← Chapters

အခန်း ၈၀

Vol. 8 Ch. 80

အခန်း ၈၀

Vol. 8 Ch. 80

🍏 Chapter 80

ချန်စစ်ကျယ်က ထိုင်ချလိုက်ပြီး တစ်ရှူးဖြင့် ထိုသစ်သား ကြမ်းပြင်ချပ်ကို ဖယ်လိုက်ရာ အောက်တွင် သံဖြင့် ပြုလုပ်ထားသော ကုဒ်နံပါတ် တံခါးတစ်ခုကို တွေ့လိုက်ရသည်။

"ဒါက ဘယ်လိုလုပ်မလဲ၊ ဂဏန်းသုံးလုံး ကုဒ်ဆိုတော့ စမ်းကြည့်လို့တော့ ရပေမဲ့ အချိန်ကုန်မှာပဲ" ဟုလိုင်ဝမ်ရီက ဆိုသည်။

မြေအောက်ခန်းထဲတွင် ကြာမြင့်စွာ နေခဲ့ရပြီး ထူးဆန်းသော မြင်ကွင်းများကြောင့် လိုင်ဝမ်ရီမှာ စိတ်မရှည်တော့ဘဲ ငိုချင်လာပြန်သည်။

ခေတ္တ ပျောက်ကွယ်သွားသော ဝမ်သိုက်သည် လေးလံသော ဖုန်းအဟောင်းကြီးကို မလာသည်။ ၎င်းမှာ စိတ်ကူးယဉ် ကမ္ဘာထဲတွင် သူမ တွေ့ခဲ့သော ဖုန်းဖြစ်ပြီး လိုင်ဝမ်ရီက ဝမ့်ခွန်းကို ထုနှက်ခဲ့သော ဖုန်းလည်း ဖြစ်သည်။

"ဖယ်ကြပါဦး"

ဝမ်သိုက် ပြောလိုက်ရာ ချန်စစ်ကျယ်နှင့် လိုင်ယွမ်တို့ နားမလည်စွာဖြင့် ဖယ်ပေးလိုက်ကြသည်။ သူမသည် ထိုဖုန်းကြီးကို မြှောက်ကာ အားကုန်သုံး၍ ကုဒ်နံပါတ် တံခါးပေါ်သို့ ထုချလိုက်သည်။

ပထမတစ်ချက်နှင့် မပွင့်သေးပေ။ သူမသည် ဒုတိယအကြိမ်၊ တတိယအကြိမ် ဆက်တိုက်ထုသည်။ ဆယ်ကြိမ်မြောက်တွင်တော့ ကုဒ်နံပါတ် တံခါးမှာ ပြုတ်ထွက်သွားပြီး အောက်ဘက် လှေကားပေါ်သို့ စောင်းလျက် ကျသွားသည်။

ဝမ်သိုက်သည် ထိုဖုန်းကို လွှင့်ပစ်ရန် ပြင်ပြီးမှ ပြန်သိမ်းထားလိုက်သည်။ သူမသည် သံတံခါးချပ်ကို ခြေထောက်ဖြင့် ကန်ချလိုက်ရာ ၎င်းမှာ လျှောစီးသကဲ့သို့ အောက်သို့ ပျောက်ကွယ်သွားတော့သည်။

အောက်တွင် သံချပ်ကျသံကို ကြားလိုက်ရပြီးနောက် ဝမ်သိုက်က အံ့ဩနေသော သူများကို ကြည့်ကာ "ဆင်းကြစို့လေ၊ ဘာလို့ အဲဒီလို ကြည့်နေကြတာလဲ" ဟု မေးကာ သူမ၏ အေးစက်နေဆဲဖြစ်သော ပါးပြင်ကို ကိုင်ကြည့်လိုက်သည်။

ဖြူဖျော့နေသော မျက်နှာနှင့် ဝမ်သိုက်၏ပုံစံကြောင့် ချန်စစ်ကျယ်က နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးကာ "မင်းကတော့ တကယ်ကို ထူးခြားတဲ့သူပဲ"

ဝမ်သိုက်က ပုခုံးတွန့်လိုက်ကာ

"ကျွန်မက အမြဲတမ်း ထူးခြားနေတာပဲလေ၊ ဒီကုဒ်နံပါတ် တံခါးက နှစ်ပေါင်းတစ်ရာလောက် ရှိနေပြီ၊ ဘယ်သူမှလည်း မပြင်ထားဘူး

