← Chapters

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း ၂၁၆

Vol. 22 Ch. 216

အခန်း (၂၁၆)

လင်းယိ၏ တောင်းဆိုချက်

ခရီးဆောင်လေအေးပေးစက်မှ ထွက်ပေါ်လာသော အေးစက်သော လေထုကို ခံစားရင်း ကုတင်ပေါ်တွင် ထိုင် လျက် ယောင်ရန်သည် သူမ၏ စိတ်အာရုံကို နေရာလွတ်အတွင်းသို့ စေလွှတ်ကာ လုပ်ဆောင်စရာများကို စတင် လုပ်ဆောင်ခဲ့၏ ။

လုပ်ငန်းစဉ်မှာ ရိုးရှင်းသဖြင့် လုံယုနှင့် ရှီရွှမ်းတို့ ပြန်လည်မရောက်ရှိမီမှာပင် သူမသည် ကိုယ်တိုင်ပြုလုပ်ထား သော ပိုးသတ်ဆေးများကို ပလတ်စတစ်စည်ပိုင်း သုံးဆယ်ကျော်အတွင်းသို့ ထည့်သွင်းပြီးစီးခဲ့ပြီး စုစုပေါင်း လီတာခြောက်ထောင်ခန့် ရှိပေသည် ။

စက်လှေ မောင်းနှင်လာသံကို ကြားရသောအခါ ယောင်ရန်သည် နေရာလွတ်အတွင်းမှ သူမ၏ စိတ်ဝိညာဉ်ကို ပြန်လည်ရုပ်သိမ်းလိုက်လေသည်။ သူမသည် ဝါးကုတင်ပေါ်မှ ဆင်းကာ ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး လိုက်ကာကို မတင်လိုက်၏ ။

လုံယုနှင့် ရှီရွှမ်းတို့ ပြန်လည်ရောက်ရှိလာသည်ကို မြင်သောအခါ သူမသည် လိုက်ကာကို ပြန်ချလိုက်ပြီး သူမ၏ တိုက်ခန်းထဲမှ ထွက်ခွာခဲ့လေသည် ။

လုံယုနှင့် ရှီရွှမ်းတို့သည် ၁၉ ထပ်သို့ ရောက်ရှိသောအခါ သူတို့နှင့်အတူ ယူဆောင်လာခဲ့သော ပိုးသတ်ဆေးများကို ထုတ်ယူ၍ သူတို့၏ ခန္ဓာကိုယ်၊ ကျောပိုးအိတ်များနှင့် လက်နက်များကို ပိုးသတ်လိုက်ကြလေသည်။ လုပ်ဆောင် ပြီးစီးသွားသောအခါမှသာ အပေါ်ထပ်သို့ တက်ခဲ့ကြ၏ ။

အထပ် (၂၀) သို့ ပြန်လည်ရောက်ရှိသောအခါ သူတို့နှစ်ဦးသည် ကာကွယ်ရေးဝတ်စုံများကို ချွတ်လိုက်ကြပြီး အသက်ရှူမျက်နှာဖုံးများကို မချွတ်မီ ကိုယ်ခန္ဓာကို ထပ်မံ၍ ပိုးသတ်လိုက်ကြပြန်သည် ။ ထို့နောက် ရှီရွှမ်းသည် အခန်းအမှတ် (၂၀၀၁) ၏ တံခါးကို ဖွင့်လိုက်ပြီး သူတို့နှစ်ဦး အတူတကွ ဝင်ခဲ့ကြလေ၏ ။

ယောင်ရန်နှင့် အခြားသူများသည် ဧည့်ခန်းအတွင်း၌ သူတို့အား စောင့်ဆိုင်းနေကြသည်ကို မြင်တွေ့ရသောအခါ လုံယုသည် သူ၏ ကာကွယ်ရေးဝတ်စုံကို ချိတ်ဆွဲလိုက်ပြီး ယောင်ရန်၏ ဘေးတွင် ဝင်ထိုင်လိုက်လေသည် ။

