အခန်း ၁၃၈
Vol. 14 Ch. 138
🌻 Chapter 138
ကမ်းချန်ချန်က သူမခေါင်းကို သူ့ဘက်သို့ လှည့်ပေးပြီး ယင်ကျန်းက သူမကို ပန်ပေးလာသည်။ သူ့ မျက်လုံးများ အရောင်လက်သွားသည်။
"တကယ့်ကို ကြည့်ကောင်းတာပဲ၊ ကြည်လင်တဲ့ ရေထဲကနေ ပေါ်ထွက်လာတဲ့ ကြာပန်းလေးလိုပဲ၊ ဒီပန်းရောင်နဲ့ အဖြူရောင်စပ်လေးက မင်းရဲ့ အသက်အရွယ်နဲ့ တကယ့်ကို လိုက်ဖက်တယ်"
ကမ်းချန်ချန်က ပြုံးလျက် ပြောသည်။
"ပြီးခဲ့တဲ့တစ်ခေါက်က ရုန်ကျဲအတွက် ရှင်လုပ်ပေးထားတဲ့ ယုန်ရုပ်လေးကို မြင်တော့ ကျွန်မ တော်တော်လေး အားကျနေခဲ့တာ၊ ကျွန်မအတွက် ရှင် ဒီလောက်တောင် အားထုတ်ပေးလိမ့်မယ်လို့ မထင်ထားဘူး"
[ရှင် ကျွန်မအတွက် အခုလို အားထုတ်ပေးချင်စိတ်ရှိတာပဲ တော်ပါပြီ]
သူမ စကားပြော၍ ဆုံးသည်နှင့် တစ်ပြိုင်နက် လက်ညှိုးတစ်ချောင်းက သူမနဖူးကို လာပုတ်လေသည်။ ယင်ကျန်းက ဆူပူလို့လာသည်။
"အဲဒါ ဘယ်လို လေယူလေသိမ်းမျိုးလဲ၊ မင်းက ငယ်ငယ်လေးရှိသေးတာကို လူကြီးတစ်ယောက်လို စကားပြောနေတယ်"
ရက်အနည်းငယ် ကြာပြီးနောက် တစ်လပြည့်မြောက်မည့် နောက်ဆုံးရက်သို့ ရောက်ရှိလာခဲ့သည်။ ကမ်းချန်ချန်က သူမလက်ထဲရှိ အင်းဆက်မျိုးစုံကို ကြည့်ကာ သေတ္တာထဲသို့ အမြန်ပြန်ထည့်သည်။
ထားလိုက်ပါတော့၊ ဒီပစ္စည်းတွေကိုသုံးပြီး သူမ ယင်ကျန်းကို နိုင်ခဲ့ရင်တောင် အဲဒါက မျှတတဲ့ အနိုင်ရမှုတစ်ခုဖြစ်လာမှာ မဟုတ်ဘူး၊ ပြီးတော့ သူမ နောက်ဆို လက်စားချေခံရလိမ့်မယ်...
အချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ဖြစ်နေသော ဝူကော်ကော်ကို ဖယ်ရှားပစ်ရန် ဤအခွင့်အရေးကို သူမ အသုံးချချင်နေသော် လည်း ဝူကော်ကော်က သူမအပေါ် ရန်ငြိုးများစွာ မထားတော့သဖြင့် သူမ သိပ်မလောတော့ချေ။ သူတို့နှစ်ဦး လေ့ကျင့်ရေးခန်းမထဲတွင် အချိန်အတော်ကြာ လေ့ကျင့်ခဲ့ကြသော်လည်း ကမ်းချန်ချန် အနိုင်မရခဲ့ပေ။
မြေကြီးပေါ်သို့ နောက်တစ်ကြိမ် လဲကျသွားပြီးနောက် ကမ်းချန်ချန် စိတ်ပျက်လက်ပျက်ဖြင့် မြေကြီးကိုထုကာပြော သည်။
"ဒါက နောက်ဆုံးအကြိမ်ပဲ၊ တကယ်လို့ အခုမှ မအောင်မြင်ရင်တော့ ကျွန်မ ဘယ်တော့မှ ထပ်မကျင့်တော့ဘူး"
ယင်ကျန်းက မေးသည်။
"ဘာဖြစ်လို့လဲ"
