← Chapters

အခန်း ၁၂၂

Vol. 13 Ch. 122

အခန်း ၁၂၂

Vol. 13 Ch. 122

🌻 Chapter 122

ယင်ကျန်းက သူမကို ထူပေးလိုက်ပြီး "သူက မင်းအခန်းထဲ ဘာလို့ ရောက်နေတာလဲ"

ကမ်းချန်ချန်က ရင်ဘတ်ကို ဖိကာ ရိုးသားဟန်ဖြင့် ‌ပြောသည်။

"ကျွန်မ အမှန်ကို မဖုံးကွယ်ရဲပါဘူး၊ ပြီးခဲ့တဲ့တစ်ခေါက် ကျွန်မနဲ့ ဟွာစန်း ကျွန်မ မိဘအိမ်ကို ပြန်တုန်းက ဒီညီအစ်ကို သုံးယောက်ရဲ့ ပြန်ပေးဆွဲတာ ခံခဲ့ရတာပါ၊ ဒါပေမဲ့ သူတို့က မိန်းမသားတွေကို အန္တရာယ် မပြုချင်လို့ ကျွန်မကို ပြန်လွှတ်ပေးခဲ့ပါတယ်၊ သူတို့ သတင်းဘယ်က ကြားလာလဲတော့ မသိဘူး၊ ဒါပေမဲ့ ကျွန်မက အရှင့်ရဲ့ အချစ်တော် ကိုယ်လုပ်တော်လို့ ထင်ပြီး အရှင့်ကို လုပ်ကြံဖို့ ဒီကို ရောက် လာကြတာပါ၊ သူတို့က တကယ့်ကိုယုတ်မာလွန်းတယ်၊ ကံကောင်းလို့ အရှင်က ဉာဏ်ရည်ထက်မြက်ပြီး ရဲရင့်လို့ပေါ့၊ ခုနက ကျွန်မ အရှင့်အတွက် အရမ်းကို စိတ်ပူနေခဲ့တာ"

ယင်ကျန်းက သူ့အတွက်သူ လက်ဖက်ရည် တစ်ခွက် ငဲ့လိုက်ပြီး "ဟုတ်လား၊ ဒါဆို မင်းက ဘာလို့ ငါ့ကို စောစောစီးစီး မပြောခဲ့တာလဲ"

ကမ်းချန်ချန် တွန့်ဆုတ်သွားပြီး "ကျွန်မ သူတို့ လက်စားချေမှာကို... ကြောက်လို့ပါ၊ ကျွန်မ အမှားပါ"

[ပြဿနာကို ရှောင်တာ အကောင်းဆုံးပဲလေ၊ သူတို့က ဒီလောက် မြန်မြန်ဆန်ဆန် ဝင်ရောက်တိုက်ခိုက်လာမယ်လို့ ဘယ်သူက သိမှာလဲ]

ယင်ကျန်းက သူမကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်လိုက်ပြီး မေးသည်။

"တခြား ပြောစရာ မရှိတော့ဘူးလား"

ကမ်းချန်ချန်က "မရှိတော့ပါဘူး... ဒါပေမဲ့ ကျွန်မ မေးချင်တာ တစ်ခုတော့ ရှိတယ်၊ အရှင်မင်းသားက သူတို့ကို လိုက်လံ သတ်ဖြတ်ဖို့ လူလွှတ်ခဲ့တာလားဟင်"

ယင်ကျန်းက ပြန်မဖြေဘဲ ထွက်သွားခဲ့သည်။ ကမ်းချန်ချန်မူကား မျက်မှောင်ကြုတ်ကာ နက်နက်ရှိုင်းရှိုင်း စဉ်းစားနေမိသည်။ အကယ်၍ သူတို့ သုံးယောက်ကို လိုက်သတ်ဖို့ လူလွှတ်ခဲ့တာ ယင်ကျန်းသာဆိုလျှင် သူ ဘယ်လိုလုပ် သိသွားသနည်း။

ဟွာစန်းက ဖွင့်ဟမပြောခဲ့ဘူးဆိုလျှင် နောက်ကွယ်က ကြိုးကိုင်သူဖြစ်သော နဝမမင်းသား သို့မဟုတ် နျန်ကုန်းယောင်းကများ ယင်ကျန်းကို ပြောပြလိုက်တာလား၊ ဒါပေမဲ့ အဲဒီလူက ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာဖြစ်မလဲ၊ တကယ်လို့ တခြားတစ်ယောက်ကများ သူ့ကို မပြောခဲ့ရင်ရော...

