← Chapters

ပြန်လည်ဆုံစည်းကြရာဝယ်

Vol. 13 Ch. 1209

ပြန်လည်ဆုံစည်းကြရာဝယ်

Vol. 13 Ch. 1209

ပိုင်ရှောင်ချန်းက မျက်တောင်ပင် သိပ်မခတ်။ သူတော်စင်ဧကရာဇ်ပါးစပ်မှ စကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် သူက စိတ်လှုပ်ရှားစွာ ရှေ့တက်လာပြီး လက်ယှက်ဦးညွှတ်လိုက်သည်။

" အစ်ကိုကြီး "

သူက လုံလုံလောက်လောက် ရိုးသားသောအသံ မပေါက်မည်ကို စိုးရိမ်နေသည့်အလား ခံစားချက်များဖြင့် တုန်ရီနေသော လေသံဖြင့် ပြောသည်။ အမှန်ပင် အခြားကောင်းကင်ဧကရာဇ်များအတွက် ၄င်းမှာ အရှက်မရှိ ဗြောင်ကျကျ ဇာတ်တိုက်နေသောပုံပေါ်လွင်နေသည်။

သို့သော် သူတို့တစ်ယောက်မှ ပြက်ရယ်မပြုနိုင်ခင် ဇာတ်လမ်းဆန်လွန်းသော မည်သည့်အရာကိုမှ သတိထားမိဟန်မတူသည့် သူတော်စင်ဧကရာဇ်ကလည်း စိတ်လှုပ်တရှား ဦးညွှတ်လိုက်သည်။

သူက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် တဟားဟားရယ်ပြီး ပြောသည်။

" ညီနှစ် "

သူတော်စင်ဧကရာဇ်က ပိုင်ရှောင်ချန်းထက်ပို၍ပင် ဇာတ်ဆန်လွန်းသော လေသံဖြင့် စကားပြောလိုက်လေသည်။ ဤသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ပိုင်ရှောင်ချန်းမှာ အတန်ငယ်စိတ်အချဥ်ပေါက်သွား၏။ သူက အကြောမခံလိုသဖြင့် အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် တတ်နိုင်သမျှ အကျယ်ဆုံးနှင့် အရိုးသားဆုံး လေသံဖြင့် ပြောလိုက်သည်။

" အစ်ကိုကြီး "

" ညီ နှစ် "

သူတော်စင်ဧကရာဇ်က ပီတိဖြာနေသော လေသံဖြင့် ပြန်ဖြေသည်။ သူတို့နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက်ကြည့်ပြီးနောက် တဟားဟားရယ်လိုက်ကြလေသည်။

ရောက်ရှိနေသည့် ကောင်းကင်ဧကရာဇ်များမှာမူ ထူးဆန်းသောခံစားချက်များ သူတို့၏နှလုံးသားများထဲ ပေါက်ဖွားလာပြီး သူတို့တကိုယ်လုံး ကြက်သီးတဖြန်းဖြန်းထလာကာ ကသိကအောက်အကြည့်များ အချင်းချင်းဖလှယ်လိုက်ကြပြီးနောက် အလျင်အမြန် အကြည့်လွှဲလိုက်ကြသည်။

သူတို့သည် ယခင်က ကြောင်သူတော်ကြွက်သူခိုးများ မြင်ခဲ့ဖူးသော်လည်း ယခုလောလောဆယ်တွင် မည်သည့်အရာကမှ ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်၏ ခြေဖျားပင် မမီပေ။

သူတော်စင်ဧကရာဇ်နှင့် ပိုင်ရှောင်ချန်းက အတူတကွအော်ဟစ်ရယ်မောနေကြစဥ် သူတို့နှစ်ယောက်လုံး၏စိတ်များကား ထိပ်ဆုံးအမြန်နှုန်းဖြင့် ပြေးလွှားနေကြ၏။ ပိုင်ရှောင်ချန်း၏ မျက်လုံးများက ကျဥ်းမြောင်းနေရာ ကောက်ကျစ်စဥ်းလဲသော မြေခွေးငယ်လေးတစ်ကောင်နှင့် အလွန်တူလေသည်။ ထိုအချိန် သူတော်စင်ဧကရာဇ်၏ မျက်လုံးများက ကောက်ကျစ်စဥ်းလဲသော မြေခွေးအိုကြီးတစ်ကောင်ကဲ့သို့ တဖိတ်ဖိတ်တောက်ပနေ၏။ အမှန်ပင် သူတော်စင်ဧကရာဇ်က ပိုင်ရှောင်ချန်း လာရောက်ရသည့်အကြောင်းရင်းကို သိလေသည်။ အကယ်၍ သူသာ မိစ္ဆာဧကရာဇ်နှင့် မတိုက်ခိုက်ခဲ့ဘဲ သူ၏ လောကနတ်ဘုရားအဆင့် အတိုက်အခိုက်စွမ်းရည်ကို မထုတ်ဖော်ခဲ့ပါက သူတော်စင်ဧကရာဇ်သည် သွေးသောက်ညီအစ်ကိုဖြစ်လာရန် အကြောင်း ဘယ်တော့မှ ပြောမည်မဟုတ်ပေ။

