← Chapters

အခန်း ၈၂

Vol. 9 Ch. 82

အခန်း ၈၂

Vol. 9 Ch. 82

🍏 Chapter 82

သူသည် အဘွားရှိရာ အခန်းသို့ အပြေးသွားလိုက်ရာ ကုတင်ပေါ်တွင် အသက်ရှူ မမှန်တော့သော အဘွားကို တွေ့လိုက်ရသည်။

ဖခင်ဖြစ်သူက သူ့ကို ပါးရိုက်လိုက်ကာ

"တိရစ္ဆာန်ထက် မိုက်တဲ့ကောင်၊ မင်းရဲ့အဘွားကို ကြည့်စမ်း၊ သူ မသေခင် မြေးဖြစ်သူရဲ့ မင်္ဂလာပွဲကို မမြင်ရအောင် လုပ်ရက်သလား၊ မင်းက မိန်းမတစ်ယောက်အတွက်နဲ့ မျိုးရိုးကို ဒီမှာတင် ရပ်တန့်ပစ်မှာလား၊ မင်းမှာ အသိစိတ်ရော ရှိရဲ့လား" ဟု ဆူပူလေသည်။

သူသည် အဘွား၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ "မိန်းကလေးကောင်း တစ်ယောက်နဲ့ လက်ထပ်ပါ၊ ကလေးလေးရှိရင် အဖော်ရတာပေါ့၊ ပျော်ပျော်နေပါ၊ ရှို့ယာက မိန်းကလေးကောင်းပါ" ဟု ဆိုသော အဘွား၏ စကားကို ကြားလိုက်ရသည်။

ဖျားနာပြီးကတည်းက အဘွား၏ မှတ်ဉာဏ်မှာ သိပ်မကောင်းတော့ပေ။ ယခု ရှို့ယာမှာ တခြားသူ၏ ဇနီးဖြစ်နေသော်လည်း အဘွား အသိမှာမူ အတိတ်မှာပင် ကျန်ရစ်နေချေသည်။

မျက်ရည်များမှာ ကုတင်ခင်းပေါ်သို့ တစ်စက်ချင်း ကျလာသည်။ သူသည် အဘွား၏လက်ကို ဆုပ်ကိုင်ရင်း "ဟုတ်ကဲ့၊ ကျွန်တော် လက်ထပ်ပါ့မယ်၊ ကလေးလည်းယူပြီး အဘွားကို အဖော်ပြုပေးခိုင်းပါ့မယ်၊ အဘွား စောင့်နေပါဦးနော်" ဟု ရှိုက်ကြီးတငင် ကတိပေးလိုက်ရသည်။

သူ စောင့်ထိန်းခဲ့သော သစ္စာတရားမှာလည်း ထိုနေရာမှာပင် ပျက်စီးသွားတော့သည်။

ဇနီးဖြစ်သူမှာ မိဘများက ရွေးချယ်ပေးထားသူ ဖြစ်သည်။ သူတို့ အတူတူ လျှောက်လည်စဉ်မှာပင် ထိုအမျိုးသမီးလေးတွင်လည်း ချစ်သူရှိခဲ့သော်လည်း ထိုသူမှာ စစ်ပွဲအတွင်း သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သိခဲ့ရသည်။

"ဒီလောကမှာ ကိုယ်ဖြစ်ချင်တာ ဖြစ်ရတဲ့သူ ဘယ်နှစ်ယောက် ရှိလို့လဲ" ဟူသော စကားသံမှာ မှတ်ဥာဏ်များထဲတွင် ပဲ့တင်ထပ်နေသည်။

သူတို့ လက်ထပ်ပြီး နောက်တစ်နေ့မှာပင် ရှို့ယာ သေဆုံးသွားကြောင်း သတင်းကို ကြားလိုက်ရသည်။ ဝမ့်မိသားစုက ရှို့ယာမှာ အကျင့်မကောင်း၍ ရောဂါဖြင့် သေဆုံးသည်ဟု သတင်းလွှင့်ခဲ့သဖြင့် လူအများက သူမကို ကဲ့ရဲ့ကြသော်လည်း သူမမှာ ထိုသို့သောသူ မဟုတ်ကြောင်း သူ သိသည်။ သို့သော် သူသည် ဘာမှ မတတ်နိုင်ခဲ့ပေ။

