← Chapters

အခန်း ၁၇၅

Vol. 18 Ch. 175

အခန်း ၁၇၅

Vol. 18 Ch. 175

🍋 Chapter 175

ဒါလုံကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဟွမ်သည် အမြီးနင်းခံလိုက်ရသည့် ရူးသွပ်နေသော ခွေးတစ်ကောင်အလား ထရပ်လိုက်ပြီး လီဟိုင်ပိုကို လက်ညှိုးငေါ့ငေါ့ထိုးကာ အော်ဟစ်ဆဲဆိုတော့သည်။

သို့သော် လီဟိုင်ပေါ်ကမူ တည်ငြိမ်နေဆဲပင် ဖြစ်ရာ ၎င်းက ပြန်လည်တုံ့ပြန်လိုက်၏။

"ငါက ဥက္ကဋ္ဌပဲ၊ ဝန်ထမ်းတွေကို ခန့်အပ်ပိုင်ခွင့်ရော ထုတ်ပယ်ပိုင်ခွင့်ပါ ငါ့မှာ ရှိတယ်"

"ကောင်းပြီ... သာမန်ဝန်ထမ်းတွေကို ခန့်ပိုင်ခွင့်၊ ဖြုတ်ပိုင်ခွင့် ခင်ဗျားမှာ ရှိတယ်ပဲထားဦး။ လျိုထျန်းအန်က စီအီးအိုဗျ။ သူ့ကို ရာထူးက ထုတ်ပယ်ဖို့ဆိုရင် ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ အများစုမဲကို ရယူရမှာ…. အဲ့ဒါကို ခင်ဗျား ကျွန်တော်တို့ကို အသိပေးခဲ့လို့လား"

"လျိုထျန်းအန် အလုပ်တာဝန်ကနေ ရပ်ဆိုင်းခံထားရပြီးပြီပဲ။ သူ့နေရာမှာ အစားထိုးဖို့ တခြားလူတစ်ယောက်ကိုလည်း စီစဉ်ထားပြီးသား။ သူက နာမည်ခံသက်သက်ပဲ ရှိတော့တာကို မင်းတို့က သူ့ကို ဆက်သုံးဦးမယ်လို့ ထင်နေတာလား"

"ကျွန်တော် သုံးတာမသုံးတာက ကျွန်တော့်ကိစ္စ၊ ခင်ဗျား ဆုံးဖြတ်ပိုင်ခွင့်မရှိဘူး။ သူ့ကို သူတစ်ပါးဆီ အခွင့်အရေး ပေးလိုက်မယ့်အစား ကုမ္ပဏီမှာပဲ ပုပ်သိုးသွားအောင် ထားလိုက်တာကမှ ပိုကောင်းဦးမယ်"

သူတို့အားလုံးသည် လျိုထျန်းအန်၏ စွမ်းဆောင်ရည်ကို ကောင်းမွန်စွာ သိရှိထားကြပေသည်။

ထို့ပြင် ယခုတစ်ကြိမ် စုံစမ်းစစ်ဆေးမှုမှာလည်း ကျရှုံးခဲ့ရပြီး လျိုထျန်းအန်ထံတွင် မည်သည့်ပြဿနာမျှ ရှာမတွေ့ခဲ့ချေ။

သို့သော် ဖြစ်ပြီးသားကိစ္စကို ပြန်ပြင်၍မရနိုင်တော့သလို အချိန်ကိုလည်း နောက်ပြန်လှည့်၍မရနိုင်တော့ချေ။

သူတို့က လျိုထျန်းအန်ကို အလုပ်တာဝန်မှ ရပ်ဆိုင်းလိုက်သည်မှစ၍ လူအများကြားရှိ ယုံကြည်မှုနှင့် သံယောဇဉ်တို့မှာ လုံးဝပြတ်တောက်သွားခဲ့ပြီ ဖြစ်သည်။

လီဟိုင်ပေါ်သည် ခေါင်းကို ခါယမ်းလိုက်၏။

"ငါတို့ ဒါလုံကုမ္ပဏီက အခုဆိုရင် လုပ်ငန်းလောကထဲမှာ လှောင်စရာပြက်လုံးတစ်ခုလို ဖြစ်နေပြီ"

