← Chapters

အခန်း ၇၇

Vol. 8 Ch. 77

အခန်း ၇၇

Vol. 8 Ch. 77

🍏 Chapter 77

သူသည် ရှို့ယာ နားသို့ တိုးကပ်ကာ

"သူတို့က မင်းကို အောက်တန်းကျတဲ့ပြည့်တန်ဆာမ၊ တန်ဖိုးမရှိတဲ့ ဘုံပိုင်ကားလို့ ပြောနေကြတာ”

ဝမ်ခွန်း ဆက်ပြောသည်။

"မင်းရဲ့ရည်းစားဟောင်း လိုင်ယွမ်လေ၊ ဒီနေ့ သူ မင်္ဂလာဆောင်တာ၊ ငါ့ကိုတောင် ဖိတ်စာပေးလိုက်သေးတယ်၊ ဒါပေမဲ့ ငါ့ဇနီးကတော့ လမ်းမလျှောက်နိုင်တော့လို့ မလာနိုင်ဘူးလို့ ငါ ပြောလိုက်တယ်"

ဝမ်ခွန်းသည် ဖိတ်စာကို အမှိုက်သဖွယ်ပစ်ချလိုက်သည်။ ထို့နောက် အစေခံလေးဦးကို ခေါ်သွင်းလိုက်သည်။

၎င်းတို့သည် ရှို့ယာကို စောင်ဖြင့် ထုပ်ပိုးကာ လည်ပင်းကို ကြိုးဖြင့် ညှစ်ပြီး ခေါင်းကို ခေါင်းအုံးဖြင့် ဖိကာ သတ်ပစ်လိုက်ကြတော့သည်။

လူသတ်မှု ဖြစ်သော်လည်း ရှို့ယာအတွက်တော့ သေခြင်းတရားမှာ နှိပ်စက်ခံရခြင်းထက်ပိုကောင်းမွန်နေပေသည်။

သို့သော် အသက်ရှူကျပ်၍ သေရသည့် ဖြစ်စဉ်မှာတော့ လွန်စွာနာကျင်လှသည်။ သူမ၏ ခန္ဓာကိုယ်မှာ အပြင်းအထန် ရုန်းကန်နေရပြီးမှ တိတ်ဆိတ်သွားတော့သည်။

မြင်ကွင်းများမှာ အလျင်အမြန် ပြောင်းလဲသွားသည်။ ဝမ့်ခွန်းသည် အရိုးပြာအိုးကို ကိုင်ကာ မြေအောက်ခန်းသို့ ဆင်းသွားသည်။

ရှေးဟောင်းဆရာကြီးတစ်ဦးနှင့်အတူ အခန်း၏အနက်ဆုံးနေရာသို့ ရောက်လာပြီး "ဆရာကြီး၊ ဒါက သူ သေခဲ့တဲ့ နေရာပဲ" ဟု ပြောလိုက်သည်။

ထိုဆရာကြီးက

"သူ့မှာ အာဃာတ အရမ်းကြီးတယ်၊ ဒီနေရာက အဆင်မပြေဘူး၊ ဝိညာဉ်ကိုနှောင်ဖွဲ့ပြီး စည်းစိမ်ချမ်းသာရလာအောင် လုပ်ချင်ရင် ဒီအခန်းရဲ့ အောက်မှာ နောက်ထပ် ခြောက်မီတာလောက် ထပ်တူးရမယ်၊ သိပ်နီးရင် အိမ်ရှင်ရဲ့ အသက်ကို အန္တရာယ်ပေးနိုင်တယ်”

မြင်ကွင်းမှာ ထပ်မံ ပြောင်းလဲသွားကာ အလုပ်သမားများက မြေပြင်ကို တူးနေကြသည်။ ဝမ်ခွန်းနှင့် ဆရာကြီးတို့သည် မြေအောက်ခန်း၏အနက်ဆုံးနေရာသို့ ဆင်းသွားကြသည်။

ထိုနေရာတွင် ရှို့ယာ၏အရိုးပြာအိုးကို တင်ထားသည့် စင်တစ်ခုရှိသည်။ ထိုစင်မှာ ပူဇော်ရန် မမဟုတ်ဘဲ နှောင်ဖွဲ့ထားရန်သာ။

အရိုးပြာအိုးကို အနီရောင် ကြိုးများဖြင့် ပတ်ထားပြီး အနက်ရောင် ခွေးသွေးများဖြင့် ရေးဆွဲထားသော ဂါထာများ ရှိနေပေသည်။

ဆရာကြီးမှာ အမည်မသိ ဂါထာများကို အော်ဟစ်ရွတ်ဆိုရင်း ကြေးဆည်းလည်းကို တချွင်ချွင်မြည်အောင် လှုပ်ခါနေတော့သည်။

ထိုဆရာကြီးသည် ကြက်သွေးများ ထည့်ထားသော ပန်းကန်ကို ကိုင်ကာ ပူဇော်စင်ရှေ့၌ သွေးဖြင့် အဝိုင်းတစ်ခု ရေးဆွဲလိုက်သည်။ သူသည် ခေါင်းမော့ကာ ဝမ်ခွန်းအား မှာကြားလေသည်။

"အကယ်၍ တစ်နေ့မှာ မင်း ဒီနေရာကို မဖြစ်မနေ လာရမယ်ဆိုရင် ဒီအဝိုင်းထဲမှာပဲရပ်နေပါ၊ ဒါဆိုရင် သူ မင်းကို ရန်မူနိုင်မှာ မဟုတ်ဘူး"

