← Chapters

ငါ့ကို ကယ်ပါဦး ပိုင်ရှောင်ချန်း

Vol. 13 Ch. 1210

ငါ့ကို ကယ်ပါဦး ပိုင်ရှောင်ချန်း

Vol. 13 Ch. 1210

ကောင်းကင်တံတားဒေသ၏ တစ်မြေနှင့်တစ်ဝက်အင်မော်တယ်နယ်မြေများတွင် ဖြစ်ပျက်နေသည်များအား ဖော်ပြရန် “ နေ့ရက်တိုင်း၌ အသစ်အသစ်တို့ကို တွေ့မြင်ရသည် “ ဆိုသော ဥပမာစကားအား အသုံးပြုပါက မှားမည် မထင်ပေ။ ထို့ပြင် ထိုသည်မှာ ဥပမာစကား ဖော်ပြနိုင်သော မည်သည့်အရာမဆိုထက် ကျော်လွန်သည့် အဖြစ်အပျက်များ ဖြစ်ပျက်နေသောကြောင့် ဖြစ်ပေသည်။

လူဦးရေအရ မြောက်ပိုင်း၏မဟာဓားတွင် ယခင်က နေထိုင်နေခဲ့ကြသော ကျင့်ကြံသူရာပေါင်းများစွာနှင့်အတူ မိစ္ဆာဧကရာဇ် ညှာတာမှုမရှိသော သွေးအေးမှုဖြင့် ဆက်ဆံခံခဲ့ရသည့် အင်မော်တယ်နယ်မြေ၏မူလ လူဦးရေလည်း ပါဝင်လေသည်။ ထိုရှိသမျှလူများအားလုံးဖြင့် အကြောင်းကိစ္စများသည် နိုင်ငံ၏ လူများအတွက် ပုံသေတည်မြဲသောအခြေအနေတစ်ရပ်တွင် ဖြစ်နေတော့သည်။

အရင်တောင်တန်းများ ဖြိုချခံရပြီး တောင်တန်းအသစ်များ မြင့်တက်လာ၏။ ထို့ပြင် မဟာကောင်းကင်သခင်ချမှတ်ထားသည့် အစီအစဉ်ဖြင့် တစ်ထပ်တည်း ဆောက်လုပ်ရေးများကား အလယ်ကျကျတည်ရှိသော မြို့တစ်မြို့တွင် စတင်လေသည်။ ၄င်းကို လူသိထင်ရှား မကြေညာသေးသော်လည်း အနာဂတ် အင်ပါယာ မြို့တော်ဖြစ်ကြောင်း လူတိုင်းသိကြလေသည်။

ထိုမြို့အတွင်း၌ ကျင့်ကြံသူအဖွဲ့ကြီးတစ်ဖွဲ့သည် လောလောဆယ်တွင် အင်ပါယာဝတ်ရုံများဝတ်ဆင်ထားပြီး အင်ပါယာသရူဖူဆောင်းထားသော ပိုင်ရှောင်ချန်းကို သရုပ်ဖော်နေသည့် ရုပ်တုကြီးတစ်ရုပ် ထုလုပ်နေကြ၏။

ကောင်းကင်တံတားကျင့်ကြံသူများသည် နေ့စဥ်နေ့တိုင်း သူတော်စင်ဧကရာဇ်နိုင်ငံမှ တဖွဲဖွဲ ဝင်ရောက်လာကြသည်။

သူတို့အားလုံးမှာ တဟုန်ထိုးမြင့်တက်နေသည့် အင်ပါယာနိုင်ငံတော်အသစ်အပေါ် လုံးလုံးလျားလျား အာရုံစိုက်ထားကြလေသည်။

