← Chapters

အခန်း ၆၅

Vol. 7 Ch. 65

အခန်း ၆၅

Vol. 7 Ch. 65

🍏 Chapter 65

ချန်စစ်ကျယ်သည် မောင်းသူနေရာသို့ လျှောက်သွားရင်း ဝမ်သိုက် ကားပေါ်တက်ကာ ခါးပတ်ပတ်နေစဉ် ပြောလိုက်ပေသည်။

"မင်းကို လိမ်လည်သူလို့ ပြောမယ်ဆိုတာလည်း မင်းရဲ့ လူယုတ်မာ စိတ်နဲ့ တိုင်းတာတာ မဟုတ်ဘူးလား၊ ငါက လူတစ်ယောက်ရဲ့ အပြုအမူကို အဲဒီလောက်အထိ ဇွတ်မှိတ် ဆုံးဖြတ်တဲ့သူ မဟုတ်ပါဘူး၊ ပထမဆုံးအကြိမ်ကတော့ မင်းမှာ တကယ်ပဲ လိမ်လည်ခဲ့တဲ့ အချက်တွေ ရှိနေလို့လေ"

ဝမ်သိုက်က သူနှင့် ရန်ဖြစ်ရန် ပြင်လိုက်သော်လည်း သူ၏ စကားက ချက်ချင်း ပြောင်းလဲသွားပေသည်။

"မင်းနဲ့ ပတ်သက်လာပြီး နောက်ပိုင်းမှာတော့ မင်းရဲ့ စရိုက်ကို ငါ သိသွားပါပြီ၊ အဲဒါကြောင့် ရှေ့လျှောက်တော့ မင်းကို အလကားနေရင်း အပြစ်တင်တော့မှာ မဟုတ်ပါဘူး"

သူ့ အသံမှာ အေးစက်သော်လည်း ကားအတွင်းရှိ လေထုထဲတွင် ပျံ့လွင့်သွားပေသည်။

သူမက သူ့ကို လှည့်ကြည့်လိုက်သော်လည်း သူကတော့ သူမကို ကြည့်မနေပေ။

မိုးသောက်ယံ အချိန်တွင် ပြတင်းပေါက် အပြင်ဘက်၌ အပြာနုရောင် မှိုင်းမှိုင်းလေး ရှိနေပြီး နှင်းပွင့်လေးများက လွင့်စင်ကျနေပေသည်။

တစ်ညလုံး တိုက်ရိုက်ထုတ်လွှင့်မှု လုပ်ထားသဖြင့် ဝမ်သိုက်၏ ခန္ဓာကိုယ်မှာ အနားယူရန် တောင်းဆိုနေပေသည်။ သူမကို နိုးကြားစေသည်မှာ နှိုးစက်မဟုတ်ဘဲ ဖုန်းမြည်သံပင် ဖြစ်ပေသည်။

မျက်ခွံများ မပွင့်နိုင်သေးသဖြင့် သူမသည် လက်ဖြင့် စမ်းတဝါးဝါး လုပ်ကာ ဖုန်းကို ကိုင်လိုက်ပေသည်။ တစ်ဖက်မှ ထွက်ပေါ်လာသော အမျိုးသမီး အသံကြောင့် သူမ ချက်ချင်း နိုးကြားသွားပေသည်။

"ကျွန်... ကျွန်မ ရှင်ပြောတဲ့ အဲဒီအကြောင်းကို သိသွားပြီ၊ ကျွန်မ သူ့ကို မြင်လိုက်ရတယ်"

ငိုသံပါနေသော ထိုအသံမှာ တုန်ရီနေပြီး အသက်ရှူသံများကို အတိုင်းသား ကြားနေရပေသည်။

ဝမ်သိုက်သည် ကုတင်ပေါ်တွင် ချက်ချင်း ထထိုင်လိုက်ပေသည်။

"ကျွန်မ ပေးထားတဲ့ အဆောင်က ရှင့်အနားမှာ ရှိသေးတယ် မဟုတ်လား၊ ရှင်ပြောတဲ့ 'သူ' က အခုရော ရှင့်ဘေးမှာ ရှိနေသေးလား"