သူမသည် စစ်ပွဲအတွင်း သူတောင်းစားများကိုပင် ကူညီတတ်သူ ဖြစ်သည်။ သူမကို ချစ်ခဲ့စဉ်က သူ လုပ်ခဲ့ဖူးသော အစွန်ဆုံး အလုပ်မှာ လက်ကို ဆုပ်ကိုင်ခဲ့ခြင်းသာ ဖြစ်သည်။ သူမ သေဆုံးမှုတွင် လျှို့ဝှက်ချက် ရှိနေသည်ကို သိသော်လည်း သူ ဘာမှ မတတ်နိုင်ခဲ့ချေ။

သူငယ်ချင်းများက "မင်း အဲဒီတုန်းက သူမနဲ့ မပါသွားတာ ကံကောင်းတယ်၊ မဟုတ်ရင် မင်း ခေါင်းပေါ်မှာ ဂျိုတွေ ဘယ်နှစ်ချောင်း ပေါက်နေမလဲ မသိဘူး" ဟု ပြောကြသော်လည်း သူသည် ဒေါသတကြီးဖြင့် "သူမက အဲဒီလိုလူ မဟုတ်ဘူး၊ အားလုံးက ကောလာဟလတွေပဲ၊ သူမက အတင်းအဓမ္မ လုပ်ခံရတာ" ဟု အော်ဟစ်ကာ ငြင်းဆန်ခဲ့သည်။ သို့သော် လူအများက သူ့ကို ရူးနေသည်ဟုသာ ထင်ကြလေသည်။

လူအများ မျှော်လင့်သကဲ့သို့ပင် နောက်တစ်နှစ်တွင် သားတစ်ယောက် ထွန်းကားခဲ့သည်။ သူနှင့် ဇနီးဖြစ်သူမှာလည်း ထပ်ပြီး ကလေးမယူရတော့သဖြင့် စိတ်သက်သာရာ ရသွားကြသည်။

အဘွားဖြစ်သူမှာလည်း မြေးချီပြီးနောက် အေးချမ်းစွာ ကွယ်လွန်သွားချေသည်။ သူသည် မိမိကိုယ်တိုင်အတွက် ရှင်သန်နေသူ မဟုတ်တော့ပေ။

ရှို့ယာ၏ အုတ်ဂူ ဘယ်မှာရှိမှန်း မသိသဖြင့် သူသည် လသာသော ညများတွင် ကောင်းကင်ကို ကြည့်ကာ "ငါ နင့်ကို လာရှာမယ်၊ ခဏလေး စောင့်ပါဦး၊ ငါ လာတွေ့မယ်" ဟု ရေရွတ်နေမိသည်။

သူသည် ချစ်သူနောက်သို့ လိုက်ရန် ဆုံးဖြတ်သော်လည်း ဇနီးနှင့် သားအတွက် ငဲ့ကွက်ရပြန်သည်။ သူ သေဆုံးသွားပါက မိခင်ဖြစ်သူမှာ ဇနီးသည်ကို ကံဆိုးမဟု ပြောကာ နှိပ်စက်ဦးမည်မှာ သေချာသည်။ ထို့ကြောင့် သူသည် အားတင်းကာ ဆက်လက်ရှင်သန်နေခဲ့ရသည်။

သူတို့၏အိမ်ထောင်ရေးမှာ လူအများက အားကျရသော်လည်း ဇနီးဖြစ်သူကမူ သက်ပြင်းချကာ

"ရှင်က လူကောင်းတစ်ယောက်ပါ၊ ရှင့်ချစ်သူနဲ့သာ ပေါင်းခဲ့ရရင်... ထားပါတော့၊ ကျွန်မလည်း တစ်ခါတလေ တွေးမိတယ်၊ ကျွန်မချစ်သူသာ မသေရင် ကျွန်မတို့ အခုထက် ပိုပျော်ဖို့ ကောင်းမလားလို့ပေါ့"