ကမ်းချန်ချန် ဒေါသတကြီးဖြင့် "ကျွန်မမှာ ပါရမီမှ မပါတာ၊ လောကကြီးမှာ သိုင်းပညာတွေ အများကြီးရှိတာပဲ၊ ကျွန်မ တခြားတစ်ခုခုကိုပဲ သွားသင်လိုက်တော့မယ်"
ယင်ကျန်းမှာ အံ့အားသင့်သွားပြီး သူမ ယခုလို တစ်ဝက်တစ် ပျက်နှင့် လက်လျှော့လိုက်ခြင်းကို ကျေနပ်ပုံမရပေ။ ကမ်းချန်ချန်က အခွင့်ကောင်းယူကာ သူ့ခြေထောက်ကို ဆွဲကိုင်ပြီး သူမ ပခုံးဖြင့် တွန်းတိုက်သည်။ မထင်မှတ်စွာ သူမ တွန်းအားကြောင့် သူ လဲကျသွားသည်။
ကမ်းချန်ချန် သူ့ အပေါ်သို့ ပြုတ်ကျသွားကာ သူမနှလုံးသားမှာဗြောင်းဆန်စွာ ခုန်ပေါက်နေပြီး စိုးရိမ်တကြီးဖြင့် အမြန်မေးမိသည်။
"အရှင်မင်းသား... အဆင်ပြေရဲ့လား"
"ကိုယ် အဆင်ပြေပါတယ်၊ ပြောစမ်းပါဦး၊ မင်း ဘာလိုချင်တာလဲ"
ယင်ကျန်းလက်က သူမဆံပင်များကို နူးညံ့စွာ ပွတ်သပ်ပေးနေသည်။
"ကျွန်မ မပြောရဲဘူး"
"ပြောရမှာ ဘာကြောက်စရာရှိလို့လဲ"
"ဒါဆို ကျွန်မကို အရင် ကတိပေး၊ ရှင် ကျွန်မကို အပြစ်မတင်ဘူး၊ ပြီးတော့ ဝူကော်ကော်ကိုလည်း အပြစ်မတင်ဘူးဆိုတာ"
"သူမလည်း ဒီကိစ္စမှာ ပါနေတာလား၊ ကောင်းပြီလေ၊ ကိုယ် ကတိပေးပါတယ်"
"လောကကြီးမှာ အဖိုးတန်ဆုံးအရာက ဘာလဲဆိုတာ ရှင်သိလား"
"လူတစ်ယောက်ချင်းစီရဲ့အဖိုးတန်ဆုံးအရာက မတူညီကြဘူးလေ၊ ဒါပေမဲ့ အာဏာရှိမှသာ ကိုယ့်ရဲ့အဖိုးတန်ဆုံးအရာကို ကာကွယ်နိုင်မှာ"
ကမ်းချန်ချန်က ခေါင်းညိတ်လာသည်။
"စတုတ္ထမင်းသားက တကယ့်ကို စတုတ္ထမင်းသားပါပဲ၊ ရှင့်ရဲ့ အမြင်တွေက နက်ရှိုင်းလှပါတယ်၊ ကျွန်မ အမြင်မှာတော့ အဖိုးတန်ဆုံးအရာက လွတ်လပ်ခွင့်ပဲ၊ ပြီးတော့ ဝူကော်ကော်က တောထဲက သားရဲတစ်ကောင်လို၊ ကောင်းကင်ပေါ်က ကျီးကန်းတစ်ကောင်လို၊ ရေစပ်က မိကျောင်းတစ်ကောင်လိုပဲ၊ သူမက နန်းတွင်း အဆောင်တွေနဲ့ မသင့်တော်ဘူး၊ တိုက် ဆိုင်စွာနဲ့ပဲ သူမကလည်း ကျွန်မနဲ့ အတွေးချင်း တူနေတယ်လေ"
ယင်ကျန်းက ပြောသည်။
"သူမကိုယ် သူမ မိကျောင်းနဲ့တောင် ခိုင်းနှိုင်းသေးတာလား"
ကမ်းချန်ချန် "မဟုတ်ပါဘူး... ရှင် သဘောတူလား မတူဘူးလားသာ ပြော"
ယင်ကျန်းက ပြောသည်။
"မင်းက သူမကို ကူညီရုံသပ်သပ်ပဲလား၊ တခြား အကြောင်း ပြချက် မရှိဘူးလား"
[သေချာတာပေါ့ ကျွန်မမှာ ကိုယ်ကျိုးအတွက်ကြည့်တဲ့ ရည်ရွယ်ချက်တွေလည်း ရှိတာပေါ့၊ ပြိုင်ဘက်တစ်ယောက် လျော့သွားတာက ငါလေးအတွက်လည်း အကျိုးရှိတာပဲလေ၊ ဒါပေမဲ့ ဒီလိုစကားမျိုးကို ဘယ်လိုလုပ် အပြင်ထုတ်ပြောလို့ ရမှာလဲ]
