← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

🌻 Chapter 130

နှစ်ရက်ကြာပြီးနောက် အမဲလိုက်ခွေးတစ်ကောင်က ရှေ့မှ ပြေးလာပြီး သူ့နောက်တွင် မြင်းစီးသူရဲအုပ်စုတစ်စုက တောင်တက်လမ်းကို ကျော်ဖြတ်ကာ လယ်သမားအိမ်လေးဆီသို့ ဦးတည်လာကြသည်။

အမှန်တွင် ကမ်းချန်ချန်ရနံ့က အခန်းထဲတွင် ချန်ထားခဲ့သော လက်ကိုင်ပဝါပေါ်ရှိရနံ့နှင့် ကိုက်ညီနေပြီး ယင်ကျန်း အမဲလိုက်ခွေးတွင် အလွန်အနံ့ခံကောင်းသော နှာခေါင်းတစ်ခု ရှိနေခြင်းကြောင့်ဖြစ်သည်။

အစောင့် ငါးဆယ်ကျော်ခန့်က လယ်သမားအိမ်ကို ဝိုင်းရံထားလိုက်ကြသည်။ ယင်ကျန်းက အရှေ့ဆုံးမှ မြင်းစီးလာပြီး သူ့ဘေးရှိ စုဖေးရှန်က အော်ဟစ်ပြောသည်။

"အထဲကလူတွေ... အမြန်ထွက်လာခဲ့ကြစမ်း"

ကမ်းချန်ချန်နှင့် ကျန်နှစ်ယောက် ထွက်လာကြသည်။ သူမက အလယ်တွင် ရပ်ကာ ယင်ကျန်းကိုကြည့်လျက် စိတ်ထဲမှ တွေးနေမိသည်။

[စတုတ္ထမင်းသား... ဝူးဝူး... အရှင် နောက်ဆုံးတော့ ရောက် လာပြီပဲ၊ ကျွန်မ အရှင့်ကို အရမ်းလွမ်းနေခဲ့တာ]

သူမ ခြေထောက်များက တုန်ယင်နေဆဲဖြစ်သည်။ အဘယ့်ကြောင့်ဆို သူမ ဆရာက ယနေ့ သဲအိတ်များ၏အလေးချိန်ကို တိုးမြှင့်လိုက်ပြီး သူမကို မနားတမ်း ပြေးခိုင်းခဲ့သော ကြောင့် ဖြစ်သည်။

သူမ အရမ်း ပင်ပန်းနေပြီ....

ယင်ကျန်း "သူ့ကို လွှတ်ပေးလိုက်၊ ဒါဆို မင်းတို့ ဒီနေ့ ဘေးကင်းကင်းနဲ့ ထွက်သွားလို့ရမယ်"

တိုက်ကျစ်နျန် "အစ်ကိုကြီး... သူက ဒါကို ကျေးဇူးတင်ခံချင်တဲ့ လေသံမျိုးနဲ့ ပြောနေတယ်"

ရှန်ထျန်းအောက် "မန်ချူးခွေးတွေက အဲဒီလိုပဲလေ၊ မာနကြီးပြီး လူတွေကို အထင်သေးတတ်တယ်၊ ဒါပေမဲ့ ဒီနိုင်ငံက သူတို့ လုယူထားတာ၊ သူတို့ရဲ့ အရှက်မဲ့မှုတွေကို ဘယ်ကနေ ရလာလဲဆိုတာ ငါ မသိတော့ဘူး"

ယင်ကျန်း အကြည့်က ပတ်ဝန်းကျင်ကို ထပ်မံဝေ့ကြည့်လိုက်သော်လည်း မည်သည့်အမှားအယွင်းမှ မတွေ့ရသဖြင့် ကမ်းချန်ချန်ကို လှမ်းကြည့်သည်။

