← Chapters

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း ၄၂၇

Vol. 43 Ch. 427

အခန်း (၄၂၇)

“အိမ်ထောင်ဖက် ရွေးချယ်တဲ့ သိုင်းပြိုင်ပွဲ”

ခြံဝင်းအတွင်း၌ ချူဖုန်း ထိုစကားများကို ကြားသောအခါ သူ့စိတ်ဓာတ်များ တက်ကြွသွား၏။

သူ ရွှပ်နောက်နောက် ပြုံးလိုက်သည်။

“မင်းမှာ လှည့်ကွက်တွေ ရှိနေတာပဲ။ မင်း လက်ထပ်တော့မယ်ဆိုတော့ ဆရာဖြစ်တဲ့ ငါလည်း လိုက်ရမှာပေါ့”

ချူဖုန်း လူတိုင်းကို ညီတူညီမျှ ဆက်ဆံပေသည်။

ရွှီချိုက်ချန် ဖြစ်ရပ်တုန်းကလည်း သူလိုက်ပါဖူးသဖြင့် ယဲ့ပေရွှမ်ပွဲတွင်လည်း သူပါရပေမည်။

လူတိုင်း တောင်ပေါ်တွင် နှစ်ဝက်ကြာ ကျင့်ကြံနေခဲ့ကြသဖြင့် အပြင်ထွက်ရမည်မှာ တပည့်များအတွက်တော့ ဝမ်းသာစရာပင်။

ထိုစကားကို ကြားသောအခါ ယဲ့ပေရွှမ် ပြုံးလိုက်၏။

“ကျေးဇူးတင်ပါတယ် ဆရာ”

ချူဖုန်း အခြားသူများကို ကြည့်လိုက်၏။

“လိုက်ချင်တဲ့သူတွေ ငါနဲ့လိုက်ခဲ့လို့ရတယ်”

အကြည့်ချင်းဖလှယ်ကြပြီးနောက် ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ ပထမဆုံး ရှေ့တက်လာသည်။

“ကျွန်တော်တို့ လိုက်မယ်”

ချင်းချင်းနှင့် ရွှီချိုက်ချန်လည်း ရှေ့တက်လာသည်။

“ဆရာ ကျွန်တော်တို့ကတော့ တောင်ပေါ်မှာ ဆက်လေ့ကျင့်ဖို့ တွေးထားပါတယ်”

“ကောင်းပြီလေ”

ချူဖုန်း ခေါင်းအသာ ညိတ်လိုက်သည်။ မကြာမီ တပည့်များ ရွေးချယ်မှုများ ပြုလုပ်လိုက်ကြ၏။

နောက်ဆုံးတွင် ပင်းယန်သည် သောင်းပြောင်းပညာရပ်ကို ကြီးကြပ်ရန် ချင်းချင်းတို့နှင့်အတူ နေခဲ့ပေမည်။ ဝမ်တောက်ကျောင်းတော်၏ မဟာပဏ္ဍိတတစ်ပါးအနေဖြင့် သူမ တပည့်များကို မသင်ကြားသည်မှာ ကြာပြီဖြစ်၍ သူတို့ကို လျစ်လျူမရှုနိုင်တော့ချေ။

နောက်ဆုံးတွင် သုံးရက်အကြာ၌ ချူဖုန်းတို့ ထွက်ခွာကြပေမည်။

သုံးရက်ကြာပြီးနောက် ချူဖုန်း၊ ယဲ့ပေရွှမ်၊ ရှောင်ချန်း၊ ချောင်ရို့ချန်၊ ဝမ်ပေါင်လဲ့၊ ကောင်မလေးနှစ်ယောက်နှင့်အတူ အတွင်းစည်းတပည့်နှစ်ဦးသည် နောက်သုံးလအကြာတွင် ကျင်းပမည့် အိမ်ထောင်ဖက်ရွေးချယ်ပွဲကျင်းပသော ဆန်းကြယ်ကောင်းကင်ဒေသ၏ အနောက်တောင်ဘက် မီးဖီးနစ်တောင်ကြားသို့ ထွက်ခွာလာကြ၏။

မီးဖီးနစ်တောင်ကြားသည် လွန်ခဲ့သည့် နှစ်သန်းတစ်ထောင်ခန့်က လူသားတစ်ဦးနှင့် မီးဖီးနစ်တစ်ကောင် အိမ်ထောင်ပြုခဲ့ပြီး ထိုနေရာတွင် သားစဉ်မြေးဆက်များကို ချန်ခဲ့သည်ကို အစွဲပြု၍ ပေးထားခြင်းဖြစ်သည်။