ဒီလို မြေအောက်ခန်းထဲမှာ ဒီအတိုင်း ရှိနေတာဆိုတော့ အားနဲ့ ထုဖွင့်လိုက်တာက အလွယ်ဆုံးပဲ၊ ကုဒ်ကို ထိုင်စဉ်းစားနေရင် အချိန်ကုန်မှာပေါ့”

“တွက်နေရင်လည်း တစ်လုံးချင်းတွက်နေရဦးမယ်၊ ကျွန်မ ရဲ့ အစောင့်အရှောက်တွေကလည်း ဘာမှ မပြောကြတော့ ကျွန်မမှာ တခြားနည်း မရှိဘူးလေ၊ ကျွန်မကတော့ လွင့်မျောနေတဲ့ ဝိညာဉ်မဖြစ်ချင်ဘူး"

သူမသည် အရင်ဆင်းရန် ပြင်လိုက်သော်လည်း ချန်စစ်ကျယ်က သူမ ရှေ့မှ ပိတ်ရပ်လိုက်သည်။

"မိန်းမတစ်ယောက်ကို ရှေ့ကနေ အန္တရာယ်ထဲသွားခိုင်းရလောက်အောင်တော့ ငါ မညံ့သေးပါဘူး" ဟု ပြောကာ အရင်ဆင်းသွားသည်။

သာမန် စကားတစ်ခွန်းသာ ဖြစ်သော်လည်း ဝမ်သိုက်မှာ ထိုနေရာတွင်ပင် ကြောင်အသွားသည်။ ဝိညာဉ် မစုံလင်၍လား မသိသော်လည်း သူမ စိတ်ထဲတွင် ဗလာကျင်းသွားကာ မှတ်ဉာဏ်အချို့ ပေါ်ထွက် လာသည်။

မြင်ကွင်းများမှာ မြန်ဆန်လွန်းသဖြင့် မမှတ်မိလိုက်သော် လည်း စကားသံတစ်ခုကတော့ ရှင်းလင်းစွာ ကြားနေရသည်။

"နောက်ကို ဆုတ်နေ၊ မိန်းမတစ်ယောက်ကို ငါ့ရှေ့ကနေ တိုက်ပွဲဝင်ခိုင်းစရာမလိုဘူး"

"မင်းကို အထင်သေးလို့ မဟုတ်ပါဘူး၊ ဘာလို့ စိတ်ဆိုးနေတာလဲ"

"ဟုတ်ပါပြီ၊ ဝမ်သိုက်က အတော်ဆုံးပါပဲ... မင်းက အတော်ဆုံး၊ ငါ မင်းကို အရိုအသေပေးပါတယ်"

ထို့နောက်တွင်တော့ အသံများမှာ ဝေဝါးသွားပြီး ဝမ်သိုက် တစ်စစီ ပြန်ဆက်ကြည့်နေရသည်။ နှလုံးသားမှာ နာကျင်နေပြီး ဝိညာဉ်ထဲတွင် ဟောင်းလောင်းပေါက်ကြီး ဖြစ်သွားသလို ခံစားရသည်။

"မင်းကတော့ကွာ... ပထမဆုံး မသွားရလို့ ငိုနေတာလား၊ မင်းရဲ့ အခြေအနေက ရှေ့က သွားဖို့ မသင့် တော်ဘူး၊ တစ်ခုခု ဖြစ်လာရင်... ငါ့ရဲ့ ပါတနာ ငါ့ရှေ့မှာတင် သေသွားတာကို ငါ မမြင်ချင်ဘူး"

ရင်းနှီးနေသော ထိုအပြောအဆိုများကြောင့် ဝမ်သိုက် သတိပြန်ဝင်လာသည်။ သူမသည် မိမိပါးပေါ်မှ စိုစွတ်မှုကို စမ်းကြည့်လိုက်ရာ မျက်ရည်များကျနေကြောင်း သိလိုက်ရသည်။

