← Chapters

အခန်း ၆၈

Vol. 7 Ch. 68

အခန်း ၆၈

Vol. 7 Ch. 68

🍏 Chapter 68

အိပ်မက်ထဲတွင် စိုစွတ်ပြီး ပုပ်စော်နံသော လမ်းကြားလေးတစ်ခုကို မြင်လိုက်ရသည်။ သူမ လွယ်ထားသော ကျောင်းလွယ်အိတ်ကို အမျိုးသားတစ်ဦးက အတင်းဆွဲဖြုတ်ကာ ပစ်ချလိုက်ပြီး သူမ၏ ကျောင်းဝတ်စုံ အင်္ကျီကိုလည်းဆွဲဖြဲလိုက်သဖြင့် ကြယ်သီးများ ကြမ်းပြင်ပေါ်တွင် လွင့်စင်သွားပေသည်။

ထိုလူ့ ပါးစပ်မှ ထွက်လာသော အရက်နံ့များက သူမ နှာခေါင်းထဲသို့ တိုးဝင်လာပြီး သူမ၏ မျက်နှာနှင့် လည်ပင်းကို အတင်း နမ်းနေပေသည်။

သူမသည် ထွက်ပြေးချင်သော်လည်း အော်ဟစ်ရုံသာ တတ်နိုင်ပေသည်။

အားကုန်လွှဲရိုက်လိုက်သော ပါးရိုက်ချက်ကြောင့် သူမ ဦးခေါင်းမှာ လည်ထွက်သွားပြီး ပါးပြင်မှာ ချက်ချင်းရောင်ကိုင်းလာပေသည်။ သူမသည် အငိုမရပ်နိုင်ဘဲ ထိုသူ၏လက်ကို အတင်းကိုက် လိုက်သော်လည်း ဘာမှ ထူးမလာပေ။

"ဖာသည်မ" ဟု အော်ဟစ်ကာ ပါးကို ထပ်ရိုက်လိုက်သဖြင့် သူမ ကြမ်းပြင်ပေါ်သို့ လဲကျသွားပေသည်။

ဒေါသထွက်နေသော ထိုအမျိုးသားသည် သူမ အပေါ်သို့ အတင်းဖိချလိုက်ပေသည်။ လိုင်ဝမ်ရီသည် အိပ်မက်ထဲတွင် အသည်းအသန် အော်ဟစ်အကူအညီတောင်းနေစဉ် လက်တစ်စုံက သူမကို မြေအောက်ထဲသို့ ဆွဲချသွားသကဲ့သို့ ခံစားလိုက်ရပြီး အသက်ရှူကျပ်ကာ သေတော့မည်ဟု ထင်လိုက်မိသည်။

"ဟေး..... နိုးပါဦး၊ ညီမလေး..... နိုးစမ်းပါ"

လောဆော်နေသော အမျိုးသမီးအသံကြောင့် သူမ အိပ်မက်ဆိုးမှ နိုးလာပေသည်။ မျက်လုံးဖွင့်လိုက်စဉ် မြင်လိုက်ရသည်မှာ စိုးရိမ်တကြီး ကြည့်နေသော လူဖြူအမျိုးသမီးတစ်ဦး၏ မျက်နှာပင်။

"ညီမလေး စောစောက ငိုနေပြီး တစ်ခုခုကို ဗလုံးဗထွေး ပြောနေတာ၊ အစ်မတောင် ရဲတိုင်တော့မလို့"

လိုင်ဝမ်ရီသည် သူမ ပါးပြင်ကို ထိလိုက်ရာ မျက်ရည်များဖြင့် စိုစွတ်နေသည်ကို တွေ့လိုက်ရပေသည်။

"ကျေးဇူးတင်ပါတယ်... ကျွန်မ တကယ့်ကို ကြောက်စရာကောင်းတဲ့ အိပ်မက်ဆိုးကြီး မက်နေတာ၊ သေတော့မယ်တောင် ထင်လိုက်တာ"

လိုင်ဝမ်ရီသည် အသက်ဘေးမှ လွတ်လာသကဲ့သို့ ခံစားလိုက်ရပေသည်။ အကယ်၍ ထိုအမျိုးသမီး ကသာ သူမကို မနှိုးခဲ့လျှင် သူမသည် အိပ်မက်ထဲတွင်ပင် အသက်ဆုံးရှုံးသွားနိုင်ပေသည်။

သူမသည် ခရီးဆောင်အိတ်ထဲမှ အစားအစာအချို့ကို ထိုအမျိုးသမီးကို ဝေမျှပေးကာ ကျေးဇူးတင်စကား ထပ်ပြောလိုက်ပေသည်။ ထို့နောက်တွင်တော့ ကော်ဖီ သုံးဘူးဆက်တိုက် သောက်ကာ လေဆိပ်သို့ သွားခဲ့ပေသည်။ လေယာဉ်ပေါ်တွင်လည်း သူမ လုံးဝ မအိပ်ရဲခဲ့ပေ။

