← Chapters

အခန်း ၆၄

Vol. 7 Ch. 64

အခန်း ၆၄

Vol. 7 Ch. 64

🍏 Chapter 64

သူသည် သူ၏ ဖာရာရီကားရှိရာသို့ မေးဆတ်ပြကာ "ငါ လိုက်ပို့မယ်" ဟု ဆိုပေသည်။

ဝမ်သိုက်သည် မျက်နှာထား ချက်ချင်းပြောင်းသွားပြီး ချန်စစ်ကျယ်ကို ကျော်ကာ ကားဆီသို့ လျှောက်သွားပေသည်။ သူမသည် ကားနားရောက်မှ သူ့ကို လှည့်ကြည့်ကာ တိုက်တွန်းလိုက်ပေသည်။

"ဘာတွေ ကြောင်နေတာလဲ၊ လာလေ"

ချန်စစ်ကျယ် ကားပေါ်တက်လာသောအခါ ဘေးခုံတွင် ထိုင်ခုံခါးပတ် ပတ်နေသော ဝမ်သိုက်ကို တစ်ချက်ကြည့်လိုက်ပေသည်။ သူက မေးခွန်းတစ်ခု မေးရန် ပြင်လိုက်သော်လည်း ဝမ်သိုက်က ဦးအောင် မေးလိုက်ပေသည်။

"ဟေ့၊ ရှင်က ဒီလို မှောင်မည်းနေတဲ့ နေရာမှာ ကျွန်မကို ဘယ်လိုလုပ် မှတ်မိတာလဲ၊ အထူးသဖြင့် ကျွန်မက အင်္ကျီခေါင်းစွပ်ကြီး စွပ်ထားတာကို"

သူမသည် သူမ ဝတ်ထားသော အနက်ရောင် အင်္ကျီကို ဆွဲပြရင်း စူးစမ်းလိုသော မျက်လုံးများဖြင့် သူ့ကို ကြည့်ကာ မေးလိုက်ပေသည်။

"ကျွန်မ ဒီလို ဝတ်ထားတာတောင် ရှင်က တစ်ချက်တည်းနဲ့ မှတ်မိတယ်၊ ဘယ်လိုသိတာလဲ"

ချန်စစ်ကျယ်သည် ကားကို စက်နှိုးကာ ဂီယာထိုးလိုက်ပေသည်။ သူသည် စတီယာရင်ကို ကိုင်ရင်း ဘေးမှ စပ်စုနေသော ဝမ်သိုက်ကို မျက်လုံးအစွန်းဖြင့် ကြည့်ကာ ပြောလိုက်ပေသည်။

"လမ်းလျှောက်တဲ့ ပုံစံကြောင့်ပေါ့၊ ငါ့ဘဝတစ်လျှောက်မှာ မင်းလို လမ်းလျှောက်တာမျိုး တစ်ခါမှ မမြင်ဖူးဘူး၊ တစ်ခါတလေ ခုန်ပေါက်ပြီးသွားနေတာ မသိရင် ဝူခုန်းရဲ့ ရုပ်ပြောင်းအတတ် ၇၂ မျိုးကျနေတာပဲ၊ တစ်ခါတလေ ကျတော့လည်း စစ်သားတွေ လမ်းလျှောက်သလိုဖြစ်နေတာ၊ စောစောက မင်း လမ်းလျှောက်တာက အဲဒီအတိုင်းပဲ"

သူမသည် အမွေးပွအင်္ကျီအောက်တွင် ကိုယ်ကျပ်ဘောင်းဘီနှင့် ဘွတ်ဖိနပ် ကို ဝတ်ဆင်ထားပေသည်။ သူမ၏ မျက်နှာမှာ နေပူထဲ သွားလာထားသဖြင့် အသားညိုညိုစိုစိုလေး ဖြစ်နေပြီး တောက်ပသော မျက်ဝန်းအစုံဖြင့် ဝမ်သိုက်ကို ကြည့်နေပေသည်။

ထိုအမျိုးသမီးက ဝမ်သိုက်ကို ပြုံးပြပြီးနောက် လက်ကို ပြန်ရုတ်လိုက်ပေသည်။ သူမက ဒိန်ချဉ်ဗူးကို ညွှန်ပြကာ "ရှင်ပဲ ယူလိုက်ပါ" ဟု ဆိုကာ ဘေးမှ သစ်သီးဖျော်ရည်ကို ယူ၍ သူမ၏ ခြင်းထဲသို့ ထည့်လိုက်ပေသည်။

ဝမ်သိုက်သည် ဒိန်ချဉ်ဗူးကို ခြင်းထဲသို့ ထည့်လိုက်သော်လည်း သူမ အကြည့်မှာ ထိုအမျိုးသမီးထံမှ မခွာဘဲ မျက်မှောင်ကို အနည်းငယ် ကြုတ်ထားမိပေသည်။

