← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁)

အတော်ကြာမှ ပြန်တွေ့ရတဲ့ ရှင်ယူရီက ပိုပြီးတော့တောင် ချောလာသလိုပဲ။

သူက အစက်အပြောက်ပါတဲ့ စကတ်အကားလေးနဲ့ တီရှပ်အဖြူရောင်ကို တွဲဖက်ဝတ်ဆင်ထားပြီး သူ့ရဲ့ ရွှေဝါရောင် ဆံပင်ဖျော့ဖျော့ကိုလည်း ဖဲကြိုးလေးနဲ့ စည်းနှောင်ထားခဲ့တယ်။

မိတ်ကပ်ပြင်ထားလို့ ထင်တယ်။ သူက ပုံမှန်ထက်စာရင် နည်းနည်းပိုပြီး ရင့်ကျက်တဲ့ ပုံစံမျိုး ပေါက်နေပါတယ်။

ခဏနေတော့မှ ရှင်ယူရီက စကားစလာတယ်။

"ဝိုး... ဒါဆို စီနီယာက ဟိုနိုင်ငံခြားသူလေးနဲ့ တွဲနေတာပေါ့ "

သူက သိပ်ပြီးတော့ အံ့ဩသွားတဲ့ ပုံစံမပေါ်ဘူး။ အမှန်တော့ သူ့ရဲ့ တုံ့ပြန်ပုံက ဒါကို အတိုင်းအတာတစ်ခုအထိ ကြိုတင်မျှော်လင့်ထား ခဲ့တဲ့ ပုံစံမျိုးပါ။

"ပြီးခဲ့တဲ့တစ်ခေါက် ကျွန်မတို့ တွေ့တုန်းကလည်း အဲလိုပဲ ထင်နေခဲ့တာ"

"တကယ်လား"

ရှင်ယူရီက သူ့ရဲ့ ရွှေဝါရောင် ဆံနွယ်တစ်စုကို လက်ချောင်းလေးနဲ့ လိပ်ပြီး ကစားနေတယ်။

"အင်း... လူနှစ်ယောက် တွေ့ဆုံကြတဲ့အခါမှာ သူတို့ တွဲဖြစ်သွားကြတာက ဖြစ်နိုင်တာပဲလေ"

ကျွန်တော်ကတော့ အနေခက်စွာနဲ့ပဲ ပြုံးပြလိုက်တာပေါ့။

"အင်း... အဲဒါတော့ ဟုတ်ပါတယ်"

"ပြီးတော့ လမ်းခွဲရင်လည်း ခွဲကြမှာပေါ့"

"ဟမ်"

ရှင်ယူရီက ပြုံးလိုက်ပြီး မတ်တတ်ထရပ်တယ်။

"ဘာပဲဖြစ်ဖြစ် ဒီနေ့တော့ ရုပ်ရှင်အတူတူ ကြည့်ကြရအောင်"

"အ-အင်း... ကြည့်ကြတာပေါ့"

ကျွန်တော်တို့က ကြိုတင်ဘွတ်ကင်လုပ်ထားတဲ့ ရုပ်ရှင်ကို ကြည့်ဖို့အတွက် ရုပ်ရှင်ရုံထဲကို ဝင်ခဲ့ကြတယ်။ အလုပ်ပိတ်ရက် မဟုတ်တဲ့ နေ့လယ်ခင်း ဖြစ်တာကြောင့် ပတ်ဝန်းကျင်မှာ လူသိပ်မရှိဘူး။

ဘာဖြစ်လို့လဲတော့မသိဘူး။ ကျွန်တော့်မှာ ရုပ်ရှင်ပေါ်ကို အာရုံစိုက်ဖို့ ခက်ခဲနေပါတယ်။

ရုပ်ရှင်စကတည်းက အချိန်ဘယ်လောက်တောင် ကုန်ဆုံးသွားခဲ့ပြီလဲ မသိဘူး။ ကျွန်တော် ဘေးကို လှမ်းကြည့်လိုက်တဲ့ အချိန်မှာတော့ ရှင်ယူရီက ငိုနေခဲ့တာကို တွေ့လိုက်ရတယ်။

ကျွန်တော်လည်း လန့်သွားခဲ့ရတာပေါ့။

"ဟေ့... ဘာဖြစ်လို့ ငိုနေတာလဲ"

ရှင်ယူရီက သူ့ရဲ့ လက်ဖမိုးနဲ့ မျက်ရည်တွေကို သုတ်လိုက်ရင်း ပြောတယ်။

"ရုပ်ရှင်က တအား ဝမ်းနည်းဖို့ကောင်းလွန်းလို့ပါ"

"......"

ရုပ်ရှင်စခရင်ပေါ်မှာတော့ ဧရာမ စက်ရုပ်ကြီးတွေက တစ်ကောင်နဲ့တစ်ကောင် အပြင်းအထန် တိုက်ခိုက်နေကြတာလေ။

သူက စက်ရုပ်ကြီးတွေအပေါ်မှာ စိတ်ခံစားချက်တွေ အများကြီးထားပြီး ကြည့်မိနေလို့များလား။

ရုပ်ရှင်ပြီးသွားတဲ့နောက်မှာတော့ ကျွန်တော်တို့ ထမင်းအတူတူ စားခဲ့ကြပြီး ရှင်ယူရီကို အိမ်အထိ လိုက်ပို့ပေးခဲ့တယ်။

နောက်ထိုင်ခုံမှာ တင်ထားခဲ့တဲ့ စျေးဝယ်အိတ်ကို ကျွန်တော် သူ့ဆီ ပေးလိုက်တယ်။

"ဒါက ဘာလဲဟင်"

"စမတ်ဖုန်းပါ။ ဥက္ကဋ္ဌ လင်ဂျင်ယုံဆီကနေ ရခဲ့တာ"

ရှင်ယူရီက ခေါင်းငြိမ့်ပြတယ်။

"ဪ... ကျွန်မ သတင်းထဲမှာ တွေ့လိုက်တယ်။ ဥက္ကဋ္ဌကြီး ကိုယ်တိုင် ဆိုင်မှာ လာဝယ်တာလို့ ပြောကြတယ်မလား"

ကျွန်တော်တို့တွေ ဆိုဆောင်း ဒစ်ဂျစ်တယ် ပလာဇာကို သွားခဲ့တဲ့ ကိစ္စက နိုင်ငံခြား မီဒီယာတွေမှာပင် ဖော်ပြခြင်း ခံခဲ့ရတာပါ။ ဆောင်း အီလက်ထရောနစ် ရဲ့ အမြင်ကနေ ကြည့်ရင်တော့ သူတို့က ပိုက်ဆံတစ်ပြားမှ မကုန်ဘဲနဲ့ အရောင်းမြှင့်တင်ရေးကို အလကား ရရှိသွားခဲ့တာပါ။ ဒါမှမဟုတ်ရင်လည်း ဥက္ကဋ္ဌကြီးရဲ့ အမြင်ကနေ ကြည့်ရင်တော့ ဒါက ဝမ်သန်းဂဏန်းလောက် ကုန်ကျစရိတ် ရှိခဲ့တာလို့များ တွေးနေမလား။

"သူက ရင်းနှီးတဲ့ သူငယ်ချင်းတွေကို မျှပြီး ပေးလိုက်ပါဦးလို့ ပြောထားလို့"

ရှင်ယူရီက ချက်ချင်းပဲ ပါကင်ကို ဖွင့်လိုက်ပြီး ဖုန်းကို ထုတ်ကြည့်လိုက်တယ်။

"ဝိုး... Rose Gold အရောင်ပဲ"

"နင် ဒီအရောင်ကို သဘောကျတယ်မလား"

မကြာခင်က ကျွန်တော်တို့ L6 ဖုန်း အတူတူ သွားဝယ်တုန်းက ရှင်ယူရီက Rose Gold အရောင်ကို ဝယ်ချင်ခဲ့ပေမဲ့ ပစ္စည်း ပြတ်နေလို့ မဝယ်ခဲ့ရဘူးလေ။ ဒါကြောင့်မလို့ ကျွန်တော်က သူ့အတွက် ဒီအရောင်ကို ရည်ရွယ်ချက်ရှိရှိနဲ့ ယူလာပေးခဲ့တာပါ။

"မှတ်မိနေပေးတာပဲ။ ကျေးဇူးတင်ပါတယ်"

"အင်း... ဒါက ငါ ပေးတာတော့ မဟုတ်ပါဘူး။ ငါ့ကို ကျေးဇူးတင်မယ့်အစား ဥက္ကဋ္ဌ လင်ကိုပဲ ကျေးဇူးတင်လိုက်ပါ"

"ဒါပေမဲ့လည်း ကျွန်မကို လာပေးတာက စီနီယာပဲလေ။ ဒါကြောင့် စီနီယာ့ကိုပဲ ကျေးဇူးတင်ချင်တာ"

ရှင်ယူရီက ကားပေါ်ကနေ ဆင်းခါနီးမှာ လှမ်းမေးတယ်။

"စီနီယာက အစ်မ အယ်လီနဲ့ လက်ထပ်မှာလား"

"ဟမ်"

ဒါက ဘာကို ဆိုလိုတာလဲ။

ရှင်ယူရီက တောက်ပစွာ ပြုံးပြလိုက်တယ်။

"နောက်တာပါ။ ဒါဆို နောက်မှ တွေ့မယ်နော်။ စီနီယာ"

"တာ့တာနော်"

ကျွန်တော်ကတော့ အိမ်ထဲကို ဝင်သွားတဲ့ ရှင်ယူရီရဲ့ ကျောပြင်ကို ကြည့်နေရင်းနဲ့ပဲ စဉ်းစားနေမိတယ်။

ဒီလိုမျိုးနဲ့ပဲ အဆင်ပြေပြေ ပြီးဆုံးသွားတာလား။

ကျွန်တော် တက်ဂယူနဲ့အတူ Golden Gate အဆောက်အဦးဆီကို ကူးလာခဲ့တယ်။ ရုံးခွဲမန်နေဂျာရဲ့ ရုံးခန်းထဲမှာတော့ အစ်မ ဟျွန်းဂျူးနဲ့ အယ်လီတို့ အတူတူ ရှိနေခဲ့ကြတာပါ။

ကျွန်တော်က စျေးဝယ်အိတ်ကို အယ်လီဆီ လှမ်းပေးလိုက်တယ်။

"ရော့... ဒီမှာ"

"ဒါက ဘာလဲဟင်"

"ဆောင်း အီလက်ထရောနစ် က စမတ်ဖုန်းလေ။ ဥက္ကဋ္ဌ လင်ဂျင်ယုံက လိုက်ပြီး ဝေပေးနေတာ"

အယ်လီက တအား သဘောကျသွားခဲ့တယ်။

"တကယ်လား။ ငါလည်း ကြော်ငြာကြည့်ပြီး တစ်လုံးလောက် လိုချင်နေတာနဲ့ အတော်ပဲ"

တက်ဂယူကလည်း စျေးဝယ်အိတ်ကို စားပွဲပေါ် တင်လိုက်တယ်။

"မမအတွက်လည်း တစ်လုံး ပါတယ်နော်"

