← Chapters

အခန်း ၇၆

Vol. 8 Ch. 76

အခန်း ၇၆

Vol. 8 Ch. 76

🍏 Chapter 76

သူတို့မျက်စိရှေ့တွင် မြင်တွေ့နေရသည်မှာ ရေတွက်၍မရနိုင်သော လက်များစွာဖြင့် ဝိုင်းဝန်းဆုပ်ကိုင်ခံထားရသည့် ခန္ဓာကိုယ်တစ်ခုဖြစ်သည်။

ကာမပိုင်းဆိုင်ရာ နှိပ်စက်မှုတင်မကဘဲ ဤကဲ့သို့သော နှိပ်စက်ညှဉ်းပန်းမှုမှာ စိတ်ဝိညာဉ်အထိ နက်ရှိုင်းစွာ ထိုးနှက်နေသည့် အနိုင်ကျင့်မှုမျိုးဖြစ်သည်။

သူမအား အပိုင်းပိုင်းဆွဲဖြတ်ကာ လူမဆန်စွာ နှိပ်စက်နေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်နေရသည်။ အပြင်ပန်း၌ ကြက်သီးတဖြန်းဖြန်းထရုံသာမက အတွင်းစိတ်ဝိညာဉ်ပါ တုန်လှုပ်ချောက်ခြား သွားရသည်။

လိုင်ဝမ်ရီသည် တံခါးဘောင်ကို အားပြုကိုင်ထားရင်း စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုကြောင့် ပျို့အန်ကာ တစ်ကိုယ်လုံး ချမ်းတုန်နေတော့သည်။

သူမသည် ခါးကိုကုန်းကာ အဆက်မပြတ် ပျို့အန်နေမိသည်။ ဝမ်သိုက်သည်လည်း တစ်ကိုယ်လုံး တင်းမာနေလျက် ခေါင်းကို ဖြည်းဖြည်းချင်း မော့ကြည့်လိုက်ရာ အပေါ်မျက်နှာကျက်မှာ မှန်တစ်ချပ် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

ကုတင်ပေါ်တွင် ပက်လက်လဲလျောင်းနေသော သူမ မှာ မိမိကိုယ်ကို ဖျက်ဆီးခံနေရသည့် ဖြစ်စဉ်တစ်ခုလုံးကို အတင်းအဓမ္မကြည့်ရှုနေရခြင်းဖြစ်သည်။

အသက်ရှူသံများပင် ပိတ်ဆို့နေသည့်အလား ဝမ်သိုက်သည် ထိုမျက်နှာကျက်မှ မှန်ကို အကြာကြီး စိုက်ကြည့်နေစဉ် ခဏတာ လက်ခနဲ ပေါ်လာသော မျက်လုံးတစ်လုံးကို မြင်လိုက်သည်။

သူမသည် တံတွေးကို ခက်ခဲစွာ မျိုချလိုက်ပြီး ခြောက်သွေ့နေသော လည်ချောင်းကို အားယူကာ အက်ရှရှအသံဖြင့် မေးလိုက်သည်။

"ရှင်၊ ကျွန်မတို့ကို ဘာလုပ်စေချင်တာလဲ"

သူမသည်ပင် ဆက်၍ ဖြေလိုက်သည်။

"ရှင်က ရှင့်ရဲ့ နာကျင်မှုတွေကို တစ်ယောက်ယောက်က မြင်ပေးတာမျိုးပဲ လိုချင်တာ မဟုတ်လား၊ မြေအောက်ခန်းထဲမှာ ဒီလောက်နှစ်ပေါင်းများစွာ မြုပ်နှံခံထားရပြီး ဒီလို နာကျင်မှုတွေထဲမှာ တစ်ယောက်တည်း ရုန်းကန်နေခဲ့ရတာ၊ အစကတော့ ရှင် ပျင်းလို့ ကျွန်မတို့ကို အဖော်အဖြစ် ထားချင်တာလားလို့ တွေးမိသေးတယ်”

“ဒါပေမဲ့ အခုတော့ အဲဒီလို မဟုတ်ဘူးဆိုတာ ကျွန်မ သိလိုက်ပြီ၊ နှောင်ဖွဲ့ခံထားရတဲ့ ဒုက္ခက ဘယ်လောက်ကြီးမားတယ်ဆိုတာ ရှင်ကိုယ်တိုင် သိနေတာပဲ

