောင်ရန်သည်လည်း အတိအကျ မသိရှိသော်လည်း သူမထံတွင် ရိက္ခာပစ္စည်းများစွာ ရှိနေသဖြင့် တည်ငြိမ်စွာ ပင် ပြန်ဖြေခဲ့လေသည်။
"အရေအတွက် အတိအကျကိုတော့ ကျွန်မ မသိဘူး...။ ဒါပေမယ့် ဒီကပ်ပါးကောင်တွေက သူတို့ရဲ့ ခန္ဓာကိုယ် အတွင်းကနေ အရှင်လတ်လတ် ပွဲတော်တည်စားသောက်ကြတာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်ဆိုတာ ကိုတော့ ကျွန်မ ကောင်းကောင်း သိပါတယ်...။"
သူမ၏ ယုံကြည်ချက်အပြည့်ရှိသော မျက်နှာအမူအရာကို ကြည့်ရင်း ရှီရွှမ်းက မျက်ခုံးပင့်ကာ စူးစမ်းစွာ မေးမြန်းလိုက်လေ၏။
"နင့်မှာ ဘာအစီအစဉ် ရှိလို့လဲ...။"
ယောင်ရန်က ပြုံးလိုက်ကာ ၊
"ပထမဆုံးအနေနဲ့ ကျွန်မတို့ လင်းယိနဲ့ ယွမ်ရီဟွေးတို့ကို ရှာဖွေဖို့ လိုအပ်တယ်...။"
ဤစကားကို ကြားရသောအခါ ဟွမ်ချန်က မေးလိုက်လေသည်။
"နင်က သူတို့ဆီကနေ ဆေးဝါးတွေ ဝယ်ယူဖို့ ပြင်ဆင်နေတာလား...။"
ဟွမ်ချန်၏ တည်ကြည်သော မျက်နှာအမူအရာကို ကြည့်ကာ ယောင်ရန်က ၊
"ကျွန်မ သူတို့ဆီကနေ ဆေးဝါးတွေ ဝယ်မှာ မဟုတ်ပါဘူး...။"
ကျားရှန်းက စူးစမ်းစွာဖြင့် မေးမြန်းလိုက်လေသည်။
"ဒါဆိုရင် နင်က လင်းယိကို ဘာလို့ ရှာချင်ရတာလဲ...။”
ယောင်ရန်က သူမအား စိုက်ကြည့်ကာ၊
"ကပ်ပါးကောင် ကူးစက်မှုအကြောင်း သတင်းကို ကူညီပြီး ဖြန့်ဝေပေးဖို့အတွက် ကျွန်မက သူ့ကို အသုံးချချင် တာ...။ ဒါမှသာ ကူးစက်ရောဂါ အသွင်မပြောင်းလဲမီ အစိုးရက ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းနိုင်မှာလေ...။”
သူမ၏ အစီအစဉ်ကို နားထောင်ပြီးနောက် အခြားသူများသည် လင်းယိသည် မှောင်ခိုကုန်သည်တစ်ဦးဖြစ်သဖြင့် အာဏာရှိသူများနှင့် အဆက်အသွယ် ရှိနေနိုင်ခြေ များပြားကြောင်း သဘောပေါက်လိုက်ကြသည်။ သူတို့ တိုက် ရိုက် သတင်းပို့မည့်အစား သူ့အား သတင်းဖြန့်ဝေခိုင်းခြင်းက ပိုမိုထိရောက်ပေလိမ့်မည် ။
ကမ္ဘာပျက်ကပ် ရောက်ရှိနေသော်ငြားလည်း ချမ်းသာကြွယ်ဝပြီး အာဏာရှိသူများသည် အစိုးရနှင့် စစ်တပ် နှစ်ခု စလုံးတွင် သြဇာအာဏာ ရှိနေဆဲ ဖြစ်သည်။ သူတို့က ကပ်ပါးကောင် ကူးစက်မှုကို စတင်ကိုင်တွယ်ဖြေရှင်းပါက ယောင်ရန်၏ အဖွဲ့သည် စစ်သားများကို ကယ်တင်ရန်အတွက်သာ ပိုမိုအာရုံစိုက်နိုင်ပေလိမ့်မည်။
သူမ၏ အစီအစဉ်အပေါ် မည်သူမျှ ကန့်ကွက်ခြင်းမရှိသည်ကို မြင်ရသောအခါ ယောင်ရန်က ပြောလိုက်လေ၏။
"လုံယု...၊ ကျွန်မ ဆေးဝါးတွေနဲ့ ပိုးသတ်ဆေးတွေကို ပြင်ဆင်ဖို့အတွက် အချိန်နည်းနည်း လိုအပ်လိမ့်မယ်...။ ရှင် လင်းယိနဲ့ ဆက်သွယ်ပြီး ညှိနှိုင်းပေးလို့ ရမလား...။ တကယ်လို့ သူ့ဆီမှာ တစ်စုံတစ်ရာ တောင်းဆိုမှု ရှိမယ်ဆိုရင် လည်း ကျွန်မကို ပြောပြပါဦး...။"
