← Chapters

အခန်း ၁၂၃

Vol. 13 Ch. 123

အခန်း ၁၂၃

Vol. 13 Ch. 123

🌻 Chapter 123

ကမ်းချန်ချန်က သူမခေါင်းကို ခပ်တင်းတင်း အုပ်ကိုင်ကာ "ဘယ်လိုမှ မဖြစ်နိုင်ဘူး"

[နောက်တစ်ခါ ထပ်ပြုတ်ကျရင် ငါ့ခေါင်းကို ၅၂၀ ကော်နဲ့ ပြန်ကပ်ထားလိုက်မယ်]

ယင်ကျန်း ရယ်မောကာ "မနက်ဖြန် မင်း တစ်ခုခု ဖြစ်ရင် ကိုယ့်ကို ချက်ချင်း ပြောပြ၊ ပြီးရင် ကိုယ်ပေးတဲ့ အချက်ပြမှုအတိုင်း လုပ်"

ကမ်းချန်ချန် "ကျွန်မက အရှင့်ကို ဘယ်လိုလုပ် ပြောရမှာလဲ၊ ကျွန်မတို့က အဲဒီလောက်လည်း နီးနီးနေရမှာမှ မဟုတ်တာ"

[တကယ်လို့များ...]

ယင်ကျန်းက သူမ ရင်ဘတ်ကို လက်ချောင်းထိပ်ဖြင့် ခေါက်ပြီး "ဒါကို သုံးလေ၊ မင်း သိနေပြီးသား မဟုတ်ဘူးလား"

"ဘယ်လို၊ အရှင်က တကယ်... တကယ်ကြီး..."

ကမ်းချန်ချန် မယုံကြည်နိုင်စွာဖြင့် သူ့ကို လက်ညှိုးထိုးကာ ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ယင်ကျန်းက သူမလက်ကို ဆုပ်ကိုင်ကာ ပွတ်သပ်ပေးရင်း ပြောသည်။

"မင်းရဲ့ အတွေးတွေကို ခိုးနားထောင်တာက လူကြီးလူ ကောင်းတစ်ယောက်ရဲ့ လုပ်ရပ် မဟုတ်တော့ ကိုယ် မင်းကို အစောကြီးကတည်းက ပြောပြခဲ့သင့်တာ"

သူ ထိုမျှလောက် ပွင့်လင်းနေမှတော့ သူမကလည်း ပွင့်လင်းဖို့ ဆုံးဖြတ်လိုက်သည်။

ကမ်းချန်ချန် "ဒါက သဘာဝကျပါတယ်၊ ကျွန်မသာ ကြားနိုင်ခဲ့ရင်လည်း အရှင့်ကို ပြောပြမှာ မဟုတ်ဘူး"

ယင်ကျန်း ရယ်မောကာ "ပထမဆုံး ကြားရတုန်းကတော့ သရဲခြောက်တာထင်ပြီး ဆရာတစ်ယောက်ရှာပြီး ကြည့်ခိုင်းမလို့ပဲ၊ မင်းကလေ... ပါးစပ်ကတော့ လိမ်မာတဲ့ စကားတွေပြောနေပြီး စိတ်ထဲမှာတော့ တခြားတစ်မျိုးကို တွေးနေတာ၊ ကိုယ့်ကို မကြာခဏ ကျိန်ဆဲနေတော့ ကိုယ်တကယ် ဒေါသထွက်ရတာပေါ့"

ကမ်းချန်ချန် မျက်လုံးများတွင် မျက်ရည်များ ပြည့်လျှံလာပြီး "ကျွန်မလည်း ဒီလို မဖြစ်ချင်ပါဘူး၊ ကျွန်မ တွေးနေတာတွေ အကုန်လုံး ပေါ်လွင်နေတာလေ၊ အဓိကက ကျွန်မ စိတ်ထားက အမြဲတမ်းဖြူစင်တောက်ပနေတာ မဟုတ်ဘူး၊ တချို့အချိန်တွေဆို အရမ်းမည်းမှောင်နေတာ၊ အဲဒါကို အရှင် သိသွားတာပဲ"