ကမ်းချန်ချန် [ကျွန်မ အသံပိတ်ခံထားရပြီး ခန္ဓာကိုယ် အပေါ်ပိုင်းကိုလည်း လှုပ်လို့ မရဘူး၊ ဒါပေမဲ့ အရှင့်ကို ကျွန်မ ပြောပြနိုင်တာက သူတို့ နှစ်ယောက်တည်းရှိတာ၊ ဒါပေမဲ့ တစ်ယောက်က တော်တော်ကျွမ်းကျင်တဲ့ သမား တော်ဆိုတော့ အဆိပ်တွေနဲ့ ပတ်သက်ပြီးလည်း တော်တော် ကျွမ်းကျင်မှာ သေချာတယ်၊ သူက ကျွန်မ ကိုယ်ပေါ်မှာ သစ်တော်ပန်းပွင့် အပ်မိုးရွာလက်နက်ကို တပ်ဆင်ထားတယ်]

[အဲဒါက တော်တော်လေးပါးနပ်တဲ့ စက်ယန္တရား လက်နက်တစ်ခုပဲ၊ အရှင့်လို သိုင်းပညာ အဆင့်အတန်းလောက်နဲ့ကတော့ အဲဒါကို ရှောင်နိုင်မှာ မဟုတ်ဘူး၊ ဟူး... သတိထားပါနော်]

သူမ တွေးပြီးသွားသော်လည်း ယင်ကျန်း မျက်နှာပေါ်တွင် မည်သည့် လှုပ်ရှားမှု အမူအရာကိုမျှ မတွေ့ရဘဲ သူမကိုသာ စူးရှစွာ ပြန်ကြည့်လေသည်။

ကမ်းချန်ချန်မှာ မကျေမနပ်ဖြင့် ထပ်တွေးသည်။

[အရှင်က ကျွန်မ ပြဿနာရှာတယ်ဆိုပြီး အပြစ်တင်နေတာလား၊ ဒါပေမဲ့ အဲဒီဘုရားကျောင်းကြီးက အကျယ်ကြီးလေ၊ အရင်တုန်းက ဒီလိုကိစ္စမျိုးဖြစ်ဖူးတယ်လို့ ကျွန်မ တစ်ခါမှ မကြားဖူးပါဘူး]

တိုက်ကျစ်နျန် "ဒါမှမဟုတ်ရင်လည်း သဘောတူညီချက်တစ်ခု လုပ်ကြရအောင်၊ မင်းရဲ့ မိန်းမနဲ့ လဲလှယ်ဖို့ ဟွမ်ရိကျူးကို ခေါ်လာခဲ့၊ မဟုတ်ရင် မင်းကိုယ်တိုင် လာပြီး သူ့ကို ထွက်သွားခွင့်ပေးဖို့ ဓားစာခံ လာလုပ်လေ"

ယင်ကျန်းမျက်နှာမှာ အမူအရာ ကင်းမဲ့နေဆဲဖြစ်သည်။

"ဒီသဘောတူညီချက်က မမျှတဘူး"

တိုက်ကျစ်နျန် ဓားမြှောင်တစ်ချောင်းကို ထုတ်ယူကာ ကမ်းချန်ချန်လည်ပင်းကို ခြစ်လေသည်။

"နှမြောစရာပဲ၊ သူက အရမ်းငယ်သေးတာကို"

သူမ၏ဖြူဖွေးသော လည်ပင်းပေါ်တွင် သွေးစီးကြောင်းတစ်ခု ချက်ချင်းပေါ်လာပြီး တောက်ပသော သွေးနီရဲရဲများ စီးကျလာခဲ့သည်။

သူ့ကို ဆရာတစ်ယောက်လို့ အသိအမှတ်ပြုထားတာတောင်မှ ဘာကိုမှ အာမခံမပေးနိုင်ပါလား၊ ကမ်းချန်ချန်က သူမ မျက် လုံးများကို မှိတ်ထားမိသည်။

"နေဦး"

ယင်ကျန်း မြင်းပေါ်မှ ဆင်းကာ သူ့ဓားကို လွှင့်ပစ်လိုက်ပြီး သူတို့သုံးယောက်ဆီသို့ လျှောက်လာခဲ့သည်။ ကမ်းချန်ချန်မျက်လုံးများကို ဖွင့်လိုက်ပြီး သူ့ကို သံသယဖြင့် ကြည့်မိသည်။

[သူက ဒီလိုအရာမျိုးကို လုပ်မယ့်လူနဲ့ မတူပါဘူး]

စုဖေးရှန် အနောက်မှနေ၍ စိုးရိမ်တကြီးဖြင့် အော်သည်။

"အရှင်မင်းသား"