သို့သော် ပိုင်ရှောင်ချန်းက ကြောက်မက်ဖွယ်နှုန်းတစ်ခုဖြင့် သန်မာသည်ထက် သန်မာလာသည်။ ထိုသည်နှင့် သူ၏ လောကနတ်ဘုရားအလင်း ပေါင်းစပ်သွားသောအခါ သူတော်စင်ဧကရာဇ်အား သူ့ကို အလေးအနက်ထားစေပြီး ယခင်နှင့် လုံးဝမတူညီသောအဆင့်အပေါ်ရှိသည်ဟူ၍ မြင်သွားစေတော့သည်။

ထိုမျှသာမက ပိုင်ရှောင်ချန်းက ထိုအရာအားလုံးအား မည်သို့ အောင်မြင်ခဲ့သည်နှင့်ပတ်သက်၍ သူ အရိပ်အမြွက်သိလေသည်။

သူက မိစ္ဆာဧကရာဇ်နည်းတူ တစ်လျှောက်လုံး သံသယဝင်နေခဲ့၏။ ယခုတွင်တော့ ပိုင်ရှောင်ချန်းသည် မိုးမြေဧကရာဇ်အဆင့် ယပ်တောင်အစုတ်ကြီးကို ယူလိုက်ပြီဖြစ်ကြောင်း လုံးဝသေချာသွားလေသည်။

ထိုကဲ့သို့ အမွေအနှစ်အဖိုးထိုက်ရတနာတစ်ပါးကို ပိုင်ဆိုင်ခြင်းအားဖြင့်သာ သူက အလွန် လျင်မြန်စွာ အလွန်အစွမ်းထက်လာနိုင်သည်။

မိစ္ဆာဧကရာဇ်ဖြင့် တိုက်ပွဲမတိုင်ခင်ကဆိုလျှင် သူတော်စင်ဧကရာဇ်သည် ယပ်တောင်အား ယူရန် အကွက်ရွှေ့ခဲ့လောက်မည်ဖြစ်သည်။ သို့သော် ယခုတွင် ပိုင်ရှောင်ချန်းက လောကနတ်ဘုရားအဆင့် အတိုက်အခိုက်စွမ်းရည်ကို သက်သေပြခဲ့ပြီး သူ့အတွက် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများအားလုံးလည်း ရှိလေရာ သူတော်စင်ဧကရာဇ်၏ သဘောထားက အလိုအလျောက် ပြောင်းလဲသွားတော့သည်။

အရေးကြီးဆုံး အချက်တစ်ချက်မှာ ပိုင်ရှောင်ချန်း ကိုယ်တိုင်လာရောက်လည်ပတ်ခြင်းပင်။ နောက်တစ်ချက်က လောကနတ်ဘုရားအလင်းအပေါ် ထိန်းချုပ်နိုင်စွမ်းကို ပို၍ပင် လျှို့ဝှက်ဆန်းကြယ်ပြီး မတွေးတတ်အောင် ဖြစ်စေသည့် ပိုင်ရှောင်ချန်း၏ ယုံကြည်ချက်ပင်။

ထို့ပြင် ပိုင်ရှောင်ချန်းက ယတိပြတ်တောင်းဆိုချက်များဖြင့် မလာသည့်အချက်က မဟာမိတ်ဖွဲ့ရာတွင် စိတ်ဝင်စားသည်ဟု ဆိုနိုင်သည်။