အခြားလူတိုင်း ယောက်ယက်ခတ် လှုပ်ရှားနေကြသည်နှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ပိုင်ရှောင်ချန်းမှာ လုပ်စရာမရှိသလောက်ပင်။ သူသည် စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုကို ရတနာယပ်တောင်ထံမှ ခေါ်ဆောင်လာခဲ့ပြီ ဖြစ်ပြီး သူတို့ ပေါ်လာသည်နှင့်တစ်ပြိုင်နက် တော်ဝင်ဘုရင်မများသဖွယ် ဆက်ခံခံရလေသည်။ သရဲကြီးဘုရင်၊ မဟာကောင်းကင်သခင်၊ လီချင်းဟောက်၊ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးနှင့် ဝါရင့်ဂိုဏ်းဝင်များအားလုံးက သူတို့ကို သေသေချာချာ ဂရုစိုက်ရန် ချက်ချင်း တာဝန်ယူလိုက်ကြလေသည်။ သူတို့၏လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အစေခံတစ်ပုံတပင်လည်း တာဝန်ခန့်အပ်ထား၏။

နည်းလမ်းများစွာဖြင့် သူတို့နှစ်ယောက်လုံးမှာ ပိုင်ရှောင်ချန်းထက်ပင်ပို၍ ကောင်းကောင်းမွန်မွန် ဆက်ဆံခံရလေသည်။

ပိုင်ရှောင်ချန်းမှာ အဘိုးကြီး၊အဘွားကြီးများက စုန့်ကျင်းဝမ်နှင့် ကျိုးကျစ်မိုအတွင်းရှိ မမွေးသေးသော ကလေးများအား မည်မျှအလေးပေးနေကြသည်ကို ကြည့်၍ ကြေကွဲလျက်သာ သက်ပြင်းချနိုင်တော့သည်။

" သူတို့လေးတွေက ကလေးတွေပဲရှိသေးတယ်" သူက တွေးသည်။

" ပြီးတော့ ငါက သူတို့အဖေလေ။ ဒီတော့ မနာလိုလို့မဖြစ်ဘူး "

သူ အတန်ငယ် ကျွဲမြီးတိုနေသော်လည်း သူ၏ကလေးအရင်းများဖြင့် မယှဥ်ပြိုင်သင့်ကြောင်း သိသဖြင့် သူက ခေါင်းကိုခါရမ်းပြီး သူ့နည်းတူ စိတ်ကုန်နေသော ဘရူဆာနှင့်အတူ လမ်းလျှောက်ထွက်လေသည်။ သူတို့က သူတို့အုပ်ချုပ်သော အင်မော်တယ်နယ်မြေများထဲ လှည့်လည်သွားလာပြီး လူတိုင်း သူတို့၏အလုပ်များ လုပ်ကိုင်နေကြရင်း မည်မျှစိတ်လှုပ်ရှားနေကြသည်ကို မြင်လိုက်ကြရလေသည်။ သူက တခါတရံ ကူညီပေးရန်ပင် ကြိုးစားလိုက်သော်လည်း လူအများက သူ့ကို မြင်သည့်အချိန်တိုင်း ချက်ချင်း မျက်နှာချိုသွေးကြသည်။

နောက်ဆုံးတွင် မဟာကောင်းကင်းသခင်နှင့် သရဲကြီးဘုရင်မှာ တည်ဆောက်ရေးနှင့် ပြန်လည်မွမ်းမံရေးလုပ်ငန်းများအားလုံး ထိခိုက်မည်ကို စိုးရိမ်၍ သူ့ကို ထိုကဲ့သို့ လူပုံအလယ်ထွက်ခြင်းများ ရပ်တန့်ရန် တောင်းဆိုကြရတော့သည်။

