အခန်း ၁၃၄
Vol. 14 Ch. 134
🌻 Chapter 134
[ရပ်... ရပ်လိုက်တော့၊ ပါးစပ်ပိတ်ထားစမ်း]
သူလည်း ပါးစပ်ပိတ်သွားပြီး နက်မှောင်သော မျက်လုံးများဖြင့် သူမကို စူးစိုက်ကြည့်နေသည်။ ကမ်းချန်ချန် လှောင်ပြုံးပြုံးလာသည်။
"သူတို့က သူပုန်တွေဆိုပေမယ့် လူကြီးလူကောင်းတွေပါ၊ သူတို့ဆီမှာ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှ မရှိသလို ကျွန်မနဲ့လည်း ဘာရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုမှမရှိခဲ့ပါဘူး၊ ကျွန်မ သိုင်းပညာ သင်ချင်နေခဲ့တာ မဟုတ်ဘူးလား၊ ဟွမ်ရိကျူးရဲ့ ဒုတိယအစ်ကိုမှာ ပြောင်မြောက်တဲ့ ခြေပေါ့သိုင်းပညာရှိတယ်လေ၊ အဲဒါကြောင့် သူ့ကို လမ်းညွှန်ပြသပေးဖို့ တောင်းဆိုခဲ့တာ၊ သူကလည်း အခြေခံသိုင်းပညာတွေ လေ့ကျင့်ဖို့ နည်းလမ်းတချို့ကို သင်ပေးခဲ့တာပါ"
ယင်ကျန်းက သက်ပြင်းတစ်ချက်ချနိုင်သွားသည်။
"ဪ ငါ အဲဒါကို မေ့သွားတာ၊ ဒါပေမဲ့ ငါက မင်းကို သင်ပေးမယ်လို့ ပြောထားတယ် မဟုတ်ဘူးလား၊ ငါ ပြောတာတွေကို မင်း တစ်ခါမှ ဂရုမစိုက်ဘူးလား"
[ကျွန်မ ဘယ်လိုလုပ် ဂရုမစိုက်ပဲနေရဲမှာလဲ၊ အရှင် ပြောချင်တာကို ခန့်မှန်းဖို့ ဦးနှောက် ရှစ်ရာလောက် သုံးနေရတာကို]
"အရှင်က အရမ်းအလုပ်များနေတာကို ကျွန်မက ဘယ်လိုလုပ် အနှောင့်အယှက်ပေးရက်မှာလဲ၊ ပြီးတော့ အရှင်က ခြေဖော့သိုင်းပညာကို သိရင်တောင် တကယ်ရော ကျွမ်းကျင်လို့လား"
ယင်ကျန်းမှာ တစ်ခဏမျှ ရပ်တန့်သွားပြီးနောက် ခေါင်းခါပြလာသည်။ ကမ်းချန်ချန် ထပ်မေးပြန်သည်။
"အရှင် သိုင်းပညာရော တတ်ရဲ့လား"
ယင်ကျန်းက အံ့ကြိတ်လျက် "ကိုယ် တိုက်ခိုက်တာတော့ တတ်တယ်၊ အဲ့တာက လက်တွေ့ အသုံးကျတဲ့ နည်းစနစ်တွေပဲလေ၊ ဟန်ရေးပြပြီး အနှစ်သာရမရှိတဲ့ သိုင်းကွက်တွေကို ချင်းမင်းဆက်ရဲ့ မင်းသားတစ်ပါးဖြစ်တဲ့ ကိုယ့်လိုလူက သင်ယူဖို့ မတန်ဘူးလို့ သတ်မှတ်ထားတာ"
[အဲဒီအဓိပ္ပာယ်က သူ ဘာမှမတတ်ဘူး ဆိုတာပဲ]
[ဒါဆိုရင် ငါလေး ဆရာရွေးတာ မမှားခဲ့ဘူးပဲ]
ယင်ကျန်း အေးစက်စွာဖြင့် ပြောသည်။
