← Chapters

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉-၁၆၀)

Vol. 16 Ch. 159-160

အခန်း (၁၅၉)

ဥက္ကဋ္ဌ လင်ဂျင်ယုံ အမေရိကကို လာမယ့်အကြောင်းက မီဒီယာတွေမှာ သတင်းထွက်မလာခဲ့ဘူး။

အုပ်စုစီမံခန့်ခွဲမှုနဲ့ ဒီလောက်အလုပ်ရှုပ်နေတဲ့သူက ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီကို ရောက်လာရတာလဲ။

ရှယ်ယာချင်းလဲလှယ်မယ့်ကိစ္စကို ကိုရီးယား ပြန်ရောက်မှ ဆွေးနွေးလည်း ရတာပဲလေ။ ဒါပေမဲ့ အခုလို ဆုံတွေ့ပွဲမှာမှ ဒီအကြောင်းကို စကားစလာရတဲ့အကြောင်းရင်းကတော့ အခုလို အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုအတွက် ရုန်းကန်နေရတဲ့အချိန်က အကောင်းဆုံးအချိန်မလို့ပါပဲ။ တစ်နည်းအားဖြင့်ပြောရရင် ဆိုဆောင်း အီလက်ထရောနစ်ရဲ့ အမြင်မှာတော့ CarOS ရှယ်ယာတွေကို အနိမ့်ဆုံးဈေးနဲ့ ရရှိနိုင်မယ့် အခွင့်အရေးကောင်းလို့ သတ်မှတ်လိုက်တာပါပဲ။

ဒါကြောင့်မလို့ သူတို့က အစုလိုက်အပြုံလိုက် ထုတ်လုပ်မှုရဲ့ ပြဿနာတွေကို ထောက်ပြပြီးတဲ့နောက်မှာ အလျှော့ပေးချင် ယောင်ဆောင်ရင်း ရှယ်ယာလဲလှယ်ဖို့ ကမ်းလှမ်းလာတာပဲ ဖြစ်ရမယ်။

တကယ်လို့ ကျွန်တော်က ဒီကမ်းလှမ်းချက်ကို ရုတ်တရက်ကြီး ရရှိခဲ့တာဆိုရင် စိုးရိမ်တကြီးဖြစ်ပြီး ညှိနှိုင်းမှုတစ်လျှောက်လုံး တစ်ဖက်လူ ဆွဲခေါ်ရာ ပါသွားနိုင်ပေမဲ့ နတ်မျက်စိကြောင့် ကြိုတင်သိနေခဲ့လို့ စဉ်းစားဖို့ အချိန်ရခဲ့တာပေါ့။

ကျွန်တော်က တခြားကုမ္ပဏီတွေကို ဆော့ဖ်ဝဲလ် ဖြန့်ဖြူးပေးလို့ရတယ်လို့ ပြောခဲ့ပေမဲ့ အဲဒီမှာလည်း ပြဿနာ ရှိနေတာပါပဲ။ တကယ်လို့ တူညီတဲ့ ကိုယ်ပိုင်မောင်းနှင်စနစ် နည်းပညာ တပ်ဆင်ထားတဲ့ ကားတွေ ထွက်လာရင် ဘယ်သူက ကျွန်တော်တို့ကားတွေကို ဝယ်တော့မှာလဲ။

ဥက္ကဋ္ဌ လင်ဂျင်ယုံက အဲဒီအချက်ကို ထပ်ပြီး ထောက်ပြလာတယ်။

"အဲဒီလိုသာ ဖြစ်လာရင် CarOS ကားတွေရဲ့ ထူးခြားချက်က ပျောက်ဆုံးသွားလိမ့်မယ်"

"ဒါပေမဲ့ အဲဒါက ကိုယ်ပိုင်မောင်းနှင်စနစ် ဈေးကွက်ကို ကျွန်တော်တို့ အလျင်အမြန် သိမ်းပိုက်နိုင်ဖို့ အထောက်အကူပြုမှာပါ"

"ကိုယ်ပိုင် နည်းပညာကို ဝင်ရောက်ထုတ်လုပ်နေတဲ့ ထုတ်လုပ်သူတွေကတော့ သူတို့နည်းပညာကို စွန့်လွှတ်ရမယ်ဆိုရင်တော့ CarOS ဆော့ဖ်ဝဲလ်ကို အသုံးချတော့မှာ မဟုတ်ဘူး"

"နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည် အသင့်အတင့်ရှိတဲ့ ကုမ္ပဏီတွေအတွက်တော့ ဟုတ်နိုင်ပေမဲ့ ပြိုင်ဆိုင်မှုမှာ နောက်ကောက်ကျနေတဲ့သူတွေအတွက်ကတော့ အခြေအနေက ကွဲပြားသွားမှာပါ"

ဆော့ဖ်ဝဲလ်တစ်ခုအပေါ် မှီခိုသွားပြီဆိုရင် အဲဒီကနေ ရုန်းထွက်ဖို့ ခက်ခဲပါတယ်။

ဒါကြောင့်မလို့ Mercedes၊ BMWနဲ့ Nikolaလို အမှတ်တံဆိပ်တွေက ဆော့ဖ်ဝဲလ်ကို အလကားပေးရင်တောင် ကျွန်တော်တို့ရဲ့ ကမ်းလှမ်းချက်ကို ငြင်းပယ်ဖို့ များပါတယ်။ ဒါပေမဲ့ နည်းပညာနဲ့ လုပ်ငန်းပမာဏ သေးငယ်တဲ့ ကုမ္ပဏီငယ်တွေကတော့ ကျွန်တော်တို့ ကမ်းလှမ်းတဲ့ လက်ကမ်းမှုကို ဝမ်းသာအားရ လက်ခံကြမှာပါ။

ဥက္ကဋ္ဌ လင်ဂျင်ယုံက စဉ်းစားရခက်နေတဲ့ ပုံစံ ပေါ်လာတယ်။

"CarOS က နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်မြင့်မားပြီး တိုးတက်မှု အလားအလာရှိတာကို ငါ အသိအမှတ်ပြုပါတယ်။ အဲဒါကို ထည့်တွက်ပြီး တွက်ချက်ထားတဲ့ အချိုးအစားက ၁ အချိုး ၄ ပါ။ ဝမ်သိန်းပေါင်း ၁၅၀ကုဋေဆိုတာကတော့ မဖြစ်နိုင်ဘူး"

အဲဒါက အမှန်ပဲ။

ဒါပေမဲ့ CarOS ရဲ့ တန်ဖိုးက အရေးကြီးတယ်ဆိုပေမဲ့ ပိုပြီး အရေးကြီးတာက ဆိုဆောင်း အီလက်ထရောနစ်အတွက် CarOS က ဘယ်လောက်အထိ တန်ဖိုးရှိလဲဆိုတဲ့ အချက်ပါ။

ကုမ္ပဏီချင်း ပူးပေါင်းဝယ်ယူမှုတွေမှာ ဈေးကွက်ပေါက်ဈေးထက် ပိုပြီး ပေးရတဲ့အကြောင်းရင်းက အဲဒီကနေ ထွက်ပေါ်လာမယ့် ပူးပေါင်းဆောင်ရွက်မှု အကျိုးသက်ရောက်မှုကို မျှော်လင့်လို့ပါပဲ။

ဆိုဆောင်း အီလက်ထရောနစ်က Hermanကို ဝယ်ယူစဉ်တုန်းကလည်း ရှယ်ယာဈေးရဲ့ ၃၀ ရာခိုင်နှုန်းကို ထပ်ဆောင်းပေးခဲ့တာပါ။

Hermanက သီးခြားလည်ပတ်တုန်းက တန်ဖိုးက သိန်းပေါင်း ၆ကုဋေလို့ ခန့်မှန်းခဲ့ပေမဲ့ ဆိုဆောင်း အီလက်ထရောနစ် အုပ်စုထဲကို ရောက်ရှိပေါင်းစပ်သွားပြီးနောက်မှာတော့ တန်ဖိုးက သိန်းပေါင်း ၉ကုဋေကျော်အထိ ရှိလာတယ်လို့ ယူဆကြတယ်။

