← Chapters

အခန်း ၄၂၄

Vol. 43 Ch. 424

အခန်း ၄၂၄

Vol. 43 Ch. 424

အခန်း (၄၂၄)

ဝမ်တောက်ကျောင်းတော် မြောင်တောင်ပေါ်တွင်

ချူဖုန်းသည် လစ်လပ်နေသော သောင်းပြောင်းပညာရပ်ဌာနကိုကြည့်ပြီး အနည်းငယ် အနေရခက်သလို ခံစားလိုက်ရသည်။ သူ ဘေးက ရှီးရွှမ်ကို တိုကင်ပြားတစ်ခု ပေးလိုက်၏။

“ရှောင်ယီကို ဝင်ခွင့်လုပ်ငန်းစဉ်တွေ အရင်သွားလုပ်ပေးလိုက်”

“ဟုတ်ကဲ့”

ရှီးရွှမ် ပြန်ဖြေပြီး လျန်ယီကို ကြည့်လိုက်၏။

ထို့နောက် သူတို့နှစ်ဦး မြောင်တောင်မှ အတူတကွ ထွက်ခွာသွားကြသည်။

သောင်းပြောင်းပညာရပ်ဌာနအတွင်း၌ နေ့ရက်များသည် အေးချမ်းစွာ ကုန်ဆုံးလာ၏။ ‌ချူဖုန်းသည် သူ့အချိန်များကို စာအုပ်ဖတ်ရင်း ငါးဖမ်းရင်း ကုန်ဆုံးနေတော့သည်။

လျန်ယီ ရှီးရွှမ်၏ သင်ကြားမှုအောက် ရောက်လာပြီးနောက် နေ့ရက်တိုင်းတွင် ဇွဲရှိစွာ သင်ကြားတော့၏။ သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိတော့သည်။

သူ့ဆရာနှင့် ဆရာဘိုးဘိုး အရှက်မရစေရန်ပင်။

နှစ်လခွဲကြာပြီးနောက်...

ချူဖုန်း စမ်းချောင်းတစ်ခုတွင် ငါးမျှားနေစဉ် သူ့စိတ်ထဲတွင် ရင်းနှီးနေသော စက်ရုပ်သံတစ်သံ ထွက်လာသည်။

“သင့်တပည့် ချောင်ရို့ချန် နီဗားနားရှင်သန်ခြင်းအဆင့်သို့ တက်သွားပါတယ်။ အာဏာရှင်ဒေါသအင်မော်တယ်ခန္ဓာကိုယ်ကို နိုးထနိုင်ခဲ့ပါတယ်။ တာအိုအနှစ်သာရ နှစ်ခုကို နားလည်နိုင်ခဲ့ပါတယ်။ ဆုလဒ်အဖြစ် နှစ်တစ်ရာကြာ ကျင့်ကြံခြင်း၊ အာဏာရှင်ဒေါသအင်မော်တယ်ခန္ဓာကိုယ် ပြီးပြည့်စုံခြင်းအဆင့်နှင့် တာအိုအနှစ်သာရ အခုနှစ်ဆယ်ကို ချီးမြှင့်ပါတယ်”

အသံပျောက်ကွယ်သွားသည်နှင့် ချူဖုန်း စမ်းချောင်းထဲမှ ငါးကြီးတစ်ကောင်ကို ပေါ့ပါးစွာ ဆွဲတင်သည်။

“မဆိုးဘူး။ တာ့ချန်းက ငါ့ကို စိတ်မပျက်စေဘူး။ တခြားသူတွေရော အခု ဘာလုပ်နေလဲဆိုတာ သိချင်တယ်”

သူ့စကားအဆုံးတွင် စနစ်က နောက်တစ်ကြိမ် အသံထွက်လာသည်။

“သင့်တပည့် ဟန်လင်း စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့်သို့ ရောက်သွားပါပြီ။ သင့်တပည့် ဖုန်းမူ ကောင်းကင်ဇာစ်မြစ် အဋ္ဌမအဆင့်သို့ ရောက်သွားပါပြီ။ ဆုလဒ်အဖြစ် ကျင့်ကြံခြင်းနှစ်ရှစ်ဆယ်ချီးမြှင့်ပါတယ်”