သူမသည် ထိုထူးဆန်းသော ခံစားချက်ကို ဘေးဖယ်ထားလိုက်ကာ မျက်ရည်များကို သုတ်လိုက်သည်။

"ရှင် အများကြီး တွေးနေပြီ၊ မျက်ရည်ကျတိုင်း ဝမ်းနည်းနေတာ မဟုတ်ပါဘူး၊ ဒီမှာ ဖုန်မှုန့်တွေ အများကြီးပဲလေ၊ မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ"

အလွန်သိသာသော လိမ်ညာမှု ဖြစ်သော်လည်း ချန်စစ်ကျယ်က ခပ်ပြုံးပြုံးဖြင့်သာ အနက်ရှိုင်းဆုံး နေရာသို့ ဆက်သွားနေသည်။

ပထမနေရာကို လုခံလိုက်ရသလို ဒုတိယနေရာကိုလည်း ဝမ်သိုက် မရလိုက်ပေ။ လိုင်ယွမ်က ဖခင်တစ်ယောက်ကဲ့သို့ သူမ ရှေ့တွင် ပိတ်ရပ်ကာ

"ချန်စစ်ကျယ် ပြောတာ မှန်တယ်၊ မင်းအခြေအနေနဲ့ဆိုရင် အလယ်မှာနေတာ အကောင်းဆုံးပဲ၊ ငါ မင်းရှေ့က သွားမယ်၊ သမီး ဝမ်သိုက်ကိုတွဲထားပေးဦး"

"ဟုတ်ကဲ့" ဟု လိုင်ဝမ်ရီက ဆိုသည်။

သူမသည် ဝမ်သိုက်လက်မောင်းကို တွဲလိုက်ပြီး သူမ၏ ဖြူလျော့နေသော မျက်နှာကို စိုးရိမ်တကြီး ကြည့်ကာ "နင် အားမတင်းပါနဲ့တော့၊ ငါနဲ့ အတူတူ သွားရအောင်"

ဝမ်သိုက်မှာ သူတို့၏ဂရုစိုက်မှုကို ခံစားလိုက်ရပြီး လိုင်ဝမ်ရီကို ပြုံးပြလိုက်သည်။

"ကျေးဇူးပဲနော်"

"ဘာတွေ အားနာနေတာလဲ၊ ကျေးဇူးတင်ရမှာက ငါပါ၊ နင် ငါတို့ကို အများကြီး ကူညီပေးခဲ့တာပဲ... အခုတော့ ငါ နင့်ကို ပြန်ကာကွယ်ပေးရမယ့် အလှည့်ပေါ့" ဟု လိုင်ဝမ်ရီ တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။

သူမ လက်များကတော့ ဝမ်သိုက်ကို တင်းတင်းဆုပ်ကိုင်ထားဆဲပင်။ ဝမ်သိုက်သည် ဖုန်းအဟောင်းကြီးကို ရင်ဘတ်တွင် ပွေ့ပိုက်ထားသည်။

ဤလက်နက်က နောက်ထပ် အသုံးဝင်ဦးမည်ဟု သူမ ထင်နေသည်။ လေးယောက်သား လှေကားမှ အောက်သို့ တစ်ဆင့်ချင်း ဆင်းလာကြသည်။

အောက်ဆုံးထပ်၏ ကွင်းပြင်ကျယ်သို့ ရောက်သောအခါ စိတ်ကူးယဉ် ကမ္ဘာထဲတွင် မြင်ခဲ့ရသည်ထက် ပိုပျက်စီးနေသည်ကို တွေ့ရသည်။ ပင့်ကူအိမ်များနှင့် ဖုန်မှုန့်များမှာ နေရာအနှံ့ ရှိနေသည်။

ဝမ်သိုက် ပေးထားသော သတင်းအချက်အလက်ကြောင့် ချန်စစ်ကျယ်သည် ဓာတ်မီးဖြင့် ကြမ်းပြင်ကို ထိုးကြည့်လိုက်ရာ ခြောက်သွေ့နေသော ကြက်သွေးကွက်များကို တွေ့လိုက်ရသည်။ ၎င်းမှာ အာနိသင် မရှိတော့ပေ။

ဓာတ်မီးရောင်ဖြင့် ထိုနေရာငယ်လေးကို ကြည့်လိုက်သောအခါ အလယ်တွင် ရှိနေသော ပူဇော်စင်ပေါ်၌ ဂါထာများ ရေးထားသော အရိုးပြာအိုးကို တွေ့လိုက်ရသည်။