လိုင်ဝမ်ရီသည် ဝမ်သိုက်ကို ကြည့်ကာ ပြောပြနေရင်း သူမ မျက်ဝန်းများမှာ လေးလံနေပေသည်။

"မနေ့က ပြန်ရောက်ရောက်ချင်း မေမေ့ကို အိမ်မှာ ပြောပြခဲ့တယ်၊ အရမ်းကြောက်တယ်ဆိုတာပဲ ပြောရသေးတယ်၊ အသေးစိတ်တော့ မပြောရသေးဘူး... မနေ့ညက မေမေနဲ့ အတူအိပ်မှပဲ အိပ်ပျော်သွားတော့တယ်"

သူမသည် ဝမ်သိုက်၏မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်ပေသည်။

"ဘာလို့ ကျွန်မဆီမှာ ဒီလိုတွေ ဖြစ်နေရတာလဲဆိုတာ သိချင်တယ်၊ ဒါကို အရင်ဖြေရှင်းပြီးမှပဲ မိဘတွေကိုပြောပြချင်တယ်၊ ကျေးဇူးပြုပြီး ကူညီပေးပါ၊ ရှင်ပေးခဲ့တဲ့ အဆောင်အတွက်ရော အခု ကူညီပေးမယ့်အတွက်ရော ကျွန်မ အဖိုးအခ ပေးပါ့မယ်"

"ဪ၊ အဆောင်အတွက်ကတော့ မလိုပါဘူး၊ လက်ဆောင်ပေးတာပါ။ ရှင့်ရဲ့ အခြေအနေကို ရှင်ကိုယ်တိုင် မခံစားမိဘူးလား၊ ခုနက ရှင်ပြောသွားတဲ့ အထဲမှာ အဖြေအချို့ ပါပြီးသားပဲလေ"

ဝမ်သိုက်က မျက်မှောင်ကြုတ်ကာ ပြန်မေးလိုက်ပေသည်။

လိုင်ဝမ်ရီက ဇဝေဇဝါ ဖြစ်နေသဖြင့် ဝမ်သိုက်က တည့်တည့်ပင် ပြောလိုက်ပေသည်။

"အဲဒီ အဆောင်မှာ မက်ခဲ့တဲ့ အိပ်မက်က အိပ်မက်သက်သက် မဟုတ်ဘဲ ရှင့်ဘဝမှာ တကယ် ဖြစ်ပျက်ခဲ့တဲ့ အရာဆိုတာကိုရော စဉ်းစားဖူးလား"

လိုင်ဝမ်ရီ၏လက်ချောင်းများမှာ တုံ့ခနဲ ဖြစ်သွားပေသည်။ သူမသည် ဝမ်သိုက်ကို ကြောင်ကြည့်နေရင်း သူမ ဦးနှောက်ထဲမှ မေ့ဖျောက်ထားသော အတိတ်များမှာ ပြန်လည် ပေါ်ပေါက်လာတော့ပေသည်။

ဟုတ်ပါသည်။ ထိုအရာမှာ အိပ်မက်မဟုတ်ဘဲ သူမ၏အတိတ်မှ ဖြစ်ရပ်မှန်ပင် ဖြစ်ပေသည်။

အသက် ၉ နှစ်အရွယ်တွင် သူမသည် ပထမဆုံးအကြိမ် အိမ်သို့ တစ်ယောက်တည်း ပြန်ခဲ့ပေသည်။ မိဘများက သူမကို လွတ်လပ်ခွင့်ပေးသဖြင့် သူမ အလွန်ပျော်နေခဲ့သည်။ သို့သော် သူမသည် အရက်သမားတစ်ဦးနှင့် တွေ့ဆုံခဲ့ရပေသည်။

အသက် ၃၀ ခန့်ရှိသော ထိုအမျိုးသားသည် သူမ၏ကျောင်းလွယ်အိတ်ကို ဆွဲကာ လမ်းကြားထဲသို့ အတင်းဆွဲခေါ်သွားခဲ့သည်။ အိပ်မက်ထဲကအတိုင်းပင် သူမ ပါးစပ်ကို ပိတ်ကာ အင်္ကျီကိုဆွဲဖြဲခဲ့သည်။ အိပ်မက်နှင့် ကွာခြားသွားသည်မှာ သူမ မလဲကျခင်မှာပင် လမ်းသွားလမ်းလာတစ်ဦးက ထိုအရက်သမားကို အုတ်ခဲနှင့် ထုလိုက်ခြင်း ဖြစ်ပေသည်။