အချို့သော အကြောင်းကိစ္စများသည် ဆွေးနွေးခြင်းသော်လည်းကောင်း၊ ညှိနှိုင်းခြင်းသော်လည်းကောင်း မလိုအပ်ပေ။ ပိုင်ရှောင်ချန်းနှင့် သူတော်စင်ဧကရာဇ်တို့နှစ်ယောက်လုံး မဟာမိတ်ဖွဲ့လျှင် မိစ္ဆာဧကရာဇ်နှင့် သူ၏နိုင်ငံအတွက် ပြင်းထန်သော ထိုးနှက်ချက်ကြီးတစ်ချက် ဖြစ်မည်ဖြစ်ကြောင်း သဘောပေါက်လေသည်။ တကယ်တမ်း ၄င်းက မိစ္ဆာဧကရာဇ်ကို သတ်ဖြတ်မည့် အပြင်းထန်ဆုံး ကပ်ဘေးသာ ဖြစ်မည်။

၄င်းက ကမ္ဘာ၏ နိုင်ငံရေးဖွဲ့စည်းတည်ဆောက်မှုတစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သည်။ သူတော်စင်ဧကရာဇ်အတွက် ထည့်တွက်ရမည့် နောက်ထပ် အဓိကအချက်က ယှဥ်ပြိုင်ခြင်းများကား ဘယ်တော့မှ ရာသက်ပန်ခံမည် မဟုတ်ခြင်းပင်။ ပိုင်ရှောင်ချန်းနှင့် အင်အားပူးပေါင်းရန် သူငြင်းဆန်လိုက်လျှင် ပိုင်ရှောင်ချန်းသည် နောက်ဆုံး၌ မိစ္ဆာဧကရာဇ်နှင့် ပြဿနာများကို ဖြေရှင်းနိုင်သွားကာ သူနှင့်ပူးပေါင်နိုင်ခြေ ရှိသည်။

" ညီ နှစ် ၊ အခု ငါတို့ သွေးသောက်ညီအစ်ကိုတွေ ဖြစ်လာပြီဆိုတော့ ငါ အစ်ကိုကြီးအနေနဲ့ ငါ့ဒုတိယအင်မော်တယ်နယ်မြေရဲ့ မြောက်ပိုင်းဒေသကို မင်းကို ပေးဖို့ပဲ သင့်တော်တော့တယ် "

သူက ရယ်မော၍ လက်ဝှေ့တစ်ချက်ဖြင့် လက်ဆောင်အဖြစ် မဖြစ်ထွန်းသော ကျက်တီးမြေ မြောက်ပိုင်းကို ပိုင်ရှောင်ချန်းထံ လက်ဆောင်အဖြစ် ပေးသနားလိုက်လေသည်။ အမှန်ပင် ၄င်းက အစကတည်းက ပိုင်ရှောင်ချန်း ပိုင်ဆိုင်နှင့်ပြီးဖြစ်သည်။

ပိုင်ရှောင်ချန်း၏ တုံ့ပြန်ချက်မှာမူ ဂူထျန်ကျွင်းနှင့် အခြားကောင်းကင်ဧကရာဇ်များအတွက် ပေါက်တတ်ကရစကားအလားပင်။

" အစ်ကိုကြီး၊ အခု ကျုပ်တို့ မဟာမိတ်တွေ ဖြစ်သွားပြီဆိုတော့ အစ်ကိုကြီး အေးအေးဆေးဆေး အနားယူလိုက်။ မြောက်ပိုင်းက ကျုပ်ရဲ့ အမိန့်အောက်မှာ ရှိနေသရွေ့ မိစ္ဆာဧကရာဇ်နိုင်ငံစစ်တပ်တွေ ကျုပ်ကို ဘယ်တော့မှ ကျော်သွားလို့ မရစေရဘူး "

ပိုင်ရှောင်ချန်းက မြောက်ပိုင်းကို သိမ်းပိုက်လိုက်လျှင် ထိုအင်မော်တယ်နယ်မြေတစ်ခုလုံး၏ တစ်ဝက်နီးပါး ထိန်းချုပ်မည် မဟုတ်ပါလော။ ထို့ပြင် မိစ္ဆာဧကရာဇ်နိုင်ငံက သူတော်စင်ဧကရာဇ်နိုင်ငံထံ ရောက်အောင် ထိုနေရာကို သိမ်းပိုက်လျှင် ပိုင်ရှောင်ချန်း လုံးဝ အမြစ်ဖြုတ်သုတ်သင်ခံခဲ့ရပြီးဖြစ်ကြောင်း ဆိုလိုပေမည်။