သူတို့ထံတွင် ချွေးစေးများ စိုရွှဲနေသည်ကို သတိပြုမိသဖြင့် ယောင်ရန်က သူတို့တစ်ဦးချင်းစီထံသို့ ရောစပ်ထား သော ရေကန်ရေတစ်ပုလင်းစီ ကမ်းပေးလိုက်လေသည် ။

ရေတစ်ဝက်ခန့် သောက်သုံးပြီးနောက် လုံယုက သူမအား ကြည့်ကာ ပြောလိုက်သည် ။

"ရန်ရန်... လင်းယိက ငါတို့ကို ကူညီဖို့ သဘောတူတယ်...။ ဒါပေမယ့် သူက ကပ်ပါးကောင် ကူးစက်မှုကို ကုသ ဖို့အတွက် ဆေးဝါးတွေ တောင်းဆိုနေတယ်...။”

လင်းယိသည် ဆေးဝါးများကို တောင်းဆိုလိမ့်မည်ဟု ယောင်ရန်က ကြိုတင်ခန့်မှန်းထားပြီး ဖြစ်၏ ။

ကပ်ပါးကောင် ကူးစက်မှုသတင်း ပြန့်နှံ့လာသည်နှင့်အမျှ ဆေးဝါးဈေးနှုန်းများမှာ အဆမတန် မြင့်တက်လာပေ လိမ့်မည် ။ လက်ရှိအချိန်တွင် ဆေးဝါးများ အလွန်ရှားပါးနေသဖြင့် လင်းယိထံတွင် ရိက္ခာပစ္စည်းများစွာ ရှိနေ သော်ငြားလည်း ဆေးဝါးများ ရရှိရန်မှာ အလွန်ခက်ခဲပေလိမ့်မည် ။

ယောင်ရန်က မေးမြန်းလိုက်လေသည် ။

"သူ ဘယ်လောက်အထိ လိုချင်တာတဲ့လဲ...။”

လုံယုက။

"သူ ဆေးအညွှန်း နှစ်ရာစာ လိုချင်တာ...။”

ဟွမ်ချန်သည် ဤစကားကို ကြားရသောအခါ မျက်လုံးများကို ကစားလိုက်ကာ ပြောလိုက်၏ ။

"သူက လူတွေကို တိုက်ရိုက် ဓားပြမတိုက်ရုံတမယ်ပဲ...။”

ရှီရွှမ်းက သက်ပြင်းချလိုက်ကာ ပုခုံးတွန့်ပြရင်း ပြောလိုက်လေသည် ။

"သူက ဒီဆေးဝါးတွေကို သူ့ရဲ့လူတွေအတွက် သိမ်းဆည်းထားဖို့ ရည်ရွယ်ပုံရတယ်...။ ကျွန်တော်တို့ အပြန်လမ်း မှာ ကုန်သွယ်ရေးစင်တာကို ဝင်ခဲ့ကြသေးတယ်...။ လူအများအပြားက ဆေးဝါးတွေ ဝယ်ယူဖို့ တိုးဝှေ့နေကြပေ မယ့် ဆေးဝါးတွေက ကုန်သွားခဲ့ပြီ...။ ဆေးရုံကိုတော့ မသွားတာ အကောင်းဆုံးပဲ...။”

ဟွမ်ကျိဟွေးက စူးစမ်းစွာ မေးမြန်းလိုက်၏ ။

"ဘာလို့လဲ...။”

ရှီရွှမ်းက သူမအား ကြည့်ကာ၊

"အဲ့နေရာမှာ ဆေးဝါးတွေ မရှိတော့ဘူးလေ...။ ဒါပေမယ့် ဖျားနာနေတဲ့သူတွေက ဆေးရုံကိုပဲ သွားကြလိမ့် မယ်...။”

