← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

🌻 Chapter 140

"ဘာကို ကြောက်နေတာလဲ ငါ အဆင့်အတန်း မြင့်လာတဲ့အခါ နင်လည်း နင့်ဝေစုနင့်အကျိုးအမြတ် ရမှာပေါ့"

ယွဲ့ယင်းက မျက်မှောင်ကြုတ်ကာ နားမလည်နိုင်စွာ မေးသည်။

"ကော်ကော်... ဘာကို ဆိုလိုတာလဲဟင်"

ချန်ကော်ကော်က ရိုးရှင်းစွာပင် ပြန်ပြောသည်။

"ပြန်သွားကြရအောင်"

ကမ်းချန်ချန်သည် အခန်းထဲတွင် အလုပ်ရှုပ်နေစဉ် ယင်ကျန်းက အိမ်ရှေ့စံမင်းသားကို ကြိုဆိုရန် အပြင်ထွက်သွားခဲ့ပြီး သူ ပြန်လာသောအခါ မျက်နှာထားမှာ မှုန်မှိုင်းနေသည်ကို သတိပြုမိသည်။ သူမနှလုံးသားမှာ ဒိတ်ခနဲ ခုန်သွားရသည်။

[ငါ သိသားပဲ၊ အဲ့မာနကြီးပြီး အာဏာရှင်ဆန်တဲ့ အိမ်ရှေ့စံမင်းသား ရောက်လာရင် ဘယ်တော့မှ ကောင်းတဲ့ကိစ္စ မလာပါဘူး]

ဖူကျင်းထံသို့ သူမအကြည့်ကို လှည့်လိုက်သောအခါ မကျေနပ်ချက်များက လှိုင်းလုံးကြီးတစ်ခုလို တက်လာသည်။

[ဖူကျင်းက တော်တော်လေး ကျန်းမာနေပုံ မရဘူးလား၊ သူမက ဒီနေ့ ပုံမှန်ထက်တောင်ပိုပြီး တောက်ပနေသေးတယ်၊ သူမရဲ့ အဝတ်အစားနဲ့ မိတ်ကပ်က သူမကို မိန်းမပျိုလေးတစ်ယောက်လို ထင်ရစေတယ်၊ ဘာလို့ ဒီကိစ္စကို ငါ့ဆီ ပုံချခဲ့တာလဲ]

[ပိုပြီးရှေ့နောက်မညီတာက အစတုန်းက နေမကောင်းလို့ ပွဲတော်ကို မတက်ဘူးလို့ ပြောခဲ့ပေမယ့် မနေ့ညကမှ ရုတ်တရက် ပွဲတော်တက်မယ်လို့ အကြောင်းကြားလာလို့ နေရာထိုင်ခင်းတွေ စီစဉ်ဖို့ ငါ့မှာ တစ်ညလုံး အိပ်ရေးပျက်ခံပြီး အလုပ်လုပ်ခဲ့ရတာပဲ]

[ဟွန့်... သူမ ဒီရောက်နေမှတော့ အလွတ်ပေးလို့ မဖြစ်ဘူး၊ တကယ်လို့ နောက်ပိုင်း မထင်မှတ်ထားတာ တစ်ခုခု ဖြစ်လာခဲ့ရင် ငါ သူမကို သွားပြီး မေးရမယ်]

[အိုး ဘုရားရေ... ငါ့ရဲ့ စတုတ္ထမင်းသားက မျက်နှာထားက တည်တင်းနေတာတောင် အရမ်းချောတာပဲ၊ မင်းသားတွေ အားလုံးထဲမှာ သူက အအေးဒဏ်ခံနိုင်တဲ့ ထင်းရှူးပင်လိုလို ဝါးပင်လိုလို မွန်မြတ်တဲ့ ထူးခြားတဲ့ အရှိန်အဝါ ရှိတာပဲ]

