← Chapters

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း ၂၁၈

Vol. 22 Ch. 218

အခန်း (၂၁၈)

ဝူလျန်ထံ သွားရောက်လည်ပတ်ခြင်း

ယောင်ရန်သည် စင်္ကြံလမ်း၏ အဆုံးရှိ ရေခဲသေတ္တာနှင့် အေးခဲခန်းတို့ကို ညွှန်ပြကာ ပြောလိုက်၏ ။

"စောင့်နေတုန်း အပူပြေစေဖို့ တစ်ခုခု ယူဆောင်သုံးဆောင်နိုင်ပါတယ်...။”

ထိုစကားများကို ပြောကြားပြီးနောက် ယောင်ရန်သည် တံခါးကို ပိတ်ကာ သူမ၏ အိပ်ခန်းအတွင်းသို့ ဝင်သွားခဲ့ သည်။ သူမသည် ကပ်ပါးကောင် ကူးစက်မှုအတွက် ဆေးအညွှန်း တစ်ရာစာကို ထုပ်ပိုးလိုက်ပြီးနောက် ကိုယ်တိုင် ပြုလုပ်ထားသော ပိုးသတ်ဆေးပုလင်းတစ်ရာကို ထုတ်ယူခဲ့လေသည် ။

သူမ အလုပ်လုပ်နေစဉ်အတွင်း စီမာယွမ်သည် ရေခဲသေတ္တာ၏ ရှေ့တွင် မတ်တပ်ရပ်နေခဲ့၏ ။ သူသည် ရေခဲ သေတ္တာအသေးစားနှင့် အေးခဲခန်းတို့အတွင်းရှိ အမျိုးစုံလင်လှသော အအေးရည်များ၊ စွပ်ပြုတ်များနှင့် အိုက် စကရင်များကိုပါ မြင်တွေ့လိုက်ရသဖြင့် အလွန်တုန်လှုပ်အံ့အားသင့်သွားခဲ့သည်။

နာရီဝက်ခန့် ကြာပြီးနောက် ယောင်ရန်သည် ပလတ်စတစ်အိတ်ကြီးနှစ်အိတ်ကို သယ်ဆောင်လျက် ပြန်ထွက် လာခဲ့လေသည် ။

သူမ သူမ၏ထံသို့ လျှောက်လှမ်းလာသည်ကို မြင်သောအခါ စီမာယွမ်သည် အိတ်များကို သူမ၏ထံမှ လျင်မြန်စွာ လှမ်းယူလိုက်၏ ။ သူသည် ၎င်းတို့ကို ဖွင့်ကြည့်လိုက်ရာ တိုက်အမှတ် (၃) ရှိ နေထိုင်သူများအတွက် လုံလောက် လှသော ဆေးဝါးများနှင့် ပိုးသတ်ဆေးများကို ပြင်ဆင်ပေးထားကြောင်း တွေ့လိုက်ရသည် ။

သူသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ရင်း ပြောလိုက်၏ ။

"မယောင်ရန်...၊ ကျွန်တော် နေထိုင်သူတွေနဲ့ ပစ္စည်းတွေ လဲလှယ်ပြီးရင် ရိက္ခာတွေကို လာပြီး အပ်ပါ့မယ်...။”

ယောင်ရန်က ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ရေခဲသေတ္တာဘေးရှိ ကြမ်းပြင်ပေါ်တွင် လွတ်နေသော ခွက်တစ်လုံးကို သတိပြုမိလိုက်သည် ။ စီမာယွမ်သည် ပဲနောက်စွပ်ပြုတ်တစ်ခွက်သာ သုံးဆောင်ထားသည်ကို မြင်တွေ့ရသဖြင့် သူမက ပြောလိုက်၏ ။

"ခဏလောက် စောင့်ပါဦး...။”