"စီအီးအိုက ရာထူးရပ်စဲခံထားရတယ်၊ ကုမ္ပဏီရဲ့ ဂိမ်းပရောဂျက်တွေကလည်း ကူးချခံထားရတယ်။ ဒါပေမဲ့ ငါတို့က ပြိုင်ဘက်တွေကို ဘာမှမလုပ်နိုင်ဘဲ ဥပဒေကြောင်းအရ လုပ်ထုံးလုပ်နည်းတွေကိုပဲ အားကိုးနေရတယ်"

ဤနေရာသို့ ရောက်သောအခါ လီဟိုင်ပေါ်သည် မိမိ၏ ညာဘက်အခြမ်းတွင် ထိုင်နေကြသော အရာရှိပိုင်း နောက်ခံအဆက်အသွယ်ရှိသည့် ရှယ်ယာရှင်များကို လှမ်းကြည့်လိုက်သည်။

ထိုသူများအားလုံးက ခေါင်းခါယမ်းလိုက်ကြ၏။

သူတို့တွင် အဆက်အသွယ်များ ရှိကြသော်လည်း ဝမ်ချောင်နည်းပညာတွင်လည်း ရှိနေသည်ပင်။

နှစ်ဖက်စလုံးက အင်အားချင်း မျှနေသဖြင့် မည်သူကမျှ နောက်ကွယ်မှနေ၍ တစ်ဖက်လူကို မလွှမ်းမိုးနိုင်ကြချေ။

ထို့ကြောင့် တရားဝင် လမ်းကြောင်းများအတိုင်းသာ လုပ်ဆောင်ကြရခြင်း ဖြစ်သည်။

အကယ်၍သာ တခြားနည်းလမ်း ရှိခဲ့မည်ဆိုပါက သူတို့သည် ဤကဲ့သို့သော အခြေအနေမျိုးသို့ ရောက်ရှိလာကြလိမ့်မည် မဟုတ်ပေ။

"ငါတို့မှာ ကောင်းမွန်တဲ့ ဖြေရှင်းချက်မရှိလို့ပဲ ထျန်းချိုင်နည်းပညာရဲ့ ကျိုးထျန်းနဲ့ ပူးပေါင်းဖို့ ငါရွေးချယ်ခဲ့တာ"

"သူ့ရဲ့ တစ်ခုတည်းသော တောင်းဆိုချက်က လျိုထျန်းအန်နဲ့ သူ့ရဲ့ လက်အောက်ငယ်သားဟောင်းတွေကို လွှတ်ပေးဖို့ပဲ။ ဒီလူတွေက ကုမ္ပဏီအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်နေခဲ့ကြပြီလေ"

"ဒါပေမဲ့ သူက အလဲအလှယ်အနေနဲ့ ပြန်ပေးနိုင်တာက ငါတို့အတွက် အဓိကခြိမ်းခြောက်မှုဖြစ်တဲ့ ဝမ်ချောင်နည်းပညာကို အမြစ်ပြတ်အောင် ကူညီပေးဖို့ပဲ ဖြစ်တယ်"

လီဟိုင်ပေါ်သည် စကားကို ခဏမျှ ရပ်လိုက်ပြီး မျက်နှာထားမှာ တည်ကြည်လေးနက်သွား၏။

"အစတုန်းက ငါ ဒါကို လုံးဝ မယုံကြည်ခဲ့ပေမဲ့ အခုတော့ သူက ရက်ပိုင်းအတွင်းမှာတင် အောင်မြင်အောင် လုပ်ပြသွားခဲ့ပြီ"

"ဝမ်ချောင်နည်းပညာနဲ့ သူ့ရဲ့သူဌေး အခု ဘယ်လိုအခြေအနေမျိုး ရောက်နေပြီလဲဆိုတာ ဒီမှာရှိတဲ့ လူတိုင်း သိကြလိမ့်မယ်လို့ ငါထင်တယ်"

ဤနေရာသို့ ရောက်သောအခါတွင်မူ အစောပိုင်းက ဒေါသတကြီး ဖြစ်နေခဲ့သော အထွေထွေမန်နေဂျာဟွမ်သည်လည်း ပါးစပ်ပိတ်သွားခဲ့ရပြီး သူ့ကို လက်ညှိုးထိုးကာ အော်ဟစ်ခြင်း မပြုရဲတော့ချေ။

သို့သော် သူက ပြန်၍ ထိုင်မသွားသေးဘဲ တခြားကိစ္စရပ်တစ်ခုကို ထောက်ပြလိုက်ပြန်သည်။

"ကောင်းပြီ... လျိုထျန်းအန်ရဲ့ ကိစ္စကို ခေတ္တဘေးဖယ်ထားဦးစို့၊ တခြားအကြောင်းအရာကို ပြောကြရအောင်"

