← Chapters

အခန်း ၁၁၉

Vol. 12 Ch. 119

အခန်း ၁၁၉

Vol. 12 Ch. 119

📗 Chapter 119

“ဒုတိယမြောက်ကျောင်းသားကတော့ မိဘမဲ့တဲ့လေ၊ တက္ကသိုလ်လာတက်ဖို့ လမ်းစရိတ်ကိုတောင် သူ့ဇာတိရွာက ရွာသူရွာသားတွေ စုပေါင်းပြီး ရှာပေးထားကြတာတဲ့”

“ပြီးတော့ နောက်တစ်ယောက်ကလည်း အဖေဖြစ်တဲ့သူ ဆုံးပါးသွားလို့ နာမကျန်းဖြစ်နေတဲ့အမေနဲ့ အရမ်းငယ်တဲ့ ညီမလေးတစ်ယောက်ကို အိမ်မှာ ဒီတိုင်း ထားခဲ့ရတာတဲ့”

“…”

ဟယ်ကျင်း ထိုသို့ ရှင်းပြလိုက်သောအခါ အခြားသူများလည်း ထူးဆန်းသည်ဟု မခံစားရတော့ပါ။ သို့သော် လီမိန့်ရူအတွက်တော့ အရာရာပိုခက်ခဲသွားပါတော့မည်။

“ရပါတယ်၊ ငါအပြင်ဘက်က စားသောက်ဆိုင်တစ်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ပြီး စုထားတဲ့ပိုက်ဆံတွေ ရှိတယ်၊ ပြီးတော့ အရင်တစ်ခေါက်က ကျောင်းကပေးထားတဲ့ ထောက်ပံ့ ကြေးကလည်း ကြာကြာအသုံးခံမှာပါ”

လီမိန့်ရူ အားတင်းပြုံးကာ ပြောလိုက်သည်။

သို့သော် ပွင့်လင်းပြီး စကားကိုတဲ့တိုးပြောတတ်သည့် ရှားလီက ဝင်မေးလိုက်ပါသည်။

“ဒါပေမယ့် နင့်ပိုက်ဆံတွေကို နင့်အိမ်ပြန်ပို့ပေးလိုက်တာ မဟုတ်ဘူးလား!”

လီမိန့်ရူ: “စိတ်မပူပါနဲ့၊ ငါ ငတ်တော့ မသေပါဘူး”

ရှားလီလည်း ပါးစပ်ပိတ်သွားတော့သည်။ လီမိန့်ရူသာ စားဖို့သောက်ဖို့ မလောက်ငတော့သည်အထိ ခက်ခဲလာလျှင် သူမကတော့ ကျိန်းသေပေါက်ကူညီပေးပါမည်။

ယဲ့ရှောင်ရှောင်လည်း လီမိန့်ရူကို လှည့်ကြည့်လိုက်သည်။

သူမအနေဖြင့် လောလောဆယ်တွင် အနည်းငယ် တောင့်ခံ ထားနိုင်သေးသော်လည်း အလွန်ခက်ခဲလာသည့် အခြေအနေသို့ ရောက်ရှိလာလျှင် ယဲ့ရှောင်ရှောင် ကူညီပေးဖို့ အသင့်ရှိနေပါသည်။

အခန်းဖော်များက အားပေးစကားများ ပြောနေကြသော် လည်း လီမိန့်ရူမှာ အထူးထောက်ပံ့ကြေးငွေ မရရှိလိုက်သည့်အတွက် မပျော်မရွှင်ဖြစ်နေဆဲပင်။

ဝမ်ကျောင်းကမူ ထုံးစံအတိုင်း ပတ်ဝန်းကျင်အခြေအနေကို မကြည့်တတ်ဘဲ ပေါ်တင်ဝင်ပြောလိုက်ပါသည်။

“မရရင်လည်း မရဘူးပေါ့၊ တကယ်လို့ နင်စားဖို့သောက်ဖို့ ငွေပြတ်သွားရင် ငါ နည်းနည်း ချေးပေးလို့ရတယ်”

“ကျေးဇူးပါ”

