← Chapters

အခန်း ၁၂၆

Vol. 13 Ch. 126

အခန်း ၁၂၆

Vol. 13 Ch. 126

🍏 Chapter 126

အန်တီကြီး က ဘာမှ ထပ်မပြောတော့ဘဲ ဆိုင်ကယ်လက်ကိုင်ကို လှည့်ကာ "တကျွီကျွီ" မြည်သံနှင့်အတူ မောင်းထွက်သွားသည်။ ကြည့်ရသည်မှာ တစ်ယောက်တည်း စစ်မြေပြင်သို့ တက်လှမ်းသွားသည့် သူရဲကောင်းတစ်ဦးကဲ့သို့ပင်။

ရင်ဘတ်က ဖုန်တွေကို ခါထုတ်ရင်း ဝမ်သိုက်က တံတွေးတစ်ချက် မျိုချလိုက်သည်။ ဦးလေးကြီးနှင့် အန်တီကြီး တို့ စိတ်ထဲမှာ ဘာတွေ တွေးနေကြသလဲဆိုတာကို သူမ တကယ်ကို သိချင်နေမိသည်။ သူမကိုယ်တိုင်လည်း ဒီအမှောင်ထဲမှာ စပိုင်ကား ရိုက်နေရသလိုလို ထင်ယောင်ထင်မှား ဖြစ်နေသည်။

နို့ဘူးတွေကို ကိုင်ထားသော ထိုဦးလေးကြီးက အမှောင်ထဲတွင် သူမကို ခေါင်းတစ်ချက် ငြိမ့်ပြကာ အခြားတစ်ဖက်ကို ညွှန်ပြသည်။

"ကောင်မလေး၊ အမြန် လိုက်ခဲ့၊ ငါတို့တွေ လမ်းကြားလေးထဲကနေ ဝင်ကြမယ်"

အမှောင်ထုထဲမှာ ပုံရိပ်တွေ ဝေဝါးနေပေမဲ့လည်း ဦးလေးကြီးရဲ့ မျက်မှောင်ကြုတ်ထားတဲ့ မျက်နှာနဲ့ စိုးရိမ်တကြီး ဖြစ်နေတဲ့ မျက်လုံးတွေကို ဝမ်သိုက် မြင်နေရသည်။

သူမက အမြန် ပြန်ထူးလိုက်ပြီး ဦးလေးကြီး နောက်သို့ လိုက်ခဲ့သည်။ လူအရပ်လောက် မြင့်သော တောမြက်ပင်များကြားထဲသို့ သူတို့ တိုးဝင်သွားကြသည်။

ညဘက် ခိုးဝင်လာသော သူတို့နှစ်ယောက်မှာ တိတ်တဆိတ် သွားနေကြသော်လည်း အပြင်ပန်းတွင် ရိုးရိုးသားသား ဆိုင်ကယ်မောင်းဝင်သွားသော အန်တီကြီး မှာတော့ မျှော်လင့်ထားသည့်အတိုင်း ရွာအဝင်မှ လူအချို့၏ တားဆီးခြင်းကို ခံလိုက်ရသည်။

ယောကျာ်း သုံးယောက် ရှိပြီး နှစ်ယောက်က ပိန်ကာ တစ်ယောက်က ဝသည်။ ပိန်သော နှစ်ယောက်ထဲတွင် တစ်ယောက်က အရပ်ရှည်ပြီး တစ်ယောက်က ပုသည်။ ဝသော တစ်ယောက်မှာမူ ပုသော တစ်ယောက်နှင့် အရပ် တူသည်။

ဆေးလိပ်ကို လက်ကြားညှပ်ကာ ဆိုင်ကယ်ရှေ့တွင် ပိတ်ရပ်ထားသူမှာ အရပ်ရှည်ပြီး ပိန်သော အမျိုးသား ဖြစ်သည်။ သူက ဆေးလိပ်ကို ခပ်ပြင်းပြင်း တစ်ချက် ရှိုက်လိုက်ပြီးနောက် မီးခိုးများကို မှုတ်ထုတ်လိုက်ကာ မျက်လုံးနီနီများဖြင့် ရယ်နေသော အန်တီကြီးကို အပေါ်အောက် အကဲခတ်ကြည့်သည်။

