← Chapters

အခန်း ၁၃၉

Vol. 14 Ch. 139

အခန်း ၁၃၉

Vol. 14 Ch. 139

🌻 Chapter 139

ချန်ကော်ကော်က ခေါင်းယမ်းကာ ပြောသည်။

"မိန်းမတစ်ယောက်ရဲ့ အလှဆုံး အရွယ်ဆိုတာ နှစ်အနည်းငယ်ပဲ ရှိတာ၊ တကယ်လို့ ခြင်းတောင်းတစ်လုံးတည်းထဲမှာ ကြက်ဥတွေ အကုန်ထည့်ထားမယ်ဆိုရင် အဲဒါက သေချာပေါက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူး"

ယွဲ့ယင်းက "ကော်ကော်... ဘာကို ဆိုလိုတာလဲဟင်"

ချန်ကော်ကော် မျက်လုံးများ ရုတ်တရက် အရောင်လက်သွားကာ ပြုံးလျက်ပြောသည်။

"ဘာမှမဟုတ်ပါဘူး၊ ငါ ပွဲတော်မှာ အကောင်းဆုံး လုပ်ပြပြီး မြို့တော်မှာ နာမည်တစ်လုံး ရလာအောင် ကြိုးစားမယ်"

ချန်ဝမ်အာသည် မကြာခဏ နောင်တရနေတတ်သည်။ သူမ အရည်အချင်းဖြင့် သူမမိသားစုက ယင်ကျန်းကို ကြိုတင်၍ ပစ်မှတ်ထားခဲ့ကြခြင်းပင်။

ယင်ကျန်းသည် မွန်မြတ်သော အဆင့်အတန်းရှိသော်လည်း အမြင်မကျယ်လှဘဲ လီစဲ့ဖူနှင့် ကမ်းချန်ချန်ကဲ့သို့သော ရိုင်းစိုင်းသည့် အမျိုးသမီးများကိုသာ သဘောကျကာ အနုပညာကို တန်ဖိုးမထားတတ်ပေ။

သူမမိသားစုသာ စတုတ္ထမင်းသားထံသို့ သူမအား အလျင်စ လိုမဆက်သခဲ့လျှင် ယခုနှစ်တွင် သူမ ကိုယ်ပိုင်ကြိုးစားမှုဖြင့် မြို့တော်၏အလှဆုံးအမျိုးသမီးဟူသော ဂုဏ်ပုဒ်ကို သေချာ ပေါက် ရရှိနေမည်ဖြစ်သည်။

ယခုအခါ သူမ အရည်အချင်းများကို လူသိရှင်ကြားပြသနိုင်မည့် ထိုကဲ့သို့သော အခွင့်အရေးမျိုး ပေါ်ပေါက်လာခဲ့သည်။ သူမသာ ချင်းမင်းဆက်တွင် ဒုတိယအာဏာအရှိဆုံးသူဖြစ်သည့် တောက်ပဝင့်ကြွားသော အိမ်ရှေ့စံမင်းသားမျက်လုံးထဲ ဝင်သွားခဲ့လျှင် ယင်ကျန်း သူမကို မလွှတ်ပေးချင်လျှင်တောင်မှ တားဆီးနိုင်မည် မဟုတ်ပေ။

အိမ်ရှေ့စံမင်းသားသည် ကချေသည်များနှင့် အဆိုတော်များကို သဘောကျသည်ဟု ဆိုကြသည်။ သူမသာ သူ့ စံအိမ်ထဲသို့ ဝင်ရောက်ကာ ညစဉ်ညတိုင်း ပျော်ရွှင်မြူးခွင့်ရခဲ့လျှင် မျိုးကောင်းမြင်းတစ်ကောင်က သူ့ကို တန်ဖိုးထားတတ်သူနှင့် တွေ့ဆုံရသကဲ့သို့ ဖြစ်ပေမည်။

အိမ်ရှေ့စံမင်းသားနောက်သို့ လိုက်ခြင်းဖြင့် သူမသည် နန်းတွင်းကိုယ်လုပ်တော်ကြီးပင် ဖြစ်လာနိုင်ပြီး သူမ အဆင့်အ တန်းမှာ အခြားမင်းသားတစ်ပါး ကိုယ်လုပ်တော်ထက် အများကြီး ပိုမိုမြင့်မားသွားပေမည်။