လီမိန့်ရူ တိုးညှင်းစွာ ကျေးဇူးတင်လိုက်သော်လည်း စိတ်ကျေနပ်သွားပုံတော့ မရပေ။

သို့သော် ဝမ်ကျောင်းကမူ ပြဿနာအားလုံး ပြေလည်သွားသည့်အလား အလွန်ကျေနပ်သွားသည်။ သူမ၏ ကောင်လေးနှင့် ချိန်းတွေ့ဖို့အတွက် အဆောင်မှ ကြော့ကြော့မော့မော့ ထွက်သွားလေတော့သည်။

ထန်ရှို့ရှို့: “သူ့ကြည့်လိုက်ရင် နေ့တိုင်းပျော်ရွှင်နေတာပဲနော်”

ယဲ့ရှောင်ရှောင်လည်း စားပွဲတွင်ထိုင်ကာ စာအုပ်ဆက်ဖတ်နေလိုက်သည်။

ခုတလော သူမအလွန် အလုပ်များနေသဖြင့် အခြားသူများ ၏ကိစ္စကို စိုးရိမ်ပေးဖို့ အချိန်မရှိပါ။ နေ့တိုင်း စက်ရုံကို သွားရောက်ကြည့်ရှုရပြီး ရမ်သဲ့ထန်သို့ သွားရောက်ကာ ကျန့်လင်ကိုလည်း အပ်စိုက်ကုသပေးရသေးသည်။

အသားဖြူလိမ်းဆေးခရင်မ်ကို ဖော်မြူလာအတိုင်း စတင်ထုတ်လုပ်နေပြီဖြစ်ရာ အဆင့်တိုင်းကို သူမ ကြီးကြပ်ပေးနေရပါသည်။

--- --- ---

ထိုနေ့ မွန်းလွဲပိုင်းအချိန်တွင် ယဲ့ရှောင်ရှောင်သည် စက်ဘီးဖြင့် ဘတ်စ်ကားဂိတ်သို့ သွားခဲ့ပြီး ဘတ်စ်ကားဖြင့် ရမ်သဲ့ထန်သို့ သွားခဲ့သည်။

ကျန့်လင် ဆေးကုသမှု ခံယူနေသည်မှာ အချိန်အတော်ကြာပြီဖြစ်ရာ တစ်ကြိမ်ထက်တစ်ကြိမ် ကျန်းမာရေး ပိုမိုတိုးတက် ကောင်းမွန်လာနေပါသည်။

ယခုတစ်ကြိမ် အပ်စိုက်ကုသမှုခံယူနေစဉ်အတွင်း ကျန့်လင်က စိတ်လှုပ်ရှားစွာပြောလိုက်သည်။

“ငါအရင်က ပြောဖူးတဲ့ နည်းပညာမူပိုင်ခွင့်ကိစ္စလေ၊ ကုမ္ပဏီတစ်ခုက အဲ့ဒီနည်းပညာကို ဝယ်ချင်လို့တဲ့”

ယဲ့ရှောင်ရှောင်: “ကောင်းတာပေါ့၊ နင့်အတွက် စာချုပ်စာ တမ်းကိစ္စ စီစဉ်ပေးဖို့ စိတ်ချရတဲ့ ရှေ့နေတစ်ယောက် ရှာသင့်တယ်နော်”

ဤခေတ်တွင် စာချုပ်ဟူသည်မှာ အတုလုပ်ဖို့ လွယ်ကူလွန်းပါသည်။ မသိနားမလည်သည့် ကျောင်းသားတစ်ယောက်ကို လှည့်စားဖို့ ဟူသည်မှာ မခက်ခဲလှပေ။

“သူတို့က အပြီးအပြတ်ဝယ်ယူချင်တာ၊ ယွမ် တစ်သိန်းနဲ့လေ”

ဤခေတ်ကာလတွင် ယွမ်တစ်သိန်းဟူသည်မှာ အလွန်ပင် များပြားလှသော ပမာဏဖြစ်သည်။

ယဲ့မိသားစုကဲ့သို့ သားသမီးများပြားသော အိမ်ထောင်စုတစ်စုအတွက်ပင်လျှင် ထိုငွေကို ကုန်အောင်သုံးနိုင်မည် မဟုတ်ပေ။