အစ်မဟျွန်းဂျူးက သူကြည့်နေတဲ့ စာရွက်စာတမ်းတွေကို ပိတ်လိုက်ရင်း ပြောတယ်။

"ငါကတော့ Data ပြောင်းရမယ့် ကိစ္စတွေကိုလုပ်ရမှာမျိုး မလုပ်ချင်ဘူး"

"ကျွန်တော် ကူညီပေးမယ်လေ။ မမ။ အခုခေတ်မှာ ခလုတ်နှိပ်ရုံတင် လုပ်ရုံပဲလေ"

တက်ဂယူက ဆင်းကတ်ကို လဲထည့်ပေးပြီး Dataတွေကို ကူးပြောင်းပေးတယ်။ ဒါတင်မကသေးဘူး။ သူက ဖုန်းစခရင် protectorကိုပါ သေသေသပ်သပ် ကပ်ပေးလိုက်သေးတယ်။

ဘယ်သူပဲ ကြည့်ကြည့် သူက ဆိုဆောင်း အီလက်ထရောနစ် ရဲ့ ဝန်ထမ်းတစ်ယောက်လို့ ထင်ရလောက်တယ်။

ရုံးခန်းထဲက စားပွဲခုံတွေနဲ့ ကော်ဖီသောက်တဲ့ စားပွဲပေါ်မှာတော့ စာရွက်စာတမ်းတွေ တောင်လိုပုံနေပါတယ်။

"ဒါတွေက ဘာတွေလဲ"

အစ်မဟျွန်းဂျူးက စီဂရက်ကို ပါးစပ်မှာ ခဲထားရင်းနဲ့ ပြန်ဖြေတယ်။

"ဒါတွေက ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေက ထုတ်ပြန်ထားတဲ့ Cryptocurrencyဆိုင်ရာ အစီရင်ခံစာတွေလေ"

ကျွန်တော် တော်တော်လေး အံ့ဩသွားတယ်။

"တကယ်လား"

ပြီးခဲ့တဲ့ လအနည်းငယ်လောက်ကတင် ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်တွေက Cryptocurrencyတွေအပေါ် စိတ်ဝင်စားမှု သိပ်မရှိခဲ့ကြပါဘူး။ ဒါပေမဲ့ အခုချိန်မှာတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ပါပြီ။

ဈေးကွက်တန်ဖိုးက ဒေါ်လာ သန်း ၂သိန်း ကျော်အထိ ရှိလာခဲ့တာဖြစ်လို့ ဘယ်သူမှ လျစ်လျူရှုလို့မရတဲ့ ဈေးကွက်တစ်ခု ဖြစ်လာခဲ့တာပါ။ ကျွမ်းကျင်သူ တချို့ကဆိုရင် တစ်နှစ်အတွင်းမှာ Crypto ဈေးကွက်ရဲ့ ပမာဏက ဒေါ်လာ သိန်းပေါင်း ၁ကုဋေအထိ ကျော်လွန်သွားလိမ့်မယ်လို့ ခန့်မှန်းနေကြတယ်။

"ရင်းနှီးမြှုပ်နှံမှုဘဏ်တွေတင် မကဘူး။ ချီကာဂို option လဲလှယ်ရေးဌာန (COBE) ကလည်း Bitcoin အတွက် Futures tradingလုပ်ဖို့ စဉ်းစားနေကြတယ်"

"အမြတ်ထွက်မယ်လို့ ထင်တာနဲ့ လူတိုင်းက လှုပ်ရှားလာကြတာပဲနော်"

အယ်လီက ဝမ်းနည်းတဲ့ အမူအရာနဲ့ ပြောလာတယ်။

"ငါကတော့ ဒါတွေကို လိုက်ကြည့်နေရလို့ ညတိုင်း အချိန်ပိုတွေ ဆင်းနေရတယ်။ ဂျင်ဟူ... တစ်ခုခု ပြောပေးပါဦး"

"ငါကလား"

ငါ့မှာ ဘာလုပ်ပိုင်ခွင့် အာဏာ ရှိလို့လဲကွာ။

ကျွန်တော် စာရွက်စာတမ်းတစ်ခုကို ဒီအတိုင်း ကောက်ကိုင်ပြီး ကြည့်လိုက်တယ်။

ဒါက Merrill Lynch ကနေ ထုတ်ပြန်ထားတဲ့ အစီရင်ခံစာ ဖြစ်ပြီး အဲဒီထဲမှာ Blockchain ဆိုင်ရာ သဘောတရားတွေနဲ့အတူ ကွိုင်တစ်ခုချင်းစီရဲ့ အသေးစိတ် အင်္ဂါရပ်တွေနဲ့ ဂရပ်ဖ်တွေ ပါဝင်နေတာပါ။

ဒါ့အပြင် ဂျေပီမော်ဂန် ၊ မော်ဂန် စတန်းလေ ၊ Nomura Securities၊ Golden Gate နဲ့ ပြည်တွင်းက Securities ကုမ္ပဏီတွေက ထုတ်ပြန်ထားတဲ့ အစီရင်ခံစာတွေလည်း အများကြီး ရှိနေပါတယ်။

"ဒါတွေကို ဖတ်ပြီးတော့ ဘာတွေးမိလဲ"

"Blockchainနဲ့ Cryptocurrency ရဲ့ သဘောတရားတွေကိုတော့ နားလည်သွားပြီ။ ဒါပေမဲ့ ဈေးနှုန်းတွေက ဘာဖြစ်လို့ ဒီလောက်အထိ တက်နေလဲဆိုတာကိုတော့ နားမလည်နိုင်ဘူး ဖြစ်နေတာ"

"အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း နားမလည်ဘူး"

ဈေးနှုန်းတွေ တက်လာတာနဲ့အမျှ ဝယ်လိုအား ဖိအားတွေကလည်း လိုက်ပါလာပြီး ဈေးနှုန်းတွေက ဆက်တိုက် တက်နေခဲ့တာပါ။

လက်ရှိ စီးပွားရေး သီအိုရီတွေနဲ့တော့ အခုလိုမျိုး Cryptocurrencyတွေ မိုးပျံအောင် ဈေးတက်နေတာကို ရှင်းပြဖို့ မဖြစ်နိုင်ပါဘူး။

ဒီအကြောင်းရင်းကြောင့်ပဲ ထင်တယ်။ စီးပွားရေး ပညာရှင် အများစုနဲ့ ရင်းနှီးမြှုပ်နှံမှု ကျွမ်းကျင်သူ အများစုက ဒီ Crypto ရူးသွပ်မှုအပေါ် အပျက်သဘောမြင်တဲ့ အမြင်မျိုး ရှိနေကြတယ်။

Golden Gate လည်း ချွင်းချက် မဟုတ်ပါဘူး။

အာရှဘဏ်ခွဲရဲ့ အကြီးအကဲ ဖြစ်တဲ့ ချေ့ ဆောက်ဝဲ က Cryptocurrencyတွေက ကြီးမားတဲ့ ပူဖောင်း တစ်ခု ဖြစ်ပြီး သူကတော့ ဒါနဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေမှာ ဘယ်တော့မှ ရင်းနှီးမြှုပ်နှံမှာ မဟုတ်ဘူးလို့ ပြောခဲ့ဖူးတာလေ။

အစ်မ ဟျွန်းဂျူးက စီဂရက် သောက်ရင်းနဲ့ လှမ်းမေးတယ်။

"ဒီအခြေအနေက ဘယ်လောက်အထိ ဆက်ပြီး ကြာဦးမယ်လို့ နင် ထင်လဲ"

"အင်း... အဲဒါကိုတော့ ဘယ်သူမှ မသိနိုင်ဘူးလေ"

ပန်းတွေ ကြွေကျသွားပြီးတဲ့နောက်မှပဲ နွေဦးရောက်လာပြီဆိုတာကို သိကြရသလိုမျိုး လူတွေကလည်း ပူဖောင်းပေါက်မှုတွေ ဖြစ်လာပြီးတဲ့နောက်မှပဲ ပူဖောင်း ဖြစ်ခဲ့တာကို အသိအမှတ်ပြုကြတာပါ။ တကယ်လို့ ပူဖောင်းပေါက်မှု မရှိဘူးဆိုရင်တော့ ဒါက ပူဖောင်း မဟုတ်ပါဘူး။

ပြဿနာက Cryptocurrencyတွေရဲ့ တန်ဖိုးကို တိုင်းတာရမယ့် စံနှုန်း မရှိတာပါပဲ။ စတော့ဈေးကွက်မှာ သုံးလေ့ရှိတဲ့ PBR၊ PER၊ ROE စတဲ့ ညွှန်းကိန်းတွေက ဒီနေရာမှာတော့ လုံးဝ အဓိပ္ပာယ်မရှိပါဘူး။

တစ်နည်းအားဖြင့် ကြည့်ရင်တော့ ဒါက ဘာတန်ဖိုးမှ မရှိတာ ဖြစ်နိုင်သလို တခြားတစ်ဖက်က ကြည့်ရင်လည်း ကြီးမားတဲ့ တန်ဖိုး ရှိနေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ဈေးကွက်က ကြီးထွားလာတာနဲ့အမျှ စတော့ဈေးကွက်ရဲ့ IPO လုပ်ငန်းစဉ်တွေလိုမျိုးပဲ ကွိုင်အသစ်တွေကို မိတ်ဆက်တဲ့ ICO (Initial Coin Offering) တွေကလည်း တက်တက်ကြွကြွ ဖွံ့ဖြိုးလာခဲ့တယ်။

ကွိုင်အသစ် အမျိုးမျိုးလည်း ထွက်ပေါ်လာခဲ့တယ်။ ဒါတွေက ဈေးကွက်ထဲမှာ အခြေကျသွားပြီဆိုရင်တော့ သူတို့ရဲ့ တန်ဖိုးက အဆမတန် မြင့်တက်သွားတာက မဆန်းပါဘူး။

ကွိုင်အသစ်တွေ ထွက်ပေါ်လာတာနဲ့အမျှ ဘန့်ကွိုင် ရဲ့ ဝေစုက တဖြည်းဖြည်း လျော့နည်းလာခဲ့ပေမဲ့လည်း အကြီးဆုံး ကွိုင်တစ်ခုအနေနဲ့တော့ Crypto ဈေးကွက်ထဲမှာ အခြေခံငွေကြေးအဖြစ် ဆက်ပြီး ကြီးစိုးနေတုန်းပါပဲ။

တက်ဂယူက Dataတွေ ကူးပြောင်းလို့ ပြီးသွားတဲ့ ဖုန်းအသစ်တွေကို အစ်မ ဟျွန်းဂျူးနဲ့ အယ်လီတို့ဆီ လှမ်းပေးလိုက်တယ်။

"အခုချိန်မှာတော့ ဂိမ်းဆော့တဲ့ ကလေးတွေကော၊ ဖဲရိုက်ပြီး လောင်းကစားလုပ်တဲ့ လူတွေကော အားလုံးက ကွိုင်တွေနောက်ကို အရူးအမူး လိုက်နေကြတာ"

"ဘာဖြစ်လို့ ဖဲကစားတဲ့သူတွေက ပါတာလဲ"

"အွန်လိုင်း လောင်းကစားဆိုက်တွေမှာ Texas Hold'em ကစားပြီး ပိုက်ဆံရှာနေတဲ့ ကလေးတွေ ရှိလို့လေ"

အပြင်လူတွေအတွက်တော့ ဖဲကစားတာက ကံစမ်းမဲလိုမျိုး ထင်ရနိုင်ပေမဲ့ လက်တွေ့မှာတော့ ဒါက ကံတရားထက်စာရင် ကျွမ်းကျင်မှု အများကြီး လိုအပ်တဲ့ ဦးနှောက်သုံး အားကစားနည်းတစ်ခုနဲ့ ပိုတူပါတယ်။

ပွဲတစ်ပွဲ နှစ်ပွဲလောက်မှာတော့ ကံကောင်းတဲ့ အတွေ့အကြုံမရှိသူက ပိုက်ဆံနိုင်နိုင်ပေမဲ့ ပွဲတွေ အများကြီး ကစားလာတဲ့ အခါကျရင်တော့ ကျွမ်းကျင်တဲ့ ကစားသမားတွေကပဲ အပေါ်စီးက ရနေမှာ ဖြစ်လို့ပါ။

ဒါကြောင့်မလို့ ပရော်ဖက်ရှင်နယ် ဖဲကစားသမားတွေနဲ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲတွေ ရှိနေကြတာပေါ့။

ဒါပေမဲ့...