ကားက သူ့အလိုလို မောင်းနှင်နေတုန်းမှာ မောင်းနှင်သူက ဘာလုပ်နေမလဲ။

သူတို့က သတင်းရှာတာ၊ ရုပ်ရှင်ကြည့်တာ၊ သီချင်းနားထောင်တာ ဒါမှမဟုတ် အနားယူတာမျိုးလို တခြား အပန်းဖြေမှုတွေကို လုပ်ဆောင်နေကြမှာပဲလေ။

ကိုယ်ပိုင်မောင်းနှင်စနစ်သုံး ကားက GPSနဲ့ တခြား ဆက်သွယ်ရေးကိရိယာတွေ တပ်ဆင်ထားတဲ့ ကားဖြစ်တာမလို့ ဆိုဆောင်း အီလက်ထရောနစ်က ကားတွင်း ဖျော်ဖြေရေးနဲ့ အပြင်ကနေ ထိန်းချုပ်မှုတွေအတွက် သူတို့ရဲ့ စမတ်ဖုန်းတွေနဲ့ ချိတ်ဆက်ဖို့ သဘာဝကျကျပဲ စဉ်းစားနေမှာပါပဲ။

ဆိုဆောင်း အီလက်ထရောနစ်က တစ်နှစ်ကို အလုံးရေ သန်း ၃၀၀ ကျော် ရောင်းချရတဲ့ ကမ္ဘာ့နံပါတ်တစ် စမတ်ဖုန်း အရောင်းရဆုံး ကုမ္ပဏီပါ။ ဒါပေမဲ့ သူတို့က အဆင့်မြင့်ဈေးကွက်မှာ Enple အမှတ်တံဆိပ်တွေနဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေရသလို အလတ်တန်းစား ဈေးကွက်မှာလည်း တရုတ်ကုမ္ပဏီတွေရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုကို ရင်ဆိုင်နေရတာလေ။

ဆိုဆောင်း အီလက်ထရောနစ်အနေနဲ့ စမတ်ဖုန်းဈေးကွက်မှာ သူတို့ရဲ့ လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ဆိုရင် တခြားကုမ္ပဏီတွေထက် ထူးခြားတဲ့ တန်ဖိုးကို ပေးစွမ်းနိုင်ဖို့ လိုအပ်ပြီး ကိုယ်ပိုင်မောင်းနှင်စနစ်သုံး ယာဉ်တွေက ဒီနေရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာပါလိမ့်မယ်။

ပြန်တွေးကြည့်ရင် ဆိုဆောင်း SB ပူးပေါင်းဆောင်ရွက်မှုတုန်း ကလည်း ပထမဆုံး လက်ကမ်းခဲ့တာ ဥက္ကဋ္ဌ လင်ဂျင်ယုံပါပဲ။ ဒါက ကျွန်တော်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ ရရှိမယ့် အကျိုးအမြတ်တွေ အများကြီး ရှိနေလို့ပါ။

"ကုမ္ပဏီနှစ်ခုလုံးရဲ့ ရေရှည်ပူးပေါင်းဆောင်ရွက်မှုအတွက် CarOS ဘက်က ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ရှယ်ယာတွေကို တတ်နိုင်သမျှ အများကြီး ပိုင်ဆိုင်ထားတာက ပိုကောင်းတာ မဟုတ်ဘူးလား"

ဒါဆိုရင် သူတို့က ထုတ်လုပ်မှု ပမာဏအတွက် ပိုပြီး ရက်ရက်ရောရော လုပ်ဆောင်ပေးပါလိမ့်မယ်။

"ဒါပေမဲ့လည်း ၁ အချိုး ၂ကတော့ မဖြစ်နိုင်ဘူး။ ရှယ်ယာရှင်တွေက လုံးဝ သဘောတူမှာ မဟုတ်ဘူး"

၁ အချိုး ၄က စီမံခန့်ခွဲမှုပိုင်းဆိုင်ရာ ဆုံးဖြတ်ချက်လို့ ယူဆနိုင်ပေမဲ့ ၁ အချိုး ၂ကတော့ တာဝန်ဝတ္တရား ပျက်ကွက်မှုနဲ့ စွပ်စွဲခံရနိုင်ပါတယ်။