ယင်ကျန်း သူမ ပါးစပ်သေးသေးလေးကို ဆွဲကိုင်ကာ နမ်းလေသည်။

"ရပါတယ်၊ ငါ မင်းကို မမုန်းပါဘူး၊ တကယ်တော့ မင်းရဲ့ အမြင်တော်တော်များများက ငါ့ရဲ့ အသိအမြင်တွေကိုတောင် ကျယ်ပြန့်သွားစေခဲ့တာပါ"

[အရှင်က တော်တော်လေးကို အငြိုးထားခဲ့တာ မဟုတ်ဘူးလား၊ ပေါ်တင်ရော တိတ်တိတ်ပုန်းရောလေ၊ ဟွန်း]

ယင်ကျန်း သူမ တင်ပါးကို ရိုက်လာသည်။

"ငါ့ကို နောက်ဆို ကောင်စုတ်လို့ မခေါ်ရဘူး၊ ပြီးတော့ ခမည်းတော် ဧကရာဇ်ကိုလည်း ကျောက်ပေါက်မာမာကြီးလို့လည်း မပြောရဘူး၊ မင်း တကယ်အတင့်ရဲတာပဲ]

ဤတစ်ခါတော့ သူ့အသံက အလွန်ကျယ်လောင်သွားသည်။ ကမ်းချန်ချန်က နှုတ်ခမ်းကိုစူကာ ရှက်ရွံ့မှုနှင့် ဒေါသတို့ကြောင့် မျက်နှာတစ်ခုလုံး နီရဲသွားသည်။

"ခုနကတင် ကျွန်မကို အငြိုးမထားဘူးလို့ ပြောပြီးတော့ ကျွန်မရဲ့ အဲဒီနေရာကို ရိုက်နေတာကြီးကို"

ယင်ကျန်းက မေးသည်။

"နာသွားလား"

ကမ်းချန်ချန်က ပြန်ဖြေသည်။

"မနာရင် အဲဒါကို ရိုက်တယ်လို့ ခေါ်ပါ့မလား၊ အဲဒါကို ပုတ်တယ်လို့ ခေါ်မှာပေါ့"

ယင်ကျန်းလည်း သူ့မာနများကို လျှော့ချကာ

"ဟုတ်ပါတယ်၊ ကိုယ့်အမှားပါ၊ နောက်တစ်ခါ မလုပ်တော့ပါဘူးကွာ"

ကမ်းချန်ချန် သူ့လက်ကို ကပျာကယာ ဖမ်းဆွဲလာပြီး ပုစွန်တစ်ကောင်အလား နီရဲ‌နေသော မျက်နှာဖြင့် "မနက်ဖြန် အရှင်မင်းကြီးနဲ့ ပထမဆုံးအကြိမ် တွေ့ရမှာဆိုတော့ ကျွန်မ ဘာပြောရမှန်းမသိဘူး"

ယင်ကျန်း လေးနက်စွာပြောလာသည်။

"မင်း ဘာမှမပြောတာ အကောင်းဆုံးပဲ၊ ပြီးတော့ စပ်စုချင်စိတ်နဲ့ မော့မကြည့်နဲ့၊ ဧကရာဇ်ရဲ့အာဏာစက်ကို စော်ကားမိရင် မျိုးနွယ်ကိုးဆက်လုံး သေဒဏ်ပေးခံရနိုင်တယ်၊ တကယ်လို့ သူက မင်းကို အထူးတလည် မေးခွန်းတွေ မေးလာရင်၊ အိမ်တွင်းရေးရာ အရေးကြီးကိစ္စတွေအတွက် ဖူကျင်းကို တိုင်ပင်ရမယ်၊ အပြင်ဘက် အရေးကြီးကိစ္စတွေအတွက် စတုတ္ထမင်းသားကို တိုင်ပင်ရမယ်... နားလည်လား"

ကမ်းချန်ချန်က တွန့်ဆုတ်စွာဖြင့် ပြောသည်

"တကယ်လို့များ ကျွန်မ... "

"မင်း အတိုးကြီးစား ငွေချေးခဲ့တာကို သိသွားရင် ဘာလုပ်ရမလဲလို့ မေးချင်တာလား"