ကမ်းချန်ချန်မှာ ဤရက်ပိုင်းအတွင်း ခေါင်းစားနေခဲ့ရသည်။ သူမ သူ့ကို ကျိန်ဆဲချင်စိတ်ပေါ်လာသည်နှင့် သူက ချက်ချင်း လက်စားချေတတ်ရသနည်း။

ပြီးတော့ သူ ဝင်လာချိန်က လုပ်ကြံသူ၏ ပါးနပ်တဲ့ ထောင် ချောက်ကို ဘယ်လိုများ ရှောင်လွှဲနိုင်ခဲ့တာလဲ၊ ပြီးတော့ လုပ်ကြံသူ မရောက်လာခင်လေးတင် သူက ဗီရိုဆီ လျှောက်သွားပြီး သူမကို ဘယ်လို လွှတ်ပေးနိုင်ခဲ့တာလဲ။

ဖြစ်နိုင်တာက... သူက သူမရဲ့ အတွေးတွေကို ကြားနေရတာများလား။

ဒီစွမ်းရည်က တကယ်ကို ထူးဆန်းလွန်းပေမယ့် သူမတောင် အချိန်ခရီးသွားနိုင်သေးရင် ဒီကမ္ဘာမှာ ဘာမဆို ဖြစ်နိုင်တာပဲ မဟုတ်ဘူးလား။

ပြီးတော့ စုဖေးရှန် ပြောခဲ့တဲ့စကားအရဆို ယင်ကျန်းက သူမအခန်းထဲက ထွက်သွားပြီးတာနဲ့ ကျန်းတာ့နျန်ကို ရနံ့အိတ်အကြောင်း စုံစမ်းဖို့ အမိန့်ပေးခဲ့တယ်ဆိုတာ တကယ်သာဆိုရင် အရင်တုန်းက သူမ မသိလိုက်ဘဲ သေတွင်းတူးနေခဲ့မိတာများလား။

[ငါလေး ချင်းမင်းဆက် ကျဆုံးပြီလို့ ပြောခဲ့ဖူးလား]

ကမ်းချန်ချန်မှာ ခေါင်းတခြမ်းကိုက်လာသလို ခံစားရပြီး ကုတင်ပေါ်တွင် လှဲလျက် သက်ပြင်းချကာ အတွေးလွန်နေသဖြင့် တစ်ညလုံး ကောင်းကောင်း အိပ်မပျော်ခဲ့ပေ။ နောက်တစ်နေ့တွင် သူမ ထင်ထားသည့်အတိုင်း အားအင်တစ်စက်မှ မရှိခဲ့ချေ။

"စဲဖူ... ထပြီး ဆန်ပြုတ်လေး နည်းနည်းလောက် သောက်ပါဦး"

ယွင်ကျွမ်းက ဘေးမှနေ၍ တိုက်တွန်းလေသည်။ ကမ်းချန်ချန်က ပျင်းရိစွာဖြင့် မေးသည်။

"နင် ဖူကျင်းဆီကို သွားပြောပြီးပြီလား၊ ငါ ဒီနေ့ နာရေးခန်းမကို မသွားနိုင်တော့ဘူး"

ယွင်ကျွမ်းက "ဟွာယွီ သွားပြောလိုက်ပါပြီ၊ ဟူး... စဲဖူ၊ အရမ်းကြီး တွေးမနေပါနဲ့၊ ကံကောင်းလို့ လုပ်ကြံတဲ့သူက စဲဖူကို အန္တရာယ် မပြုခဲ့တာပေါ့၊ စဲဖူရဲ့ ဆံပင်တွေက ခဏနေရင် ပြန်ရှည်လာမှာပါ၊ ဒီလောက် မြန်မြန် ပြန်မရှည်လာရင်တောင် ဘယ်သူမှ မသိအောင် ဆံပင်တုလေးတစ်ခု ကျွန်မ ကျစ်ပေးလို့ ရပါတယ်"