ဦးလေးကြီး ခန့်မှန်းထားသည့်အတိုင်းပင် ကျန်သော အရပ်ပုပု အမျိုးသား နှစ်ယောက်သည် လက်နှိပ်ဓာတ်မီးကို ကိုင်ကာ ဆိုင်ကယ်ကို တစ်ပတ်ပတ်ကြည့်ကြသည်။

အရပ်ပုပြီး ဝသော အမျိုးသားမှာ ခြေဖျားထောက်ကာ ဆိုင်ကယ် နောက်ခန်းထဲသို့ ငုံ့ကြည့်သည်။ ဘာမှ မတွေ့သည့်အခါမှ ဆိုင်ကယ်ရှေ့တွင် ထိုင်ကာ မျက်ရည်သုတ်ပြီး နှာရည်တရှုံ့ရှုံ့ လုပ်နေသော အဘွားကြီးကို လှည့်ကြည့်သည်။

အရပ်ပုပြီး ပိန်သော အမျိုးသားက အရင် စကားစသည်။ သူက လက်ထဲမှ ဆေးလိပ်ပြာကို ခါထုတ်လိုက်ပြီး အန်တီကြီး အနားသို့ တိုးသွားကာ

"ဟေး… ညည်းက ဦးလေးကမ်းရဲ့ သမီး မဟုတ်လား၊ ဘာလို့ ငိုပြီး ပြန်လာတာလဲ၊ ညည်းက ရွာထဲမှာ ဆူညံတယ်ဆိုပြီး ညည်းယောကျာ်းနဲ့အတူ အပြင်ကို ပြောင်းသွားတာ မဟုတ်လား"

အန်တီကြီးက အံကြိတ်လိုက်သည်။ သို့သော် အခုက သူ၏ ရွဲ့တဲ့တဲ့ လေသံကို ပြန်ရန်တွေ့ရမည့် အချိန်မဟုတ်ချေ။

သူမက "ဟီး… ဟီး…" ဟု အော်ဟစ်ကာ အသံကုန် ငိုချလိုက်ပြီး ဘယ်ဘက်လက်မှ အင်္ကျီလက်ဖြင့် မျက်ရည်များကို သုတ်ရင်း ရှိုက်ကြီးတငင် ပြောတော့သည်။

"ရှင်တို့ ယောကျာ်းတွေက တစ်ယောက်မှ မကောင်းဘူး၊ မ‌ကောင်းတဲ့ကောင်တွေ၊ ငါ့ယောကျာ်းလေ… အခု ငါ့ကို အိုသွားပြီ၊ ရုပ်ဆိုးသွားပြီဆိုပြီး တို့တောင် မတို့ချင်တော့ဘူး၊ ညတိုင်း ကျောချင်းကပ် အိပ်ကြတာ၊ ဒါ လင်မယားလား၊ မသိတဲ့သူဆိုရင် အခန်းဖော်တွေ ဖြစ်သလို အိပ်နေကြတယ်လို့ ထင်ကုန်မှာ”

သူမက နှာရည်ကို တချက် ခပ်ပြင်းပြင်း ရှုံ့လိုက်သည်။ မျက်ရည်များမှာ မျက်နှာပေါ်ရှိ အရေးအကြောင်း များကြားတွင် စီးကျနေပြီး ပါးစပ်ကို ဟဟကြီး ဖွင့်ကာ ငိုနေသဖြင့် မေးအောက်က အသားများပင် တွန့်လိပ်နေသည်။

"ရှင်တို့ ယောကျာ်းတွေ တစ်ယောက်မှ မကောင်းဘူး၊ လက်ထပ်တုန်းကတော့ ချိုချိုသာသာ စကားတွေနဲ့လေ၊ လက်ထပ်ခွင့်တောင်းတုန်းကလည်း အချစ်သီချင်းတွေ ဆိုပြသေးတယ်၊ အခုတော့ ငါ့ကို အိုသွားပြီဆိုပြီး မထိတော့ဘူး၊ ညတိုင်း ကျောချင်းကပ် အိပ်နေတာ၊ သူက အပြင်မှာ တခြားမိန်းမ ရှိနေတာ သေချာတယ်၊ ဒီနေ့ ငါပြန်လာတာ ငါ့အဖေတို့ကို ပြောပြဖို့၊ ငါ သူနဲ့ ကွာရှင်းမယ်"

