← Chapters

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း ၄၂၁

Vol. 43 Ch. 421

အခန်း (၄၂၁)

“ဟမ့်”

ထိုပုံရိပ်က အေးစက်စွာ နှာခေါင်းရှုံ့သည်။

“မင်းလို သာမန်ကိုယ်ထည်တစ်ခုက ဧကရီအရှင်မကို ဒီလို ပြောရဲတယ်ပေါ့။ ဒီနေ့ မင်းအသိစိတ်ကို ဖျက်ဆီးပြီး မင်းဝိညာဉ်ကို သိမ်းပိုက်ပစ်မယ်။ မင်း သူတော်စင်အဆင့်ထိ ကျင့်ကြံပြီးသွားရင် ငါနိုးထလာလိမ့်မယ်”

သူမ စကားလည်း ဆုံးရော ချူချိုက်ယီထံ ပုံရိပ်က ပြေးဝင်လာ၏။ သို့သော် ချူချိုက်ယီသည် အမူအရာကင်းမဲ့စွာ ရပ်နေသည်။

ပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်းမှာပင် ချူချိုက်ယီ၏ နတ်ဘုရားပင်လယ်အတွင်းသို့ ရောက်သွားတော့၏။

“အယ်”

ထိုပုံရိပ်သည် သူမ ဖရိုဖရဲသိစိတ်ပင်လယ်ထဲသို့ ရောက်နေကြောင်း တွေ့သွားတော့သည်။ သူမ ဤကိုယ်ထည်၏ သိစိတ်ပင်လယ်သည် အတော်လေး ကြီးမားကြောင်း သိထားသော်လည်း ယခုလို ဖရိုဖရဲဖြစ်နေမည်ဟု မထင်ထားချေ။

“ဒီကိုယ်မှာ ကံကြမ္မာကောင်းတွေ ရထားတာလား”

“အဲ့တော့လည်း ပိုကောင်းတာပေါ့။ ဖရိုဖရဲသိစိတ်ပင်လယ်နဲ့ဆို ငါ့နတ်ဘုရားအာရုံနိုးထလာမှာ ဘယ်သူမှ ရှာတွေ့မှာ မဟုတ်တော့ဘူး”

ထိုပုံရိပ်သည် သိစိတ်ပင်လယ်ထဲတွင် ချူချိုက်ယီကို လိုက်ရှာတော့၏။

သိပ်မကြာမီ သူမ ဖရိုဖရဲ၌ ကျင့်ကြံနေသည့် ချူချိုက်ယီကို တွေ့လို့သွားသည်။

သူမ ပြောလိုက်သည်။

“အခု ကျင့်ကြံဖို့ တွေးနေတုန်းလား။ နောက်ကျသွားပြီ မထင်ဘူးလား။ ငါ နင့်ကို ပြောမယ်။ ငါက နတ်ဘုရားအာရုံတစ်ခုသာသာဆိုပေမဲ့ နင့်လို ကောင်းကင်ဇာစ်မြစ်အဆင့် ဝိညာဉ်ယှဉ်နိုင်တဲ့ သူမဟုတ်ဘူး။ ငါ့အတွေးတစ်ချက်နဲ့တင် နင့်ကို ဖျက်ဆီးလို့ရတယ်”

ချူချိုက်ယီ တည်ငြိမ်စွာ ပြောသည်။

“အဲ့လိုလား။ ဒါဆို ရှင့်အင်မော်တယ်ဧကရာဇ်အတွေးက ကျွန်မ ဖရိုဖရဲနတ်ဆိုးဘုရားကို ခံနိုင်မလား ကြည့်ရတာပေါ့”

“ဖရိုဖရဲနတ်ဆိုးဘုရားလား”

ထိုပုံရိပ် ခဏတာမျှ မှင်တက်သွားသော်လည်း ပြောလာသည်။

“ဖရိုဖရဲနတ်ဆိုးဘုရားဆိုတာ မိုးမြေမဖြစ်တည်ခင်ကတည်းက ပေါ်ပေါက်လာတဲ့ အထွတ်အထိပ်ဖြစ်တည်မှုတွေ။ နင့်လို ကောင်းကင်ဇာစ်မြစ်အဆင့်ကျင့်ကြံသူက သူတို့ကို ဆင့်ခေါ်နိုင်မယ်ထင်လို့လား”

“ရှင် မကြာခင် သိရမှာပါ”

ချူချိုက်ယီ ပြောရင်း မျက်လုံးများကို ပိတ်လိုက်သည်။ ထို့နောက် သူမရှေ့က သူကို လျစ်လျူရှူလိုက်တော့၏။

၎င်းက ပုံရိပ်ကို လုံးဝ ဒေါသထွက်သွားစေသည်။

“ကံမကောင်းချင်တော့ နင့်မှာ အခွင့်အရေး မရှိတော့ဘူး”

