← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

🍏 Chapter 147

ဖြစ်ရပ်တွင် ပတ်သက်နေသော လူပုဂ္ဂိုလ် အရေအတွက်မှာ မနည်းလှပေ၊ ရှေ့နေများ လက်ခံလိုခြင်း ရှိ၊ မရှိကို မပြောသာသေးဘဲ လုပ်ငန်းစဉ်ကို စတင်ရန် စဉ်းစားရုံမျှဖြင့် ခက်ခဲသော ပုစ္ဆာတစ်ပုဒ် ဖြစ်ချေသည်။ သို့သော် သူမအတွက်မူ အလွန်အမင်း ခက်ခဲပုံမရပေ။

လိုင်ဝမ်ရီသည် အမှုစီရင်ရေးအဖွဲ့ ဥက္ကဋ္ဌ၏ သမီးဖြစ်သည် မဟုတ်ပါလား။

ယခင်က လက်ခံခဲ့သော အမှုများမှ အပ်နှံသူများနှင့် အပ်နှံသူများ၏ ဆွေမျိုးမိတ်ဆွေများမှာ အမှန်ပင် တည်ဆောက်ထားသော လူသားချင်း ဆက်နွှယ်မှုကွန်ရက် ဖြစ်ပေသည်။ တုံရင်း၏ ဖခင်သည် လက်ရှိ နယ်မြေအုပ်ချုပ်ရေးမှူးနှင့် သိကျွမ်းနိုင်ခြင်းကပင် မည်သူမည်ဝါ ဖြစ်ကြောင်း မရိုးရှင်းသည်ကို သက်သေပြနေသည်၊ လက်ရှိ နယ်မြေအုပ်ချုပ်ရေးမှူးသည် သူမ၏ စွမ်းဆောင်ရည်ကို အသိအမှတ်ပြုထားပြီး သူ့မြေးမလေးကလည်း မိမိအပေါ် သဘောကျနှစ်သက်မှု ရှိနေချေသည်။

အစ်မချင်ယန်နှင့် ဒေါ်လေးစွေ့လင်တို့က သူမ၏သက်သေများ ဖြစ်လာကြမည်ဖြစ်ပြီး ချန်မိသားစု မိဘများက သူမ ကျောထောက်နောက်ခံဖြစ်လာကာ သူမအတွက် လူသားချင်း ဆက်နွှယ်မှုများကိုလည်း ပံ့ပိုးပေးကြလိမ့်မည်။

ဝမ်သိုက်သည် မျက်ဝန်းများကို အနည်းငယ် မှိတ်လိုက်ချေသည်။

ကံကြမ္မာသည် အမှန်ပင် လှည့်ပတ်ဆန်းကြယ်လှပေသည်။

တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည်။ သူမ ပေးဆပ်ခဲ့သော ကြိုးစားမှုများသည် အချည်းနှီး မဖြစ်ခဲ့ဘဲ ယခု မြင်တွေ့ရသည်မှာ အခွင့်အရေးနှင့် မျှော်လင့်ချက်ပင်။

သူမအနေဖြင့် ယခင်ရေအရင်းအမြစ် စီမံခန့်ခွဲရေးမှူးထံမှ အချက်အလက်အချို့ကို ထပ်မံ စုဆောင်းရန်သာ လိုအပ်ပြီး သူ့အထက်မှ ပိုမိုကြီးမားသော အကာအကွယ်ထီး၏ပြစ်မှုဆိုင်ရာ သက်သေများကို စုံစမ်းဖော်ထုတ်ရန်သာ လိုတော့သည်။

သူမသည် အမှုပြန်လှန်ရမည်ဖြစ်ပြီး ထိုလူများကို မိမိတို့ ပြုလုပ်ခဲ့သော လုပ်ရပ်များအတွက် ထိုက်တန်သော တန်ဖိုး သို့မဟုတ် ထိုထက်မကသော တန်ဖိုးများကို ပေးဆပ်စေရမည်။

