← Chapters

အခန်း ၁၀၃

Vol. 11 Ch. 103

အခန်း ၁၀၃

Vol. 11 Ch. 103

🍏 Chapter 103

သူတို့သည် မြို့လယ်ရှိ ဟိုတယ်ကြီးတစ်ခု၏ အပေါ်ဆုံးထပ်ရှိ စားသောက်ဆိုင်သို့ ရောက်လာကြသည်။ ဆိုင်၏ အပြင်အဆင်မှာ အလွန်ပင် ခမ်းနားလှသည်။

ဝမ်သိုက်က အလိုက်သင့် ဟင်းအချို့ကို မှာယူသော်လည်း ကုချီကမူ အကောင်းဆုံးနှင့် ဈေးအကြီးဆုံး ဟင်းလျာများကိုသာ ရွေးချယ်မှာယူသည်။

စားပွဲတွင် ထိုင်နေစဉ် ကုချီက ဝမ်သိုက်ကို ကြည့်ကာ

"ဝမ်သိုက်... မင်း ဘယ်လို အမျိုးသားမျိုးကို သဘောကျလဲ၊ လက်တွဲဖော်အပေါ်မှာ ဘယ်လို သတ်မှတ်ချက်တွေ ရှိလဲ"

ဝမ်သိုက် ခေတ္တစဉ်းစားပြီး

"ကျွန်မက ကျွန်မလို လူမျိုးကိုပဲ သဘောကျတာ၊ ကျွန်မက ကိုယ့်ကိုကိုယ် အရမ်းချစ်တာဆိုတော့

ကျွန်မနဲ့ စိတ်တူကိုယ်တူ ဖြစ်ရမယ်၊ ကျွန်မ ခိုင်းတာကို နားထောင်ရမယ်၊ ကျွန်မကို အလိုလိုက်ရမယ်”

“ပြီးတော့ ကျွန်မက ပစ္စည်းဥစ္စာ မက်မောတတ်တယ်၊ ကျွန်မက ပိုက်ဆံမသုံးချင်ဘူး၊ ဒါပေမဲ့ အဖော်ဖြစ်တဲ့သူက ကျွန်မအတွက်တော့ သုံးပေးရမယ်

ဒါပေမဲ့ သူများအတွက်တော့ သုံးလို့မရဘူး၊ ကျွန်မအတွက်ပဲ သုံးရမယ်..."

ဝမ်သိုက် ပြောင်ချော်ချော်နှင့် ပွင့်ပွင့်လင်းလင်း ပြောချလိုက်လေသည်။

ဝမ်သိုက်သည် သူမ၏ တောင်းဆိုချက်များကို တတွတ်တွတ် ပြောဆိုလွန်းသဖြင့် လည်ချောင်းများ ခြောက်ကပ်လာသည်။

ထိုစဉ် မှာထားသော လက်ဖက်ရည်များ ရောက်လာသဖြင့် သူမသည် အရသာခံရန်ပင် စိတ်မကူးတော့ဘဲ နှစ်ခွက်ဆက်တိုက် မော့ချလိုက်သည်။

သူမ ပြောပြခဲ့သော အချက်အလက်များကို အကျဉ်းချုံးရလျှင် မည်သည့် အမျိုးသားမဆိုလက်တွဲရန် စိတ်ကူးလိမ့်မည်မဟုတ်။

သူမနှင့် ဝေးဝေးနေရန်သာ ချက်ချင်းကြိုးစားကြမည်ဖြစ် သည်။ သို့သော် ကုချီကမူ ထိုအမျိုးသား အနည်းစုထဲတွင် ပါဝင်နေခဲ့သည်။

သူမသည် ဤတွေ့ဆုံမှုကို လူကြီးများမျက်နှာကြောင့်သာ လာရောက်ခြင်းဖြစ်ကြောင်း ရှင်းပြရန် ပြင်နေစဉ် ကုချီ အတွေးကမ္ဘာထဲမှ နိုးထလာကာ အလွန်တည်ကြည်သော မျက်လုံးများဖြင့်

"ကျွန်တော် မင်းအကြောင်း သေချာမသိသေးဘူး၊ ဒါကြောင့် မင်းနဲ့ စိတ်တူကိုယ်တူဖြစ်အောင် ချက်ချင်းပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ပါဘူး၊ အချိန်တော့ နည်းနည်းယူရလိမ့်မယ်

မင်းဘက်က ကျွန်တော့်ကို အခွင့်အရေးပေးနိုင်မလား၊ မင်းရဲ့ အကြိုက်တွေကိုလည်း နည်းနည်းလောက် ထပ်ရှင်းပြပေးပါဦး"

