← Chapters

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း ၃၀၃

Vol. 31 Ch. 303

အခန်း (၃၀၃) - ဧည့်သည်သုံးဦး

ကျောင်းတော်တွင် စာမေးပွဲစစ်ဆေးရန် နေရာမရှားပေ။ သို့သော်လည်း ကျောင်းတော်၌ရှိနေစဉ်အတွင်း စာသင်ခန်းများနှင့် သိုင်းပြိုင်ကွင်းများကဲ့သို့သော သူနှင့်သက်ဆိုင်သည့် နေရာများမှလွဲ၍ ဝင်ခွင့်စာမေးပွဲအတွက် သီးသန့်သတ်မှတ်ထားသော နေရာများကဲ့သို့ သူနှင့်မပတ်သက်သော နယ်မြေများကိုမူ ယန်ချင်းက မရင်းနှီးခဲ့ချေ။

ထို့အတွက်ကြောင့် အရာအားလုံးကို ပြင်ဆင်ရန် လိုအပ်သော လူအင်အားနှင့် ပစ္စည်းကိရိယာများ ရယူခြင်းအပြင် ဒုတိယကျောင်းအုပ်ကြီး၏ အကူအညီကိုပါ သူ လိုအပ်လေသည်။

စာမေးပွဲစတင်ရန် ၁၂ နာရီခန့်သာ လိုတော့သဖြင့် သူသည် တတ်နိုင်သမျှ အကူအညီများများ လိုအပ်နေပြီး ထိုအတွက် အကောင်းဆုံးနည်းလမ်းမှာ ဒုတိယကျောင်းအုပ်ကြီး ဝူလင်းမှတစ်ဆင့် ဖြစ်ပေသည်။

သူ၏ထောက်ပံ့ပေးမှုဖြင့် ယန်ချင်းသည် သင့်တော်သော နေရာတစ်ခုကို ရှာဖွေနိုင်ခဲ့ပြီး သားရဲထိန်းကျောင်းရာဌာန၊ ဝင်္ကပါဌာန၊ အဂ္ဂိရတ်ဌာန စသည့် ကျောင်းတော်၏ အတွင်းနှင့် အပြင်ဘက်ရှိ ဌာနအသီးသီးမှ လူအင်အားကိုလည်း ရယူနိုင်ခဲ့၏။

ခုနစ်နာရီအတွင်း အရာအားလုံးကို စီစဉ်ပြီးစီးသွားကာ ယန်ချင်းအနေဖြင့် စာမေးပွဲမစတင်ချိန်အထိ ငါးနာရီကြာမျှ စိတ်အေးလက်အေး အနားယူနိုင်သွားပြီ ဖြစ်သည်။ ထိုအချိန်ကို သူ၏နေအိမ်၌ ကုန်ဆုံးရန် ယန်ချင်းက ဆုံးဖြတ်လိုက်လေ၏။

ကောင်းကင်ဘုံ ရက်ကန်းငှက်အဖွဲ့၏ အရင်းအမြစ်တွင်းအသိုက်မှ သက်တောင့်သက်သာရှိမှုကို သူ ခံစားမရသည်မှာ အတန်ကြာပြီဖြစ်ကာ ခန်းဟွေ့လန် လုပ်ဆောင်နေသော ပစ္စည်းများကိုလည်း သူ သွားယူရဦးမည် ဖြစ်ပေသည်။

'ယီကျဲတစ်ယောက်ရော ဘာတွေများ လုပ်နေမလဲမသိဘူး။'

ယန်ချင်းသည် အသိုက်ထဲတွင် ပျင်းကြောဆွဲရင်း သူ၏လက်ထဲရှိ ဖားပြုတ်ရုပ်တုကို ငေးမောကာ တွေးလိုက်၏။ ထိုရုပ်တုလေးမှာ အညိုရင့်ရောင်ရှိပြီး သူ၏ လက်ဖဝါးအရွယ်အစားခန့် ရှိလေသည်။