"ဝမ်ချောင်က ပျက်စီးသွားပြီဆိုတော့ သူတို့ကုမ္ပဏီရဲ့ ထူးချွန်တဲ့ ပညာရှင်တွေ၊ အထူးသဖြင့် အဆင့်မြင့် နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်းတွေကို ငါတို့ အသုံးချလို့ရတာပေါ့... ခင်ဗျား ဘာဖြစ်လို့ အခုထိ အရေးယူဆောင်ရွက်ခြင်း မရှိသေးတာလဲ... ဝမ်ချောင်ရဲ့ ပညာရှင်တွေကို စည်းရုံးသိမ်းသွင်းဖို့ ဘာလို့ ရှေ့မတိုးခဲ့တာလဲ"

သူက ထိုသို့ပြောလိုက်သည့်အခါ မိမိ၏ဘယ်ဘက်အခြမ်းရှိ လူအားလုံးက သူ့ကို လှမ်းကြည့်လိုက်ကြသည်။

ဤအတန်းတွင် ထိုင်နေကြသူများမှာ စီးပွားရေးသမားများချည်း ဖြစ်ကြပြီး ၎င်းတို့၏ မိသားစုများသည် လုပ်ငန်းအမျိုးမျိုးကို လုပ်ကိုင်နေကြကာ အချို့မှာ ဒါလုံကုမ္ပဏီတွင် ဝါသနာအရပင် လာရောက်ရင်းနှီးမြှုပ်နှံထားကြသည့် ချမ်းသာသော ဒုတိယမျိုးဆက် သူဌေးသားများ ဖြစ်ကြ၏။

အတိုချုပ်ပြောရလျှင် သူတို့သည် ပိုက်ဆံအလွန် ချမ်းသာကြသည်။

ထို့ကြောင့် ထိုနည်းပညာပိုင်းဆိုင်ရာ ပညာရှင်များ၏ တန်ဖိုးကို သူတို့က ပိုမိုနားလည်ကြပေသည်။

ဤလူစုသည် ဝန်ထမ်းများကို တန်ဖိုးပမာဏအဖြစ် ပြောင်းလဲကာ တိုင်းတာတွက်ချက်တတ်သည့် အလေ့အထ ရှိကြသည်။

ဝမ်ချောင်၏ဝန်ထမ်းများသည် ၎င်းတို့၏ စိတ်ထဲတွင် အလွန်တန်ဖိုးရှိသည့် အရာများ ဖြစ်နေကြ၏။

ထိုဝန်ထမ်းများသည် အလုပ်ပြုတ်သွားခဲ့သည်မှာ မကြာသေးသဖြင့် ဒါလုံကုမ္ပဏီအနေဖြင့် ၎င်းတို့လိုအပ်သော ပညာရှင်အမြောက်အမြားကို လစာအနည်းငယ်ဖြင့်ပင် ဆွဲဆောင်စည်းရုံးနိုင်မည် ဖြစ်သည်။

ဤမျှ ကောင်းမွန်သော အခွင့်အရေးကို ဥက္ကဋ္ဌလီဟိုင်ပေါ်ကမူ မိမိ၏ လက်အောက်ငယ်သားများကို ငြိမ်သက်စွာ နေခိုင်းထားပြီး မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်စေခဲ့ချေ။

၎င်းမှာ မြေပြင်ပေါ်တွင် ရှိနေသော ရတနာများကို သူတစ်ပါးအား အလကား လာကောက်ခွင့် ပေးလိုက်ခြင်း ဖြစ်သည်။

လီဟိုင်ပေါ်က မတတ်သာသလို ပြုံးလိုက်၏။

"ဒါကလည်း ထျန်းချိုင်ရဲ့ အထွေထွေမန်နေဂျာကျိုးနဲ့ ငါပြုလုပ်ခဲ့တဲ့ သဘောတူညီချက်တွေထဲက တစ်ခုပဲ... အကယ်၍ သူက ဝမ်ချောင်နည်းပညာကိုဖြိုလဲပေးနိုင်ခဲ့ရင် ဒါလုံအနေနဲ့ ဝင်ရောက်စွက်ဖက်ပြီး လူတွေကို လုယူတာမျိုးမလုပ်ဘူးလို့ ငါတို့ သဘောတူခဲ့ကြတယ်"

"ပေါက်ကရတွေ..."