“အိုး

ချူဖုန်း၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။

“ဒီနေ့က ရိတ်သိမ်းမဲ့နေထင်တယ်။ အဲဒီကောင်လေးတွေ ကံကြမ္မာသားတော်တွေဆီကနေ အကျိုးအမြတ်တွေ အတော်လေး ရလောက်တယ်။ ဒီညတို့ ငါတို့ ငါးစားကြတာပေါ့”

သူ လက်ထဲတွင် ငါးကိုင်ရင်း ပင်မခြံဝင်းသို့ ပြန်သွားတော့သည်။

မိုင်းတစ်သောင်းအကွာ ကောင်းကင်အလောင်ဂိုဏ်းအတွင်း၌

ချောင်ရို့ချန် မျက်လုံးများ ပွင့်လာသည်။ သူ့ကိုယ်ပေါ်တွင် အင်မော်တယ်အလင်းများ တောက်ပနေသောကြောင့် မဟာပဏ္ဍိတကျန်းယန် အံ့ဩသွားတော့သည်။

“ချန်အာ မင်း အင်မော်တယ်ခန္ဓာကိုယ် နိုးထလာတာလား။ ငါတို့ချောင်မိသားစုက နောက်ထပ်နတ်ဘုရားဘုရင်တစ်ပါး မွေးထုတ်ပေးနိုင်တော့မယ်ထင်တယ်”

ချောင်ရို့ချန် ပြုံးလိုက်သည်။

“ဘိုးဘေး ယုံကြည်မှု ရှိစမ်းပါ။ အခု ကျွန်တော့်ပန်းတိုင်က အင်မော်တယ်ဧကရာဇ်ပဲ။ နတ်ဘုရားဘုရင်ဆိုတာ အသာလေး ရောက်တယ်”

“ကောင်စုတ်လေး နင် မာနကြီးလာတာပဲ”

သို့သော် မဟာပဏ္ဍိတကျန်းယန်သည် စိတ်ပျော်နေသဖြင့် မဆူပူတော့ချေ။

ချောင်ရို့ချန် ဆက်ပြောသည်။

“ဘိုဘေး ဒါကို ယုံကြည်မှု ရှိတယ်လို့ ခေါ်တယ်။ မာနကြီးတာမဟုတ်ဘူး။ ဆရာပြောသလိုပေါ့။ လူတစ်ယောက်မှာ အိပ်မက်တွေ မရှိဘူးဆိုရင် ငါးစနူတစ်ကောင်နဲ့ ဘာမှ မကွာခြားတော့ဘူးလေ”

သူတို့ ပြောနေစဉ် ဟန်ပင်းနှင့် ဖုန်းမူတို့လည်း နိုးထလာကြသည်။ သူတို့ ချောင်ရို့ချန်ထံမှ အပြောင်းအလဲကို မြင်သော် ဂုဏ်ပြုလိုက်ကြ၏။

“နီဗားနားရှင်သန်ခြင်းအဆင့်ကို တက်သွားတဲ့ဂုဏ်ပြုပါတယ် စီနီယာအစ်ကို”

ချောင်ရို့ချန် သူတို့ပခုံးကို ပုတ်ပေးလိုက်သည်။

“ကြိုးစားကြ တစ်နေ့ကျရင် မင်းတို့လည်း နီဗားနားရှင်သန်ခြင်းအဆင့်ကို ရောက်လိမ့်မယ်”

“ကျွန်တော်တို့ ပိုကြိုးစားပါ့မယ်”

သူတို့နှစ်ဦး လေးနက်စွာ ဖြေသည်။

ထို့နောက် ချောင်ရို့ချန် လင်းမိုကို ကြည့်လိုက်၏။

ဤအချိန်တွင် လင်းမိုသည် နာကျင်မှုကြောင့် မျက်နှာ ရှုံ့တွနေပြီး အေးစက်သော ယင်ချီဖြင့် ခန္ဓာကိုယ်ကို သန့်စင်ရန် ကြိုးစားနေကာ အဆင့်တက်ခါနီးအခြေအနေသို့ ရောက်နေသည်။