ကမ်းချန်ချန်က "မနေ့က ကံကောင်းလို့ နင်တို့ အားလုံး အဆင်ပြေခဲ့တာ"

ယွင်ကျွမ်းက "မနေ့က ကျွန်မတို့ ဘာအကြောင်းမှမရှိဘဲ သတိလစ်သွားခဲ့တာ၊ ပြန်နိုးလာတော့ စဲဖူက ကုတင်ပေါ်မှာ လှဲနေတာ မြင်လိုက်ရပေမယ့် ကျွန်မတို့က စဲဖူကို သွားမကြည့်ခဲ့မိဘူး၊ အဲဒါက ကျွန်မ တာဝန်လစ်ဟင်းမှုပါပဲ၊ ကံကောင်းလို့ စတုတ္ထမင်းသားက ကံကောင်းပြီး ရှာတွေ့ခဲ့လို့ပေါ့"

ကမ်းချန်ချန်က ခေါင်းခါယမ်းကာ "နင်တို့ မသိလိုက်တာ ကံကောင်းတယ်၊ မဟုတ်ရင် သူက တစ်ခုခု လုပ်ခဲ့မှာပဲ"

ယွင်ကျွမ်းက "မနေ့က ကိစ္စတွေနဲ့ ပတ်သက်ပြီး စံအိမ်ထဲမှာ ကောလာဟလတွေ ထွက်နေပြီ၊ တချို့က စဲဖူက လုပ်ကြံသူနဲ့ ဖောက်ပြန်နေပြီး နောက်ကွယ်က ရည်ရွယ်ချက်တွေ ရှိတယ်လို့ ပြောကြတယ်၊ တချို့ကကျတော့ စဲဖူ အပျိုစင်ဘဝ ဆုံးရှုံးသွားပြီလို့တောင် ပြောတယ်၊ ကံကောင်းလို့ စတုတ္ထမင်းသားက ကျွန်မတို့ဘက်မှာ ရှိနေတာ၊ သူက ကောလာဟလ ထပ်ဖြန့်တဲ့သူ ဘယ်သူ့ကိုမဆို ကြိမ်ဒဏ် အချက်သုံးဆယ် ပေးမယ်လို့တောင် အမိန့်ထုတ်ထားတယ်၊ အခုတော့ ရပ်သွားပါပြီ"

[ငါ့ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်တာက သူ့ဂုဏ်သိက္ခာကိုပါ ကာကွယ်တာပဲလေ၊ ဘယ်သူကမှ ဖောက်ပြန်ခံရတဲ့သူဆိုပြီး မမှန်မကန် စွပ်စွဲခံချင်မှာ မဟုတ်ဘူး]

ကမ်းချန်ချန်က "တခြား သတင်းတွေရော ရှိသေးလား"

ယွင်ကျွမ်း "ဟွာယွီ သွားစုံစမ်းနေပါတယ်"

[ကောင်းပြီလေ၊ တစ်ခုခုတော့ စားလိုက်ပါဦးမယ်၊ ဒါမှ ကျန်းမာရေးအတွက် ကောင်းမှာ]

ကမ်းချန်ချန် စားသောက်နေစဉ် သူမသည် ဤစိတ်ဖတ်နိုင်စွမ်းကို အသုံးချပြီး အကျိုးအမြတ်တစ်ခုခု ရအောင် လုပ်နိုင်မလားဟု တွေးနေမိသည်။

[ဟူး... ပထမဆုံးအနေနဲ့ ယင်ကျန်းရဲ ငါ ဒါကိုခန့်မှန်းနိုင်တယ်ဆိုတာကို သူ မသိအောင်ထားရမယ်၊ ပြီးမှ သူ့ကို ဘယ်လို ပြန်အကွက်ဆင်ရမလဲဆိုတာ စဉ်းစားကြည့်တော့မယ်]

