← Chapters

အခန်း ၁၇၀

Vol. 17 Ch. 170

အခန်း ၁၇၀

Vol. 17 Ch. 170

🍋 Chapter 170

လူတစ်ဦးတစ်ယောက်၏အရှိန်အဝါ သို့မဟုတ် နောက်ခံကို အသုံးချပြီး တခြားလူများကို ခြိမ်းခြောက်ရန် ကြိုးစားခြင်းက အရာမထင်လှပေ။

အထူးသဖြင့် သူတို့ ရင်ဆိုင်နေရသည်မှာ "ထူးထူးခြားခြား ဉာဏ်ကောင်းကြသည့်" လူတစ်စု ဖြစ်နေသောကြောင့်ပင်။

သူတို့ကို အဝေးကနေ လှမ်းကြည့်လိုက်လျှင် ချင်မင်းဆက် ခေတ်နောက်ခံ ဇာတ်လမ်းတွဲတစ်ခု ရိုက်ကူးနေသလိုမျိုး ဖြစ်နေ၏။

အဘယ်ကြောင့်ဆိုသော် သူတို့၏ဆံပင်အနားသတ်များက သူတို့၏ ရာထူးများထက်ပင် ပိုမိုမြင့်မားနေကြသောကြောင့် ဖြစ်သည်။

၎င်းမှာ ဝမ်ချောင်နည်းပညာတွင် အချိန်ပိုဆင်းရသည့် အလုပ်ဒဏ်မှာ မည်မျှအထိ ရက်စက်ကြမ်းကြုတ်ခဲ့သည်ကို သက်သေပြနေခြင်းပင် ဖြစ်၏။

လုံခြုံရေးအရာရှိကြီးသည်လည်း အလောတကြီး မလှုပ်ရှားဝံ့ပေ။

သူ့ရှေ့ရှိ လူအုပ်ကြီး၏ အရှိန်အဝါမှာ တကယ့်ကို ကြီးမားလွန်းလှပြီး တစ်ယောက်ချင်းစီက အသက်နှင့်လဲ၍ တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေသည့် ပုံစံမျိုး ပေါက်နေကြသည်။

"အရာရှိကြီး... အရာရှိကြီး... ကျွန်တော်တို့ ဘာလုပ်ကြမလဲဗျာ"

"ဘာလုပ်ရမလဲ ဟုတ်လား" အရာရှိကြီး၏ မျက်နှာက တင်းမာသွားခဲ့၏။

အရာရှိကြီး၏ မျက်နှာအမူအရာကို မြင်ရသည့်အခါ ဘေးက လက်အောက်ငယ်သားများက သူတို့၏ လက်နက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ကြသည်။

အရာရှိကြီးက သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်ပြီး "ရဲခေါ်လိုက်" ဟုသာ ပြောလိုက်၏။

ထို့နောက် သူသည် လှည့်ထွက်သွားခဲ့ပြီး ထိုနေရာတွင် တစ်စက္ကန့်မျှပင် ဆက်၍ မနေချင်တော့ပေ။

ဘေးက လက်အောက်ငယ်သားများမှာ ကြောင်အမ်းသွားကြရတော့သည်။

'ရဲခေါ်ချင်ရင်လည်း ရဲခေါ်တယ်ပေါ့... ဘာလို့ စောစောက အသက်နဲ့လဲပြီး တိုက်တော့မယ့် မျက်နှာပေးမျိုး လုပ်နေရတာလဲ။ ငါတို့ရဲ့ အချိန်တွေကို ဖြုန်းတီးပစ်တာပဲ'

လုံခြုံရေးအရာရှိကြီးမှာတော့ အခြေအနေကို သဘောပေါက်ထား၏။

‘ငါကလည်း အလုပ်သမားတစ်ယောက်ပဲဥစ္စာ၊ သူတို့နဲ့ ထိပ်တိုက်တွေ့ပြီး ပြဿနာတက်ရမှာ မတန်ပါဘူး။ တစ်ခုခု ပျက်စီးသွားရင်လည်း ငါက လျော်နိုင်တာ မဟုတ်ဘူး’

သူတို့လို အလုပ်အကိုင်မျိုး လုပ်ကိုင်သူများသည် နှုတ်ဖြင့် ဆဲဆိုငြင်းခုံခြင်းမျိုး ပြုလုပ်နိုင်သော်လည်း အကြမ်းဖက်သည့်အထိတော့ မလုပ်ဆောင်နိုင်ကြပေ။