ဘုန်း

လင်းမို ခန္ဓာကိုယ်မှ စွမ်းအားများ မြင့်တက်လာကာ သူ့ကျင့်ကြံခြင်းအဆင့်ကို တွန်းတင်ပေးလိုက်တော့သည်။

သူမျက်လုံးများကို ဖွင့်ပြီး ရေရွတ်လိုက်၏။

“နောက်ဆုံးတော့ ငါ တာအိုတည်ဆောက်ခြင်းနဝမအဆင့်ရောက်ပြီ”

ချောင်ရို့ချန် သူ့ပခုံးကို ကျေနပ်စွာ ပုတ်လိုက်သည်။

“မဆိုးဘူး အခု ငါတို့ ပြန်ချိန်တန်ပြီ”

ထိုသို့နှယ် သူ မဟာပဏ္ဍိတကျန်းယန်ကို ပြော၏။

“ဘိုးဘေး ကျွန်တော်တို့ ဒီသူတော်စင်အဆင့် ယင်သွေးကြောကို ဘယ်လိုပြန်ယူသွားရမလဲဆိုတာ လမ်းညွှန်ပေးပါ”

“‌ကောင်းပြီ”

မဟာပဏ္ဍိကျန်းယန် ယင်သွေးကြောကို မည်သို့ ရွှေ့ပြောင်းရမည်ဆိုသည်အား ညွှန်ကြားလိုက်လေ၏။

ရက်အနည်းငယ် ကြားပြီးနောက်

ကမ္ဘာခြားနတ်ဆိုးသွေးကန်အတွင်း၌

မူလက ရဲရဲနီနေသော သွေးကန်သည် သွေးတစ်စက်မျှ မရှိတော့ဘဲ ခန်းခြောက်သွားကာ လူနှစ်ဦး၏ အရှိန်အဝါသည်လည်း ၎င်းနှင့်အတူ ပြောင်းလဲသွား၏။

သူတို့ မျက်လုံးများ တစ်ပြိုင်နက် ပွင့်လာပြီး လက်သီးဆုပ်ကာ ပြောသည်။

“စီနီယာအစ်ကို ဂုဏ်ပြုပါတယ်”

“ဂျူနီယာညီလေးကို ဂုဏ်ပြုပါတယ်”

သူတို့ အတူတူ ရယ်မောလိုက်ကြသည်။ ဤခရီးစဉ်က သူတို့အတွက် အကျိုးအမြတ်များစွာ သယ်ဆောင်လာပေးသည်။

သူတို့တပည့်များနှင့်အတူ လိုဏ်ဂူထဲမှ ထွက်ခွာသွားလိုက်ကြသည်။

“တင်း။ သင့်တပည့် ဝမ်ပေါင်လဲ့နှင့် ယဲ့‌ပေရွှမ်တို့ တာအိုပေါင်းစည်းခြင်းတတိယအဆင့်သို့ ရောက်သွားပါပြီ။ ယဲ့ပေရွှမ်သည် ဟုန်မန်အနှစ်သာရ ပြီးပြည့်စုံခြင်းအဆင့်ထိ နားလည်သွားပါပြီ။ ဆုလဒ်အဖြစ် ကျင့်ကြံခြင်းသက်တမ်းနှစ်(၁၆၀)နှင့် တာအိုအနှစ်သာရ ရှစ်ခုကို ချီးမြှင့်ပါတယ်”

ချူဖုန်း၏ မျက်လုံးများ တောက်ပသွားသည်။ ထိုကောင်လေးနှစ်ယောက် အဆင့်တက်သွားပြန်ပြီဟု တွေးမိ၏။