ကံကောင်းထောက်မစွာဖြင့် ယင်ကျန်းသည် ဤရက်ပိုင်းအတွင်း သားတော်နာရေးကိစ္စများဖြင့် အလုပ်များနေကာ သူမထံ လာရောက်ရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် ကမ်းချန်ချန်က သူမကိုယ် သူမ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရန် နည်းလမ်းမျိုးစုံကို ကြိုးစားနိုင်ခဲ့သည်။

ဩဂုတ်လသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာပြီး နောက်နေ့တွင် ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပမည့်အကြောင်း နန်းတော်မှ သတင်းပို့လာခဲ့သည်။

ကမ်းချန်ချန်မှာ ဤသတင်းကို ကြားရသောအခါ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်ပူပန်မှုများ ရောထွေးနေကာ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေမိသည်။

နေဝင်ရီတရောအချိန်တွင် တောက်ပနူးညံ့သော ရွှေရောင်နေခြည်များအောက်၌ ယင်ကျန်းက ကုလားကာကို မတင်လာသည်။ ကမ်းချန်ချန် မော့ကြည့်လိုက်ရာ အမြဲတမ်း အေးစက်စက်နိုင်သော သူ့မျက်နှာမှာ အလင်းရောင်ကြောင့် နူးညံ့နေသည်ကို မြင်လိုက်ရပြီး သူမနှလုံးသားလည်း ငြိမ်သက်သွားရသည်။ သူမ ပြုံးကာ သူ့ကို အရိုအသေပေးလာသည်။

သို့သော် ပြီးခဲ့သည့်လက ဖြစ်ပျက်ခဲ့သည်အရာကို သတိရသွားသောအခါ သူမ ခေါင်းလေးမှာ စိတ်ပျက်အားငယ်စွာဖြင့် ငိုက်ကျသွားသည်။

ယင်ကျန်းက သူမဘေးတွင် ထိုင်လိုက်ပြီး "ဘာလို့ မင်းကြည့်ရတာ စိုးရိမ်နေပုံပေါက်တာလဲ"

ကမ်းချန်ချန်က "ကျွန်မ မစိုးရိမ်ပါဘူး၊ အချိန်တွေ အကြာကြီး ကြာသွားလို့ပါ၊ စကားမစပ် ဟိုလုပ်ကြံတဲ့သူက တစ်ခုခု ထွက်ဆိုသေးလားဟင်"

[သူ ကျွန်မနဲ့ ပတ်သက်ပြီး တစ်ခုခုများ...]

ယင်ကျန်းက အေးစက်စွာဖြင့် "သူက တော်တော် ခေါင်းမာတဲ့ကောင်ပဲ၊ ညှဉ်းပန်းနှိပ်စက်မှု ဆယ်မျိုးကျော်ကို ခံနိုင်ရည်ရှိခဲ့ပေမယ့် ဘာမှတော့ ထွက်မဆိုဘူး၊ အခု ဆောင်းဦးရောက်ရင် သူ့ကို မြင်းငါးကောင်နဲ့ ဆွဲဖြဲသတ်ဖို့ သေဒဏ်ပေးခံရတော့မှာ"

"အင်း..."

ကမ်းချန်ချန်မှာ စိတ်သက်သာရာ ရသွားသည်။

[သူ ငါ့ကို အပုတ်မချခဲ့တာ ကောင်းတာပေါ့၊ တကယ်တော့ ငါလေး သူနဲ့ လုံးဝပတ်သက်မှုမရှိသလို အရှင့်အပေါ်ကိုလည်း ဘာမှ မှားယွင်းအောင် မလုပ်ခဲ့ပါဘူးနော်]

ကမ်းချန်ချန် တွေးပြီး‌နောက် ထပ်ပြီး အပြစ်ရှိသလို ခံစားလာရသဖြင့် သူ့လည်ပင်းကို ဖက်ကာ နမ်းလိုက်သည်။ သူတို့ နှစ်ယောက်မှာ အချိန်အတန်ကြာ နမ်းရှိုက်ပြီးမှသာ အဆုံးတွင် ခွာလိုက်ကြသည်။