ထို့အပြင် ယင်ကျန်းက သူမကို လက်ဖျားနှင့်ပင် မထိခဲ့ဖူးပေ။ ဤသည်မှာ သူမ ပိုမိုကောင်းမွန်သော လက်တွဲဖော်ကို ရှာတွေ့ရန် ကံကြမ္မာက ဖန်တီးပေးလိုက်ခြင်းဖြစ်လေသည်။

ထို့ကြောင့် ချန်ကော်ကော်မှာ ပို၍ပင် ကြိုးစားပမ်းစား လေ့ကျင့်တော့သည်။

ပွဲတော်မစတင်မီ ချန်ကော်ကော်က လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းထားရန်ဟူသော အကြောင်းပြချက်ကို သုံးကာ ပွဲတော်သို့ တက်ရောက်မည့်အစား နောက်ကွယ်တွင်သာ ပြင်ဆင်နေမည်ဖြစ်ကြောင်း ကမ်းချန်ချန်ကို ပြောသည်။

ကမ်းချန်ချန်က သဘာဝကျစွာပင် သဘောတူပြီး ပွဲတော်တွင် မည်သည့်ပြဿနာမှ မပေါ်ပေါက်လာစေရန်သာ မျှော်လင့်နေသည်။ တစ်ခုခုသာ မှားယွင်းသွားခဲ့လျှင် လူများက သူမကို အရည်အချင်းမရှိဟု ထင်ကြမည်ဖြစ်ပြီး နန်းတွင်းမျိုးနွယ်တစ်ဦးကို စော်ကားမိသလိုဖြစ်ကာ အပြစ်ပေးခံရမည်ဆိုလျှင် ကပ်ဆိုးကြီး ဖြစ်သွားနိုင်သည်။

ကံကောင်းထောက်မစွာဖြင့် ဝူကော်ကော်ကို ကြိုတင်၍ ပို့ဆောင်လိုက်ပြီ ဖြစ်သည်။ ထိုယုံကြည်စိတ်ချရမှုမရှိသော မိန်းကလေးသာ ဒီမှာ ရှိနေသေးလျှင် သူမ ဘာတွေလုပ်မည်ကို ဘယ်သူမှ သိနိုင်မည်မဟုတ်ပေ။

ကမ်းချန်ချန် စကားအရ ချန်ကော်ကော်သည် နောက်ကွယ်အခန်းထဲမှ တိတ်တဆိတ် ထွက်လာကာ အလှည့်အပတ်တစ်ခုပြီးနောက် စံအိမ်ထဲသို့ ဝင်ရန် တစ်ခုတည်းသော လမ်းမရှိ ဆီးနှင်းပန်းပင် အောက်တွင် စောင့်နေမည်ဖြစ်သည်။

နှင်းများနှင့် ရောနှောနေသော လေအေးများက သူမ မျက်နှာကိုပင် တိုက်ခတ်နေပြီး မျက်နှာရဲတက်နေသော ယွဲ့ယင်းက မနေနိုင်ဘဲ ပြောလေသည်။

"ကော်ကော်... ဒီမှာ အရမ်းအေးတယ်၊ ပြန်သွားကြရအောင်"

သို့သော် ချန်ကော်ကော်က အဝေးသို့ မျှော်လင့်တကြီး ငေးကြည့်နေသည်။

"ဒီမှာ ခဏလောက် ဆော့ရင်း နှင်းကျတာကို ခံစားကြတာပေါ့"

မြေခွေးဖြူမွေးများ စွပ်ထားသော ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး အနွေးဓာတ်ရရန် ယုန်တစ်ကောင်ကို ဖက်ထားသဖြင့် အအေးမမိနိုင်ပေ။