သူမ မကျေနပ်ချက်များကို ရင်ဖွင့်ပြီးနောက် ယင်ကျန်းက သူမ အတွင်းစိတ်အတွေးများကို ကြားနိုင်ကြောင်း ကမ်းချန်ချန် သတိရသွားသဖြင့် ချီးမွမ်းစကားများကို ပြောလိုက်ခြင်း ဖြစ်သည်။

ယင်ကျန်းမှာ အိမ်ရှေ့စံမင်းသားကြောင့် အစပိုင်းက အနည်းငယ် ဒေါသထွက်နေခဲ့သော်လည်း သူမဆီမှ ကယောင်ကတမ်း စကားများကို ကြားလိုက်ရသောအခါ အကြောင်းပြချက်မရှိဘဲ သူ့ စိတ်ခံစားချက်မှာ ကောင်းမွန်လာသည်။ သူက သူမကို တစ်ချက်ကြည့်လိုက်ရာ ထိုကောင်မလေးက သူ့ကို မျက်စိမှိတ်ပြနေသည်ကို မြင်လိုက်ရသည်။

ဤလောကမှာ သူ့ကို အမှန်တကယ် ဂရုစိုက်ပေးသော လူများ အမြဲတမ်း ရှိနေသည်ဆိုလျှင်ပင် လုံလောက်နေပြီ ဖြစ်သည်။

သူ ထပ်၍ သက်ပြင်းချမိသည်။

နှမြောစရာပဲ၊ တကယ့်ကို နှမြောစရာပဲ၊ တကယ်လို့ သူမက ငါ့ရဲ့ အတွင်းစိတ်အတွေးတွေကိုလည်း ကြားနိုင်ခဲ့ရင် အခန်းထဲမှာ ငါတို့ တိတ်တဆိတ် စကားပြောလို့ရနိုင်မှာပေါ့၊ အဲဒါက ပိုမကောင်းဘူးလား ?

မင်းသားဆယ့်သုံးက ယင်ကျန်း မျက်နှာပေါ်မှ ပြောင်းလဲနေသော အမူအရာများကို သတိပြုမိသွားသည်။ ယင်ရှန်က စိတ်ထဲမှ တိတ်တဆိတ် ရယ်မောနေသည်။

ငါသာ စတုတ္ထနောင်တော်နဲ့ အတူတူ ကြီးပြင်းလာခဲ့တာ မဟုတ်ရင် သူ့ရဲ့လက်ရှိ စိတ်အခြေအနေကို ခန့်မှန်းဖို့ ခက်ခဲမှာပဲ ဒီကမ်းစဲဖူက တော်တော်လေး ထူးခြားတာကိုး၊ တစ်နှစ်ကျော်လေးအတွင်းမှာ သူမက စတုတ္ထနောင်တော်ရဲ့နှလုံး သားထဲမှာ ဒီလောက်တောင်နေရာယူနိုင်နေပြီ

အိမ်ရှေ့စံမင်းသားမှာ သူ့ ညီတော်များက အကြိမ်ပေါင်းများစွာ အရက်တိုက်ကြသဖြင့် မကြာမီပင် အတော်လေး ယစ်မူးသွားသည်။ ထိုအချိန်တွင် ချန်ကော်ကော်က စင်မြင့်ပေါ်သို့ တက်လာကာ သူမ အစေခံများနှင့်အတူ လရောင်နန်းတော်သီချင်းဟူသော အသစ်ရေးဖွဲ့ထားသည့် ကကွက်တစ်ခုကို တင်ဆက်ကပြသည်။

ကမ်းချန်ချန်က စိတ်ထဲမှ တွေးနေသည်။

[ရှေးခေတ်တုန်းက ယောက်ျားနဲ့ မိန်းမ ခွဲခြားမှုက အရမ်း တင်းကျပ်ခဲ့တာပဲ၊ ဒါပေမဲ့ ကိုယ်လုပ်တော်တွေနဲ့ မင်းသားတွေ အားလုံးက အရမ်းကို မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တွေ၊ ကံကောင်းလို့ ငါက ပါးနပ်ပြီး ဉာဏ်ရည်ထက်မြက်လို့ပေါ့၊ ငါ စင်မြင့်ကို ဗဟိုချက် အမြင့်တစ်နေရာမှာ စီစဉ်ထားခဲ့တာ]