ယဲ့ရှောင်ရှောင် အကြံပြုသည်။

“အခြေခံပေးချေမှုနဲ့ အမြတ်ဝေစုခွဲတဲ့ ပုံစံမျိုးရအောင် ညှိနှိုင်းကြည့်လိုက်ပါလား၊ အဲ့ဒီကုမ္ပဏီကို အခြေခံဈေးနှုန်းတစ်ခု သေချာသတ်မှတ်ခိုင်းပြီး နောက်ပိုင်းရလာမယ့် အမြတ်အစွန်းတွေကိုလည်း နင့်ကို နှစ်စဉ်အမြတ်ဝေစုအဖြစ် ခွဲပေးဖို့ပေါ့”

ကျန့်လင် ခေါင်းညိတ်လိုက်သည်။

“ဟုတ်ပြီ၊ အဲ့တာဆို ငါ့ကို ကူညီပေးဖို့ ရှေ့နေကောင်းကောင်းတစ်ယောက်လောက် ရှာလိုက်ဦးမယ်”

ယဲ့ရှောင်ရှောင် ကမ်းလှမ်းသည်။

“နင် အကူအညီ လိုသေးလား၊ ငါရှေ့နေတစ်ယောက် ကူရှာပေးရမလား”

“အဲ့လိုဆိုရင်တော့ ပိုကောင်းတာပေါ့၊ ငါ ဘယ်ကနေ ဘယ်လိုစရှာရမလဲ မသိဘူး”

ကျန့်လင် သဘောတူကာ ဆက်ပြောလိုက်သည်။

“ရှောင်ရှောင်၊ စာချုပ်ချုပ်မယ့်နေ့ကျရင် ငါနဲ့အတူ လိုက်ခဲ့၊ ဒီမူပိုင်ခွင့်ကို ငါ့ဆေးကုသစရိတ်အဖြစ် အပေါင်ထားဖို့ သဘောတူခဲ့ကြတာမလား၊ အဲ့တာကြောင့် အဲ့ဒီနေ့ရောက်ရင် နင့်ကို ချက်ချင်းငွေချေပေးပါ့မယ်”

ယဲ့ရှောင်ရှောင် ငွေကို ထိုမျှလောက် မက်မောသူမဟုတ်ပါ။

“အဲ့ဒီတုန်းက ဒီတိုင်းစကားအဖြစ် ပြောခဲ့ကြတာပါ၊ နင်ငွေရလာတဲ့အခါကျ တိကျတဲ့ ပမာဏတစ်ခုခု ငါ့ကို ပေးချေလိုက်ရင် ရပါပြီ”

ကျန့်လင် အသံမှာ စိတ်လှုပ်ရှားမှုဖြင့် တုန်ယင်သွားသည်။

“အဲ့လိုလုပ်လို့ဖြစ်မလား၊ နင်က ငါ့အသက်ကို ကယ်တင်ပေးခဲ့တာလေ၊ ဒါနင့်ကို ကျေးဇူးပြန်ဆပ်တဲ့သဘောပဲဥစ္စာ”

ကျန့်လင် ဤမျှခေါင်းမာလိမ့်မည်ဟု ယဲ့ရှောင်ရှောင် ထင်မထားခဲ့ပေ။

“ဟုတ်ပါပြီ ဒါပေမယ့် ငါနင့်ကို အမြတ်မထုတ်ချင်ဘူး၊ ၅ နှစ်စာ အစုရှယ်ယာလောက်ပဲ ယူပါ့မယ်”

ကျန့်လင်: “နှစ် ၂၀ စာလောက် ယူလိုက်ပါ၊ ဆရာကြီးစုန့်က ငါ့ကို နောက်ထပ် နှစ် ၂၀ လောက် နေနိုင်ဦးမယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား၊ အဲ့ဒီ နှစ် ၂၀ အတွင်း ငါတစ်ခုခုဖြစ်သွားခဲ့ရင်…”