အန်တီကြီး၏ စိတ်ခံစားမှုမှာ ပို၍ ပြင်းထန်လာသည်ကို မြင်ရသောအခါ အကဲခတ်ချင်နေသော အမျိုးသား သုံးယောက်မှာ ဆေးလိပ်တောင် ဆက်မသောက်နိုင်တော့ဘဲ ဆေးလိပ်တိုများကို လွှင့်ပစ်လိုက်ကြသည်။

ဆိုင်ကယ်ရှေ့တွင် ရပ်နေသော အရပ်ရှည်ရှည် အမျိုးသားမှာ အကြပ်ရိုက်သွားဟန်ဖြင့် မျက်နှာပျက်သွားသည်။ သူက စိတ်မသက်မသာ ဖြစ်သွားကာ လက်ကို ဘယ်ထားရမှန်း မသိဘဲ ဖြစ်နေသည်။

ရှေးလူကြီးတွေ ပြောသလို "ဘုရားတစ်ဆူကို ဖျက်ရတာက လင်မယားနှစ်ယောက်ကို ကွာခိုင်းရတာထက် ပိုလွယ်တယ်" ဆိုသည့်အတိုင်း ယောကျာ်း သုံးယောက်မှာ တိတ်တဆိတ် သဘောတူညီမှု ရသွားကြသည်။

အရပ်ပုပြီး ဝသော အမျိုးသားက ရှေ့သို့ တိုးလာကာ အသံဩဩဖြင့် ဖျောင်းဖျသည်။ "မဟုတ်ပါဘူး၊ ညည်းယောကျာ်းအပေါ် အဲဒီလို မတွေးပါနဲ့၊ ယောကျာ်းဆိုတာ နေ့တိုင်းတော့ စိတ်ဆန္ဒ ရှိနေမှာ မဟုတ်ဘူးလေ၊ နေ့တိုင်း အဲဒါပဲ စဉ်းစားနေရင် တိရစ္ဆာန် ဖြစ်ကုန်မှာပေါ့"

ထိုအချိန်မှာပင် တိုက်တိုက်ဆိုင်ဆိုင် သူတို့ စောင့်နေသော အိမ်ထဲမှ ပြောမပြတတ်သော ညည်းညူသံများ (မုဒိမ်းကျင့်ခံရသူ၏ အသံ) ရုတ်တရက် ထွက်ပေါ်လာသည်။

အန်တီကြီးက မျက်ရည်သုတ်နေသော လက်ကို ခေတ္တ ရပ်လိုက်သည်။ ကျန်သော ယောကျာ်း သုံးယောက်၏ မျက်နှာမှာလည်း ချက်ချင်းပြောင်းလဲသွားသော်လည်း သူတို့၏မျက်လုံးများ ထဲတွင်တော့ အေးစက်သော အရိပ်အယောင်များပေါ်လာသည်။

ထိုအထဲမှ အရပ်ပုပြီး ပိန်သော အမျိုးသားက အင်္ကျီအိတ်ထဲသို့ လက်နှိုက်လိုက်ပြီး တစ်ခုခုကို ဆွဲထုတ်လိုက်ရာ ငွေရောင် ဓားသွားလေးတစ်ခုမှာ အေးစက်စွာ တောက်ပနေသည်။

သို့သော် အန်တီကြီးက ထိုအသံက ဘာလဲဟု မမေးဘဲ ပေါင်ကို ရိုက်ကာ ပိုအသံကျယ်ကျယ်ဖြင့် အော်ငိုလိုက်တော့သည်။

သူမက "အီးဟီး… အီးဟီး…" ဟု အော်ဟစ်ရင်း

"ရှင်တို့ ယောကျာ်းတွေ တစ်ယောက်မှ မကောင်းဘူး၊ အဲဒီ အိမ်ထဲက အသံကိုကြားလား၊ ရှင်တို့က စိတ်ဆန္ဒ မရှိဘူး ဟုတ်လား၊ စိတ်ဆန္ဒမရှိဘဲနဲ့ ဘာလို့ ဒီမိန်းမရဲ့ အိမ်တံခါးဝမှာ တန်းစီစောင့်နေကြတာလဲ၊ ဒါဆိုရင် ရှင်တို့က တိရစ္ဆာန်တွေလား၊ ငါ့ယောကျာ်းလည်း တခြားမိန်းမ တစ်ယောက် ယောက်နဲ့ ဖြစ်နေတာ သေချာတယ်"