သူမ ပြောရင်း ချူချိုက်ယီထံ လက်ဆန့်ထုတ်လိုက်သည်။

သူမလက်က ချူချိုက်ယီကို ထိတော့မည့်အချိန် ဖရိုဖရဲထဲမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်။

“ငါအိပ်နေတာကို ဘယ်သူနှောင့်ယှက်လိုက်တာလဲ”

၎င်းက အသံတစ်သံပင်။ သို့သော် ပုံရိပ်သည် လွင့်စင်တော့မည့်အလား အလွန်အမင်း ထိတ်လန့်သွားတော့သည်။ သူမ အသံရင်းမြစ်သို့ အလိုလို လှည့်ကြည့်မိသည့်အခါ ဖရိုဖရဲထံမှ ဧရာမ ပုံရိပ်ကြီးကို မြင်လိုက်ရ၏။

၎င်းက အထွတ်အထိပ်ဖြစ်တည်မှုပင်။ ပုံရိပ်သည် အင်မော်တယ်ဧကရာဇ်တစ်ပါး၏ မှတ်ဉာဏ်များ ကျန်ရှိနေသေးသော်လည်း သူမ ထိုဖြစ်တည်မှုကို မြင်လိုက်သည့်အခါ ဒူးထောက်ရသည်။

“ကျွန်မပါ”

ချူချိုက်ယီ ဖြည်းညှင်းစွာ ထလာသည်။ နတ်ဆိုးဘုရားကို ကြည့်နေသော်လည်း သူမ မျက်နှာတွင် ကြောက်ရွံ့မှု စိုးစဉ်မျှ မရှိချေ။

“ငါဘယ်သူလဲ မင်းသိလား”

ထိုပုံရိပ်ကြီး ဖြည်းညှင်းစွာ မေးလာသည်မှာ ချူချိုက်ယီ စကားမှားသွားပါက သူ့ရှေ့က အရာအားလုံးကို ဖျက်ဆီးတော့မည့်အလားပင်။

ချူချိုက်ယီ ပြောသည်။

“ကျွန်မ ရှင့်နာမည်ကို သိတယ်။ ရှင်က ဖျက်ဆီးခြင်းတာအိုကို ကိုယ်စားပြုတဲ့ ပင်းထျန်ပဲ”

ထိုစကားနှစ်လုံး ထွက်လာသည့်အခိုက် ပုံရိပ်ယောင်သည် တဖြည်းဖြည်း ပြတ်သားလာသည်။ အင်မော်တယ်နန်းတော်ကြီးတွင် ကြောက်မက်ဖွယ်ကောင်းသည့် အထွတ်အထိပ်ဖိအားတို့ ဆင်းသက်လာသည်။

လမိုက်တပ်ဖွဲ့သည် ထိုဖိအားကို ခံစားမိသောအခါ ဒူးထောက်ချလိုက်ရ၏။

လမိုက်နတ်ဆိုး ရေရွတ်သည်။

“ဘာတွေဖြစ်နေတာလဲ”

“ဒီအရှိန်အဝါက ဧကရီအရှင်မထက်တောင် ပိုကြောက်ဖို့ကောင်းတယ်။ ခန်းမထဲမှာ ဘာတွေဖြစ်နေတာလဲ”

ချူချိုက်ယီ သိစိတ်ပင်လယ်အတွင်း၌

ပုံရိပ်သည် လုံးဝ မှင်တက်သွား၏။ သူမ ချူချိုက်ယီကို ထိတ်လန့်စွာ ကြည့်နေသည်။ သူမ၏ ကိုယ်ထည်ပွားတစ်ခုက သူမ အသက်ရှင်စဉ်ကပင် မလုပ်နိုင်ခဲ့သော ဖရိုဖရဲဖျက်ဆီးခြင်းနတ်ဘုရားကိုမည်သို့ ဆင့်ခေါ်လိုက်သလဲဆိုသည်ကို သူမ မသိပေ။ သူမကိုယ်တိုင်က ဖျက်ဆီးခြင်းတာအိုကို ကျွမ်းကျင်သည့် အင်မော်တယ်ဧကရာဇ်လော။

“ကောင်းပြီ။ မင်း ငါ့နာမည်ကို သိတော့ ငါမင်းကို ဖျက်ဆီးခြင်းအထွတ်အထိပ်တာအိုကို ပေးအပ်မယ်။ ဒါပေမဲ့ မင်းကိုယ်မင်းတော့ အရင်ဖျက်ဆီးရမယ်”

ဖရိုဖရဲဖျက်ဆီးခြင်းနတ်ဘုရား၏အသံသည် အန္တရာယ်များလွန်းသည့် ဆွဲဆောင်မှုတစ်ခုကို သယ်ဆောင်လာသည့်အတွက် ကြားရသူ၏ တာအိုနှလုံးသားကို မငြိမ်မသက် ဖြစ်သွားစေသည်။