ယဲ့ရှောင်ရှောင်က စကားအမြတ်ဖြတ်ပြောလိုက်သည်။

“အေးပါ အေးပါ၊ နင်က သေချာပေါက် အသက်ရာကျော်ရှည်မယ့်လူပါ”

ကျန့်လင် နိဂုံးချုပ်လိုက်သည်။

“အဲ့တာဆို သဘောတူလိုက်ပြီနောက်၊ ရှေ့နေကိစ္စအတွက်တော့ နင့်ကိုပဲ အားနာနာနဲ့ အကူအညီတောင်းရတော့မှာပေါ့”

“ဘာမှ အားနာစရာမလိုဘူး”

--- --- ---

ယဲ့ရှောင်ရှောင်လည်း ရှေ့နေ့ကောင်းကောင်းတစ်ယောက်ကို ကိုယ်တိုင် ရှာဖွေနိုင်စွမ်းမရှိပါ။ သို့သော် စုန့်ကွမ်းကျင့်က ရှာဖွေနိုင်မှာ သေချာသည်။

ထို့ကြောင့် ဆရာဖြစ်သူကို အကူအညီတောင်းဖို့ ဆုံးဖြတ်လိုက်ပါသည်။

သို့သော် စုန့်ကွမ်းကျင့်ကို ယဲ့ရှောင်ရှောင် သွားမတွေ့နိုင်ခင်မှာပင် မတွေ့ရသည်မှာ ကြာပြီဖြစ်သော လုဟန်ချွမ်က ရုတ်တရက် ပေါ်လာခဲ့သည်။

အမျိုးသားနေ့ အားလပ်ရက်ကာလအတွင်း လုဟန်ချွမ် အလွန်အလုပ်များနေခဲ့သဖြင့် ယခုအချိန်ကျမှသာ အပြင်ထွက်လာဖို့ အခွင့်အရေးရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် ယဲ့ရှောင်ရှောင်၏အမြင်တွင်မူ လုဟန်ချွမ် အလွန်ပင် အားလပ်နေသည်ဟု ခံစားရသည်။

“ရှင်က တာဝန်ကျတဲ့နေရာကနေ ထွက်ချင်တဲ့အချိန် ထွက်လာလို့ရတယ်လား”

လုဟန်ချွမ်: “…”

“ကိုယ့်ကို မြန်မြန်လက်ထပ်လိုက်ရင် နေ့တိုင်းတောင် တွေ့ရဦးမယ်”

ယဲ့ရှောင်ရှောင် အမြင်ကတ်စွာ မျက်စပစ်လိုက်သည်။ သို့သော် လုဟန်ချွမ်အတွက်မူ ထိုအမူအရာက ကျီစယ်သည့် သဘောမျိုး သက်ရောက်နေပါသည်။

“ဒါနဲ့ ရှင့် အကူအညီလိုတဲ့ ကိစ္စတစ်ခုရှိတယ်”

ယဲ့ရှောင်ရှောင် ကားပေါ်တက်ရင်း ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ လုဟန်ချွမ် ချက်ချင်းပင် လှည့်ကြည့်လာသည်။

“ဘာကိစ္စလဲ ပြောလေ”

“ကျွန်မ ရှေ့နေတစ်ယောက် ရှာချင်လို့”

ယဲ့ရှောင်ရှောင် မည်သည့်အတွက် လိုအပ်ခြင်းဖြစ်ကြောင်းကို အသေးစိတ် ရှင်းပြလိုက်ပါသည်။

လုဟန်ချွမ်: “လွယ်ပါတယ်၊ ဟန်ရှင်းကိုသာ သွားတွေ့လိုက်၊ သူ့ကုမ္ပဏီမှာ ပရော်ဖက်ရှင်နယ် ရှေ့နေတွေ အများကြီးရှိတယ်”

ဟန်ရှင်းသည် ပေကျင်းမြို့တွင် ကိုယ်ပိုင်ကုမ္ပဏီတစ်ခု တည်ထောင်ထားသူဖြစ်သည်။ အမှန်စစ်စစ် ထိုကုမ္ပဏီ၏ တစ်စိတ်တစ်ပိုင်းကို လုဟန်ချွမ်လည်း ပိုင်ဆိုင်ပါသည်။