ရုပ်တုလေးမှာ တာအိုဂါရဝပြုနေသည့် ဖားပြုတ်တစ်ကောင်၏ ပုံစံဖြစ်ပေသည်။ ၎င်းမှာ ရိုးရှင်းပြီး သာမန်ရုပ်သွင်သာ ရှိ၏။ တာအိုဂါရဝပြုနေသည့် ပုံစံလေးကသာ ထိုရုပ်တုကို ထင်ပေါ်စေသည့် တစ်ခုတည်းသော အရာဖြစ်သော်လည်း ထိုမျှနှင့်လည်း သိပ်မထူးခြားလှပေ။ မည်သူမဆို လွယ်လင့်တကူ မှန်းဆနိုင်သည့် အရာသာ ဖြစ်ပေသည်။

သစ်သားဖားပြုတ်ရုပ်တုလေးကို စိုက်ကြည့်ရင်း ယန်ချင်းက အရူးတစ်ယောက်ကဲ့သို့ ပြုံးဖြီးလိုက်လေသည်။

...

ငါးနာရီဟူသောအချိန်သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့၏။ ယန်ချင်းသည် စာမေးပွဲကျင်းပမည့် နေရာသို့ တစ်နာရီကြိုတင်၍ ရောက်ရှိနေခဲ့ပြီး စာမေးပွဲအတွက် အရာအားလုံး အဆင်သင့်ဖြစ်နေစေရန် တစ်ခေါက်ပြန်လည် စစ်ဆေးလိုက်သည်။

အရာအားလုံး နေရာတကျဖြစ်နေပြီဟု အတည်ပြုပြီးသည်နှင့် ယန်ချင်းသည် အသက်မီးတောက်သစ်ပင်အောက် တောင်ထိပ်တွင် အသီးအနှံမျိုးစုံ၊ အသားဟင်းလျာများနှင့် ဝိုင်ဘူးတစ်ဘူး အပြည့်တင်ထားသော စားပွဲဝိုင်းငယ်တစ်ခုကို ပြင်ဆင်လိုက်လေသည်။

ယနေ့ ဝင်ခွင့်စာမေးပွဲအတွက် နေရာဖြစ်လာမည့် တောင်တန်းကြီးကို ငေးကြည့်ရင်း ယန်ချင်းက ကျေနပ်စွာ အသက်ပြင်းပြင်း ရှူလိုက်၏။ ထိုတောင်တန်းကို ဆောင်းဦးအရုဏ်တောင်တန်းဟု ခေါ်တွင်လေသည်။ စာမေးပွဲအတွက် သူအသုံးပြုမည့် ကျင့်စဉ်နှင့် နာမည်တူသော နေရာတစ်ခုကို ရွေးချယ်လိုက်ရသည်မှာ အတော်လေး သင့်လျော်သည်ဟု သူ ခံစားလိုက်ရသည်။

ထိုဒေသမှာ အနည်းငယ် နိမ့်ဆင်းနေပြီး တောင်တန်းတစ်ခုလုံး၌ ပြည့်နှက်နေသော လိမ္မော်နီရောင်သစ်ရွက်များကြောင့် ဆောင်းဦးအရုဏ်တောင်တန်းဟု ခေါ်တွင်ခြင်း ဖြစ်ပေသည်။

တောင်တန်းပေါ်တွင် မေပယ်ပင်များ၊ ထင်းရှူးပင်များနှင့် သစ်ကြံပိုးပင်များ အဓိကပေါက်ရောက်သည့် သစ်တောတစ်ခု ရှိလေသည်။ ထိုသစ်ပင်များနှင့် ပတ်ဝန်းကျင်အခြေအနေကြောင့် ဆေးဘက်ဝင်အပင်များစွာ ပေါက်ရောက်နေသည့်အပြင် တောင်တန်းတစ်ခုလုံးအား လွှမ်းခြုံထားသော ကွေ့ကောက်နေသည့် မြစ်တစ်စင်းလည်း ရှိပေသည်။