ထိုသို့ပြုလုပ်ထားသဖြင့် တင်ဆက်မှုဖြစ်စေ၊ အကဖြစ်စေ၊ အခန်း ထောင့်တစ်နေရာတွင် ထိုင်နေသူများပင်လျှင် မြင်တွေ့နိုင်လေသည်။ ဒုတိယထပ်တွင် အရေးကြီးသော အမျိုးသမီးများအတွက် စားပွဲနှစ်လုံး ရှိသည်။

တစ်လုံးမှာ စတုတ္ထမင်းသား၏ကိုယ်လုပ်တော်နှင့် အခြားမင်းသားများ ကိုယ်လုပ်တော်များအတွက်ဖြစ်ပြီး အခြားတစ်လုံးမှာ ပွဲတော်သို့ တက်ရောက်လာသော ဝန်ကြီးများ ခေါ်ဆောင်လာသည့် နျန်ချွင်းလင်ကဲ့သို့သော အမျိုးသမီးများအတွက် ဖြစ်သည်။

ကမ်းချန်ချန်က နျန်ချွင်းလင် ဘေးတွင် ထိုင်နေပြီး ဤသူမှာ အနာဂတ်တွင် နျန်စဲဖူ ဖြစ်လာမည့်သူဖြစ်ကြောင်း တွေးမိကာ သူမကို ခိုး၍ အကြိမ်အနည်းငယ် မကြည့်ဘဲ မနေနိုင်ခဲ့ပေ။

သူမကို မတွေ့ရသော လအနည်းငယ်အတွင်း ချွင်းလင်မှာ ပိုလှပကာ သိမ်မွေ့လာသည်။ ချွင်းလင်က သူမကို ပြုံးပြလာသည်။

"ဘာလို့ ဝူကော်ကော်ကို မတွေ့ရတာလဲ"

ကမ်းချန်ချန်က ဝူကော်ကော်နှင့် သူမ ရန်ငြိုးကို ရုတ်တရက် သတိရသွားကာ ပြန်ပြောသည်။

"သူမ စံအိမ်မှာ မရှိဘူး"

ချွင်းလင်က မျက်တောင်လေးခတ်ကာ မေးသည်။

"သူမ ဘယ်သွားလို့လဲ"

ကမ်းချန်ချန် ခေါင်းယမ်းကာ ခါးသီးစွာပြုံးလျက် ဖြေသည်။

"ငါလည်း မသိဘူး"

[စတုတ္ထမင်းသားက သူမကို ဘယ်ခြံဝင်းဆီ ပို့လိုက်လဲဆိုတာကို ငါ တကယ် မသိတာပါ၊ နင့်ကို ငါ လိမ်နေတာ မဟုတ်ဘူး]

ချွင်းလင်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဘာမှ ထပ်မပြောတော့ပေ။

နွီဟူလုက ချွင်းလင်ကို အနည်းငယ် စူးစမ်းချင်စိတ်ဖြင့် ကြည့်လာသည်။

"နင်က ဝူကော်ကော်ကို တကယ် သိနေတာလား"

ချွင်းလင် သူမကို အထက်အောက် စုန်ဆန်ကြည့်လာသည်။

"အင်း... ငါ သူမနဲ့ အကြိမ်အနည်းငယ် ဆုံဖူးတယ်၊ နင်က စတုတ္ထမင်းသား စံအိမ်က ကိုယ်လုပ်တော်အသစ်လား"

နွီဟူလု "ဟုတ်ပါတယ်..."