အဲဒီအတွက် ကျွန်တော် နည်းလမ်းတစ်ခု စဉ်းစားမိတယ်။

"အနာဂတ်ရဲ့ တန်ဖိုးကို အနာဂတ်ကျမှပဲ ဆုံးဖြတ်တာက ပိုမကောင်းဘူးလား။ တစ်နှစ်အကြာမှာ ရှယ်ယာချင်း လဲလှယ်ခွင့်ပြုမယ့် ဦးစားပေး အခွင့်အရေးကို ကမ်းလှမ်းရင်ကော ဘယ်လိုလဲ"

"……"

ဥက္ကဋ္ဌ လင်ဂျင်ယုံက အထိနာသွားတဲ့ အမူအရာမျိုး ပေါ်သွားခဲ့တယ်။

ညှိနှိုင်းမှုက တော်တော်လေး ကြာသွားခဲ့တယ်။

ရှယ်ယာလဲလှယ်မယ့် အချိုးအစားအကြောင်း ဆွေးနွေးရာကနေ လုပ်ငန်းတစ်ခုလုံးရဲ့ ကွဲပြားခြားနားတဲ့ အခြေအနေတွေအထိ ကျယ်ပြန့်သွားခဲ့တယ်။ ကျွန်တော်က အထွေထွေ စီမံခန့်ခွဲမှု စွမ်းရည်ပိုင်းမှာ အားနည်းနိုင်ပေမဲ့ ရှယ်ယာ ညှိနှိုင်းမှုအပိုင်းမှာတော့ အားမနည်းပါဘူး။

Starupတွေမှာ ရင်းနှီးမြှုပ်နှံတုန်းက ကိုယ်တိုင်ညှိနှိုင်းခဲ့တာတွေရော၊ အစ်မ အိုဟျွန်းဂျူး ညှိနှိုင်းတာကို စောင့်ကြည့်ခဲ့တာတွေရောကနေ ဒီလုပ်ငန်းစဉ်တွေကို အနီးကပ် လေ့လာခဲ့ဖူးတာလေ။

နာရီပေါင်းများစွာ ဆွေးနွေးပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ရဲ့ သဘောထားတွေကို ညှိနှိုင်းနိုင်ခဲ့ကြတယ်။

ပထမဆုံးအနေနဲ့ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ၃ ရာခိုင်နှုန်းကို CarOS ရဲ့ ၁၀.၅ ရာခိုင်နှုန်းနဲ့ လဲလှယ်ဖို့ သဘောတူခဲ့ကြတယ်။ ဒါ့အပြင် နောက်ထပ် တစ်နှစ်အကြာမှာ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ နောက်ထပ် ၇ ရာခိုင်နှုန်းကို CarOS ရဲ့ ၁၄ ရာခိုင်နှုန်းနဲ့ ထပ်မံလဲလှယ်ဖို့ ဆုံးဖြတ်ခဲ့ကြတယ်။

ဒါပေမဲ့ ဆိုဆောင်း အီလက်ထရောနစ်က ပြန်လည်ဝယ်ယူခွင့် အခွင့်အရေးကို အာမခံချက် ရယူသွားခဲ့တယ်။ တစ်နှစ်အကြာမှာ ဆိုဆောင်းရဲ့ ရှယ်ယာဈေးကွက် အခြေအနေနဲ့ CarOS ရဲ့ တန်ဖိုးအကဲဖြတ်ချက်အပေါ် မူတည်ပြီး အချိုးအစားက မမျှတဘူးလို့ ယူဆရင် အဲဒီအခွင့်အရေးကို အသုံးမပြုဘဲ နေနိုင်သလို တစ်စိတ်တစ်ပိုင်းပဲ အသုံးပြုဖို့ ရွေးချယ်နိုင်ပါတယ်။ အခြေခံအားဖြင့်တော့ ဒါက ခေါ်ယူခွင့် အခွင့်အရေး (call option)ပါပဲ။