တိုက်ကျစ်နျန်တို့က ယင်ကျန်းကိုသာစောင့်ကြည့်နေခဲ့သည်။ ယင်ကျန်း လက်က ကမ်းချန်ချန်ကို ဆွဲကိုင်တော့မည့် အချိန်တွင် သူ့နောက်ရှိ လူများ အားလုံးမြေပြင်ပေါ်သို့ လဲကျသွားကြသည်။

ယင်ကျန်း နောက်သို့ လှည့်ကြည့်တော့မည့်ပုံ ပေါ်သော်လည်း ထိုအခိုက်အတန့်တွင် တိုက်ကျစ်နျန် ဓားမြှောင်က ကမ်းချန်ချန်၏လည်ပင်းပတ်လည်ရှိ ကြိုးတစ်ချောင်းကို ဖြတ်တောက်လိုက်ရာ ကမ်းချန်ချန် ရင်ဘတ်ထဲမှ ငွေအပ်ရာပေါင်းများစွာက ယင်ကျန်းဆီသို့ ပျံသန်းသွားတော့သည်။ သို့သော် ယင်ကျန်းက ဘေးသို့ ရှောင်လိုက်ပြီး ရှန်ထျန်းအောက်ဝမ်းဗိုက်ကို လက်သီးဖြင့် ထိုးချလိုက်သည်။

"အာ့"

ရှန်ထျန်းအောက် မကြာသေးမီကမှ ကျက်ထားသော ဒဏ်ရာက ပြန်ပွင့်သွားရုံသာမက ယင်ကျန်းက သူ့ လည်ပင်းကိုပါ ဆွဲကိုင်ထားသည်။

ယင်ကျန်း "အခု နောက်ထပ် သဘောတူညီချက်တစ်ခု လုပ်ကြရင် ဘယ်လိုလဲ"

တိုက်ကျစ်နျန် ရှန်ထျန်းအောက်ကိုကြည့်လိုက်ပြီး အဆုံးတွင် သက်ပြင်းချကာ ပြောသည်။

"ကောင်းပြီ၊ ငါတို့ကို လွှတ်ပေး၊ ပြီးရင် သူ့ကို မင်းဆီ ပြန်ပေးမယ်"

ယင်ကျန်း "ငါ့ရဲ့ အစောင့်တွေကရော"

တိုက်ကျစ်နျန် "အဲဒါက အိပ်ဆေးမှုန့် သက်သက်ပဲ၊ ဒါပေမဲ့ ငါ သိချင်တာက မင်းက ဘယ်လိုလုပ် သတိရှိနေသေးတာလဲ"

ယင်ကျန်းက သူ့လက်ကို ဆန့်ထုတ်ပြသည်။ အမှန်တွင် သူ ဓားကို လွှင့်ပစ်လိုက်စဉ်က လက်ကိုသူကိုယ်တိုင် ဓားဖြင့် လှီးဖြတ်လိုက်သဖြင့် ဒဏ်ရာတစ်ခုရသွားခဲ့ခြင်း ဖြစ်သည်။ နာကျင်မှုက လူတစ်ယောက်ကို သတိပြန်လည်လာစေနိုင်သည်။

အပြန်လမ်းတွင် ကမ်းချန်ချန်နှင့် ယင်ကျန်းတို့က မြင်းတစ်ကောင်တည်းကို အတူစီးလာကြသည်။ သူမ ကျောဘက်တွင် ယင်ကျန်း၏ပူနွေးသော ရင်ခွင်ရှိနေသဖြင့် ကမ်းချန်ချန်မှာ အဆုံးတွင် အများကြီး ပိုလုံခြုံသွားသည်ဟု ခံစားလိုက်ရသည်။

[စတုတ္ထမင်းသား... ခုနက အရှင် အရမ်းမိုက်တာပဲ၊ ကျွန်မ အရှင့်ကို အရမ်းလေးစားသွားပြီ၊ ဒါပေမဲ့ ထူးဆန်းတယ်နော်၊ အရှင့်ရဲ့သိုင်းပညာက ဘာလို့ ဟိုမုတ်ဆိတ်မွေးနဲ့ လူထက် အများကြီး ပိုသာနေရတာလဲ၊ အရှင်က သူ့ကိုတစ်ကွက်တည်းနဲ့ အနိုင်ယူလိုက်တာ]