"အဆောင်ကတော့ သေသေချာချာ သိမ်းထားပါတယ်၊ 'သူ' ကတော့ အခု ကျွန်မဘေးမှာ မရှိတော့ဘူး၊ ဒါပေမဲ့ ကျွန်မ တကယ် ကြောက်တယ်၊ စောစောက ကျွန်မ သေတော့မလို့ပဲ၊ အရမ်း ကြောက်ဖို့ကောင်းတယ်"

လိုင်ဝမ်ရီသည် သူမ၏ ကြောက်ရွံ့မှုများကို ပြောပြရင်း ရှိုက်ကြီးတငင် ငိုကြွေးနေပေတော့သည်။

"ကျွန်မ မနက်ဖြန် မနက် လေယာဉ်လက်မှတ် ဖြတ်ပြီးပြီ၊ ချက်ချင်းပဲ ပြန်လာပြီး ရှင့်ကို တွေ့ပါ့မယ်၊ တကယ်ပဲ... ရှင့်ကျေးဇူးကြောင့်ပါ၊ ဒါပေမဲ့ အခုတော့ ကျွန်မ တစ်စက္ကန့်တောင် ဒီမှာ မနေရဲတော့ဘူး၊ ဟိုတယ်မှာ တစ်ယောက်တည်း မအိပ်ရဲတော့ဘူး"

ဝမ်သိုက်သည် လီချက်ကျွန်းနှင့် ဤနေရာ၏အချိန်ကွာခြားမှုကို မမှတ်မိသော်လည်း လိုင်ဝမ်ရီ၏ အနေအထားအရ ထိုဘက်တွင် ညနေစောင်းနေပြီဟု ထင်ရပေသည်။

ဝမ်သိုက်သည် ကုတင်ပေါ်တွင် ထိုင်ရင်း ကြောက်လန့်နေသော လိုင်ဝမ်ရီကို အကြံပေးလိုက်ပေသည်။

"ရှင်က ပိုက်ဆံအကုန်အကျခံပြီး ခရီးသွားတဲ့သူ မဟုတ်လား၊ ရှင့်ရဲ့ မိသားစု အခြေအနေကို စပ်စုတာ မဟုတ်ပါဘူး၊ အာရုံရလို့ပါ၊ ရှင် အခု တစ်ယောက်တည်း မနေရဲရင် လူတွေ အများကြီး ရှိတဲ့နေရာမျိုးကို သွားကြည့်ပါလား၊ ဥပမာ လူငယ်အဆောင်လို နေရာမျိုးပေါ့”

“လူတွေ အများကြီး ရှိရင် ရှင့်အတွက် ကြောက်စိတ် သက်သာမှာပါ၊ တကယ်လို့ အခန်းထဲမှာ လူတွေ အိပ်နေတာကိုတောင် မအိပ်ရဲဘူးဆိုရင် အောက်ထပ်က ဧည့်ခန်း မှာပဲ ဆိုဖာပေါ်မှာ တစ်ညလောက် အိပ်လိုက်ပါ၊ အဲဒီမှာ လူတွေ အမြဲရှိနေမှာပါ"

တစ်ဖက်မှ ဖုန်းသံထဲတွင် ကြောက်ရွံ့မှုများ သက်သာသွားသည့်ဟန်ဖြင့်

"အင်း... ကောင်းပါပြီ၊ ကျွန်မ အခုပဲ အဆောင်တစ်ခု သွားရှာလိုက်ပါ့မယ်၊ ကျေးဇူးတင်ပါတယ် ဝမ်သိုက်၊ မနက်ဖြန်လောက်ဆို ကျွန်မ ရှင့်ဆီ ရောက်လာပါ့မယ်၊ ဒါပဲနော်"

