အခန်း ၂၁၇
Vol. 22 Ch. 217
အခန်း (၂၁၇)
ဆေးဝါးများ ရောင်းချခြင်း
ယောင်ရန်သည် ရေခဲသေတ္တာနှင့် အေးခဲခန်းတို့ကို ဖြည့်တင်းပြီးနောက် သူမ၏ နေရာလွတ်အတွင်းမှ စကား ပြောစက်နှစ်လုံးကို ထုတ်ယူကာ အခန်းအမှတ် (၂၀၀၁) နှင့် (၂၀၀၂) တို့၏ တံခါးများကို ခေါက်လိုက်သည်။ သူမ ခေတ္တမျှ စောင့်ဆိုင်းပြီးနောက် လုံယုသည် တံခါးဖွင့်ပေးခဲ့လေသည်။
သူမအား ထိုနေရာတွင် မြင်တွေ့ရသောအခါ၊
"ဘာလို့ ဒိလောက်စောစောကြီး ထလာရတာလဲ...။"
ယောင်ရန်က သူ့ထံသို့ စကားပြောစက်တစ်လုံး ကမ်းပေးလိုက်ရင်း၊
"အရမ်းပူလွန်းလို့ အိပ်လို့မရတာနဲ့ ထလာတာပါ...။”
ထို့နောက် သူမသည် ပြတင်းပေါက်များအနီးရှိ ရေခဲသေတ္တာအသေးစားနှင့် အေးခဲခန်းတို့ကို ညွှန်ပြကာ ၊
"ကျွန်မ အပူဒဏ်ကို ပြေပျောက်စေဖို့ အအေးရည်တွေ၊ စွပ်ပြုတ်တွေနဲ့ အိုက်စကရင်အချို့ ပြင်ပေးထားတယ်...၊ လိုချင်ရင် သွားယူနိုင်ပါတယ်...။”
"ပြီးတော့ ဒီစကားပြောစက်ကို ရှီရွှမ်းနဲ့ အခြားသူတွေဆီကိုလည်း လွှဲပေးလိုက်ပါဦး...၊ သိပ်ပြီး မအရေးကြီးတဲ့ ကိစ္စအသေးအမွှားတွေအတွက် တစ်ဦးဆီ တစ်ဦး သွားနေမယ့်အစား ဒီစကားပြောစက်ကို သုံးပြီးတော့ပဲ ဆက် သွယ်ကြတာပေါ့...။ စက်တွေရဲ့ ဘက်ထရီကိုတော့ ဒီနေရာက နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်စက်မှာ အားသွင်းနိုင်ပါတယ်...။"
လုံယုသည် သူ၏ လက်ဖဝါးဖြင့် သူမ၏ မျက်နှာပေါ်ရှိ ချွေးစေးများကို အသာအယာ သုတ်ပေးလိုက်ရင်း ပြော လိုက်လေ၏။
"ကောင်းပါပြီ... မင်း အိမ်ပြန်ပြီး အနားယူလိုက်ပါဦး...။ ငါတို့တွေ နေဝင်ပြီးမှပဲ ဝူလျန်ကို သွားပြီး ရှာဖွေကြ တာပေါ့...။”
ယောင်ရန်က ခေါင်းငြိမ့်ပြကာ သူမ၏ အိမ်သို့ ပြန်လာခဲ့သည်။
သူမ၏ ပင်ပန်းနွမ်းနယ်နေသော မျက်နှာအမူအရာကို ကြည့်ရင်း လုံယုသည် စိတ်မကောင်းဖြစ်မိသော်လည်း သူ ဘာမျှ မတတ်နိုင်ကြောင်း ကောင်းစွာ သိရှိပေသည်။ အကယ်၍ သူတို့သည် ဤဆိုးရွားလှသော ကမ္ဘာကြီးတွင် ရှင်သန်လိုကြပါက ပတ်ဝန်းကျင်အသစ်နှင့် တတ်နိုင်သမျှ မြန်မြန် လိုက်လျောညီထွေဖြစ်အောင် နေထိုင်ကြရန် သာ အကောင်းဆုံးသော ရွေးချယ်မှု ဖြစ်ပေသည်။