"မင်းက သူ့ကို ဆရာအဖြစ်တောင် အသိအမှတ်ပြုလိုက်သေးတယ်ပေါ့၊ သူ့ရဲ့နောက်ခံကိုရော မင်း သိရဲ့လား"
ကမ်းချန်ချန်မှာ မတုန်ယင်ဘဲ မနေနိုင်တော့ချေ။
"ကျွန်မ... ကျွန်မက အသက်ရှင်ဖို့ ကြိုးစားရုံသက်သက်ပါ"
သူ အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောသည်။
"ထားလိုက်တော့၊ သူက ဒါကို နေရာအနှံ့ လိုက်ပြောနေရင် တောင် ဘယ်သူမှ ယုံမှာ မဟုတ်ပါဘူး၊ သူပုန်တစ်ယောက်ကို မင်းရဲ့ဆရာအဖြစ်တကယ် သွားအသိအမှတ်မပြုဖို့ပဲလိုတယ်၊ လောကကြီးက အရည်အချင်းရှိတဲ့ သူတွေနဲ့ပဲ ထိုက် တန်တာ၊ ဘာလို့များ ကျူးမျိုးရိုးနာမည်ရှိတဲ့ သူကမှ ဧကရာဇ် ဖြစ်ရမယ်ဆိုတဲ့ အကြောင်းပြချက်ရှိလို့လဲ၊ ခမည်းတော်ရဲ့ စွမ်းဆောင်ရည်တွေက အရည်အချင်းမရှိတဲ့ မင်မင်းဆက်က ဧကရာဇ်တွေထက် အများကြီးပိုကြီးမားတယ်"
ကမ်းချန်ချန်က "အရှင့်ရဲ့ ခမည်းတော်က အရမ်းအရည် အချင်းရှိပါတယ်၊ ပြီးတော့ အရှင်ကလည်း အရမ်းအရည် အချင်းရှိပါတယ်၊ ပြီးတော့ အရှင့်ရဲ့ သားတော်ကလည်း တော်တော်လေး နာမည်ကြီးတယ်လေ၊ ဒါပေမဲ့ သူက..."
ဤနေရာတွင် သူမက အခြားအတွေးများကို အသည်းအသန် ဖိနှိပ်ထားရသည်။
သူမ ထိုသို့ဖြစ်နေသည်ကို မြင်သောအခါ ယင်ကျန်းက ကျယ်လောင်စွာ ရယ်မောလာသည်။
"ဟားဟား... မင်း ပြောချင်တာ ပြောလို့ရပါတယ်၊ တွေးချင်တာ တွေးလို့ရပါတယ်၊ ငါတို့က သူစိမ်းတွေမှ မဟုတ်တာ"
[သူ့ရဲ့ တုံ့ပြန်မှုက ပုံမှန်မဟုတ်ဘူး]
ကမ်းချန်ချန် မျက်လုံးများ ဟိုဟိုဒီဒီ ကစားသွားသည်။
"ကျွန်မ အိမ်သာသွားချင်လို့"
ယင်ကျန်းက သူမနောက်မှလိုက်လာပြီး အနားသို့ရောက်လာ သည်။ ကမ်းချန်ချန် မျက်လုံးများ ပြူးကျယ်သွားပြီး သူ့ရင်ဘတ်ကို တွန်းဖယ်သည်။
"အရှင်မင်းသား... ဒီမှာ အနံ့အသက် မကောင်းဘူးလေ၊ အရှင်ကမြင့်မြတ်တဲ့ မျိုးရိုးက ဆင်းသက်လာတာဆိုတော့ အနားကို မလာပါနဲ့"
ယင်ကျန်း လက်ပိုက်ကာ တံခါးကို မှီလျက် အံ့ကြိတ်ရင်း ပြောလာသည်။
"ကိုယ် မင်းကို မရွံပါဘူး၊ ဒါပေမဲ့ မင်း စကားပြောလို့မပြီးသေးဘူးလေ၊ ကိုယ် မင်းပြောတာကို နားထောင်ရတာ တကယ် သဘောကျနေတာ"
