အခန်း ၁၀၂
Vol. 11 Ch. 102
📗 Chapter 102
ရမ်သဲ့ထန်၏တစ်ဦးတည်းသော ပိုင်ရှင်ဖြစ်သည့်အလျောက် စုန့်ကွမ်းကျင့်တွင် အကြွင်းမဲ့အာဏာရှိသည်။
စာချုပ်တွင် လက်မှတ်ထိုးပြီးနောက် သူ့တပည့်နှင့် ကျောင်း သားကျန်းတို့ကို ပေကျင်းမြို့စွန်ရှိ စက်ရုံသို့ ကိုယ်တိုင်ကိုယ် ကျ ခေါ်ဆောင်သွားခဲ့သည်။
“ခုချိန်ကစပြီး မင်းတို့ကို ဒီကို လိုက်ပို့ပေးဖို့ ရှောင်းကွမ်ကို တာဝန်ပေးလိုက်မယ်၊ တစ်ခုခု လိုအပ်တာရှိရင် သူ့ကိုသာ သွားပြောလိုက်”
ကျန်းခိုင်နင် မျက်လုံးများ အံ့အားသင့်မှုဖြင့် ပြူးကျယ်နေရသည်။
ဤနေရာကြီးနှင့် ယှဉ်လိုက်လျှင် သူ့မိသားစုလုပ်ငန်းလေးမှာ အလုပ်ရုံအဆင့်ပင် မမီတော့ပေ။
ဤစက်ရုံတွင် အလုပ်ရုံတန်းပေါင်း ဆယ်ဂဏန်းကျော်ရှိပြီး စက်သံများမှာလည်း ဟိန်းဟိန်းညံနေခဲ့သည်။ ဆေးပင်အမျိုးမျိုးမှာ သယ်ယူပို့ဆောင်ရင်း ခါးပတ်များပေါ်တွင် လိမ့်ဆင်းလာပြီး အလုပ်သမားများက အမျိုးအစားခွဲကာ စိစစ်နေကြပါသည်။
ယဲ့ရှောင်ရှောင်က ပထမဆုံးအသုတ်အတွက် ထုတ်လုပ်မည့် ပမာဏကို စဉ်းစားနေပြီဖြစ်သည်။
“ကျန်းခိုင်နင်၊ အရင်ဆုံး ဖော်မြူလာ အချိုးအစားတွေကို အသေအချာ ပြန်ညှိထားလိုက်၊ ပထမဆုံးအသုတ်မှာ အများကြီး ထုတ်လုပ်ဖို့ မလိုသေးဘူး၊ ဒါပေမယ့် အာနိသင်က အမြင့်ဆုံး မဟုတ်ရင်တောင် သုံးစားမရတဲ့အခြေအနေထိ ရောက်သွားလို့တော့ မဖြစ်ဘူး”
ကျန်းခိုင်နင်က ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံသည်။
“ဟုတ်တယ် ဟုတ်တယ်”
စုန့်ကွမ်းကျင့်သည်လည်း လူငယ်နှစ်ယောက်ကို ယုံကြည်မှု အပြည့်ရှိပါသည်။
သူသည် အမှတ်(၅) အလုပ်ရုံမှ မန်နေဂျာကို ခေါ်ဆောင်ပြီး ညွှန်ကြားချက်အချို့ပေးပြီးနောက် ကျန်ရှိနေသော ကိစ္စများကိုမူ လူငယ်နှစ်ဦး၏လက်ထဲဿာ လွှဲအပ်ထားခဲ့သည်။
အသက်အရွယ်ရလာပြီဖြစ်သော စုန့်ကွမ်းကျင့်မှာ အနည်း ငယ်လှုပ်ရှားရရုံနှင့် အားအင်များကုန်ခမ်းလာသည်ဟု ခံစားရသဖြင့် ကလေးနှစ်ယောက်ကို မန်နေဂျာလက်ထဲ အပ်နှံပြီးနောက် ပြန်သွားလေတော့သည်။