သို့ပင်ငြား ဉာဏ်များသော မဟာကောင်းကင်သခင်က ပိုင်ရှောင်ချန်းကို မည်မျှကောင်းကောင်းနားလည်စေကာမူ ဤအခြေအနေတွင် သူ အကဲဖြတ်မှားသွားလေသည်။ ပိုင်ရှောင်ချန်းသည် ယခု နှောင်းပိုင်းကောင်းကင်ဧကရာဇ်အဆင့်တွင် ဖြစ်ပြီး လောကနတ်ဘုရားအဆင့် အတိုက်အခိုက်စွမ်းရည်ရှိသော်လည်း အမှန်တွင် သူ၏ရိုးတွင်းခြင်ဆီထဲ၌ လူအများချစ်ခင်မြတ်နိုးခံရသည်ကို သဘောကျသော စိတ်စွမ်းအင်နတ်ရေဂိုဏ်းက ပိုင်ရှောင်ချန်းသာ ဖြစ်နေသေးလေသည်။

သို့ဖြစ်၍ မဟာကောင်းကင်သခင်က အာပေါက်အောင် ဖျောင်းဖျနားချစေကာမူ ပိုင်ရှောင်ချန်းအား လူကြားထဲမသွားရန် မသိမ်းသွင်းနိုင်ပေ။ သူက ပထမတွင် မခိုးမခန့်ရယ်ပြီး သဘောတူသော်လည်း မည်သူမျှ ကြည့်မနေသည်နှင့်တစ်ပြိုင်နက် ချောင်းဟန့်ပြီး လမ်းလျှောက်ထွက်လေသည်။

သူ သွားသည့်နေရာတိုင်း၌ တလေးတစားအော်ဟစ်သံများ ကြားနိုင်လေသည်။ ထို့ပြင် သူအချိန်ကြာမြင့်စွာနေသည့် နေရာတိုင်း ချက်ချင်း ခရီးရောက်မှု နှောင့်နှေးတတ်သည်။

အဆုံးသတ်တွင် လီချင်းဟောက် လာရောက်ကယ်တင်ရတော့၏။ သူက ပိုင်ရှောင်ချန်းကို နားအလည်ဆုံးသူဖြစ်ပြီး ပိုင်ရှောင်ချန်း အလေးစားဆုံးသူလည်းဖြစ်လေသည်။ ပိုင်ရှောင်ချန်းက အခြားသူများကို ဝေ့လည်ကြောင်ပတ်လုပ်နိုင်သော်လည်း လီချင်းဟောက်နှင့်တော့ မဟုတ်ပေ။

ထိုကိစ္စပြီးနောက် ပိုင်ရှောင်ချန်းက ပြောသည်။

" အာ ဘာပဲဖြစ်ဖြစ်ဗျာ။ ကျွန်တော် လမ်းလျှောက်ထွက်ဖို့ မလိုတော့ဘူး ထင်ပါတယ်လေ "

အခြားဘာမှ လုပ်စရာမရှိတော့သဖြင့် သူက အတန်ငယ်အနားယူရန် မျှော်လင့်၍ အတော်လေးချောင်ကျသော နေရာတစ်နေရာထံ ဘရူဆာကို ခေါ်သွားလေသည်။ ကံဆိုးစွာပင် ဘရူဆာမှာ ထာဝရအင်မော်တယ်နယ်မြေများတွင် နေထိုင်သည့် အမျိုးမျိုးသောသတ္တဝါများ၏ စိတ်ဝင်စားြခင်း ခံနေရလေသည်။ ယခင်က သူသည် စုန့်ကျင်းဝမ်ကို ကာကွယ်ရင်း အလုပ်ရှုပ်နေခဲ့ရသည်ဖြစ်၍ တာအိုလက်တွဲဖော် တပ်ဖွဲ့တစ်ဖွဲ့ မစုဆောင်းရဲခဲ့ပေ။ သို့သော် ယခုတွင် သူက အခြားလုပ်စရာမရှိသဖြင့် ပိုင်ရှောင်ချန်းထံမှ လစ်ထွက်နိုင်လိုက်ပြီး လုပ်ငန်းစတင်တော့သည်။