အချို့သော ဝိညာဉ်တွေက သူတို့ရဲ့ နာကျင်မှုကို သူများတွေပါ ခံစားစေချင်ကြပေမဲ့ ရှင်ကတော့ အဲဒီလို မဟုတ်ဘူး၊ ရှင်က ရှင့်ရဲ့ နာကျင်မှုတွေကို တစ်စုံတစ်ယောက်က မြင်ပေးဖို့၊ ကြားပေးဖို့ပဲ လိုလားခဲ့တာ"

“တောက်”

ကြမ်းပြင်ပေါ်သို့ သွေးတစ်စက်ကျလာပေသည်။ ချက်ချင်းပင် မျက်နှာကျက်ရှိ မှန်တစ်ချပ်လုံးမှာ သွေးစက်များဖြင့် ပြည့်နှက်သွားပြီး အိပ်ခန်းတစ်ခုလုံးမှာ သွေးများဖြင့် ကာရံထားသော ဂူတစ်ခုသဖွယ် ဖြစ်သွားတော့သည်။

တံခါးဘောင်ကိုကိုင်ကာ ပျို့အန်နေသော လိုင်ဝမ်ရီသည် ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်ပြီး ဝမ်သိုက်နှင့် တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူမ လက်မောင်းကို ဝမ်သိုက်က ဆွဲလိုက်သည်။ ဝမ်သိုက်သည် သူမကို ဆွဲကာ ထိုသွေးအိုင်များကြားသို့ တွန့်ဆုတ်ခြင်းမရှိဘဲ လျှောက်လှမ်းဝင်ခဲ့ တော့သည်။

သူတို့သည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာဆီသို့ ရောက်ရှိသွားကြသည်။ ရိုးရှင်းသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦးမှာ မှန်တင်ခုံရှေ့တွင် ထိုင်ကာ မျက်ခုံးဆွဲနေသည်။

သူမ ပုံစံမှာ အေးဆေးတည်ငြိမ်လှပြီး သူမ၏ရှို့ယာဟူသော အမည် နှင့် လိုက်ဖက်လှပေသည်။

အခန်းတွင်းရှိအလှဆင်မှုများမှာ ထွင်းထုထားသောသစ်သား ကုတင်မှသည် ကျောက်စိမ်း မှန်တင်ခုံအထိ အဖိုးတန်လှသဖြင့် ရှို့ယာမှာ သူဌေးသမီးတစ်ဦး ဖြစ်ကြောင်း သိသာလှသည်။

ရုတ်တရက် အခန်းတံခါးမှာ ဝုန်းခနဲ ပွင့်သွားပြီး အစေခံမိန်းကလေးတစ်ဦးမှာ ရှို့ယာ၏ဘေးသို့ ပြေးဝင်လာကာ စိုးရိမ်တကြီး ပြောလေသည်။

"မမလေး၊ အဘွားကြီးက မမလေးကို ဝမ့်မိသားစုက ဝမ်ခွန်းနဲ့လက်ထပ်ပေးတော့မတဲ့၊ အဲဒီလူက ရုပ်ဆိုးရုံတင်မကဘူး၊ အကျင့်လည်း မကောင်းဘူး၊ မယားငယ်တွေတောင် တစ်ဒါဇင်ကျော်နေပြီ”

“ပြီးတော့ မမလေးထက် ဆယ်နှစ်ကျော်တောင် ကြီးသေးတယ်၊ ကြားတာတော့ သူနဲ့ မယားငယ်တစ်ယောက်ရတဲ့ သမီးကတောင် မမလေးထက် နှစ်နှစ်ပဲ ငယ်တယ်တဲ့"

ရှို့ယာသည် အေးဆေးစွာပင် မျက်ခုံးဆွဲတံကို ပြန်ချလိုက်သည်။ သူမသည် လက်ချောင်းလေးများဖြင့် စားပွဲပေါ်ကို ပွတ်သပ်ရင်း မျက်ဝန်းများကို နှိမ့်ချကာ မှန်ထဲသို့ စိုက်ကြည့်နေသည်။

သူမ ဘာကို ကြည့်နေမှန်း မသိရပေ။ သူမသည် နှုတ်ခမ်းကို အသာတွန့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။