သူမ၏ အော်သံကြောင့် နားထဲမှာ အူသွားသော ယောကျာ်း သုံးယောက်မှာ နားကို အုပ်ထားကြရသည်။ အရပ်ပုပြီး ပိန်သော အမျိုးသားက ဓားကို အိတ်ထဲသို့ ပြန်ထည့်လိုက်သည်။

အရပ်ရှည်ရှည် အမျိုးသားက ဘေးသို့ ဖယ်ပေးကာ စိတ်မရှည်သော လေသံဖြင့်

"အေး… ငါတော့ ညည်းကို ဖျောင်းဖျလို့ မရတော့ဘူး၊ ညည်းအဖေတို့ကိုပဲ သွားပြောတော့၊ ဒီလောက် အသက်ကြီးနေပြီကို ကလေးလိုပဲ၊ လက်ထပ်ပြီးမှ အဲဒီလို လျှောက်လုပ်နေတော့ ညည်းရဲ့ ညည်းသမီးကရော ဘယ်လို ထင်မလဲ…"

"ရှင်တို့ ဘာသိလို့လဲ၊ ရှင်တို့ ယောကျာ်းတွေ တစ်ယောက်မှ မကောင်းဘူး၊ ရှင်တို့ကတော့ ကိုယ့်ယောကျာ်းချင်း ကူပြောမှာပေါ့၊ ငါကတော့ ဒီတစ်ခါ ကွာရှင်းမှာပဲ၊ ငါ့ဘဝနဲ့ ငါနေတော့မယ်"

တစ်ချက် အော်ဟစ်လိုက်သော အဘွားကြီး၏ မျက်လုံးများမှာ နီရဲနေပြီး နှာရည်များမှာလည်း လှုပ်ခါနေသော ခေါင်းကြောင့် လွင့်ထွက်မတတ် ဖြစ်နေသည်။

ပြောပြီးသည်နှင့် သူမသည် ထိုသူ သုံးယောက်၏ မျက်နှာကို ဂရုမစိုက်တော့ဘဲ ဆိုင်ကယ်ကို လှည့်ကာ မောင်းထွက်သွားတော့သည်။

ငယ်ငယ်က သိခဲ့သော်လည်း မတွေ့ရသည်မှာ ကြာပြီဖြစ်သော အရပ်ရှည်ရှည် အမျိုးသားက မျက်မှောင်ကြုတ်ကာ ထွက်သွားသော ဆိုင်ကယ်ကို ကြည့်ပြီးနောက်၊ အရပ်ပုပြီး ပိန်သော အမျိုးသားကို လှည့်မေးသည်။

"သူက အရင်ကတည်းက အဲဒီလို စိတ်မမှန်တာလား"

"မဟုတ်ရင် ဘာရှိဦးမှာလဲ၊ ငယ်ငယ်ကတည်းက ရူးကြောင်ကြောင်ပဲ၊ သူငယ်ငယ်က သူ့ကို 'အရူးမလေး' လို့ ခေါ်ကြတာ မမှတ်မိဘူးလား၊ ကလေးမွေးပြီး ကြီးလာရင်တော့ နည်းနည်း သက်သာမှာပဲလို့ ထင်တာ၊ အခုတော့ ပိုတောင် ဆိုးလာသေးတယ်၊ အင်း… ငါ့မှာ သမီး မရှိလို့ တော်သေးတာပေါ့၊ အဲဒီလို သမီးမျိုး ရှိရင်တော့ ငါလည်း ရူးသွားမှာပဲ"

သူက စိတ်ညစ်ညစ်ဖြင့် မြေကြီးပေါ်က ဆေးလိပ်တိုကို ဖိနင်းခြေပစ်လိုက်သည်။

ထိုအချိန်တွင် အိမ်တံခါး ပွင့်လာပြီး ခါးပတ်ကို ပတ်ရင်း အမျိုးသားတစ်ဦး ထွက်လာသည်။ သူ၏ ပါးစပ်တွင် ဆေးလိပ်တစ်လိပ်ကို ခဲထားပြီး မျက်နှာပေါ်တွင်တော့ ကျေနပ်နေသော အမူအရာက အထင်အသား ပေါ်နေသည်။