ယဲ့ရှောင်ရှောင်နှင့် ကျန်းခိုင်နင်တို့နှစ်ယောက် စက်ရုံထဲတွင် အချိန်အတော်ကြာအောင်နေခဲ့ကြပြီး မှောင်ရီပျိုးခါနီးမှ ပြန်လာခဲ့ကြပါသည်။
ဝယ်ယူဖို့ လိုအပ်သည့် ကုန်ကြမ်းများကို အတည်ပြုပြီးနောက် ထုတ်လုပ်မှု တရားဝင်စတင်သည့်အချိန်ကျမှ စက်ရုံသို့ ပြန်လာရန်ဆုံးဖြတ်လိုက်ကြသည်။
ထို့နောက် စုန့်ရှောင်းကွမ်က သူတို့နှစ်ယောက်ကို ကျောင်းသို့ ပြန်ပို့ပေးခဲ့ပါသည်။
ကျန်းခိုင်နင်သည် ယဲ့ရှောင်ရှောင်ကို ကျောင်းရှေ့ရှိ စားသောက်ဆိုင်တွင် ညစာဝယ်ကျွေးခဲ့သည်။
“ရှောင်ရှောင်၊ ဒီနေ့က ရုတ်တရက်ကြီးပဲနော်၊ အဲ့လို အကျော် အမော်ကြီးတစ်ယောက်နဲ့ လက်တွဲရလိမ့်မယ်လို့ ငါအိပ်မက်တောင် မမက်ဖူးဘူး”
ယဲ့ရှောင်ရှောင်က မေးသည်။
“အဲ့ဒီအကြံက နင့်အကြံပဲမဟုတ်ဘူးလား”
ကျန်းခိုင်နင် ခေါင်းညိတ်သည်။
“ဟုတ်တော့ ဟုတ်ပါတယ်၊ ဒါပေမယ့် ငါက ကိုယ့်ဖာသာကိုယ် အသေးစားလုပ်ငန်းလေးပဲ စလုပ်ချင်ခဲ့တာ၊ နင့်ကို သိမ်းသွင်းခဲ့တာကလည်း လုပ်အားလိုအပ်လို့ပါ”
ယဲ့ရှောင်ရှောင် ပြန်ချေပလိုက်သည်။
“ဆုတောင်းလေ၊ ငါက နင့်အတွက် အလုပ်ကြမ်းလုပ်ပေးမှာတဲ့လား”
ကျန်းခိုင်နင်မှာ စိတ်လှုပ်ရှားမှုကို ထိန်းချုပ်မရတော့ပေ။
“ကဲပါ ကဲပါ၊ ဒီနေ့ ငါတို့လုပ်ငန်းကို စတင်နိုင်ခဲ့တဲ့ အထိန်းအ မှတ်အနေနဲ့ နင့်ကို တကယ်ပြုစုမယ်၊ စားချင်တာသား မှာစား”
“ဒါဆို ငါလည်း အားနာမနေဘူးနော်”
“ငါတို့နှစ်ယောက်က ခုချိန်ကစပြီး ညီအစ်ကိုတွေ ဖြစ်သွားပြီပဲဥစ္စာ၊ ဘာအားနာစရာလိုလို့လဲ”
ယဲ့ရှောင်ရှောင်ထံမှ ယွမ် ၅၀ ရရှိထားသည်မှာ မကြာသေးသဖြင့် ကျန်းခိုင်နင်တွင် ငွေမရှားပေ။
စားသောက်ဆိုင်ထဲ ရောက်ရှိပြီးနောက် ဆိုင်၏နာမည်ကြီးဟင်းလျာအတော်များများကို ချက်ချင်းမှာယူလိုက်သည်။
ယဲ့ရှောင်ရှောင်သာ မတားလျှင် သူမှာထားသမျှ ဟင်းလျာများကိုနှစ်ယောက်တည်း ကုန်အောင် စားနိုင်တော့မည် မဟုတ်ပေ။
ဤအချိန်တွင် ကျောင်းရှေ့ရှိ ဆိုင်များတွင် အလွန်လူကျနေပါသည်။ စားသောက်ဆိုင်တွင် ထိုင်စားနေသူများမှာ ပြည့်စုံသူများဖြစ်၍ များသောအားဖြင့် ဝတ်ကောင်းစားလှများ ဝတ်ဆင်ထားတတ်ကြသည်။