"ဒါက တရားမဝင်ဘူး မဟုတ်လား"

"သူတို့က နိုင်ငံခြား လောင်းကစားဆိုက်တွေကို ဝင်ပြီး ကစားကြတာလေ။ ပြီးတော့ ဖဲကစားတဲ့ အခန်းတွေ ဖွင့်ဖို့အတွက် အဖွဲ့တွေတောင် ဖွဲ့ထားကြသေးတယ်"

တောင်ကိုရီးယားမှာတော့ လောင်းကစားနဲ့ ပတ်သက်ပြီး စည်းကမ်းချက်တွေ တအား တင်းကြပ်တာပါ။

ဂန်ဝမ်ပြည်နယ် ဂျောင်ဆွန်းမှာပဲ ပြည်တွင်းက လူတွေအတွက် ကာစီနိုတစ်ခု ရှိပြီး ကျန်တဲ့ ကာစီနို အမျိုးအစား အားလုံးက တရားမဝင်ပါဘူး။ အွန်လိုင်း ကာစီနိုတွေလည်း တရားမဝင်တာ အတူတူပါပဲ။

ဆန့်ကျင်ဘက်အနေနဲ့ တချို့နိုင်ငံတွေမှာတော့ အွန်လိုင်း ကာစီနိုတွေကို ခွင့်ပြုထားကြတာ ရှိပါတယ်။

ဒါပေမဲ့ နိုင်ငံခြားမှာ တရားဝင်တဲ့ ဆိုက်ဖြစ်နေပါစေဦးတော့ ပြည်တွင်းကလူတွေက အဲဒီဆိုက်ကို ဝင်ပြီး ကစားတာက တရားမဝင်ပါဘူး။ နိုင်ငံခြားကထုတ်တဲ့ အပြာစာပေတွေက ပြည်တွင်းမှာ တရားမဝင်သလိုမျိုးပေါ့။

"ဒီဆိုက်တွေကို ကမ္ဘာတစ်ဝန်းက ဖဲကစားသမားတွေ ဝင်သုံးနေကြတာဖြစ်လို့ လောင်းကြေးငွေ လွှဲပြောင်းရမယ့် လုပ်ငန်းစဉ်က တော်တော်လေး ရှုပ်ထွေးခဲ့တာ။ ခွင့်ပြုချက် ရဖို့အတွက် အချိန်အကြာကြီး စောင့်ရတယ်လေ။ ဒါကြောင့်မလို့ တချို့ဆိုက်တွေက ငွေလွှဲမယ့်အစား ဘန့်ကွိုင်ကို အစားထိုးပြီး သုံးနေခဲ့ကြတာ ကြာပြီ"

ဒီအခြေအနေက အပြည်ပြည်ဆိုင်ရာ ဂိမ်းပစ္စည်းတွေ ကုန်သွယ်မှု ဈေးကွက်မှာလည်း တူညီပါတယ်။

ရလဒ်အနေနဲ့ ဂိမ်းဆော့တဲ့သူတွေ ဒါမှမဟုတ် လောင်းကစားဆိုက်တွေကို ဝင်သုံးတဲ့သူတွေက Cryptocurrencyနဲ့ အရင်ဆုံး ထိတွေ့ခွင့် ရရှိခဲ့ကြတာပေါ့။

တက်ဂယူ ကိုယ်တိုင်လည်း Cryptocurrencyဆိုတာ ဘာမှန်း မသိသေးတဲ့ အချိန်တုန်းက ဂိမ်းဇာတ်ကောင်တွေနဲ့ ဂိမ်းပစ္စည်းတွေကို ရောင်းချရင်းနဲ့ ဘန့်ကွိုင်တွေကို ရရှိခဲ့ဖူးတာလေ။

"အခုဆိုရင် သန်းထောင်နဲ့ချီပြီး ချမ်းသာသွားတဲ့ ကလေးတွေ ရှိနေပြီ။ မနေ့ကတင် အခန်းကျဉ်းလေးထဲမှာ ဖဲကစားနေခဲ့တဲ့ ကလေးက အခုဆိုရင် Bentley ဒါမှမဟုတ် Lamborghiniကားတွေကို မောင်းနေကြပြီလေ"

၁ ဝမ် ဒါမှမဟုတ် ၂ ဝမ်နဲ့ ဝယ်ထားခဲ့တဲ့ ကွိုင်တွေက အဆပေါင်းများစွာ မြင့်တက်သွားပြီး နေ့ချင်းညချင်း သူဌေးဖြစ်သွားတယ်ဆိုတာက အိပ်မက် မဟုတ်တော့ပါဘူး။

ကွန်ပျူတာရှေ့မှာ ထိုင်ပြီး တစ်နေ့လုံး ဖဲကစားနေရင်တောင်မှ အမြတ်နှစ်ဆရဖို့က ခက်ခဲပါတယ်။ ဒါပေမဲ့ Cryptocurrencyတွေကတော့ ရက်ပိုင်းအတွင်းမှာတင် အဲဒီပမာဏရဲ့ အဆပေါင်းများစွာကို ရှာပေးနိုင်တာလေ။

အွန်လိုင်း လောင်းကစားက တရားမဝင်ပေမဲ့ Cryptocurrencyတွေကတော့ တရားဝင်ပါတယ်။

အသုံးပြုသူတွေက Crypto လဲလှယ်ရေးဌာနတွေဆီ ရွှေ့ပြောင်းသွားကြတာကြောင့် လောင်းကစားဆိုက်တွေက အသုံးပြုသူတွေ လျော့နည်းသွားပြီး ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်။

အစိုးရက ဘယ်လောက်ပဲ နှိမ်နင်းပါစေဦးတော့ အရင်က မမိခဲ့တဲ့ လောင်းကစားဆိုက်တွေက Cryptocurrencyကြောင့်ပဲ အလိုအလျောက် ပိတ်လိုက်ကြရတော့တာပဲ။

အစ်မ ဟျွန်းဂျူးကတော့ မယုံနိုင်စရာ ဖြစ်နေတဲ့ ပုံစံနဲ့ ကြည့်နေခဲ့တယ်။

"ကမ္ဘာကြီးကတော့ ရူးသွပ်သွားခဲ့ပြီပဲ"

"အင်တာနက် ပထမဆုံး ပေါ်လာတုန်းကလည်း ဒီလိုပဲ မဟုတ်ဘူးလား။ အွန်လိုင်းကနေ စျေးဝယ်တာတွေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေ လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူမှ ထင်ထားခဲ့ကြတာမဟုတ်ဘူး"

"Blockchainနဲ့ Cryptocurrencyက တကယ်ပဲ အဲလောက်အထိ အရေးပါလို့လား"

"အရေးကြီးတာက ဒါကို ယုံကြည်တဲ့လူတွေ ရှိနေတာပဲလေ"

ဈေးနှုန်းဆိုတာက ကျွန်တော်တို့ သတ်မှတ်တဲ့ တန်ဖိုးအပေါ်မှာ မူတည်တာ မဟုတ်ဘဲ တခြားလူတွေက ဒါကို ဘယ်လောက်အထိ တန်ဖိုးထားလဲဆိုတဲ့အပေါ်မှာပဲ မူတည်တာပါ။

ဒီ Crypto ရူးသွပ်မှုက ကမ္ဘာလုံးဆိုင်ရာ ဖြစ်စဉ်တစ်ခု ဖြစ်ပေမဲ့ တောင်ကိုရီးယားကတော့ ပိုပြီး စိတ်အားထက်သန်ကြပါတယ်။

Cryptocurrency ဈေးနှုန်းတွေက လဲလှယ်ရေးဌာနတစ်ခုနဲ့တစ်ခု ကြားထဲမှာ တိုက်ရိုက် ဆက်စပ်မှု မရှိပါဘူး။ ဒါကြောင့်မလို့ ကွိုင်တစ်ခုတည်း ဖြစ်နေရင်တောင်မှ လဲလှယ်ရေးဌာနတွေအပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားချက်တွေ ရှိနိုင်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတာက တောင်ကိုရီးယားမှာ ရှိတဲ့ Crypto ဈေးနှုန်းတွေက တခြားနိုင်ငံတွေထက်စာရင် သိသိသာသာကို ပိုပြီး မြင့်မားနေတာပါ။ Bitcoinတစ်ခုတည်းကိုပဲ ကြည့်ရင်တောင်မှ လက်ရှိ အမေရိကန် ဈေးနှုန်းထက် ၇ ရာခိုင်နှုန်းကျော် ပိုပြီး ဈေးကြီးနေသလို တခြားကွိုင်တွေကလည်း ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက်အထိ ပိုပြီး မြင့်မားတဲ့ ဈေးနဲ့ အရောင်းအဝယ် ဖြစ်နေကြတာလေ။

ဒါကို "ကင်ချီ ပရီမီယံ" လို့ ခေါ်ကြပြီး ကိုရီးယားရဲ့ အကျိုးအကြောင်းမရှိ ရူးသွပ်မှုအပေါ် နိုင်ငံခြားကပါ စိတ်ဝင်စားမှုတွေ ရှိလာခဲ့တယ်။

"ကိုရီးယားမှာပဲ ဘာဖြစ်လို့ ဒီလောက်အထိ ဈေးကြီးပြီး အရောင်းအဝယ် ဖြစ်နေရတာလဲ"

"ပထမဆုံးအနေနဲ့ အရေးကြီးဆုံး အကြောင်းရင်းကတော့ စျေးနှုန်းကွာဟချက်ကို အသုံးချပြီး အမြတ်ထုတ်တဲ့ ကုန်သွယ်မှု (Arbitrage) က ပိတ်ဆို့ခံထားရလို့ပဲ"