ချူချိုက်ယီ ပြောသည်။

“ကျွန်မ အတိတ်ဘဝက အင်မော်တယ်ဧကရာဇ်ဆန္ဒကို ဖျက်ဆီးပစ်မယ်”

“ကောင်းတယ်။ မင်းက လိမ္မာပါးနပ်သလို သတ္တိလည်း ရှိတာပဲ”

ဖရိုဖရဲဖျက်ဆီးခြင်းနတ်ဘုရားသည် သူမကို သဘောကျသည့် အကြည့်တစ်ချက် ပစ်ပေးလိုက်ပြီးနောက် ဧရာမလက်ကြီးဖြင့် ဒူးထောက်နေသော ပုံရိပ်ကို ဆွဲဖမ်းလိုက်၏။

“မဟုတ်...မလုပ်ပါနဲ့”

ပုံရိပ်သည် သနားညှာတာပေးရန် မတောင်းပန်နိုင်မီ ပျက်ဆီးသွားပြီး သိစိတ်ပင်လယ်ထဲသို့ ပျော်ဝင်သွားတော့သည်။

သူမ ပျက်စီးသွားသည့်အခိုက် ချူချိုက်ယီ ရေရွတ်လိုက်၏။

“ကျေးဇူးတင်ပါတယ်။ အတိတ်က ကျွန်မရေ။ အခုရှင့်ကြောင့် ဖျက်ဆီးခြင်းတာအိုကို နားလည်သွားပြီ”

ပုံရိပ်ပျောက်ကွယ်သွားသည်နှင့် ဖရိုဖရဲဖျက်ဆီးခြင်းနတ်ဆိုးဘုရားသည် ချူချိုက်ယီ၏ ဝိညာဉ်ကို ညင်သာစွာ ပုတ်လိုက်သောကြောင့် သူမစိတ်ထဲတွင် ဖျက်ဆီးခြင်းတာအိုအမှတ်အသားတစ်ခု ကျန်ခဲ့သည်။

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသည့် နတ်ဆိုးဘုရားသည် သူမသိစိတ်ပင်လယ်ထဲမှ ပျောက်ကွယ်သွားတော့၏။

ဖရိုဖရဲနတ်ဆိုးဘုရား ထွက်ခွာသွားမှုနှင့်အတူ သူမ သိစိတ်ပင်လယ်သည်လည်း ပြန်လည် ငြိမ်သက်သွားသည်။

ချူချိုက်ယီ သူမ သိစိတ်ပင်လယ်ထဲတွင် ချိတ်ပိတ်ခံထားရသော ဝိညာဉ်ကို တစ်ချက်ကြည့်လိုက်၏။ ထို့နောက် ကျင့်စဉ်ကို ပြန်လည်ပတ်ကာ ယခုအခွင့်အရေးကို အသုံးချ၍ စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်သို့ တက်ရန် ကြံရွယ်လိုက်သည်။

အင်မော်တယ်နန်းတော်တွင်

လမိုက်တပ်ဖွဲ့သည် ကြောက်မက်ဖွယ် အရှိန်အဝါကြီး ပျောက်ကွယ်သွားကြောင်း ခံစားမိလိုက်ချိန် သက်ပြင်းရှည်ကြီးချမိသည်။ သို့သော် သူတို့ ခန်းမကို ကြည့်ရင်း စိုးရိမ်စိတ်များ ပို၍ တိုးလာသည်။

အရှေ့ပင်လယ်ကမ်းခြေတွင်

တုန်ယင်နေသော ပုံရိပ်တစ်ခုသည် ရေပြင်အလယ် ကျွန်းငယ်လေးတစ်ခုထံ အလျင်အမြန် ပျံသန်းသွားလာနေသည်။

ထိုသူမှာ ရှီးမျိုးနွယ်ကို ရှုံးနိမ့်သွား၍ ထွက်ပြေးလာသော လုံကျိုက်ယွမ်ပင်။

သူသည် နတ်ဆိုးဓားကို ရရှိခဲ့စဉ်က ကမ္ဘာကြီးကို အောင်နိုင်တော့မည်ဟု ထင်မှတ်ထားသည်။ သို့သော် သူ့ပထမဆုံးတိုက်ပွဲမှာတင် ရှုံးနိမ့်သွားမည်ဟု မထင်ထား။

ယခုအခါ လုံကျိုက်ယွမ်တွင် အတွေးတစ်ခုသာ ကျန်တော့သည်။ သူ နတ်ဆိုးဓားအရှင်ကို ရှာတွေ့နိုင်သ၍ ပြန်လည် ထွန်းတောက်လာနိုင်ပေသည်။