ယင်ကျန်းက ဆက်ပြောသည်။

"သူ မသိပါဘူး၊ ပြီးခဲ့တဲ့တစ်ခေါက်က ညီတော် ဆယ့်သုံးနဲ့ ကိုယ်က နဝမညီတော်၊ ဒသမညီတော်တို့နဲ့ ဒီကိစ္စအတွက် ရန်ဖြစ်ခဲ့ကြတာ၊ သူတို့က ကိုယ်တို့ကို တမင်သက်သက် အကွက်ဆင်နေတာလို့ ပြောပြီးတော့လေ၊ ဒီကိစ္စသာ အပြင်ရောက်သွားရင် ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုတာ သူတို့ သိတယ်လေ၊ အဲဒါကြောင့် ခမည်းတော် မေးတဲ့အခါ ဘယ်သူကမှ ထုတ်မပြောခဲ့ဘူး"

ကမ်းချန်ချန် နှုတ်ခမ်းစူကာ "ရှင်တို့ မပြောရုံနဲ့ပဲ မင်းကြီး မသိဘူးလို့ ထင်နေတာလား၊ ပွင့်ပွင့်လင်းလင်းပြောရရင် ရှင်တို့ တစ်နေ့ကို မစင်ဘယ်လောက်စွန့်တယ် ဆိုတာတောင် သူ သိလောက်တယ်"

ယင်ကျန်း မျက်မှောင်ကြုတ်သွားပြီး "အဲဒီလို ရိုင်းရိုင်းစိုင်းစိုင်း မပြောစမ်းနဲ့"

ကမ်းချန်ချန် နှုတ်ခမ်းစူလျက် သူ့အတွက် လက်ဖက်ရည်တစ်ခွက် ထငဲ့ပေးသည်။

"ကျွန်မက တစ်ခါတလေမှ ပြောမိတာပါ၊ အမြဲတမ်း စိတ်ထဲမှာပဲ သိမ်းထားခိုင်းလို့ မရဘူးလေ"

ယင်ကျန်းက လက်ဖက်ရည် တစ်ငုံသောက်လိုက်ပြီး "ဒသမညီတော်က သူ့ရဲ့ လှပတဲ့ ညီမဝမ်းကွဲလေးကို ကိုယ်ရော၊ နဝမညီတော်ရော မျက်စိကျနေကြတာလို့ ပြောတယ်၊ အဲဒါကြောင့်..."

အမျိုးသမီးတစ်ယောက်အတွက် ရန်ဖြစ်ခဲ့ကြတာပေါ့...

"ခမည်းတော်က ငါတို့ကို အသုံးမကျဘူးလို့ ဆဲဆိုခဲ့ပေမယ့် အရမ်းကြီး ဒေါသမထွက်ဘူး၊ ကိုယ်တို့ အိမ်တော်တွေမှာ အမျိုးသမီး မလုံလောက်ဘူးလို့လည်း သူ ခံစားရတယ်လေ၊ အဲဒါကြောင့် ဒသမမင်းသားရဲ့ မိခင်ဘက် ဆွေမျိုးတွေထဲကနေ ကိုယ်နဲ့ နဝမမင်းသားအတွက် တစ်ယောက်စီ ရွေးပေးခဲ့ပြီး အဋ္ဌမမင်းသားနဲ့ မင်းသားဆယ့်သုံးပါးအတွက် မျိုးနွယ်စုတွေထဲကနေ နောက်ထပ် နှစ်ယောက် ရွေးပေးခဲ့တာ"

ကမ်းချန်ချန်က မေးသည်။

"ဒသမမင်းသားရဲ့ညီမဝမ်းကွဲ ဟုတ်လား၊ သူက ကျွန်မတို့ အိမ်တော်က နွီဟူလုများလား"

ယင်ကျန်း ခေါင်းခါလာသည်။

"သူ့ညီမဝမ်းကွဲက နဝမမင်းသားကို မျက်စိကျနေတာ၊ ဒါပေမဲ့ နဝမမင်းသားက သူ့ရုပ်ရည်ကို မကြိုက်ဘူးလေ၊ ဒသမမင်းသားက သူတို့နှစ်ယောက်ကို အောင်သွယ်ပေးဖို့ ကြိုးစားပေမယ့် သူက လက်မခံခဲ့ဘူး၊ ဒီတစ်ခါတော့ ခမည်းတော်က ဆုံးဖြတ်လိုက်တာဆိုတော့ သူလည်း လက်မထပ်ဘဲနေလို့ မရတော့ဘူးပေါ့"