ထိုသည်က ပိုင်ရှောင်ချန်းကို ပို၍ပင် စိတ်ဓာတ်ကျသွားစေသည်။ နောက်ဆုံး၌ သူက ကျောက်ကြီးမြို့၏ မဟာခန်းမဆောင်အတွင်း တစ်ယောက်တည်းထိုင်နေရလေသည်။ ရတနာယပ်တောင်ထံ ပြန်သွားရန် စဥ်းစားနေသည့်ဆဲဆဲ သူ၏အိတ် တုန်ခါနေသည်ကို ရုတ်တရက် ခံစားလိုက်ရ၏။

သူက လန့်ဖျပ်သွားကာ နတ်ဘုရားအာရုံဖြင့် စစ်ဆေးပြီးနောက် သတင်းပို့ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။ အချိန်အနည်းငယ်ကြာသောအခါ ရင်းနှီးသော အသံတစ်သံ သူ၏စိတ်ထဲတွင် ပဲ့တင်ထပ်သွားလေသည်။

" ငါ့ကို ကယ်ပါဦး ပိုင်ရှောင်ချန်း "

သူ ကအသံကိုကြားသည်နှင့်တစ်ပြိုင်နက် တဆတ်ဆတ်တုန်ယင်သွားပြီး ထရပ်လိုက်သည်။ ထိုအသံပိုင်ရှင်ကား ကုန်းစွန်းဝမ်အာက လွဲ၍ တခြားသူ မဟုတ်ပေ။

" ဘာဖြစ်လို့လဲ။ မင်း ဘယ်မှာလဲ "

သူက ကုန်းစွန်းဝမ်အာအပေါ် ကျေးဇူးအကြွေးတင်နေသည်သာမက သူတို့ဆက်ဆံရေးတွင် ဝိုးတိုးဝါးတားအချစ်ရေးရာများ အမြဲရှိလေသည်။ ထို့ကြောင့် ကုန်းစွန်းဝမ်အာ၏အသံကို ကြားသည်နှင့် သူ စိုးရိမ်လာတော့သည်။

" မိစ္ဆာဧကရာဇ် ငါ့ကိုသတ်ဖို့ ကြိုးစားနေတယ်။ သူ ... "

ကုန်းစွန်းဝမ်အာ၏အသံ ရုတ်တရက် ဖြတ်တောက်ခံလိုက်ရရာ ပိုင်ရှောင်ချန်း၏ ထွက်လေကို လည်ချောင်းဝတွင် တစ်ဆို့သွားစေတော့သည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက ပျောက်ကွယ်သွားပြီး ကောင်းကင်တွင် ပြန်ပေါ်လာကာ သူ၏နတ်ဘုရားအာရုံကို အရပ်မျက်နှာတစ်ခွင် ပျံ့နှံ့စေလိုက်သည်။

" သတင်းပို့ကျောက်စိမ်းပေလွှာတွေမှာ ကန့်သတ်ထားတဲ့ အကွာအဝေးရှိတယ်။ အလွန်ဆုံး အင်မော်တယ်နယ်မြေနှစ်ခုတော့ ဖုံးလွှမ်းနိုင်လောက်မှာပဲ။ မိစ္ဆာဧကရာဇ် လှုပ်ရှားတော့မယ်ဆိုရင် ဒီဘက်ပဲ ဖြစ်ရမယ်" သူ၏တဖျပ်ဖျပ်လက်နေသော မျက်လုံးများက မိစ္ဆာဧကရာဇ်နိုင်ငံအပေါ် အာရုံစိုက်မနေပေ။ မိစ္ဆာဧကရာဇ်နှင့် သူ၏ယခင်တိုက်ပွဲပြီးနောက် သူသည် မြောက်ပိုင်း၏မဟာဓားကို ရှာနေသည့်အတောအတွင်း ကုန်းစွန်းဝမ်အာကို ရှာဖွေရန် ကြိုးစားခဲ့သော်လည်း ကုန်းစွန်းဝမ်အာက သူ၏စာတစ်စောင်ကိုမှ မတုံ့ပြန်ခဲ့ပေ။