သူတို့နှစ်ဦး စကားပြောနေကြစဉ် ကမ်းချန်ချန်က စုန့်ကော်ကော်နှင့် စတင်၍ စကားပြောသည်။

ချန်ကော်ကော်သည် သူမ အကကို အဆုံးသတ်လိုက်ပြီး အိမ်ရှေ့စံမင်းသား ရှိရာဘက်သို့ တစ်ချက်ကြည့်လိုက်ကာ နောက်သို့ ပြန်ဆုတ်သွားသည်။ သူမက အစောက ဝတ်ထားခဲ့သော ဝတ်ရုံကို ပြန်ခြုံလိုက်ပြီး ကြိုးချည်ရင်း အပြင်သို့ ထွက်လာခဲ့သည်။ ယွဲ့ယင်းက အမြန်လိုက်လာသည်။

"ကော်ကော်... ကျွန်မတို့ လက်ဖက်ရည်သောက်ဖို့ အတွင်းခန်းကို သွားကြမလို့လား၊ ဘေးလမ်းက သွားရင် ပိုနီးတယ်လေ"

ချန်ကော်ကော်က "မသွားဘူး၊ ငါ ကရတာ နည်းနည်း ပူလာလို့ အပြင်ဘက်မှာ အအေးခံမလို့"

ပူနေတာ ဟုတ်လား...

ယွဲ့ယင်းမှာ စိတ်ထဲမှ မတွေးဘဲ မနေနိုင်ခဲ့ပေ။

ဟူး... ဖူကျင်းက အစတုန်းက ချန်ကော်ကော်ကို ကပြဖို့ တိုက်တွန်းခိုင်းခဲ့တာက ကမ်းချန်ချန် တစ်ယောက်တည်း မျက်နှာသာပေးမခံရအောင် မင်းသားရဲ့ မျက်နှာသာပေးမှုကို ယှဉ်ပြိုင်နိုင်ဖို့လေ၊ အခုတော့ ကိစ္စတွေက တကယ်ကို ရှုပ်ထွေးကုန်ပြီ၊ ချန်ကော်ကော်က သစ္စာဖောက်ချင်နေပြီဆိုတာ သိသာတယ်...

ငါ ဘာလုပ်ရမလဲ၊ ချန်ကော်ကော်ကပိုမြင့်တဲ့ အဆင့်အတန်းရှိတဲ့လူနဲ့ ပေါင်းဖက်ဖို့ အောင်မြင်တာဖြစ်ဖြစ်၊ မအောင်မြင်တာဖြစ်ဖြစ် ငါတော့ သေပြီပဲ၊ အခု တစ်ခုတည်း နည်းလမ်းက အခြေအနေတွေ ထိန်းမနိုင်သိမ်းမရ မဖြစ်ခင် ဖူကျင်းဆီကို သွားသတင်းပို့ပြီး အကြံဉာဏ်ကိုတောင်းဖို့ပဲ...

ထိုသို့တွေးမိပြီးနောက် ယွဲ့ယင်းဗိုက်ကို ဖိထားကာပြော သည်။

"ကော်ကော်... ကျွန်မ နေလို့ သိပ်မကောင်းဘူး၊ အဲဒါ..."

ချန်ကော်ကော် သူမကို မြင်ရသည်မှာ မျက်စိနောက်လာသဖြင့် လက်ဝှေ့ယမ်းကာ ပြောသည်။

"သွားတော့"

ယွဲ့ယင်းက ဖူကျင်းကိုရှာရန် အထဲသို့ ဝင်သွားသော်လည်း ကံမကောင်းစွာဖြင့် ဖူကျင်းနှင့် ချွေ့မားမားတို့ အပြင်ထွက်သွားကြောင်းကြားလိုက်ရသည်။

သူမမှာ ချွေးတွေ ရွှဲရွှဲစိုနေပြီး ဖရဲစေ့ စားနေသော ကမ်းချန်ချန်ကို တစ်ချက်ကြည့်ကာ ခဏမျှ တွန့်ဆုတ်သွားပြီးနောက် ဖူကျင်းကို ရှာရန်အပြင်သို့ ပြန်ထွက်လာလေသည်။

ယွဲ့ယင်း အလွန်အံ့သြသွားသည်မှာ သူမသည် ချွေ့မားမားကို ထောင့်တစ်နေရာတွင် တွေ့ရသော်လည်း ချွေ့မားမား အမူ အရာမှာ အစောင့်ကျနေသကဲ့သို့ဖြစ်နေခြင်းပင်။