"အမှုစီရင်ရေးအဖွဲ့ဘက်ကိုတော့ ကျွန်မ နည်းလမ်းရှာပြီး အဆက်အသွယ်လုပ်ပါ့မယ်၊ အဲဒီနောက်ပိုင်း ကိစ္စတွေကိုတော့ လောင်းကြေးထပ်လိုက်တာလို့ပဲ သတ်မှတ်ရမှာပေါ့၊ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အမှုပြန်လှန်မှာ သေချာတယ်၊ မဟုတ်ရင် ကျွန်မ ဒီနှစ်တွေတစ်လျှောက် ပေးဆပ်ခဲ့တာတွေက အဓိပ္ပာယ်မရှိတာတွေ ဖြစ်ကုန်မှာပေါ့"

သူမသည် လက်ကို အနည်းငယ် နှိမ့်ထားပြီး ဇွန်းကို ကိုင်ထားသော လက်သည် တဖြည်းဖြည်း တင်းကျပ်လာကာ လက်ထဲမှ ကြွေဇွန်းကို ကြေမွသွားအောင် ဆုပ်ကိုင်ထားတော့မည့်အတိုင်း ရှိနေပြီး

"ရှေ့နေ အပ်နှံခက တစ်သန်းဖြစ်ဖြစ် နှစ်သန်းဖြစ်ဖြစ် ဂရုမစိုက်ပါဘူး၊ ဆယ်သန်း ဆိုရင်တောင် ကျွန်မ ပေးနိုင်ပါတယ်"

မိဘများ ချန်ထားခဲ့သော အမွေအနှစ်မှာ ဘဏ်ကတ်ပေါ်ရှိကိန်းဂဏန်းများသာရှိချေသည်။ သူမသည် သူတို့အား အခြားလောကတွင် အချိန်အကြာကြီး နေထိုင်စေပြီး ရန်သူများ ပျော်ပါးနေသည်ကို မျက်စိမှိတ် ကြည့်ခိုင်းနေ၍ မဖြစ်ပေ။ ထိုငွေများကို အမှုပြန်လှန်သည့် နေရာတွင်သာ သုံးစွဲရန် သူမ အလိုရှိချေသည်။

လေထုထဲတွင် အချိုရနံ့များ ပျံ့လွင့်နေပြီး ဧည့်ခန်းစားပွဲပေါ်ရှိ လင်ပန်းထဲတွင်မူ လက်ရာမြောက်လှသော ကွတ်ကီးမုန့်များနှင့် မာကာရွန်မုန့်များ ရှိနေချေသည်။

လင်ပန်း၏ ဘေးနားတွင်တော့ ရေငွေ့ပါးပါးလေးများ ထွက်ပေါ်နေသည့် လက်ဖက်ရည်ကြမ်း ခွက်အချို့ ရှိနေသည်။

လက်တွင် မုန့်ဖုတ်လက်အိတ်ကို စွပ်ထားသော လိုင်မိခင်သည် မုန့်လင်ပန်းကို သယ်ဆောင်ကာ လျှောက်လှမ်းလာပြီး သူမ၏ မျက်ခုံးမျက်ဝန်းတို့မှာ နူးညံ့စွာ ကွေးညွတ်သွားကာ ပြုံးလျက် ပြောချေသည်။

"အို၊ သမီး ဒီလောက် စောစောလာလိမ့်မယ်လို့ မထင်ထားမိဘူးကွယ်၊ မနေ့က ဝမ်ရီက သမီး ဒီနေ့ လာလိမ့်မယ်လို့ အန်တီ့ကို ပြောကတည်းက အန်တီနဲ့ သူ့ဖေဖေတို့ တော်တော် ဝမ်းသာနေကြတာ”

“ဒီနေ့ မနက် အစောကြီးထပြီး သမီးအတွက် အကြိုက်ဆုံး မုန့်တွေ လုပ်ပြီး ကြိုဆိုရမယ်လို့ စိတ်ကူးထားတာ၊ ဒါပေမဲ့ အန်တီ အစောကြီးထတာတောင် မစောသေးဘူး ဖြစ်နေတယ်၊ သမီး ရောက်လာတဲ့ အချိန်က အန်တီ မုန့်လုပ်နေတဲ့ အချိန်နဲ့ ကွက်တိ တိုးနေတာပဲ"