ရှောင်ချန်းတို့အဖွဲ့မှ သတင်းမကြားရသေးသော်လည်း သိပ်ကြာတော့မည်မထင်။

သူ တွေးနေတုန်း မိုးကုပ်စက်ဝိုင်းမှ စိတ်လှုပ်ရှားနေသော အသံတစ်သံ ထွက်လာသည်။

“ဆရာ ကျွန်တော် ပြန်ရောက်ပါပြီ”

ရင်းနှီးနေသော အသံကို ကြားလိုက်ရသောအခါ ချူဖုန်း မော့ကြည့်မိသည်။ ချောင်ရို့ချန် လူတစ်စုကို ဦးဆောင်ကာ အပြုံးလေးဖြင့် ပျံသန်းလာသည်ကို တွေ့ရ၏။

“မင်းတို့ပြန်လာတာ ကောင်းတယ်”

ချူဖုန်း ဆက်ပြောသည်။

“မင်းတို့ ဘယ်ကံကြမ္မာသားတော်ကို သတ်ခဲ့လို့ အကျိုးအမြတ်တွေ ဒီလောက်အများကြီးရလာတာလဲ။ အထူးသဖြင့် မင်းပဲ။ နီဗားနားရှင်သန်ခြင်းအဆင့်ကို ရောက်သွားတဲ့အပြင် အင်မော်တယ်ခန္ဓာကိုပါ နိုးထလာတယ်”

ချောင်ရို့ချန် ရယ်မောသည်။

“ကောင်းကင်အလောင်းဂိုဏ်းက တစ်ယောက်လေ။ ဆရာ ကျွန်တော် အဲ့ဂိုဏ်းအကြောင်း ပြောပြမယ်”

ချောင်ရို့ချန် ကြွားဝါနေမှုကို အတော်ကြာကြာ နားထောင်ပြီးနောက် ချူဖုန်း ပြုံးလိုက်၏။

“ကောင်းကင်အလောင်းဂိုဏ်းက ဒီလောက်ထိ နက်နက်ရှိုင်းရှိုင်းဖုံးကွယ်ထားမယ်လို့ မမျှော်လင့်မိဘူး”

“ဆရာ ကျွန်တော်တို့ သူတော်စင်အဆင့် ဝိညာဉ်သွေးကြောကို ဘယ်နားထားရမလဲ”

ချောင်ရို့ချန် မေးလိုက်သည်။

“မင်းဆုံးဖြတ်လို့ရတယ်။ မင်းအတွက် သိမ်းထားချင်လည်း ရတယ်လေ”

ချူဖုန်း သူတော်စင်အဆင့် ဝိညာဉ်သွေးကြောတစ်ခုကို ဂရုမစိုက်ပေ။

ချောင်ရို့ချန် ပြုံးဖြီးစွာ ပြောလိုက်သည်။

“ကျွန်တော် သောင်းပြောင်းပညာရပ်ဌာနအတွက် ပံ့ပိုးမှုတစ်ခုမှ မလုပ်ရသေးဘူးလေ။ ဒီသူတော်စင်အဆင့် ဝိညာဉ်သွေးကြောကို ကျွန်တော်တို့ ဌာနနဲ့ ချိတ်ပေးဖို့ ဂိုဏ်းက အစီအရင်သခင်ကို သွားပြောလိုက်မယ်။ တခြားဌာနတွေ သေချာပေါက် မနာလိုကြလိမ့်မယ်”

ချူဖုန်း သူ့ပခုံးကို ပုတ်ပေးလိုက်သည်။

“မင်းက အခုထိ ကြွားနေတုန်းလား။ ကောင်းပြီ။ မင်း အစီအစဉ်မဆိုးဘူး။ အဆင်ပြေသလိုလုပ်”

“ဟုတ်ကဲ့ပါ”

ချောင်ရို့ချန် စိတ်ဓာတ်များ တက်ကြွသွားပြီး အခြားတပည့်များ သတင်းကြားသည့်အခါ ဖြစ်ပေါ်လာမည့် မျက်နှာကို စိတ်ကူးယဉ်နေမိသည်။