ထုတ်ကုန်ချင်း တူညီနေရင်တောင်မှ အကြောင်းအမျိုးမျိုးကြောင့် ဈေးကွက်တွေကြားထဲမှာ ဈေးနှုန်း ကွာခြားနိုင်ပါတယ်။ ဒီလို အခြေအနေမျိုးမှာ လူတွေက ဈေးသက်သာတဲ့ ဈေးကွက်မှာ သွားဝယ်ပြီး ဈေးကြီးတဲ့ ဈေးကွက်မှာ ပြန်ရောင်းချကြတာပေါ့၊ ဒါကို Arbitrage လို့ ခေါ်တာပါ။

အဲဒီလိုမျိုး ဆက်တိုက် လုပ်ဆောင်လာကြတဲ့ အခါကျတော့ ဈေးသက်သာတဲ့ ဈေးကွက်မှာ ဝယ်လိုအား တက်လာလို့ ဈေးနှုန်း မြင့်တက်လာပြီး ဈေးကြီးတဲ့ ဈေးကွက်မှာတော့ လာရောင်းကြလို့ ဈေးနှုန်း ပြန်ကျသွားတာကြောင့် ဈေးကွက် နှစ်ခုကြားထဲမှာ ဈေးနှုန်းချင်း တူညီသွားတတ်ပါတယ်။

သီအိုရီအရဆိုရင်တော့ ဈေးပိုပြီး သက်သာတဲ့ အမေရိကန် ဒါမှမဟုတ် ဂျပန် လဲလှယ်ရေးဌာနတွေမှာ Bitcoinလိုမျိုး Cryptocurrencyတွေကို ဝယ်ယူပြီး ဈေးပိုကြီးတဲ့ ကိုရီးယား လဲလှယ်ရေးဌာနမှာ ပြန်ရောင်းချခြင်းအားဖြင့် ဈေးနှုန်းကွာခြားချက်ကနေ အမြတ်ထုတ်လို့ ရတယ်လေ။

ဒါပေမဲ့ နိုင်ငံခြား လဲလှယ်ရေးဌာနတွေကို သုံးဖို့အတွက်ကတော့ နိုင်ငံခြားမှာ အကောင့်ဖွင့်ရမှာ ဖြစ်သလို ငွေလွှဲရမှာလည်း ဖြစ်တာကြောင့် ဒါက မလွယ်ကူသလို ငွေလဲလှယ်ခနဲ့ ငွေလွှဲခတွေလည်း ကုန်ကျမှာပါ။

နိုင်ငံခြား လဲလှယ်ရေးဌာနကနေ ဝယ်လာတဲ့ Bitcoinကို ကိုရီးယား လဲလှယ်ရေးဌာနဆီ ပြန်ပြီး ရွှေ့ပြောင်းတဲ့ နေရာမှာလည်း အတူတူပါပဲ။ ကုန်ဆုံးမယ့် အချိန်နဲ့ အဖိုးအခတွေကို တွက်ချက်ကြည့်လိုက်ရင်တော့ ကိုရီးယားမှာ တိုက်ရိုက် ဝယ်တာနဲ့ စုစုပေါင်း ကုန်ကျစရိတ်ချင်းက သိပ်ပြီး ကွာခြားမှု မရှိပါဘူး။

နိုင်ငံခြားကနေ ဝင်လာမယ့် ထောက်ပံ့မှုက အကန့်အသတ် ရှိနေပြီး ဝယ်လိုအားကတော့ ဆက်တိုက် တိုးပွားနေတာကြောင့် ပရီမီယံ ဈေးနှုန်းတွေက မြင့်တက်နေခဲ့တာပဲ ဖြစ်ပါတယ်။

"ဈေးနှုန်းတွေက ဆက်ပြီး တက်နေသရွေ့တော့ ပရီမီယံ ရှိနေတာက ပြဿနာ မဟုတ်ပါဘူး"

အခုချိန်မှာတော့ တကယ်ကို ဈေးကွက်ကောင်းနေတဲ့ အချိန် (Bull market) ပါပဲ။ ဘယ်ကွိုင်ကိုပဲ ဝယ်ဝယ် တန်ဖိုးက တက်လာမှာပဲလေ။

စတော့ဈေးကွက်လိုမျိုး ရုံးဖွင့်ရက်တွေမှာပဲ နံနက် ၉ နာရီကနေ ညနေ ၃ နာရီခွဲအထိ ဖွင့်တာမျိုး မဟုတ်ဘဲ Crypto ဈေးကွက်ကတော့ ၂၄ နာရီပတ်လုံး ဖွင့်ထားတာပါ။

ဒါ့အပြင် သတင်းထုတ်ပြန်ရမယ့် စနစ်တွေ ဒါမှမဟုတ် စည်းကမ်းချက် အမျိုးမျိုးလည်း မရှိသလို ဈေးနှုန်း ကန့်သတ်ချက်တွေလည်း မရှိပါဘူး။ ဈေးနှုန်းတွေက တစ်ရက်ထဲမှာတင် အဆပေါင်းများစွာ တက်သွားတာ ဒါမှမဟုတ် ကျသွားတာမျိုးတွေ တကယ်ကို ဖြစ်နိုင်တာပါ။

ဒီအချက်တွေကို ကြည့်ရင်တော့ ဒါက လောင်းကြေးကြီးတဲ့ လောင်းကစားပွဲတစ်ခုနဲ့ တော်တော်လေး တူနေပါတယ်။

လောင်းကစားဆိုက်တွေ တစ်ခုပြီးတစ်ခု ဘုန်းဘုန်းလဲကုန်ကြတာလည်း မဆန်းပါဘူး။

အစ်မ ဟျွန်းဂျူးက စိတ်ပျက်တဲ့ လေသံနဲ့ ပြောတယ်။

"အခွင့်အရေး ရှိတုန်းက ငါ ရင်းနှီးမြှုပ်နှံထားခဲ့သင့်တာ"

K ကုမ္ပဏီက Cryptocurrencyတွေမှာ အများကြီး ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တုန်းက အစ်မ ဟျွန်းဂျူးက ဈေးကွက်ရဲ့ မရေရာမှုတွေအပေါ် စိုးရိမ်ပူပန်မှုတွေ အများကြီး ပြသခဲ့ဖူးတာလေ။

ဒါပေမဲ့ ပူဖောင်းပေါက်သွားရမယ့်အစား နောက်ပိုင်းမှာ မယုံနိုင်စရာကောင်းလောက်အောင် ဈေးနှုန်းတွေ မြင့်တက်လာခဲ့တာဖြစ်လို့ စတော့ဈေးကွက်ရဲ့ မြင့်တက်မှုတွေထက်တောင်မှ အပြတ်အသတ် သာလွန်သွားခဲ့တာပေါ့။

ဒါတွေကြောင့်မလို့ ကျွန်တော်တို့လည်း အမြတ်အစွန်းတွေ အများကြီး ရရှိထားပြီး ဖြစ်ပါတယ်။

အစ်မ ဟျွန်းဂျူးက စိတ်ရှုပ်ထွေးနေတဲ့ ပုံစံနဲ့ စီဂရက်ကို ပြာခွက်ထဲမှာ ဖိခြေပြီး မီးသတ်လိုက်တယ်။

"အခုချိန်မှာ ရင်းနှီးမြှုပ်နှံရင်ကော အဆင်ပြေပါ့မလား"

"အင်း... ဈေးကွက် ပမာဏက ကြီးထွားလာခဲ့တယ် ဆိုပေမဲ့လည်း စတော့တွေ ဒါမှမဟုတ် စာချုပ်တွေနဲ့တော့ နှိုင်းယှဉ်လို့ မရသေးဘူး။ Bitcoinတွေနဲ့ တခြား ကွိုင်အသစ် (Altcoin) တွေ အားလုံးကို ပေါင်းလိုက်ရင်တောင်မှ ဆောင်း အီလက်ထရောနစ် ရဲ့ ဈေးကွက်တန်ဖိုးကို မမီသေးဘူးလေ"

ဒါကို ကြားတော့ တက်ဂယူက ကြားထဲက ဝင်ပြောတယ်။

"ကျွန်တော်လည်း အရင်က Bitcoin တစ်ခုကို ဒေါ်လာ တစ်ထောင်ကျော်တုန်းက တကယ့်ကို ရူးသွပ်မှုပဲလို့ ထင်ခဲ့တာ"

" Dot-com bubble ပြီးရင် အကြီးမားဆုံး ပူဖောင်းလို့ ပြောကြတာကလည်း အကြောင်းမဲ့တော့ မဟုတ်ဘူးပေါ့"

ဈေးကွက် ပမာဏက စတော့ဈေးကွက်ထက် သေးငယ်နိုင်ပေမဲ့ ကွိုင်တစ်ခုချင်းစီရဲ့ မြင့်တက်မှုကို ကြည့်မယ်ဆိုရင်တော့ ဒါက Dot-com bubbleထက်တောင်မှ ပိုပြီး ပြင်းထန်တဲ့ အဆင့်မှာ ရှိနေတာပါ။

ဒီ ပူဖောင်းက နောက်ဆုံးမှာ ဘယ်နေရာကနေ ပြီးဆုံးသွားမှာလဲ။

"ဒါပေမဲ့ တကယ့် မြင့်တက်မှုက အခုမှ စတာလည်း ဖြစ်နိုင်တာပဲလေ။ ကျွန်တော်တို့ စီမံခန့်ခွဲနေတဲ့ ပိုင်ဆိုင်မှုတွေထဲက အစိတ်အပိုင်း အနည်းငယ်လောက်ကိုပဲ ရင်းနှီးမြှုပ်နှံကြည့်တာကတော့ မဆိုးပါဘူး"

"အင်း..."