သာယာဝပြောသော လူ့အဖွဲ့အစည်းဆိုသည်မှာ ကြွေးကြော်သံသက်သက် မဟုတ်ပေ။

မည်သူမဆို လက်ပါမိလျှင် တာဝန်ယူရမည်ဖြစ်ရာ သူသည် မိမိ၏အလုပ်အကိုင်ကို အဆုံးရှုံးမခံလိုပေ။

မိနစ်အနည်းငယ် ကြာပြီးနောက် ရဲကားတစ်စီး ဆိုက်ရောက်လာခဲ့ပြီး ကျိုးထျန်း၏ ရှေ့တွင် ရပ်တန့်သွားခဲ့သည်။

ရဲအရာရှိများသည် စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာများဖြင့် ကားပေါ်မှ ဆင်းလာခဲ့ကြ၏။

ဤကဲ့သို့သော လူအုပ်ကြီး စုဝေးမှုမျိုးသည် ကိုင်တွယ်ရ အခက်ခဲဆုံး ဖြစ်ပြီး အချိန်မရွေး ပြင်းထန်သော ပြဿနာများဆီသို့ ကူးစက်သွားနိုင်သောကြောင့်ပင်။

သူတို့ အနားသို့ ချဉ်းကပ်လာစဉ်မှာပင် ကျိုးထျန်းက ပြုံးလျက် သူတို့ကို တားဆီးလိုက်သည်။

"မင်္ဂလာပါ အရာရှိတို့"

"မင်းက ဘယ်သူလဲ"

"ကျွန်တော်က ဒီနေရာရဲ့ တာဝန်ခံပါ"

သူက သူ့နောက်က လူအုပ်ကြီးကို လက်ဟန်ပြလျက် ပြောလိုက်၏။

ရဲအရာရှိများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

"ဒီမှာ ဆူညံသံတွေ ဖြစ်ပေါ်နေပြီး တခြားလူတွေရဲ့ အလုပ်လုပ်ကိုင်မှုကို ထိခိုက်စေတယ်လို့ တိုင်ကြားချက် ရရှိထားလို့ပါ၊ မင်းက တာဝန်ခံဆိုတော့ ဘာတွေဖြစ်ပျက်နေလဲဆိုတာကို ရှင်းပြပေးနိုင်မလား"

ကျိုးထျန်းက တည်ငြိမ်အေးဆေးစွာဖြင့် ချက်ချင်း ပြန်လည်ဖြေကြားလိုက်၏။

"အင်း... ဒါက ရှင်းပြရရင် အနည်းငယ်တော့ ရှုပ်ထွေးပါတယ်၊ အခြေခံအားဖြင့်တော့ ကျွန်တော်က အစိုးရကို ကူညီပေးနေတာပါ"

"ဘာအဓိပ္ပာယ်လဲ" ရဲအရာရှိများ နားမလည်ကြပေ။

"အပေါ်ထပ်က ဝမ်ချောင်နည်းပညာ ကုမ္ပဏီကို အစိုးရကချိတ်ပိတ်လိုက်ပြီဆိုတာ အရာရှိတို့ သိထားကြလား"

ရဲအရာရှိများက ပြန်မဖြေကြဘဲ သူတို့ သိရှိပုံမရပေ။

"အဲဒီကုမ္ပဏီက ဘာကြောင့် ချိတ်ပိတ်ခံလိုက်ရလဲဆိုတာကိုကော သိကြလား"

ရဲအရာရှိများက မျက်မှောင်ကုတ်လိုက်ကြပြီး ကိစ္စရပ်များက ပိုမိုရှုပ်ထွေးလာသည်ဟု ခံစားလိုက်ရ၏။

"ဟူး... အရာရှိတို့ အရင်ဆုံး ဘာကြောင့်လဲဆိုတာကို သွားရောက် စုံစမ်းကြည့်လိုက်ပါဦး၊ ဗဟိုခရိုင် ရဲစခန်းကို မေးမြန်းကြည့်တာက အကောင်းဆုံးပါပဲ၊ သူတို့ ပိုပြီး သိကြလိမ့်မယ်"

ရဲအရာရှိများသည် ဘာလုပ်ရမှန်းမသိဘဲ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြန်သည်။

နောက်ဆုံးတွင် ရာထူးအနည်းငယ် မြင့်သည့် ရဲအရာရှိတစ်ဦးမှာ ဆုံးဖြတ်ချက် ချလိုက်၏။

"ငါ သွားပြီး မေးကြည့်လိုက်မယ်၊ မင်းတို့ကတော့ ဘာမှမလုပ်နဲ့ဦး၊ ကြိုတင်ကာကွယ်တဲ့အနေနဲ့ပေါ့"