စည်းကမ်းချက် အတော်များများကိုလည်း ထည့်သွင်းခဲ့ကြသေးတယ်။

ရည်မှန်းချက်က ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေဖို့ဖြစ်လို့ ဆယ်နှစ်အတွင်း ရှယ်ယာတွေ ပြန်လည်ရောင်းချခြင်း မပြုဖို့ တားမြစ်ချက်၊ ဆိုဆောင်း အီလက်ထရောနစ်ဆီ ထုတ်လုပ်မှု ပမာဏကို ဦးစားပေး ခွဲဝေပေးဖို့၊ ကိုယ်ပိုင်မောင်းနှင်စနစ်၊ telematicsနဲ့ ကားတွင်း ဖျော်ဖြေရေး အပါအဝင် ဘက်စုံသုံး မော်တော်ယာဉ်ဆိုင်ရာ ဖြေရှင်းချက်တွေမှာ ဦးစားပေးပြီး အစဉ်တစိုက် ပူးပေါင်းဆောင်ရွက်သွားဖို့နဲ့ နောင်တစ်ချိန်မှာ CarOS ရှယ်ယာတွေကို ရောင်းချခဲ့ရင် ဆိုဆောင်းအတွက် ဦးစားပေး ဝယ်ယူခွင့် ရှိစေဖို့ စတာတွေ ပါဝင်ပါတယ်။

စာချုပ်အသေးစိတ် ညှိနှိုင်းမှုတွေ ပြီးသွားတဲ့အခါမှာ ဆိုဆောင်းရဲ့ ဥပဒေရေးရာအဖွဲ့က ရှေ့နေက ရှိပြီးသား ပုံစံအတိုင်း ပြင်ဆင်ထားတဲ့ စာချုပ်ကို ယူဆောင်လာခဲ့တယ်။

OTK ကုမ္ပဏီက အမေရိကန် ကော်ပိုရေးရှင်း ရှိတာမလို့ စာချုပ်ကို ကိုရီးယားဘာသာရော အင်္ဂလိပ်ဘာသာနဲ့ပါ ရေးဆွဲထားတာပါ။

ကျွန်တော်တို့ဘက်ကတော့ အယ်လီက ကျွန်တော့်ကိုယ်စား စာချုပ်ကို ပြန်လည်စစ်ဆေးပေးတယ်။

အယ်လီက Golden Gate အာရှရုံးခွဲမှာ အစ်မအိုဟျွန်းဂျူးနဲ့အတူ ကုမ္ပဏီချင်း ပူးပေါင်းဝယ်ယူမှုတွေကို အဓိက ကိုင်တွယ်ခဲ့တာမလို့ ဒီနယ်ပယ်မှာ ကျွမ်းကျင်သူပါ။ အယ်လီက စာလုံးတစ်လုံးချင်းစီကိုမှ လွတ်သွားခြင်းမရှိအောင် သေချာ စေ့စေ့စပ်စပ် စစ်ဆေးခဲ့တယ်။

စာချုပ်တွေမှာ စာလုံးတစ်လုံး ဒါမှမဟုတ် ကော်မာတစ်ခုကပဲ အဓိပ္ပာယ်ကို ပြောင်းလဲသွားစေနိုင်တာလေ။

ဥပမာအားဖြင့် ရင်းနှီးမြှုပ်နှံမှု စာချုပ်တစ်ခုမှာ "ရင်းနှီးငွေ အာမခံချက်" ဆိုတာက ရင်းနှီးငွေကို ၁၀၀ ရာခိုင်နှုန်း အာမခံတာကို ဆိုလိုပြီး "ရင်းနှီးငွေ ထိန်းသိမ်းခြင်း" ဆိုတာကတော့ ရင်းနှီးငွေကို ကာကွယ်ဖို့ ကြိုးပမ်းမှုကို ဆိုလိုတာဖြစ်ပြီး ဆုံးရှုံးမှုတွေအတွက် ထိုအဖွဲ့အစည်းမှာ တာဝန်မရှိပါဘူး။

အယ်လီက စာသားတချို့နဲ့ စာလုံးတချို့ကို ပြင်ဆင်ပေးဖို့ တောင်းဆိုခဲ့ပြီး ဆိုဆောင်းဘက်က ရှေ့နေကလည်း အဲဒါတွေကို လက်ခံခဲ့တယ်။

ရှေ့နေ နှစ်ယောက်စလုံးက စာချုပ်ကို ပြန်လည်စစ်ဆေးပြီးတဲ့နောက်မှာတော့ ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့ ကျွန်တော်တို့က E sign လက်မှတ်ရေးထိုးလိုက်ကြတယ်။