"ကောင်းပါပြီ"

ဝမ်သိုက်သည် ဖုန်းချလိုက်သည်နှင့် သမ်းဝေလိုက်ပြီး ကုတင်ပေါ်သို့ ပြန်လှဲချလိုက်ပေသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် သူမ ပြန်လည် အိပ်ပျော်သွားတော့ပေသည်။

ဝေဝါးနေသော အိပ်မက်တစ်ခုမှာ သူမဆီသို့ နောက်တစ်ကြိမ် ရောက်လာပြန်ပေသည်။ သို့သော် ယခုတစ်ခေါက်မှာတော့ မြင်ကွင်းက ပြောင်းလဲနေပေသည်။

ဝမ်သိုက်သည် ရှေးဟောင်းအဆောက်အအုံတစ်ခု၏ စင်္ကြန်လမ်းတွင် ရှိနေပြီး သူမ၏ လှပသော ဝတ်စုံစကလေးမှာ ခြေလှမ်းတိုင်းတွင် လွင့်စင်နေပေသည်။ သူမသည် တစ်စုံတစ်ယောက်ကို အသည်းအသန် သွားတွေ့ချင်နေပုံရပေသည်။

သူမသည် အိမ်ရှေ့ခန်းသို့ ပြေးသွားစဉ် လက်မောင်းကို တစ်စုံတစ်ယောက်က လှမ်းဆွဲလိုက်ပေသည်။ လှည့်ကြည့်လိုက်ရာ ဆံပင်ကို ရှေးခေတ်ဆံထုံးပုံစံ ထုံးထားသော အစေခံမိန်းကလေးတစ်ဦး ဖြစ်နေပေသည်။

"သခင်မလေး၊ နယ်စားလေးကို ထပ်ပြီး မစော်ကားပါနဲ့တော့"

အိပ်မက်ထဲမှ ဝမ်သိုက်သည် သတိဝေဝါးနေပြီး ပြန်မေးလိုက်ပေသည်။

"ထပ်ပြီး ဟုတ်လား၊ ဟင်း၊ သူကသာ ကျွန်မကို စော်ကားတာပါ၊ အရင်တုန်းက ကျွန်မရဲ့ အဆောင်ထဲကို သူက အရင် ဝင်လာတာလေ၊ အဲဒါကို ကျွန်မက သူ့ကို ရိုက်တာ ဘာမှားလို့လဲ"

အစေခံမလေး၏ မျက်လုံးများထဲတွင် သက်ပြင်းချချင်နေသည့်ဟန်များ ရှိနေပေသည်။

"ဒါပေမဲ့လည်း သခင်မလေးက ပန်းအိုးနဲ့ သူ့ခေါင်းကို ရိုက်စရာ မလိုပါဘူး၊ တကယ်လို့ တစ်ခုခုဖြစ်သွားရင် ကျွန်မတို့ တစ်အိမ်လုံး ခေါင်းပြတ်ကုန်မှာပေါ့"

ဝမ်သိုက်သည် အစေခံမလေး၏ စကားကို နားမဝင်ဘဲ လက်မောင်းကို ရုန်းထွက်ကာ အိမ်ရှေ့ခန်းထဲသို့ ဝင်ရန် ပြင်လိုက်ပေသည်။ သို့သော် ခြေလှမ်းအနည်းငယ်အကြာမှာပင် အထဲမှ ထွက်လာသော အမျိုးသားတစ်ဦးနှင့် ဝင်တိုက်မိတော့ပေသည်။

နှာခေါင်းမှာ အောင့်သွားသဖြင့် ဝမ်သိုက်သည် နှာခေါင်းကို အသာပွတ်ရင်း မော့ကြည့်လိုက်ရာ ထိုအမျိုးသား၏ မျက်နှာမှာ အနည်းငယ် ပို၍ ရှင်းလင်းလာပေသည်။ အထူးသဖြင့် သူ၏ မျက်လုံးများပင် ဖြစ်ပေသည်။ သူမက အသံကို မြှင့်ကာ မေးလိုက်ပေသည်။

