← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

🌻 Chapter 135

ကမ်းချန်ချန် အနေရခက်စွာဖြင့် မျက်နှာလွှဲသွားသည်။

"ကျွန်မက ဘာလို့ ပျော်ရမှာလဲ"

ယင်ကျန်း သူမကို ရှောင်ထွက်ခွင့် မပေးဘဲ မေးစေ့ကို ဆွဲကိုင်ကာ မေးသည်။

"ကောင်းကင်နဲ့မြေကြီးအဖွဲ့က လူတွေကို အောင်အောင်မြင်မြင် ကယ်တင်သွားနိုင်တာ မင်း မပျော်ဘူးလား"

ကမ်းချန်ချန်က ပြောလေသည်။

"အရှင်က ကျွန်မကို ဒီလိုမျိုး သံသယဝင်နေရင်လည်း ဘာမှ အဓိပ္ပာယ်မရှိတော့ဘူးလေ၊ ကျွန်မရဲ့ စိတ်ထဲက အသံကို ကြားနိုင်တာပဲ၊ အရှင့်အပေါ်ထားတဲ့ ကျွန်မရဲ့ သစ္စာရှိမှုကို အရှင် ဘယ်လိုလုပ် မကြားနိုင်ရမှာလဲ"

[ကျွန်မရဲ့ စိတ်နဲ့ မျက်လုံးတွေထဲမှာ အရှင် ကျန်းမာဘေးကင်းဖို့ကိုပဲ အမြဲတမ်း မျှော်လင့်နေတာပါ၊ အရှင် ကျန်းမာဘေးကင်းသရွေ့ ကျွန်မ အဆင်ပြေပါတယ်]

ယင်ကျန်းက သူမကို လွှတ်လိုက်ပြီး မေးသည်။

"အရမ်းကောင်းတယ်၊ ဒါဆိုရင်လည်း စကြတာပေါ့၊ ပြီးခဲ့တဲ့တစ်ခေါက် ကိုယ် မင်းကို ပြောခဲ့တာကို မှတ်မိသေးလား"

ကမ်းချန်ချန် ကော်ဇောပေါ်တွင် ခြေဗလာဖြင့် ရပ်ကာ ခြေထောက်များကို ပခုံးအကျယ်ခန့် ကားထားပြီး အလေးအနက်ထားလျက် ပြန်ဖြေသည်။

"တိုက်ခိုက်တာကို သင်ဖို့ဆိုရင် အရင်ဆုံး ဘယ်လို လဲကျရမလဲ ဆိုတာကို သင်ရမယ်လို့ အရှင် ပြောခဲ့တယ်၊ နောက်ကို လဲကျတဲ့အခါ မေးစေ့ကို အောက်စိုက်ထားရမယ်၊ နောက်စေ့ကို မြေကြီးနဲ့ မထိစေရဘူး၊ ဘေးကို လဲကျရင် လက်မောင်းတွေကို အနောက်ကို မကွေးထားရဘူးလို့ ပြောခဲ့တယ်"

ယင်ကျန်းက ခေါင်းညိတ်သည်။

"အရမ်းကောင်းတယ်၊ ဒါဆိုရင် လဲကျတဲ့ လှုပ်ရှားမှုနောက် ထပ် နည်းနည်းလောက် ထပ်လုပ်ပြ"

ကမ်းချန်ချန် ခါးကိုင်းကာ အနောက်သို့လဲကျပြီး လှုပ်ရှားမှု အနည်းငယ် လုပ်ပြရာ တော်တော်လေးစံချိန်မီနေသည်။ ထို့နောက် ယင်ကျန်းက သူမကို ပစ်ပေါက်ရာအတွက် ခြေလှမ်းနည်းစနစ် အချို့ကို သင်ပေးသည်။

ရက်အနည်းငယ် ကြာပြီးနောက် သူတို့နှစ်ယောက် စတင် ယှဉ်ပြိုင်ကြသည်။ ယင်ကျန်းတွင် အလွန် ခိုင်မာတည်ငြိမ်သော ခြေလှမ်းများ ရှိသည်။ ကမ်းချန်ချန်က သူမသာ ရှေ့တက်ပြီး သူ့ခြေထောက်များကို သွားဖမ်းကိုင်လျှင် သူ့ကို မနိုင်လောက်ဘူးဟု တွေးမိသဖြင့် ခုန်တက်ကာ သူ့လည်ပင်းကို ဖမ်းဆွဲပြီး လဲချသည်။

သို့သော် သူမ ဘာမှမလုပ်နိုင်ခင်မှာပင် သူမ ပခုံးများ ချုပ်ခံလိုက်ရပြီး မြေကြီးပေါ်သို့ ဖိချခံလိုက်ရသည်။

"မင်း ရှုံးပြီ"

ယင်ကျန်းက ပေါ့ပေါ့ပါးပါး ပြောပြီးနောက် အထက်စီးမှနေ၍ သူမထံ လက်ကမ်းပေးသည်။ ကမ်းချန်ချန်က အံ့ကြိတ်ကာ မတ်တပ်ရပ်လိုက်ပြီး သူ့ကို သတိထား၍အကဲ ခတ်နေသည်။ သို့သော် ယင်ကျန်းက အမြန်ပြေးလာပြီး သူမ ခါးကို ဖမ်းဆွဲသည်။

ဘိုင်း...