အခွင့်အရေးကို စောင့်နေသော အရပ်ပုပြီး ဝသော အမျိုးသားက အရင်ဦးအောင် အိမ်ထဲသို့ ပြေးဝင်သွားရင်း

"မင်းတို့ ဆက်ပြောနေကြ၊ ငါ အရင်ဝင်ပြီး သွားသာယာလိုက်ဦးမယ်" ဟု အော်သွားသည်။

အရပ်ရှည်ရှည် အမျိုးသားနှင့် အရပ်ပုပြီး ပိန်သော အမျိုးသားတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ အားမလိုအားမရ ပြုံးလိုက်ကြသည်။ အရပ်ရှည်ရှည် အမျိုးသားက လက်ကို အိတ်ထဲ ထည့်ကာ မေးစေ့ကို မော့လျက် ကောင်းကင်ကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။

"ငါ ထင်တာကတော့လေ၊ အဲဒီ ရူးကြောင်ကြောင် မိန်းမရဲ့ ယောကျာ်းမှာ အပြင်မှာ တခြားမိန်းမ ရှိတာက သာမန်ပါပဲ၊ ဘာလို့လဲဆိုတော့ အဲဒီလို ရောင်းလို့တောင် မရတဲ့ မိန်းမမျိုးကို ဇနီးအဖြစ် ထားရတာက ယောကျာ်းတစ်ယောက်အတွက် အရှက်ရစရာပဲလေ"

အခြားတစ်ဖက်တွင်တော့၊ လမ်းခွဲထွက်လာသော အဖွဲ့မှာ လမ်းခရီးက ပင်ပန်းဆင်းရဲလှသည်။

"အမလေး"

"ဟာ… တောက်"

ပထမ အသံမှာ မြက်ရိုင်းတွေကြားမှာ ခလုတ်တိုက်ပြီး လဲကျသွားသော ဦးလေးကြီး၏ အသံဖြစ်ပြီး၊ ဒုက္ခအသံမှာတော့ ဦးလေးကြီးကို ရှောင်ထွက်ရင်း မြေကြီးထဲက ထွက်နေတဲ့ ကျောက်တုံးကို ကန်မိသွားတဲ့ ဝမ်သိုက်၏ အသံဖြစ်သည်။

ကျောက်ခဲတွေပေါ်ကို လက်မောင်းနဲ့ လဲကျသွားတာက သိပ်ပြီး မသက်သာလှချေ။ မြက်ရိုင်းတွေက အထိအတွေ့ကို လျှော့ချပေးသော်လည်း မြက်ပင်တွေရဲ့ အနားသတ်ကလည်း ရှမိတတ်သည်။

ဝမ်သိုက်က ကိုယ်ကို ထောက်ပြီး ထလိုက်သည်။ သူမသည် အင်္ကျီလက်ပေါ်က ဖုန်တွေကို ခါလိုက်ပြီး အင်္ကျီမှာ အပေါက်အပြဲ ပါမသွားတာကို သိလိုက်ရမှ စိတ်သက်သာရာ ရသွားသည်။

လမ်းပြနေသော ဦးလေးကြီး၏ ပုံရိပ်မှာ အမှောင်ထဲတွင် ကြည့်ရသည်မှာ တစ်မျိုးလေး လွမ်းဆွေးစရာ ကောင်းနေသည်။

ဝမ်သိုက်သည် သူမ၏ မျက်နှာကို ရိုက်ပုတ်နေသော သစ်ကိုင်းများကို ဖယ်ရှားရင်း ရှေ့သို့ တိုးခဲ့သည်။ မြေပြင်က မညီမညာ ဖြစ်နေသဖြင့် သူမ၏ ခြေလှမ်းတိုင်းမှာ အနိမ့်အမြင့် ဖြစ်နေသည်။

စောစောက အကြိမ်ကြိမ် လဲကျပြီးနောက်ပိုင်းတွင် ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားသည်။ ဝမ်သိုက်က လေသံတိုးတိုးဖြင့် စကားစလိုက်သည်။

"ဦးလေးက ဒီလမ်းတွေကို တော်တော် ကျွမ်းတာပဲနော်"

All Chapters