သူသည် မိသားစုကို တာဝန်ကျေစွာ စောင့်ရှောက်ခဲ့သည်။ သားဖြစ်သူ အရွယ်ရောက်လာပြီးနောက် သူသည် ထွက်ခွာရန် ပြင်ဆင်တော့သည်။

ဖခင်ဖြစ်သူ ကွယ်လွန်ပြီး မိခင်မှာလည်း အိုမင်းမစွမ်း ဖြစ်နေချိန်တွင် သူသည် သေတမ်းစာ ရေးခဲ့သည်။ သူသည် မိခင်ဖြစ်သူ သူ့ကို ခြိမ်းခြောက်ခဲ့သည့် နည်းလမ်းအတိုင်း ကြိုးကွင်းစွပ်ကာ သေကြောင်းကြံခဲ့ချေသည်။

သူ့သေတမ်းစာတွင် သားဖြစ်သူကို မိခင်အား စောင့်ရှောက်ရန်နှင့် လွတ်လပ်စွာ ရှင်သန်ရန် မှာကြားခဲ့ပြီး မိမိ၏အရိုးပြာများကိုမူ "လျိုမြစ်" ထဲသို့ မျှောပေးရန် တောင်းဆိုခဲ့သည်။

"သူ့ကို အကြာကြီး စောင့်ခိုင်းခဲ့မိပြီ၊ သူ ဘယ်နေရာမှာ ရှိနေလဲ မသိပေမဲ့ ငါ သွားရှာရမယ်" ဟု သူ ရေးသားခဲ့သည်။

ကံကောင်းစွာဖြင့် သားဖြစ်သူက သူ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့သည်။ အဖေအရင်းကို အရိုးပြာ လုပ်ပြီး မြစ်ထဲမျှောသည်ဟု အပြောခံရသော်လည်း သားဖြစ်သူကမူ သူ၏ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့ချေသည်။

လောကကြီးသည် အလှည့်အပြောင်းများလွန်းလှသည်။ ကံကြမ္မာ၏ပြက်လုံးကား အေးစက်လွန်းလှပေသည်။

သူမကို သူ ရှာတွေ့ခဲ့ပြီ။ နောက်ဘဝသို့ ရောက်ရန် နှစ်ပေါင်းခြောက်ဆယ်နီးပါး အချိန်ကုန်လွန်ခဲ့ရ၏။ သူသည် အိမ်ထောင်ပြုခဲ့ပြီးပြီဖြစ်ကာ ဇနီးနှင့် သမီးလည်း ရှိနေခဲ့ပြီ။ ထိုသူများအားလုံးမှာ သူချစ်မြတ်နိုးရသူများသာ ဖြစ်ကြသည်။

တင်းကျပ်နေသော အာရုံကြောများမှာ အပ်အစင်းပေါင်းများစွာဖြင့် ထိုးဆွခံနေရသကဲ့သို့ ခံစားနေရသဖြင့် လိုင်ယွမ်သည် လက်ကိုမြှောက်ကာ နားထင်ကို ဖိထားမိသည်။

သူသည် ခေါင်းငုံ့ထားလျက် လည်ချောင်းထဲမှ နာကျင်လှသော ညည်းတွားသံကို အသက်လု၍ ထုတ်ဖော်လိုက်ကာ "ဘာလို့လဲ... ဘာဖြစ်လို့လဲ..." ဟု မေးမြန်းလေသည်။

"ဒီလောကကြီးမှာ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ အများကြီးမရှိဘူး၊ ရှင် ကျွန်မနားမှာ နေခဲ့ချင်သလား"

ရှို့ယာသည် အတိတ်ကို ပြန်လည်တမ်းတချင်စိတ် မရှိတော့သယောင် ရှိချေသည်။ သူမသည် ယခင်စကားစကို ဖြတ်တောက်ပစ်ကာ ထက်မြက်သော အကြည့်များဖြင့် သူ့မျက်လုံးများကို စိုက်ကြည့်လျက် မေးခွန်းထုတ်လိုက်သည်။