"အဲဒီလူက ဒဏ်ရာရသွားပြီးနောက် ဆေးမကုဘဲ မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်၊ ရှင့်တို့ကြားမှာ ဘဝအဆက်ဆက် ရေစက်ဆိုးတွေရှိနေတာ၊ တစ်ယောက်မဟုတ် တစ်ယောက် သတ်နေကြတာပဲ၊ ဒီဘဝမှာလည်း ရှင့်မှာ အသက်အန္တရာယ်ကြုံရမယ့် ကံပါနေတယ်”

“ဒါပေမဲ့... ရှင့်မိဘတွေက ကုသိုလ်ကောင်းမှု အများကြီး လုပ်ထားပုံရတယ်၊ အဲဒီ ကုသိုလ်က ရှင့်ဆီမှာ အကျိုးပေးတော့ ဒီအန္တရာယ်ကနေ လွတ်မြောက်ခဲ့တာပေါ့၊ ဒါပေမဲ့ သူကတော့ အငြိုးအတေးတွေ ရှိနေဦးမှာပဲ"

ဝမ်သိုက်၏မျက်လုံးများမှာ သူမ ဖုံးကွယ်ထားသော အတိတ်များကို မြင်နေရသကဲ့သို့ ဝေဝါးနေပေသည်။

ဝမ်သိုက်သည် လိုင်ဝမ်ရီကို စိုက်ကြည့်ကာ ဆက်ပြောလိုက်ပေသည်။

"သူက အခုထိ ရှင့်ဘေးမှာ ရှိနေတုန်းပဲ၊ အောက်ထပ်မှာ ရှင့်ကို စောင့်နေတယ်၊ သူက ရှင့်ကို သေစေချင်တဲ့ အငြိုးတွေ မကုန်မချင်း ပျောက်သွားမှာ မဟုတ်ဘူး၊ ရှင့်တို့ကြားက ကံကြမ္မာကိုတော့ ကျွန်မ ဝင်စွက်ဖက်လို့ မရဘူး၊ ဘဝအဆက်ဆက်က အငြိုးတွေကို ကျွန်မနဲ့ တွေ့ရုံနဲ့ ဖြေဖျောက်ပေးလို့ မရဘူးလေ"

လိုင်ဝမ်ရီ ထိတ်လန့်တကြားဖြင့် မေးလိုက်ပေသည်။

"ဒါဆို... ကျွန်မ ဘာလုပ်ရမလဲ"

"ဒီကမ္ဘာပေါ်မှာ လူတိုင်းရဲ့ ဘေးမှာ ဝိညာဉ်တွေ ရှိတတ်ကြတာပဲ၊ ယန်ဓာတ် အားကောင်းတဲ့သူ ဆိုရင်တော့ အနှောင့်အယှက် မပေးနိုင်ဘူး၊ မင်းရဲ့ ယန်ဓာတ်ကို ဖြည့်ပေးပြီး အာရုံတွေကို ပိတ်ထားလိုက်ရင် သူနှောင့်ယှက်တာကို မခံရတော့ဘူး"

ဆိုဖာပေါ်တွင် ထိုင်နေသော ချန်စစ်ကျယ်က ဝင်ပြောလိုက်ပေသည်။ သူ ဝမ်သိုက်ကို ကြည့်ကာ

"သူ့ဆီမှာ ကာကွယ်ပေးတဲ့ အရာတွေ အများကြီးရှိတယ်၊ ထပ်တောင်းလိုက်ဦး၊ နောက်ဆိုရင် ကုသိုလ်ကောင်းမှု များများလုပ်ပါ" ဟု လိုင်ဝမ်ရီကို အကြံပေးလိုက်ပေသည်။

"ဟုတ်တယ်၊ သူပြောတာ မှန်တယ်၊ ရှင့်ရဲ့ အာရုံတွေက အဲ့ဒီဝိညာဉ်ကြောင့် ပွင့်နေတာ၊ အဲဒါကို ပိတ်လိုက်ရင် တခြား ဝိညာဉ်တွေကိုလည်း မြင်ရတော့မှာ မဟုတ်ဘူး၊ အအေးပတ်နေတာကလည်း သူ့ကြောင့်ပဲ၊ အာရုံပိတ်တာကိုတော့ သူ့ကို လုပ်ခိုင်းလိုက်ပါ၊ ကျွန်မ အထဲမှာ ကာကွယ်ပေးမယ့် ပစ္စည်းလေးတွေ သွားရှာပေးမယ်"