ယောင်ရန် တံခါးပိတ်လိုက်သည်ကို လုံယု မြင်တွေ့ရသောအခါ သူသည် ရှီရွှမ်းထံသို့ သွားရောက်ခဲ့လေသည်။
အိမ်သို့ ပြန်ရောက်သောအခါ ယောင်ရန်သည် ဧည့်ခန်းအတွင်းရှိ အပူချိန်တိုင်းကိရိယာကို လှမ်းကြည့်လိုက်လေ သည်။ ၎င်းမှာ (၇၂) ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရောက်ရှိနေပြီ ဖြစ်၏။ မနက် ငါးနာရီသာ ရှိသေးသော်လည်း နေမင်းကြီးမှာ ကောင်းကင်ယံ၌ မြင့်မားစွာ ပွင့်ထွန်းနေပြီ ဖြစ်သည် ။
ပြင်းထန်လှသော နေရောင်ခြည်ဒဏ်ကြောင့် ယောင်ရန်သည် နေရောင်ခြည်ကို ကာကွယ်ရန်အတွက် အပူဒဏ်ခံ အဝတ်စကို လိုက်ကာအဖြစ် ချိတ်ဆွဲရန် ဆုံးဖြတ်လိုက်သည် ။ သူမ လုပ်ဆောင်နေစဉ်အတွင်း တံခါးခေါက်သံကို ကြားလိုက်ရ၏ ။
"မယောင်ရန်...၊ အိမ်မှာ ရှိပါသလား...။”
ထူထဲသော လိုက်ကာကို ချပြီးနောက် ယောင်ရန်သည် တံခါးကို ဖွင့်ပေးလိုက်သည် ။ စီမာယွမ် ရောက်ရှိနေသည် ကို မြင်သောအခါ သူမက မေးမြန်းလိုက်၏ ။
"တစ်ခုခု လိုအပ်လို့လား...”
သူက သူမထံသို့ အအေးဒဏ်ခံ အာလူးများနှင့် ငါးခြောက်များ ပြည့်နှက်နေသော ပလတ်စတစ်အိတ်တစ်အိတ်ကို ကမ်းပေးလိုက်ရင်း ပြောလိုက်လေသည်။
"မယောင်ရန်...၊ ကျွန်တော့်မိသားစုကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်...။ ဒါကတော့ ဆေးဖိုးနဲ့ ကုသပေးမှုအတွက် ပေးချေတာပါ...။”
ယောင်ရန်သည် ပစ္စည်းများကို လက်ခံလိုက်ကာ မေးမြန်းလိုက်၏။
"ရှောင်ပေါင်ရဲ့ အခြေအနေ ဘယ်လိုလဲ...။”
"ဆေးသောက်ပြီးတဲ့နောက် သူ မအန်တော့ဘဲ အခု ပြန်လည်ကောင်းမွန်လာပါပြီ...။” ဟု စီမာယွမ်က ပြုံးလျက် ပြန်ဖြေခဲ့လေသည်။
ယောင်ရန်က ခေါင်းငြိမ့်ပြကာ ၊
"ဝမ်းသာစရာပဲ...။”
စီမာယွမ်၏ စိတ်ထဲ၌ တစ်စုံတစ်ရာ ရှိနေပုံရသည်ကို သတိပြုမိသဖြင့် ယောင်ရန်က မေးလိုက်၏။
"ကျွန်မကို တစ်ခုခု ပြောစရာ ရှိလို့လား...။”
စီမာယွမ်သည် ခေတ္တမျှ တွေဝေသွားပြီးမှ၊
"မယောင်ရန်...၊ အစ်မဆီမှာ အပိုဆေးဝါးတွေ ဒါမှမဟုတ် ပိုးသတ်ဆေးတွေ ရှိသေးလား...။”