ထိုနယ်မြေရှိ ဝိညာဉ်ချီမှာ သာမန်မျှသာဖြစ်ကာ ဒြပ်စင်အားလုံးနှင့် ဟန်ချက်ညီနေပြီး အမြုတေဖွဲ့စည်းခြင်းအဆင့်နှင့်အောက်ရှိ ကျင့်ကြံသူအားလုံးအတွက် သင့်လျော်လေသည်။

ထို့ပြင် စာမေးပွဲအတွက် အသုံးဝင်လာမည့် ထူးခြားသော လက္ခဏာအနည်းငယ်ရှိပြီး ၎င်းတို့ထဲမှ တစ်ခုမှာ အိပ်မက်ကမ္ဘာရေတံခွန်ပင် ဖြစ်၏။ ယင်းရေတံခွန်အား ဖြတ်လျှောက်သွားသူတိုင်း၏ အတွင်းစိတ်ရည်မှန်းချက်များကို အပြင်သို့ ထုတ်ဖော်ပြသပေးမည် ဖြစ်သည်။ ယင်းမှာ မသင်္ကာဖွယ် ရည်ရွယ်ချက်ရှိသူများကို စစ်ထုတ်ရာတွင် ရုံးတော်မှ အသုံးပြုသော နည်းလမ်းများစွာထဲမှ တစ်ခုဖြစ်လေသည်။

'ထူးချွန်တဲ့ ပါရမီရှင် ဘယ်နှစ်ယောက်လောက်များ ပေါ်လာမလဲ မသိဘူး။'

ယန်ချင်းက စိတ်အားထက်သန်စွာ တွေးလိုက်သော်လည်း သူ၏မျက်နှာပေါ်တွင် စိုးရိမ်ပူပန်သော အမူအရာတစ်ခု ချက်ချင်း ပေါ်လာခဲ့၏။

'ကျိုးရီ၊ ကျိုးလီချင်း... မင်းတို့နှစ်ယောက် ဒီအတားအဆီးကို ကျော်ဖြတ်နိုင်ပါစေလို့ မျှော်လင့်ပါတယ်။'

ယန်ချင်းက စိုးရိမ်တကြီး တွေးလိုက်လေသည်။

ထိုမောင်နှမနှစ်ဦးတွင် ကြေးနီသန့်စင်ခြင်းအဆင့်၏ ကြေးနီအဆင့်တွင်သာရှိသော နိမ့်ကျသည့် ကျင့်ကြံခြင်းအခြေခံများ ရှိကြသည်။

စာမေးပွဲသည် ကျင့်ကြံခြင်းအခြေခံ နိမ့်ကျသူများကို အခွင့်အရေးပေးရန် အားသာချက်များဖြင့် ဟန်ချက်ညီအောင် ချိန်ညှိထားသော်လည်း ထိုအခွင့်အရေးကို အသုံးချရန် ပါရမီမရှိပါက ၎င်းတို့အနေဖြင့် ကျော်ဖြတ်နိုင်မည် မဟုတ်ချေ။

ခရမ်းရောင်မြို့တော်တွင် နေထိုင်ခဲ့သည့် နှစ်များအတွင်း ၎င်းတို့ မွေးမြူထားခဲ့သော ကြံ့ခိုင်မှုနှင့် အခြေအနေအရ လိုက်လျောညီထွေ နေထိုင်နိုင်စွမ်းကို ယန်ချင်းက သဘောကျမိသည်။

သို့သော်လည်း ယနေ့စာမေးပွဲတွင် ခရမ်းရောင်မြို့တော်၌ ၎င်းတို့အား သွေးပေးထားခဲ့သော အရည်အချင်းများကို စမ်းသပ်မည့် နေရာများ မပါဝင်ပေ။