မနီးမဝေးတွင် ရပ်နေသော လိုင်ဝမ်ရီသည် ထိုသတင်းစကားများကြောင့် တုန်လှုပ်ချောက်ချားရာမှ သတိပြန်ဝင်လာသည်။ မိမိ၏ ဖခင်နှင့် ရှေ့မှ အမျိုးသမီးတစ္ဆေမှာ အတိတ်ဘဝက ချစ်သူများ ဖြစ်သည်ဟူသော အချက်ကို သူမ ခဲယဥ်းစွာလက်ခံနေရစဉ်တွင် သူမ မေးခွန်းကို ကြားလိုက် ရသဖြင့် သတ္တိကို မွေးကာ ဖခင်ဖြစ်သူ ရှေ့သို့ ပြေးထွက်သွားသည်။

သူမသည် လိုင်ယွမ်၏လက်မောင်းကို ဆွဲကိုင်ကာ ရှို့ယာ၏ ရှေ့တွင် ရပ်လိုက်ပြီး

"ဒီလိုမေးခွန်းမျိုးကို ရှင် ဘယ်လိုများ မေးရက်တာလဲ၊ ကျမအဖေက အတိတ်မှာရော အခုဘဝမှာရော ရှင့်အပေါ် ဘာမှမမှားခဲ့ဘူး၊ အတိတ်ကကိစ္စတွေက သူဖြစ်ချင်လို့ ဖြစ်ခဲ့တာလား၊ ရှင်ကိုယ်တိုင်လည်း ပြောခဲ့တယ်လေ၊ တစ်ခါပြန်စရင်တောင် ရှင့်တို့နှစ်ယောက် အတူမနေနိုင်ဘူးဆိုတာ၊ ရှင်ကတော့ သူ့ရဲ့ တာဝန်သိစိတ်တွေကို လွှတ်ချပြီး မိသားစုကို သေခိုင်းစေချင်တာလား၊ အချစ်က သံယောဇဉ်ထက် ပိုကြီးမြတ်လို့လား" ဟု အော်ဟစ်ပြောဆိုလိုက်သည်။

သို့သော် ရှို့ယာ၏အကြည့်များမှာ သူမထံသို့ အနည်းငယ်မျှ ရောက်မလာဘဲ လိုင်ယွမ်၏ မျက်ဝန်းများဆီသို့သာ စိုက်ဝင်နေသည်။ သူမက "ရှင် ကျွန်မနားမှာ နေခဲ့မလား" ဟု ထပ်မံ၍ မေးမြန်းပြန်သည်။

မှောင်မည်းနေသော သူမ၏ သူငယ်အိမ်ကြောင့် အတွေးကို ခန့်မှန်းရခက်ခဲလှပေသည်။ ဤမေးခွန်းအတွက် မှန်ကန်သော အဖြေဟူ၍ မရှိနိုင်ချေ။ ဤနက်ရှိုင်းလှသော မြေအောက်ခန်း အတွင်း၌ ကျန်ရှိသူ သုံးဦး၏ဖုန်းမီးများဖြင့်သာ အလင်းရောင် ရနေသော်လည်း လိုင်ယွမ်၏ရှေ့ရှိ ရှို့ယာမှာမူ အလင်းရောင်မရရှိဘဲ ဖြူလျော်ခြောက်ခြားဖွယ်ရာ ကောင်းလှပေသည်။

"...တောင်းပန်ပါတယ်"

လိုင်ယွမ်သည် ခေါင်းငုံ့ထားလျက် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသော မျက်နှာမှ မျက်ရည်ကြီးများ ပေါက်ခနဲ ကျလာသည်။ သူသည် ရင်ဘတ်ကို လက်ဖြင့် ဆုပ်ကိုင်ထားရာ အင်္ကျီစများမှာ တွန့်ကြေကုန်၏။