နံရံတွင် ဓာတ်ပုံတစ်ပုံမျှ မရှိဘဲ အရိုးပြာအိုး တစ်ခုတည်းသာ ရှိနေသည်။ နံရံတစ်လျှောက်တွင်တော့ ခေါင်းတလား ပန်းချီကားများကို ထွင်းထုထားသည်။

ဝမ်သိုက်က ရှေ့သို့ တိုးလာကာ သူမ ရင်ဘတ်ကို ဖိထားသည်။

"ရှို့ယာ ဒီမှာ ရှိနေတယ်၊ ဒါပေမဲ့ သူ ကိုယ်ထင် မပြသေးတာ၊ ကျွန်မ ခံစားလို့ ရတယ်... ကျွန်မရဲ့ ဝိညာဉ် အစိတ်အပိုင်းက ဒီနားတင် ရှိနေတာ

အစီအရင်ရဲ့ အဓိက အချက်က ဘယ်မှာလဲ မသိဘူး၊ ရှို့ယာရဲ့ စွမ်းအားက ဒီလောက်ကြီးတာတောင် ဒီအစီအရင်ကို မဖျက်နိုင်ဘူးလား"

"ဒါမှမဟုတ် သူ ကိုယ်တိုင်က မဖျက်ချင်တာလည်း ဖြစ်နိုင်တာပဲ" ဟု ချန်စစ်ကျယ်က ဆိုသည်။

သူသည် ကြက်သွေး စည်းဝိုင်းထဲမှ ထွက်လိုက်ကာ နံရံနားသို့ သွားပြီး ထွင်းထုထားသော ပုံရိပ်များကို အသေအချာ စူးစမ်းနေတော့သည်။

ဝမ်သိုက်သည် ပူဇော်စင်ရှေ့သို့ သွားကာ အရိုးပြာအိုးကိုယူ၍ လှုပ်ကြည့်လိုက်သည်။

ထူးဆန်းသည်မှာ အတွင်းမှ မာကျောသော အရာတစ်ခု၏ တိုက်မိသံ ထွက်ပေါ်လာခြင်း ဖြစ်သည်။ သူမ လက်များ တုန်သွားပြီး ကြက်သီးများထသွားတော့သည်။

သေသူ၏ အသုံးအဆောင်များနှင့် ရင်းနှီးဖူးသော်လည်း အရိုးပြာအိုးကို ဖွင့်ကြည့်ဖို့အထိတော့ သူမ မတည်ငြိမ်နိုင်ပေ။ သူမသည် အိုးကို ပူဇော်စင်ပေါ် ပြန်တင်လိုက်ပြီး

"ချန်စစ်ကျယ်၊ ဒီကို လာပါဦး၊ ဒီထဲမှာ တစ်ခုခု ရှိနေတယ်" ဟု လှမ်းခေါ်လိုက်သည်။

အနီရောင်ကြိုးများဖြင့် ပတ်ထားပြီး ခွေးနက်သွေးဖြင့် ဂါထာရေးထားသော ထိုအိုးမှာ ကြည့်ရုံနှင့်ပင် ကျောချမ်းစရာ ကောင်းလှသည်။

ချန်စစ်ကျယ်က လျှောက်လာပြီး ဝမ်သိုက်လုပ်ခဲ့သလိုပင် အရိုးပြာ အိုးကို မကာ လှုပ်ကြည့်လိုက်သည်။ ထိခိုက်သံ ထွက်လာသောအခါ သူ မျက်တောင်ခတ်ရင်း

"အရိုးတွေပဲ"

"ဟင်"

"ဒီထဲမှာ အရိုးတွေ ရှိနေတာ" ဟု သူ အေးဆေးစွာ ပြောလိုက်ပြီး ရိုးရိုးသေတ္တာ တစ်လုံးကို ချသကဲ့သို့ အိုးကို ပြန်တင်လိုက်သည်။

ဝမ်သိုက်သည် ထိုအိုးကို ကြည့်ရင်း အခြားလက်မောင်းကို ပွတ်ကာ "အိုးကို ဖွင့်ကြည့်ဖို့ မလိုဘူးလား"

All Chapters