သူမသိလိုက်သည်မှာ ရှောင်ချန်းတို့သည် သူ့နောက်သို့ အလျင်မလိုစွာ လိုက်ပါလာကြခြင်းကိုပင်။

“စီနီယာအစ်ကို အဲဒီသူက ခွေးတစ်ကောင်လိုပြေးနေရတာတောင် ပျော်နေတဲ့ပုံပဲ”

ချန်ကျင်းကျင်း လုံကျိုက်ယွမ်နောက်သို့ တစ်လကြာ လိုက်လာခဲ့သည်။

ပင်လယ်မျက်နှာပြင်အထက်တွင် ရှောင်ချန်း ရယ်မောလိုက်သည်။

“ဂျူနီယာညီမလေးကျင်း မလောနဲ့။ အံ့အားသင့်စရာတွေလိုချင်ရင် စိတ်ရှည်သည်းခံတတ်ရမယ်”

ချန်ကျင်းကျင်း ခေါင်းညိတ်သည်။

“စီနီယာအစ်ကို သူ့မှာ ကံကြမ္မာသားတော်တစ်ယောက်ရဲ့ စရိုက်လက္ခဏာတွေ မရှိတော့သလို ခံစားရလို့ပါ။ ဆရာက စစ်တုရင်ကစားတဲ့အခါ တည်ငြိမ်တဲ့ စိတ်နှလုံးကို ထိန်းထားရမယ်လို့တော့ အမြဲပြောပါတယ်”

“အခု သူ့ကြည့်ရတာ အဖြေက မကြာခင် သိရတော့မယ်ထင်တယ်”

ရှောင်ချန်း အပြုံးက ပို၍ ကျယ်ပြန့်လာသည်။

“နတ်ဘုရားဓားမြင့်မြတ်နယ်မြေက အမွေအနှစ်က ငါ့ကို စိတ်ပျက်အောင်မလုပ်ဖို့မျှော်လင့်ပါတယ်”

သူတို့ပြောနေတုန်း လုံကျိုက်ယွမ်သည် ကျွန်းငယ်ပေါ်သို့ ဆင်းသွားသည်။

ကျွန်းငယ်သည် မြက်တစ်ပင် ငှက်တစ်ကောင်မျှ မရှိသော နေရာလေးဖြစ်သည်။ ကျောက်တုံးများမှလွဲ၍ အခြားမရှိချေ။

ဆင်းလာပြီးနောက် လုံကျိုက်ယွမ် စိတ်သက်သာရာ ရသွား၏။ ထို့နောက် နောက်သို့ တစ်ချက်လှည့်ပြီး မည်သူမှ မရှိကြောင်း အတည်ပြုကာ ရှေ့သို့ ဆက်သွားသည်။

နာရီဝက်ခန့်ကြာပြီးနောက်

လုံကျိုက်ယွမ် တောင်ငယ်တစ်ခုသို့ ရောက်လာသည်။

သူ တောင်နံရံကို ရှာဖွေနေလိုက်သည်။ ထို့နောက် တောင်နံရံတွင် လူတစ်ကိုယ်စာ ဘေးတစ်စောင်းလေး ဖြတ်သန်းသွားနိုင်သော အက်ကွဲကြောင်းလေး ပေါ်လာ၏။ သူ အထဲသို့ ဝင်သွားတော့သည်။

ရှောင်ချန်းတို့သည် သူတို့အရှိန်အဝါကို ဖိနှိပ်ကာ လုံကျိုက်ယွမ်လို အတုခိုးရင်း ခြေတစ်လှမ်းချင်းလှမ်းလိုက်သည်။ ခြေလှမ်းတိုင်းတွင် အက်ကွဲကြောင်းလေး၌ တားမြစ်ချိတ်စည်းများ ရှိနေကြောင်း သိလိုက်ရသည်။

ချိတ်စည်းသည် ခန္ဓာအတွင်းရှိ ကျင့်ကြံမှုနှင့် ဝိညာဉ်စွမ်းအားကို ချိတ်ပိတ်ထားပြီး ဓားတာအိုအနှစ်သာရကိုသာ အသုံးပြုနိုင်သည်။

စိတ်ဝင်စားစရာပဲ။

ဘေးတစ်စောင်းလေး လျှောက်ပြီးနောက် သူတို့ရှေ့က လမ်းသည် အတော်လေး ကျယ်ဝန်းသွား၏။ သို့သော် လမ်းက အတော်လေး မှောင်သည်။ သူတို့ လုံကျိုက်ယွမ်နောက် ခြေလှမ်းတစ်ရာအကွာက လိုက်လို့ သွားတော့၏။

မည်မျှ ကြာအောင် လမ်းလျှောက်ခဲ့သည်မသိ နောက်ဆုံးအခိုက် သူတို့ရှေ့တွင် လိုဏ်ဂူကျယ်ကြီးပေါ်လာတော့သည်။

All Chapters