"မဟုတ်တာ မဟုတ်တာ၊ ကျွန်မကပဲ လာနှောင့်ယှက်မိတာပါရှင်၊ မိုးလင်းခါနီးမှပဲ ဒီနေ့ လာရောက်ကန်တော့ချင်တယ်လို့ ရုတ်တရက် အကြောင်းကြားမိတာပါ"

ဝမ်သိုက်သည် ဆိုဖာပေါ်မှ ထရပ်ကာ အားနာစွာဖြင့် ကိုယ်ကို အနည်းငယ် ညွတ်လိုက်ချေသည်။

သူမ၏ ဘေးတွင် ရှိနေသော လိုင်ဝမ်ရီသည် ဝမ်သိုက်လက်ကို ကိုင်ကာ ဆိုဖာပေါ်သို့ ပြန်ထိုင်စေသည်။ ညဘက်က We Chat တွင် ဝမ်သိုက်သည် မိမိလာရောက်ရသည့် ရည်ရွယ်ချက်ကို ရိုးသားစွာ ဖွင့်ဟခဲ့ပြီးဖြစ်သလို မိမိ၏အတိတ်အကြောင်းအရာများကိုလည်း ပြောပြခဲ့ပြီး ဖြစ်ပေသည်။

လိုင်ဝမ်ရီသည် လက်ချောင်းအနည်းငယ်ဖြင့် သူမ လက်ကောက်ဝတ်ကို အလွယ်တကူ ဆုပ်ကိုင်ထားပြီး လက်မဖြင့် သူမ လက်ကောက်ဝတ်ပေါ်မှ ထွက်ပြူးနေသော အရိုးစွန်းလေးကို ပွတ်သပ်ပေးနေရင်း သက်ပြင်းချလိုက်သည့် အထဲတွင် သနားဂရုဏာ သက်ရောက်မှုများ ပါဝင်နေချေသည်။

"ဘာလို့ အားနာနေရတာလဲ၊ နင်က ငါတို့ မိသားစုအတွက် အရမ်းအရေးကြီးတဲ့ကိစ္စကို ကူညီပေးခဲ့တာလေ၊ အသက်အန္တရာယ်ကိုတောင် မကြောက်ဘဲ ကူညီပေးခဲ့တာ၊ နင့်မှာ ကူညီပေးဖို့ လိုအပ်တဲ့ ကိစ္စရှိရင် ငါတို့ မိသားစုက ငြင်းပယ်စရာ အကြောင်းမရှိပါဘူး”

“မိုးလင်းခါနီးမှ အကြောင်းကြားတယ် ဆိုကတည်းက ဒီကိစ္စက အရေးတကြီးနဲ့ အရေးကြီးလွန်းလို့ ဖြစ်မှာပေါ့၊ ကြည့်လေ၊ တကယ်လို့ ငါတို့က ညဉ့်နက်သန်းခေါင်မှာ နင့်ဆီ အကူအညီတောင်းရင် နင် လာမှာလား၊ လာမှာပဲ မဟုတ်လား"

စကားများကို နားထောင်ရင်း ဝေဝါးနေသော လိုင်မိခင်သည် မုန့်ဖုတ်လက်အိတ် စွပ်ထားသော လက်နှစ်ဖက်ကို လေထဲတွင် ဖြန့်ထားပြီး ကိုယ်ကို အနည်းငယ် ရှေ့သို့ ကိုင်းကာ မျက်ခုံးတစ်ဖက်ကို ပင့်လျက် မဝံ့မရဲ မေးလိုက်ချေသည်။

"သမီးတို့... ဘာတွေ ပြောနေကြတာလဲ၊ သမီးငယ်လေး၊ သမီးမှာ အန်တီတို့ ကူညီပေးဖို့ လိုတာ ရှိလို့လား၊ ဘာကိစ္စများ ရှိလို့လဲ"

တဖြည်းဖြည်း နူးညံ့လာသော လေသံထဲတွင် အန်တီ့၏ နူးညံ့သော ဗီဇကို အလွယ်တကူ ခံစားရပေသည်။