"လူအမြောက်အမြားက တစ်နေရာတည်းမှာ စုဝေးမိကြတဲ့အခါ ကပ်ပါးကောင် ကူးစက်ပျံ့နှံ့မှုက စိတ်ကူး ကြည့် ဖို့တောင် မလွယ်ကူတဲ့ အရှိန်အဟုန်နဲ့ ပျံ့နှံ့သွားနိုင်တယ်...။ ဒါ့အပြင် အဲံနေရာက လူနာတွေ ဆူပူအုံကြွ မှုတွေ ပြုလုပ်ခဲ့ကြပြီး ဖြစ်စဉ်အတွင်းမှာ သူနာပြုတွေနဲ့ ဆရာဝန်အချို့ သေဆုံးခဲ့ကြတယ်လို့လည်း ကျွန်တော်တို့ ကြားခဲ့ရတယ်...”

လုံယုက သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလိုက်လေသည်။ သူ၏ စကားကို ကြားရသောအခါ

လူတိုင်းမှာ တိတ်ဆိတ်သွားကြပေတော့သည် ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယောင်ရန်က ပြောလိုက်၏ ။

"ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က တတ်နိုင်သမျှ လူအများအပြားကို ကယ်တင်ဖို့ဖြစ်တာကြောင့် လင်းယိကို ဆေးအညွှန်း နှစ်ရာစာ ပေးလိုက်ပါ့မယ်...။”

ကျားရှန်းက သူမအား ကြည့်ကာ တားဆီးရန် ကြိုးပမ်းခဲ့သည်။

"ယောင်ရန်...၊ နင့်အတွက်လည်း ဆေးဝါးအချို့ ချန်ထားသင့်တယ်လေ...။ ဘယ်အချိန်မှာ လိုအပ်လာမလဲဆိုတာ မသိနိုင်ဘူးလေ...။”

ယောင်ရန်က ပြုံးလိုက်ကာ ၊

"မစိုးရိမ်ပါနဲ့...၊ နောက်ပိုင်းကျလို့ အပူချိန် လျော့ကျသွားရင် ဆေးဖက်ဝင် အပင်တွေကို ကျွန်မ ပြန်ပြီး စိုက်ပျိုး နိုင်ပါတယ်...။”

သူမထံတွင် အစီအစဉ် ရှိနှင့်ပြီးဖြစ်သဖြင့် ကျားရှန်းက ခေါင်းငြိမ့်ပြကာ ပြောလိုက်၏။

"နင့်လက်ထဲမှာ ဆေးဝါးအချို့ ရှိနေသေးရင်ပဲ ပြီးတာပါပဲ...။”

လုံယုက ယောင်ရန်ကို ကြည့်ကာ မေးလိုက်လေသည် ။

"လင်းယိက ဒီဆေးဝါးတွေကို မနက်ဖြန်အမှီ လိုချင်နေတာ...။ မင်း ဒီနေ့ညပိုင်းမှာ ပြင်ဆင်ပေးနိုင်မလား...။”

သူမက ခေါင်းငြိမ့်ပြကာ ၊

"ပြဿနာမရှိပါဘူး...။”

ထို့နောက် ရှီရွှမ်းကို ကြည့်ကာ ပြောလိုက်၏ ။

"ရှီရွှမ်း...၊ မနက်ဖြန်ကျရင် လင်းယိဆီကို ဒီဆေးဝါးတွေ သွား ပေးနိုင်မလား...။”

ရှီရွှမ်းက မျက်ခုံးကို အနည်းငယ် ပင့်ပြကာ ခေါင်းငြိမ့်ပြခဲ့လေသည် ။

"ရပါတယ်...။"

