← Chapters

သက်ရှိသက်မဲ့ အရာခပ်သိမ်းကို တုန်ခါသွားစေသော

Vol. 13 Ch. 1208

သက်ရှိသက်မဲ့ အရာခပ်သိမ်းကို တုန်ခါသွားစေသော

Vol. 13 Ch. 1208

အမှန်ပင် ၄င်းက နောက်ထပ်မုသားစကားပင်။ ပိုင်ရှောင်ချန်းတွင် လောကနတ်ဘုရားအလင်းတန်းသုံးတန်း ကျန်သေးသည်။

သို့သော် မိစ္ဆာဧကရာဇ်မှာ ထိုအကြောင်းမသိ။ သူက တိုက်ပွဲအစကတည်းက ပြုသမျှနုနေခဲ့ရပြီး ပိုင်ရှောင်ချန်းက ရှေ့နောက်မညီ ဆက်ပြောနေလေသည်။ သူက ထိမ်ချန်ထားမည့်အစား အချက်ရေ မည်မျှကျန်ရှိသည်ကို အရင်ဆုံးပြောလေသည်။ အကြိမ်တိုင်း သူက တစ်ခုတည်းသာရှိကြောင်း ပြောသည်ကား ခြွင်းချက်....

ထိုအကြောင်းကြောင့် မိစ္ဆာဧကရာဇ်မှာ အမှန်ကို မည်သည့်နည်းနှင့်မှ မခန့်မှန်းနိုင်တော့ဘဲ ပိုင်ရှောင်ချန်း ပြောစကားကို ယုံရမည်လား၊ မယုံရမည်လား မပြောနိုင်တော့ပေ။

သူသည် ပိုင်ရှောင်ချန်းကို ယုံသည်ထက် အသေသာခံလိုက်မည် ဖြစ်သည့်တိုင် သူ့ကို မယုံပါက သူ့တွင် အချက်များစွာ ကျန်သေးကြောင်း ယုံသည်ဟု ဆိုလိုပေမည်။

ထို့ပြင် သူ့ကို ယုံပြန်လျှင်လည်း ယခင်အတိုင်း ခါးသီးသော အကျိုးဆက်များ ပေါ်ပေါက်လာပေမည်။

ဤကဲ့သို့ မချင့်မရဲအခြေအနေများ ဖန်တီးခြင်းက ပိုင်ရှောင်ချန်း၏ အထူးစွမ်းရည်အစစ်အမှန် ဖြစ်ပြီး မိစ္ဆာဧကရာဇ်က ထိုသည်ကို သဘောပေါက်လေသည်။ ၄င်းက ရိုးရှင်းသော အမှန်တရားတစ်ခုဖြစ်ပြီး ကံဆိုးစွာပင် ရင်ဆိုင်ရန် မဖြစ်နိုင်ပေ။

သူတော်စင်ဧကရာဇ်ပင် ပိုင်ရှောင်ချန်း၌ လောကနတ်ဘုရားအလင်းအချက်ရေ မည်မျှကျန်ရှိသေးကြောင်း မသိပေ။ သို့သော် မိစ္ဆာဧကရာဇ်နည်းတူ ကန့်သတ်ချက်တစ်ခု ရှိရမည်ဖြစ်ကြောင်း သူသေချာနေသည်။

သို့သော် ဧကရာဇ်တစ်ပါးမှ အမှန်တရားကို ရှာဖွေရန် အရာအားလုံးကို လောင်းကြေးထပ်ရဲမည် မဟုတ်ပေ။ တိုက်ခိုက်ခြင်းဖြစ်စေ၊ စူးစမ်းစစ်ဆေးခြင်းဖြစ်စေ တစ်ခုကမှ အနည်းအကျဥ်းပင် အသုံးမဝင်သောကြောင့် ထာဝရအင်မော်တယ်နယ်မြေများတွင် နောက်ထပ် လောကနတ်ဘုရားတစ်ပါးမရှိသော်လည်း လောကနတ်ဘုရားများကို တိုက်ခိုက်နိုင်သည့် တစ်စုံတယောက် အမှန်စင်စစ်ရှိကြောင်း သူတို့နှစ်ယောက်လုံး ဝန်ခံရပေမည်။

ထိုပုဂ္ဂိုလ်ကား တန်းတူရည်တူမဟုတ်သော်လည်း အတိုက်အခိုက်စွမ်းရည်အရ ထိုတစ်ယောက်ကဲ့သို့ ဆက်ဆံရန် လိုအပ်ပေသည်။