သူက ဖုန်းများကို တစ်လုံးပြီးတစ်လုံး ခေါ်ဆိုလိုက်ပြီး နောက်ဆုံးတွင် ဗဟိုခရိုင်မှ လုပ်ဖော်ကိုင်ဖက်တစ်ဦးထံသို့ ဆက်သွယ်မိသွားခဲ့သည်။

ထိုနှစ်ဦးမှာ ထမင်းစားပွဲတစ်ခုတွင် တစ်ကြိမ်သာ ဆုံဖူးကြခြင်းဖြစ်ပြီး သိပ်ပြီး ရင်းနှီးကြသူများ မဟုတ်ပေ။

"ဟေး... လောင်ဝမ်၊ ငါ ကျန်းမင် ပါ။ မင်းကို တစ်ခုလောက် မေးချင်လို့"

"အို... မင်းပဲကိုး ညီအစ်ကို၊ ဘာကိစ္စရှိလို့လဲ"

"မင်း ဝမ်ချောင်နည်းပညာ ကုမ္ပဏီအကြောင်းကို သိလား"

သူ ဤမေးခွန်းကို မေးလိုက်သည့်အခါ တစ်ဖက်မှ အသံက စက္ကန့်အနည်းငယ်မျှ သိသိသာသာ တိတ်ဆိတ်သွားခဲ့၏။

"မင်း ဒါကို ဘာလို့ မေးတာလဲ" လောင်ဝမ်၏ သဘောထားမှာ ဝေခွဲမရ ဖြစ်သွားခဲ့သည်။

ရဲအရာရှိအဖြစ် အနှစ် ၂၀ နီးပါး လုပ်ကိုင်ခဲ့သော ကျန်းမင်းသည် တစ်ဖက်လူ၏ပြောင်းလဲမှုကို သဘာဝကျစွာပင် အာရုံခံမိလိုက်၏။

"ငါ အဲဒီကုမ္ပဏီ ဘာကြောင့် ချိတ်ပိတ်ခံလိုက်ရလဲဆိုတာကို သိချင်လို့ပါ"

တစ်ဖက်မှ အတော်ကြာအောင် တိတ်ဆိတ်သွားခဲ့ပြန်သည်။

"လောင်ကျန်း.. ငါ ဒါနဲ့ပတ်သက်ပြီး အနည်းငယ်တော့ သိပေမယ့် ပြောလို့မရဘူး၊ ဒါ တကယ့်ကို ပြင်းထန်တဲ့ ကိစ္စတစ်ခုပဲ၊ ငါတို့အားလုံးလျှို့ဝှက်ထားကြရမယ်"

"ဒါပေမဲ့ ငါနဲ့အတူ အရက်သောက်ဖူးတဲ့ ညီအစ်ကိုတစ်ယောက်အနေနဲ့ ငါ မင်းကိုအကြံပေးချင်တာကတော့... မင်း ဒါနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာမျိုးလုပ်နေတယ်ဆိုရင် အခုချက်ချင်းရပ်လိုက်တာ ပိုကောင်းလိမ့်မယ်၊

ဤကိစ္စက အမြင့်ဆုံးအဆင့်အထိ ရောက်ရှိသွားပြီ ဖြစ်လို့ ငါတို့လို ငါးစာလေးတွေ ဝင်ပါလို့မရဘူး"

ထိုသို့ပြောပြီးနောက် တစ်ဖက်လူက နှုတ်ဆက်စကားပင် မပြောဘဲဖုန်းချသွားခဲ့တော့၏။

နောက်ထပ်စကားတစ်လုံးပြောမိပါက အမှားတစ်ခုခု ဖြစ်သွားမည်ကိုကြောက်ရွံ့နေသည့်အလားပင်။

ကျန်းမင်းကတော့ စကားတစ်ခွန်းတည်းကိုသာ ကြားလိုက်ရပြီးမှတ်သားထားလိုက်မိသည်။

"ဤကိစ္စက အမြင့်ဆုံးအဆင့်အထိ ရောက်ရှိသွားပြီ!"