ကမ်းချန်ချန် သူ့ပခုံးများကို နှိပ်နယ်ပေးလာသည်။

"အရှင် ရန်ဖြစ်တာ နိုင်ခဲ့လား"

ယင်ကျန်း အေးစက်စွာ နှာမှုတ်လေသည်။

"ဟို မင်းသားဆယ့်လေးသာ သူ့ကို ဝင်မကူခဲ့ရင် မင်းသားဆယ့်တစ်ဆီက လက်သီးတစ်ချက် အထိုးခံခဲ့ရမှာ မဟုတ်ဘူး... ကိုယ့်ရဲ့ ချစ်ညီတော်လေးလေ ဟက်"

ကမ်းချန်ချန်က သူမမျက်နှာကို သူ့အနားသို့ တိုးကပ်လာသည်။

"ရှင်က အစ်ကိုကြီးလေ၊ အဲဒီလို အငြိုးမထားပါနဲ့၊ သူက ငယ်ပါသေးတယ်၊ သူ့ကို ညင်ညင်သာသာ ပြောလို့ရတယ်၊ ဂရုစိုက်ပေးရမယ်၊ ပစ္စည်းလေးတွေ ပေးသင့်တယ်၊ အဲဒါဆို သူ အရှင့်ကျေးဇူးကို ပြန်ဆပ်ကောင်း ဆပ်လာနိုင်တယ်"

ယင်ကျန်း မကျေမနပ်ဖြင့် ပြောသည်။

"အခုမှ ဘာလို့ ဒီလိုပြောနေတာလဲ၊ မင်းက ဘယ်သူ့ဘက်ကလဲ၊ ကိုယ်က မင်းအတွက် ရန်ဖြစ်ခဲ့တာ မဟုတ်ဘူးလား"

ကမ်းချန်ချန် ပြုံးကာ "ဟုတ်ပါတယ်၊ အရှင် ကျွန်မအတွက် လုပ်ပေးခဲ့တာပါ၊ ကျွန်မ အရမ်း ဝမ်းသာမိပါတယ်၊ အဲဒါကြောင့် ကျွန်မက အရှင့်အတွက်လည်း တွေးပေးနေတာလေ၊ မိသားစု ကိစ္စကို ခဏ ဘေးဖယ်ထားလိုက်ရအောင်၊ အရှင့်ရဲ့

ညီတော်က အနာဂတ်မှာ စစ်သူကြီးကောင်း တစ်ယောက် ဖြစ်လာမှာ၊ အရှင်သာ သူ့ကို သိမ်းသွင်းနိုင်ရင်..."

သူမ စကားမဆုံးခင်မှာပင် ယင်ကျန်းက သူမ ပါးစပ်ကို ပိတ်လိုက်ပြီး အလေးအနက်ထားကာ ပြောသည်။

"မင်း ရူးနေလား၊ တကယ်ပဲ အဲဒီလိုပြောရဲတယ်ပေါ့"

ကမ်းချန်ချန် မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်သည်။

[ကျွန်မ ပျော်သွားလို့ပါ၊ အရှင် သိထားပြီးသား မဟုတ်ဘူးလား၊ ကျွန်မရဲ့အတိတ်နဲ့၊ အရှင့်ရဲ့ အနာဂတ်ကိုလေ]

ယင်ကျန်း တင်းမာသော မျက်နှာထားဖြင့် ပြောသည်။

"ဒါဆိုလည်း နောက်ဆို အသံထွက်ပြီး မပြောရတော့ဘူး၊ မင်းစိတ်ထဲမှာပဲ မှတ်ထားပြီး ငါ့ကို ပြောပြခွင့်ရှိတယ်"

[ဟုတ်ကဲ့ပါ အရှင်မင်းကြီး၊ အရှင်ကတော့ နန်းသက်အမည်သစ်ကိုကြားပြီး အရမ်းကို ဝမ်းသာလုံးဆို့နေပြီပေါ့လေ]

ယင်ကျန်း သူမ နဖူးကို ထပ်ခေါက်လာသည်။

"အရာအားလုံးက မသေချာသေးဘူး၊ မင်း ဖြစ်ကတတ်ဆန်း မလုပ်ရဘူးနော်"