ဝမ်သိုက်မှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူမသည် စိတ်ကို လျှော့ချလိုက်ပြီး ထိုင်ခုံကို မှီလျက် ကုချီကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်ကာ

"ရှင် တကယ်ကြီး ပြောနေတာလား၊ ကျွန်မတို့က ပထမဆုံး တွေ့တာနော်၊ စောစောက ကျွန်မပြောတဲ့ အချက်တွေကို ရှင် တကယ် လက်ခံနိုင်တာလား"

ကုချီက သူမ အကြည့်အောက်တွင်ပင် ခေါင်းငြိမ့်ပြလိုက်သည်။

စက္ကန့်အနည်းငယ်အတွင်း ဝမ်သိုက်သည် ဖြစ်နိုင်ခြေ အမျိုးမျိုးကို စဉ်းစားလိုက်ပြီးနောက် ရယ်မောလိုက်ကာ လက်မ ထောင်ပြပြီး

"ရှင်ကတော့ တကယ့်ကို သည်းခံနိုင်စွမ်း ရှိတဲ့သူပဲ "

"ကျွန်မကတော့ ရှင်လည်း လူကြီးတွေ ခိုင်းလို့ လာတာပဲလို့ ထင်နေတာ၊ အခုကြည့်ရတာ ကျွန်မတစ်ယောက်တည်းကပဲ အဲ့ဒီစိတ်နဲ့ လာတာပေါ့၊ ကျွန်မ ဒီကိုလာတာက အစ်မလျိုနန်တောင်းဆိုလို့ လာပေးတာပါ”

“ပြောရရင် ကျွန်မရဲ့အဓိက ရည်ရွယ်ချက်က ထမင်းအလ ကားလာစားတာပဲ၊ ကျွန်မ ပြောပြီးပြီလေ၊ ကျွန်မက ပစ္စည်း ဥစ္စာ မက်မောတယ်

ဒါပေမဲ့ ပိုက်ဆံမသုံးချင်ဘူး၊ အဲ့ဒါကြောင့် အလကားကျွေးမယ့် ထမင်းကိုတော့ လာစားတာပေါ့"

ဝမ်သိုက်သည် မတ်မတ်ထိုင်လိုက်ပြီး ကုချီကို စိုက်ကြည့်ကာ

"ပြီးတော့ ရှင် ဒါကို အတည်မယူပါနဲ့၊ ကျွန်မတို့က မဖြစ်နိုင်ဘူး၊ လူကြီးတွေ ပြောတာနဲ့တင် အောင်သွယ်ခံရတဲ့သူကို အတည်တူဖို့ ကြိုးစားတယ်

တစ်ဖက်လူရဲ့ တောင်းဆိုချက်တွေက ကျိုးကြောင်းဆီလျော်မှု ရှိမရှိတောင် ထည့်မတွက်ဘူးဆိုရင် ရှင့်မှာ ကိုယ်ပိုင်ဆုံးဖြတ်ချက်မရှိဘူးလို့ ကျွန်မ ယူဆလို့ရမလား”

“ဒါမှမဟုတ် ရှင်က မာမားဘွိုင်းလား၊ အားနာပါတယ်၊ ကျွန်မ စကားပြောတာ နည်းနည်းရိုင်းသွားတယ်

စောစောက မှာထားတဲ့ ဟင်းဖိုးတွေကို ကျွန်မ စားတဲ့အပိုင်း ကျွန်မ ပြန်ရှင်းပါ့မယ်၊ ဝန်ဆောင်ခကိုတော့ တစ်ဝက်စီ ရှင်းကြတာပေါ့"

ဝမ်သိုက် စည်းကမ်းကြီးကြောင်း ထင်ရှားအောင် ပြောဆိုလိုက်သော်လည်း ကုချီကမူ သူမကို မျက်တောင်မခတ် စိုက်ကြည့်နေသည်။

"မင်းရဲ့ တောင်းဆိုချက်တွေကို လက်ခံတာ၊ ဒါမှမဟုတ် ဒီကို လာတာက လူကြီးတွေဆီက ကြားရတဲ့ မင်းရဲ့အကြောင်းတွေကြောင့် စိတ်ဝင်စားလို့ပါ၊ မင်းရဲ့ အလုပ်ကလည်း အရမ်းထူးခြားတယ်လို့ ထင်တယ်”

