← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

🍏 Chapter 104

ဝမ်သိုက်နှင့် ချန်စစ်ကျယ်တို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြိုင်တူ နှာခေါင်းရှုံ့လိုက်ကြသည်။

ဟိုတယ်အောက်သို့ ရောက်သောအခါ ဝမ်သိုက်သည် ချန်စစ်ကျယ် ကားဆီသို့ လိုက်သွားရင်း

"ရှေ့နေတွေက စကားပြော အရမ်းကောင်းကြတာပဲနော်၊ ဒါနဲ့ ရှင်က ဘာလို့ ဒီကို ရောက်နေတာလဲ"

ချန်စစ်ကျယ် ကားမောင်းနေရင်း ခပ်အေးအေးပင်

"အမှုသည်နဲ့ ကိစ္စရှိလို့ လာတာပါ၊ ဒါနဲ့... မင်း ငါ့ကို ကြိုက်နေတာ ငါ သိတယ်"

"အင်းပါ"

“ဟင်”

ဝမ်သိုက်မှာ အရှိန်မထိန်းနိုင်ဘဲ ဝန်ခံမိမလို ဖြစ်သွားသည်။

ချန်စစ်ကျယ် သူမကို ကြည့်ကာ

"ငါ ပြောတာက မင်း ငါ့ကို ကြိုက်နေတာ ငါသိတယ်လို့၊ ဒါပေမဲ့ ဒါ သဘာဝကျပါတယ်... မင်း တကယ်ပဲ ငါ့အပေါ် ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘူးဆိုရင်တော့ ငါ မင်းနဲ့ စမ်းပြီး တွဲကြည့်ပေးလို့ ရပါတယ်"

"ဟားဟား"

ဝမ်သိုက်မှာ ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်မိသွားသည်။ သူမသည် လက်မှိုင်ချလျက် သူ့ကို ကြည့်ကာ

"ဒါဆို ကျွန်မက ရှေ့နေကြီးကို ကျေးဇူးတင်စကား ပြောရဦးမှာပေါ့လေ၊ ကိုယ့်ကိုကိုယ် စတေးပြီး ကျွန်မကို ကယ်တင်ပေးတာလား ရှေ့နေချန်" ဟု လှောင်ပြောင်လိုက်လေသည်။

ကားအတွင်း၌ ထူးဆန်းသော တိတ်ဆိတ်မှုတစ်ခု လွှမ်းမိုးနေသည်။

ကားမောင်းသူမှာ နွေဦးရာသီသို့ မရောက်သေးသည့်အလား မျက်နှာမှာ ရေခဲတုံးကဲ့သို့ မာကျောနေပြီး ဘေးခုံမှ ဝမ်သိုက်မှာမူ ဗိုက်ကိုနှိပ်ကာ အသက်ရှူရပ်မတတ် တဟားဟား ရယ်မောနေသည်။

သူတို့ ကားထဲမဝင်ခင်က အဖြစ်အပျက်မှာ

ချန်စစ်ကျယ်သည် ဝမ်သိုက်၏ခနဲ့တဲ့တဲ့ ပြန်ပြောမှုကို မရိပ် မိဘဲ သူမက သူ့လေသံကြောင့် မကျေမနပ်ဖြစ်နေသည်ဟုသာ ထင်မှတ်နေသည်။

သို့သော် သူက လေသံကို မလျှော့ဘဲ မာန်ပါပါဖြင့်

“အဲ့လိုမဟုတ်လို့ဘာလဲ၊ ငါက သဘောထားကြီးပြနေတာ မဟုတ်ပါဘူး၊ ပြဿနာမဖြစ်ခင် ကြိုတင်တားဆီးတာပါ”