ကမ်းချန်ချန် ထပ်မံ လဲကျသွားပြန်ပြီး ယင်ကျန်းက သူမအပေါ်သို့ ထပ်လျက် ကျလာသည်။

"အရှင်က အရမ်းလေးတာပဲ"

ကမ်းချန်ချန်က မြေပြင်ပေါ်တွင် လှဲလျက် အသက်ရှူကြပ်လာသလို ခံစားရပြီး သူ့ကျောကို အလိုအလျောက်တွန်းထုတ်မိသည်။ သူမက သူ ပုံပျက်သွားသည်ကို အခွင့်ကောင်းကာ သူ့ လည်ပင်းနှင့် ပခုံးကို အနောက်မှ ဖမ်းဆွဲလိုက်ပြီး ခါးအောက်ပိုင်းကို ကန်ချလာသည်။

သို့သော် သူ့နောက်စေ့တွင် မျက်လုံးများ ပါနေသကဲ့သို့ သူမ ခြေကျင်းဝတ်ကို ဖမ်းဆွဲလိုက်ပြီး အနည်းငယ် ဆွဲလိုက်ရာ သူမ ထပ်မံ လဲကျသွားရသည်။

[ကံကောင်းလို့ ဒီကော်ဇောက ထူနေတာ၊ မဟုတ်ရင် ငါ သေသွားလောက်ပြီ]

ကမ်းချန်ချန် မြေပြင်ပေါ်တွင် ငြိမ်သက်စွာ လှဲနေသည်။

[အရှင်က အမျိုးသမီးတစ်ယောက်ကို ဘယ်လို တန်ဖိုးထား မြတ်နိုးရမလဲဆိုတာ တကယ်ကို နားမလည်တာပဲ၊ အဲဒီ EQ မျိုးနဲ့ဆို ငါတို့ခေတ်မှာ ဇနီးတစ်ယောက်ရှာတွေ့ဖို့တောင် ခက်လိမ့်မယ်]

ယင်ကျန်းက ပြောသည်။

"အဲ့ဟာတွေကို တွေးနေမယ့်အစား မင်းရဲ့ခွန်အားကို တိုးတက်အောင် လုပ်သင့်တယ်"

[ဒါပေမဲ့ ဒါက မတရားဘူးလေ၊ အရှင်က ကျွန််မ စိတ်တွင်းအတွေးတွေကို ကြားနိုင်ပြီး ကျွန်မ နောက်ဘာလုပ်မယ်ဆိုတာ သိနေတာကို]

"အဲဒါက မင်း စဉ်းစားရမယ့် ကိစ္စလေ၊ ငါ့ကိစ္စမှ မဟုတ်တာ"

ယင်ကျန်းက ပြောသည်။

[...]

ကမ်းချန်ချန် မျက်လုံးများ ဟိုဟိုဒီဒီ ကစားသွားကာပြော သည်။

"ဒီနေ့ ဒီလောက်နဲ့ပဲ ရပ်လိုက်ရအောင်၊ နောက်တစ်ခါမှ ထပ်လုပ်ကြမယ်"

နောက်တစ်ကြိမ် တိုက်ခိုက်မှုမတိုင်ခင် သူမက ကာမရာဂနှိုးဆွသည့် ဝတ္ထုများစွာကို တစ်ညလုံးဖတ်ခဲ့ပြီး အလွန်နူးညံ့ကာ ခါးကို တင်းကျပ်စေပြီး အလွယ်တကူ ပြဲနိုင်သော လေ့ကျင့်ရေး ဝတ်စုံတစ်ခုကို ဖန်တီးချုပ်လုပ်ခဲ့သည်။

ယင်ကျန်းက သူမ လည်ပင်းကို လက်တစ်ဖက်ဖြင့် ဖိချကာ သူမ ခြေထောက်ကို ချိတ်ပြီး အားစိုက်ရန် ပြင်နေစဉ် ကမ်းချန်ချန် ရုတ်တရက် စိတ်ထဲမှ တွေးသည်။

[အို... ကျွန်မဘာသာ ရွှေ့လိုက်ပါ့မယ်]