သူ၏ ပြန်လည်ဖြေကြားမှုကို မစောင့်ဆိုင်းတော့ဘဲ သူမသည် ရေခဲသေတ္တာဆီသို့ လျှောက်သွားခဲ့သည် ။ ထို့ နောက် အအေးရည်အချို့နှင့် စွပ်ပြုတ်များကို ယူကာ ပလတ်စတစ်အိတ်တစ်အိတ်အတွင်းသို့ ထည့်ပြီး စီမာယွမ်ထံသို့ ကမ်းပေးလိုက်လေသည် ။

"ဒါတွေကို ရှင့်ရဲ့ မိသားစုနဲ့ ချွမ်မိသားစုဝင်တွေကို ဝေပေးလိုက်ပါ...။”

စီမာယွမ်သည် ပလတ်စတစ်အိတ်ကို လှမ်းယူလိုက်စဉ် သူ၏ မျက်ဝန်းများမှာ အနည်းငယ် နီမြန်းသွားခဲ့၏ ။ သူ သည် စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်သွားပြီးနောက် အက်ရှရှအသံဖြင့် ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် မယောင်ရန်...၊ ကျွန်တော် အခု ပြန်လိုက်ပါ့မယ်...။”

သူ့အား ပြန်လည်ပို့ဆောင်ပေးပြီးနောက် ယောင်ရန်သည် ဆေးဝါးများကို ပိုမိုထုပ်ပိုးရန်နှင့် ပိုးသတ်ဆေးများကို ပိုမိုပြင်ဆင်ရန်အတွက် အိမ်သို့ ပြန်လာခဲ့လေသည် ။

မွန်းတည့်ချိန်တွင် ရေလွှမ်းမိုးသည့်ရေများသည် နောက်ဆုံးတွင် ခန်းခြောက်သွားခဲ့ပြီး မြို့တစ်ပြင်လုံးတွင် ပုပ်ပွ ခြောက်ကပ်နေသော အလောင်းများနှင့် အမှိုက်သရိုက်များကိုသာ ချန်လှပ်ထားခဲ့တော့သည် ။

ရေလွှမ်းမိုးသည့်ရေများ လုံးဝပြန်လည်ကျဆင်းသွားပြီး နှစ်နာရီခန့် ကြာပြီးနောက် ယောင်ရန်သည် ရဟတ်ယာဉ် ၏ ပန်ကာတံလှည့်ပတ်သံကို ကြားလိုက်ရသည် ။ စစ်တပ်က ကယ်ဆယ်ရေးရိက္ခာများ ပေးအပ်ရန် ပထမဆုံး အ ကြိမ် လူနေရပ်ကွက်သို့ လာရောက်စဉ်ကလွဲ၍ ရဟတ်ယာဉ်များကို အသုံးပြုသည်ကို သူမ မတွေ့မြင်ခဲ့ဖူးချေ။

စူးစမ်းလိုစိတ်ဖြင့် ယောင်ရန်သည် ပြတင်းပေါက်ဆီသို့ လျှောက်သွားကာ ထူထဲသော လိုက်ကာကို ဖွင့်လိုက်၏ ။ လိုက်ကာကို ဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် တောက်ပလှသော နေရောင်ခြည်သည် သူမ၏ မျက်ဝန်းများကို စပ် ဖျဉ်းဖျဉ်း ဖြစ်စေသဖြင့် သူမသည် မျက်လုံးများကို ကာကွယ်ရန် နေကာမျက်မှန်ကို တပ်ဆင်လိုက်ပြီးမှ ကောင်း ကင်ယံသို့ မော့ကြည့်လိုက်သည် ။

မိနစ်အနည်းငယ် ကြာပြီးနောက် ရဟတ်ယာဉ်သည် လင်ယွမ်တိုက်ခန်းအဆောက်အအုံကို ကျော်ဖြတ်ပျံသန်း သွားကာ တူညီသော မက်ဆေ့ခ်ျကို ထပ်ခါတလဲလဲ ကြေညာနေခဲ့လေ၏ ။