ယင်ကျန်း တည်ငြိမ်စွာဖြင့် ပြန်ဖြေသည်။

"ဘာလို့လဲဆိုတော့ သူက ပိုင်လျန်ဂိုဏ်းကလေ၊ ပိုင်လျန်ဂိုဏ်းရဲ့ သိုင်းကွက်တွေကို ဘယ်လို တန်ပြန်တိုက်ခိုက်ရမလဲဆိုတာကို ကိုယ် လေ့လာထားတယ်"

[ကျွန်မ နားလည်ပါပြီ၊ ဒါဆို အရှင်က ဟွမ်ရိကျူးကိုကိုင် တွယ်တဲ့အခါကျတော့ ဘာလို့ ပိုခက်ခဲနေပုံ ပေါ်တာလဲ]

ယင်ကျန်း "ဘာလို့လဲဆိုတော့ ဟွမ်ရိကျူးက ပိုင်လျန်ဂိုဏ်းက မဟုတ်လို့ပဲ၊ တကယ်တော့ သူက ကောင်းကင်နှင့်မြေကြီး အဖွဲ့က"

[ဘယ်လို၊ ဒါပေမဲ့ သူတို့သုံးယောက်ကသွေးသောက်ညီနောင် တွေ မဟုတ်ဘူးလား၊ ဪ ဟုတ်သားပဲ... ဂိုဏ်းမတူတာက ဘာအရေးကြီးလို့လဲ]

ယင်ကျန်း လက်က သူမ ခါးမှနေ၍ ခြေထောက်ဆီသို့ ရွေ့လျားသွားသည်။

"ခုနက မင်း ဘာလို့ တုန်နေတာလဲ၊ ပြီးတော့ မင်း မျက်နှာက ဘာလို့ အဲဒီလောက်တောင် နီရဲနေရတာလဲ"

ကမ်းချန်ချန် ပြန်ဖြေသည်။

[ကျွန်မ အရမ်း ပင်ပန်းနေလို့ပါ]

ယင်ကျန်း မျက်မှောင်ကြုတ်သွားပြီး

"မင်းက ဘယ်လိုလုပ် ပင်ပန်းနေရတာလဲ"

[...သူတို့က ကျွန်မကို အလုပ်တွေ အကုန်ခိုင်းလို့လေ]

ယင်ကျန်း ကျိန်ဆဲလိုက်သည်။

"ဒီလူယုတ်မာတွေတော့"

[ဒီတစ်ကြိမ်ဖြစ်ခဲ့တဲ့ ကိစ္စအတွက် အရှင် ကျွန်မကို အပြစ် တင်မှာလားဟင်]

"မင်း ဘယ်လိုထင်လဲ၊ ပြန်ရောက်ရင် မင်းနဲ့ ကိစ္စရှင်းမယ်"

စုဖေးရှန် သူတို့နှစ်ယောက်ကို နားမလည်နိုင်စွာဖြင့် ကြည့်နေမိသည်။ ကမ်းချန်ချန် မည်သည့်စကားမှ မပြောသော်လည်း ယင်ကျန်း တစ်ယောက်ယောက်နှင့် စကားစမြည်ပြောနေသကဲ့သို့ စကားတစ်သံများ ထွက်ပေါ်လာတတ်သည်။

မင်းသားစံအိမ်သို့ ပြန်ရောက်သောအခါ လူတိုင်းအတိုင်း အတာတစ်ခုအထိ စိုးရိမ်ပူပန်မှုကို ပြသကြသည်။ ဖူကျင်းက ယဉ်ကျေးစွာ ပြုံးလျက်ပြောလာသည်။

"ကံကောင်းလို့ ကမ်းစဲဖူ ဘာမှမဖြစ်တာပေါ့၊ မင်းသားက ဒီသုံးရက်အတွင်း အရမ်း စိုးရိမ်နေခဲ့မှာပဲ"

စုန့်ကော်ကော် "မင်းသားက သစ္စာရှိပြီး မေတ္တာတရားကြီးမားတဲ့ လူတစ်ယောက်ပါ၊ ပြီးတော့ ကမ်းစဲဖူကလည်း ကံကောင်းလို့တော်သေးတယ်"