နေမင်းအလင်းရောင်က လှပသော သူမ မျက်နှာပေါ်သို့ အလင်းဖြာကျနေသည်။

"ကိုယ် တောင်ပေါ်ကတောင် မဆင်းသေးဘူး၊ မင်းက အဲဒီလောက်တောင် အလောတကြီး ဖြစ်နေပြီလား၊ အရှက်မရှိလိုက်တာ"

ယင်ကျန်းက အမောတကော ဖြစ်နေသော သူမကို ငုံ့ကြည့်ကာ မရယ်ဘဲ မနေနိုင်တော့ချေ။

"ဒီနေ့ ဘာလို့ အဲ့လောက်တောင် တက်ကြွနေရတာလဲ"

"ကျွန်မ အရှင့်ကို လွမ်းလို့ပါ"

ကမ်းချန်ချန်က သူမ မျက်နှာကို သူ့ရင်ခွင်ထဲတွင် ဖွက်ထားလိုက်ရာ ရင်းနှီးသော မြက်ခင်းနှင့် သစ်ပင်ရနံ့များက သူမ နှာခေါင်းဝတွင် ဝဲပျံနေသည်။ သူမ အလွန် စိတ်သက်သာရာ ရသွားပြီး သူ့အနားသို့ ပိုတိုးကပ်မိသွားသည်။ ယင်ကျန်းက ဆက်ပြောသည်။

"ဒါဆို ဒီနေ့ မင်းက ဘာလို့ ဒီလောက်တိတ်ဆိတ်နေတာလဲ"

[တိတ်ဆိတ်နေတယ် ဟုတ်လား၊ သူ ဘာကို ဆိုလိုတာလဲ]

ကမ်းချန်ချန်က ထစ်ငေါ့စွာဖြင့်

"ကျွန်မ... ကျွန်မက..."

ယင်ကျန်းသည် သွယ်လျသော သူမ ခါးလေးကို ကိုင်ကာ အဝတ်အစားများကို ချွတ်ရင်း "ဒီညတော့ အမှတ်အသားတွေ အများကြီး ကျန်ခဲ့လို့မဖြစ်ဘူး၊ မဟုတ်ရင် မနက်ဖြန် ဘွဲ့နှင်းသဘင် အခမ်းအနားမှာ မင်း အရှက်ကွဲလိမ့်မယ်"

[ဟွန်း... ရှင်ပဲ လုပ်ပြီးတော့...]

ကမ်းချန်ချန်က သူ့အင်္ကျီကြယ်သီးများကို အမြန်ဖြုတ်ရန် ကြိုးစားရင်း သူမကိုယ်သူမ ချက်ချင်း တန့်မိသွားသည်။

[ကျစ်... ငါ နည်းနည်းလေး ပိုတွေးမိရင်...]

ကိုယ့်စိတ်ကို ထိန်းချုပ်ရတာ အလွန်ခက်ခဲလွန်းလှသည်။ ကမ်းချန်ချန်မှာ အလွန်အမင်း စိုးရိမ်ပူပန်နေခဲ့သည်။ သူမ ပိုစိုးရိမ်လေ၊ အမှားလုပ်မိဖို့ ပိုလွယ်လေ ဖြစ်သွားမည်ကို မည်သူက သိမည်နည်း။

သူမ ဆံပင်က သူ့မေးစေ့ကို သွားတိုက်မိပြီး ဆံပင်တုမှာ ပြုတ်ကျသွားတော့သည်။ ကမ်းချန်ချန်က ဆံပင်တုကို ကပျာကယာ ကောက်ယူရန်ပြင်သည်။

[သောက်ကျိုးတွေနည်းကုန်ပြီ]

ယင်ကျန်းက သူမ ဆံပင်တုကို ကောက်ယူလိုက်ပြီး သပ်ရပ်နေသော ဆံပင်တိုလေးကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးသည်။

"မနက်ဖြန် အခမ်းအနားမှာရော ဒါ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ"

All Chapters