အစ်မ ဟျွန်းဂျူးကတော့ သံသယရှိနေဆဲ ပုံစံပါပဲ။ အဲဒီအချိန်မှာ တက်ဂယူက ဝင်ပြောတယ်။

"ဂျင်ဟူ ပြောတာကို နားထောင်လိုက်ပါ။ မမရယ်"

အယ်လီကလည်း သဘောတူတယ်။

"ဟုတ်တယ်လေ။ ဂျင်ဟူ ပြောတာကို နားထောင်လို့ ဘယ်တုန်းက အရှုံးပေါ်ဖူးလို့လဲ"

အစ်မ ဟျွန်းဂျူးက သေသေချာချာ စဉ်းစားပြီးတဲ့နောက်မှာတော့ ခေါင်းညိတ်ပြတယ်။

ဖောက်သည်တွေရဲ့ ပိုက်ဆံကိုတော့ မရေရာတဲ့ ဈေးကွက်ထဲကို ဒီအတိုင်း အတင်းတွန်းပို့လို့ မရပါဘူး။ ကံကောင်းတာက ကိုရီးယား ရုံးခွဲမှာ ငွေသားတချို့ကို အရန်သင့် အနေနဲ့ သိမ်းဆည်းထားနိုင်ခဲ့တာပါပဲ။

အစ်မ ဟျွန်းဂျူးက စာချုပ်တွေ ရောင်းချလို့ ရလာတဲ့ ပိုက်ဆံတွေနဲ့ ကုမ္ပဏီရဲ့ အမြတ်ငွေတွေထဲကနေ ဝမ် သန်း ၃သောင်းလောက်ကို စုစည်းလိုက်တယ်။ အဲဒီနောက်မှာတော့ သူက Bitcoinတွေနဲ့အတူ ICO လုပ်ဖို့ ပြင်ဆင်နေတဲ့ ကွိုင်အသစ်တွေကို တိတ်တဆိတ် ဝယ်ယူလိုက်ပါတော့တယ်။

အခန်း (၁၅၂)

ရာသီဥတုကတော့ နွေဦးကာလကို အပြည့်အဝ ရောက်ရှိနေခဲ့ပါပြီ။

ဒါပေမဲ့ ကျွန်တော်တို့ နွေဦးနေခြည်ကို ကောင်းကောင်းမခံစားရခင်မှာတင် တရုတ်နိုင်ငံကနေ တိုက်ခတ်လာတဲ့ ဝါကျင်ကျင် ဖုန်မှုန့်တွေနဲ့ အမှုန်အမွှားတွေက ရောက်ရှိလာခဲ့တယ်။ ဖုန်မှုန့်တွေကို သတိထားကြဖို့နဲ့ ပြင်ပလှုပ်ရှားမှုတွေကို လျှော့ချကြဖို့ တိုက်တွန်းထားတဲ့ ဘေးအန္တရာယ် သတိပေးချက်တွေကလည်း ဆက်တိုက် ရောက်လာခဲ့တယ်။

အခြေအနေ ဆိုးရွားတဲ့ရက်တွေမှာဆိုရင် Mask မပါဘဲ အပြင်ထွက်ဖို့တောင် မလွယ်ကူပါဘူး။ ဆေးဆိုင်တွေနဲ့ စတိုးဆိုင်တွေမှာ Mask တွေက မုန့်လိုမျိုး တရစပ် ရောင်းထွက်နေတာပါ။

ကုမ္ပဏီမှာလည်း လေထုသန့်စင်စက်တွေကို အစွမ်းကုန် ဖွင့်ထားရပြီး ဝန်ထမ်းတွေကို Mask တွေ လိုက်ဝေပေးခဲ့ရတယ်။ Mask ပါကင်ကို သေချာကြည့်လိုက်တော့မှ တရုတ်နိုင်ငံထုတ် ဖြစ်နေတာကို သတိထားမိခဲ့တယ်။

တက်ဂယူက စိတ်ဝင်တစားနဲ့ ပြောလာတယ်။

"သူတို့က ဖုန်မှုန့်တွေကိုကော၊ Mask တွေကိုပါ အကုန် တွဲပြီး တင်ပို့နေတာပဲ"

ကျွန်တော်လည်း သဘောတူတဲ့အနေနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။

"ဒါက တကယ့်ကို ဖန်တီးမှုဆန်းသစ်တဲ့ စီးပွားရေးပဲ"

ပိုပြီးဆိုးရွားလာတဲ့ ဖုန်မှုန့်ပြဿနာကို လျှော့ချဖို့အတွက်ဆိုရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကားတွေကို ကျယ်ကျယ်ပြန့်ပြန့် မြှင့်တင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့တွေဟာ လျှပ်စစ်ကားတွေကို အမြန်ဆုံး ထုတ်လုပ်ပြီး ကမ္ဘာတစ်ဝန်းမှာ ရောင်းချရမှာပါ။

ဒါရီလ် ဆီကို အတော်ကြာမှ ပထမဆုံးအကြိမ်အဖြစ် ကျွန်တော် Video Call ခေါ်လိုက်တယ်။ သူက အလုပ်တွေ တအားပန်းနေလို့ ထင်တယ်။ တော်တော်လေး နွမ်းနယ်နေတဲ့ ပုံစံပေါက်နေပြီး ဆံပင်တွေလည်း နည်းနည်းပါးသွားသလိုပဲ။

OTK Company ကနေ ရင်းနှီးမြှုပ်နှံထားတဲ့ ကုမ္ပဏီတွေထဲမှာ အမြတ်ထွက်နေတဲ့ ကုမ္ပဏီတွေ ရှိသလို အရှုံးပေါ်နေတာတွေလည်း ရှိပါတယ်။

အထိနာဆုံး ကုမ္ပဏီကတော့ တခြားနေရာကရတဲ့ အမြတ်တွေထက် ပိုပြီး အရှုံးပေါ်နေတဲ့ CarOS ကုမ္ပဏီပဲ ဖြစ်တာပေါ့။ အမြတ်ငွေ ရာခိုင်နှုန်း တိုးပေးဖို့ တောင်းဆိုချက်ကို ငြင်းပယ်လိုက်ကတည်းက အရောင်းကိုယ်စားလှယ်တွေနဲ့ ဆက်ဆံရေးက ပျက်ပြားသွားခဲ့ပြီး အရောင်းပမာဏကလည်း ထိုးဆင်းသွားခဲ့ရတယ်။ ထုတ်ကုန်တွေက ပုံနေပြီး အရောင်းအဝယ်က မရှိတော့တဲ့အတွက် စက်ရုံရဲ့ လုပ်ငန်းတချို့ကိုလည်း ရပ်ဆိုင်းလိုက်ရတယ်။ ထုတ်လုပ်မှုတွေ ရပ်တန့်သွားတာကြောင့် ဝန်ထမ်းတွေလည်း ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့ကြတာပေါ့။

ကံကောင်းတာကတော့ ကားအသစ်တွေကို တီထွင်မှုက လျင်လျင်မြန်မြန် တိုးတက်နေတာပါပဲ။

Chrysler က စီမံခန့်ခွဲမှု အကြပ်အတည်း တော်တော်များများကို ဖြတ်သန်းခဲ့ရပြီး သူတို့ရဲ့ ကားမော်ဒယ်တွေကို အကြီးအကျယ် ပြုပြင်ပြောင်းလဲခဲ့တယ်။ ဒါကြောင့်မလို့ လက်ရှိ အရောင်းဈေးကွက်ထဲမှာ ရှိတဲ့ မော်ဒယ်အရေအတွက်က ကန့်သတ်ချက် ရှိနေခဲ့တာပါ။

Chryslerက အဲဒီမော်ဒယ်ဟောင်းတွေကို လုံးဝရပ်ဆိုင်းလိုက်ပြီး CarOS အမှတ်တံဆိပ်အောက်မှာ ကားအသစ်နှစ်စီး ထုတ်လုပ်ဖို့ စီစဉ်နေကြတယ်။ အဲဒီကားအသစ်တွေကတော့ တီထွင်မှုကုန်ကျစရိတ်ကို လျှော့ချဖို့အတွက် တူညီတဲ့ ပလက်ဖောင်းကို အသုံးပြုထားတဲ့ အလတ်စား Sedan တစ်စီးနဲ့ SUV တစ်စီးတို့ပဲ ဖြစ်ပါတယ်။

အင်ဂျင်ကိုတော့ အတတ်နိုင်ဆုံး မြှင့်တင်ထားပြီး ဂီယာစနစ်ကိုတော့ ကုမ္ပဏီတွင်းမှာ ကိုယ်တိုင်မတီထွင်တော့ဘဲ ဂျာမနီကုမ္ပဏီတစ်ခုဆီ ကနေ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ကြတာတယ်။

အစပိုင်းမှာတော့ လောင်စာဆီသုံး ကားတွေကိုပဲ စတင်ထုတ်လုပ်မှာ ဖြစ်ပေမဲ့ စက်ရုံအသစ် ပြီးစီးသွားလို့ ဘတ္ထရီ ထောက်ပံ့မှု သေချာသွားပြီဆိုရင်တော့ လျှပ်စစ်ကား ထုတ်လုပ်ရေးကိုပဲ အဓိက အာရုံစိုက်သွားဖို့ စီစဉ်ထားပါတယ်။

ကားမော်ဒယ်အသစ်တွေ ဖြစ်နေပေမဲ့ စွမ်းဆောင်ရည်ပိုင်း ဒါမှမဟုတ် ဆီစားသက်သာမှုပိုင်းမှာ တခြားကားထုတ်လုပ်ရေး ကုမ္ပဏီတွေကို သိသိသာသာကြီး အသာစီးရနိုင်မှာတော့ မဟုတ်ပါဘူး။

ဒါပေမဲ့လည်း ကားလုပ်ငန်းနယ်ပယ်မှာ Level 4 အဆင့်ရှိတဲ့ အလိုအလျောက် မောင်းနှင်မှုနည်းပညာကို ပထမဆုံးအကြိမ်အဖြစ် ထည့်သွင်းဖော်ပြသွားမှာပါ။ ဆော့ဖ်ဝဲလ်ကိုတော့ တီထွင်ပြီးသား ဖြစ်သလို စမ်းသပ်မောင်းနှင်မှုတွေကိုလည်း အောင်မြင်စွာ အဆုံးသတ်ထားပြီးသားလေ။

ကျွန်တော်တို့ လိုချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ နီးစပ်နေပြီလို့ ထင်ရပေမဲ့ ဒါကို အများအပြား ထုတ်လုပ်မယ့် ကားတွေထဲမှာ ထည့်သွင်းဖို့ကတော့ လွယ်ကူတဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။

ဆော့ဖ်ဝဲလ်က အပြစ်ပြောစရာမရှိအောင် အလုပ်လုပ်နိုင်ဖို့အတွက် Hardwareရဲ့ စွမ်းဆောင်ရည်က အခြေခံကောင်း ဖြစ်နေရပါမယ်။ ကံကောင်းတာကတော့ ကျွန်တော်တို့ရဲ့ မိတ်ဖက်က တခြားသူမဟုတ်ဘဲ ဆိုဆောင်း အီလက်ထရောနစ် ဖြစ်နေတာပါပဲ။

ဆိုဆောင်း အီလက်ထရောနစ် က ကမ္ဘာ့အဆင့်မီ အီလက်ထရောနစ် ထုတ်လုပ်မှုနည်းပညာကို ပိုင်ဆိုင်ထားပြီး ကားအီလက်ထရောနစ် စီးပွားရေးနယ်ပယ်ထဲကို ဝင်ရောက်ဖို့အတွက် အချိန်အကြာကြီး ပြင်ဆင်လာခဲ့တာ ဖြစ်လို့ အလုပ်တွေက ချောချောမွေ့မွေ့ ပြီးမြောက်နေခဲ့တာပါ။

လက်ရှိ Silicon Valley မှာတော့ ကားရဲ့ ဆော့ဖ်ဝဲလ်ကော Hardwareပါ စွမ်းဆောင်ရည် အမြင့်ဆုံး ဖြစ်လာစေဖို့အတွက် CarOS နဲ့ ဆိုဆောင်း အီလက်ထရောနစ် က သုတေသီတွေ ပူးပေါင်းပြီး လုပ်ဆောင်နေကြပါတယ်။