ကမ်းချန်ချန် ခေါင်းညိတ်ပြသည်။

[နောက်တစ်ခါ မလုပ်ရဲတော့ပါဘူး]

နောက်နေ့ နံနက်လေးနာရီတွင် ကမ်းချန်ချန်က ပြင်ဆင်ရန် အိပ်ရာမှ ထလာခဲ့ပြီး အစေခံများအားလုံးလည်း အလွန်စိတ်လှုပ်ရှားနေကြသည်။ ကမ်းချန်ချန်က မေးသည်။

"ဆံပင် အဆင်ပြေရဲ့လား၊ ဝတ်စုံကိုရော မှန်မှန်ကန်ကန် ဝတ်ထားရဲ့လား"

ယွင်ကျွမ်း "သန်းခေါင်ယံအချိန်မှာတောင် ကျွန်မ ဝတ်ထားတဲ့ အလှဆင်ပစ္စည်းလေးတွေကို အကြိမ်ကြိမ် ပြန်စစ်ထားသေးတယ်၊ စိတ်မပူပါနဲ့ စဲဖူ၊ ဘာအမှားမှ မရှိစေရပါဘူး"

မြင်းလှည်းက နန်းတော်တံခါးဝတွင် ရပ်တန့်သွားသည်။ ကမ်းချန်ချန်က ကုလားကာကို မတင်ကာ အောက်သို့ ဆင်းလာသည်။ သူမ မော့ကြည့်လိုက်ရာ ခမ်းနားထည်ဝါပြီး ကြီးကျယ်ခမ်းနားသော နန်းတော်ကြီးကို မြင်လိုက်ရသည်။

ဤအချိန်တွင် ပဒေသရာဇ်မင်းဆက်မှာ နေဝင်ချိန်သို့ မရောက်သေးပေ။ ၎င်းသည် အတောက်ပဆုံးသော ခေတ် ကာလတွင်ပင် ရှိနေသည်ဟုဆိုနိုင်သဖြင့် အရာအားလုံးက တောက်ပလင်းလက်နေသည်။

ကိုယ်လုပ်တော် အများအပြား တန်းစီရပ်နေကြပြီး မိန်းမစိုးများက ဂိတ်တံခါးတစ်ခုကို ဖြတ်ကာ ပင်မခန်းမကြီးဆီသို့ ရှည်လျားသော လမ်းကြောင်းအတိုင်း ဦးဆောင်ခေါ်သွားကြသည်။

အတွင်းတွင် ဧကရာဇ်ကန်ရှီးက ညီလာခံ ကျင်းပနေသည်။ မကြာမီတွင် ဝန်ကြီးများ လူစုကွဲသွားပြီး မင်းသားများက ဘယ်ဘက်သို့ ရွှေ့သွားကြသည်။

အမျိုးသမီးအုပ်စု ဝင်လာပြီး သူတို့လည်း တန်းစီသည်။ ကမ်းချန်ချန် ကြည့်လိုက်ရာ တစ်ချိန်တည်းမှာပင် ကိုယ်လုပ် တော်အဖြစ် ခန့်အပ်ခံရသူ သုံးဦးအပြင် ပွဲတော်များအတွက် အဓိက ကိုယ်လုပ်တော်ကြီးများ ဝတ်ဆင်သည့် ပုံစံအတိုင်း ဝတ်ဆင်ထားသော အခြားအမျိုးသမီး အများအပြားကိုလည်း တွေ့လိုက်ရသည်။

သူတို့က ရောက်လာမည့် မင်းသားများ၏စဲဖူများ ဖြစ်ပုံရသည်။ သူမသည် စတုတ္ထမင်းသား ကိုယ်လုပ်တော်ဖြစ်သောကြောင့် ဘယ်ဘက်အစွန်ဆုံး ပထမတန်းတွင် ရှိနေသည်။

သူမက မင်းသားတစ်ပါး ကိုယ်လုပ်တော်ဖြစ်သော်လည်း မင်းသားတစ်ပါး၏ စဲဖူများထက်တော့ ရှေ့ရောက်နေဆဲဖြစ်သည်။

All Chapters