နှင်းများ ဖုံးလွှမ်းနေသော ဆောင်းရာသီ အလယ်တွင် အိမ်ထဲနေမည့်အစား အပြင်ဘက်မှာ သူမ ဘာလာလုပ်နေသနည်း။ တတိယအဆင့် အစေခံတစ်ဦးဖြစ်သော ယွဲ့ယင်းမှာ ထူထဲသော ဆောင်းရာသီ အဝတ်အစားများ မရရှိခဲ့ဘဲ ချန်ကော်ကော့်နောက်သို့ တစ်နှစ်တိတိ လိုက်ပါလာခဲ့သော်လည်း ခိုင်လုံသော ထောက်ပံ့ကြေး မရရှိခဲ့သဖြင့် သူမ ကိုယ်အောက်ပိုင်းတွင် နွေးထွေးသော အဝတ်အစားများ မရှိခဲ့ပေ။

နံ့သာတိုင် တစ်တိုင်စာ လောင်ကျွမ်းချိန်မျှသာ မတ်တပ်ရပ်နေခဲ့ရသော်လည်း သူမမှာ အအေးဒဏ်ကို မခံနိုင်တော့ပေ။ သို့သော် ချန်ကော်ကော် စိတ်ခံစားချက်ကို မြင်သော အခါ သူမက ပါးစပ်ကိုသာ ပိတ်ထားလေသည်။

အစေခံတစ်ဦးအနေဖြင့် သူမသည် အကြံဉာဏ်တစ်ခွန်းသာ ပေးနိုင်သော်လည်း ထိုထက်ပိုပြောလျှင် စည်းကမ်းနှင့် မညီ ညွတ်ရာ ကျပေမည်။ အိမ်ရှေ့စံမင်းသားသည် လွတ်လပ်စွာ နေထိုင်တတ်သူဖြစ်ပြီး အရေးကြီးသော အခမ်းအနားများတွင်ပင် အမြဲတစေ နောက်ကျတတ်သည်။

ယနေ့ ယင်ကျန်း မွေးနေ့ပွဲတော်သို့ တက်ရောက်ရာတွင်လည်း သူက ထုံးစံအတိုင်း နောက်ကျမှ ရောက်လာသည်။ သို့သော် နောက်ကျခြင်းက တစ်ခါတရံ ကောင်းမွန်သော ပြကွက်တစ်ခုကို မြင်တွေ့ခွင့်ရတတ်သည်။

ဥပမာအားဖြင့် မလှမ်းမကမ်းရှိ ဆီးနှင်းပန်းပင်အောက်တွင် ယုန်တစ်ကောင်ကို လိုက်ဖမ်းနေသော မိန်းမလှလေးတစ်ဦးက သူ၏ အာရုံကို ဖမ်းစားသွားသည်။ အိမ်ရှေ့စံမင်းသားက လက်ပိုက်ကာ အတန်ကြာ စောင့်ကြည့်ပြီးနောက် သူ့ဘေးရှိ လူအား ပြောသည်။

"သွား... သူမ ယုန်ဖမ်းတာကို သွားကူညီလိုက်"

"မှန်လှပါ အရှင့်သား"

အိမ်ရှေ့စံမင်းသားဘေးရှိ မိန်းမစိုးမှာလည်း ကျွမ်းကျင်သူဖြစ်ရာ ဖြူဖွေးသော ယုန်လေးကို အမြန်ဖမ်းယူကာ အိမ်ရှေ့စံမင်းသားထံသို့ အပြုံးဖြင့် ကမ်းပေးသည်။

အိမ်ရှေ့စံမင်းသား အနားတွင် အချိန်အတော်ကြာ ခစားခဲ့ရသူဖြစ်သဖြင့် သဘာဝကျစွာပင် သူက မင်းသား ကျေနပ်စေမည့် အရာများကိုသာ လုပ်ဆောင်တက်သည်။

အိမ်ရှေ့စံမင်းသားက ယုန်လေးကို လက်ထဲတွင် ကိုင်ထားကာ နားရွက်များကို နှစ်ချက်သုံးချက်မျှ ဆွဲညှစ်ရင်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေသည်။