အထွေထွေမန်နေဂျာဟွမ် စားပွဲခုံကို လက်သီးဖြင့် ထပ်မံရိုက်ပုတ်လိုက်ပြန်သည်။

"ခင်ဗျား သဘောတူခဲ့ပေမဲ့ ကျွန်တော်တို့က သဘောမတူဘူးဗျ"

အထွေထွေမန်နေဂျာဟွမ်သည် မိမိအတန်းထဲရှိ ဘုတ်အဖွဲ့ဝင်များကို လှမ်းကြည့်လိုက်ရာ ထိုသူများအားလုံးကလည်း လီဟိုင်ပေါ်အပေါ် မကျေနပ်မှုကို ဖော်ပြသည့်အနေဖြင့် ခေါင်းညိတ်ပြကြသည်။

"ခင်ဗျား စာချုပ်ချုပ်ခဲ့လို့လား"

"ဒါ နှုတ်ကတိ သဘောတူညီချက် သက်သက်ပဲ"

"ဒါဆို သက်သေရော ရှိလား။ အထောက်အထားကော ရှိရဲ့လား။ ငါတို့က ဒါကို အသိအမှတ်မပြုဘူးဆိုရင် ကျိုးထျန်းက ငါတို့ကို ဘာလုပ်နိုင်မှာလဲ"

"ဟုတ်တယ်..."

"မှန်တယ်... နှုတ်ကတိ သဘောတူညီချက်က ဘာတန်ဖိုးရှိမှာလဲ ? အလကားပဲ"

"ဟဲဟဲ... နှုတ်ကတိ သဘောတူညီချက်ကို ထားလိုက်ပါဦး။ စာချုပ်ချုပ်ထားခဲ့ရင်တောင် ငါတို့အတွက် မဟန်ဘူးဆိုရင် အချိန်မရွေး ဖျက်စီးပစ်လို့ ရတာပဲ"

"အတိအကျပဲ... ငါတို့အတွက် နစ်နာမယ့် သဘောတူညီချက်ကို ဘာဖြစ်လို့ အသိအမှတ်ပြုနေရမှာလဲ။ ဒါက တကယ်ကြီး မိုက်မဲလွန်းရာကျတယ်"

လူငါးဦး ခြောက်ဦးခန့်က အထွေထွေမန်နေဂျာဟွမ်၏ စကားကို ထောက်ခံအားပေးကြသည်။

၎င်းတို့၏ အမြင်တွင်မူ စာချုပ်ကို မျက်မြင်မတွေ့ရသရွေ့ ထိုအရာသည် နှုတ်ကတိ သဘောတူညီချက် သက်သက်သာ ဖြစ်ပေသည်။

စာချုပ်ချုပ်ဆိုထားခဲ့လျှင်ပင် သူတို့ မကျေနပ်ပါက အသိအမှတ်မပြုဘဲ နေနိုင်သေးသည်။ အဆိုးဆုံးအနေဖြင့် ငွေအနည်းငယ် ပေးလျော်ရုံသာ ရှိပေလိမ့်မည်။

ပမာဏ မများသရွေ့ ထိုအရာသည် တန်ဖိုးရှိပေသည်။ စာချုပ်ကို ဆုတ်ဖြဲပစ်ခြင်းက သူတို့အတွက် ကိစ္စကြီးတစ်ခု မဟုတ်ချေ။

လီဟိုင်ပေါ်မှာ မတတ်သာတော့ပေ။ စစ်မှန်သော စီးပွားရေးမိသားစုများမှ ဆင်းသက်လာကြသည့် ဤလူများသည် ကိုယ်ကျင့်တရားနှင့် လူမှုကျင့်ဝတ်များကို အနည်းငယ်မျှပင် ဂရုမစိုက်ကြဘဲ ငွေကြေးကိုသာ အဓိကထားကြပေသည်။

အကျိုးအမြတ်အတွက်ဆိုလျှင် သူတို့သည် အလွန်အမင်း အမြော်အမြင်တိုစွာဖြင့် အရာအားလုံးကို သစ္စာဖောက်ရဲကြ၏။

ပုံမှန်အားဖြင့်ဆိုလျှင် သူသည် သည်းခံနိုင်ကောင်း တန်ဖိုးထားမှုချင်း မတူညီသဖြင့် ငြင်းခုံနေရန် မလိုချေ။