"ဘာဖြစ်လို့လဲ"

ဘေးမှ ကြည့်နေသော ချန်စစ်ကျယ်က မေးရင်း ထိုအမျိုးသမီးကို တစ်ချက် လှည့်ကြည့်လိုက်ပေသည်။

"တစ်ခုခု ထူးဆန်းနေတယ်"

ဝမ်သိုက်သည် တိုးတိုးလေး ပြောကာ ပစ္စည်းများကို ခပ်မြန်မြန် ရွေးလိုက်ပေသည်။ သူမသည် ခေါက်ဆွဲဘူးများနှင့် တခြား လိုအပ်သည်များကို ယူပြီးနောက် ထိုအမျိုးသမီး၏ နောက်သို့ ခပ်မြန်မြန် လိုက်သွားပေသည်။

သူမသည် ထိုအမျိုးသမီး၏ ဦးခေါင်းထက်ကို အချိန်အတော်ကြာ စိုက်ကြည့်နေမိပေသည်။

ငွေရှင်းပြီးနောက်တွင် ဝမ်သိုက်သည် ပစ္စည်းများကို ကိုင်ကာ ထိုအမျိုးသမီး၏ နောက်သို့ ပြေးလိုက်သွားပေသည်။

"ဟို... ခဏလောက် စောင့်ပါဦး"

လမ်းဘေးသို့ ရောက်နေသော ထိုအမျိုးသမီးသည် လှည့်ကြည့်လိုက်ရာ ဝမ်သိုက်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားပေသည်။

ဝမ်သိုက်သည် သူမ၏ ရှေ့သို့ ပြေးသွားကာ အမောဖြေရင်း မျက်နှာပေါ်ရှိ ဆံပင်များကို သပ်လိုက်ပေသည်။ သူမ၏ မျက်လုံးများထဲတွင် စိုးရိမ်မှုများ အရိပ်ထင်နေပေသည်။ သူမသည် အင်္ကျီအိတ်ကပ်ထဲမှ အဆောင်လက်ဖွဲ့တစ်ခုကို နှိုက်ယူကာ ထိုအမျိုးသမီး၏ ရှေ့သို့ ကမ်းပေးလိုက်ပေသည်။

"ဟို... ရှင် ကျွန်မကို ယုံ၊ မယုံတော့ မသိဘူး၊ ဒါပေမဲ့ ဘေးကင်းအောင်လို့ ဒါလေးကို ဆောင်ထား စေချင်တယ်၊ ရှင့်ရဲ့ ပစ္စည်းတစ်ခုခုထဲမှာ ထည့်ထားလိုက်ပါ၊ ဖုန်းကာဗာ နောက်မှာ ဖြစ်ဖြစ်၊ ပိုက်ဆံအိတ်ထဲမှာ ဖြစ်ဖြစ်ပေါ့"

နောက်မှ လိုက်လာသော ချန်စစ်ကျယ်မှာ ထိုစကားများကို ကြားသောအခါ ဝမ်သိုက်ကို ထူးဆန်းသလို ကြည့်လိုက်ပေသည်။

ထိုအမျိုးသမီးသည် သူမ၏ ပုခုံးပေါ်ရှိ အိတ်ကြိုးကို ပြင်လွယ်ရင်း ချက်ချင်း အဆောင်ကို မယူသေးဘဲ ဝမ်သိုက်ကို စိုက်ကြည့်နေပေသည်။ ခေတ္တမျှ စဉ်းစားပြီးနောက်တွင် သူမက ပြုံးလိုက်ပြီး ဝမ်သိုက် ကမ်းပေးသော အဆောင်ကို လှမ်းယူလိုက်ပေသည်။

"ယုံမယုံဆိုတာကတော့... အင်း၊ ရှင်ကရော ကံကြမ္မာ ဆိုတာကို ယုံသလား"

သူမသည် အေးစက်သော လေထဲတွင် စကားပြောရသည်ကို စိတ်မရှိပုံရပေသည်။ သူမ၏ မျက်နှာပေါ်တွင် သွက်လက်သော အပြုံးများ ရှိနေပေသည်။

"ကျွန်မက ခရီးသွားတစ်ယောက်ဆိုတာ ရှင် မြင်မှာပါ၊ ကျွန်မက ကံကြမ္မာကို အရမ်းယုံတာ၊ တွေ့ဆုံမှုတိုင်းက ကံကြမ္မာပဲ၊ ဒိန်ချဉ်ဗူးကို ပြိုင်တူ ကိုင်မိတာကလည်း ကံကြမ္မာပဲလေ၊ အဲဒါကြောင့် ကျွန်မ ရှင့်ကို ယုံပါတယ်"