ယောင်ရန်က မျက်ခုံးအနည်းငယ် ပင့်လိုက်ရင်း ၊
"ရှင်တို့ ထပ်ပြီး လိုအပ်လို့လား...။"
စီမာယွမ်က ခေါင်းငြိမ့်ပြပြီးနောက် ချက်ချင်းပင် ခေါင်းပြန်ခါပြခဲ့၏ ။ ဇဝေဇဝါ ဖြစ်သွားသဖြင့် ယောင်ရန်သည် သူ့အား စိုက်ကြည့်ကာ သူ၏စကားကို စောင့်ဆိုင်းနေလိုက်သည် ။
ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူက နောက်ဆုံးတွင် ရှင်းပြခဲ့လေသည် ။
"မနေ့ညက တိုက်အမှတ် (၃) က နေထိုင်သူတွေ ကျွန်တော်နဲ့ အစ်ကိုချွမ်ဆီကို လာတွေ့ခဲ့ကြတယ်...။ သူတို့က ရိက္ခာ တွေနဲ့ ဆေးဝါးတွေ ဒါမှမဟုတ် ပိုးသတ်ဆေးတွေကို လဲလှယ်ချင်ကြပြီး ဈေးနှုန်းကိုလည်း ကျွန်တော်တို့ သတ် မှတ်သလို ပေးချေမယ်လို့ ပြောကြတယ်...။ ကျွန်တော်တို့ဆီမှာလည်း ပစ္စည်းတွေ အများကြီး မရှိတာကြောင့် သူတို့ကို အိမ်ပြန်ခိုင်းလိုက်ရတယ်...။”
"ဒီနေထိုင်သူတွေက ပုံမှန်အားဖြင့် ကျွန်တော်တို့ကို ပြဿနာရှာတတ်တဲ့လူတွေ မဟုတ်ကြဘူး...။ ဒါကြောင့်မို့လို့ ကျွန်တော်နဲ့ အစ်ကိုချွမ်တို့က တွေးမိတာက မယောင်ရန်ဆီမှာ အပိုဆေးဝါးတွေ ဒါမှမဟုတ် ပိုးသတ်ဆေးတွေ ရှိမယ်ဆိုရင် သူတို့ကို ရောင်းချပေးဖို့ စဉ်းစားပေးနိုင်မလားဆိုတာပဲ...။"
"အစိုးရဆီမှာ ဆေးဝါးတွေ ကုန်လုနီးပါး ဖြစ်နေပြီး ဆေးရုံတွေမှာ လူတွေ ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်နေတယ်လို့ ကြားရတယ်...။ ကျွန်တော်တို့ဆီကို ရောက်လာတဲ့ နေထိုင်သူတွေကလည်း ကုန်သွယ်ရေးစင်တာမှာ ဆေးဝါးတွေ သွားရောက်ဝယ်ယူခဲ့ကြပေမယ့် ဘယ်သူကမှ မရောင်းကြဘူးတဲ့...။”
ယောင်ရန်သည် စိတ်ရှည်စွာဖြင့် နားထောင်ပြီးနောက် နက်နက်နဲနဲ စဉ်းစားခန်း ဝင်သွားခဲ့လေသည် ။
ကမ္ဘာပျက်ကပ် ရောက်ရှိချိန်တွင် သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များသည် အရင်ဆုံး စွန့်ပစ်ခြင်းခံရသူ များ ဖြစ်ပေသည် ။ ဤသည်မှာ ရက်စက်လွန်းလှသော်လည်း သူတို့ လက်ရှိ ရှင်သန်နေထိုင်နေသော ကမ္ဘာကြီးမှာ မူ ဤကဲ့သို့ပင် ဖြစ်နေပေတော့သည်။ အားနည်းလွန်းသောသူများသည် စွန့်ပစ်ခြင်း ခံရမည်ဖြစ်ပြီး သို့မဟုတ်ပါ က အင်အားကြီးသူများ၏ သားကောင်များ ဖြစ်လာကြပေလိမ့်မည် ။