"ငါက သူတို့အတွက်တော့ အသုံးမဝင်တဲ့ မွေးစားသမီး တစ်ယောက်ပဲလေ၊ သူတို့အတွက်တော့ ငါက လှပတဲ့ ခန္ဓာကိုယ်တစ်ခုပဲ ရှိတာ

ဝမ်မိသားစုက သူတို့အတွက် အကျိုးရှိစေနိုင်သလို ဝမ်ခွန်းကလည်း ငါ့အပေါ် စိတ်ဝင်စားနေတော့ သူတို့က ငါ့ကို လက်ဆောင်တစ်ခုလို ဘာလို့ ပေးမပစ်ဘဲ နေမလဲ"

"ဒါဆို လီသခင်လေးကော၊ လီသခင်လေးနဲ့ မမလေးတို့က တစ်ယောက်နဲ့တစ်ယောက် ချစ်နေကြတာပဲ၊ လီမိသားစုက ဝမ်မိသားစုလောက် မချမ်းသာပေမဲ့

တစ်ချိန်က နာမည်ကြီး မိသားစုပဲလေ၊ ဘာလို့ မမလေးကို ဝမ်မိသားစုဆီ အတင်းပို့ရတာလဲ၊ ဒါက မမလေးကို ဖျက်ဆီးပစ်တာပဲ"

အစေခံမလေးမှာ ဒေါသထွက်လွန်းသဖြင့် မျက်ရည်များပင် ထွက်လာတော့သည်။ ရှို့ယာသည် ခေါင်းလေးကို စောင်းကာ နာကျင်စွာ ပြုံးလိုက်ပြီး

"လူကြီးတွေရဲ့ အမှားအယွင်းတွေကို ကလေးတွေက ဘယ် လို ရှောင်လွှဲလို့ ရမှာလဲ၊ ငါ့အမေက အဘိုးကြီးရဲ့ နောက်ဆုံးမိန်းမဖြစ်ခဲ့သလို အဘိုးကြီး သေခါနီးမှာလည်း ငါ့ကို လူလားမြောက်အောင် စောင့်ရှောက်ဖို့ မှာခဲ့တယ်”

“ဒါပေမဲ့ ငါက သူတို့နဲ့ သွေးမတော်ဘူး၊ ငါ့အမေ ပါလာတဲ့ အပိုပစ္စည်း တစ်ခုပဲ၊ ငါ့အမေသာ ရှိနေသေးရင် ငါ ယွမ်နဲ့ ပေါင်းရဖို့ အခွင့်အရေး ရှိဦးမယ်

အခုတော့ ငါ့အမေလည်း မရှိတော့ဘူး ဆိုတော့ သူတို့ ရင်ထဲက နာကျည်းချက်တွေကို ငါ့အပေါ်မှာပဲ ပုံချလိုက်ကြတာပေါ့"

မြင်ကွင်းမှာ ပြောင်းလဲသွားပြန်သည်။ သူမသည် လိုင်ယွမ်နှင့် အဆက်အသွယ်ဖြတ်ရန် စာတစ်စောင်ရေးနေသည့် မြင်ကွင်းဖြစ်သည်။

သူမမှာ အိမ်ပြင်ပင် ထွက်ခွင့်မရှိပေ။ မင်္ဂလာဦးညမှာ ရှို့ယာအတွက် ငရဲတစ်ခုဖြစ်ခဲ့သည်။

စားပွဲပေါ်ရှိ ဖယောင်းတိုင်မှ ဖယောင်းပူများမှာ ရှို့ယာ၏ကိုယ်ပေါ်သို့ ကျဆင်းနေပြီး သူမ၏ အပေါ်တွင်တော့ ဝဖြိုးသော ဝမ်ခွန်းက ရှိနေသည်။

သူသည် ဝဖြိုးသောအိမ်ဝက်တစ်ကောင်ကဲ့သို့ နုနယ်လှသော ပန်းလေးတစ်ပွင့်ကို နင်းခြေနေသကဲ့သို့ပင်။

ညှဉ်းပန်းနှိပ်စက်သည့် ကိရိယာများကို ဝမ်ခွန်းသည် ကစားစရာကဲ့သို့ အသုံးချခဲ့သည်။ အကျဉ်းသားများကို စစ်ဆေးသည့် နည်းလမ်းမျိုးစုံကို ရှို့ယာ ခံစားခဲ့ရသည်။