သို့သော် လုဟန်ချွမ်၏လက်ရှိရာထူးအခြေအနေကြောင့် စီးပွားရေးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ရန် မသင့်တော်သဖြင့် သူ့အမည်နာမကို ကုမ္ပဏီမှတ်တမ်းများတွင် ရှာဖွေ၍ မရပေ။

ဟန်ရှင်းကသာ ကုမ္ပဏီ၏တစ်ဦးတည်းသော အကြီးအကဲဖြစ်နေသည်။

“အခုချက်ချင်း သွားတွေ့ကြမှာလား”

ကားစက်နှိုးလိုက်သည့် လုဟန်ချွမ်ကိုကြည့်ကာ ယဲ့ရှောင်ရှောင် မေးလိုက်သည်။ သို့သော် သူမတို့ မည်သည့်နေရာကို သွားကြမည်ဟူသည်ကိုတော့ မသိရသေးပေ။

“မသွားပါဘူး၊ ဟန်ရှင်းဆီ ကိုယ်တိုင်သွားပြီး အချိန်ဖြုန်းစရာ လိုလို့လား၊ ဖုန်းဆက်လိုက်ရင် ပြီးနေတာကို”

လုဟန်ချွမ်မှာ သူငယ်ချင်းဖြစ်သူကို ယခင်ကတည်းက ဤကဲ့သို့ပင် ဆက်ဆံလေ့ရှိပါသည်။

--- --- ---

လုဟန်ချွမ်သည် ပေကျင်းမြို့၏အစည်ကားဆုံးနှင့် အသိုက်မြိုက်ဆုံး လမ်းမကြီးတစ်ခုတွင် ကားကို ရပ်တန့်လိုက်သည်။

“သွားကြစို့၊ လမ်းလေးဘာလေး လျှောက်ကြရအောင်”

ယဲ့ရှောင်ရှောင်၏ခြေလှမ်းများ လျှောကနဲ နှေးကွေးသွားတော့သည်။

ဤကဲ့သို့သော နေရာမျိုးသို့ သူမကို လုဟန်ချွမ် ခေါ်ဆောင်လာခြင်းသည် သူမအတွက် ပစ္စည်းများဝယ်ပေးတော့မည်ဟူသော အဓိပ္ပာယ်မျိုးသက်ရောက်ပါသည်။

“ကိုယ် ဒီမှာ ပစ္စည်းတစ်ခု မှာထားတာရှိလို့ လာယူတာပါ”

ခရုပမာလှုပ်ရှားနေသည့် ယဲ့ရှောင်ရှောင်ကို လုဟန်ချွမ်လှည့်ကြည့်ကာ လက်ကမ်းပေးလိုက်သည်။

“ဟုတ်ပါပြီ”

ယဲ့ရှောင်ရှောင်လည်း သူ့လက်ကိုတွဲရင်း အတူတူလိုက်လာခဲ့ပါသည်။

၁၉၈၀ ပြည့်လွန်နှစ်များ ဖြစ်သော်ငြား ဤနေရာတွင် တန်ဖိုးကြီး ဘရန်းအများအပြား တည်ရှိနေပြီဖြစ်သည်။

လမ်းမ၏အရှေ့ဘက်အစွန်ဆုံးတွင် အမျိုးသမီးအထည်ဆိုင်ကြီးတစ်ဆိုင်ရှိပြီး ‘လဲ့မုန့်’၊ ‘လန်ထျန်’၊ ‘ကျောက်စွန်း’ အစရှိသော နာမည်ကျော် အမျိုးသမီးဝတ် ဘရန်းမျိုးစုံကို စုံလင်စွာ ပြသထားပါသည်။

ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားပါက ရှင်းဟွာစာအုပ်ဆိုင်၊ အမျိုးသမီးဆံသဆိုင်၊ ကလေးပစ္စည်းအရောင်းဆိုင်၊ အားကစားပစ္စည်းအရောင်းဆိုင် စသည်တို့ ရှိသည်။