သူတော်စင်ဧကရာဇ်က ကျယ်လောင်စွာ ရယ်မော၍ သူတို့၏သဘောတူညီချက်အား တရားဝင်ဖြစ်စေလိုက်သည်။ ထိုအချိန်တွင် သူတော်စင်ဧကရာဇ်က ပိုင်ရှောင်ချန်းအတွက် စားသောက်ပွဲကြီး ကျင်းပပေးလေသည်။

ပိုင်ရှောင်ချန်း ထွက်သွားပြီးနောက် သူတော်စင်ဧကရာဇ်၏ မျက်နှာပေါ်မှ အပြုံး ချက်ချင်း ပျောက်ကွယ်သွားပြီး မှုန်ကုပ်ကုပ်မျက်နှာထား အစားထိုးဝင်ရောက်လာ၏။ သို့သော် တခဏကြာသော် ပိုင်ရှောင်ချန်းဖြင့် ဤမဟာမိတ်ဖွဲ့ခြင်းက သူ့အတွက် ကောင်းသောအရာတစ်ခုဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် မှုန်ကုပ်ကုပ်အမူအရာမှာ တစတစပျောက်ကွယ်သွားတော့သည်။

သူ ဆုံးရှုံးသွားခဲ့သည့် အရာအားလုံးမှာ မိစ္ဆာဧကရာဇ်နိုင်ငံ တစ်ခါက ပိုင်ဆိုင်ခဲ့ဖူးသော ကျတ်တီးမြေတစ်မြေဖြစ်သော ဒုတိယအင်မော်တယ်နယ်မြေ၏ မြောက်ပိုင်းသာ ဖြစ်လေသည်။ ပိုင်ရှောင်ချန်းက မိစ္ဆာဧကရာဇ်နိုင်ငံအား အင်မော်တယ်နယ်မြေများ နှစ်မြေနှင့်တစ်ဝက်၊ သူတော်စင်ဧကရာဇ်နိုင်ငံအား နှစ်မြေနှင့်တစ်ဝက်ပေးထားသည်ကို နောက်ဆုံးတွင် ပြန်ယူသွားခဲ့လေပြီ။ သို့သော် မြောက်ပိုင်းက သူတော်စင်ဧကရာဇ်အတွက် တန်ဖိုးမရှိသည့်အပြင် စိတ်ဝင်စားစရာမကောင်းသည့်အရာ ဖြစ်နေသေးသည်။

မဟာမိတ်တစ်ယောက်ရရန် တန်ဖိုးမရှိသောအရာတစ်ခုအား လက်လျှော့ခြင်းက အတော်လေး အကျိုးအမြတ်မများသော်လည်း သေချာပေါက် ထိုက်တန်လေသည်။ ယခုတွင် နောက်ခံ ပိုင်ရှောင်ချန်းရှိ၍ သူတော်စင်ဧကရာဇ်သည် အင်မော်တယ်နယ်မြေအပြည့်အစုံတစ်ခုနှင့် တစ်ဝက်စီရှိသော အပိုင်းနှစ်ပိုင်းအား ထိန်းချုပ်ရလေပြီ။

အဆုံးသတ်၌ ၄င်းကား ပုံမှန်ပြန်ဖြစ်သွားလေသည်။

အမှန်ပင် မိစ္ဆာဧကရာဇ်နိုင်ငံမှာ ပို၍ပင် ဆိုးရွားသေးသည်။ ပိုင်ရှောင်ချန်း၏ ထိုနေရာကို အလည်အပတ်သွားခြင်းက အင်မော်တယ်နယ်မြေတစ်ခုလုံး သိမ်းပိုက်လိုက်ခြင်းဖြင့် အဆုံးသတ်သွားခဲ့လေသည်။

သို့ဖြစ်၍ အင်မော်တယ်နယ်မြေငါးခု၏ ခင်းကျင်းမှုကား ကြီးမားသောပြောင်းလဲမှုကြီးတစ်ခု တွေ့ကြုံလိုက်ရလေပြီ။

မိစ္ဆာဧကရာဇ်နိုင်ငံမှာ ယခုတွင် အင်မော်တယ်နယ်မြေ တစ်မြေနှင့်တစ်ဝက်သာ ထိန်းချုပ်တော့ပြီး သူတော်စင်ဧကရာဇ်နိုင်ငံက နှစ်မြေဖြင့် ယခင်အတိုင်း အတူတူပင်။ ထိုပြောင်းလဲမှုက သူတော်စင်ဧကရာဇ်နိုင်ငံကို များစွာပို၍မြင့်မားသော အမြင့်ထက်သို့ ချက်ချင်း တွန်းပို့ပေးလိုက်၏။