“မင်း တစ်နေ့နေ့မှာ မအောင့်နိုင်ဘဲ ငါ့ကို အတင်းအဓမ္မလုပ်လာရင် ဘယ်လိုလုပ်မလဲ

အခြေအနေတွေ မလွန်သွားခင် မင်းဖြစ်ချင်နေတဲ့ ဆန္ဒလေးကို အခုကတည်းက ဖြည့်ဆည်းပေးလိုက်တာပါ”

“ရှင် တခြားသူတွေကိုလည်း ဒီလိုပဲပြောတာလား၊ ရှင့်ကို လာဝန်ခံတဲ့ မိန်းကလေးတိုင်းကို စမ်းတွဲကြည့်ပေးတာလား

ဒါပေမဲ့ လျိုနန် ရှင့်ရဲ့အိမ်ထောင်ရေးအကြောင်း မေးတုန်းက ရှင့်မှာ ရည်းစားတစ်ခါမှမရှိဖူးဘူးလို့ ပြောတယ်နော်...”

ဝမ်သိုက် နားမလည်နိုင်စွာဖြင့် သူ့ကိုကြည့်ကာ မေးလိုက်သည်။

သူမ၏စူးစမ်းလိုသော အကြည့်ကို ချန်စစ်ကျယ်က အချစ်ကြောင့် အရည်ပျော်နေသော အကြည့်ဟုအထင်မှားသွားသည်။

သူက သူမ အကြည့်ကို ရှောင်လိုက်ရင်း

“ငါတို့ မတွဲရသေးခင်ကတည်းက မင်းက ဒီလောက်တောင် အပိုင်စီးချင်စိတ် ပြင်းထန်နေတာလား၊ အရင်က တော်တော်အောင့်ထားရပုံပဲ”

သူ ခပ်တည်တည်ဖြင့် ဆက်ပြောသည်။

“တခြားမိန်းကလေးတွေကိုတော့ ငါတစ်ခါတည်းပဲ ငြင်းတယ်၊ သူတို့နဲ့ ပတ်သက်စရာ အကြောင်းမရှိဘူးလေ၊ မင်းနဲ့ စမ်းတွဲကြည့်မယ်ဆိုတာကလည်း ငါတို့ရဲ့ အလုပ်သဘော ပူးပေါင်းဆောင်ရွက်မှုကို မထိခိုက်စေချင်လို့ပါ”

“ပြီးတော့ ငါ့မိဘတွေကလည်း မင်းကို သဘောကျတယ်၊ ငါ့ကိုယ် ငါ ပြဿနာရှာရမှာ ပျင်းလို့ပါ၊ အဲ့ဒါကြောင့်ပါပဲ၊ မင်းအရမ်းလည်း ဝမ်းသာမနေနဲ့ဦး”

သူ့ ရှင်းပြချက်မှာ ကျိုးကြောင်းဆီလျော်သယောင် ရှိသော် လည်း ဝမ်သိုက်ကို တစ်ချက်ကလေးမှ

မကြည့်ဘဲ နှာခေါင်းကြီးကိုသာ ထောင်ပြနေသည်။

ဝမ်သိုက် သူ့ကို တစ်ချက်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်ပြီး

“ဪ... အဲ့လိုလား၊ ဒါဆို... ကျွန်မ ရှင့်ကို နမ်းလို့ရမလား”

ထိုစကားကြောင့် ချန်စစ်ကျယ်မှာ လန့်ဖျပ်သွားပြီး

“မင်း ဘာပြောလိုက်တာလဲ”

ဝမ်သိုက်က ရှေ့သို့ နှစ်လှမ်းတိုးကာ သူ့ကို စိုက်ကြည့်ပြီး

“ရှင့်ကို နမ်းလို့ရမလားလို့၊ ရှင့်ဘာသာ ပါးစပ်နဲ့ပဲ စမ်းတွဲမယ်လို့ပြောတာလေ၊ စမ်းတွဲတယ်ဆိုတာ အခေါ်အဝေါ်လေးပြောင်းရုံတင် မဟုတ်ဘူးမလား”