ထင်ထားသည့်အတိုင်းပင်

သုံးရက်အတွင်း သောင်းပြောင်းပညာရပ်ဌာနတွင် သူတော်စင်အဆင့် ဝိညာဉ်သွေးကြော ပိုင်ထားကြောင်း သတင်းသည် ဝမ်တောက်တစ်ကျောင်းလုံးသို့ ပြန်သွား၏။

ကျောင်းအုပ်ကြီးပင် သတိထားမိသွားသည်။ ဝမ်တောက်ကျောင်းတော်တွင် သူတော်စင်အဆင့် သွေးကြောတစ်ခုသာ ရှိ၏။ ကိစ္စရပ်များစွာ စဉ်းစားပြီးနောက် သူ့မာနကို မျိုချကာ ဝမ်တောက်ကျောင်းတော်အား အနည်းငယ် မျှဝေပေးရန် ချူဖုန်းထံ သွားရောက်တောင်းဆိုဖို့ ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် သူ သောင်းပြောင်းပညာရပ်ဌာနသို့ ပျံသန်းသွား‌တော့၏။

ထိုအချိန်တွင် ချူဖုန်းသည် ခြံဝင်းထဲ၌ လက်ဖက်ရည်သောက်ရင်း မြေးတပည့်များနှင့် တပည့်များကို တာအိုသင်ကြားနေသည်။

သူ ကျောင်းအုပ်ကြီး ရောက်လာသည်ကို မြင်သောအခါ မတ်တပ်ရပ်ပြီး ဂါဝရပြုလိုက်၏။

“တပည့် ကျောင်းအုပ်ကြီးကို ဂါဝရပြုပါတယ်”

“သက်တောင့်သက်သာနေကြ”

ကျောင်းအုပ်ကြီးသည် စိတ်ဝိညာဉ်သွေးကြောကို မက်မောသော်လည်း တည်ငြိမ်သည့် အမူအရာသာ ဆင်မြန်ထား၏။

“မင်းတို့အားလုံးသွားတော့။ ရှောင်ဖုန်းနဲ့ ရို့ချန်ပဲ နေခဲ့”

“ဟုတ်ကဲ့”

တပည့်များသည် အကြောင်းအရင်းကို မသိသော်လည်း တိတ်တဆိတ်ပင် ထွက်ခွာသွားသည်။

ချူဖုန်း ချောင်ရို့ချန်ကို ကြည့်လိုက်သည်။ သူ ကျောင်းအုပ်ကြီးအတွက် လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်၏။

ကျောင်းအုပ်ကြီး ဖြည်းညှင်းစွာ ပြောလာသည်။

“ရှောင်ဖုန်း မင်းမြောက်ပိုင်းတောင်စွန်းကနေ အကျိုးအမြတ်တော်တော်လေး ရလာပုံပဲ”

ချူဖုန်း ပြုံးလိုက်သည်။

“အများကြီးတော့ မဟုတ်ပါဘူး။ ကောင်းကင်အလောင်းဂိုဏ်းနဲ့ဆိုင်တဲ့ ကံကြမ္မာသားတော်ကို ရှင်းခဲ့လို့ပါ”

“…”

ကျောင်းအုပ်ကြီးသည် ထိုသူ စကားပြောသည့်အခါ အလွန်ဆိုးရွားကြောင်း သတိပြုမိသွားသည်။

ကောင်းကင်အလောင်းဂိုဏ်း မည်မျှပင် အားနည်ပါစေ အထဲတွင် သူတော်စင်အဆင့် အလောင်းရှိသည်။ မြင့်မြတ်နယ်မြေတစ်ခု မဟုတ်သော်လည်း သာမန်သူတော်စင်အဆင့် အင်အားစုများထက် များစွာသန်မာပြီး မဟာပဏ္ဍိတတစ်ပါး ဖျက်ဆီးနိုင်သည့်အရာ မဟုတ်ချေ။

“တော်ပြီ။ ငါအပိုစာသားတွေ မပြောတော့ဘူး။ ဒီကိုလာတာ မင်းနဲ့‌ ဆွေးနွေးစရာ ရှိလို့”

All Chapters