သူမ ချက်ချင်း ခြေလှမ်းကိုရပ်တန့်မိသည်။ စူးရှသော အလို အလျောက်သိစိတ်က ထိုနေရာသို့ မသွားလျှင် ပိုကောင်းမည်ဟု သူမကို သတိပေးနေသည်။

ချွေ့မားမားကလည်း သူမကို မြင်သွားသည်မှာ သိသာလှပြီး လက်ယပ်ခေါ်လာသည်။

"ယွဲ့ယင်း... ဒီမှာ ဘာလာလုပ်တာလဲ"

ယွဲ့ယင်းမှာ ရွေးချယ်စရာ မရှိတော့သဖြင့် သွားရကာ အရိုအ သေပေးသည်။

"ချွေ့မားမား... ကျွန်မ ဖူကျင်းကို သတင်းပို့စရာ အရေးကြီးကိစ္စလေး တစ်ခုရှိလို့ပါ"

မကြာမီတွင် ဖူကျင်း ပုံရိပ်က နံရံအကွယ်မှ ထွက်ပေါ်လာပြီး သူမ မျက်လုံးများမှာ ငိုထားသကဲ့သို့ နီရဲနေသည်။

ထိုနံရံနောက်တွင် ဖူကျင်း တစ်ယောက်တည်းထက် ပိုနေလိမ့်မည်ဟု ယွဲ့ယင်း ခံစားမိသည်။ တကယ်လို့ သူမ တစ်ယောက်တည်းဆိုလျှင် အဲဒီမှာ ဘာလုပ်နေတာလဲ၊ သူမ ဟန်ဆောင်နေတာတော့ သေချာပေါက် မဟုတ်နိုင်ဘူးမလား...

ယွဲ့ယင်းက ခေါင်းကို အမြန်ငုံ့ထားလိုက်ပြီး ဆက်မကြည့်ရဲသလို ဆက်လည်း မတွေးရဲတော့ပေ။ ဖူကျင်းက မေးသည်။

"ဘာကိစ္စလဲ"

သူမအသံမှာ အနည်းငယ် အက်ကွဲနေလေသည်။ ယွဲ့ယင်း မျက်မှောင်ကြုတ်လာသည်။

"ချန်ကော်ကော်က အိမ်ရှေ့စံမင်းသားကို မြှူဆွယ်ဖို့ ကြိုးစားနေပုံရပါတယ်"

ဖူကျင်းက ဒေါသတကြီးဖြင့် အော်သည်။

"ဘာရယ်"

ဖူကျင်းနှင့်အတူ ယောကျာ်းတစ်ယောက်က အံ့အားသင့်သွားပုံရကာ လေကို ရှိုက်သွင်းလိုက်သံ ကြားလိုက်ရသည်။ ယွဲ့ယင်းက နံရံဆီသို့ ကြည့်လိုက်ပြီးနောက် ခေါင်းငုံ့ထားလျက် မျက်လွှာကို အမြန်ပြန်ချထားမိသည်။ သို့သော် ဖူကျင်းနှင့် ချွေ့မားမားတို့ နှစ်ဦးစလုံးက ယွဲ့ယင်းကို အေးစက်စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

"နင် ခုနက ဘာကြားလိုက်လဲ"

ယွဲ့ယင်း ချက်ချင်းဖြေသည်။

"ဒီအစေ... ဒီအစေခံ ဘာမှ မကြားလိုက်ပါဘူးရှင်"

ဖူကျင်းနှင့် ချွေ့မားမားတို့ အချင်းချင်း အဓိပ္ပာယ်ပါပါ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ချွေ့မားမားက ပြုံးလျက် ပြောသည်။

"လိမ္မာလိုက်တဲ့ ကလေးမလေး၊ နင့်ရဲ့ သတင်းပို့မှုက အချိန် ကိုက်ပါပဲ၊ အခု ငါတို့ သွားကြည့်ကြတာပေါ့"

All Chapters