"အစိုးရက ရိက္ခာတွေ ရယူလိုသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို ပံ့ပိုးပေးနေပါတယ်...။ အသေး စိတ် အချက်အလက်တွေကို သိရှိလိုပါက ကုန်သွယ်ရေးစင်တာမှာ လာရောက်စုံစမ်းနိုင်ပါတယ်....။”

"နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့မှုက နေလောင်ဒဏ် ဒါမှမဟုတ် နေရောင်ခြည်အဆိပ်သင့်မှုတွေကို ဖြစ်ပေါ် စေနိုင်တာကြောင့် နေ့ဘက် ခရီးသွားတဲ့အခါ ကျေးဇူးပြုပြီး သတိပြုကြပါ...။ အပူလျှပ်တာနဲ့ နေလောင်တာတွေ ကို ကာကွယ်ဖို့အတွက် ပြည်သူအားလုံး နေဝင်ပြီးမှသာ အပြင်ထွက်ကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါတယ်...။"

"အလောင်းတွေမှာ အရေပြားထိတွေ့မှုကနေ လူသားတွေကို ကူးစက်နိုင်တဲ့ ကပ်ပါးကောင်တွေ ပါဝင်နေပါ တယ်...။ ခရီးသွားတဲ့အခါ မိမိကိုယ်ကိုယ် ကာကွယ်ကြပါ...။ တကယ်လို့ နေထိုင်မကောင်းဖြစ်ပါက ဆေးရုံသို့ သွားရောက်ပါ သို့မဟုတ် ကပ်ပါးကောင်ဆေးကို သောက်သုံးကြပါ...။”

ရဟတ်ယာဉ် ပျံသန်းထွက်ခွာသွားသောအခါ ယောင်ရန်သည် လိုက်ကာကို ပြန်ချလိုက်ကာ သူမ၏ အလုပ်ကို ဆက်လက်လုပ်ဆောင်ခဲ့သည် ။ စစ်တပ်က ဤသို့ ကြေညာချက် ထုတ်ပြန်ခဲ့သဖြင့် လင်းယိသည် သူတို့ သဘောတူညီချက်တွင် သူ၏အပိုင်းကို အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ရပေမည် ။

ထိုနေ့ညနေပိုင်းတွင် လုံယုသည် သူမ၏ တံခါးကို ခေါက်ခဲ့၏ ။ သူ အဆင်သင့်ဖြစ်နေသည်ကို မြင်သောအခါ သူမသည် ပလတ်စတစ်အိတ်ကြီးကို သူ့အား ကမ်းပေးလိုက်ရင်း ပြောလိုက်လေသည် ။

"ဒါကတော့ လင်းယိ တောင်းဆိုထားတဲ့ ဆေးဝါးတွေပဲ...၊ ကျွန်မ ပြင်ဆင်နေတုန်း ရှင် ဒီအိတ်ကို ရှီရွှမ်းဆီ သွားပေးလိုက်ပါဦး...။”

လုံယုက ခေါင်းငြိမ့်ပြကာ အိတ်ကို လှမ်းယူပြီး ရှီရွှမ်းထံ သွားရောက်ပေးအပ်ခဲ့သည်။ သူ ပြန်လည်ရောက်ရှိလာ သောအခါ ယောင်ရန်သည် တံခါးကို ပိတ်လိုက်စပင် ရှိသေး၏ ။

သူမသည် သူမ၏ ကျောပိုးအိတ်နှင့် ဓားရှည်ကို ကိုင်ဆောင်ကာ ပြောလိုက်လေသည် ။

"သွားကြစို့...။”