“တွေ့လိုက်ရတဲ့ အချိန်မှာတော့ ဒါက အလှအပကြောင့်လား၊ ဒါမှမဟုတ် တစ်ဖက်သတ်အချစ်လားဆိုတာ ကျွန်တော် မသိပေမဲ့ မင်းနဲ့ ရှေ့ဆက်ဖို့ စိတ်ကူးရှိလာတာတော့ အမှန်ပဲ

မင်းပြောတဲ့ တောင်းဆိုချက်တွေက တကယ်ပဲဖြစ်ဖြစ်၊ အတုအယောင်ပဲဖြစ်ဖြစ် ကျွန်တော်ကတော့ လက်ခံနိုင်ပါတယ်"

'အို... ဘုရားသခင်၊ တစ်ယောက်ယောက် လာပြီး သူ့ကို ခေါ်သွားပေးပါဦး၊ ဒါမှမဟုတ် ကျွန်မကိုပဲ ခေါ်သွားပါတော့၊ ကျွန်မ ဒီကနေ အမြန်ပြေးချင်ပြီ' ဟု ဝမ်သိုက် စိတ်ထဲတွင် အော်ဟစ်နေမိသည်။

သူမသည် ထမင်းအလကား စားချင်မိသော မိမိကိုယ်ကိုယ် အကြီးအကျယ် နောင်တရနေမိသည်။

သို့သော် နတ်ပြည်က နတ်မင်းများ နားပူသွားသည်ထင် သည်။ ဝမ်သိုက်ထံသို့ ကယ်တင်ရှင် ရောက်ရှိလာသည်။ သို့သော် ရောက်လာသော အချိန်မှာမူ အလွန်ပင်မသင့်လျော်ပေ။

"ကျွန်မ ပြောပြီးပြီလေ၊ ကျွန်မက ကျွန်မလို လူမျိုးကိုပဲ ကြိုက်တာ၊ ရှင်က သိချင်နေတာမလား၊ ကျွန်မ မျက်နှာကိုပဲ ကြည့်လိုက်လေ

ကျွန်မနဲ့ တစ်ပုံစံတည်း တူတဲ့ သူကိုပဲ ကြိုက်တာ၊ ဘာလို့လဲဆိုတော့ ကျွန်မက ကိုယ့်ကိုကိုယ် သဘောကျလွန်းလို့လေ”

“ရှင် လက်ခံနိုင်တယ်ဆိုရင် အရင်ဆုံးသွားပြီး ခွဲစိတ်ပြုပြင်မှုတွေ လုပ်လိုက်ဦး၊ ရှင့်အသားအရေနဲ့ဆိုရင် ဖြူဆေးတွေ အများကြီး ထိုးရလိမ့်မယ်..."

ဝမ်သိုက်သည် ကုချီ၏စိတ်ဝင်စားမှုကို ငြှိမ်းသတ်ရန်ကြိုး စားနေစဉ် သူမ ဘေးနားတွင် လူတစ်ယောက် ရောက်နေသည်ကို သတိမထားမိပေ။

ကုချီအကြည့်မှာ ဝမ်သိုက်ထံမှ ခွာသွားပြီး သူမနှင့် ရုပ်ချင်းဆင်တူသော ချန်စစ်ကျယ်ထံသို့ ရောက်သွားသည်။ ဝမ်သိုက်သည်လည်း အလိုအလျောက် ခေါင်းမော့ကြည့်လိုက်သည်။

ဆံပင်ကို အနောက်သို့ သပ်တင်ထားသော၊ မျက်လုံးထဲတွင် အထင်အမြင်သေးသော အကြည့်များဖြင့် စိုက်ကြည့်နေသူမှာ သူမ ရင်းနှီးလှသော ချန်စစ်ကျယ်ပင်။

သူသည် စျေးကြီးသော ဝတ်စုံနှင့်အပေါ်ထည်ကို ဝတ်ဆင်ထားပြီး မင်းသားတစ်ပါးကဲ့သို့ ခန့်ညားနေသော်လည်း တစ်ခုခုကို တရားစီရင်တော့မည့် အတိုင်းပင်။

ကုချီသည် ချန်စစ်ကျယ်ကို တစ်လှည့်၊ ဝမ်သိုက်ကို တစ်လှည့် ကြည့်ကာ ဝေခွဲမရဖြစ်နေပြီး

"ဒါ... မင်း ကြိုက်နေတဲ့သူလား" ဟု မေးလိုက်သည်။

ဝမ်သိုက်၏အဖြေကိုပင် မစောင့်ဘဲ သူက ဆက်ပြောသည်။

"အားနာပါတယ်၊ မင်းမှာ ချစ်ရမယ့်သူရှိနေပြီဆိုတာ ကျွန် တော် မသိခဲ့ဘူး၊ စောစောက ကျွန်တော် ပြောခဲ့တာတွေကို မေ့လိုက်ပါတော့"

