← Chapters

အခန်း ၄၂၂

Vol. 43 Ch. 422

အခန်း ၄၂၂

Vol. 43 Ch. 422

အခန်း (၄၂၂)

လူတစ်ယောက်ကို အချိန်မရွေး ဝါးမျိုးသွားနိုင်သည့် သားရဲကြီးအလား ထင်မှတ်သွားစေမည့် တိတ်ဆိတ်ခြောက်ခြားဖွယ် လိုဏ်ဂူကြီးထဲတွင်

လူတိုင်း နောက်ဆုတ်ချင်စိတ်‌ပေါက်သွားကြသည်။

ရှောင်ချန်း မျက်လုံးများ ကျဉ်းမြောင်းကာ ဂူထဲသို့တစ်လှမ်းတိုးဝင်လိုက်သည်။

တိတ်ဆိတ်နေသော လိုဏ်ဂူထဲတွင် လုံကျိုက်ယွမ်၏ ခြေသံများ ပြတ်သားစွာ ထွက်ပေါ်လို့နေသည်။

သိပ်မကြာခင် သူရပ်သွားပြီး ဒူးတစ်ဖက်ထောက်ချကာ ပြောသည်။

“တပည့်လုံကျိုက်ယွမ် ဆရာ့ကို ဂါဝရပြုပါတယ်”

“ငါ မင်းဆရာ မဟုတ်ဘူး”

အမှောင်ထုထဲတွင် ကြမ်းရှသည့် အသံတစ်သံ ထွက်ပေါ်လာသည်။ ၎င်းကို ကြားလိုက်ရသောအခါ အသံရှင်ကို စူးစမ်းရန် နတ်ဘုရားအာရုံကို ထုတ်မသုံးရဲကြတော့ချေ။

အချို့သော အကြောင်းပြချက်များကြောင့် ထိုအသံက သူတို့နှလုံးသားထဲတွင် ကြောက်ရွံ့မှုများကို အဆုံးအစမရှိ မြင့်တက်လာစေသည်။

ထိုအသံသည် သူတို့ယခင် ကြုံခဲ့ရသော သူတော်စင်ဝိညာဉ်များထက်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းပြီး အသက်ရှုရကျပ်စေသည်။

“စီနီယာ ကျွန်တော်သာ နတ်ဆိုးဓားကို ဆွဲထုတ်နိုင်ရင် ဆရာ့အမည်ခံတပည့်ဖြစ်လာမယ်လို့ ပြောခဲ့တယ်မလား”

လုံကျိုက်ယွမ်သည် သူ့နောက်ဆုံးအားကိုးရာက သူ့ကို စွန့်ပစ်သွားမည်ဟု မထင်ထားပေ။

“ဒါပေမဲ့ မင်း နတ်ဆိုးဓားကို ဆုံးရှုံးသွားပြီလေ။ ဒါပေမဲ့ ဒီလူအိုကြီးက မင်းကို ကျေးဇူးတင်ရဦးမယ်။ ဓားကျင့်ကြံဖို့အတွက် မျိုးစေ့ကောင်းလေးပါ မင်းက ခေါ်လာတာပဲ”

အမှောင်ထုထဲတွင် ကြမ်းရှသည့်အသံသည် လူတိုင်း၏နားထဲတွင် ပဲ့တင်ထပ်သွား၏။

သောင်းပြောင်းပညာရပ်ဌာနမှ လူများသည် ထိုသည်ကို ကြားသော် ရှောင်ချန်းကို ကြည့်လိုက်ကြသည်။

ရှောင်ချန်း၏ မျက်နှာသည် တည်ငြိမ်နေပြီး အမှောင်ထုထဲသို့ စိုက်ကြည့်နေသောကြောင့် ဓားသွားအလား ထက်ရှသော မျက်ဝန်းတစ်စုံနှင့် အကြည့်ချင်းဆုံသွားသည်။

လုံကျိုက်ယွမ် တစ်ယောက် မှင်တက်သွားပြီး ဇဝေဇဝါ မေးသည်။

“ဆရာ ဘာကိုပြောတာလဲ”

“မင်းတို့အားလုံး ရောက်နေမှတော့ ထွက်ခဲ့တော့”