ကုမ္ပဏီပိုင် ရှယ်ယာတွေကို ကိုင်တွယ်မယ့်ကိစ္စက ဒါရိုက်တာဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကနေတစ်ဆင့် ဖြေရှင်းရမှာပါ။ ကျွန်တော်ကလည်း ရှယ်ယာလဲလှယ်မှုအပြင် တခြားသော စည်းကမ်းချက်တွေအတွက် CarOS စီမံခန့်ခွဲမှုအဖွဲ့ရဲ့ သဘောတူညီချက်ကို ရယူဖို့ လိုအပ်တယ်။ ဒါကြောင့်မလို့ စာချုပ်က အဲဒီနောက်ပိုင်းမှသာ အာဏာတည်မှာပါ။

ကျွန်တော်တို့ဘက်ကတော့ ဘာပြဿနာမှ ရှိလာမှာမဟုတ်သလို ဥက္ကဋ္ဌ လင်ဂျင်ယုံဘက်မှာလည်း ခိုင်မာတဲ့ ထိန်းချုပ်မှု ရှိထားတာမလို့ ဘုတ်အဖွဲ့က ဆုံးဖြတ်ချက်ကို ပြဿနာမရှိ အတည်ပြုပေးပါလိမ့်မယ်။

ရှယ်ယာလဲလှယ်မှုကို အကောင်အထည်ဖော်ပြီးတာနဲ့ ဆိုဆောင်း အီလက်ထရောနစ်က CarOS ရဲ့ ရှယ်ယာ ၁၀.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး ချက်ချင်းပဲ ဒုတိယအကြီးဆုံး ရှယ်ယာရှင် ဖြစ်လာပါလိမ့်မယ်။ နောင်တစ်ချိန်မှာ သူတို့က ဝယ်ယူခွင့် တောင်းဆိုချက်ကို အသုံးချမလားဆိုတာ မရေရာသေးပေမဲ့ ဒါကတင် ခန့်မှန်းချက်တွေ လက်တွေ့ဖြစ်လာခြင်းရဲ့ လက္ခဏာပါပဲ။

တကယ်လို့ တစ်နှစ်အကြာမှာ ဆိုဆောင်း အီလက်ထရောနစ်က ဝယ်ယူခွင့် တောင်းဆိုချက်ကို အသုံးချခဲ့ရင် သူတို့က CarOS ရဲ့ ၂၄.၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်မှာဖြစ်ပြီး CarOS ကတော့ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ၁၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားမှာပါ။

CarOS က အမျိုးသား ပင်စင်အဖွဲ့ကို ကျော်လွန်ပြီး ဆိုဆောင်း အီလက်ထရောနစ်ရဲ့ အကြီးဆုံး ရှယ်ယာရှင်အဖြစ် ကူးပြောင်းရောက်ရှိသွားမှာပါ။

ဥက္ကဋ္ဌ လင်ဂျင်ယုံက သက်ပြင်းချရင်း ပြောတယ်။

"အခုတော့ ရှယ်ယာရှင်တွေကို စည်းရုံးဖို့က ငါတို့ရဲ့ တာဝန် ဖြစ်သွားပြီ"

ဒါရိုက်တာဘုတ်အဖွဲ့က တံဆိပ်တုံးထုပေးရုံသက်သက်ပဲ ဆိုပေမဲ့ ရှယ်ယာရှင်တွေကတော့ ကွဲပြားပါတယ်။

ဥက္ကဋ္ဌ လင်ဂျင်ယုံရဲ့ ဆိုဆောင်း အီလက်ထရောနစ်မှာ ရှိတဲ့ ရှယ်ယာက ၃ ရာခိုင်နှုန်းအောက်ပဲ ရှိတာပါ။ အာဏာရှိတဲ့ လက်အောက်ခံ ကုမ္ပဏီတွေရဲ့ ရှယ်ယာတွေကို ပေါင်းထည့်ရင်တောင် ၂၀ ရာခိုင်နှုန်းခန့်ပဲ ရှိပါတယ်။

တစ်ဖက်မှာလည်း ကိုရီးယားအမျိုးသား ပင်စင်က ၉ ရာခိုင်နှုန်းကျော် ရှိပြီး နိုင်ငံခြား ပင်စင်ရန်ပုံငွေတွေနဲ့ ကုမ္ပဏီတွေက ၅၃ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတာပါ။