ဝမ်သိုက်သည် ချန်စစ်ကျယ်ကို မျက်ရိပ်ပြကာ အခန်းထဲသို့ ဝင်သွားပေသည်။

ဝမ်သိုက်သည် သူမ၏ အခန်းထဲရှိ နတ်စင်ရှေ့သို့ ရောက်သွားပေသည်။ ထိုနေရာတွင် နတ်ဘုရား ရုပ်ထုများနှင့် ဖယောင်းတိုင်မီးများ အမြဲ လင်းထိန်နေပေသည်။ သူမသည် ကာကွယ်ရေး ပစ္စည်းများကို ရှာဖွေနေစဉ် သူမ အစောင့်အရှောက်နတ်၏ အသံကို ကြားလိုက် ရပေသည်။

"တခြားသူတွေရဲ့ ကိစ္စကိုတော့ မြင်ရပေမဲ့ ကိုယ့်ကိစ္စကျတော့ မျက်စိကန်းနေတာလား"

ဝမ်သိုက်သည် ပစ္စည်းများကို ပိုက်ကာ ပြန်ပြောလိုက်ပေသည်။

"ကျွန်မက သူတစ်ပါးရဲ့ ဒုက္ခတွေကို ကူညီဖြေရှင်းပေးဖို့ ဒီအလုပ်ကို လုပ်တာလေ၊ တကယ်လို့ ကျွန်မရဲ့ အစွမ်းကို ကိုယ့်အတွက်ကိုယ် သုံးရင် ဘာဖြစ်မလဲဆိုတာ အဘွား ပိုသိမှာပါ၊ သူတစ်ပါးရဲ့ ကိစ္စကို ဘက်မလိုက်ဘဲ မြင်နိုင်တာက ကျွန်မက သူတို့ မဟုတ်လို့ပဲ"

"ကျွန်မရဲ့ အတိတ်တွေကိုမသိချင်ပါဘူး၊ အတိတ်က အတိတ်မှာပဲ ကျန်ခဲ့ပါစေ၊ အခုတော့ ကျွန်မက ဝမ်သိုက်ပဲ၊ အနာဂတ်ကိုတော့ အနာဂတ်မှာပဲ ကြည့်ကြတာပေါ့"

သူမသည် အခန်းထဲမှ ထွက်လာပြီး တံခါးကို ပိတ်လိုက်ပေသည်။ သူမ၏ ဝိညာဉ်အတိတ်ကို သူမ လုံးဝမသိသည်တော့ မဟုတ်သော်လည်း သိနေရုံနှင့် ဘာမှ မထူးခြားပေ။

ဧည့်ခန်းထဲတွင် လိုင်ဝမ်ရီမှာ အနည်းငယ် စိုးရိမ်နေပေသည်။ ချန်စစ်ကျယ်ကိုကြည့်ရသည်မှာ တာအိုဆရာနှင့် လုံးဝမတူသောကြောင့် ဖြစ်သည်။ သို့သော် ချန်စစ်ကျယ်၏ အစွမ်းပြမှုမှာ ဝမ်သိုက် ထင်ထားသည်ထက်ပင် မြန်ဆန်လှပေသည်။

ဝမ်သိုက်သည် ပစ္စည်းများကို ယူ၍ထွက်လာသောအခါ ချန်စစ်ကျယ်က အားလုံးကို ဖြေရှင်းပြီးနေပြီ ဖြစ်ပေသည်။

"ဘယ်လို ခံစားရလဲ"

ဝမ်သိုက် မေးကာ ဆိုဖာပေါ်တွင် ဝင်ထိုင်လိုက်ပေသည်။

လိုင်ဝမ်ရီသည် သူမ၏ ပုခုံးကို ပွတ်ရင်း ပြုံးကာ ပြန်ပြောလိုက်ပေသည်။

"တကယ်ပဲ မပင်ပန်းတော့ဘူး၊ ပြီးတော့... တစ်ကိုယ်လုံး အေးစက်နေတာတွေလည်း ပျောက်သွားပြီ၊ အခုမှပဲ နွေးထွေးမှုကို ခံစားရတော့တယ်"

သူမသည် ချန်စစ်ကျယ်ကို တစ်ချက်ကြည့်ကာ ဝမ်သိုက်ကို တိုးတိုးလေး ပြောလိုက်ပေသည်။

"ဒါပေမဲ့... သူ အစွမ်းပြတဲ့အချိန်မှာ တကယ့်ကို အရှိန်အဟုန်ကြီးတာပဲ၊ ဒါပေမဲ့ တစ်ခုမှ မနာဘူးနော်"

နားပါးလှသော ချန်စစ်ကျယ်က လိုင်ဝမ်ရီကို ကြည့်ကာ "နာမှာ မဟုတ်ပါဘူး၊ မင်းရဲ့ အာရုံကို ပိတ်ပေးတာပဲ၊ ရိုက်နေတာမှ မဟုတ်တာ"

All Chapters