ဓားနတ်ဆိုးစကားအဆုံးတွင် မှောင်မည်းနေသော လိုဏ်ဂူသည် နေ့ခင်းအလား လင်းထိန်သွားသည်။

ရှောင်ချန်းတို့ အသံလာရာသို့ လှမ်းကြည့်လိုက်ရာ ညစ်ပတ်စုတ်ပြတ်နေသည့် ဖရိုဖရဲမုတ်ဆိုးမွေးများနှင့် လူအိုကြီးတစ်ဦးကို တွေ့လိုက်ရ၏။ သူ့ကို လူကြီးတစ်ဦးလက်မောင်းခန့် တုတ်ခိုင်သော ချိန်းကြိုးဒါဇင်ကျော်ဖြင့် ကျောက်တုံးကြီး၌ တွဲချည်ထားသည်။

ကျောက်တုံးကြီးသည် မြေပြင်ပေါ်တွင် အသေနစ်ဝင်နေခြင်း မဟုတ်သော်လည်း ဓားနတ်ဆိုးသည် လှုပ်ရှားမည့် အရိပ်အယောင်မပြပေ။

ဓားနတ်ဆိုးရှေ့တွင် သူတော်စင်အရှိန်အဝါများ ထုတ်လွှတ်နေသည့် ကျောက်စာတိုင်တစ်တိုင် ရှိသည်။

လုံကျိုက်ယွမ် သူ့ခေါင်းကို လှည့်ကြည့်သည့်အခါ ရှောင်ချန်းတို့အုပ်စုကို မြင်လိုက်ရသည်။ သူ့မျက်နှာထား ပြောင်းလဲသွားတော့၏။

“မင်း မင်းတို့က ရှီးရွှမ်ရဲ့ ဆရာတူညီအစ်ကိုတွေလား”

“ဟုတ်တယ်”

ရှောင်ချန်း ပေါ့ပါးစွာ ပြောသည်။

“မင်းတို့ သူတော်စင်ဓားနတ်ဆိုးနယ်မြေထဲတောင် ဝင်ရဲတယ်ပေါ့။ မင်းတို့ဆရာ ကိုယ်တိုင်လာရင်တောင် သေဘေးက မလွတ်တော့ဘူး”

လုံကျိုက်ယွမ် ပြောနေရင်း ပိုစိတ်လှုပ်ရှားလာသည်။

“ဆရာ နတ်ဆိုးဓားကို ခိုးသွားတဲ့သူတွေက သူတို့ပါ။ ကျေးဇူးပြုပြီး သူတို့ကို အပြစ်ပေးပါ”

“ဟမ့်”

ဓားနတ်ဆိုး အေးစက်စွာ နှာမှုတ်သည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ကျဆင်းလာသောကြောင့် လုံကျိုက်ယွမ် ဒူးထောက်ကျသွားသည်။

ဒုတ်

“ကောင်လေး မင်းအရှက်မရှိ ပြောရဲသေးတယ်ပေါ့။ နတ်ဘုရားဓားမြင့်မြတ်နယ်မြေက မင်းလို စွန့်ပစ်ခံတပည့်တစ်ယောက်က အဲဒီအရူးအိုကြီးတွေ ငါ့ဓားတာအိုကို ရချင်လို့ ဆင်ထားတဲ့ နယ်ရုပ်ဆိုတာ ငါမသိဘူး ထင်နေလား”

“မင်းသာ ဓားတာအိုပါရမီရှင်ဆိုရင် ငါကိုယ်တိုင် မင်းကို လက်ဆင့်ကမ်းပေးမှာ။ ဒါပေမဲ့ မင်းက မဟုတ်တော့ ဒီလောကကြီးထဲ ဆက်နေစရာ မလိုတော့ဘူး”

“မလုပ်...မလုပ်ပါနဲ့”

လုံကျိုက်ယွမ်၏ မျက်နှာသည် သေလောက်အောင် ဖျော့တော့သွားပြီး နဖူးပေါ်တွင် ချွေးစေးများ ကျလာသည်။ သူ အလျင်အမြန် ရှင်းပြ၏။

“ဆရာ တပည့်အားနည်းလို့ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီသူတွေ ကျင့်ကြံခြင်းအဆင့်က အရမ်းမြင့်လွန်းတယ်။ ဒီတပည့်က ရွယ်တူတွေကြားမှ ပြိုင်ဘက်ကင်းသလို ဓားဆန္ဒကိုလည်း နားလည်ထားပါတယ်။ နတ်ဘုရားဓားမြင့်မြတ်နယ်မြေမှာတောင် တပည့်က ရှားပါးတဲ့ ကောင်းကင်ရွေးချယ်ခံပါ”