အောင်မြင်ရန်အတွက် ခေါင်းသုံးရမည်ဖြစ်ပြီး ရှေ့ဆက်သွားရန် ဆန္ဒရှိရမည် ဖြစ်သည်။ ထို့ပြင် အခြေခံလုပ်ဆောင်ရမည့် ပါရမီလည်း ရှိရန်လိုအပ်ကာ ၎င်းသာမရှိပါက ရုံးတော်သို့ ဝင်ရောက်နိုင်ရန် အခွင့်အလမ်း နည်းပါးသွားမည်ဖြစ်၏။

အကယ်၍ ထိုသို့သာဖြစ်ခဲ့ပါက ယန်ချင်းအနေဖြင့် ရုံးတော်၏ ပတ်ဝန်းကျင်ရှိ အဖွဲ့အစည်းအသီးသီးတွင် အလုပ်ရစေရန် ကူညီပေးခြင်း သို့မဟုတ် ထောက်လှမ်းရေးအစီအစဉ်အတွက် သူတို့၏ အမည်များကို တင်သွင်းပေးပြီး အရိပ်သိမ်းငှက်အဖွဲ့က လက်ခံနိုင်ခြင်း ရှိမရှိအား ကြည့်ရှုပေးခြင်းကိုသာ တတ်နိုင်မည် ဖြစ်သည်။

သို့သော် ထိုသို့လုပ်ဆောင်ခြင်းက အနှစ်သာရအားဖြင့် ခရမ်းရောင်မြို့တော်ဟုခေါ်သည့် ရေကန်ငယ်လေးထက် များစွာ ပိုမိုနက်ရှိုင်းပြီး မှောင်မိုက်သော ရေနက်ပိုင်းဆီသို့ ပစ်ချလိုက်ခြင်းပင် ဖြစ်ပေသည်။

ထိုလမ်းကြောင်းကိုသာ ရွေးချယ်ခဲ့လျှင် သူတို့၏သက်တမ်းမှာ အလွန်အန္တရာယ်ရှိလောက်အောင် တိုတောင်းသွားမည် ဖြစ်သောကြောင့် ယန်ချင်းအနေဖြင့် ထိုသို့လုပ်ရန် တုံ့ဆိုင်းနေခဲ့လေသည်။

"အဲဒီကိုရောက်မှပဲ ကြည့်ရှင်းရမှာပေါ့"

ယီကျဲ အဆင့်တက်ရန် မထွက်ခွာမီ ချန်ထားရစ်ခဲ့သော ဝိုင်ကို သူ့အတွက်သူ ငှဲ့ထည့်ရင်း ယန်ချင်းက ရေရွတ်လိုက်၏။

"မင်း ဘာတွေ တစ်ယောက်တည်း ရေရွတ်နေတာလဲ"

"မင်းတို့သုံးယောက် ဒီနေ့ အမှုမရှိဘူးလား"

နောက်ထပ်အရက်အိုးသုံးအိုးကို ထုတ်ယူရင်း ယန်ချင်းက နောက်သို့လှည့်မကြည့်ဘဲ ပျင်းရိစွာ မေးလိုက်သည်။

သူ၏နောက်ကျောဘက်တွင်မူ ခန်းဟွေ့လန်၊ ရှားပိုချင်းနှင့် တိုင်ချန်တို့ ရှိနေလေသည်။

ခန်းဟွေ့လန်သည် အလုပ်လုပ်မည့်ပုံမပေါက်ဘဲ လယ်လုပ်သွားမည့်ပုံစံ ပေါက်နေသည့် သာမန်အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထား၏။ ရှားပိုချင်းကမူ အပြာရင့်ရောင်ဝတ်ရုံဖြင့် အမြဲလိုလို မူးမတ်တစ်ဦးနှင့် တူနေလေသည်။