သူမ အတွင်းစိတ်ခံစားချက်များကို ကြားလိုက်ရသောအခါ ယင်ကျန်းမှာ ဟက်ဟက်ပက်ပက် ရယ်မောလာသည်။
"ကောင်းပြီလေ၊ ကိုယ် သဘောတူတယ်၊ ဒါပေမဲ့ သူမ ချက် ချင်းတော့ လွတ်လပ်ခွင့်ရမှာ မဟုတ်ဘူး၊ သူမကို မလွှတ်ပေးခင် သူမ အိမ်ဆီကို တစ်နှစ်လောက်ပြန်ပို့ထားဖို့ အကြောင်း ပြချက်တစ်ခုတော့ ရှာရလိမ့်မယ်"
ကမ်းချန်ချန် "တစ်နှစ်တည်း မပြောပါနဲ့၊ သုံးနှစ်လောက်ဆို ပိုသင့်တော်လိမ့်မယ်"
[ဝူကော်ကော်က စံအိမ်ရဲ့လျှို့ဝှက်ချက်တွေကို ဘာမှသိမှာမဟုတ်ဘူး ဆိုပေမယ့်လည်း သတိမထားဘူးဆိုရင် ဘယ်လိုလုပ်အောင်မြင်နိုင်မှာလဲ]
ယင်ကျန်း သက်ပြင်းချလေသည်။
"မင်းက ကိုယ့်ကို ဒီလောက်တောင်နားလည်ပေးတာ၊ ကိုယ် ရှင်းပြရမယ့် ဒုက္ခတောင် သက်သာသွားပြီ"
[ရှင်က မင်းသားတစ်ပါးလေ၊ ရှင့်ကို နားလည်ပေးနိုင်မယ့်သူကို ရှာဖို့ဆိုတာ မခက်ခဲပါဘူး ဟုတ်တယ်မလား၊ ကျွန်မက တစ်ခါတလေ ကလေးဆန်ပြီး ရှင့်ကို အမြဲပြဿနာတွေ ရှာနေမိတာပဲ]
သူမ ထွက်သွားရတော့မည်ကို သိလိုက်ရသောအခါ ဝူကော်ကော်မှာ လွတ်မြောက်တော့မည့် အကျဉ်းသားတစ်ယောက်ပမာ စိတ်လှုပ်ရှားနေသည်။
ကမ်းချန်ချန်သည် သူမ ပျော်ရွှင်မှုကိုမြင်သောအခါ မနာလိုသလို ခံစားချက်လေး တစ်ချက်ဝင်သွားခဲ့သည်။ သို့သော် သူမ သိထားသော အရာများနှင့်ဆိုလျှင် သေဆုံးခြင်းမှလွဲ၍ ယင်ကျန်းအနားမှ ဘယ်သောအခါမှ ထွက်ခွာနိုင်မည် မဟုတ်ကြောင်းကို သူမ နားလည်သည်။
ယင်ကျန်း အလွန်သံသယမဝင်တတ်လျှင်တောင် တခြားမင်းသားများနှင့် ဧကရာဇ်များသည် ဤမျှကြီးမားသော ခြိမ်းခြောက်မှုမျိုးကို လွှတ်ပေးရဲမည် မဟုတ်ပေ။
မသိရသော အင်အားစုများက အကြောက်မက်ဖွယ်အကောင်းဆုံးပင်။ အထူးသဖြင့် သူမလိုပေါ့။
ဖူကျင်း ဖျားနာသွားသဖြင့် အချိန်အနည်းငယ် အနားယူရန် လိုအပ်သောကြောင့် ဤနှစ်အတွက် ယင်ကျန်းမွေးနေ့ပွဲတော်ကို ပြင်ဆင်ပေးရန် ကမ်းချန်ချန်ကို တောင်းဆိုခဲ့သည်။
လွန်ခဲ့သည့် နှစ်နှစ်က မင်းသားစံအိမ်တွင် ကျင်းပခဲ့သော ယင်ကျန်း မွေးနေ့ပွဲများမှာ ကြီးကြီးကျယ်ကျယ် မရှိခဲ့ပေ။ မိသားစုတွေ့ဆုံပွဲ အသေးစားလေးများသာဖြစ်ပြီး ဧည့်သည်အဖြစ် မင်းသားဆယ့်သုံးသာ ရှိခဲ့သည်။