သူ ဖုန်းကိုချလိုက်ပြီး တုန်တုန်ရင်ရင်ဖြင့် သူ့လုပ်ဖော်ကိုင်ဖက်များကိုလှမ်းခေါ်လိုက်၏။

"သွားစို့"

တခြားလူများ၏အမြင်တွင်မူ ရဲအရာရှိများသည် သူဌေးကျိုးနှင့် စကားအနည်းငယ်ပြောပြီးနောက် ကြောက်လန့်တကြား ထွက်ပြေးသွားကြသည့် ပုံစံမျိုးဖြစ်နေခဲ့သည်။

‘ဒီသူဌေးကျိုးမှာ ဘယ်လိုမျိုး နောက်ခံအရှိန်အဝါကြီးရှိနေလို့လဲ...’

ထျန်းချိုင်နည်းပညာနှင့် ဝမ်ချောင်မှ ခေါင်းဆောင်များသည် ကြောက်ရွံ့သွားကြပြီး သူတို့၏ အလုပ်များကို အမြန်ပြန်လည်လုပ်ဆောင်ကြတော့သည်။

"ဟဲဟဲ... တခြားလူရဲ့ အရှိန်အဝါကို သုံးပြီးခြိမ်းခြောက်ရတဲ့ နည်းလမ်းက တကယ့်ကို အသုံးဝင်တာပဲ"

ကျိုးထျန်းက ထွက်ခွာသွားသော ရဲကားကို ကြည့်ပြီး တိုးတိုးလေး ရယ်မောလိုက်မိ၏။

လွန်ခဲ့သောနေ့က သူ စကားပြောခဲ့သည့် လူမှာကြီးမားသော ရာထူးအဆင့်အတန်းရှိသူ ဖြစ်ရမည်ဟု သူ ကြိုတင်ခန့်မှန်းထားခဲ့ပြီးသား ဖြစ်ရာ ဝမ်ချောင်နည်းပညာ၏ကိစ္စက ဆိုးရွားစွာ အဆုံးသတ်သွားမည်မှာ သေချာလှသည်။

ထို့အပြင် အင်တာနက်ပေါ်တွင် မည်သည့်သတင်းမျှ ရှိမနေခြင်းက ဤကိစ္စကို အင်အားကြီးမားသော ဌာနများက တမင်တကာ ဖုံးကွယ်ထားခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းပင်။

ထိုသို့ဆိုလျှင် ဤဌာနများ၏ အရှိန်အဝါကို အသုံးချပြီး အခွင့်ကောင်းယူရမည်။

ဘာပဲဖြစ်ဖြစ် သူ ကောင်းမှုတစ်ခု လုပ်ဆောင်နေခြင်း မဟုတ်ပါလား။

ဝမ်ချောင်နည်းပညာ ပျက်စီးသွားသည့်အခါ လူပေါင်းများစွာက ရုတ်တရက် အလုပ်လက်မဲ့ဖြစ်သွားကြရသည်။

သူကဲ့သို့ အလုပ်လက်မဲ့ပြဿနာကို ဖြေရှင်းပေးရန် အစိုးရကို ကူညီပေးနေသည့် စိတ်ရင်းစေတနာကောင်းသော လုပ်ငန်းရှင်တစ်ဦးအနေဖြင့် မိမိကိုယ်ကိုယ် "ထူးချွန်သော လူငယ်" ဆုပင် ပေးအပ်ရန် စဉ်းစားမိလိုက်သေး၏။

ရဲအရာရှိများ ထွက်ခွာသွားခဲ့သော်လည်း ဤကိစ္စကိုအထက်သို့ အစီရင်ခံရန် လိုအပ်နေဆဲ ဖြစ်သည်။

အဆင့်ဆင့် တင်ပြလိုက်ကြရာ နောက်ဆုံးတွင် ဗဟိုခရိုင် ရဲစခန်း၏အကြီးအကဲ ထံသို့ ထိုသတင်း ရောက်ရှိသွားခဲ့တော့၏။

ထိုအချိန်တွင် သူသည် လွန်ခဲ့သောနေ့က အသက်လတ်ပိုင်း အမျိုးသားကြီးနှင့်အတူ လက်ဖက်ရည်သောက်ရင်း စကားပြောနေခဲ့ခြင်းဖြစ်သည်။

သူက ရိုသေစွာ ထိုင်နေစဉ်မှာပင် သူ့လက်အောက်ငယ်သားထံမှ ဖုန်းခေါ်ဆိုမှုကို ရုတ်တရက် ရရှိခဲ့ခြင်း ဖြစ်၏။

မိနစ်ဝက်ခန့် နားထောင်ပြီးနောက် သူ ဖုန်းကို ချလိုက်ရာ မျက်နှာအမူအရာက ထူးဆန်းစွာ ပြောင်းလဲသွားခဲ့သည်။