သို့သော် ယခုတစ်ကြိမ်တွင်မူ အခြေအနေက ကွဲပြားခြားနားနေသဖြင့် သူ စကားပြောရန် လိုအပ်ပေသည်။

"မစ္စတာဟွမ်... မင်း ပြောတာတွေက အကျိုးအကြောင်း ရှိနိုင်ပေမဲ့ တစ်ခုတော့ စဉ်းစားဖူးလား။ ငါတို့ ရန်မစရဲတဲ့ လူအချို့ ရှိနေတယ်ဆိုတာကိုကော"

"ဟဲဟဲ... ရန်မစရဲဘူး ဟုတ်လား၊ ခင်ဗျား ပြောနေတဲ့ ကျိုးထျန်းဆိုတာ အသက်နှစ်ဆယ်အစောပိုင်းအရွယ် လူငယ်လေး မဟုတ်ဘူးလား"

သူ့မျက်နှာတွင် လှောင်ပြုံးတစ်ခု ပေါ်လာခဲ့သည်။

ဤမစ္စတာဟွမ်သည် ဟောင်ကောင်တွင် စီးပွားရေးလုပ်ကိုင်နေသည်မှာ ကြာမြင့်ပြီဖြစ်၍ ရှန်ဟိုင်းသို့ ခဏခဏ လာလေ့မရှိချေ။

သို့သော် သူသည် ပိုက်ဆံချမ်းသာသဖြင့် ဒါရိုက်တာဘုတ်အဖွဲ့အတွင်း၌ ဩဇာညောင်းသူတစ်ဦး ဖြစ်ပေသည်။

မည်သို့ပင်ဆိုစေကာမူ ပိုက်ဆံရှိသူက အရာရာကို ဆုံးဖြတ်နိုင်သဖြင့် ၎င်းတို့၏စကားက အလေးသာပေသည်။

"မစ္စတာဟွမ်... မင်း ကျိုးထျန်းရဲ့ နောက်ခံကို သေသေချာချာစုံစမ်းကြည့်ဖူးလား"

လီဟိုင်ပေါ်သည် မစ္စတာဟွမ်ကို လူအတစ်ယောက်အား ကြည့်သည့်အလား စိုက်ကြည့်လိုက်၏။

မိမိ၏ညာဘက်အခြမ်းရှိ ဒါရိုက်တာများသည်လည်း ထိုသူများကို မတတ်သာသလို ကြည့်နေကြသည်။

ပိုက်ဆံချမ်းသာသူများနှင့် နှိုင်းယှဉ်လျှင် အာဏာရှိသူများသည် သတင်းအချက်အလက်များကို ပိုမို၍ သိရှိနိုင်ကြပေသည်။

"မစ္စတာဟွမ်... ဝမ်ချောင်နည်းပညာမှာ ဘာတွေ ဖြစ်ပျက်ခဲ့လဲဆိုတာ မင်း သိလား။ ပြီးတော့ သူတို့ရဲ့သူဌေး ဝေဖေးယွီနဲ့ဝမ်ရှောင်တို့ရဲ့ လက်ရှိအခြေအနေကကော ဘယ်လိုရှိလဲဆိုတာ မင်း သိရဲ့လား"

မစ္စတာဟွမ်ကမူ ပြန်၍ မဖြေချေ။

"ဟမ့်... မင်း မသိဘူးဆိုရင် တစ်ယောက်ယောက်ကို အရင်မေးမြန်းကြည့်လိုက်တာက ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် ဒီအစည်းအဝေးကို ဆက်လုပ်နေလည်း အဓိပ္ပာယ်ရှိမှာမဟုတ်ဘူး"

"ခင်ဗျား ဘာကို ဆိုလိုတာလဲ"

မစ္စတာဟွမ်သည် စိတ်ဆတ်သူတစ်ဦးဖြစ်ဆဲမို့ မေးခွန်းထုတ်ခံရသည်ကို မခံမရပ်နိုင် ဖြစ်နေဆဲပင်။

ထိုအချိန်တွင် လီဟိုင်ပေါ်၏ ညာဘက်အခြမ်း၊ ပထမဆုံးထိုင်ခုံတွင် ထိုင်နေသောအမျိုးသားက နောက်ဆုံး၌ စကားပြောလာခဲ့သည်။