ယခုလောလောဆယ်တွင် ကုန်းစွန်းဝမ်အာသည် မိစ္ဆာဧကရာဇ်နိုင်ငံတွင် ပုန်းအောင်းနေမည့်ပုံ မပေါ်ပေ။ အကယ်၍ မိစ္ဆာဧကရာဇ်သာ ရှာတွေ့သွားပါက ကုန်းစွန်းဝမ်အာမှာ လွတ်မြောက်ရန် ခက်ခဲမည် မဟုတ်ပါလော။

သူတော်စင်ဧကရာဇ်နိုင်ငံတွင်လည်း ပုန်းနေခြင်းမဟုတ်တန်ရာ။ ထိုသည်က ကုန်းစွန်းဝမ်အာ ပုန်းနေသောနေရာ၏ တည်နေရာသည် ထာဝရပင်လယ်သာ အဖြစ်နိုင်ဆုံးဟု ဆိုနေသည်။

သို့သော်လည်း သူ့အတွက် ထို့ထက်ပို၍ လုပ်ဆောင်ရန် အချိန်များများစားစား မရှိပေ။ သူက ထိပ်ဆုံးအမြန်နှုန်းဖြင့် ရွေ့လျားနေလျက် သက်ဆိုင်သောအခိုးအငွေ့တစ်စုံတရာ ရှာဖွေရန် နတ်ဘုရားအာရုံ ပို့လွှတ်ကာ ထာဝရပင်လယ်ထံ ဦးတည်လိုက်သည်။

လောကနတ်ဘုရားတစ်ပါးက တစ်စုံတစ်ယောက်ကို တိုက်ခိုက်နေလျှင် သေချာပေါက် သက်သေရှိမည်ဖြစ်သည်။

သူခန့်မှန်းထားသည့်အတိုင်း အမွှေးတိုင်တစ်တိုင် လောင်ကျွမ်းချိန်ကြာပြီးနောက် ထာဝရပင်လယ်ရှိ နေရာတစ်နေရာမှ စွမ်းအားကြီးအခိုးအငွေ့များအား စစ်ဆေးသိရှိလိုက်၏။ ၄င်းတို့က သူရင်းနှီးသော အခိုးအငွေ့များဖြစ်သည်။ ပိုင်ရှင်ကား မိစ္ဆာဧကရာဇ်ပင်။

" အတင့်ရဲလိုက်တာ မိစ္ဆာဧကရာဇ်"

သူက သူတော်စင်ဧကရာဇ်ထံ စာတစ်စောင် ပို့လိုက်ပြီး မျက်လုံးများ နီရဲလျက် ကျင့်ကြံခြင်းအခြေခံ စွမ်းအားအပြည့် ထုတ်လွှတ်လိုက်ရာ ကောင်းကင်နှင့်မြေကြီးမှာ တသိမ့်သိမ့်တုန်ခါသွားသည်။ ထို့နောက် သူက သူ ထုတ်နိုင်သည့် အရှိန်အကုန်ဖြင့် ရှေ့သို့ တဟုန်ထိုးသွားလိုက်သည်။

မိစ္ဆာဧကရာဇ်မှာ မျက်နှာထား တင်းမာခက်ထန်ကာ မျက်လုံးများ ရေခဲတမျှ အေးစက်နေလျက် ထာဝရပင်လယ်ထဲရှိ နေရာတစ်ရာတွင် ရပ်နေ၏။ သူက အောက်ရှိရေများကို စိုးရိမ်တကြီး ငုံ့ကြည့်၍ ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ရေများက ဝဲကတော့တစ်ခုအသွင် လည်ပတ်သွားသည်။

ရေဝဲ၏ အနက်ရှိုင်းဆုံးတွင်ကား မှော်သင်္ကတများဖြင့် ဖုံးလွှမ်းနေသော ရေစက်လုံးတစ်လုံးပင်။ ကုန်းစွန်းဝမ်အာမှာ ရေစက်လုံးထဲတွင် ကြောက်လန့်ပြီး မျှော်လင့်ချက်များပျက်သုဥ်းနေသော အမူအရာဖြင့် တင်ပျဥ်ခွေထိုင်နေလေသည်။