ယောင်ရန်က စိုးရိမ်ပူပန်မှုအပြည့်ရှိသော အသံဖြင့် ပြောလိုက်၏ ။

"ကောင်းပါပြီ...၊ ဒါဆိုရင် မနက်ဖြန်ကျရင် ကျွန်မက လုံယုနဲ့အတူ သွားပြီး ကိုယ်တိုင်ပြင်ဆင်ထားတဲ့ ပိုးသတ် ဆေးတွေကို တပ်မှူး ဝူဆီ သွားပေးလိုက်ပါ့မယ်...။ အခြေအနေတွေ ထိန်းချုပ်လို့မရအောင် မဖြစ်ခင်မှာ အစိုးရက ကူးစက်မှုကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ကျွန်မ မျှော်လင့်တယ်...။”

မနက်ဖြန်အတွက် သူတို့၏ အစီအစဉ်များကို ခေတ္တမျှ ဆွေးနွေးပြီးနောက် ယောင်ရန်သည် ဆေးဝါးများ ပြင်ဆင် ရန် အိမ်သို့ ပြန်လာခဲ့လေသည်။ သူမ ပြင်ဆင်ပြီးစီးသွားသောအခါ အပြင်ဘက်ရှိ ရေလွှမ်းမိုးသည့် ရေများကို လှမ်းကြည့်လိုက်ရာ ယနေ့တွင် ပိုမိုလျင်မြန်စွာ အရည်ပျော်ခန်းခြောက်နေသည်ကို သတိပြုမိလိုက်၏ ။

အပူချိန်မှာ ဆက်လက်မြင့်တက်နေပြီး ရေမျက်နှာပြင် လျော့ကျသွားသည့် အရှိန်အဟုန်အရဆိုပါက ရေလွှမ်းမိုး သည့်ရေများသည် နှစ်ရက်အတွင်း ပြန်လည်ကျဆင်းသွားပေလိမ့်မည်။

နောက်တစ်နေ့ မနက်ပိုင်းတွင် ယောင်ရန်သည် ခေါင်းမူးကာ အသက်ရှူကျပ်ခြင်းများကို ခံစားရရင်း နိုးထလာခဲ့ သည်။ နံရံပေါ်ရှိ အပူချိန်တိုင်းကိရိယာကို လှမ်းကြည့်လိုက်ရာ အိပ်ခန်းအတွင်းရှိ အပူချိန်မှာ ခြောက်ဆယ့်ငါး ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိနေသည်ကို တွေ့ရသဖြင့် သူမ အံ့အားသင့်သွားခဲ့လေ၏။

ဝါးကုတင်ပေါ်မှ ဆင်းလိုက်ရင်း ယောင်ရန်သည် ဤမျှလောက် ပြင်းထန်သောအပူရှိန်အောက်တွင် အပူချိန် ထိန်းအဝတ်အစားများပင် များစွာ သက်သာရာမရနိုင်တော့ကြောင်း သဘောပေါက်လိုက်သည် ။ သူမ၏ ကိုယ် ပေါ်တွင် ချွေးစေးများ စိုရွှဲနေသဖြင့် သူမသည် ရေချိုးရန်နှင့် အဝတ်အစားလဲလှယ်ရန် နေရာလွတ်အတွင်းသို့ အလျင်အမြန် ဝင်လိုက်လေ၏ ။

ရေချိုးပြီးနောက် သူမ၏ ကိုယ်အပူချိန်မှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပေသည် ။

အပူလျှပ်နိုင်ခြေရှိသော အန္တရာယ်များကို စိုးရိမ်သဖြင့် သူမသည် ကိုယ်ခန္ဓာကို အေးမြစေရန်နှင့် အစာစားချင် စိတ်ကို မြှင့်တင်ရန်အတွက် အအေးစာများနှင့် မုန့်အချို့ကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်၏။

ယခင်က ဒေါင်းလုဒ်ဆွဲထားသော သင်ခန်းစာဗီဒီယိုအချို့ကို ကြည့်ရှုပြီးနောက် ယောင်ရန်သည် ပဲနောက်စွပ်ပြုတ်၊ ပဲနီလေးစွပ်ပြုတ်၊ သံပရာရည်၊ ကိုယ်တိုင်ပြုလုပ်သော အိုက်စကရင်နှင့် သစ်သီးဖျော်ရည် အမျိုးမျိုးနှင့် တိုင်းရင်းဆေးဖက်ဝင် လက်ဖက်ရည်တို့ကို ပြုလုပ်ရန် ရွေးချယ်ခဲ့သည်။