သူ တစတစ ပျောက်ကွယ်နေစဥ် မိစ္ဆာဧကရာဇ်မှာ အားကိုးရာမဲ့စွာ သက်ပြင်းချပြီး ပိုင်ရှောင်ချန်းကို တစ်ချက်စူးစူးစိုက်စိုက် ကြည့်လိုက်သည်။ အင်မော်တယ်နယ်မြေတစ်ခု ဆုံးရှုံးခဲ့ပြီဖြစ်ကြောင်း နားလည်သဘောပေါက်ကာ ကောင်းကင်ဧကရာဇ်ဝိရူပက္ခကို ကောက်ပြီး ပျောက်ကွယ်သွား၏။

ကျောက်ကြီးမြို့သည် ယခုတွင် ပြိုကျပျက်စီးနေလေပြီ။ သန်းပေါင်းများစွာသော လူဦးရေများအနက် ထက်ဝက်ကျော် အသတ်ခံခဲ့ရ၏။ လွတ်မြောက်ခဲ့သူများမှာ အသက်ရှင်လျက် ထွက်လာနိုင်သည်ကို ကျေးဇူးတင်နေကြသော်လည်း မဖော်ပြနိုင်သော ခါးသီးနာကြည်းမှုများ၊ အမျက်ဒေါသများဖြင့်လည်း ပြည့်နှက်နေကြလေသည်။

သူတို့ ခါးသီးနားကြည်းနေရသည်မှာ မိစ္ဆာဧကရာဇ်၏ စွန့်ပစ်ခံခဲ့ရပုံကြောင့်ဖြစ်ပြီး သူတို့ဒေါသထွက်ရသည်မှာ သူတို့၏ဧကရာဇ်က သူတို့သေသေ၊ ရှင်ရှင် လုံးလုံးဂရုမစိုက်သည့်အတွက်ကြောင့် ဖြစ်ပေသည်။ အကယ်၍ ပိုင်ရှောင်ချန်းသာ ရှေးမဆွက နေဝန်းနီကို အနိုင်မယူနိုင်ခဲ့လျှင် လူတိုင်း အသတ်ခံခဲ့ရမည် ဖြစ်သည်။

မည်သူ ပထမဆုံးစလိုက်ကြောင်း ပြောရခက်သော်လည်း တစ်ယောက်ပြီးတစ်ယောက် သူတို့အပေါ်ရှိ လေထုထဲတွင် ရပ်တန့်နေသော ပိုင်ရှောင်ချန်းထံသို့ ဒူးထောက် ဦးညွှတ်လာကြသည်။

" ဂါဝရပြုပါတယ် ကောင်းကင်တံတားဧကကရာဇ် "

"ဂါဝရပြုပါတယ် ကောင်းကင်တံတားဧကရာဇ် "

ထာဝရအင်မော်တယ်နယ်မြေများတွင် လောကနတ်ဘုရားများသည် ဧကရာဇ်များအဖြစ် သတ်မှတ်ခံရပြီး ထိုကဲ့သို့ ခေါ်ခြင်းခံမည် ဖြစ်သည်။

ပိုင်ရှောင်ချန်းက တကယ်တမ်း လောကနတ်ဘုရားအဆင့်တွင် မဟုတ်သော်လည်း သူက မိစ္ဆာဧကရာဇ် လုံးဝမလှုပ်နိုင်သည်အထိ တိုက်ခိုက်ခဲ့သောကြောင့် လက်တွေ့အားဖြင့် သူက လောကနတ်ဘုရားတစ်ပါးဖြစ်လေသည်။

ထို့အတွက် သူ၏ ဘွဲ့နာမည်မှာ ကောင်းကင်တံတားဘုရင်မှ ကောင်းကင်တံတားဧကရာဇ်အဖြစ် ပြောင်းလဲသွားလေပြီ။

လူအုပ်ကြားထဲတွင် ပုန်းကွယ်နေဆဲဖြစ်သော ကောင်းကင်တံတားကျင့်ကြံသူများရှိသေးပြီး မိစ္ဆာဧကရာဇ်၏ နေဝန်းနီတိုက်ကွက်မှ လွတ်မြောက်ခဲ့သူများမှာ ဖော်ပြ၍ပင်မရနိုင်သော စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေတော့သည်။ ဤအခိုက်အတန့်တွင် သူတို့သည် နောက်ဆုံး သူတို့မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်ရဲကြလေပြီ။ သူတို့က လူရှေ့ ထွက်လာကြကာ သူတို့ပတ်လည်ရှိ အခြားကျင့်ကြံသူများနှင့် ကွာခြားစွာ အရိုအသေပေး ဂါဝရပြုလိုက်ကြသည်။ သူတို့၏ နှလုံးသားအောက်ခြေမှ သူတို့ ပိုင်ရှောင်ချန်းကို လုံးဝ အသိအမှတ်ပြုကြလေသည်။