လူအများစုသည် ယဲ့ရှောင်ရှောင်၏မျက်နှာလေးကြောင့် သူတို့ဝိုင်းကို မကြာခဏ လှည့်လှည့်ကြည့်နေသဖြင့် ကျန်းခိုင်နင်ပင် အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်လာမိပါသည်။
သို့သော် ယဲ့ရှောင်ရှောင်ကိုတော့ သူလေးစားမိသည်။ သူမ ပုံစံက အလွန်တည်ငြိမ်လွန်းလှသည်။
ဘဝတွင် စကားများများစားစား ပြောစရာမလိုဘဲ အောင်မြင်မှုများရရှိနိုင်မည့် လူစားမျိုးပင် မဟုတ်ပါလား။
ထိုအချိန်တွင် စားသောက်ဆိုင်ထဲသို့ ယောက်ျားလေးတစ်ဦးနှင့် မိန်းကလေးတစ်ဦးတို့ ဝင်လာခဲ့ကြသည်။
“အစ်ကိုကျမ့်ဝမ်၊ အစ်ကိုမကြာခင် အလုပ်သင်ဆင်းဖို့ တခြားမြို့ကို သွားရတော့မယ်လို့ကြားလို့ အစ်ကို့ကိုလာနှုတ်ဆက်တာပါ”
ဟောက်ယန်ယန်သည် ရှုကျမ့်ဝမ်ကို လက်ဆောင်ပေးဖို့အတွက် သူမ ကိုယ်တိုင်ချုပ်လုပ်ထားသည့် ဖိနပ်တစ်ရံပါသော လက်ဆောင်ဘူးလေးကို ကိုင်ထားသည်။
“ဒီတိုင်း အလုပ်သင် သွားဆင်းရုံပါ”
ရှုကျမ့်ဝမ် အေးတိအေးစက် ပြန်ပြောသည်။
သူ့မိသားစုက အဆက်အသွယ်ကျယ်ပြန့်သဖြင့် တခြားမြို့တွင် အလုပ်သင်တာဝန်ကျလျှင်ပင် ပေကျင်းမြို့သို့ပြန် လည်ရွှေ့ပြောင်းခံရဖို့ နည်းလမ်းတစ်ခုခုရှာဖွေကြပါလိမ့် မည်။ ထို့ကြောင့် သူစိတ်ပူစရာ မလိုအပ်ပါ။
သို့သော် ယခုလိုဟောက်ယန်ယန် မပြောမဆိုဘဲ ရောက်ရှိလာခြင်းကြောင့် သူအနည်းငယ် စိတ်ညစ်သွားခဲ့ရသည်။
သူ့တွင် ကောင်မလေးအသစ်တစ်ယောက် ရှိနေသည်ဟု အခန်းဖော်များက အတင်းပြောနေကြပြီး ကောလဟာလများပင် ပျံ့နေခဲ့ပါပြီ။
အမှန်တော့ သူ့တွင် မည်သည့်ကောင်မလေးမှမရှိပါ။ လော လောဆယ် ရည်းစားထားဖို့လည်း စိတ်ကူးမရှိပါ။
သူနှင့် ယဲ့ရှောင်ရှောင်တို့ ဘာမှမသက်ဆိုင်တော့သော်လည်း ယခင်က သူမျှော်လင့်ထားခဲ့သလို ပျော်ရွှင်မနေခဲ့ပေ။
ဟောက်ယန်ယန်ကိုလည်း သူ သဘောမကျပေ။
ဟောက်ယန်ယန်သည် ရှုကျမ့်ဝမ်အနားတွင် ရှိနေသည့်အချိန်တိုင်း အလွန်ထိန်းထိန်းသိမ်းသိမ်း နေထိုင်ပြောဆိုတတ် သည်။
“ဘာပဲဖြစ်ဖြစ် သတိတော့ထားမှပေါ့၊ နေရာအသစ်ကိုရောက်ရင် ရာသီဥတုအပြောင်းအလဲကြောင့် နေမကောင်း ဖြစ်တတ်တယ်တဲ့”