ချန်စစ်ကျယ်မှာ လည်ချောင်းတစ်ချက် ဟန့်လိုက်ပြီး မျက်နှာကို လွှဲကာ

“ဒါ... ဒါက အရမ်းမြန်လွန်းတယ်လေ၊ မင်း ဒီလောက်တောင် ငတ်မွတ်နေလိမ့်မယ်လို့ မထင်ထားဘူး၊ ဒီလောက်တောင် စိတ်မထိန်းနိုင်ဘဲ မရှက်မကြောက် ဖြစ်နေတာလား... တစ်ခါပဲ နမ်းရမယ်နော်” ဟု အသံတိုးတိုးဖြင့် ပြောလိုက်သည်။

သူ့ နားရွက်များမှာ နီရဲနေသည်ကို မြင်လိုက်ရသောအခါ ဝမ်သိုက်မှာ အောင့်ထားသမျှ ရယ်သံများကို လွှတ်ချလိုက်ပြီး ကားကိုမှီကာ ဝါးလုံးကွဲ ရယ်တော့သည်။

ချန်စစ်ကျယ် ဝမ်သိုက်ကို မျက်မှောင်ကြုတ်ကြည့်ကာ

“မင်း ဘာကိုရယ်နေတာလဲ”

သူ မကျေမနပ် မေးသော်လည်း ထိုလေသံကြောင့် ဝမ်သိုက်မှာ ပိုရယ်မောမိတော့သည်။

ခဏအကြာတွင် ဝမ်သိုက်ရယ်လွန်းသဖြင့် ထွက်လာသော မျက်ရည်များကို သုတ်ကာ

“တကယ်တော့ ကျွန်မ ခုနက နောက်လိုက်တာပါ၊ အဲ့ဒီလူကို ငြင်းချင်လို့ ရှင့်ကို ကြိုက်တယ်လို့ ပြောလိုက်တာ၊ ဒါပေမဲ့...”

သူမ ရှေ့သို့ တိုးကပ်သွားပြီး

“တကယ်တော့ ရှင့်ဘက်က ကျွန်မကို စိတ်ဝင်စားနေတာ မဟုတ်လား၊ ရှင့်ဘက်က အဲ့လိုစိတ်မရှိရင် ကျွန်မ နမ်းမှာကို ဘယ်လိုလုပ် ခွင့်ပြုနိုင်မှာလဲ”

ချန်စစ်ကျယ်မှာ ချက်ချင်းဆိုသလို နောက်ဆုတ်သွားပြီး

“မင်း သိပ်စိတ်ကူးမယဉ်နဲ့ မင်းလို မိန်းကလေးမျိုးက အချိန်ကြာရင် ပိုပြီးရူးသွပ်လာမှာစိုးလို့ အခုကတည်းက ကြိုတားထားတာပါ၊ ခွေးကိုက်ခံရသလိုပဲ သဘောထားလိုက်မယ်” ဟု ပြောကာ ကားထဲသို့ အမြန်ဝင်သွားသည်။

ကားထဲတွင် ဝမ်သိုက်က ရယ်မောရင်း ဖုန်းကို ကြည့်လိုက်ရာ မက်ဆေ့ချ်အသစ်တစ်ခု ဝင်နေသည်ကို တွေ့လိုက်ရသည်။

ထိုသူမှာ ပြီးခဲ့သည့်လက ကွယ်လွန်သွားသော အဘွားကြီး၏ မြေးဖြစ်သူ ကျန်းရှဖြစ်သည်။

သူက သူ့ အိမ်ဟောင်းကို ငှားရမ်းထားရာ ငှားရမ်းသူက အိမ်ထဲတွင် အဘွားအိုတစ်ဦးကို ခဏခဏမြင်နေရပြီး အိပ်မရသဖြင့် အိမ်ပြန်အပ်မည်ဟုပြောနေကြောင်း၊ ထိုအဘွားအို၏ ပုံစံမှာလည်း သူ့ အဘွားနှင့်တစ်ပုံစံတည်း ဖြစ်နေကြောင်း ပြောပြကာ ဝမ်သိုက်ကို ကူညီပေးရန်တောင်းဆိုလာသည်။