သို့သော် ယခုနှစ် ပွဲတော်မှာမူ ပိုခမ်းနားကြီးကျယ်နေသည်။ မွေးနေ့ပွဲတော်တစ်ခုတည်းကပင် သူမကို ခေါင်းကိုက်စေ သောကြောင့် ကမ်းချန်ချန်မှာ သိုင်းပညာလေ့ကျင့်ရန် အချိန်မရှိတော့ပေ။ ထို့အပြင် ဖူကျင်းက သူမကိုဆုံးဖြတ်ချက်အားလုံးချနိုင်ကြောင်းကိုပါ ပြောထားသေးသည်။
"ဟူး... ဆုံးဖြတ်ချက်တွေ အားလုံးချရမယ်ဆိုတာက တာဝန်ယူမှုအားလုံးကို ပစ်ချလိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား"
"ငါ... ငါက ဒီကိစ္စတွေကို ဘယ်လိုလုပ် သိမှာလဲ၊ ဒါပေမဲ့ စတုတ္ထမင်းသားကလည်း ဒီရက်ပိုင်း သူ့စာကြည့်ဆောင်မှာ အလုပ်ရှုပ်နေတာဆိုတော့ ဒီလိုကိစ္စသေးသေးလေးနဲ့ သူ့ကို သွားမနှောင့်ယှက်နိုင်ဘူးလေ"
ကမ်းချန်ချန် ညည်းတွားသံကို ကြားသောအခါ ယွင်ကျွမ်းက ပြောသည်။
"ကျွန်မလည်း ဒါတွေကို မသိတာ တကယ့်ကို နှမြောစရာပဲ၊ စဲဖူကို မကူညီပေးနိုင်ဘူး၊ အာ... စဲဖူ၊ လီစဲဖူကို သွားမမေးကြည့်ဘူးလား"
ကမ်းချန်ချန်က ပြောသည်။
"ငါလည်း သွားမေးချင်တာပေါ့၊ ဒါပေမဲ့ သူမက ရှစ်ကောလေးကို မွေးပြီးကတည်းက ကျန်းမာရေး သိပ်မကောင်းဘူးလေ၊ ငါ တတ်နိုင်တာကို အရင်လုပ်ကြည့်မယ်၊ ပြီးမှ ငါ မဆုံး ဖြတ်နိုင်တဲ့ ကိစ္စတွေကို သူမနဲ့ တိုင်ပင်တော့မယ်"
ဟွာယွီ စာရင်းကို ကြည့်ကာ ပြောသည်။
"ဒီနှစ်မှာ တတိယမင်းသားတောင် ပါသေးတာလား"
ကမ်းချန်ချန် မျက်လုံးများ ပင့်ကာ "ဘာဖြစ်လို့လဲ၊ စတုတ္ထမင်းသားနဲ့ သူ့ဆက်ဆံရေးက မကောင်းလို့လား"
ဟွာယွီ ခေါင်းယမ်းလာသည်။
"မကောင်းတာတော့ မဟုတ်ပါဘူး၊ ဘာလို့လဲတော့ မသိဘူး၊ တတိယမင်းသားက ကျွန်မတို့ စံအိမ်ကို သိပ်မလာတတ်ဘူး၊ စတုတ္ထမင်းသားရဲ့ မွေးနေ့တိုင်း မင်းသားရှစ်၊ မင်းသားကိုး၊ မင်းသားတစ်ဆယ်၊ မင်းသားဆယ့်လေးတို့ လာရင်တောင်မှ တတိယမင်းသားက လာဖို့ ငြင်းဆန်တတ်တယ်၊ သူကများ သောအားဖြင့် တခြားတစ်ယောက်ယောက်ကတစ်ဆင့် လက်ဆောင်ပဲ ပေးပို့တတ်တာ"
ကမ်းချန်ချန် "ဟူး... တကယ်တော့ သူ မလာဖို့ ငါ ပိုမျှော်လင့်တာ၊ ပြီးတော့ အိမ်ရှေ့စံမင်းသားလည်း မလာရင် ပိုကောင်းမယ်"
ဟွာယွီ လက်ချောင်းထိပ်လေးက ရှစ်ဟူသော စာလုံးလေးကို ပွတ်သပ်ကာ စိတ်ထဲမှတွေးမိသည်။ ငါ သူ့ကို ထပ်တွေ့ရတော့မယ်၊ တကယ့်ကို ကောင်းတာပဲ...