ယောင်ရန်နှင့် လုံယုတို့ ထွက်ခွာသွားပြီးနောက် ရှီရွှမ်းနှင့် ဟွမ်ချန်သည်လည်း လင်းယိကို သွားရောက်ရှာဖွေရန် ထွက်ခွာခဲ့ကြပြီး ကျားရှန်း၊ ဟွမ်ကျိဟွေးနှင့် တန်ချီချီတို့မှာမူ (၂၀) ထပ်ကို စောင့်ကြပ်ရန် အိမ်၌ ကျန်ရစ်ခဲ့ကြလေ သည် ။

သူတို့သည် ည ကိုးနာရီတွင် ထွက်ခွာခဲ့ကြသော်လည်း ပြင်ပအပူချိန်မှာ ငါးဒီဂရီ ဆဲလ်စီးယပ်စ်သာ လျော့ကျသွား ခဲ့ပြီး ခြောက်ဆယ့်ခုနစ်ဒီဂရီ ဆဲလ်စီးယပ်စ်၌ ရှိနေဆဲ ဖြစ်သည် ။ အပူချိန်မှာ မြင့်မားနေဆဲဖြစ်သော်လည်း နေရောင်ခြည် မရှိသဖြင့် နေလောင်ခြင်း သို့မဟုတ် နေရောင်ခြည်အဆိပ်သင့်မှု ခံစားရမည့် အန္တရာယ် မရှိချေ ။ သူတို့ ရေများများ သောက်သုံးနေသရွေ့ အပူလျှပ်ခြင်း ဘေးမှ ကင်းဝေးပေလိမ့်မည် ။

လမ်းခရီးတွင် ညဘက်၌ ထင်ထားသည်ထက် လူအမြောက်အမြား အပြင်သို့ ထွက်လာကြသည်ကို ယောင်ရန် သတိပြုမိလိုက်သည် ။ သူမသည် သူတို့ကို ခေတ္တမျှ စောင့်ကြည့်လိုက်ပြီးနောက် သူမနှင့် လုံယု ဝတ်ဆင်ထား သော ကာကွယ်ရေးဝတ်စုံများကို လှမ်းကြည့်လိုက်၏ ။ မည်သို့ပင် ကြည့်စေကာမူ သူတို့နှစ်ဦးစလုံးမှာ လူအုပ် ကြီးကြားတွင် အခြားသူများနှင့်မတူဘဲ ကွဲပြားထင်ရှားနေပေသည် ။

သူမ၏ အကြည့်ကို ခံစားမိသဖြင့် လုံယုက သူမဘက်သို့ လှည့်ကြည့်လိုက်၏ ။ သူသည် အသက်ရှူမျက်နှာဖုံးနှင့် ကာကွယ်ရေးဝတ်စုံ၏ ဦးထုပ်အတွင်းမှ မေးမြန်းလိုက်သည် ။

"ဘာဖြစ်လို့လဲ...”

မျက်နှာဖုံးနှင့် ဦးထုပ်တို့က သူ၏အသံကို အက်ရှရှဖြစ်စေသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးမှာ ခြောက်ခြားဖွယ် ရာ တိတ်ဆိတ်နေသဖြင့် ယောင်ရန်သည် သူ၏အသံကို ကောင်းစွာ ကြားနိုင်ပေသည် ။ သူတို့၏ ခြေသံများနှင့် ပြင်းထန်စွာ အသက်ရှူသံများမှလွဲ၍ အခြားမည်သည့်အသံမျှ မကြားရချေ ။

ယောင်ရန်က ပြန်လည်ဖြေကြားသည့်အနေဖြင့် ခေါင်းယမ်းပြလိုက်ကာ တည်ငြိမ်စွာ ဆက်လက်လျှောက် လှမ်းခဲ့လေသည် ။