ထင်ထားသည့်အတိုင်းပင် ဆီးနှင်းများထဲမှ အလှလေးသည် စကတ်အနားစများ လွင့်လူးလျက် ပြေးလာသည်။ သူမသည် လှပကျော့ရှင်းကာ ဆွဲဆောင်မှုရှိသော ကိုယ်ခန္ဓာရှိပြီး မာနကြီးသော်လည်း အပြစ်ကင်းစင်သော အသွင်အပြင်လေး ရှိသည်။ သူမက နှုတ်ခမ်းလေးစူကာ ပြောသည်။

"သခင်လေး... ကျွန်မရဲ့ ယုန်လေးကို ပြန်ပေးလို့ ရမလားရှင်"

အိမ်ရှေ့စံမင်းသားက သူမကို အထက်အောက် စုန်ဆန်ကြည့်လိုက်ကာ မျက်လုံးများကို မှေး၍ ချီးမွမ်းသည်။

"ဟားဟားဟား... စတုတ္ထညီတော်ရဲ့ စံအိမ်က တကယ့်ကို လူတိုင်းက မွှေးပျံ့နေပြီး လူတိုင်းက ဆွဲဆောင်မှုရှိကာ ကျော့ရှင်းနေကြတာပဲ၊ ငါသာ ဒါကို သိခဲ့ရင် စောစောကတည်းက လာခဲ့မှာပေါ့"

ယွဲ့ယင်းက စိတ်ထဲမှ တွေးမိသည်။

တောက်ပတဲ့ အဝါရောင် နဂါးဝတ်ရုံနဲ့ ဒီလူက... အိမ်ရှေ့စံမင်းသား မဟုတ်ဘူးလား၊ ကော်ကော်က ကြောင်နေတာလား၊ သူမက ဘယ်လိုလုပ် သူ့ကို မမှတ်မိရတာလဲ...

ဒါပေမဲ့ ချန်ကော်ကော်က အရိုအသေ မပေးဘူးဆိုရင် ငါကကော အရိုအသေ မပေးဘဲ နေရမှာလား...

ယွဲ့ယင်းမှာ အကျပ်ရိုက်သွားသဖြင့် ချန်ကော်ကော့်နောက်တွင်သာ တိတ်တဆိတ် ဒူးထောက်နေသည်။ ကံကောင်းထောက်မစွာဖြင့် အိမ်ရှေ့စံမင်းသားက သူမလို သာမန်အစေခံတစ်ဦးကို ဂရုစိုက်ပုံ မရပေ။

ချန်ကော်ကော်က ရှက်သွေးဖြာလျက် ပြောသည်။

"ရှင် ဘာတွေ လျှောက်ပြောနေတာလဲ"

အိမ်ရှေ့စံမင်းသားမှာ ပိုသဘောကျသွားကာ သူမအား ယုန်လေးကို ကမ်းပေးသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူ၍ သူ လက်များကို ဆွဲကိုင်လိုက်ပြီး မကောင်းဆိုးဝါးဆန်သော အပြုံးဖြင့် သူမကို ငုံ့ကြည့်လာသည်။

"မင်းရဲ့ လက်တွေ အေးခဲနေပြီပဲ အလှလေးရယ်၊ မင်း ဝတ် စားဆင်ယင်မှုကို ကြည့်ရတာ စတုတ္ထညီတော် စံအိမ်က ကချေသည်များလား၊ ပွဲတော်ပြီးရင် မင်းကို ငါ ခေါ်သွားမယ်၊ ဘယ်လိုလဲ"

ချန်ကော်ကော်က နောက်သို့ ခြေနှစ်လှမ်း အမြန်ဆုတ်လိုက်ကာ ထိတ်လန့်တကြားပြောသည်။

"ရှင် ဘယ်လို... ရှင် ဘယ်လိုတောင် ဒီလောက် ရိုင်းစိုင်းရတာလဲ"

ထိုစဉ် အေးစက်လှသော ယင်ကျန်း အသံက နောက်ဘက်မှ ထွက်ပေါ်လာသည်။

"ဒုတိယနောင်တော်... စတုတ္ထညီတော် လာတာ အချိန်အခါ မသင့်ဘူး ထင်ပါရဲ့၊ ကျုပ်ရဲ့ ကိုယ်လုပ်တော်က အစ်ကိုတော့်ကို မတော်မလျော် တစ်ခုခုများ စော်ကားမိလို့လား"