"ပြဿနာက ကုန်ကျစရိတ်ပဲ။ စမ်းသပ်မောင်းနှင်တဲ့ ကားအတွက်တင် Hardware ကုန်ကျစရိတ်က ဒေါ်လာ တစ်သိန်းလောက် ရှိနေတယ်"

အဲဒီကားမှာ မောင်းနှင်သူရဲ့ မျက်စိနဲ့ နားနေရာမှာ အစားထိုးဖို့အတွက် ကားသုံး AP Exalus Auto၊ Semiconductor အမျိုးမျိုး၊ အချက်အလက်တွေ လုပ်ဆောင်ဖို့ ဆက်သွယ်ရေး ကိရိယာတွေနဲ့အတူ 3D ကင်မရာ၊ LiDAR၊ ရေဒါနဲ့ အာထရာဆောင်းလိုမျိုး Sensorsတွေကို ကားရဲ့ အရှေ့ဘက်နဲ့ ဘေးဘက်-အနောက်ဘက်တွေမှာ တပ်ဆင်ထားမှာပါ။

"အဓိက သော့ချက်ကတော့ အများအပြား ထုတ်လုပ်မှုနဲ့ နည်းပညာ တိုးတက်မှုတွေကနေတစ်ဆင့် ကုန်ကျစရိတ်ကို ဘယ်လောက်အထိ လျှော့ချနိုင်မလဲဆိုတဲ့ အပေါ်မှာပဲ မူတည်လိမ့်မယ်"

သေချာစဉ်းစားကြည့်ရင်တော့ အဆင့်မြင့်နည်းပညာတွေကို အကောင်အထည်ဖော်ဖို့ လိုအပ်တဲ့ Hardwareတွေက အမြဲတမ်း ဈေးကြီးလေ့ ရှိပါတယ်။ ကိုးဆယ်ကျော်ကာလ အစောပိုင်းတုန်းက 386 ကွန်ပျူတာတစ်လုံးကို ဝမ် ၅ သန်းကျော် (ငွေကြေးဖောင်းပွမှုကို ထည့်တွက်ရင် အခုခေတ်မှာ ဝမ် ၁၀ သန်းကျော်နဲ့ ညီမျှပါတယ်) အထိ ပေးခဲ့ရတာလေ။

ဒါပေမဲ့ အခုချိန်မှာတော့ အဲဒီဈေးနှုန်းရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိတဲ့ ပမာဏနဲ့ စွမ်းဆောင်ရည် အဆပေါင်း ရာနဲ့ချီပြီး သာလွန်တဲ့ ကွန်ပျူတာတစ်လုံးကို ဝယ်ယူနိုင်နေပါပြီ။

မကြာခင် အနာဂတ်မှာ အလိုအလျောက်မောင်းနှင်တဲ့ ကားတွေကို အများအပြား အမှန်တကယ် ထုတ်လုပ်နိုင်ပြီဆိုရင်တော့ ဆက်စပ်ပစ္စည်းတွေရဲ့ ဈေးနှုန်းကလည်း လျင်လျင်မြန်မြန် ကျဆင်းသွားမှာပါ။ ဒါပေမဲ့ အဲဒါက နောက်မှ ဖြစ်လာမယ့် ကိစ္စဖြစ်ပြီး ကျွန်တော်တို့အတွက် အရေးကြီးတာကတော့ လက်ရှိ ပစ္စုပ္ပန်ပါပဲ။

အလိုအလျောက် မောင်းနှင်မှုစနစ် ပါဝင်တဲ့ ကားဖြစ်နေပါစေဦးတော့ အလတ်စားကားတစ်စီးကို ဝမ် သန်း ၁၀၀ ကျော် ပေးရမယ်ဆိုရင် လူဘယ်နှစ်ယောက်က ဝယ်ကြမှာလဲ။

လျှပ်စစ်ကားပဲဖြစ်ဖြစ်၊ အလိုအလျောက်မောင်းနှင်တဲ့ ကားပဲဖြစ်ဖြစ် လူလတ်တန်းစားတွေ တတ်နိုင်မယ့် လက်တွေ့ကျတဲ့ ဈေးနှုန်းမျိုးကို တင်ပြနိုင်ရပါမယ်။ ဒါကြောင့်မလို့ Nikola က ဒေါ်လာ ၃ သောင်းကနေ ၄ သောင်းကြားထဲမှာ ရှိမယ့် Model TH ကို ထုတ်လုပ်ဖို့ တအား အာရုံစိုက်နေတာပေါ့။

ပစ္စည်းအစိတ်အပိုင်းတွေရဲ့ ဈေးနှုန်းကို ဘယ်လောက်အထိ လျှော့ချနိုင်မလဲဆိုတာကတော့ ဆိုဆောင်း အီလက်ထရောနစ် အပေါ်မှာပဲ လုံးဝ မူတည်နေပါတယ်။ ကျွန်တော် ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်မှ ဥက္ကဋ္ဌ လင်ဂျင်ယုံ နဲ့ စကားပြောကြည့်ဖို့ လိုမယ် ထင်တာပဲ။

နည်းပညာက အရေးကြီးသလိုပဲ သူတို့ရဲ့ ကတိကဝတ်က ဘယ်လောက်အထိ ရှိလဲဆိုတာကလည်း အရေးကြီးတဲ့ အချက်ဖြစ်လို့ပါ။

"အစီရင်ခံစာထဲမှာ တွေ့ခဲ့ရတဲ့အတိုင်းပဲ တခြား ကြီးမားတဲ့ ပြဿနာတစ်ခုလည်း ရှိနေသေးတယ်"

ဒါရီလ်က အခြေအနေတွေကို မိနစ် ၃၀ လောက် အသေးစိတ် ရှင်းပြခဲ့တယ်။ အခြေအနေက ကျွန်တော် ထင်ထားခဲ့တာထက်စာရင် ပိုပြီးတော့တောင် ပြင်းထန်နေခဲ့တာပါ။

ကျွန်တော် ခေါင်းငြိမ့်ပြလိုက်ရင်း ပြောလိုက်တယ်။

"ကျွန်တော် အမေရိကကို လာခဲ့မယ်။ အသေးစိတ်ကိုတော့ အဲဒီကျမှပဲ ဆွေးနွေးကြတာပေါ့"

"နားလည်ပါပြီ"

ကျွန်တော်တို့ Video Callကို အဆုံးသတ်လိုက်ကြတယ်။

ကျွန်တော်က တက်ဂယူကို ပြောလိုက်တယ်။

"ငါ အမေရိကကို သွားဖို့ လိုမယ် ထင်တယ်"

"ငါကတော့ အခုတလော တော်တော်လေး အလုပ်ရှုပ်နေတာ"

"ဟမ်"

"ပရော်ဖက်ရှင်နယ် ဂိမ်းအသင်းရဲ့ တည်ထောင်ခြင်း အခမ်းအနားက မကြာခင် ရှိတော့မှာလေ။ ငါ မရှိလို့ ဖြစ်မလားဟ"

"......"

သူတို့က ဒါကို အခုထိ လုပ်နေတုန်းပဲလား။

OTK Company ရဲ့ ပရော်ဖက်ရှင်နယ် ဂိမ်းအသင်း တည်ထောင်မယ့် ကိစ္စက အွန်လိုင်းမှာ တော်တော်လေးကို ဟိုးလေးတကျော် ဖြစ်ခဲ့တာပါ။ အထူးသဖြင့် ဒုတိယဥက္ကဋ္ဌ ကိုယ်တိုင်က ပုဂ္ဂိုလ်ရေးအရ စိတ်ဝင်တစားနဲ့ ဦးဆောင်ပြီး ကြိုးစားနေတာ ဖြစ်လို့ ဂိမ်းကစားသူတွေကြားထဲမှာ အာရုံစိုက်မှု အများကြီး ရရှိခဲ့တာ ဖြစ်ပါတယ်။

OTK Games ကနေတစ်ဆင့် ပရော်ဖက်ရှင်နယ် ဂိမ်းအသင်း တည်ထောင်တဲ့အထိ သူတို့တွေဟာ စစ်မှန်တဲ့ စိတ်အားထက်သန်မှုအတွက် ဒီလောက်အထိ အတိုင်းအတာမျိုး လိုအပ်တယ်ဆိုတာကို ပြသနေခဲ့တာပါ။

ရလဒ်အနေနဲ့ ဂိမ်းဆိုက်တွေမှာ 'အိမ်အောင်း အိုတာကူ' ရဲ့ နာမည်ကျော်ကြားမှုက တဖြည်းဖြည်း မြင့်တက်လာခဲ့တယ်။

ပြန်ပြီး စဉ်းစားကြည့်ရင်တော့ ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌတို့က သီးခြားစီ လှုပ်ရှားကြတာက တကယ်ပဲ မှန်ကန်ခဲ့တာပါ။ တစ်ယောက်ယောက်ကတော့ ကုမ္ပဏီကို သေချာ စောင့်ကြည့်နေဖို့ လိုအပ်လို့လေ။

"တစ်ယောက်ထဲ သွားရမှာက ပျင်းစရာကြီး"

ဒီအလုပ်ကိစ္စ ခရီးစဉ်မှာ ဘယ်သူ့ကို ခေါ်သွားရင် ကောင်းမလဲ။

ကျွန်တော် စဉ်းစားနေတဲ့ အချိန်မှာပဲ တက်ဂယူက ပြောလာခဲ့တယ်။

"ဘာတွေ စဉ်းစားနေတာလဲ။ အတူတူ သွားမယ့်သူဆိုရင်တော့ သိသာနေတာပဲကို"

ကျွန်တော် ဘေးနားက အဆောက်အဦးဆီကို ကူးလာခဲ့တယ်။

Golden Gate ရဲ့ ဥပဒေရေးရာအဖွဲ့က နိုင်ငံခြား စီးပွားရေးလုပ်ငန်းတွေနဲ့ ဆက်ဆံရတဲ့ သဘာဝကြောင့် ကိုရီးယားလူမျိုး တဝက်၊ နိုင်ငံခြားသား တဝက်နဲ့ ဖွဲ့စည်းထားတာပါ။

အနောက်တိုင်းဝတ်စုံအပြည့် ဝတ်ထားတဲ့ အမျိုးသားတွေကြားထဲမှာ အလုပ်လုပ်နေတဲ့ အယ်လီကို ကျွန်တော် တွေ့လိုက်ရတယ်။ ကျွန်တော် သူ့ဆီ မက်ဆေ့ခ်ျ ပို့လိုက်တဲ့ အချိန်မှာတော့ သူက နိုင်ငံခြားသား ဝန်ထမ်းတစ်ယောက်နဲ့ စကားပြောရင်း ဖုန်းကို စစ်ဆေးလိုက်ပြီးနောက် မော့ကြည့်ကာ ကျွန်တော့်ကို မြင်သွားခဲ့တယ်။

အယ်လီက တခြားဝန်ထမ်းတွေကို ခွင့်တောင်းလိုက်ပြီး စင်္ကြံလမ်းထဲကို ထွက်လာတယ်။

"ဟေ့... ကန်ဂျင်ဟူ။ ဘာဖြစ်လို့ ဒီကို ရောက်နေတာလဲ"