"တုန်းလိုင်... ဖုန်းကို ဖြေပြီးတာနဲ့ မင်းရဲ့ မျက်နှာက ဘာလို့ ဒီလောက်အထိ ပြောင်းလဲသွားရတာလဲ။ ပြောစမ်းပါဦး၊ ဘာဖြစ်လို့လဲ"

ဗဟိုခရိုင် ရဲစခန်းအကြီးအကဲ ဖြစ်သော မာတုန်းလိုင်သည် သူ့ရှေ့က အမျိုးသားကြီး၏တပည့်တစ်ဦးဟု သတ်မှတ်နိုင်ပြီး လွန်ခဲ့သောနှစ်များစွာက ထိုအမျိုးသားကြီး၏လမ်းညွှန်မှုကို ခံယူခဲ့ဖူးသူ ဖြစ်သည်။

သူ၏ယခုရာထူးနေရာမှာ ဤခေါင်းဆောင်ဟောင်းနှင့် ခွဲခြား၍မရနိုင်ရာ ထိုနှစ်ဦးမှာ အလွန်ရင်းနှီးကြ၏။

ရှန်ဟိုင်း တစ်မြို့လုံးတွင် ဤအသက်လတ်ပိုင်း အမျိုးသားကြီးနှင့်အတူ ထိုင်၍ လက်ဖက်ရည်သောက်နိုင်သူ လက်ချိုးရေတွက်ရုံမျှသာ ရှိပြီး သူက ထိုလူများထဲမှ တစ်ဦး ဖြစ်သည်။

"ဆရာ... မနေ့က ကောင်လေးလေ... အဲ့ကောင် သူ့ရဲ့ နည်းလမ်းဟောင်းတွေကို ပြန်သုံးနေပြန်ပြီ"

"အို... ပြောပြပါဦး"

သူသည် လွန်ခဲ့သောနေ့က ကျိုးထျန်းနှင့် ဆုံတွေ့ခဲ့ဖူးပြီး ထိုလူငယ်လေးကို စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မြင်ခဲ့သည်။

သူသည် အမြဲတမ်းပရိယာယ်များသော နည်းလမ်းများကို အသုံးပြုတတ်သည့်အပြင် ၎င်းတို့မှာလည်း အလွန်ထိရောက်မှု ရှိလှပြီး၊ သူ့ မောက်မာခြင်းလည်းမရှိ၊ နှိမ့်ချခြင်းလည်းမရှိသည့် သဘောထားကြောင့် သူ့အပေါ် ပိုမို အထင်ကြီး လေးစားမိခဲ့ခြင်း ဖြစ်၏။

"အဲ့ကောင်လေးက... ဝမ်ချောင်နည်းပညာရဲ့ အပြင်ဘက်မှာ အလုပ်ခေါ်စာပြပွဲ ဆိုင်ခန်း သွားဖွင့်ထားတယ်တဲ့ဗျာ"

"ဖူး..."

ထိုအသက်လတ်ပိုင်း အမျိုးသားကြီးသည် သောက်လက်စ လက်ဖက်ရည်ပင် သီးလုနီးပါး ဖြစ်သွားခဲ့ရ၏။

သူ့ပါးစပ်ကို သုတ်လိုက်ပြီးနောက် မျက်လုံးများက မှေးစင်းသွားခဲ့ပြီး ပြုံးလိုက်မိသည်။

"ကောင်လေးက တော်သားပဲ၊ အတော်လေးကို ပါးနပ်တယ်၊ အခွင့်အရေးကို ဆုပ်ကိုင်နိုင်စွမ်းက အထင်ကြီးစရာပဲ၊ ပြီးတော့ ဒါကို လူသိအောင် ကြေညာလိုက်တဲ့ သူ့ရဲ့ လှုပ်ရှားမှုက တကယ့်ကို အချိန်ကိုက်ပါပဲ"

"အပေါ်ယံမှာတော့ သူက အလုပ်လက်မဲ့တွေကိုကူညီပေးနေတာ ဖြစ်ပေမယ့် လက်တွေ့မှာတော့ သူ့ရဲ့ ပြိုင်ဘက်တွေအားလုံးကို သံသယဝင်စေလိမ့်မယ်"