ထိုအမျိုးသားသည် အသက် ၆၀ သို့မဟုတ် ၇၀ ခန့် ရှိပုံရပြီး ဤနေရာတွင် အသက်အကြီးဆုံးပုဂ္ဂိုလ် ဖြစ်၏။

သူ့ထိုင်ခုံနေရာကို ကြည့်ရုံမျှဖြင့် ဒါရိုက်တာဘုတ်အဖွဲ့အတွင်းရှိ ၎င်း၏ ရာထူးအဆင့်အတန်းကို သိရှိနိုင်ပေသည်။

"ဟွမ်အာ... မလောပါနဲ့ဦး၊ စကားကို ဖြည်းဖြည်းပြောစမ်းပါ။ ငါတို့ ပြည်မကြီးကလူတွေက နားကြားကောင်းကြပါတယ်၊ ဒီလောက်ကြီး အော်ဟစ်နေဖို့ မလိုပါဘူး"

သူနှင့် မစ္စတာဟွမ်တို့သည် သိသာစွာပင် အဆင်မပြေကြချေ၊ သူက မစ္စတာဟွမ်ကို ရိသဲ့သဲ့ပြောလိုက်ခြင်းပင်။

မစ္စတာဟွမ်သည် သူ့ကို စိုက်ကြည့်လိုက်ရုံမှတစ်ပါး လီဟိုင်ပေါ်ကို အော်ဟစ်ခဲ့သလိုမျိုးမူ မအော်ရဲတော့ချေ။

"ဟွမ်အာ... မင်း ဟောင်ကောင်မှာ နေလာတာ နှစ်တွေကြာပြီဆိုတော့ ရှန်ဟိုင်းက အခြေအနေတွေကို ရင်းနှီးမှာ မဟုတ်ဘူး။ ငါ့အထင်တော့ လီအာအခုလုပ်တာ မှန်ကန်တယ်"

သူက လီဟိုင်ပေါ်ကို အားပေးသည့် အကြည့်တစ်ချက် ပြလိုက်ရင်း ၎င်း၏လုပ်ရပ်ကို ထောက်ခံကြောင်း ပြသလိုက်၏။

"ငါတို့ တရုတ်လူမျိုးတွေမှာ ရှေးစကားပုံတစ်ခု ရှိတယ် 'ခေတ်စနစ်ကို နားလည်သူကသာ သူရဲကောင်း' တဲ့၊ ဒါလုံအနေနဲ့ ထျန်းချိုင်နည်းပညာအပေါ် ထားရှိတဲ့ သဘောထားကို ပြောင်းလဲဖို့ လိုအပ်နေပြီ။ ငါတို့က အဲ့ဒါကို ယင်းချိုင်နည်းပညာရဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းတစ်ခုလိုပဲ သဘောထားလို့ မရတော့ဘူး"

"ဒီကျိုးထျန်းက တကယ့်ကို ထူးခြားတဲ့ လူငယ်ပဲ"

အဖိုးကြီးမှ ထိုသို့ပြောလိုက်သည်ကို ကြားရသောအခါ အထွေထွေမန်နေဂျာဟွမ်သည် မျက်တောင်များကို ချလိုက်ပြီး ခဏမျှ စဉ်းစားကာမှ ဖြည်းညှင်းစွာ ပြန်လည်ထိုင်လိုက်တော့သည်။

"အထွေထွေမန်နေဂျာဖန့်... နောက်ကွယ်က အကြောင်းအရင်းက ဘာလဲဗျ၊ ကျွန်တော်တို့ကို အသေးစိတ်လေး ပြောပြပေးပါဦး"

"ဟုတ်တယ်... ကျွန်တော်တို့ရဲ့ သတင်းအချက်အလက်က အဖိုးကြီးတို့လောက် မကောင်းဘူး။ ပြောပြပေးပါဦး၊ မဟုတ်ရင် ခင်ဗျား ဘာကို ဆိုလိုတာလဲဆိုတာ ကျွန်တော်တို့ နားလည်မှာ မဟုတ်ဘူး"

ဖန့်မျိုးရိုးရှိသည့် အဖိုးကြီးသည် အေးအေးလူလူပင် သူ၏ လက်ဖက်ရည်ခွက်ကို လှမ်းယူလိုက်ကာ

"ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ရှန်ဟိုင်းကို ဘယ်သူတွေ ရောက်လာခဲ့လဲဆိုတာ မင်းတို့ သိကြလား"

All Chapters