သူ အလုပ်လုပ်နေတာကို ခုလေးတင် မြင်လိုက်ရလို့ ထင်တယ်။ အဲဒီအချိန်မှာ အယ်လီက တောက်ပပြီး လှပနေသလိုပဲ။

ကြိုးကြိုးစားစား အလုပ်လုပ်တဲ့ အမျိုးသမီးတစ်ယောက်က တကယ်ပဲ အထင်ကြီးစရာ ကောင်းလှပါတယ်။

"အလုပ်လုပ်ရင်းနဲ့ နင့်ကို ရုတ်တရက် သတိရလာလို့ပါ"

ဒါကို ကြားတော့ အယ်လီရဲ့ မျက်နှာလေးက နည်းနည်း ရဲသွားတယ်။

"တကယ်လား"

ကျွန်တော် ပြုံးပြလိုက်တယ်။

"သတိရတာလည်း အမှန်ပဲ၊ ဒါပေမဲ့ တခြား ပြောစရာ ကိစ္စတစ်ခုလည်း ရှိသေးတယ်"

"ဘာလဲဟင်"

"ငါ အမေရိကကို အလုပ်ကိစ္စနဲ့ ခရီးသွားမလို့လေ။ နင်ပါ အတူတူ လိုက်ခဲ့မလား"

အယ်လီက အံ့ဩသွားတဲ့ ပုံစံနဲ့ မျက်တောင်လေး ခတ်ပြီး ကြည့်လာတယ်။

"အမေရိက ဟုတ်လား။ သွားဖို့ဆိုရင် ဂျက်စီကာ ရဲ့ ခွင့်ပြုချက် လိုလိမ့်မယ်"

သူက ရုံးရဲ့ အဓိက ဝန်ထမ်းတစ်ယောက် ဖြစ်နေတာကြောင့် ရုံးခွဲမန်နေဂျာရဲ့ ခွင့်ပြုချက်မပါဘဲ လှုပ်ရှားလို့ မရပါဘူး။

"စိတ်မပူပါနဲ့။ အစ်မ အိုဟျွန်းဂျူးဆီကနေ ခွင့်ပြုချက် ကြိုတောင်းထားပြီးပါပြီ"

ဒါကို ကြားလိုက်ရတဲ့ အချိန်မှာတော့ အယ်လီက ကလေးတစ်ယောက်လိုမျိုး ဝမ်းသာအားရနဲ့ ကျွန်တော့်ကို လှမ်းဖက်လိုက်တော့တာပေါ့။ ကျွန်တော်လည်း လန့်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်မိပေမဲ့ ကံကောင်းတာက စင်္ကြံလမ်းထဲမှာ လူမရှိပါဘူး။

နမ်းလိုက်ရင်လည်း အဆင်ပြေလောက်မှာမလားမသိဘူး။

ကျွန်တော် အယ်လီရဲ့ ခါးလေးကို ဖက်လိုက်ပြီး သူ့ရဲ့ နှုတ်ခမ်းလေးကို ခပ်ဖွဖွလေး နမ်းလိုက်တယ်။

"ငါတို့ တပတ်ခါ ထွက်မှာဆိုတော့ ပြင်ဆင်ထားလိုက်နော်"

"ဟုတ်ကဲ့... ကောင်းပါပြီရှင်"

"ငါ First class လက်မှတ် ဘွတ်ကင်လုပ်ထားတယ်"

တက်ဂယူက ပြောတယ်။

"ဒီလိုမျိုး လုပ်နေမယ့်အစား ကိုယ်ပိုင်လေယာဉ်တစ်စီးလောက် ဝယ်လိုက်ရင်ကော ဘယ်လိုလဲ"

"အဲဒါကတော့ ကားရောင်းရမယ့်အပေါ်မှာ မူတည်တာပေါ့"

ကျွန်တော်လည်း လေယာဉ်ဝယ်ဖို့အကြောင်းကို စဉ်းစားဖူးပေမဲ့ လက်ရှိအချိန်မှာတော့ ဒီလိုမျိုး ဇိမ်ခံဖို့ အခြေအနေမရှိသေးပါဘူး။

Startup ရဲ့ ကြီးထွားမှုကြောင့် ပိုင်ဆိုင်မှု တန်ဖိုးတွေက ဆက်တိုက် မြင့်တက်နေတယ် ဆိုပေမဲ့လည်း ပိုက်ဆံလိုမယ့် နေရာတွေက မရေမတွက်နိုင်အောင် ရှိနေသေးတာပါ။

တကယ်လို့ ငွေသားစီးဆင်းမှု ကြပ်တည်းလာခဲ့မယ်ဆိုရင်တော့ ငွေသားရရှိဖို့အတွက် စာချုပ်တွေ ထုတ်ဝေရမယ့် အခြေအနေမျိုး ဖြစ်လာနိုင်ပါတယ်။

"စိတ်မပူပါနဲ့။ တကယ်လို့ ကွိုင်ဈေးသာ ထိုးတက်သွားမယ်ဆိုရင် ငါတို့ရဲ့ ပြဿနာအားလုံးက ပြေလည်သွားမှာပါ"

"......"

ငါတို့ရဲ့ မျှော်လင့်ချက်က ဘယ်အချိန်ကတည်းက ကွိုင်တွေဆီ ရောက်သွားခဲ့တာလဲမသိဘူး။

"ဒီနှစ်ထဲမှာ Bitcoinက ဒေါ်လာ ၂ သောင်းအထိ ရောက်သွားဖို့ပဲ မျှော်လင့်ရမှာပဲ"

ကျွန်တော်ကတော့ မယုံကြည်နိုင်တဲ့ လေသံနဲ့ ပြောလိုက်တာပေါ့။

"ဒေါ်လာ ၅ ထောင်ကျော်သွားရင်တင် စိတ်အေးရပါပြီ"

"ငါကတော့ အဲဒါထက် ပိုပြီး မြင့်သွားလိမ့်မယ်လို့ ထင်တယ်"

ကျွန်တော် မထွက်ခွာခင်မှာ တက်ဂယူကို မှာခဲ့တယ်။

"ငါ မရှိတဲ့အချိန် ကုမ္ပဏီကို သေချာ စောင့်ရှောက်ပေးထားပါဦး"

"ငါက ဘာလုပ်ရမှာလဲ"

"စားပွဲခုံမှာပဲ ထိုင်နေပေးရင် ရပါပြီ"

အမှန်အတိုင်း ပြောရရင်တော့ အခုတလော ကျွန်တော့်မှာ လုပ်စရာ အလုပ် သိပ်မရှိပါဘူး။ စီအီးအို တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့ အခန်းကဏ္ဍက ဝန်ထမ်းတွေ ကြိုးကြိုးစားစား အလုပ်လုပ်လာအောင် အားပေးဖို့ပဲ ဖြစ်ပါတယ်။

"ခရီးစဉ် အဆင်ပြေပါစေ"

တက်ဂယူရဲ့ နှုတ်ဆက်မှုကို ခံယူပြီးတဲ့နောက်မှာတော့ ကျွန်တော် ခရီးဆောင်အိတ်တွေကို ကားပေါ်တင်ပြီး ထွက်လာခဲ့တယ်။ Grand Dayton ဟိုတယ်ကို ရောက်တဲ့ အချိန်မှာတော့ အယ်လီက ခရီးဆောင်အိတ်တစ်ခုနဲ့အတူ ပင်မဝင်ပေါက်နားမှာ မတ်တတ်ရပ်နေတာကို တွေ့လိုက်ရတယ်။

သူက ပုံမှန်ဝတ်လေ့ရှိတဲ့ အနက်ရောင် ဝတ်စုံအစား သူ့ရဲ့ ညှပ်ရိုးလေးကို ပေါ်လွင်နေစေမယ့် ပုခုံးဖော်ထားတဲ့ ပန်းရောင်အင်္ကျီနဲ့ ခြေကျင်းဝတ်အထိ ရောက်တဲ့ စကတ်အရှည်ပွပွလေးကို တွဲဖက်ဝတ်ဆင်ထားတယ်။

ဖြတ်သွားဖြတ်လာ လူတွေကတော့ ယောက်ျားလေး ဖြစ်ဖြစ် မိန်းကလေး ဖြစ်ဖြစ် အယ်လီကို ခိုးခိုးပြီး လှမ်းကြည့်နေကြတာပါ။

ကျွန်တော် ကားရပ်လိုက်တဲ့ အချိန်မှာတော့ အယ်လီက ခရီးဆောင်အိတ်ကို ကားနောက်ဖုံးထဲ ထည့်လိုက်ပြီး အရှေ့ခုံမှာ ဝင်ထိုင်တယ်။

"ငါတို့ နှစ်ယောက်ထဲ နိုင်ငံခြားကို ခရီးသွားရတာ ဒါက ပထမဆုံးအကြိမ်ပဲနော်"

"ဟုတ်တယ်"

အလုပ်ကိစ္စနဲ့ သွားကြတာ ဖြစ်ပေမဲ့လည်း ကျွန်တော်တို့ နှစ်ယောက်လုံးက ခရီးတစ်ခု သွားရတော့မလိုမျိုး စိတ်လှုပ်ရှားနေခဲ့ကြတာပါ။

လေဆိပ်ကို ရောက်တဲ့ အချိန်မှာတော့ Check-in ဝင်လိုက်ကြပြီး ဒီထရိုက် ကို သွားမယ့် လေယာဉ်ပေါ်ကို တက်ခဲ့ကြတယ်။

First Classမှာတော့ လူတော်တော်လေး ရှင်းနေခဲ့ပါတယ်။

ခရီးသည် အနည်းငယ်ပဲ ရှိပေမဲ့ နေရာတွေကို သီးခြားစီ ခွဲထားတာ ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ရမယ့် အခြေအနေက သိပ်မရှိပါဘူး။

လေယာဉ် ပျံတက်သွားပြီး လွတ်လွတ်လပ်လပ် သွားလာလို့ရတဲ့ အချိန်မှာတော့ အယ်လီက ဝိုင်တစ်ခွက်နဲ့အတူ ကျွန်တော့်ဆီ လျှောက်လာခဲ့တယ်။

"ငါတို့က လေယာဉ်လက်မှတ်အတွက် ပိုက်ဆံအများကြီး ပေးထားရတာဆိုတော့ ဝိုင်ကို အများကြီး သောက်ရမယ်"

"အဲဒါတော့ ဟုတ်တယ်"

ကျွန်တော်တို့ ခွက်ချင်း တိုက်လိုက်ကြတယ်။

အယ်လီက သူ့ရဲ့ အင်္ကျီကို နည်းနည်းလေး မလိုက်ရင်း လှမ်းမေးတယ်။

"ဒီဝတ်စုံက ဘယ်လိုလဲ၊ သဘောကျရဲ့လား"

သူနဲ့ တအား လိုက်ဖက်နေတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။ ဒီပုံစံအတိုင်းဆိုရင် ဖက်ရှင်မဂ္ဂဇင်းတစ်ခုခုမှာတောင် အလွယ်တကူ ပါနိုင်လောက်တယ်။

"နည်းနည်း ပေါ်လွင်လွန်းနေတာ မဟုတ်ဘူးလား။ နင့်ရဲ့ ပုခုံးတွေက အများကြီး ပေါ်နေတယ်လေ"

အမှန်အတိုင်း ပြောရရင် လေဆိပ်မှာတုန်းက လူအများကြီးက အယ်လီကို စိုက်ကြည့်နေခဲ့ကြတာ ဖြစ်လို့ ကျွန်တော့်မှာ စိတ်မသက်မသာ ဖြစ်နေခဲ့ရတာပါ။ တကယ်လို့ တစ်ယောက်ယောက်က အပေါ်ကနေ ငုံ့ကြည့်လိုက်မယ်ဆိုရင် အတွင်းခံတွေတောင် မြင်ရတော့မယ့် ပုံစံမျိုးလေ။

အယ်လီက သူ့ရဲ့ လျှာလေးကို ထုတ်ပြီး နောက်ပြောင်လိုက်တယ်။

"ကိုရီးယားမှာတော့ လူတိုင်းက ဒီလို ဝတ်စုံမျိုးတွေကို ဝတ်ကြတာပဲလေ"

"......"