နျူကလီးယား ဓာတ်ရောင်ခြည်များ တစ်ကမ္ဘာလုံးအတိုင်းအတာအထိ ပျံ့နှံ့သွားပြီး သက်ရှိအားလုံး၏ မျိုးဗီဇ ပြောင်းလဲမှုကို ဖြစ်ပေါ်စေမည့် အနာဂတ်ကို စဉ်းစားမိသောအခါ ယောင်ရန်၏ မျက်ဝန်းများအတွင်းရှိ အလင်း ရောင်မှာ မှေးမှိန်သွားခဲ့ရ၏ ။
သူမ၏ အတိတ်ဘဝတွင် ကမ္ဘာပျက်ကပ်၏ ကနဦးကာလ၌ ရေတွက်မရနိုင်သော ကလေးငယ် အမြောက်အမြား သေဆုံးခဲ့ကြရသည် ။ မျိုးဗီဇပြောင်းလဲမှုများ စတင်လာချိန်တွင်မူ ကလေးသူငယ် အနည်းငယ်သာ ကျန်ရှိတော့ ပေသည် ။
ဓာတ်ရောင်ခြည်သင့်မှုများကြောင့် အမျိုးသမီးများ ကိုယ်ဝန်ဆောင်ရန် ခက်ခဲလာခဲ့သည်။ ထို့ကြောင့် ကလေးသူ ငယ်များသည် စွမ်းအားများ နိုးထလာနိုင်ခြေ ရာခိုင်နှုန်း အမြင့်မားဆုံးဖြစ်ကြောင်း အစိုးရနှင့် စခန်းခေါင်းဆောင် များ သဘောပေါက်သွားကြသည့် အချိန်တွင်မူ မွေးဖွားလာသော ကလေးသူငယ် လုံးဝမရှိတော့ချေ ။
နောက်ပိုင်းတွင် အစိုးရက ကလေးမွေးဖွားပေးနိုင်သော မည်သည့်အမျိုးသမီးကိုမဆို နိုင်ငံတော်က တာဝန်ယူ စောင့်ရှောက်ပေးမည်ဟု ကြေညာခဲ့သည်။ အစိုးရထံသို့ ကလေးတစ်ဦး လွှဲပြောင်းပေးအပ်သည့် အကြိမ်တိုင်း တွင် မိဘများအား နေအိမ်၊ ရိက္ခာ၊ ရေနှင့် နေ့စဉ်သုံး ပစ္စည်းများကို တစ်နှစ်တာစာ ပံ့ပိုးပေးမည် ဖြစ်ပေသည် ။
ဝမ်းနည်းစရာ ကောင်းသည်မှာ ဤမူဝါဒအသစ်များသည် အမျိုးသမီးများနှင့် ကလေးသူငယ်များကို ပြန်ပေး ဆွဲခြင်းနှင့် လူကုန်ကူးခြင်းများကို ပိုမိုမြင့်တက်လာစေခဲ့သည် ။ ယောင်ရန်သည်လည်း သူမ၏ အတိတ်ဘဝတွင် ထိုအရာ၏ သားကောင်တစ်ဦး ဖြစ်ခဲ့ဖူးပေသည်။ သို့သော်လည်း သူမသည် ကလေးမွေးဖွားပေးမည့် တိရစ္ဆာန် တစ်ကောင်အဖြစ် ရောင်းချခြင်းခံရခြင်း မဟုတ်ဘဲ စမ်းသပ်ခံပစ္စည်းတစ်ခုအဖြစ်သာ ရောင်းချခြင်း ခံခဲ့ရခြင်း ဖြစ်ချေသည်။