ထာဝရမြေများ၌ အင်မော်တယ်နယ်မြေငါးခုရှိပြီး ယခု ၄င်းတို့ထဲက တစ်ခုကား ပိုင်ရှောင်ချန်း အပိုင်ဖြစ်သွားလေပြီ။

၄င်းမှာ အလွန်အရေးပါသောအကြောင်းအရာဖြစ်၍ ချက်ချင်းပင် အယ်မော်တယ်နယ်မြေတစ်ခုလုံး ပြောစရာခေါင်းစီး ဖြစ်လာတော့သည်။ မိစ္ဆာဧကရာဇ်နိုင်ငံနှင့် သူတော်စင်ဧကရာဇ်နှစ်နိုင်ငံလုံးရှိ လူတိုင်း အချိန်တိုအတွင်း လုံးဝတိကျသေချာကြောင်း သက်သေပြသွားသည့် မဖြစ်နိုင်ပုံရသော သတင်းကြောင့် အံ့သြတုန်လှုန်သွားကြ၏။

" ကောင်းကင်တံတားဘုရင် ပိုင်ရှောင်ချန်းက မိစ္ဆာဧကရာဇ်ကို တိုက်ခိုက်ခဲ့ပြီးတော့ သရေကျသွားတယ်လား "

" သောက်ကျိုးနည်း၊ ဒါဖြစ်ကော ဖြစ်နိုင်လို့လား။ ကောင်းကင်တံတားဘုရင် ... နေဦး သူ့ကို ကောင်းကင်တံတားဧကရာဇ်လို့ ခေါ်သင့်တယ် ဟုတ်တယ်မလား ... သူက အခု လောကနတ်ဘုရားပဲ "

" နှစ်ပေါင်းများစွာကြာပြီးတဲ့နောက် ပထမဆုံးအကြိမ် ထာဝရအင်မော်တယ်နယ်မြေတွေမှာ လောကနတ်ဘုရားသုံးပါးရှိလာပြီကွ "

" ဒီတော့ ပိုင်ရှောင်ချန်းကိုး။ ကျမ မှတ်မိတာမှန်ရင် သူ ကောင်းကင်ဧကရာဇ်ဖြစ်ခဲ့တာ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကပဲ။ အခုတော့ ပြိုင်ဘက်ကင်း လောကနတ်ဘုရားတစ်ပါး ဖြစ်လာပြီ "

" ကံစီမံရာပဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့နှစ်တွေက သူတော်စင်ဧကရာဇ်က သူတော်စင်ဧကရာဇ်နိုင်ငံကို ထူထောင်ပြီး လောကနတ်ဘုရားတစ်ပါး ဖြစ်လာခဲ့တယ်။ မိစ္ဆာဧကရာဇ်လဲ အတူတူပဲ။ အခု ဗဟိုဘိုးဘေးကြီးလဲ တူညီတဲ့အရာကို လုပ်လိုက်ပြန်ပြီ။ ကြာတော့ကြာလိုက်ပေမယ့် သူ နောက်ဆုံး လောကနတ်ဘုရားတစ်ပါး ဖြစ်သွားပြီ "

ဆွေးနွေးငြင်းခုံသံမျိုးစုံ နယ်မြေများကို ဖြတ်၍ ပျံ့နှံ့သွားသည်။ အထူးသဖြင့် တုန်လှုပ်သွားကြသည်မှာ ကောင်းကင်ဧကရာဇ်များနှင့် ပိုင်ရှောင်ချန်းကို ပုဂ္ဂိုလ်ရေးအရ သိကျွမ်းလာခဲ့ကြသော အခြားဒေသခံကျင့်ကြံသူများပင်။

ဂူထျန်ကျွင်းမှာ ပင့်သက်ရှိုက်သွားပြီး ယခင်က ပိုင်ရှောင်ချန်းအပေါ် တေးထားခဲ့သော မကောင်းစိတ်များအားလုံး ချက်ချင်း ကြောက်စိတ်အဖြစ် ပြောင်းလဲသွားတော့သည်။