ချန်ကော်ကော် ခြံဝင်းထဲတွင်မူ သူမသည် အသစ်ချုပ်လုပ်ထားသော အကဝတ်စုံကိုစမ်းဝတ်ကြည့်နေပြီး ယွဲ့ယင်းက ပြောလေသည်။
"ကော်ကော်... ကော်ကော့်ကိုယ်စား ကျွန်မ တကယ်ကိုမခံချင်ဖြစ်မိတယ်၊ ကော်ကော်က သူမနဲ့ တစ်နှစ်တည်း စံအိမ်ထဲ ဝင်လာခဲ့တာကို သူမက စဲဖူအဖြစ် ရာထူးတိုးသွားရုံတင်မကဘူး၊ ဒီနှစ် စတုတ္ထမင်းသားရဲ့ မွေးနေ့ပွဲကိုပါ ဦးစီးကျင်းပရဦးမယ်၊ တကယ့်ကို ကံကောင်းတာပဲ"
ချန်ကော်ကော်က ပြောလေသည်။
"ဖူကျင်းနဲ့ လီစဲဖူတို့ နှစ်ယောက်လုံး နေမကောင်းဖြစ်နေလို့သာ သူမ ရှေ့ထွက်လာခဲ့ရတာပါ၊ ပြီးတော့ စုန့်ကော်ကော်လိုလူတောင် မလောသေးတာ ငါတို့က ဘာလို့ လောရမှာလဲ"
ယွဲ့ယင်းက ပြောသည်။
"ဒါပေမဲ့ ဒီတစ်ခေါက် ဝူကော်ကော်အိမ်ကို ပြန်အပို့ခံလိုက်ရတာက ကမ်းစဲဖူက စတုတ္ထမင်းသားနားမှာ ကုန်းချောလိုက်လို့ဆိုပြီး ကျွန်မ ကြားတယ်"
ချန်ကော်ကော် တစ်ချက်ကြည့်လာသည်။
ယွဲ့ယင်း "ဒီတစ်ခါ ဖူကျင်း ဖျားတာကလည်း သူမကြောင့် ဒေါသထွက်လို့လေ၊ ဖူကျင်းက အတော်လေးအားထုတ်ပြီး ဝူကော်ကော်ကို နိုင်အောင်ထိန်းပြီး လီစဲဖူကိုရင်ဆိုင်ဖို့လွှတ် လိုက်တာ၊ ဒါပေမဲ့ ဘယ်သူ သိမှာလဲ၊ ကမ်းစဲဖူရဲ့လုပ်ရပ်က ပြီးခဲ့တဲ့ရက်ပိုင်းတွေက ဖူကျင်းလုပ်ခဲ့သမျှ အလုပ်တွေ အားလုံးကို ပျက်စီးသွားစေခဲ့တာပဲ"
"ဒါပေမဲ့ စတုတ္ထမင်းသားက ဝူကော်ကော် သူ့ကို စော်ကားမိလို့ သူက..."
"အဲဒါ စတုတ္ထမင်းသားက ကမ်းစဲဖူကို ကာကွယ်ပေးနေတာလေ"
ယွဲ့ယင်းက ပြောသည်။
"အဲဒါကို ကော်ကော် မမြင်ဘူးလား"
ထိုစကားကို ကြားသောအခါ ချန်ကော်ကော်မှာ ရင်ထဲတွင် အေးစက်သွားသလို ခံစားမိသည်။ ကမ်းချန်ချန်အပေါ် သူမ ယခင်က ယှဉ်ပြိုင်လိုစိတ်များမှာ သိသိသာသာ မှေးမှိန်သွားသဖြင့် စိတ်မပါတပါပြောလိုက်သည်။
"အရာရာတိုင်းက ဒီအတိုင်းသာ ဆက်သွားနေရင် ငါ ဘယ်လိုလုပ် ထွက်ပေါက်တစ်ခု ရှာတွေ့နိုင်တော့မှာလဲ"
ယွဲ့ယင်းက အကြံပေးလေသည်။
"ကော်ကော်... ဒီပွဲတော်မှာ သေသေချာချာ ကောင်းကောင်း ဖျော်ဖြေပါ၊ တကယ်လို့ စတုတ္ထမင်းသားသာ ကျေနပ်သွားရင် သူက ကမ်းစဲဖူဆီကနေ ကော်ကော့်ဆီကို အာရုံပြောင်းလာနိုင်တယ်၊ အဲဒီအခါကျရင် ကျွန်မတို့အားလုံး အဆင့် အတန်း မြင့်တက်လာနိုင်ပြီပေါ့"