သူ့ကို မြင်လိုက်ရချိန်တွင် ယန်ချင်းမှာ မနာလိုရွံရှာစွာဖြင့် စုတ်သပ်မိသွားလေတော့သည်။ တိုင်ချန်က ယန်ချင်းနှင့် တူညီသော ဝတ်ရုံကို ဝတ်ဆင်ထား၏။ ရွှေရောင်ရင့်ရင့်ဝတ်ရုံနှင့် ကျောဘက်ရှိ ရောမဂဏန်း (I) က သူသည် ပြင်ပနန်းတော်တရားခွင်မှ တရားသူကြီးတစ်ဦးဖြစ်ကြောင်း ဖော်ပြနေပေသည်။

"လောလောဆယ်တော့ ငါ့မှာ အမှုတွေမရှိသေးဘူး။ နန်းတော်အဆင့်ကို ချိုးဖောက်ဖို့ ပြင်ဆင်တဲ့အနေနဲ့ ငါ ခွင့်တင်ထားပြီးပြီ။ နောက်သုံးရက်နေရင် ကပ်ဘေးတောင်တန်းကို ငါ ထွက်သွားတော့မယ်"

ခန်းဟွေ့လန်က အနီးသို့ လျှောက်လာရင်း ဖြေလိုက်သည်။ ထို့နောက် ဝင်ထိုင်လိုက်ရင်း လှီးထားသော သရက်သီးအချို့ကို ယူလိုက်၏။

"မင်း အဲဒါတွေကို ပေါင်းစပ်ဖို့ အဆင်ပြေသွားပြီလား"

ယန်ချင်းက အနည်းငယ် အံ့ဩသွားဟန်ဖြင့် မေးလိုက်သည်။

"အင်း... မနေ့က ငါတို့ လုပ်ခဲ့တဲ့ကိစ္စက ဒီအထဲကို နောက်ထပ်သဘောတရားတစ်ခု ထပ်ထည့်ဖို့တောင် အကြံရစေတယ်"

ခန်းဟွေ့လန်က ကျေနပ်ဂုဏ်ယူစွာဖြင့် ပြောလိုက်၏။

'တိုက်ခိုက်ရေးအရူးကြီး'

ယန်ချင်းက ခနဲ့တဲ့တဲ့စွာဖြင့် တိုးတိုးလေး ရေရွတ်လိုက်လေသည်။

"မင်းတို့နှစ်ယောက်ကရော"

ဂုဏ်ယူဝင့်ကြွားနေသည့် ခန်းဟွေ့လန်ကို အာရုံလွှဲရန်ကြိုးစားရင်း ယန်ချင်းက မေးလိုက်၏။

"ငါလည်း တောင်တန်းဆီသွားမှာ"

ရှားပိုချင်းသည် ဖြည်းညင်းစွာ ဝင်ထိုင်လိုက်ပြီး ငှဲ့ထားသော ဝိုင်ခွက်ကို ယူကာ ဖြေလိုက်သည်။

"ဒီဝင်ခွင့်စာမေးပွဲကို မင်း ကြီးကြပ်ရမယ်လို့ ကြားတော့ ငါက လက်ထောက်စာမေးပွဲစစ်ဆေးသူလုပ်ဖို့ လျှောက်လွှာတင်ခဲ့တယ်"

တိုင်ချန်သည် ယန်ချင်းငှဲ့ပေးထားသော ဝိုင်ကို လောဘတကြီး မော့သောက်လိုက်ပြီးနောက် အရှက်မရှိစွာဖြင့် သူ့အတွက်သူ ထပ်ငှဲ့လိုက်ရင်း ဖြေလိုက်လေသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ အရက်အိုးကို အသုံးမပြုဘဲ ပန်းကန်လုံးအကြီးတစ်လုံးထဲသို့ လောင်းထည့်လိုက်၏။

"ကောင်းပြီလေ၊ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း စောင့်ကြည့်ရတာထက်စာရင်တော့ ပိုကောင်းတာပေါ့"

ယန်ချင်းက သူ၏အကြည့်များကို တောင်ခြေဆီသို့ စူးစိုက်ထားရင်း ပြောလိုက်လေသည်။

All Chapters