“မင်း ပြောတာမမှားပါဘူး။ ဒါပေမဲ့ ငါရှာနေတာက သာမန်ပါရမီရှင် မဟုတ်ဘူး။ ခေတ်ကာလကို လွှမ်းမိုးနိုင်မဲ့ ဓားကျင့်ကြံသူကို လိုချင်တာ”

ဓားနတ်ဆိုး စိတ်ခံစားချက် ကင်းမဲ့စွာ ပြောသည်။

“ဆရာ အဲ့လိုပါရမီရှင်မျိုးက ရွှမ်ထျန်းတိုက်ကြီးတစ်ခုလုံးမှာတောင် အရမ်းရှားတယ်။ တကယ်လို့ ကျွန်တော့်ကိုသာ အချိန်ပေးရင် ဆရာပြောတဲ့ အခြေအနေထိ သေချာပေါက်သန်မာလာစေရမယ်”

“မလိုတော့ဘူး”

ဓားနတ်ဆိုးက ပြောလိုက်သည်။

“ငါလိုချင်တဲ့ ပါရမီရှင် ရောက်လာပြီ”

ထိုစကားများအဆုံးတွင် သူ့အကြည့်က ရှောင်ချန်းပေါ်သို့ ကျရောက်လာပြီး အပြုံးတစ်ခု ပေါ်လာတော့သည်။

“ငါ့အမြင်တော့ သူက ခေတ်ကာလတစ်ခုကို ဓားတစ်လက်နဲ့ ကြီးစိုးမဲ့ ပြိုင်ဘက်ကင်းဓားပါရမီရှင်ပဲ”

လုကျိုက်ယွမ် မယုံကြည်နိုင်လောက်သည်အထိ မှင်တက်ဆွံ့အသွားရတော့သည်။ သူ့စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာ၏။

‘ဆရာ အရင်က ဒီလိုမဟုတ်ပါဘူး။ ဘာလို့ပြောင်းလဲသွားရတာလဲ’

ရှောင်ချန်း ထိုမြင်ကွင်းကို ကြည့်ရင်း အကြောင်းအရာများသည် သူ့ထံသို့ ရောက်လာသည့်အတွက် လက်သီးဆုပ်ကာ အနည်းငယ် ဦးညွှတ်လိုက်၏။

“အကြီးအကဲဓားနတ်ဆိုးရဲ့ ချီးမွှမ်းမှုအတွက် ကျေးဇူးတင်ပါတယ်”

“မင်းက နတ်ဘုရားဓားမြင့်မြတ်နယ်မြေက တပည့်ပဲလား”

ဓားနတ်ဆိုး စိတ်ဝင်တစား မေးသည်။

ရှောင်ချန်း ယဉ်ကျေးစွာ ပြန်ဖြေသည်။

“အကြီးအကဲ ကျွန်တော်က ဝမ်တောက်ကျောင်းတော်ကပါ”

“အိုး”

နတ်ဆိုးဓား အူလှိုက်သည်းလှိုက် ရယ်မောတော့သည်။

“ဟားဟား နတ်ဘုရားဓားမြင့်မြတ်နယ်မြေ တပည့်တွေက ဓားတာအိုမှာ ပြိုင်ဘက်ကင်းတယ် ပြောကြပေမဲ့ တာအိုအနှစ်သာရကို နီဗားနားရှင်သန်ခြင်းအဆင့်မှာ နားလည်နိုင်တဲ့ ဓားပါရမီရှင်ကို မွေးထုတ်မပေးနိုင်းဘူးပဲ။ ရယ်ဖို့ကောင်းတယ်”

ဓားနတ်ဆိုးထံမှ ရန်လိုမှုကို မတွေ့ရသဖြင့် ရှောင်ချန်း တည်ငြိမ်စွာ ပြောသည်။

“စီနီယာပြောတာ တစ်ခုတော့ ကျွန်တော် ပြင်ပေးရလိမ့်မယ်”

“မင်း ဘာပြောချင်တာလဲ”

ဓားနတ်ဆိုး သံသယဖြင့် မေးသည်။

“အကြီးအကဲ ကျွန်တော်က တာအိုပေါင်းစည်းခြင်းအဆင့်မှာတင် တာအိုအနှစ်သာရကို နားလည်နိုင်ခဲ့တာပါ”