လီစဲဖူ နှုတ်ခမ်းစူကာ "ဒီသုံးရက်အတွင်းမှာ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ဘယ်သူက သိမှာလဲ"

ကမ်းချန်ချန် ရယ်မောလာသည်။

"လီစဲဖူ... ရှင်က စတုတ္ထမင်းသားနဲ့ ကျွန်မရဲ့ရင်းနှီးတဲ့ အချိန်တွေအကြောင်း စုံစမ်းပြီး ရှင့်အတွက် လှည့်ကွက်တချို့ကို သင်ယူဖို့ ကြိုးစားနေတာလား"

"ဟွန့်"

လီစဲဖူ ဒေါသတကြီးဖြင့် "နင့်ဆီက သင်ယူဖို့ လိုသေးလို့လား၊ အရှင် နင့်ကို ရက်အနည်းငယ်လောက် မျက်နှာသာပေးတာနဲ့ပဲ နင့်ကိုယ်နင် ထူးခြားနေပြီလို့ မထင်နဲ့၊ ငါ မျက်နှာသာ ပေးခံရတုန်းက နင်က နို့စို့နေတုန်းပဲ ရှိသေးတယ်"

ချန်ကော်ကော် "ကမ်းစဲဖူ... လီစဲဖူက နင့်အတွက် စိုးရိမ်လို့ ပြောတာပါ၊ ဘာလို့ ဒီလိုလှောင်ပြောင်ပြီး သဟဇာတဖြစ်မှုကို ဖျက်ဆီးနေရတာလဲ"

ကမ်းချန်ချန်က ပြန်ပြောသည်။

"ရှင့် နားက တော်တော်လေးပါးတာပဲ၊ ကျွန် လှောင်နေမှန်းတောင် ရှင်က သိနေတယ်၊ ကံကောင်းလို့ ကျွန်မက လှောင်တာတစ်ခုပဲ တတ်တာ၊ ရှင်လိုမျိုး သွေးခွဲပြီးယုတ်မာတဲ့ နည်းလမ်းတွေ သုံးတတ်တဲ့သူနဲ့ မတူဘူးလေ"

ချန်ကော်ကော် မျက်နှာတွင် ဒေါသရိပ်များပေါ်လာသည်။

"နင် ဘာကို ပြောချင်တာလဲ"

ကမ်းချန်ချန် သူမ နားထင်ကို ဖိချက်ပြောသည်။

"စွန်းလွန်း မီးရှို့ခဲ့တဲ့ နောက်ကွယ်မှာ တခြားအကြောင်းပြချက်များ ရှိနေမလားလို့ ကျွန်မ တွေးမိတယ်၊ ချန်ကော်ကော်... နင် မကြာသေးခင်ကမှ လွတ်လပ်ခွင့် ပြန်ရထားတာလေ၊ အစေခံတွေကို စည်းကမ်းတကျ ထိန်းကျောင်းဖို့ ပိုပြီး အာရုံစိုက်သင့်တယ်"

ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ သူမ ခြေထောက်များမှာ ခေါက်ဆွဲဖတ်လို ပျော့ခွေနေခဲ့သည်။ ထိုညတွင် ယင်ကျန်းကရက်စက်ကြမ်းကြုတ်ကာ အထိန်းအကွပ်မဲ့သွားပြီး သူမကို မိုးလင်းသည်အထိ ညှဉ်းပန်းနှိပ်စက်လေတော့သည်။

ကမ်းချန်ချန်မှာ အစပိုင်းတွင် ဆွဲဆောင်မှုရှိရှိနှင့် နူးညံ့စွာ ပူးပေါင်းပါဝင်နိုင်သော်လည်း နောက်ပိုင်းတွင် မျက်ရည်များ စီးကျလျက် အက်ကွဲနေသော အသံဖြင့် သနားခံရုံသာ တတ်နိုင်တော့သည်။

ငြိမ်းချမ်းသော ရက်အနည်းငယ် အကြာတွင် နေ့လယ်ခင်းတစ်ခု၌ ကမ်းချန်ချန် နေ့လယ်စာ စားနေစဉ် ဆူညံသံများကို ကြားလိုက်ရသည်။

All Chapters