အမှန်တွင် ယင်ကျန်းတစ်ယောက်တည်း လာကြိုခြင်းမဟုတ်ဘဲ မင်းသားတစ်အုပ်ပါ ပါလာခဲ့ခြင်းပင်။ ဤအခိုက်အတန့်တွင် ချန်ကော်ကော်မှာ အဖြစ်အပျက်တစ်ခုလုံး၏ ဗဟိုချက်အာရုံစိုက်ရာ ဖြစ်သွားလေသည်။

သူမမှာ စိတ်လှုပ်ရှားမှုနှင့် ထိတ်လန့်မှု နှစ်မျိုးလုံးကို ခံစားလိုက်ရပြီး မျက်နှာဖြူရော်ကာ ချက်ချင်း ဒူးထောက်သည်။

"အိမ်ရှေ့စံမင်းသား... ကျွန်မကို ခွင့်လွှတ်ပေးပါရှင့်၊ ကျွန်မ မျက်စိကန်းပြီး အရှင့်ကို မမှတ်မိခဲ့ပါဘူး၊ စတုတ္ထမင်းသား... ကျွန်မရဲ့ ယုန်လေး ပျောက်သွားလို့ လိုက်ရှာနေတာပါ၊ အားလုံး ကျွန်မ အမှားပါ"

သူမက နှုတ်ခမ်းကို ကိုက်ကာ မတရားအနိုင်ကျင့်ခံထားရပြီး မျက်ရည်ဝဲနေသည့်ပုံစံ ဖမ်းသည်။ အိမ်ရှေ့စံမင်းသားက ယင်ကျန်းကို မြင်သောအခါ လျှောက်သွားပြီး သူ့ ပခုံးကို ပုတ်ကာပြောသည်။

"ဒါက မင်းရဲ့ နောက်ထပ် ကိုယ်လုပ်တော် တစ်ယောက်ပေါ့လေ၊ ဒီဒုတိယအစ်ကိုတော်လည်း သူမကို အရမ်း သဘောကျသွားပြီ၊ မင်း သူမကို လက်လွှတ်ပေးနိုင်မလား"

ယင်ကျန်း မျက်နှာထားမှာ မကောင်းလှသလို အခြား မင်းသားများမှာလည်း အနည်းငယ် အနေရခက်သွားကြသည်။ မင်းသားဆယ့်သုံးက အခြေအနေကို ပြေလည်စေရန် ဝင်ပြောလာသည်။

"ဟားဟားဟား... ဒုတိယအစ်ကိုတော်၊ အရက်တစ်ခွက်မှ မသောက်ရသေးခင် ယစ်မူးနေပြီလား"

အဋ္ဌမမင်းသားက ရှေ့သို့ ထွက်လာကာ "လာပါ ဒုတိယအစ်ကိုတော်... အစ်ကိုတော်နဲ့အတူ ကျွန်တော် နောက်ထပ် ခွက်အနည်းငယ်လောက် သောက်ပါရစေဦး"

အိမ်ရှေ့စံမင်းသားမှာ မင်းသားတစ်အုပ် ဝိုင်းရံလျက် အခန်းထဲသို့ ဝင်သွားကာ နောက်ထပ် မိန်းမတစ်ယောက်ကို ယူရန်ကိစ္စကို တစ်ခဏမျှ ဂရုမစိုက်နိုင်တော့ပေ။

ချန်ကော်ကော်က ဖြည်းညင်းစွာ မတ်တပ်ရပ်သည်။ သူမ ခြေထောက်များ ထုံကျင်နေသော်လည်း စိတ်ခံစားချက်မှာ ကောင်းမွန်နေပြီး နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးတက်နေသည်။

အနည်းဆုံးတော့ သူမ မျှော်လင့်ချက်ကို မြင်လိုက်ရသည်။ ယွဲ့ယင်းက သူမနောက်တွင် တုန်ယင်နေလျက် ပြောသည်။

"ကော်ကော်... ခုနက ကျွန်မကို တကယ် လန့်သေအောင် လုပ်လိုက်တာပဲ"

ချန်ကော်ကော် သူမကို တစ်ချက်ကြည့်လာသည်။

All Chapters