ဆိုင်ထဲသို့ ရောက်သောအခါ စားသောက်ဆိုင်တစ်ဆိုင်လုံး လူပြည့်နေပြီး စားပွဲအလွတ်မရှိသည်ကို သူတို့ မြင်လိုက်ရသည်။
ဆိုင်ရှင်က သူတို့ထံ လျှောက်လာပြီး မေးမြန်းလိုက်ပါသည်။
“တခြားသူနဲ့ ဝိုင်းမျှထိုင်လို့တော့ ရပါတယ်၊ အဆင်ပြေလားမသိဘူး”
ဟောက်ယန်ယန်က ငြင်းလိုက်သည်။
“ထားလိုက်ပါတော့၊ အခြားဆိုင်တစ်ခုခု သွားရအောင် အစ်ကိုကျမ့်ဝမ်”
သို့သော် ရှုကျမ့်ဝမ် နေရာတစ်ခုသို့ ရုတ်တရက် လျှောက်သွားခဲ့သည်။
ဟောက်ယန်ယန်လည်း နောက်မှလိုက်လာခဲ့ရာ စားပွဲတစ်ခုတွင်ထိုင်နေသည့် လူတစ်ယောက်ကို မြင်ပြီး ကြက်သေသေသွားခဲ့ရသည်။
ဟောက်ယန်ယန်သည် ပေကျင်းမြို့သို့ စတင်ရောက်ရှိလာစဉ်က ယဲ့ရှောင်ရှောင်ကိုမြင်ဖူးခဲ့ပါသည်။
ယဲ့ရှောင်ရှောင်မှာ သူမကို စကားဖြင့် အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ဖူးသည်။ သို့သော် နောက်ဆုံးတွင်တော့ ယဲ့ရှောင်ရှောင်ကသာ ရှုံးနိမ့်သွားခဲ့ရသည်။
ဟောက်ယန်ယန်က ဘာမှပင် လုပ်စရာမလိုလိုက်ဘဲ ဟောက်မိသားစု၏တစ်ဦးတည်းသော သမီးလေးဖြစ်သွားခဲ့သည်။
‘ယဲ့ရှောင်ရှောင်က ဘာလို့ ဒီရောက်နေတာလဲ၊ ပိုင်ချွမ်ရွာမှာ ရှိနေရမှာ မဟုတ်ဘူးလား၊ ပြီးတော့ဘာလို့လဲ… ဟောက်မိသားစုက ထွက်သွားပြီးတော့ ယဲ့ရှောင်ရှောင် ဘာလို့ ဘာမှ မပြောင်းလဲသေးတာလဲ’
အမှန်တော့ ယဲ့ရှောင်ရှောင်မှာ သူမတို့ ပထမဆုံးတွေ့ဆုံခဲ့သည့်အချိန်ကထက်ပင် ပိုလှလာပါသေးသည်။
“ဝိုင်းမျှထိုင်လို့ အဆင်ပြေမလား”
ရှုကျမ့်ဝမ် မေးလိုက်သည်။
ယဲ့ရှောင်ရှောင် ခေါင်းမော့ကြည့်လိုက်ရာ ရှုကျမ့်ဝမ်ကို မြင်လိုက်ရသည်။ ထို့နောက် သူ့နောက်တွင်ပါလာသည့် ကောင်မ လေးကိုလည်း မြင်လိုက်ရပါသည်။
‘ဒီမိန်းကလေးက… နက်မှောင်နေတဲ့ ကျစ်ဆံမြီးတွေ၊ မျက်နှာဝိုင်းဝိုင်း၊ နှုတ်ခမ်းပါးပါးနဲ့ ရိုးသားဟန်ရှိတဲ့ အကြည့်တွေ… ဒါ ‘ဇာတ်လိုက်မင်းသမီး’ လား’
ကျန်းခိုင်နင်ကတော့ သဘောရိုးဖြင့် ခွင့်ပြုပေးလိုက်သည်။
“ရပါတယ် ရပါတယ်၊ စားပွဲက အကျယ်ကြီးပဲဥစ္စာ”
ရှုကျမ့်ဝမ်သည် ယဲ့ရှောင်ရှောင်ဘေးတွင် ဝင်ထိုင်လိုက်သည်။