ထိုအသံလေးက အလွန်နူးညံ့လွန်းနေပြီး ရင်းနှီးနေသော ညည်းသံလေးနှင့်အတူ ထွက်ပေါ်လာသည်။

[ဟင်း... ပူလိုက်တာ]

ယင်ကျန်းမှာ အနည်းငယ် လန့်သွားရသည်။ ကမ်းချန်ချန်က ထိုအခွင့်အရေးကို အသုံးချကာ သူမ တံတောင်ဆစ်ဖြင့် သူ့ ရင်ဘတ်ကို ထိုးသည်။ ယင်ကျန်း နာကျင်မှုကြောင့်နောက် သို့ ယိုင်သွားပြီး သူမကို မယုံနိုင်စွာဖြင့် စိုက်ကြည့်နေသည်။

တစ်ချိန်တည်းမှာပင် ဗြိဟူသော အသံနှင့်အတူ သူမ လေ့ကျင့်ရေး ဝတ်စုံက ပြဲသွားကာ ဖြူဖွေးနုဖတ်သော အသားအရေလေး ပေါ်လာပြီး သူမအား အလွန်ဆွဲဆောင်မှုရှိသွားစေသည်။

[လာလေ~]

သူမက သွယ်လျသော ခါးလေးကိုလိမ်ကာ ရုတ်တရက် ခြေထောက်ကို ရှေ့သို့ လွှဲပစ်လာသည်။ ယင်ကျန်း မျက် မှောင်ကြုတ်သွားပြီး သူမ ခြေထောက်များကို ဖမ်းဆွဲကာ သူမကို အပေါ်သို့ ပင့်မသည်။

ကမ်းချန်ချန်အတွက် တစ်ခုတည်းသော အထောက်အကူမှာ သူ့ လက်နှစ်ဖက်သာ ဖြစ်သည်။ သူမက အောက်သို့ ထိတ် လန့်စွာ ငုံ့ကြည့်ပြီးပြောသည်။

"ကျွန်မကို မြန်မြန်အောက်ချပေး"

ယင်ကျန်း သူမကို သဲအိတ်ပေါ် တင်ပြီး အေးစက်စွာဖြင့် "ဖက်ထား"

ကမ်းချန်ချန် ဖက်လိုက်သည်နှင့်တစ်ပြိုင်နက် သူက သဲအိတ်ကို တွန်းလိုက်ရာ သဲအိတ်မှာ ဟိုဘက်ဒီဘက် ယိမ်းခါသွားတော့သည်။ သူမ အလွန်ထိတ်လန့်သွားပြီး မပြုတ်ကျသွားစေရန် သဲအိတ်ကို ခြေလက်လေးဖက်စလုံးဖြင့် ကပျာကယာ တွယ်ဖက်ထားမိသည်။

[ဝူးဝူး... စတုတ္ထမင်းသား၊ ကျေးဇူးပြုပြီး ကျွန်မကို မြန်မြန် အောက်ချပေးပါ၊ ကျွန်မ အမြင့်ကြောက်တယ်... ခေါင်းတွေ အရမ်းမူးနေပြီ]

"မင်း မှားမှန်း မင်းသိပြီလား"

[ဟင့်ဟင့်... သိပါပြီ၊ နောက်တစ်ခါ မလုပ်တော့ပါဘူး]

"တကယ်လို့ မင်း တခြားလူတစ်ယောက်ယောက်ကိုများ ဒီလိုလုပ်ရဲရင် ငါ့လက်နဲ့ကိုယ်တိုင် မင်းကို လည်ပင်းညှစ်သတ်ပစ်မယ်"

[ကျွန်မ မလုပ်တော့ပါဘူးဆို]

သူသည် သူမကို ပြန်ဖမ်းဆွဲကာ မြေပြင်ပေါ် ချပေးပြီး သူမ ရင်ဘတ်ကို ဖုံးကွယ်ထားသော အဝတ်စကိုဆွဲဖြဲကာ သူမအား သဲအိတ်ပေါ်သို့ ပြန်ဖိချလေသည်။

သူသည် ကမ်းချန်ချန် လက်များကို ခါးစည်းကြိုးဖြင့် ချည်နှောင်လိုက်ပြီး သူမမှ သဲအိတ်ကိုသာ ဖက်ထားနိုင်တော့သည်။ သူမက သနားစရာကောင်းအောင် တောင်းပန်လေသည်။

"အရှင်မင်းသား... ကျွန်မတို့ အခန်းထဲ သွားကြရအောင်လေ၊ ဒီမှာ လုပ်မလို့လား"

ယင်ကျန်းက သူမ နားထင်မှ ဆံနွယ်လေးကို ပွတ်သပ်ရင်း ညင်သာစွာဖြင့် ပြောသည်။

"မင်း ဒီနေရာကို သဘောကျတယ်ဆိုတာ ကိုယ် သိတယ်"

All Chapters