သူက "တောင်းပန်ပါတယ်၊ ငါ ဘယ်လိုမှမတတ်နိုင်ဘူး၊ တကယ်ကို မတတ်နိုင်လို့ပါ၊ ငါ့ဇနီးနဲ့ သမီးကို ငါ ပစ်မထားနိုင်ဘူး၊ တောင်းပန်ပါတယ်၊ မင်း ငါ့ကို စောင့်ပေးနိုင်ဦးမယ်ဆိုရင် ငါ့ဇနီးဆုံးပါးသွားတဲ့ အထိ၊ ငါ့သမီး အိမ်ထောင်ကျတဲ့အထိ စောင့်ပေးလို့ရမလား၊ အဲဒီအချိန်ကျရင် ငါ မင်းဆီ လာခဲ့ပါ့မယ်၊ ဖြစ်မလား" ဟု ရှိုက်ကြီးတငင် ရှင်းပြရှာသည်။

ပြန်လည်ရရှိလာသည့် အဖြေမှာ ရသည် သို့မဟုတ် မရသည် မဟုတ်ဘဲ ရှို့ယာ၏ လှောင်ရယ်သံသာ ဖြစ်ပေသည်။ သူမသည် မိမိကိုယ် မိမိ လှောင်ပြောင်နေသကဲ့သို့ ရှိချေသည်။ သူမသည် လက်ထဲမှ ယပ်တောင်ကို လေမတိုက်သော်ငြား တဖျတ်ဖျတ် ခတ်နေသည်။

ရှို့ယာသည် မျက်လုံးများကို အထက်သို့ ပင့်တင်လိုက်ကာ ဘယ်ကို ကြည့်နေမှန်း မသိရဘဲ ခေါင်းကို အနည်းငယ် စောင်းလျက် ပြုံးနေမိသည်။

သူမက "သနားစရာပဲ၊ သနားစရာကောင်းလိုက်တာ၊ ကြည့်စမ်း၊ ရှင်က တစ်ခါပြန်စဖို့တောင် စဉ်းစားခဲ့သေးတယ်၊ အခု ရွေးချယ်ခွင့်ကို ကျွန်မ ရှင့်လက်ထဲ ထည့်ပေးထားတာတောင် ရှင်က ကျွန်မ ကို မရွေးခဲ့ဘူး၊ ဘယ်နှစ်ခါပဲ ပြန်စစ ကျွန်မတို့ အတူမနေနိုင်ပါလား၊ ကျွန်မ ရှင့်ကို စောင့်ခဲ့တာ ကြာလှပြီ၊ နောက်ထပ် မစောင့်ချင်တော့ဘူး" ဟု ပြောလိုက်သည်။

ရှို့ယာ မျက်ဝန်းနက်များထဲတွင် အနီရောင်အလင်းများ လျင်မြန်စွာ ဖြတ်ပြေးသွားသည်ကို သတိပြုမိလိုက်သဖြင့် ဝမ်သိုက်သည် လက်ထဲမှ အရိုးပြာအိုးကို စားပွဲပေါ် ပြန်တင်ကာ လိုင်ယွမ်ကို လျင်မြန်စွာတွန်းဖယ်လိုက်သည်။

သူမ လက်မောင်းမှာမူ ရှို့ယာ၏ တိုက်ခိုက်မှုကို ထပ်မံခံလိုက်ရသဖြင့် ဝိညာဉ်တွင် ဒဏ်ရာရသွားကာ ပူလောင်သော နာကျင်မှုကြောင့် မျက်နှာမှာ ရှုံ့မဲ့သွားရသည်။ သို့သော် သူမက သွားဖြဲပြလျက်

"ရှင်က လက်ပါလှချေလား၊ နည်းနည်းလောက် လျှော့ပေးလို့ မရဘူးလား၊ ရှင့်လက်ချက်နဲ့ ဝိညာဉ်အစိတ်အပိုင်းတစ်ခု အနုတ်ခံထားရတဲ့ ဒီလိုသနားစရာကောင်းတဲ့သူကို နည်းနည်းလောက် ထောက်ထားပါဦးလား ရှင်" ဟု စနောက်၍ ပြောဆိုလိုက်သေးသည်။

All Chapters