မီးဖီးနစ်တောင်ကြား၏ တိုက်ရိုက်မျိုးဆက်များသည် မျိုးရိုးအမည်ဖုန်းကို ခံယူပြီး သူတို့ မီးဖီးနစ်သွေးမျိုးဆက်ကြောင့် မျိုးဆက်တိုင်းတွင် မဟာပဏ္ဍိတတစ်ပါး ထွက်ပေါ်လေ့ရှိသည်။

တစ်ခါတစ်ရံ သူတော်စင်တစ်ပါး ပေါ်ထွန်းတတ်သော်လည်း ထိုသူတော်စင်များသည် ဆန်းကြယ်စွာ ပျောက်ကွယ်သွားတတ်သည်။

မီးဖီးနစ်တောင်ကြား၏ သူတော်စင်များ မည်သည့်နေရာသို့ ထွက်ခွာသွားသည်ကို သိသူ မရှိချေ။

ကောလဟာလအချို့အရ မီးဖီးနစ်တောင်ကြား၏ သူတော်စင်များသည် သူတို့ဘိုးဘေးဇာစ်မြစ်သို့ ပြန်ရန် အခြားသော တိုက်ကြီးများသို့ ခရီးနယ်ဆန့်နေကြသည်ဟု ဆိုသည်။

အချို့က လူသားနှင့် ဖီးနစ်ငှက်တို့ ပေါင်းဖက်မှုသည် သူတော်စင်အဆင့်သို့ ရောက်သော မျိုးဆက်များ ထွက်ပေါ်လာသည့်အခါ ကောင်းကင်၏ ပြစ်ဒဏ်ကို ဖိတ်ခေါ်မိပြီး တောင်ကြား၌သာ သေဆုံးကြသည်ဟု ဆိုသည်။

ကောလဟာလများ မည်သို့ပင်ရှိစေ မီးဖီးနစ်တောင်ကြားသည် ဆန်းကြယ်ကောင်းကင်ဒေသရှိ မြင့်မြတ်နယ်မြေများပြီးနောက် ထိပ်သီးအဖွဲ့အစည်းပင်။

ရှည်လျားသောသမိုင်းကြောင်းနှင့် အမွေအနှစ်များသည် မြင့်မြတ်နယ်မြေဆယ်ခုအောက် မလျော့နည်းချေ။

မီးဖီးနစ်တောင်ကြားသည် ပုံမှန်မဟုတ် စည်းကားနေလေသည်။ ဆန်းကြယ်ကောင်းကင်ဒေသတစ်ခွင်ရှိ မျိုးနွယ်စုများမှ ပါရမီရှင်များသည် လက်ထပ်ပွဲအတွက် ပြိုင်ပွဲဝင်ရန် လာရောက်စုဝေးနေကြ၏။ အနိုင်ရရှိသူက တောင်ကြားသခင်၏ မြေးမလေး ဖုန်းချုံးယွီနှင့် လက်ဆက်ရပေမည်။

တာအိုပေါင်းစည်းခြင်းအဆင့် ကျားနတ်ဆိုးတစ်ကောင်ဆွဲသော မြင်းလှည်းကြီးသည် တောင်ကြားထဲသို့ ဝင်ရောက်လာသည်။

မြင်းလှည်းကို မောင်းနှင်လာသူသည် အကြီးအကဲတစ်ဦး၊ လူငယ်တစ်ဦးနှင့် အလှလေးနှစ်ဦးဖြစ်ကာ သူတို့ထွက်ပေါ်လာမှုက မရေမတွက်နိုင်သော အကြည့်များကို ဆွဲဆောင်သွားတော့သည်။

“ဆရာ ကျွန်မတို့ မီးဖီးနစ်တောင်ကြားကို ရောက်ပါပြီ”

အသက်အနည်းငယ်ပိုကြီးသော အလှလေးက ခေါင်းလှည့်ကာ မြင်းလှည်းအတွင်းက လူများကို ချိုသာစွာ ပြောလိုက်သည်။

“နားလည်ပြီ။ အရင်ဆုံး နေဖို့ တည်းခိုခန်းတစ်ခု ရှာရအောင်”

မြင်းလှည်းအတွင်းမှ တည်ငြိမ်သော အသံတစ်သံ ထွက်လာသည်။

“ဟုတ်ကဲ့”