ကြက်သွေးဖြင့် နယ်နိမိတ်သတ်မှတ်ထားသော နေရာမှာ လှေကားထိပ်နားတွင် ဖြစ်သည်။ လှေကားနှင့် သိပ်မဝေးသရွေ့ ဘေးကင်းပေလိမ့်မည်။

ဝမ်သိုက်နှင့် လိုင်ဝမ်ရီတို့ ရပ်နေသော နေရာမှာ ရှို့ယာက တမင်စီစဉ်ပေးထားသလား မသိရသော်လည်း သူတို့သည်လည်း ထိုအဝိုင်းအတွင်း၌ပင် ရှိနေကြသည်။

အရိုးပြာအိုးတွင် ပတ်ထားသော အနီရောင်ကြိုးများမှာ ရှို့ယာ၏ကိုယ်ပေါ်တွင်တော့ သံခြေကျင်းနှင့် လက်ထိပ်များ ဖြစ်နေသည်။

သူမ လက်နှင့် ခြေထောက်များမှာ ကွင်းဆက်များဖြင့် ချည်နှောင်ခံထားရပြီး ပူဇော်စင်ရှေ့တွင် တိတ်ဆိတ်စွာ ရပ်နေသည်။

သူမနှင့် ဝမ်ခွန်းကြားရှိ မမြင်ရသောတံတိုင်းကို သူမ အတင်း အဓမ္မရိုက်ပုတ်ခြင်း မပြုဘဲ အေးစက်သော မျက်လုံးများဖြင့်သာ အကဲခတ်နေလေသည်။

သူမသည် လူ့ဘဝတုန်းကလည်း မိမိကံကြမ္မာကို ပြန်လည် မခုခံခဲ့ပေ။ အစေခံမလေးက သူမ၏ စီစဉ်ထားသောအိမ် ထောင်ရေးအကြောင်း လာပြောပြစဉ်ကလည်း သူမ ပုံစံမှာ နာကျင်မှုကင်းမဲ့စွာ တောင့်တောင့်ကြီးဖြစ်နေခဲ့သည်။

သေဆုံးပြီးနောက် ကြာမြင့်လှသော အချိန်များတွင်လည်း သူမ ဘာကိုမျှ ဂရုမစိုက်တော့သလိုပင်။ သို့သော် ထိုသို့ဖြစ်ခြင်းမှာ ဟန်ဆောင်မှုသက်သက်သာ ဖြစ်ပုံရသည်။

ဝမ့်ခွန်းနှင့် ဆရာကြီး ထွက်ခွာသွားပြီးနောက် သူမသည် ဖြည်းဖြည်းချင်းခေါင်းလှည့်လာကာ အဖြစ်အပျက်အားလုံးကိုကြည့်နေသော ဝမ်သိုက်နှင့် လိုင်ဝမ်ရီတို့ထံသို့ အကြည့်ချင်း ဆုံလိုက်သည်။

လွင့်မျောနေသော အသံလေးတစ်ခု ထွက်ပေါ်လာ၏။

"ငါ ဒီမှာနေရတာ သိပ်ကို အထီးကျန်တာပဲ"

ရှို့ယာက လက်ကို မြှောက်လိုက်ရာ သူမ လက်တွင်ချည် နှောင်ထားသော သံကြိုးများမှာ တချွင်ချွင်နှင့် မြည်ဟည်းသွားသည်။

သူမသည် လည်ပင်းကိုစောင်းကာ မိမိလက်ကောက်ဝတ်မှ သံကြိုးများ၊ မိမိဝိညာဉ်ကို နှောင်ဖွဲ့ထားသော သံကြိုးများကို ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။

"ခေတ်တွေက သိပ်မြန်မြန် ပြောင်းလဲသွားတာပဲ၊ အခုခေတ် မျက်လုံးတွေနဲ့ဆိုရင် ငါ့ကို ဘယ်လို မြင်ကြမလဲ"

"ရှင့်အတွက် ဝမ်းနည်းရပါတယ်"

ခုနက မြင်ကွင်းများကြောင့် ဝမ်သိုက်မှာ တုန်လှုပ်နေဆဲပင်။ သူမသည် အသက်ကို ဝဝရှူကာ မိမိကိုယ်ကို တည်ငြိမ်အောင် ကြိုးစားနေသော်လည်း ခုန်ပေါက်နေသော နှလုံးသားကိုတော့ ထိန်းချုပ်၍ မရပေ။

သူမသည် မော့ကြည့်ကာ ရှို့ယာ မျက်လုံးများကို စိုက်ကြည့်လိုက်ပြီး ဘေးနားရှိ လိုင်ဝမ်ရီ၏ လက်မောင်းကိုဆွဲကာ မိမိရှေ့သို့ ပို့လိုက်သည်။

"ကျွန်မတို့ ရှင့်ဘဝရဲ့ အတွေ့အကြုံတချို့ကို မြင်လိုက်ရတော့ ရှင့်အတွက် တကယ်ပဲ ဝမ်းနည်းမိတယ်"

သူမသည် လိုင်ဝမ်ရီလက်မောင်းကို လွှတ်လိုက်ပြီး ဆရာကြီးကြက်သွေးဖြင့် ဝိုင်းထားသော စည်းဝိုင်းကို သတ္တိရှိရှိကျော်ဖြတ်လိုက်သည်။

သူမ ကမ်းလိုက်သောလက်မှာ ရှို့ယာ၏သံခြေကျင်းရှေ့တွင် ရပ်တန့်သွားသည်။

All Chapters