အင်မော်တယ်နယ်မြေများ၏ နောက်ဆုံး တစ်မြေနှင့်တစ်ဝက်က ပိုင်ရှောင်ချန်းထံ ရောက်သွားလေသည်။

အရာရာတိုင်းအား ထည့်သွင်းစဥ်းစားပြီးနောက် သူတော်စင်ဧကရာဇ်က ပြုံးပြီး သူ၏သဘောထားကြီးခြင်းနှင့် ကောင်းမွန်သော အယူဝါဒအား အကြီးကျယ်ဆုံးပြသရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် သူက သူတော်စင်ဧကရာဇ်နိုင်ငံတွင် နေထိုင်နေသော ကောင်းကင်တံတားဒေသမှ မည်သူမဆို သူတို့၏ကိုယ်ပိုင်ဆုံးဖြတ်ချက်အရ ဆက်လက်နေထိုင်ရန် သို့မဟုတ် ထွက်သွားရန် လွတ်လပ်သည် ဆိုသော တရားဝင်အမိန့်ထုတ်ပြန်လိုက်သည်။

ထိုသည်က သူတော်စင်ဧကရာဇ်နိုင်ငံရှိ ကောင်းကင်တံတားကျင့်ကြံသူများအကြားထဲ အတော်လေး စိတ်လှုပ်ရှားသွားစေတော့သည်။ ချက်ချင်းပင် သူတို့သည် အချိန်အတော်ကြာကတည်းက သူတို့အတွက် နိဗ္ဗာန်ဘုံဖြစ်လာခဲ့သောအရာထံသို့ တစ်ပြုံကြီး ပျံသွားကြတော့သည်။

ထိုအချိန် သူတော်စင်ဧကရာဇ်နိုင်ငံမှ ယခုလေးတင် ထွက်လာခဲ့သော ပိုင်ရှောင်ချန်းက မြောက်ပိုင်း၏မဟာဓား ယေဘုယျ တည်နေရာကို ဆုံးဖြတ်ရန် ၄င်းနှင့်သူ၏ဆယ်သွယ်မှုကို ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူက ထာဝရပင်လယ်ရေများအပေါ် တဟုန်ထိုးသွားပြီး နောက်ဆုံး ၄င်း၏အနက်ရှိုင်းဆုံးထဲ ထိုးဆင်းလိုက်သည်။

သူ၏နတ်ဘုရားအာရုံ ပို့လွှတ်ပြီးနောက် မကြာခင် ဓားကြီးတစ်ချောင်းကို သူတွေ့လိုက်ရလေသည်။

၄င်းသည်ကား မြောက်ပိုင်း၏မဟာဓားက လွဲ၍ တခြားမဟုတ်ပေ။

သူ၏နတ်ဘုရားအာရုံက ၄င်းအပေါ် စူးစိုက်လိုက်သည်နှင့်တစ်ပြိုက်နက် ၄င်းသည် နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် နိုးထလာတော့သည်။ ၄င်းက သူထံ ပျံသန်းလာသဖြင့် ထစ်ခြုန်းမြည်သံများ ပဲ့တင်ထပ်သွားပြီး သူက ၄င်းကို ဆုပ်ကိုင်လိုက်၏။ သူ ပင်လယ်ထဲမှ ပျံထွက်လာချိန်မှာပင် ဓားအထဲရှိ ကမ္ဘာအတွင်းသို့ နတ်ဘုရားအာရုံတချို့ ပို့လွှတ်လိုက်သည်။

ထိုနေရာတွင် လီချင်းဟောက်၊ စိတ်စွမ်းအင်ခေါင်းဆောင်ကြီး၊ သရဲကြီးဘုရင်၊ မဟာကောင်းကင်သခင်နှင့် များစွာသော ရင်းနှီးသည့်မျက်နှာများအား သူမြင်လိုက်ရသည်။ သူ စိတ်သက်သာရာရကာ သက်ပြင်းချ၍ ရင်ထဲအသည်းထဲမှ လှိုက်လှိုက်လှဲလှဲ အော်ရယ်လိုက်သည်။

တချိန်တည်းမှာပင် ဓား၏ ကမ္ဘာအတွင်းရှိ လူတိုင်း တအံတသြ မော့ကြည့်လိုက်ကြသည်။

" ရှောင်ချန်း "

" ကျွန်တော်တို့ရဲ့ ကြီးမြတ်သော ခေါင်းဆောင်ကြီး"