ကျွန်တော်ကပဲ ရှေးရိုးစွဲဆန်လွန်းနေတာလား။

အယ်လီကတော့ ကျွန်တော့်ဆီကနေ သီးသန့် စကားတစ်ခွန်းကို ကြားချင်နေတဲ့ အမူအရာမျိုးနဲ့ စိုက်ကြည့်နေပါတယ်။

"နင်က တအား လှပါတယ်"

ကျွန်တော့်ရဲ့ စကားကို ကြားတော့ အယ်လီက မျက်လုံးလေး မှိတ်ပြလိုက်ရင်း ပြန်ပြောခဲ့တယ်။

"တကယ်ပဲ... ကန်ဂျင်ဟူ က အမြင်ရှိသားပဲ"

ဝိုင်ကို တစ်ငုံချင်းစီ သောက်ရင်း စကားပြောနေကြစဉ်မှာပဲ လေယာဉ်ကြီးက ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော် ပျံသန်းနေခဲ့ပါတော့တယ်။

ကုမ္ပဏီကနေ လွှတ်လိုက်တဲ့ လုံခြုံရေး ဝန်ထမ်းတွေက လေဆိပ်ရဲ့ ဆိုက်ရောက်ဧရိယာမှာ စောင့်ဆိုင်းနေခဲ့ကြတယ်။

အသက်လေးဆယ်ကျော်အရွယ် လူဖြူအမျိုးသားကြီး တစ်ယောက်က ကျွန်တော့်ကို လှမ်းပြီး နှုတ်ဆက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ ကိုယ်စားလှယ် ကန်ဂျင်ဟူ။ ကျွန်တော်ကတော့ လုံခြုံရေးအဖွဲ့ရဲ့ အကြီးအကဲ ရွန်းနီ ဘတ်တလာ ပါ"

"ကူညီပေးဖို့အတွက် ကြိုတင်ပြီး ကျေးဇူးတင်ပါရစေ"

သူတို့က တခြားသူတွေ မဟုတ်ဘဲ X-Cop က လုံခြုံရေး ဝန်ထမ်းတွေပါ။ Golden Gate နဲ့ OTK Company တို့ကနေတစ်ဆင့် သိမ်းပိုက်ပြီးတဲ့နောက်မှာ X-Cop က အမေရိကမှာ ကော်ပိုရေးရှင်းတစ်ခုကို တည်ထောင်ခဲ့ပြီး ကုမ္ပဏီတွေရဲ့ လုံခြုံရေး ဈေးကွက်ထဲကို ဝင်ရောက်ခဲ့တာပါ။

OTK မှာ ရှယ်ယာရှိတဲ့ ကုမ္ပဏီ အများစုကတော့ သူတို့ရဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး ကိစ္စရပ်အားလုံးကို X-Cop ဆီမှာပဲ အပ်နှံထားကြပါတယ်။

လုံခြုံရေး ဝန်ထမ်းတွေရဲ့ လမ်းပြမှုနဲ့အတူ ကျွန်တော်တို့ လေဆိပ်ကနေ ထွက်လာခဲ့ကြပြီး အပြင်မှာ အရန်သင့် စောင့်နေတဲ့ ကားထဲကို ဝင်ထိုင်လိုက်ကြတယ်။

ကားမော်ဒယ်ကတော့ Chrysler 300C ဖြစ်ပါတယ်။

CarOS က Chrysler ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ကုမ္ပဏီသုံး ကားအားလုံးကို Chrysler မော်ဒယ်တွေနဲ့ပဲ အစားထိုး လဲလှယ်ခဲ့တယ်။

ပြောရရင်တော့ ကိုရီးယားမှာ အရောင်းကိုယ်စားလှယ်တွေက တစ်ဆင့် ရောင်းချနေတယ် ဆိုပေမဲ့လည်း အရောင်းအဝယ်က သိပ်မကောင်းပါဘူး။ ဝမ် ၁၀ သန်းကျော်အထိ လျှော့ဈေး ပေးထားရင်တောင်မှ အရောင်းပမာဏက စိတ်ပျက်စရာ ကောင်းနေတုန်းပါပဲ။

ဒါကို ပြောရတာ စိတ်မကောင်းပေမဲ့ စျေးနှုန်းတူချင်းဆိုရင် အွန်ဆောင်း မော်တာ ကားတစ်စီးကို ဝယ်တာက ပိုပြီးတော့တောင် အဆင်ပြေပါဦးမယ်။ ဒါမှမဟုတ်ရင်လည်း ပိုက်ဆံ နည်းနည်း ပိုစိုက်ပြီး ဂျာမနီကားတစ်စီးကို ဝယ်လိုက်တာက ပိုကောင်းတယ်လေ။

ပစ္စည်းတစ်ခုခုက အရောင်းမသွက်ဘူးဆိုရင်တော့ အမြဲတမ်း အကြောင်းပြချက်တစ်ခုခု ရှိနေတတ်တာပါပဲ။

ကျွန်တော်တို့ ခရီးဆောင်အိတ်တွေကို ချဖို့အတွက် CarOS ရုံးချုပ်နဲ့ နီးစပ်တဲ့ နေရာမှာ ရှိတဲ့ တည်းခိုခန်းဆီကို အရင်ဆုံး သွားခဲ့ကြတယ်။ အခန်းကတော့ သဘာဝကျကျ နှစ်ခန်း ခွဲယူထားတာပေါ့။

ကျွန်တော်က အနောက်တိုင်းဝတ်စုံကို လဲလှယ်လိုက်ပြီး အယ်လီကတော့ ပုံမှန်အတိုင်းပဲ အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ခဲ့တယ်။ အဲဒီနောက်မှာတော့ CarOS ရုံးချုပ်ဆီကို သွားဖို့အတွက် ကားပေါ်ကို ပြန်တက်ခဲ့ကြတာပေါ့။

ရုံးချုပ်ကို ရောက်တဲ့ အချိန်မှာတော့ ဒါရီလ် နဲ့ အမှုဆောင် အရာရှိတွေက အစည်းအဝေးအတွက် ပြင်ဆင်မှုတွေကို အဆုံးသတ်ပြီး ကျွန်တော်တို့ကို စောင့်ဆိုင်းနေခဲ့ကြတယ်။

ကျွန်တော် သူတို့ကို နွေးထွေးစွာ နှုတ်ဆက်လိုက်ပြီး အယ်လီနဲ့ မိတ်ဆက်ပေးလိုက်တယ်။

"ဒါကတော့ Golden Gate ကိုရီးယားရုံးခွဲက ကျွန်တော်တို့ရဲ့ ရှေ့နေပါ"

အယ်လီက ပြုံးပြလိုက်ပြီး သူ့ကိုယ်သူ မိတ်ဆက်တယ်။

"တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မက အယ်လီကင် ပါ"

ဒါရီလ်အပါအဝင် လူတချို့က အယ်လီနဲ့ အရင်က တွေ့ဖူးကြတယ် ဆိုပေမဲ့လည်း အများစုကတော့ အခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးကြတာပါ။

ကျွန်တော် စီမံခန့်ခွဲမှုဆိုင်ရာ အစီရင်ခံစာကို အရင်ဆုံး လက်ခံရရှိခဲ့တယ်။

အရောင်းပမာဏက ထိုးကျသွားခဲ့ပြီး အရှုံးတွေကလည်း နှင်းဘောလုံးလိုမျိုး တဖြည်းဖြည်း ကြီးထွားလာနေခဲ့တာကို ကျွန်တော် အရင်ကတည်းက သိရှိထားပြီးသားပါ။

"ကားအသစ်တွေရဲ့ အကြောင်းကို ဆက်သွားကြတာပေါ့"

စီအိုအို ဖြစ်တဲ့ ရိုင်ယန် က Sedanနဲ့ SUV ကားတွေရဲ့ ပုံစံတွေကို စခရင်ပေါ်မှာ ပြသခဲ့တယ်။

ဒီဇိုင်းကတော့ သေသပ်ပြီး မလိုအပ်တဲ့ အလှဆင်မှုတွေ မပါဝင်ပါဘူး။ စွမ်းဆောင်ရည်မြင့်မားတဲ့ ကိုယ်ထည်က တအားကြီး ရင်သပ်ရှုမောဖွယ် မကောင်းလှပေမဲ့ အပြစ်ပြောစရာတော့ လုံးဝမရှိပါဘူး။

"အများအပြား ထုတ်လုပ်မယ့် လုပ်ငန်းစဉ်အတွင်းမှာ အသေးစိတ် အချက်အလက်တချို့ကတော့ ပြောင်းလဲသွားနိုင်ပါတယ်"

ဒါက အချိန်အကြာကြီး ကြည့်နေရင်တောင်မှ ရိုးအီသွားမယ့် ဒီဇိုင်းမျိုး မဟုတ်ပါဘူး။ ကျွန်တော် အနှစ်သက်ဆုံး အချက်ကတော့ ဒါက အရင် Chrysler မော်ဒယ်တွေရဲ့ အရောင်အသွေးတွေကို လုံးဝ ဖျောက်ဖျက်ပစ်နိုင်ခဲ့တာပါပဲ။

အခုဆိုရင်တော့ အရေးအကြီးဆုံး ဆွေးနွေးမှုတစ်ခုပဲ ကျန်ပါတော့တယ်။

ဒါရီလ်က တည်ငြိမ်တဲ့ အမူအရာနဲ့ စကားပြောလာတယ်။

"အလုပ်သမားသမဂ္ဂက လစာတိုးပေးဖို့ အပါအဝင် တောင်းဆိုချက် ၂၁ ခုကို တင်ပြထားပြီး တကယ်လို့ သူတို့ရဲ့ တောင်းဆိုချက်တွေကို လက်မခံဘူးဆိုရင်တော့ အထွေထွေ သပိတ်မှောက်သွားမယ်လို့ ပြောနေကြပါတယ်"

All Chapters