လုံယုက ခေါင်းငြိမ့်ပြကာ ၊
"ကောင်းပါပြီ...၊ ကျွန်တော်နဲ့ ရှီရွှမ်း ဒီနေ့ပဲ သွားပြီး ရှာလိုက်ပါ့မယ်...။”
ဤစကားကို ကြားရသောအခါ ယောင်ရန်က ခေါင်းယမ်းပြကာ ပြောလိုက်လေသည် ။
"ဒီနေ့တော့ မသွားပါနဲ့ဦး...၊ကျွန်မတို့ရဲ့ ခန္ဓာကိုယ်အတွင်းက ကပ်ပါးကောင်တွေကို နှင်ထုတ်ဖို့အတွက် ဆေးကို အမြန်ဆုံး အရင်သောက်သုံးရမယ်...။ လူတိုင်း ခန္ဓာကိုယ်ထဲမှာ ကပ်ပါးကောင်တွေ မရှိတော့ဘူးဆိုတာ ကျွန်မ သေချာမှပဲ သွားကြပါ...။”
လုံယုက ပြန်လည်ဖြေကြားခဲ့၏ ။
"ကောင်းပါပြီ...။”
ထိုသို့ပြောပြီးနောက် ယောင်ရန်သည် မတ်တပ်ရပ်လိုက်ကာ သူမ၏ မိတ်ဆွေများကို ကြည့်ပြီး နှုတ်ဆက် လိုက်လေသည် ။
"ကျွန်မ အရင်ပြန်ပြီး ဆေးဝါးတွေ စတင်ပြင်ဆင်လိုက်ပါဦးမယ်...။"
ထိုစကားများကို ချန်လှပ်ထားခဲ့ပြီးနောက် သူမသည် အိမ်သို့ အလျင်အမြန် ပြန်လာခဲ့၏။ လုံယုနှင့် အခြားသူများ မှာမူ သူတို့၏ အစီအစဉ်ကို မည်သို့လျှို့ဝှက်စွာ အကောင်အထည်ဖော်ရမည်ကို ဆက်လက်ဆွေးနွေးနေခဲ့ကြ လေသည်။
အိမ်သို့ ရောက်ရှိသောအခါ ယောင်ရန်သည် သူမ၏ စိုက်ပျိုးအပင်များကို ဦးစွာ ပြုစုစောင့်ရှောက်ပြီးမှ အိပ်ခန်း အတွင်းသို့ ဝင်ရောက်ခဲ့လေသည်။ ခရီးဆောင်လေအေးပေးစက်ကို ဖွင့်ကာ ရေခဲနှင့် ရေများကို ပိုမိုဖြည့်တင်းပြီး နောက် ဆေးဝါးများကို စတင်ပြင်ဆင်ခဲ့လေ၏ ။
တစ်နာရီခန့် ကြာပြီးနောက် သူမသည် နက်မှောင်လှသော ဆေးရည်များကို ရေနွေးဓာတ်ဗူးတစ်ခုအတွင်းသို့ ထည့် လိုက်ကာ သူမကိုယ်တိုင်အတွက်သာ ဆေးတစ်ခွက် ချန်ထားခဲ့၏။ ရေနွေးဓာတ်ဗူးကို ကိုင်ဆောင်လျက် သူမ သည် အခန်းအမှတ် (၂၀၀၁) သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
လုံယု ထိုနေရာ၌ ရှိနေဆဲဖြစ်သည်ကို မြင်သောအခါ သူမက ပြောလိုက်၏ ။
"တန်ချီချီ...၊ ကျွန်မအတွက် ဖန်ခွက်ခြောက်ခွက်လောက် ယူပေးလို့ ရမလား...။”
တန်ချီချီက ခေါင်းငြိမ့်ပြကာ မကြာမီမှာပင် မီးဖိုချောင်မှ ခွက်ခြောက်ခွက်ကို ယူဆောင်လာခဲ့ပေသည်။ ရေနွေး ဓာတ်ဗူးကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် ခါးသက်လှသော ဆေးနံ့များမှာ အခန်းတစ်ခုလုံး ပြည့်နှက်သွားခဲ့၏ ။ ယောင်ရန်သည် ဆေးရည်များကို ခွက်များအတွင်းသို့ ညီတူညီမျှ ခွဲဝေထည့်ပေးလိုက်လေသည်။
သူမသည် သူမ၏ မိတ်ဆွေများကို ကြည့်ကာ ပြောလိုက်သည်။
"သောက်လိုက်ကြပါဦး...။"