လိုင်မိခင်သည် မုန့်ဖုတ်လက်အိတ်များကို ချွတ်ပြီး ပြန်လည် ရောက်ရှိလာပြီးနောက် ဝမ်သိုက်သည် မိမိ၏ အကြောင်းအရာများကို ထပ်မံ၍ အကျဉ်းချုပ် ရှင်းပြလိုက်သည်။ အမှန်တော့ မိမိကိုယ်မိမိ မည်မျှ သနားစရာကောင်းကြောင်း ပြသလိုခြင်း မဟုတ်ပေ။

မိမိကိုယ်ပေါ်တွင် သနားစရာဟူသော စကားလုံးကို ကပ်ထားရန် မလိုပါချေ။ အဘယ်ကြောင့်ဆိုသော် သူမသည် အမှန်တရားကိုသာ ရှင်းလင်းတင်ပြနေခြင်း ဖြစ်ပြီး တင်ပြချက်များမှာ အလွန်ပင် လေးလံလွန်းလှပေသည်။

"ကျွန်မ ကိုယ်တိုင်ကတော့ သူတို့ကို ဆန့်ကျင်တိုက်ခိုက်နိုင်တဲ့ အင်အားမျိုး ဘာမှ မရှိပါဘူး၊ ကံကောင်းလို့ ကျွန်မကို ကူညီပံ့ပိုးပေးချင်တဲ့ လူတွေနဲ့ တွေ့ဆုံခဲ့ရတာပါ၊ ကျွန်မရဲ့ လူမှုဆက်ဆံရေးကို ရေတွက်ကြည့်ရင်လည်း ကျွန်မရဲ့ အမှုအပ်နှံသူတွေကိုပဲ ရှာဖွေရမလို ဖြစ်နေတယ်၊ ဒီလိုကိစ္စမျိုးမှာ ကျွန်မကိုယ်ကျွန်မ အကြောင်းပြချက်မရှိ... ဒါပေမဲ့ ကျွန်မ ဒါကို မဖြစ်မနေ လုပ်ရပါမယ်"

ဝမ်သိုက်၏ မျက်ခုံးအစုံမှာ တင်းကျပ်စွာ စုစည်းသွားတော့မည့်အတိုင်း တည်ရှိနေပြီး မျက်ဝန်းတစ်စုံမှာလည်း မျက်ရည်များ မထွက်လာနိုင်တော့သည့်အတိုင်း ခြောက်သွေ့နေချေသည်။

နားထောင်ရင်း ရင်ထိတ်နေသော လိုင်မိခင်သည် လက်ကို ရင်ဘတ်ပေါ်တွင် တင်ထားဆဲ ဖြစ်ပြီး ထပ်ခါတလဲလဲ သက်ပြင်းချကာ လက်ဖဝါးဖြင့် ရင်ဘတ်ကို ပုတ်ရင်း ခေါင်းကို ဖြည်းဖြည်းချင်း ရမ်းကာ ပြောချေသည်။

"ဒီလောကကြီးက အခုထိ ရှုပ်ထွေးနေတုန်းပဲ၊ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းကပါပဲ၊ ဝမ်ရီရဲ့ ဖေဖေကပြီးခဲ့တဲ့ နှစ်ရက်က အလုပ်ကိစ္စအချို့ ရှိနေလို့၊ ဒီနေ့ မွန်းတည့်ချိန်လောက်ဆို ပြန်ရောက် လိမ့်မယ်၊ သမီး ခဏလောက် ထပ်စောင့်ဖို့လိုဦးမယ်၊ အရင်ဆုံး ကွတ်ကီးလေးတွေ စားပါဦး၊ လက်ဖက်ရည်ကြမ်းလေး သောက်ရင်းပေါ့"

လိုင်ဝမ်ရီ၏ဖခင် ပြန်လည်ရောက်ရှိလာသည့် အချိန်တွင် နေ့လယ် တစ်နာရီကျော်သွားပြီ ဖြစ်ပြီး အတိတ်က အကြောင်းအရာများကို တတိယအကြိမ်မြောက် ရှင်းလင်းတင်ပြရပြန်သည်။

All Chapters