" အဲဒါ ဗဟိုဘိုးဘေးကြီးရဲ့ အရှိန်အဝါပဲ "

တခဏကြာသော် ပိုင်ရှောင်ချန်း၏ စိတ်လှုပ်ရှားနေသော အသံက ဓား၏ ကမ္ဘာအတွင်း မြည်ဟည်းပြည့်နှက်သွားသည်။

" ကျုပ် ပြန်လာပြီ "

ဝမ်းမြောက်ဝမ်းသာ ကြွေးကျော်သံများ မြည်ဟိန်းလာစဥ် ပိုင်ရှောင်ချန်းက သူအုပ်ချုပ်သည့် အင်မော်တယ်နယ်မြေသို့ပြန်သွားပြီး လူရာပေါင်းများစွာအား ဓား၏အပြင်သို့ စတင် တည်နေရာရွှေ့ပြောင်းတော့သည်။ မကြာခင် ပျားပန်းခတ်လှုပ်ရှားမှုများဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွား၏။

မဟာကောင်းကင်သခင်ဖြစ်စေ၊ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးဖြစ်စေ သူတို့အားလုံးသည် လက်ရှိအခြေအနေသို့ ဦးတည်သွားသော အဖြစ်အပျက်များတွင် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့ကြသည်။ ထို့ကြောင့် ပိုင်ရှောင်ချန်းထံမှ မည်သည်တို့ဖြစ်ပျက်ခဲ့သည်ကို ကြားရသောအခါ သူတို့အားလုံး အလွန်စိတ်လှုပ်ရှားသွားကြတော့သည်။

ပိုင်ရှောင်ချန်းအတွက် မည်သည့်အရာမှ လုပ်စရာ မလိုအပ်ပေ။ မဟာကောင်းကင်သခင်က ချက်ချင်း အင်မော်တယ်နယ်မြေ၏ ခေါင်းဆောင်ပိုင်းကို တာဝန်ယူပြီး စိတ်စွမ်းအင်ခေါင်းဆောင်ကြီးက အဏ္ဏဝါခေါ်သံဂိုဏ်း ပြန်လည်ထူထောင်ရန် စတင်လုပ်ဆောင်တော့သည်။

အချိန်များ ကုန်လွန်သွားပြီး ပို၍ များပြားသော ကောင်းကင်တံတားဒေသမှ ကျင့်ကြံသူများ သူတော်စင်ဧကရာဇ်ကို စွန့်ခွာ၍ သူတို့လူများဖြင့် ပြန်လည်ဆုံစည်းရန် ဦးတည်လာကြ၏။

ဤအခိုက်အတန့်အထိ တစ်ခါမှ မမြင်ခဲ့ရသော လူတချို့ပေါ်လာသည်။ ဥပမာ အရင်မြေရိုင်းဒေသမှ သောကကင်းဝေးကိုးသွယ်ဘုရင်၊ ဝိညာဥ်ခရီးဘုရင်နှင့် စစ်အောင်ဘုရင်။

ကောင်းကင်ဘုရင်များနှင့် တူညီသော အဆင့်အတန်းများရှိသည့် ကောင်းကင်တံတားတာအို၏ တပည့်ဟောင်းများဖြစ်သော မြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူများလည်း ရှိသည်။

အခြားသူများနှင့်မတူဘဲ မြောက်ပိုင်းနတ်ဘုရားတစ်ပိုင်းကျင့်ကြံသူမှာ ဆုံးဖြတ်ချက်မချခင် တစ်လျှောက်လုံး ချီတုံချတုံဖြစ်ကာ ခက်ခဲနေခဲ့သည်။ သူသည် အတိတ်တုန်းက ပိုင်ရှောင်ချန်းကို အတော်လေး ရိုင်းပျစွာ ဆက်ခံခဲ့သည် မဟုတ်ပါလော။ နောက်ဆုံးတွင် အရာအားလုံး မည်မျှအံသြဖွယ်ကောင်းစွာ သွားနေကြောင်း မြင်သောအခါ သူသည် ဆုံးဖြတ်ချက်ချလိုက်ပြီး ပိုင်ရှောင်ချန်းထံ သတိကြီးကြီးသွားလိုက်လေသည်။

အကြောင်းကိစ္စများအားလုံးကား စိတ်နှလုံးချမ်းမြေ့ဖွယ်ကောင်းစွာ တိုးတက်နေတော့သည်။

All Chapters