ဝမ်သိုက်သည် ချန်စစ်ကျယ်ကို ထိုအကြောင်းပြောပြလိုက်သည်။

ချန်စစ်ကျယ် “ငါတို့ စာချုပ်ချုပ်ထားတာပဲလေ၊ ငါ မင်းကို ကူညီမှာပေါ့၊ ဒါပေမဲ့ မင်းက ငါ့ကို အခြားသူကိုငြင်းဖို့အတွက် အသုံးချရုံတင်မကဘူး၊ ငါ့ကို လှည့်စားပြီး လှောင်နေသေးတယ်” ဟု ခပ်တည်တည်ဖြင့် ပြောသည်။

ဝမ်သိုက်ကလည်း ချော့မော့ကာ “နောက်တစ်ခါ မလုပ်တော့ပါဘူး” ဟု ကတိပေးလိုက်ရသည်။

စနေ၊ တနင်္ဂနွေနေ့တွင် သူတို့နှစ်ဦးသည် ကျန်းရှနှင့် တွေ့ဆုံရန် ရောက်လာကြသည်။ ချန်စစ်ကျယ်က စာချုပ်ကိုအသင့်ပြင်လာပြီး ကျန်းရှကို လက်မှတ်ထိုးခိုင်းသည်။

ကျန်းရှက စာချုပ်ကို သေချာမဖတ်ဘဲ လက်မှတ်ထိုးလိုက်သောအခါ ဝမ်သိုက်က ချန်စစ်ကျယ်ကိုတိုးတိုးလေးမေး သည်။

“ဟေး၊ ရှင့်စာချုပ်က ပြဿနာမရှိပါဘူးနော်၊ သူ တစ်ခုခု လိမ်သွားရင် ဘယ်လိုလုပ်မလဲ”

ချန်စစ်ကျယ်က မာန်ပါပါဖြင့်

“ငါ့စာချုပ်မှာ ပြဿနာရှိနိုင်မယ်လို့ မင်း တကယ် ထင်နေတာလား”

ကျန်းရှ လက်မှတ်ထိုးပြီးနောက်

“ခင်ဗျားတို့ သေချာလုပ်ပေးနိုင်မှာမလား၊ အဆင်မပြေရင် ကျွန်တော် ပိုက်ဆံမပေးနိုင်ဘူးနော်...” ဟု ပြောလိုက်သည်။

ထိုအခါ ရှေ့နေချန်က သူ့၏ ရှေ့နေဗီဇအတိုင်း စာချုပ်ပါ အချက်အလက်များကို တစ်ခုချင်း ရွတ်ပြကာ

“လူကြီးမင်းကျန်း၊ စာချုပ်ထဲမှာ ကျသင့်ငွေရဲ့ ၅၀ ရာခိုင် နှုန်းကို အခုချက်ချင်းပေးရမယ်လို့ ပါပြီးသားပါ

ပြီးတော့ ကျွန်တော်တို့က ခင်ဗျားရဲ့စိတ်ခံစားမှု ဒါမှမဟုတ် နောက်ဆက်တွဲတွေကို အာမခံချက် မပေးဘူးလို့လည်း ရေးထားတယ်”

“လူတစ်ယောက်နဲ့ လက်တွဲလုပ်ဆောင်တဲ့အခါ ကတိတည်ဖို့ လိုတယ်ဆိုတာ ကျွန်တော် သင်ပေးစရာမလိုဘူးမလား” ဟု ခပ်တည်တည်ဖြင့် ပြောဆိုလိုက်ရာ ကျန်းရှမှာ ဆွံ့အသွားလေတော့သည်။

All Chapters