၎င်းတို့ဘေးတွင် မုန့်ပဲသရေစာများ ရောင်းချသည့် ဈေးတန်းတစ်ခုရှိပြီး အကြော်အလှော်မွှေးရနံ့များမှာ သင်းပျံ့လျက် ရှိပါသည်။

လုဟန်ချွမ်ကလည်း အလျင်မလိုဘဲ ယဲ့ရှောင်ရှောင်၏ လက်ကိုဆွဲကာ လူအုပ်ကြီးထဲတွင် အေးအေးလူလူ လမ်းလျှောက်နေခဲ့ပါသည်။

အဝတ်အစားရောင်းသည့် ဆိုင်များသို့ ရောက်သည့်အခါ တိုင်း အထဲသို့ မဝင်ဝင်အောင်ဆွဲခေါ်ကာ ကြည့်ရှုလေ့ရှိပြီး သူမကို ဆိုင်ထဲတွင်ရှိသမျှ အဝတ်အစားတစ်စုံစီ ဝယ်ပေးချင်နေပြန်သည်။

“လုဟန်ချွမ်၊ ကျွန်မ အဲ့လောက် အများကြီးမဝတ်နိုင်ဘူး”

ယဲ့ရှောင်ရှောင် စမ်းဝတ်ကြည့်ထားသည့် ကုတ်အင်္ကျီကို ချွတ်ကာ ပြောလိုက်သည်။

သူမသည် ထိုအင်္ကျီကို အရောင်းဝန်ထမ်းထံပြန်ပေးဖို့ ရည် ရွယ်ထားသော်လည်း စမ်းဝတ်ကြည့်ပြီးသား ဖြစ်သွားသဖြင့် နောက်ဆုံးတွင် ဝယ်ယူလိုက်ရတော့သည်။

လုဟန်ချွမ် ချီးကျူးလိုက်သည်။

“ကိုယ့်ကောင်မလေးကတော့ ဘာဝတ်ဝတ် အမြဲလှနေတော့တာပဲ”

ယဲ့ရှောင်ရှောင် တီးတိုးမေးမြန်းလိုက်သည်။

“လုဟန်ချွမ်၊ ရှင် မှာထားတယ်ဆိုတဲ့ ပစ္စည်းကို သွားယူမှာလား မယူဘူးလား”

ထိုအကြောင်းပြချက်ကိုပင် ယဲ့ရှောင်ရှောင် သံသယဝင်လာမိပါပြီ။

“စိတ်မပူပါနဲ့ သွားမှာပါ”

လုဟန်ချွမ်သည် ဝယ်ယူထားသော အိတ်ကြီးအိတ်ငယ် အစုံအလင်ကို သယ်ဆောင်ကာ ကားထဲတွင် သွားရောက် သိမ်းဆည်းလိုက်ပြီး ယဲ့ရှောင်ရှောင်အား ဆိုင်၏ နားနေခန်းနေရာတွင် ထိုင်စောင့်ခိုင်းထားလိုက်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လုဟန်ချွမ် ပြန်ရောက်လာပြီး ယဲ့ရှောင်ရှောင်ကို အစဉ်အလာကြီးမားလှသော လက်ဝတ်ရတနာနှင့် ရွှေပန်းထိမ်ဆိုင်ကြီးထံသို့ ခေါ်ဆောင်သွားခဲ့သည်။

လုဟန်ချွမ် ပြေစာတစ်ရွက် ထုတ်ပေးလိုက်ရာ ဝန်ထမ်းက သူ သီးသန့် မှာယူထားသည့် ပစ္စည်းများကို ခပ်မြန်မြန်ပင် ထုတ်ပေးလိုက်သည်။

၎င်းမှာ ဘူးလေးနှစ်ဘူးပင်။

ထိုဘူးလေးများ၏အရွယ်အစားကို ကြည့်ရုံမျှဖြင့် အထဲတွင် မည်သည့် ပစ္စည်းရှိနေမည်ကို ယဲ့ရှောင်ရှောင် ခန့်မှန်းနိုင်ခဲ့ပါသည်။

All Chapters