ညကောင်းကင်ယံ၌ လမင်းကြီး ပွင့်ထွန်းခြင်းမရှိသဖြင့် သူတို့သည် လမ်းကို လင်းထိန်စေရန် လက်နှိပ်ဓာတ်မီး ကိုသာ အသုံးပြုခဲ့ကြရသည်။ တဖြည်းဖြည်း ခြောက်ကပ်စပြုလာသော ဖောင်းပွနေသော အလောင်းများ၊ အမှိုက် သရိုက်များနှင့် ပိုးမွှားများ ပြည့်နှက်နေသည့် လမ်းကို ကြည့်ရင်း ယောင်ရန်သည် မျက်မှောင် အနည်းငယ် ကြုတ် လိုက်မိ၏ ။

အကယ်၍ အစိုးရက ဤအလောင်းများနှင့် အမှိုက်သရိုက်များကို မကြာမီ မရှင်းလင်းပါက ပလိပ်ရောဂါ၊ အဆုတ် ပလိပ်ရောဂါနှင့် သွေးဆိပ်သင့်ပလိပ်ရောဂါများ ကူးစက်ပျံ့နှံ့လာနိုင်ပေသည် ။ အလောင်းများနှင့် တိရစ္ဆာန်အသေ ကောင်များမှတစ်ဆင့် အစပြုကာ ယင်ကောင်များမှတစ်ဆင့် ပျံ့နှံ့တတ်သော ဤပလိပ်ရောဂါများသည် သေဆုံး မှုနှုန်း အလွန်မြင့်မားလှပေသည် ။

အတိတ်ကာလက ဆေးဝါးရိက္ခာများစွာနှင့် ပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှုစနစ် ရှိနေစေဦးတော့ သေဆုံးမှုနှုန်းမှာ တစ်ရာရာခိုင်နှုန်းနီးပါး ရှိခဲ့ပေသည်။ ယခုကဲ့သို့သော ဆေးဝါး သို့မဟုတ် ကိရိယာတန်ဆာပလာ များ မရှိသည့်အချိန်တွင်မူ အကျိုးဆက်များမှာ ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။

ကျွင်းချန်မြို့တွင် ပလိပ်ရောဂါ ကူးစက်ပျံ့နှံ့လာမည့်အတွေးက ယောင်ရန်အားကျောချမ်းသွားစေခဲ့သည် ။ သူမ အတွေးများပြန့်လွင့်နေစဉ်အတွင်း သူတို့သည် စစ်တပ်နယ်မြေသို့ ရောက်ရှိလာခဲ့ကြ၏ ။

စစ်သားများက လူနေရပ်ကွက်၏ ပတ်ဝန်းကျင်ရှိ အလောင်းများနှင့် အမှိုက်သရိုက်များကို ရှင်းလင်းထားသော် လည်း လက်မအရွယ်အစားခန့်ရှိသော ယင်ကောင်ကြီးများသည် လေထုထဲတွင် ဆူညံစွာ ပျံသန်းနေကြဆဲ ဖြစ် သည် ။

ခေါင်းအကြီးကြီးနှင့် သတ္တုစိမ်းရောင်တောက်နေသော အတောင်ပံများရှိသည့် ယင်ကောင်များကို ကြည့်ရင်း ယောင်ရန်သည် စိုးရိမ်ဖွယ်ရာ ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည် ။ လုံယုသည် သူမ၏လက်ကို ဆွဲကိုင်ကာ အဝင်ဝတွင် ကင်းစောင့်နေသော စစ်သားများထံသို့ ချဉ်းကပ်သွားပြီး နှုတ်ဆက်လိုက်၏ ။

"မင်္ဂလာညချမ်းပါ ရဲဘော်...။”

စစ်သားများက သူ့အား လှမ်းကြည့်လိုက်ရာ သူသည် ဝူလျန်၏ အသိမိတ်ဆွေဖြစ်ကြောင်း မှတ်မိသွားကြသည် ။ စစ်သားတစ်ဦးက ခေါင်းငြိမ့်ပြကာ ပြန်လည်နှုတ်ခဲ့၏ ။

"မင်္ဂလာညချမ်းပါ...၊တစ်ခုခု အကူအညီလိုလို့လား...။”

All Chapters