ဝမ့်ခွန်းသည် သူမ ပါးစပ်ကို ပိတ်မထားဘဲ နာကျင်စွာ အော်ဟစ်သံများကို သာယာစွာ နားထောင်နေခဲ့သည်။

ရက်စက်လှသည်။ လိုင်ဝမ်ရီမှာ ဆက်မကြည့်ရဲတော့ဘဲ မျက်နှာလွှဲကာ နားကို ပိတ်ထားလိုက်တော့သည်။ ဝမ်သိုက်ကတော့ မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။

သူမ လက်မောင်းပေါ်မှ ကြက်သီးများမှာ ယခုထက်တိုင် ပြေလျော့မသွားသေးပေ။ မြေအောက်ခန်းထဲသို့ ပို့ဆောင်ခံရပြီးနောက် ရှို့ယာအတွက် လူ့ငရဲခန်းမှာ ပိုမှောင်မိုက်လာခဲ့သည်။

ဝမ်သိုက်နှင့် လိုင်ဝမ်ရီတို့မှာ ထိုအခန်းထဲမှ ထွက်ရန် ကြိုးစားသော်လည်း မမြင်ရသော အတားအဆီးတစ်ခုက တားဆီးထားသည်။ ထို့ကြောင့် သူတို့သည် တံခါးဝမှ အဆက်မပြတ် ဝင်လာသော အမျိုးသားများကို ကြည့်နေရုံမှအပ အခြားမရှိပေ။

"ထွက်သွား၊ ငါ့ကို မထိနဲ့၊ သေကြစမ်း၊ နင်တို့အားလုံး သေကြစမ်း"

ရှို့ယာသည် မိမိကိုယ်ကို ကာကွယ်ရန်ကြိုးစားရင်း အမျိုးသားတစ်ဦး၏ပုခုံးကို အတင်းကိုက် လိုက်သော်လည်း ပြန်လည်ရရှိသည်မှာ ပြင်းထန်သော ပါးရိုက်ချက်သာဖြစ်သည်။

အစပိုင်းတွင် ရုန်းကန်အော်ဟစ်ခဲ့သော်လည်း နောက်ပိုင်းတွင်တော့ သူမသည် တိတ်ဆိတ်သွားတော့သည်။

ဝမ့်ခွန်းကမူ ထိုတိတ်ဆိတ်မှုကို မကျေနပ်ပေ။ သူသည် စီးကရက်ကိုခဲကာ အခြားအမျိုးသားများနှင့်အတူ ဝင်လာပြီး

"ဒီမိန်းမကို အသေလိုဖြစ်နေအောင် ထားလို့မရဘူး၊ မင်းတို့ အားလုံး အတူတူလုပ်ကြစမ်း၊ သူ ဘယ်လို ပြန်ရှင်လာမလဲဆိုတာ ကြည့်ရအောင်" ဟု ရယ်မောကာ ပြောလေသည်။

လိုင်ဝမ်ရီမှာ နံရံကို မျက်နှာမူကာ ငိုကြွေးနေသည်။ ဝမ်သိုက်မှာတော့ တုန်ယင်နေသော ခန္ဓာကိုယ်ကို နံရံတွင် မှီထားရင်း ထိုအဖြစ်အပျက်အားလုံးကို ကြည့်နေရသည်။

သူမကို ကယ်တင်ချင်သော်လည်း ၎င်းမှာ မဖြစ်နိုင်မှန်း သူမ သိသည်။ ရှို့ယာအတွက် အလိုချင်ဆုံးမှာ သေခြင်းတရားသာ ဖြစ်ပေလိမ့်မည်။

ရှို့ယာ သေဆုံးခါနီး မြင်ကွင်းဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း ရှို့ယာတွင် ကူးစက်ရောဂါရနေပြီး သူမကို စွန့်ပစ်လိုက်ကြသည်။ ဝမ်ခွန်းသည် ဝတ်စုံအပြည့်ဖြင့် သူမ ရှေ့တွင် ရပ်ကာ

"မင်းရဲ့ အခုပုံစံကို ကြည့်ဦး၊ အပြင်မှာ မင်းကို ဘယ်လိုပြောနေကြလဲ သိလား" ဟု လှောင်ပြောင် လိုက်သည်။

All Chapters