ယဲ့ရှောင်ရှောင် သူမကို အကဲခတ်နေစဉ်အချိန်အတွင်း ဟောက်ယန်ယန်ဘက်က စကားစလိုက်ရပါသည်။
“မတွေ့တာကြာပြီ ရှောင်ရှောင်”
ယဲ့ရှောင်ရှောင် တည်တည်ငြိမ်ငြိမ်ပင် မျက်နှာလွှဲလိုက်သည်။
“ငါ အိမ်ပြန်လာတုန်းက နင့်ကို မတွေ့မိဘူးနော်”
ထိုအကြောင်းကို ဟောက်ယန်ယန် မကြားမိပေ။
‘ယဲ့ရှောင်ရှောင် အိမ်ပြန်လာသေးတယ်လား၊ ဘယ်တုန်းကလဲ၊ အဖေနဲ့အမေက ဘာလို့မပြောပြတာလဲ၊ ယဲ့ရှောင်ရှောင် ပုံစံက အရမ်းပြည့်စုံနေသေးတဲ့ပုံပဲ၊ ဟောက်မိသားစုက ထောက်ပံ့ပေးထားတုန်းပဲလား’
ဟောက်ယန်ယန်၏အာရုံထဲ မေးခွန်းပေါင်းစုံပေါ်လာခဲ့သည်။
သို့သော် ယဲ့ရှောင်ရှောင်၏မေးခွန်းကိုတော့ ပေါ့ပေါ့ပါးပါးသာ ပြန်ဖြေခဲ့ပါသည်။
“အမေက ငါ့ကို အပြင်သင်တန်းတွေ တက်ခိုင်းထားလို့လေ၊ အဲ့တာကြောင့် သင်တန်းရောက်နေလို့ပါ”
တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကျသွားပြီးနောက် ဟယ်ချောင်းရှန့်သည် ဟောက်ယန်ယန်ကို ပညာရေးတွင် မျှော်လင့်ချက် မထားတော့ပေ။
ထို့အစား သူမကို စစ်တပ်ဖျော်ဖြေရေးအဖွဲ့ထဲသို့ ထည့်သွင်းနိုင်ရန် မျှော်လင့်ချက်ဖြင့် ဂီတအတန်းများ တက်ခိုင်းထားခဲ့သည်။ အနည်းဆုံးတော့ ဤလမ်းမှာ ဂုဏ်သိက္ခာရှိသောလမ်း ဖြစ်နိုင်ပါသည်။
ဟောက်ယန်ယန်သည် သင်တန်းများတက်နေသည့်အပြင် အခန်းတစ်ခန်းကို ငှားရမ်းထားပါသေးသည်။ အဝတ်အ ထည်များကို လက်ကားယူ၍ ထိုနေရာတွင် သိမ်းထားသည်။
အားသည့်အချိန်တွင် သူမသည် အပြင်ထွက်ကာ လမ်းဘေးဆိုင်ဖွင့်၍ အဝတ်ရောင်းလျက်ပိုက်ဆံရှာလေ့ရှိသည်။ ယခု သူမသည် ယွမ် ၃၀၀ ကျော် စုမိထားပါပြီ။
ထိုအကြောင်းကို ဟယ်ချောင်းရှန့်အားမပြောပြရဲပါ။ အမေဖြစ်သူက လုံးဝခွင့်ပြုပေးမည် မဟုတ်ကြောင်း သိနေခြင်းကြောင့်ပင်။
“ဪ ဟုတ်လား…”
ယဲ့ရှောင်ရှောင် သာမန်ကာလျှံကာ တုံ့ပြန်လိုက်သည်။
အမှန်တွင် သူမသည် ဟောက်ယန်ယန်နှင့် ရန်သူမဖြစ်လိုသော်ငြား သူငယ်ချင်းလည်းဖြစ်လာနိုင်မည် မဟုတ်ပေ။
ငြိမ်းငြိမ်းချမ်းချမ်းနှင့် အတူတူ ယှဉ်တွဲနေထိုင်နိုင်လျှင် အကောင်းဆုံး ဖြစ်သည်။ မဟုတ်လျှင် သူမဘက်မှ အလျှော့ ပေးမည် မဟုတ်ပါ။