ယနေ့အချိန်အထိ ဤသည်မှာ သူမအတွက် ကောင်းချီးတစ်ခုလား သို့မဟုတ် ကျိန်စာတစ်ခုလားဆိုသည်ကို သူမ မသိရှိနိုင်ချေ ။ အကြောင်းမှာ မည်သည့်အကျိုးရလဒ်မဆို သူမအား အရှင်လတ်လတ် ငရဲဘုံသို့သာ ပို့ဆောင်ပေး မည် ဖြစ်သောကြောင့် ဖြစ်သည်။
ယောင်ရန်မှာ စဉ်းစားခန်းဝင်နေသည်ကို သတိပြုမိသဖြင့် စီမာယွမ်က ပြောလိုက်၏ ။
"မယောင်ရန်... တကယ်လို့ အစ်မဆီမှာ မရှိဘူးဆိုရင်တော့ ကျွန်တော် နေထိုင်သူတွေကို ရောင်းချပေးမယ့် ဆေးဝါးတွေ မရှိဘူးလို့ပဲ ပြောလိုက်ပါ့မယ်...။”
သူက ထိုသို့ပြောလိုက်သောအခါ ယောင်ရန်သည် အတွေးများထဲမှ ရုန်းထွက်လာကာ၊
"ကျွန်မဆီမှာ ဆေးဝါးနဲ့ ပိုးသတ်ဆေးတွေ ရှိပါတယ်...။ ဒါပေမယ့် ဒါတွေက အလကားတော့ မဟုတ်ဘူးနော်...။ သူတို့တွေက ဆေးတစ်ကြိမ်စာအတွက် ရိက္ခာ နှစ်ကီလိုဂရမ်၊ ပြီးတော့ ပိုးသတ်ဆေး မီလီလီတာ ငါးရာအတွက် ရိက္ခာ တစ်ကီလိုဂရမ်နဲ့ လဲလှယ်ရမယ်...။”
"ကျွန်မက ရှေးဟောင်းပစ္စည်းတွေနဲ့ ရွှေတွေကိုလည်း လက်ခံပါတယ်...။ ရှင် ကျွန်မကို ကူညီပြီး ရောင်းချပေးနိုင် ဖို့အတွက် ဆေးဝါးနဲ့ ပိုးသတ်ဆေးတွေကို ကျွန်မ ပေးပါ့မယ်...။ ရှင့်ရဲ့ ကူညီပေးခအနေနဲ့ ရိက္ခာရဲ့ နှစ်ဆယ်ရာ ခိုင်နှုန်းကို ယူနိုင်ပေမယ့် ရွှေနဲ့ ရှေးဟောင်းပစ္စည်း အားလုံးကိုတော့ ကျွန်မပဲ ယူပါ့မယ်...။"
စီမာယွမ်သည် နေထိုင်သူများကို ကူညီပေးရန်သာ လိုလားခဲ့ခြင်း ဖြစ်သောကြောင့် သူမ၏ စကားကို ကြားရသော အခါ လက်များကို အလျင်အမြန် ဝေ့ယမ်းပြလျက် ငြင်းပယ်ခဲ့၏။
"မလုပ်ပါနဲ့ မယောင်ရန်...။ ကျွန်တော့်ကို ဘာမှ ပေးချေစရာ မလိုပါဘူး...၊ မယောင်ရန်က ကျွန်တော့်မိသားစုကို သက်သာတဲ့ ဈေးနှုန်းနဲ့ ဆေးဝါးတွေ ရောင်းချပေးခဲ့တာကိုတင် ကျေးဇူးတင်လှပါပြီ...။”
ယောင်ရန်သည် သူ့အား ခေတ္တမျှ စိုက်ကြည့်လိုက်ရာ သူသည် အမှန်တကယ်ပင် ရိုးသားစွာ ပြောဆိုနေခြင်း ဖြစ် ကြောင်း မြင်တွေ့လိုက်ရသည် ။ သူက အခိုင်အမာ ငြင်းဆိုနေသဖြင့် သူမသည်လည်း သဘောတူလိုက်၏ ။
"ကောင်းပါပြီ...။ ဒါဆိုရင် ကျွန်မ ဆေးဝါးနဲ့ ပိုးသတ်ဆေးတွေကို သွားပြီး မထုပ်ပိုးခင် ဒီနေရာမှာ ခဏလောက် စောင့်ပေးပါဦး...။”