အမျိုးသမီးက ပြန်ဖြေသည်။ ထို့နောက် ကျားနတ်ဆိုးကို ပြောလိုက်သည်။

“ကြောင်ကြီး တည်ခိုးခန်းတစ်ခုကို မောင်း”

“ဟုတ်ကဲ့”

ကျားနတ်ဆိုးသည် တာအိုပေါင်းစည်းခြင်းအဆင့်နတ်ဆိုးစစ်သူကြီးတစ်ဦ၏ အရိပ်အယောင် မရှိ လိမ္မာကျိုးနွံသော ကြောင်ကြီးအလား။

မြင်းလှည်းအတွင်း၌

ချူဖုန်း သူ့တပည့်များနှင့်အတူ လက်ဖက်ရည်စားပွဲနား ဝိုင်းထိုင်နေသည်။ လက်ဖက်ရည်တစ်ငုံသောက်ပြီးနောက် သူမေးလိုက်၏။

“ပေရွှမ် နောက်လုပ်ရမဲ့ကိစ္စတွေက မင်းကိုယ်တိုင်လုပ်ရမှာ။ ဆရာ မင်းဘယ်လောက်ထိ တိုးတက်လာလဲ ကြည့်မယ်”

ယဲ့ပေရွှမ် လေးစားစွာ ပြောသည်။

“ဆရာ စိတ်ချ။ ပေ့ရွှမ် ဆရာ့ကို လုံးဝ အရှက်မခွဲပါဘူး”

ချူဖုန်း ခေါင်းအသာညိတ်ပြီး ဘာမှ ထပ်မပြောတော့ချေ။

ယဲ့ပေရွှမ်ဘေးတွင် ထိုင်နေသော ဖုန်းချုံးယွီ ရုတ်တရက် စကားထပြောသည်။

“ဆရာ မီးဖီးနစ်တောင်ကြားမှာ ပတ်ဝန်းကျင်ကောင်းကောင်းက ခြံဝင်းလေးတစ်ခု ရှိပါတယ်။ ဆရာ စိတ်မရှိရင် ကျွန်မတို့ ရက်နည်းနည်းလောက် တည်းခိုလို့ရပါတယ်”

“ကောင်းပြီ”

ချူဖုန်း မဆိုင်းမတွ လက်ခံလိုက်သည်။

မျက်နှာဖုံးဝတ်ဆင်ထားသော ဖုန်းချုံးယွီ မြင်းလှည်းထဲမှ ထွက်လာသည်။ ဖုန်းမိသားစု တိုက်ရိုက်မျိုးဆက်တစ်ဦးအနေဖြင့် သူမသည် အတော်လေး သိသာထင်ရှား၏။ မိသားစုက သူမ ပြန်အလာကို မသိသေးသည့်အတွက် မလိုလားအပ်သော ပြဿနာများကို ရှောင်ရှားရန် သူမ တည်နေရာကို ဖုန်းမိသားစုထံ ဖုန်းကွယ်ရန် ဆုံးဖြတ်လိုက်သည်။

ကံမကောင်းစွာ ဖုန်းချုံးယွီ တောင်ကြားထဲသို့ ဝင်ရောက်လာသည့်အခိုက် ဖုန်းမိသားစု၏ ဝူထုန်သစ်ပင်သည် အာရုံခံမိသွားပြီး မိသားစုထံ အကြောင်းကြားလိုက်၏။

ဖုန်းချုံးယွီ ရောက်လာကြောင်း သိပြီးနောက် မိသားစု သူမကို သွားခေါ်ရန် လူများ ချက်ချင်း‌ စေလွှတ်သည်။

မီးဖီးနစ်တောင်ကြား၊ ဝူထုံလမ်း

ဖုန်းချုံးယွီ သူတို့ရှေ့က ကျက်သရေရှိသော ခြံဝင်းလေးကို လက်ညိုးထိုးကာ ပြောသည်။

“တကယ့်ကို ထူးခြားတဲ့ ခြံဝင်းလေးပဲ။ ဒီမှာပဲ တည်းကြတာပေါ့”

“ဆရာ ဝင်လာခဲ့ပါ”

ဖုန်းချုံးယွီ ခြံတံခါးကို ဖွင့်ဝင်သည်။ ရင်းနှီးနေသော မြင်ကွင်းများကို ကြည့်ရင်း သူမ အခန်းထဲဝင်ကာ အိပ်ချင်စိတ်များ ပေါ်လာတော့သည်။