ကောင်းကင်ဧကရာဇ် သက်တော်ရှည်ဝိညာဥ်၊ ချိန်စုနှင့် စီမာယွမ်ဟွာတို့အားလုံး မှင်သက်သွား၏။ အသက်ပြန်သွင်းခံရသော ကျဲ့တိနှင့် ဝိရူပက္ခကဲ့သို့ မိစ္ဆာဧကရာဇ်နိုင်ငံမှ ကောင်းကင်ဧကရာဇ်များမှာမူ ယခင်ကထက်ပို၍ ပိုင်ရှောင်ချန်းကို ထိတ်လန့် ကြောက်ရွံ့လာတော့သည်။

ထိုအချိန်တွင် ထာဝရအင်မော်တယ်နယ်မြေများ၌ ခါးသီးနားကြည်းရင်း နှစ်ပေါင်းများစွာ ကုန်ဆုံးခဲ့ရသော ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများမှာ နောက်ဆုံးတွင် ခေါင်းနောက်လှန်၍ ပျော်ရွှင်ကြည်နူးမှုအပြည့်ဖြင့် ကြွေးကြော်လိုက်ကြသည်။ နောက်ဆုံးတော့ သူတို့က ထာဝရအင်မော်တယ်နယ်မြေများအတွင်း၌ စစ်မှန်သောအုတ်မြစ်တစ်ခု ရလိုက်ပြီဖြစ်ကြောင်း သိလိုက်သည်။

ဤအရာအားလုံး ဖြစ်ပျက်သွားစဥ် လူတစ်ယောက် သူတော်စင်ဧကရာဇ်မြို့တော်၏ အပြင်ဘက်တွင် ပေါ်လာ၏။

သူသည် ဖြူဖွေးသော အသားအရည်၊ မျက်ဝန်းများထဲတွင် နက်နဲသော အလင်းတစ်ခုရှိကာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်သည်။ အင်ပါယာနန်းတော်၏ အပေါ်ထက် လေထဲတွင် ပေါ်လာပြီးနောက် သူက ကြာပန်း၏အရွက်တစ်ရွက်အပေါ် ဆင်းသက်ပြီး မြို့တော်ကို လှမ်းကြည့်လိုက်သည်။

သူသည်ကား ပိုင်ရှောင်ချန်းကလွဲ၍ တခြားသူမဟုတ်ပေ။

တစ်မြို့လုံးတွင်မှ လူတစ်ယောက်နှင့် တိရစ္ဆာန်တစ်ကောင်သာ သူ ရောက်ရှိလာခဲ့သည်ကို သိလိုက်လေသည်။

လူကား သူတော်စင်ဧကရာဇ်။

တိရစ္ဆာန်ကား လိပ်ကလေးပင်။

လိပ်ကလေး သူ့ထံ မလာနိုင်ခင် ပိုင်ရှောင်ချန်းက သူသာ ကြားနိုင်သည့်အသံဖြင့် ပြောလိုက်ရာ နှာမှုတ်သံတစ်သံ ထွက်သွားတော့သည်။ ထို့နောက် လိပ်ကလေးက သူ့နေရာတွင်သာသူ နေလိုက်၏။

သူတော်စင်ဧကရာဇ်က ထိုသည်ကို မြင်သောအခါ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ သူက မျက်နှာပေါ်တွင် ခံစားချက်များ ရောထွေးနေလျက် ခေါင်းကို ခါရမ်းပြီး အင်ပါယာနန်းတော်မှ အလျင်အမြန်ထွက်၍ ပိုင်ရှောင်ချန်းဘေးတွင် ပေါ်လာသည်။

" မင်္ဂလာပါ သူတော်စင်ဧကရာဇ် "

ပိုင်ရှောင်ချန်းက မျက်နှာပေါ်တွင် အပြုံးတစ တွဲခိုလျက် လှည့်၍ ပြောသည်။

ပိုင်ရှောင်ချန်းကို အထက်အောက် ကြည့်ပြီးနောက် သူတော်စင်ဧကရာဇ်သည်လည်း တောက်ပစွာ ပြုံးပြီးပြောသည်။

" မင်္ဂလာပါ ကောင်းကင်တံတားဧကရာဇ်ရေ"

ထို့နောက် သူတို့နှစ်ယောက် စကားလက်ဆုံကျကြတော့သည်။

" တာအိုရောင်ရင်းပိုင် မင်းကို ငါမျက်စိကျတဲ့ အခိုက်အတန့်ထဲက မင်းက သာမန်ထက်ထူးကဲတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဆိုတာ ငါ တန်းသိလိုက်တယ်။ ဟားဟားဟား။ ငါ မှန်သွားတာကိုး။ မင်းက .... ထာဝရ အင်မော်တယ်နယ်မြေမှာ တတိယမြောက် လောကနတ်ဘုရားပဲ"