ကမ်းချန်ချန် ကူကယ်ရာမဲ့စွာဖြင့် ပြောလာသည်။
"ကျွန်မ ပြောပြရင် အရှင် ပျော်မှာမဟုတ်ဘူးလေ၊ ဘာလို့ ပြောရမှာလဲ"
[ချင်းမင်းဆက်ရဲ့ ချန်လုံဧကရာဇ် နောက်ပိုင်း ဧကရာဇ်တွေ အားလုံးက ဆိုးရွားပြီး ချင်းမင်းဆက်က နောက်ဆုံးမှာ ကျဆုံးသွားတယ်ဆိုတာကို ရှင်က တကယ်ပဲ ပြောစေချင်နေတာလား]
ယင်ကျန်း မျက်နှာထား အေးစက်သွားရသည်။
"မင်း ဘာပြောလိုက်တယ်"
ကမ်းချန်ချန် လက်ကိုင်ပဝါဖြင့် ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားမိသည်။
[ကျွန်မ ဘာမှ မပြောပါဘူး၊ အရှင်လည်း ဘာမှမကြားခဲ့ပါဘူး၊ ဒါက အိပ်မက်တစ်ခု သက်သက်ပါ၊ အကုန်လုံး အတုတွေချည်းပါပဲ]
ယင်ကျန်း "ဘယ်လို ကျဆုံးသွားတာလဲဆိုတာ ရှင်းရှင်းလင်း လင်း ပြောပြစမ်း၊ မဟုတ်ရင် ကိုယ် မင်းကို အတုဖြစ်အောင် လုပ်ပစ်မယ်"
[တကယ်တော့ အဓိက အကြောင်းရင်းက ချန်လုံရဲ့ တံခါးပိတ်ကျင့်ကြံမှုနဲ့ တိုးတက်မှုရပ်တန့်နေတာတွေကြောင့် ချင်းမင်းဆက်က ခေတ်ကာလနဲ့ သမိုင်းရေစီးကြောင်းနောက်မှာ တဖြည်းဖြည်း ကျန်ရစ်ခဲ့လို့ပဲ]
ယင်ကျန်းမှာ မှင်သက်သွားရသည်။
"ပြောစမ်းပါဦး၊ ငါ့သားတွေထဲက ဘယ်သူက ချန်လုံလဲ၊ သူက ဘယ်လိုလုပ် အဲဒီလောက်တောင် တာဝန်မဲ့နိုင်ရတာလဲ"
ကမ်းချန်ချန် ဘောင်းဘီကို ပြန်ဆွဲတင်ပြီး လက်ဆေးကာ ထွက်လာသည်။
[သူက မမွေးသေးပါဘူး၊ ဒါပေမဲ့ ချန်လုံက အရှင့်ရဲ့ သားတွေထဲမှာ အထူးချွန်ဆုံးတစ်ယောက်ပါ၊ သမိုင်းကို ပြောင်း လဲဖို့အတွက် သူ့ကို တမင်သက်သက် ထီးနန်းမလွှဲပေးရင် တောင် အဲဒါက ကောင်းတာဖြစ်ချင်မှဖြစ်မှာ]
ယင်ကျန်း "ငါ အခု မှတ်မိပြီ၊ သူက နွီဟူလုရဲ့သား မဟုတ်လား၊ အနည်းဆုံးတော့ အပေါ်ယံကြည့်ရင် ဒါက ငါ နွီဟူလုကိုမျက်နှာသာပေးလို့ မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ"
ကမ်းချန်ချန် မျက်တောင်ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြန်ပြော သည်။