လူတိုင်း ခြံဝင်းထဲအဝင် ဝင်ပေါက်တွင် လူရိပ်တချို့ ပေါ်လာသည်။

သူတို့ကို ဦးဆောင်ထားသော နဖူးပေါ်တွင် မီးတောက်အမှတ်အသားတစ်ခုဖြင့် လူငယ်က မျက်မှောင်ကြုတ်ပြီး ရေရွတ်သည်။

“ရှောင်ယွီ နင်တဖြည်းဖြည်း ပိုဆိုးလာတာပဲ။ နင့်အတွက် အိမ်ထောင်ချပေးဖို့ သိုင်းပြိုင်ပွဲ ကျင်းပနေတာကို အခု တခြားသူတွေကို ကိုယ့်ခြံဝင်းထဲ ခေါ်လာတယ်ပေါ့။ ဒီသတင်းသာ အပြင်ပေါက်ကြားသွားရင် နာမည်ပျက်လိမ့်မယ်”

သူ့ဘေးရှိ ဆွဲဆောင်မှုရှိသော အရှိန်အဝါများ ဖြာထွက်နေသည့် ရဲရဲတောက် နီသည့် မီးလျှံဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးက ရယ်မောကာ ပြောသည်။

“တတိယအစ်ကို စိတ်မဆိုးပါနဲ့။ သူတို့က ချုံးယွီဆရာတူ မောင်နှမတွေဖြစ်ပါလိမ့်မယ်။ အထူးဆက်ဆံရေးမရှိလောက်ပါဘူး”

“ဟမ့်”

တတိယအစ်ကို အေးစက်စွာ နှာမှုတ်သည်။

“ဘာကို ဆရာတူမောင်နှမတွေလဲ။ ရှောင်းယွီက ငါတို့ ဖုန်းမိသားစုက။ ဝမ်တောက်ကျောင်းတော်က တပည့်မဟုတ်ဘူး”

ဖုန်းမိသားစုမှ တပည့်များသည် မွေးဖွားကတည်းက သူတို့သည် မြင့်မြတ်သားရဲများ၏ မျိုးဆက်ဖြစ်သည်ဟူသော ယုံကြည်ချက် သွတ်သွင်းခံထားရသည့်အတွက် သူတို့သွေးမျိုးဆက်နှင့် အဆင့်အတန်းသည် သာမန်ကျင့်ကြံသူများထက် မြတ်သည်ဟု ခံယူထား၏။

မြင့်မြတ်နယ်မြေမှ ပါ‌ရမီရှင်များပင် သူတို့သွေးမျိုးဆက်နှင့် ယှဉ်လျှင် မှေးမှိန်သွားရ၏။

ထို့ကြောင့် တတိယအစ်ကိုဖုန်းသည် ဝမ်တောက်ကျောင်းတော်မှ တပည့်များကို မြင့်မားစွာ မတွေးထားချေ။

“ဒါဆို တတိယအစ်ကို ကျွန်မတို့ တိုက်ရိုက်ဝင်သွားမလား။ ဒါမှမဟုတ်”

ဆွဲဆောင်မှုရှိသော အမျိုးသမီး တွန့်ဆုတ်စွာ မေးသည်။

တတိယအစ်ကိုဖုန်း လက်ချိတ်စည်းတစ်ခု ဖွဲ့စည်းလိုက်သောကြောင့် လက်ဖဝါးအရွယ် မီးဖီးနစ်တစ်ကောင်ပေါ်လာပြီး ခြံဝင်းထဲသို့ ပျံသန်းဝင်သွားတော့၏။

ဖုန်းချုံးယွီသည် ယခုအခါ အုပ်စုကို နေရာထိုင်ခင်းများ ပြင်ဆင်ပေးနေသည်။

ကောင်းကင်မှ ဆင်းသက်လာသော မီးဖီးနစ်ကို မြင်သောအခါ သူမ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

သူမ ချူဖုန်းကို လှည့်ကာ ပြောသည်။

“ဆရာ ကျွန်မ မိသားစု ရောက်လာပြီ။ ဥယျာဉ်ထဲက စောင့်ပါဦး”

“ကောင်းပြီလေ”

ချူဖုန်း ပြောပြီး ယဲ့ပေရွှမ်ကို ကြည့်လိုက်၏။

ယဲ့ပေရွှမ် အရူးမဟုတ်ချေ။ ဖုန်းချုံးယွီ မပြောတောင် သူ သူမနောက်သို့ လိုက်သွားသည်။

ဖုန်းချုံးယွီ တံခါးဝသို့ရောက်ပြီး ဖွင့်လိုက်သောအခါ ဒေါသထွက်နေသည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။

All Chapters