ဇာတ်လမ်းမှာ ဝမ်သိုက် စိတ်ကူးမထားသော ဘက်သို့ ဦးတည်သွားသည်။ ကုချီသည် စားပွဲထိုးကို ခေါ်ကာကုလား ထိုင်တစ်လုံး ထပ်တောင်းလိုက်ပြီး ဝမ်သိုက်ဘေးတွင် ချန်စစ်ကျယ်ကို ထိုင်ခိုင်းလိုက်သည်။

ဝမ်သိုက်မှာ ငြင်းရန် အချိန်မရှိလိုက်သလို၊ ချန်စစ်ကျယ်ကလည်း သူမကို အထင်အမြင်သေးစွာ စိုက်ကြည့်နေသည်။

"ငါ့အပေါ် ဒီလောက်တောင် မရိုးသားတဲ့စိတ်တွေ ရှိနေလိမ့်မယ်လို့ မထင်ထားဘူး"

ချန်စစ်ကျယ် နှုတ်ခမ်းကို တွန့်လိုက်ပြီး ခပ်အေးအေး လှောင်ရယ်သံဖြင့်

"အင်း....ငါ ထင်တော့ထင်သားပဲ"

ဝမ်သိုက်သည် ဒေါသကို အောင့်ထားရင်း အကြံတစ်ခု ရလာကာ သူမသည် ချန်စစ်ကျယ်ကို ချိုသာသော မျက်လုံးများဖြင့်ကြည့်လိုက်ပြီး

"ဟုတ်ပါတယ်၊ အရင်က ပြောဖို့ရှက်နေလို့ပါ... အခုလို ရှင် ကြားသွားလိမ့်မယ်လို့ မထင်ထားဘူး၊ ဒီလျှို့ဝှက်ချက်ကို အကြာကြီး ဖုံးကွယ်ထားရတော့မယ် ထင်နေတာ"

သူမသည် ခေါင်းလေးကို ငုံ့ကာ ရှက်သွေးဖြာနေသော မိန်းက လေးတစ်ဦးကဲ့သို့ သရုပ်ဆောင်လိုက်သည်။

အမျိုးသားနှစ်ဦးစလုံးမှာ သူမ၏ သရုပ်ဆောင်ချက်အောက်တွင် လှည့်စားခံလိုက်ရသည်။

ကုချီကမူ ချစ်သူနှစ်ဦး၏သံယောဇဉ်ကို မြင်လိုက်ရသည်ဟု ထင်မှတ်ကာ သူ့ကိုယ် သူ နှစ်သိမ့်နေစဉ် ချန်စစ်ကျယ်က

"မင်း ဆံပင်မဖြီးလာဘူးလား၊ ရွှေရောင်ခြင်္သေ့ကြီးကျနေတာပဲ"

ဝမ်သိုက်မှာ ဒေါသကြောင့် အံကြိတ်ထားရသည်။

ကုချီ ဝမ်သိုက်ဘက်မှ နာကျည်းပေးသော်လည်း ရှေ့နေချန် ၏ထက်မြက်သော စကားလုံးများနှင့် ချေပသည့် စကားများအောက်တွင် အကြီးအကျယ်ရှုံးနိမ့်သွားသည်။

ထမင်းစားပြီးနောက် ငွေရှင်းချိန်တွင် ဝမ်သိုက်က ဦးအောင် ရှင်းလိုက်သည်။ ထို့နောက် သူမ ဖုန်းမှ QR Code ကို ကုချီ ရှေ့သို့ ထိုးပေးလိုက်သည်။

"ရှင် စားတဲ့အပိုင်းကိုပြန်ပေးပါ၊ ကျွန်မက သူများဆီက အခွင့်အရေး မယူတတ်ဘူး၊ ဂဏန်းပေါင်းစက်နဲ့ ပြန်တွက်ကြည့်ချင်လည်း ရပါတယ်"

ကုချီမှာ စိတ်ဓာတ်ကျနေသော ပုံစံဖြင့် ငွေလွှဲပေးလိုက်ပြီး

"ငါ မင်းကို ယုံပါတယ်၊ ပြီးတော့... မင်းတို့နှစ်ယောက်က တကယ်ပဲ လိုက်ဖက်ကြပါတယ်" ဟု ပြောကာ ထွက်ခွာသွားသည်။

All Chapters