သူမသည် အအေးရည်နှင့် စွပ်ပြုတ်များကို အိုးအကြီးကြီးများဖြင့် ပြုလုပ်ကာ ရေခဲသေတ္တာအတွင်း၌ အေးမြစေ ရန် ထည့်ထားလိုက်သည် ။ ထို့အပြင် ကိုယ်တိုင်ပြုလုပ်သော အိုက်စကရင်ပုံး အနည်းငယ်ကို ပြင်ဆင်ပြီး ဗီလာ အိမ်ရှိ ရေခဲတိုက်အတွင်း၌ အေးခဲစေရန် ထည့်သွင်းထားလိုက်၏။

နေရာလွတ်အတွင်းမှ ထွက်ခွာ၍ သူမ၏ တိုက်ခန်းသို့ ပြန်လည်ရောက်ရှိပြီးနောက် ယောင်ရန်သည် နေရာလွတ် အတွင်းမှ ရေခဲသေတ္တာအသေးစားတစ်လုံး၊ ရေခဲသေတ္တာအေးခဲခန်းအသေးစားတစ်လုံးနှင့် နေရောင်ခြည်စွမ်း အင်သုံး လျှပ်စစ်ထုတ်စက်တစ်ခုတို့ကို ထုတ်ယူလိုက်သည် ။

ပြတင်းပေါက်ကြီးများမှတစ်ဆင့် ပြင်းထန်ပြီး တောက်ပလှသော နေရောင်ခြည်များ ဖြာကျနေသည့် စင်္ကြံ လမ်းဆီသို့ ၎င်းတို့ကို သယ်ဆောင်လာခဲ့လေသည်။

ယောင်ရန်သည် ၎င်းတို့ကို စင်္ကြံလမ်း၏ အဆုံးသတ်သို့ သယ်ဆောင်ကာ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ထုတ်စက်၊ ရေခဲသေတ္တာနှင့် အေးခဲခန်းတို့ကို စတင်တပ်ဆင်လိုက်လေသည်။ လုပ်ဆောင်ပြီးစီးသွားသောအခါ ယောင်ရန်သည် လျှပ်စစ်ထုတ်စက်ကို ရေခဲသေတ္တာနှင့် အေးခဲခန်းတို့နှင့် ဆက်သွယ်ကာ ၎င်းတို့ကို ဖွင့်လိုက်၏။

သူမသည် ၎င်းတို့ကို ခေတ္တမျှ စောင့်ကြည့်နေပြီး ပုံမှန်အတိုင်း လည်ပတ်နေသည်ကို မြင်တွေ့ရမှသာ သူမ၏ တိုက်ခန်းအတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့လေသည် ။

သံတံခါးကို ပိတ်လိုက်ပြီးနောက် ယောင်ရန်သည် နေရာလွတ်အတွင်းသို့ စိတ်ဝိညာဉ်စေလွှတ်ကာ အအေးရည် များ၊ စွပ်ပြုတ်များနှင့် အိုက်စကရင်များကို တစ်ခါသုံးပုလင်းများ၊ ခွက်များနှင့် ခွက်ငယ်များအတွင်းသို့ ထည့်သွင်း ထုပ်ပိုးခဲ့လေသည်။ ထုပ်ပိုးပြီးစီးသွားသောအခါ သူမသည် ပစ္စည်းအချို့ကို ထုတ်ယူ၍ စင်္ကြံလမ်းရှိ ရေခဲသေတ္တာ နှင့် အေးခဲခန်းတို့အတွင်းသို့ ဖြည့်တင်းထားလိုက်တော့သည် ။

All Chapters