ကျန်းခိုင်နင် မှင်သက်သွားသည်။
“ရှောင်ရှောင်၊ နင် သူတို့နဲ့ သိတယ်လား”
“ဪ အရင်က တွေ့ဖူးလို့ပါ”
ရှုကျမ့်ဝမ် တိတ်ဆိတ်နေခဲ့သည်။
‘အရင်က တွေ့ဖူးတယ်ဆိုရုံပဲလား’
ကျန်းခိုင်နင်သည် အခြေအနေကို သိပ်နားမလည်သော်လည်း သူတို့ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ပါသည်။
“ကဲပါ ဘာပဲဖြစ်ဖြစ် ထိုင်လို့ရပါတယ်၊ စားကြပါဦး”
ရှုကျမ့်ဝမ် အမူအရာမှာ အေးစက်လှသည်။
“မစားတော့ပါဘူး၊ ကျေးဇူးပဲ”
ဟောက်ယန်ယန်သည်လည်း မဝံ့မရဲဖြင့် ဝင်ထိုင်လိုက်ရပါသည်။
တိုက်ဆိုင်ခြင်းလားမသိသော်လည်း ရှုကျမ့်ဝမ်မှာယူလိုက်သည့် ဟင်းလျာများမှာ ယဲ့ရှောင်ရှောင်နှင့် ကျန်းခိုင်နင်တို့ စားသောက်နေသည့် အစားအသောက်များနှင့် အတူတူပင် ဖြစ်နေသည်။
ဤဆိုင်တွင် ရှုကျမ့်ဝမ် မစားဖူးခြင်းကို ယဲ့ရှောင်ရှောင် မယုံ ကြည်ပေ။
ရှုကျမ့်ဝမ်မှာ ကျင့်ဟွာတက္ကသိုလ်တွင် အချိန်အတော်ကြာအောင် နေထိုင်လာခဲ့သူဖြစ်ရာ အနီးနားရှိ စားသောက်ဆိုင်များအကြောင်းကို ကောင်းကောင်းသိနေသင့်ပါသည်။
ဟင်းလျာများကို စောင့်နေစဉ် ဟောက်ယန်ယန်သည် ယဲ့ရှောင်ရှောင်ကို မကြာခဏ ခိုးကြည့်နေမိသည်။
သူမ အဘယ်ကြောင့် ဤနေရာသို့ ရောက်ရှိလာရသနည်းဟု ဟောက်ယန်ယန် အလွန်မေးမြန်းချင်နေသည်။
‘ဒီမှာ ပညာလာသင်နေတာလား… မဖြစ်နိုင်ပါဘူး’
ယဲ့ရှောင်ရှောင်၏အမှတ်များမှာ သာမန်သာဖြစ်ကြောင်း သူမ ကြားဖူးသည်။
အနီးနားရှိ ကျောင်းများမှာလည်း ထိပ်တန်းတက္ကသိုလ်များ ဖြစ်ကြရာ ယဲ့ရှောင်ရှောင် ဝင်ခွင့်ရနိုင်စရာအကြောင်း လုံးဝ မရှိပေ။
“ငါဗိုက်ပြည့်သွားပြီမို့လို့ ပြန်တော့မယ်နော်၊ နင်တို့ ဆက်ကြစားပါ”
ယဲ့ရှောင်ရှောင် တူကို လက်ထဲမှချရင်း ပြောလိုက်ပါသည်။
ကျန်းခိုင်နင်လည်း စားသောက်ပြီးလုနီးပါးဖြစ်နေပါပြီ။ ယဲ့ရှောင်ရှောင်၏စကားကိုကြားသောအခါ သုတ်သုတ်ပျာပျာ ဝင်ပြောလိုက်သည်။
“အဲ… ငါလည်း ဗိုက်ပြည့်ပြီ”
ရှုကျမ့်ဝမ် တစ်ခုခုပြောဖို့ ကြံလိုက်သော်လည်း မပြောဖြစ်ခဲ့ဘဲ ပြန်မျိုသိပ်လိုက်ရသည်။
သူ့တွင် သူမကို ဆက်နေဖို့ရာ တောင်းဆိုပိုင်ခွင့်မရှိတော့ချေ။