လုံယု၊ ကျားရှန်းနှင့် ရှီရွှမ်းတို့သည် သူတို့၏ ခွက်များကို ကောက်ကိုင်လိုက်ကြပြီး မျက်နှာအမူအရာ တစ်စုံတစ်ရာ ပြောင်းလဲခြင်းမရှိဘဲ သောက်သုံးလိုက်ကြသည်။ သူတို့ တည်ငြိမ်စွာ သောက်သုံးပြီးစီးသွားသည်ကို စောင့်ကြည့် ပြီးနောက် ဟွမ်ချန်သည်လည်း သူ၏ခွက်ကို ကောက်ကိုင်ကာ သတ္တိရှိရှိ သောက်သုံးလိုက်လေသည်။
ခါးသက်လှသော ဆေးရည်များ သူ၏ ပါးစပ်အတွင်းသို့ ဝင်ရောက်သွားသည့် အခိုက်အတန့်တွင် သူ၏ မျက်နှာမှာ ချဉ်စုတ်နေသော သစ်သီးတစ်လုံးကဲ့သို့ ရှုံ့မဲ့သွားခဲ့သည်။ သူသည် ဆေးရည်များကို အနိုင်နိုင် သောက်သုံးပြီးစီး သွားခဲ့ပြီး ခါးသက်လှသော အရသာများကို ပြေပျောက်စေရန် ရေကို အလျင်အမြန် သောက်သုံးလိုက်ရလေတော့ သည်။
ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့သည် ဟွမ်ချန်၏ ရှုံ့မဲ့နေသော မျက်နှာကို မြင်တွေ့ရသောအခါ ခေတ္တမျှ တွေဝေသွား ကြသော်လည်း နောက်ဆုံးတွင် သတ္တိရှိရှိဖြင့် သူတို့၏ နှာခေါင်းများကို ပိတ်ကာ ခွက်များကို မော့၍ သောက်ချ လိုက်ကြတော့သည် ။
လူတိုင်း ဆေးသောက်ပြီးစီးသွားသောအခါ ယောင်ရန်က ပြောလိုက်၏ ။
"ကြိုတင်ပြင်ဆင်ထားကြပါဦး...။ နင်တို့တွေ ဗိုက်အောင့်လာပြီး မကြာခင်မှာ အိမ်သာသွားချင်ကြလိမ့်မယ်...။"
ဟွမ်ချန်က ညည်းတွားလျက် ရေရွတ်လိုက်သည် ။
"အိမ်သာထဲမှာ အချိန်ကုန်ဆုံးနေရမယ့်အစား အန်ရတာကိုပဲ ပိုပြီး ရွေးချယ်ချင်ပါတယ်...။”
သူ၏ ညည်းညူသံကြောင့် ယောင်ရန်က ခပ်ဖွဖွရယ်မောလိုက်ကာ မတ်တပ်ရပ်ပြီး ပြောလိုက်၏။
"ကျွန်မအိမ်မှာ ကြောင်သဲအချို့ ရှိသေးတယ်...။ လိုအပ်ရင် ကျွန်မအိမ်မှာ လာပြီး ယူနိုင်ပါတယ်...။”
သူမသည် လုံယုဘက်သို့ လှည့်ကြည့်ကာ မေးမြန်းလိုက်လေသည် ။
"ရှင် ကျွန်မအိမ်ကို လိုက်ခဲ့ချင်လား...။”
သူမ၏ စကားဆုံးသွားသောအခါ အခြားသူများသည် သူမအား အံ့အားသင့်စွာဖြင့် လှမ်းကြည့်လိုက်ကြပြီးနောက် လုံယုဘက်သို့ စိတ်ရှုပ်ထွေးလှသော မျက်နှာအမူအရာများဖြင့် လှည့်ကြည့်လိုက်ကြ၏။
သူတို့၏ အတွေးများကို မသိရှိသော လုံယုက ခေါင်းငြိမ့်ပြကာ သူမ၏နောက်သို့ လိုက်ပါသွားခဲ့လေသည်။ မကြာ မီမှာပင် သူသည် ကြောင်သဲအိတ်တစ်အိတ်ကို သယ်ဆောင်ကာ ပြန်လည်ရောက်ရှိလာခဲ့ပြီး ထပ်မံထွက်ခွာသွားခဲ့ လေ၏ ။
ကြမ်းပြင်ပေါ်ရှိ ကြောင်သဲအိတ်ကြီးကို စိုက်ကြည့်ရင်း ဟွမ်ချန်က တွေဝေစွာဖြင့် မေးလိုက်လေသည်။
"ဆေးသောက်ပြီးကာမှ ယောင်ရန်က လုံယုကို သူမအိမ်သို့ ဘာလို့ ခေါ်သွားရတာလဲ...။ သူမက သူ့ဆီက အနံ့အသက်ဆိုးတွေကို...၊ မကြောက်ဘူးလား...။”