"အရင်က အရှင် ကျွန်မကို ကိုယ်လုပ်တော်အသစ်တွေကို မျက်နှာသာမပေးဘူးလို့ ကတိပေးထားတယ် မဟုတ်ဘူးလား၊ နွီဟူလုမှ မဟုတ်ဘူး၊ အဲဒီအစေခံတွေ ဘာတွေနဲ့လည်း အရှင် သူတို့ကုတင်ပေါ် တက်ဖို့ ခွင့်မပြုဘူးနော်"
ယင်ကျန်း "ငါ အဲဒီလို ပြောခဲ့တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ ယောက်ျားတစ်ယောက်က ကုတင်ပေါ်မှာ မိန်းမတစ်ယောက်ကိုပြောတဲ့စကားတွေက များသောအားဖြင့် အတည်မယူရဘူးလေ"
ကမ်းချန်ချန်က သူ့ကို စကားမပြောနိုင်တော့ဘဲ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် နှာမှုတ်လိုက်သည်။ ယင်ကျန်းက သူမ လက်ကို ပြန်ဆွဲကိုင်လာသည်။
"ဒါပေမဲ့ မင်း စိတ်ပူစရာမလိုပါဘူး၊ ဘာလို့လဲဆိုတော့ ယင်ကျန်းဆိုတဲ့ငါက ကိုယ်ကတိကို တည်တယ်လေ၊ လူတွေ အရမ်းများရင် လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ အလွယ်တကူရနိုင်တယ်လို့ မင်းပဲ ပြောခဲ့တာ မဟုတ်ဘူးလား၊ ငါလည်း ဖျားနာမှာကြောက်တာပေါ့"
[ဪ ဒါကြောင့်ကိုး]
ယင်ကျန်း ထပ်ပြောလာသည်။
"သေချာတာပေါ့၊ ဒါတစ်ခုတည်းကြောင့်တော့ မဟုတ်ဘူး"
ကမ်းချန်ချန်က သက်ပြင်းခပ်တိုးတိုးချလာသည်။
"ဘယ်လို အကြောင်းပြချက်ပဲဖြစ်ဖြစ် အရှင်က ကျွန်မအတွက်သက်သက်နဲ့တော့ အဲဒီလို လုပ်ပေးမှာ မဟုတ်ပါဘူး"
ယင်ကျန်း "စိတ်မပူပါနဲ့၊ လူတစ်ယောက်က ဟင်းတစ်ခွက်ကို အရသာရှိတယ်လို့ ထင်သွားရင် သူက အဲဒီဟင်းကိုပဲ အချိန်အတိုင်းအတာ တစ်ခုအထိ စားနေမှာပါ"
ကမ်းချန်ချန် လှောင်ပြုံးပြုံးကာ ပြန်ဖြေသည်။
"လူတစ်ယောက်က အသက်ရှင်ဖို့အတွက် အချိုပွဲတစ်ခုတည်းကိုပဲ စားနိုင်မယ်ဆိုရင် အဲဒါက ခါးနေရင်တောင် သူ စားမှာပဲ"
ယင်ကျန်းက မေးသည်။
"အဲဒါက အချိုပွဲလေ၊ ဘယ်လိုလုပ် ခါးနိုင်မှာလဲ"
ကမ်းချန်ချန် "အချိန် အရမ်းကြာသွားလို့ အချိုပွဲက ပုပ်သိုးသွားတာ ဖြစ်နိုင်တယ်လေ"
ယင်ကျန်းမှာ မပြုံးဘဲ မနေနိုင်တော့ချေ။ သူသည် သူမ လက်ကို ကိုင်ကာ ပြောသည်။
"မြည်းကြည့်ပါဦး၊ နည်းနည်းမှ မခါးပါဘူးကွာ"