" ငါ မင်းကို မသတ်ဘူး သရဲမယ်တော်။ မင်းရဲ့ ဝိညာဥ်ကိုယ်ပွားကို ဖိနှိပ်ပြီး မင်းရဲ့ ဝိညာဥ်အစစ်ကို နိုးထလာခွင့်ပေးမှာ "

မိစ္ဆာဧကရာဇ်သည် မကြာသေးမီက ကောင်းကင်ဧကရာဇ်များစွာ ဆုံးရှုံးခဲ့ရ၍ စိုးရိမ်သောကရောက်နေလျက် ကုန်းစွမ်းဝမ်အာ ပုန်းအောင်းရာနေရာအား ရှာဖွေရန် လျှို့ဝှက်မှော်ပညာရပ်တစ်ရပ် အသုံးပြုခဲ့လေသည်။

ကုန်းစွမ်းဝမ်အာမှာ ပုန်းအောင်းနေခဲ့သည့် နှစ်ပေါင်းများစွာ အတောအတွင်း ဘေးပတ်လည်တွင် နှစ်ခြောက်ဆယ်ရပ်ဝန်း၏တစ်ဝက်ကြာချိန်ဖြင့် အားဖြည့်ပေးထားသော မန္တန်အစီအရင်တစ်ခုကို တည်ဆောက်နေခဲ့မည်ဟူ၍ သူ ဘယ်တော့မှ မတွေးမိခဲ့ပေ။ ၄င်းက လောကနတ်ဘုရားအဆင့်စွမ်းအားကို ထာဝရမခံနိုင်သော်လည်း အစွမ်းထက်သည်ဖြစ်၍ အနည်းဆုံး အမွှေးတိုင်တစ်ဝက်လောင်ကျွမ်းချိန် ခံသည်။

ထိုအကြောင်းကြောင့် မိစ္ဆာဧကရာဇ်မှာ ကုန်းစွန်းဝမ်အာကို မဖမ်းနိုင်အောင် ဖြစ်နေခဲ့ရသည်။ ၄င်းကြောင့်လည်း ပိုင်ရှောင်ချန်းထံ စာတစ်စောင်ပို့ရန် အချိန်ရလိုက်ခြင်းပင်။ မိစ္ဆာဧကရာဇ်က ကုန်းစွန်းဝမ်အာ လုပ်ခဲ့သည့်အရာကို သဘောပေါက်သွားသောအခါ ဒေါသများဖြင့်တောက်လောင်လာတော့သည်။

" ငါ မင်းကို အသက်ရှက်ရက် မဖမ်းနိုင်ရင် သတ်ပဲသတ်ပစ်လိုက်တော့မယ်။ ပြီးရင် ငါရဲ့ အင်ပါယာနန်းတော်မှာ မင်းရဲ့ တာအိုသစ်စေ့ကို အသက်ပြန်သွင်းဖို့ အသုံးပြုတာပေါ့ "

သူက အေးစက်စက်နှာမှုတ်ကာ လက်ကို ဆန့်ထုတ်၍ ဧရာမလက်ကြီးတစ်ဖက် ဆင့်ခေါ်လိုက်ရာ စိတ်ပျက်အားငယ်နေသော ကုန်းစွန်းဝမ်အာကို ကာကွယ်ပေးထားသည့် ရေစက်လုံးရှိရာဘက်သို့ တဟုန်ထိုး ပြေးဝင်သွားလေသည်။

၄င်းက ထိုးဆင်းလာသဖြင့် အောက်ဖက်ရှိ ရေများကား လက်ကြီးတစ်ဖက်အသွင် နစ်မြုပ်လာတော့သည်။

All Chapters