"သူက ဒါကို လုပ်ဝံ့တယ်ဆိုရင် တခြားလူတွေက သူ့ရဲ့ နောက်ခံအရှိန်အဝါကို တွေးကြောက်ကြလိမ့်မယ်၊ ပြီးတော့ သူ့ကို ရန်မပြုခင် နှစ်ကြိမ်တိုင်တိုင် စဉ်းစားကြရလိမ့်မယ်"

"သူက ဂုဏ်သိက္ခာကော အကျိုးအမြတ်ကိုကော လက်လွတ်မခံဘူး၊ ပြီးတော့ ဤကောင်က ဝမ်ချောင်နည်းပညာရဲ့ ဝန်ထမ်းတွေကိုလည်း ဤရင်တည်း မျက်စိကျထားပြီးသားဖြစ်ရမယ်"

"အဲ့ကောင်လေးက တစ်ခုခုကိုမျက်စိကျပြီဆိုရင် လွတ်သွားလေ့မရှိဘူး၊ တကယ့်ကို လောဘကြီးတာပဲ"

"ဒါပေမဲ့ သူ လုပ်ဆောင်တဲ့အရာကလည်း ကျိုးကြောင်းဆီလျော်မှုရှိပါတယ်၊ စိတ်ဝင်စားစရာပဲ"

မာတုန်းလိုင်သည် သူ့ခေါင်းဆောင်ဟောင်းက ခေါင်းကို ရမ်းလျက် တစ်ယောက်တည်း ရေရွတ်နေသည်ကို ကြည့်ပြီး ကျိုးထျန်းဟူသော အမည်ကို စိတ်ထဲတွင် သေချာစွာ မှတ်သားထားလိုက်တော့၏။

"ဒါပေမဲ့ သူ လုပ်ဆောင်နေတဲ့အရာက ကောင်းမွန်တဲ့ သက်ရောက်မှုတော့ ရှိမှာမဟုတ်ဘူး"

"ဒါကလည်း မှန်ပါတယ်၊ ဒါဆိုရင် မင်း လူအချို့ လွှတ်ပြီး စည်းကမ်းထိန်းသိမ်းဖို့နဲ့ လူစုလူဝေး ပြဿနာတွေ မဖြစ်ပွားအောင် ကူညီပေးလိုက်ပေါ့"

မာတုန်းလိုင် ပြုံးလျက် သဘောတူလိုက်သော်လည်း စိတ်ထဲတွင်မူ ညည်းတွားနေမိ၏။

‘ခေါင်းဆောင်ဟောင်းနဲ့ အဲ့ကျိုးထျန်းက အတူတူပဲ၊ သူတို့က ငါ့ကို သုံးပြီးလက်ဆောင်ပေးနေကြတာပဲ’

‘အဲ့ကောင်က ငါ့ကို အကာအကွယ်အဖြစ် သုံးနေမှန်း သိသိကြီးနဲ့ပဲ ငါ့ကို လူလွှတ်ပြီး ကူညီခိုင်းနေသေးတယ်။ ဒါက သူ့ကို ပိုပြီးသွေးကြွစေတာ မဟုတ်ဘူးလား’

‘ဒါပေမဲ့ အဲ့ကောင်လေးကလည်း ဒီအမှုမှာ ကူညီပေးခဲ့တာတော့ အမှန်ပဲလေ။ ထားလိုက်ပါတော့... ဒါက ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦးကို ကူညီပေးတယ်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်’

...

ကျိုးထျန်းသည် ဘေးရှိ အရောင်းစက်ထဲမှ အအေးတစ်ဘူးကို ယူကာ သောက်နေစဉ်မှာပင် မလှမ်းမကမ်းမှ ရဲကားပေါင်း ဆယ်စီးနီးပါး မောင်းနှင်လာပြီး သူ့ရှေ့တွင် တစ်စီးပြီးတစ်စီး ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။

" ခွင့်ပြုပါဦးဗျာ၊ မင်းက မစ္စတာကျိုးလား"

"ဟုတ်ကဲ့... ကျွန်တော်ပါပဲ"

ရဲအရာရှိ ပေါင်းများစွာကို မြင်လိုက်ရသည့်အခါ သူကိုယ်တိုင်ပင် အနည်းငယ် စိုးရိမ်သွားခဲ့ရ၏။

‘သူတို့ ဘာလုပ်မလို့လဲ။ ငါတို့အားလုံးကို ဖမ်းတော့မလို့လား...’

‘ဒီလောက်အထိတော့ ဆိုးရွားမှာမဟုတ်ပါဘူး၊ ငါတို့ ဘာပြဿနာမှ မရှာထားတာပဲဥစ္စာ...’

All Chapters