ထိုအမျိုးသမီးက ဝမ်သိုက်ကို မျက်မှိတ်ပြလိုက်ရာ အလွန်ချစ်စရာကောင်းသွားပေသည်။

ဝမ်သိုက်သည် သက်ပြင်းတစ်ချက်ကို အသာချကာ ပြန်ပြုံးပြလိုက်ပေသည်။

"ယုံပေးလို့ တော်သေးတာပေါ့၊ ကျွန်မက ရှင် မယုံမှာကို စိုးရိမ်နေတာ၊ ဘာလို့လဲဆိုတော့... ဒါကလည်း တကယ့်ကို ကံကြမ္မာတစ်ခုပဲလေ၊ အသေးစိတ်ကိုတော့ ကျွန်မ အခု မပြောနိုင်သေးဘူး၊ ဒါပေမဲ့ နောက်ကျရင် ရှင် သိလာမှာပါ”

“ကျွန်မ ပိုက်ဆံ မယူပါဘူး၊ ဒါပေမဲ့ ဒါကို ရေမစိုအောင် သတိထားပါ၊ ပြီးတော့ ကျွန်မတို့ ဖုန်းနံပါတ်ချင်း လဲထားကြရအောင်၊ ရှင် ကျွန်မကို နောက်ကျရင် ဆက်သွယ်လာလိမ့်မယ်လို့ ထင်လို့ပါ"

ထိုအမျိုးသမီးက သူမ ဖုန်းကို ထုတ်ပြကာ "ကျွန်မ စိတ်ကူးနဲ့ အတော်ပဲ" ဟု ဆိုကာ ရယ်မောလိုက်ပေသည်။

ဖုန်းနံပါတ်ချင်း လဲပြီးနောက် ထိုအမျိုးသမီးက လက်ဆွဲနှုတ်ဆက်ရန် လက်ကမ်းပေးလိုက်ပေသည်။

"ကျွန်မ နာမည်က လိုင်ဝမ်ရီပါ၊ အသက်က ၂၄ နှစ်၊ အခုပဲ လေဆိပ်ကို သွားပြီး လေယာဉ်မီအောင် သွားရတော့မယ်၊ ကမ္ဘာပတ် ခရီးထွက်နေတာပါ၊ နောက်တစ်မှတ်တိုင်ကတော့ လီချက်ကျွန်း ပေါ့"

"ဪ၊ ကျွန်မက ဝမ်သိုက် ပါ၊ ဒီနေ့က နှစ်သစ်ကူးရဲ့ ပထမဆုံးနေ့ဆိုတော့ ကျွန်မ ဒီနှစ်မှာ ၂၂ နှစ် ပြည့်မှာပါ၊ ကျွန်မက... ကံကြမ္မာ‌ဟောတဲ့ဆရာမလို့ပဲ ပြောရမလား၊ ယတြာတွေလည်း လုပ်ပေးတတ်တယ်"

ဝမ်သိုက်မှာ ထိုကဲ့သို့ မိမိကိုယ်ကို မိတ်ဆက်ရသည်မှာ အနည်းငယ် အဆင်မပြေဖြစ်နေသဖြင့် လိုင်ဝမ်ရီ၏လက်ကို လှမ်း၍ လှုပ်လှုပ်ရှားရှား ဆုပ်ကိုင်လိုက်ပေသည်။

တွေ့ဆုံမှုများမှာ အမြဲတမ်း ထူးဆန်းတတ်ပြီး သူငယ်ချင်းဖြစ်မှုမှာလည်း မထင်မှတ်ဘဲ စတင်တတ်ပေသည်။

လိုင်ဝမ်ရီ ထွက်ခွာသွားသည်ကို ကြည့်ပြီးနောက် ချန်စစ်ကျယ်က ဘေးမှနေ၍ အေးအေးဆေးဆေး ပြောလိုက်ပေသည်။

"မင်းက ငါ့ရှေ့မှာတင် ဈေးရောင်းတော့မယ်လို့ ထင်နေတာ"

"...ဒါကြောင့် ရှင့်ကို လူယုတ်မာ စိတ်နဲ့ တိုင်းတာတယ်လို့ ပြောတာပေါ့၊ တကယ်လို့ ကျွန်မက ဈေးရောင်းတာဆိုရင်ရော၊ ဘာလဲ... လူပုံလယ်မှာ ကျွန်မကို လိမ်လည်နေပါတယ်ဆိုပြီး အော်ဦးမလို့လား"

သူမသည် သူ့ကို စောင်းကြည့်လိုက်ရာ သူက ဆွံ့အသွားသကဲ့သို့ ဖြစ်နေသဖြင့် ကျေနပ်စွာ ပြုံးကာ ကားရှိရာသို့ လျှောက်သွားပေသည်။

All Chapters