"မင်းက လမ်းလျှောက်ရင် ရှေ့ကို မကြည့်ဘူးလား"

ထိုစူးရှသော အသံကြောင့် လက်တွေ့ဘဝမှ ဝမ်သိုက်မှာ နိုးလာတော့ပေသည်။ သူမသည် မျက်လုံး ဖွင့်လျက် မျက်နှာကြက်ကို စိုက်ကြည့်နေမိပေသည်။ အိပ်မက်ထဲမှ ထိုမျက်လုံးများမှာ သူမ၏ အာရုံထဲတွင် ဖျောက်မရဘဲ ကျန်ရစ်နေပေသည်။ အပေါ်သို့ တက်နေသော မြေခွေးမျက်လုံးနှင့် ညာဘက်မျက်လုံးအောက်တွင် မှဲ့ကလေးတစ်လုံး ရှိနေပေသည်။

သိပ်ကို ရင်းနှီးနေပေသည်။ ကျန်ရှိနေသော ဝေဝါးသည့် မျက်နှာကို ချန်စစ်ကျယ်၏မျက်နှာနှင့် အစားထိုးကြည့်လိုက်ရာ အလွန်ကွက်တိဖြစ်နေပေသည်။

သူမ ရင်ဘတ်မှာ အနည်းငယ် အောင့်နေသဖြင့် ဝမ်သိုက်သည် ဆေးရုံသွားပြရမလားဟုပင် တွေးနေမိပေသည်။

"တကယ်ပဲ ထူးဆန်းလိုက်တာ..."

သူမသည် ကုတင်ပေါ်တွင် ထိုင်ရင်း ရှေ့မှ တစ်နေရာကို ငေးကြည့်ကာ နှုတ်ခမ်းကို အသာကိုက် နေမိပေသည်။

ဤအိပ်မက်မှာ သူမ ငယ်စဉ်ကတည်းက စတင်ခဲ့ခြင်း ဖြစ်သော်လည်း ထိုစဉ်က သူမ သိပ်အရေး မထားခဲ့ပေ။ သို့သော် ယခုတစ်ခေါက်မှာတော့ အလွန်ပင် စိတ်ထဲတွင် စွဲထင်နေပေသည်။

ပထမဆုံး အိပ်မက်မှာ သဲကန္တာရထဲတွင် ဖြစ်ပြီး သူမ သေဆုံးသွားကာ ထိုအမျိုးသားလည်း သူမနှင့်အတူ သေဆုံးသွားခဲ့ခြင်းဖြစ်ပေသည်။ ဒုတိယအိပ်မက်မှာ ထိုအမျိုးသားနှင့် စတင်တွေ့ဆုံချိန်တွင် ပန်းအိုးနှင့် ရိုက်ခဲ့ခြင်းဖြစ်ပေသည်။ ယခုမှာ တတိယအကြိမ် ဖြစ်ပေသည်။

ဝမ်သိုက်သည် လက်သီးကို တင်းတင်းဆုပ်ကာ သူမနောက်မှ အစောင့်အရှောက်နတ်များကို မေးလိုက်ပေသည်။

"ဒီအိပ်မက်တွေက ဘာကို ဆိုလိုတာလဲ၊ အဲဒီလူက ချန်စစ်ကျယ်လား၊ ကျွန်မနဲ့ သူနဲ့ ဘာပတ်သက်မှု ရှိလို့လဲ"

ပြန်ရလိုက်သော အဖြေမှာ သူမ ထင်ထားသည့်အတိုင်းပင်။

"ဒါက ကံကြမ္မာရဲ့ လျှို့ဝှက်ချက်မို့လို့ ပြောပြလို့မရပါဘူး"

“သွားစမ်းပါ၊ ရှင့်တို့ရဲ့ လျှို့ဝှက်ချက်တွေ”

All Chapters