ရှောင်ချန်း လေသံသည် သာမန်အချက်အလက်တစ်ခုကို ပြောနေသည့်အလား တည်ငြိမ်လှသည်။

သို့သော် ဓားနတ်ဆိုးနှင့် လုံကျိုက်ယွမ်တို့အတွက် မိုးကြိုးပစ်ချလိုက်သည့်အလားပင်။

“မဖြစ်နိုင်ဘူး။ လုံးဝမဖြစ်နိုင်ဘူး”

လုံကျောက်ယွမ် ပေါက်ကွဲသွားပြီး စိတ်လွတ်သွားသည့်အလား ပြောသည်။

ဓားနတ်ဆိုး အံ့ဩသွားတော့သည်။ သူ အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုကို ကြည့်နေသည့်အလား ရှောင်ချန်းကို ကြည့်လိုက်၏။

လုံကျိုက်ယွမ်၏ ရှက်ရွံ့ဖွယ် အခြေအနေကို မြင်သောအခါ ချန်ကျင်းကျင်း အထင်သေးစွာ နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။

“လုံကျိုက်ယွမ် ရှင်မလုပ်နိုင်တာနဲ့ ကျွန်မ စီနီယာအစ်ကို မလုပ်နိုင်ဘူး မပြောနဲ့။ သူက ဒီခေတ်ရဲ့ ထိပ်သီးပါရမီရှင်ပဲ”

“ရှောင်ချန်း မင်းက ရှောင်ချန်းလား”

လုံကျိုက်ယွမ် အလောတကြီး မေးသည်။

“ဟုတ်တယ်။ ငါက ရှောင်ချန်းပဲ။ အခု မင်းဘယ်လိုသေချင်လဲ ပြောလို့ရပြီ”

ရှောင်ချန်း ဖြေလိုက်သည်။

၎င်းကို ကြားသောအခါ လုံကျိုက်ယွမ် နောက်သို့ ခြေလှမ်းတစ်ဝက်ခန့် အလောတကြီး ဆုတ်လိုက်မိသည့်အတွက် ချော်လဲကျကာ မြေပြင်ပေါ်သို့ အရှက်တကွဲ ကျသွားတော့၏။

ရှောင်ချန်း ဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်ပြီး လုံကျိုက်ယွမ်ကို အဆုံးသတ်ရန် ပြင်ဆင်လိုက်၏။

ကလန်

နတ်ဘုရားဓားသည် ဓားအိမ်ထဲမှ ထွက်သွားသည့်အခိုက် လုံကျိုက်ယွမ် တုန်ယင်သွားသည်။

ရှောင်ချန်း ဓားကို ဝှေ့ယမ်းတော့မည့်အခိုက် ဓားနတ်ဆိုးက ရုတ်ချည်း ဝင်ပြောလိုက်၏။

“လူငယ်လေး ခဏနေဦး”

ထိုစကားကြောင့် လူတိုင်း အေးခဲသွားသည်။

သူ့ဆရာက သူ့အပေါ် ဂရုစိုက်နေသေးသည်ဟု တွေးမိသောအခါ လုံကျိုက်ယွမ် ပျော်ရွှင်သွားတော့၏။

ရှောင်ချန်း မေးသည်။

“အကြီးအကဲ ဘာများ လမ်းညွှန်ချင်လို့လဲ”

ဓားနတ်ဆိုး ပြုံးလိုက်သည်။

“စိတ်ချပါ။ ငါ သူ့အတွက် သနားခံပေးမလို့ မဟုတ်ဘူး။ သူ ကျေကျေနပ်နပ်နဲ့ အရှုံးကို လက်ခံပြီး သေစေချင်လို့ပါ”

ထိုစကားကြောင့် လူတိုင်း၏ အမူအရာများသည် အမျိုးမျိုး ပြောင်းလဲသွားကြ၏။ လုံကျိုက်ယွမ်၏ အပြုံးက ပျောက်ကွယ်သွားပြီး လဲခွေကျသွားကာ မျက်လုံးများ ဗလာကျင်းသွားတော့သည်။

ရှောင်ချန်း စိတ်ဝင်စားစွာ ပြောသည်။

“ကျေးဇူးပြုပြီး ပြောပါ အကြီးအကဲ”

All Chapters