" ခင်ဗျား ပုံကြီးချဲ့နေတာပဲ သူတော်စင်ဧကရာဇ်ရာ " ပိုင်ရှောင်ချန်းက အလွန်နှိမ့်ချထားသည့်လေသံဖြင့် ပြောသည်။

" ကျုပ်က လောကနတ်ဘုရားတစ်ပါး မဟုတ်ပါဘူး" စိတ်ထဲတွင် သူသည် ထာဝရအင်မော်တယ်နယ်မြေများသို့ ပထမဆုံးစရောက်စဥ်တုန်းက မည်သို့ဖြစ်ပျက်ခဲ့သည်ကို ပြန်တွေးလိုက်သည်။

သူတော်စင်ဧကရာဇ်က ရယ်လိုက်သည်။

" ငါ့အတွက်တော့ မင်းက လောကနတ်ဘုရားတစ်ပါးပဲ "

ထို့နောက် သူတို့နှစ်ယောက် ယခင်ကအချိန်များအကြောင်း ပြန်လည်ပြောဆိုကြတော့သည်။ ပိုင်ရှောင်ချန်း လာရောက်ရခြင်းအတွက် ရည်ရွယ်ချက်ကိုလည်း ဖော်ပြစရာ မလိုပေ။ နောက်ဆုံး၌ သူတို့နှစ်ယောက်လုံး သူတို့၏အရှိန်အဝါများအား ထုတ်ဖော်လိုက်သည့်အချိန် သူတော်စင်ဧကရာဇ်၏ ကောင်းကင်ဧကရာဇ်များ ဖြစ်ပျက်နေသောအရာအား သတိထားမိသွားကြသည်။ သူတို့က တုန်လှုပ်သွားလျက် အင်ပါယာနန်းတော်ထံ ကပျာကယာဦးတည်လိုက်ကြရာ ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ် ကြာရွက်ပေါ်တွင်ဘစကားပြောနေကြသည်ကို မြင်လိုက်ရလေသည်။ ချိန်စုမှ ဂူထျန်ကျွင်း၊ ဂူထျန်ကျွင်းမှ စီမာယွမ်ဟွာအထိ လူတိုင်းလူတိုင်း တုန်လှုပ်သွားကြတော့သည်။

အထူးသဖြင့် ပိုင်ရှောင်ချန်း သူတော်စင်ဧကရာဇ်ထက် အနည်းငယ်မျှသာ အားနည်းပုံရသည်ကို ထည့်တွက်လျှင် ဖြစ်ပေသည်။ သူတို့မှာ လုံးဝ လက်ရည်တူညီသည့်အလားပင်။

ဂူထျန်ကျွင်းက ချက်ချင်းလက်ယှက်ပြီး လေးလေးနက်နက် ဦးညွှတ်လိုက်သည်။

" ဂါဝရပြုပါတယ် သူတော်စင်ဧကရာဇ်နဲ့ ကောင်းကင်တံတားဧကရာဇ်ခင်ဗျား "

စီမာယွမ်ဟွာနှင့် ချိန်စုမှာ တုန်လှုပ်သွားကြပြီး ထိုနည်းတူ ကပျာကယာ ဂါဝရပြုလိုက်ကြသည်။ စီမာယွမ်ဟွာမှာ အတော်လေး စိတ်လှုပ်ရှားနေ၏။ သူသည် ပိုင်ရှောင်ချန်းနှင့် ကောင်းမွန်သောဆက်ဆံရေးတစ်ခု တည်ဆောက်ခဲ့လေရာ ယခုတွင် သူ့၌ မှီခိုအားထားးရန် လောကနတ်ဘုရားနှစ်ပါးရှိပြီဟု ဆိုနိုင်သည်။

ဂူထျန်ကျွင်းနှင့် အခြားသူများ အခစားဝင်ရောက်လာပြီးနောက် ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်က အတန်ကြာသည်အထိ စကားပြောဆိုကြလေသည်။ နောက်ဆုံး၌ သူတော်စင်ဧကရာဇ်က ပြုံးပြီး ပြောသည်။

" မိတ်ဆွေကြီးပိုင် … ငါတို့က မြင်မြင်ချင်းမိတ်ဆွေတွေ ဖြစ်ခဲ့ကြတာမလား။ ရင်းနှီးဖို့ ကံပါပြီးသားပါ။ အဲဒီတော့ … ဘောက်မဲ့ကြောင့် ငါတို့နှစ်ယောက် သွေးသောက်ညီအစ်ကို မလုပ်ကြရမှာလဲ "

All Chapters