စက်တင်ဘာလတွင် ဟွမ်ရိကျူးကို ကွပ်မျက်မည့်နေ့၌ မြို့တော်အတွင်း ပေါက်ကွဲမှုအချို့ ဖြစ်ပွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီးအဖွဲ့ဝင် ဆယ်ယောက်ကျော်က ဟွမ်ရိကျူးကို လုယူသွားကြသည်။
"သူတို့ တကယ်ကို ရဲတင်းလွန်းတာပဲ၊ ဧကရာဇ်ရဲ့နှာခေါင်းအောက်မှာကို လူဒီလောက် အများကြီး ချုံခိုစောင့်နေကြလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ အဲဒီလောက် အသုံးဝင်တဲ့ မီးခိုးဗုံးတွေကို သူတို့ ဘယ်ကများရလာလဲ မသိဘူး၊ ဆွဲပြီး ပစ်လိုက်ရုံနဲ့ အသုံးပြုလို့ရတာ"
ထိုအကြောင်းကို ကမ်းချန်ချန်နှင့် ပြောဆိုနေချိန်တွင် ယင်ကျန်း မျက်နှာပေါ်၌ ဒေါသအချို့ရှိနေဆဲဖြစ်သည်။ ကမ်းချန်ချန် ရင်တဒိတ်ဒိတ် ခုန်သွားသည်။
"ကွပ်မျက်တဲ့ သူတွေက အရှင့်လူတွေလား"
ယင်ကျန်း ခေါင်းခါပြသည်။
"ကိုယ်က သာမာန်မင်းသားတစ်ယောက်လေ နန်းတွင်းထဲ ယုံကြည်ရတဲ့ လက်ယုံတွေ မရှိဘူး၊ ကွပ်မျက်တဲ့ သူတွေထဲက တစ်ယောက်က အိမ်ရှေ့စံမင်းသားရဲ့လူဖြစ်ပြီး နောက်တစ်ယောက်က အဋ္ဌမမင်းသားရဲ့လူပဲ"
ကမ်းချန်ချန် သက်ပြင်းချကာ စိတ်သက်သာရာရသွားသည်။
"အဋ္ဌမမင်းသား ဟုတ်လား၊ သူက အာဏာကို အရမ်းမက်မောတဲ့သူနဲ့ မတူပါဘူး"
ယင်ကျန်းက ပြောသည်။
"တစ်ခါတလေကျရင် မင်းက အဲဒီနေရာကို ရောက်နေရင် ဝင်မလုချင်ဘူးဆိုရင်တောင် ရှေ့ကို တွန်းပို့ခံရမှာပဲ"
ကမ်းချန်ချန်က မေးသည်။
"ဒါပေမဲ့ နဝမမင်းသားနဲ့ ဒသမမင်းသားတို့က သူ့ထက် ပိုတောင့်တင်းတဲ့ ကျောထောက်နောက်ခံရှိတာလေ၊ တကယ် လို့ နဝမမင်းသားကသာ အာဏာလိုချင်ရင် သူကိုယ်တိုင် မယူရတာလဲ"
ယင်ကျန်း "အဋ္ဌမမင်းသားရဲ့ မယ်တော်က အဆင့်အတန်း နိမ့်ကျတယ်၊ အဲဒါကပဲ ခမည်းတော် စိတ်ပူနေတဲ့ အချက်ပဲ၊ ခမည်းတော်က အရာအားလုံးကို အိမ်ရှေ့စံမင်းသားအတွက်ပဲ လုပ်ပေးနေတာ"
ကမ်းချန်ချန်က ပြောသည်။
"ဟုတ်တာပေါ့၊ အဋ္ဌမမင်းသားက အိမ်ရှေ့စံမင်းသားအတွက် အကောင်းဆုံး ဓားသွေးကျောက်တစ်ခုပဲ"
ယင်ကျန်းမှာ မရယ်ဘဲ မနေနိုင်တော့ချေ။
"ဒါဆိုလည်း ငါတို့ ခေါင်းစဉ် ပြန်လှည့်ကြတာပေါ့၊ ဟွမ်ရိကျူး ကယ်တင်ခံလိုက်ရတာ မင်း ပျော်လား"