အဓိက ရှယ်ယာရှင်တွေနဲ့ တွေ့ဆုံပြီး တခြားသူတွေကို စည်းရုံးနိုင်ဖို့ အခြေအနေကို ရှင်းပြရပါလိမ့်မယ်။

လောလောဆယ် သူတို့ လဲလှယ်နေတဲ့ ရှယ်ယာက ၃ ရာခိုင်နှုန်းပဲ ရှိသေးတယ်။ ၁ အချိုး ၃.၅ အချိုးက ဆုံးရှုံးမှုတစ်ခုလို ထင်ရနိုင်ပေမဲ့ စာချုပ်မှာ ပါဝင်တဲ့ ကွဲပြားခြားနားတဲ့ စည်းကမ်းချက်တွေကို ထည့်သွင်းစဉ်းစားရင် သူတို့တွေဟာ စည်းရုံးခံရဖို့ များပါတယ်။

သူတို့က ၁ အချိုး ၂ က မပြည့်စုံဘူးလို့ တွေးမိနိုင်ပေမဲ့ အဲဒါကတော့ သတ်မှတ်ထားတဲ့ အချိန်ရောက်လာမှ ဆုံးဖြတ်ရမယ့် ကိစ္စပါပဲ။

အဲဒီအချိန်မှာ CarOS ရဲ့ တန်ဖိုးက ဆိုဆောင်း အီလက်ထရောနစ် တန်ဖိုးရဲ့ ထက်ဝက်ကို မမှီဘူးလို့ သတ်မှတ်ရင်တော့ ဝယ်ယူခွင့် တောင်းဆိုချက်ကို အသုံးချဖို့ တာဝန်မရှိဘူးလေ။

ကျွန်တော်က ဆိုဆောင်း အီလက်ထရောနစ်ရဲ့ အကြီးဆုံး ရှယ်ယာရှင်အကြောင်း တွေးမိတယ်။

"အမျိုးသား ပင်စင်က ကန့်ကွက်ဖို့ များတယ် မဟုတ်လား"

အွန်ဆောင်း မော်တာနဲ့ ပတ်ဆီဟျွန်းတို့ကတော့ CarOS နဲ့ ဆိုဆောင်း အီလက်ထရောနစ်တို့ ပေါင်းစည်းသွားတာကို သေချာပေါက် ကြိုဆိုကြမှာ မဟုတ်ပါဘူး။

"ငွေစုဘဏ် အကြပ်အတည်းရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ထည့်တွက်ရင် အမျိုးသား ပင်စင်ဝန်ဆောင်မှုအဖွဲ့အပေါ် အစိုးရရဲ့ လွှမ်းမိုးမှုက လျော့နည်းသွားလောက်တယ်။ အစိုးရကလည်း အတိုက်အခံတွေရဲ့ နိုင်ငံရေးအရ တိုက်ခိုက်မှုတွေကို ခုခံကာကွယ်ဖို့ အလုပ်ရှုပ်နေကြလိမ့်မယ်"

ဘာပဲဖြစ်ဖြစ် နိုင်ငံရေးနဲ့ စီးပွားရေး ပူးပေါင်းကြံစည်မှုက ဟောင်းနွမ်းနေတဲ့ အလေ့အထတစ်ခုပဲဖြစ်ပြီး နိုင်ငံရေးသမားတွေ ဒါမှမဟုတ် အရာရှိတွေထဲမှာ ဆိုဆောင်းအုပ်စုရဲ့ လွှမ်းမိုးမှုကနေ လုံးဝ ကင်းလွတ်တဲ့သူကတော့ နည်းပါးပါတယ်။ အမျိုးသား ပင်စင်အဖွဲ့ထဲမှာလည်း ဆိုဆောင်းအုပ်စုနဲ့ ပတ်သက်တဲ့သူတချို့ ရှိနေသေးတာ ဖြစ်နိုင်တာပဲလေ။

တကယ်လို့ သမ္မတက ပြင်းထန်တဲ့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရင်တော့ အခြေအနေက ပြောင်းလဲသွားနိုင်ပေမဲ့ ကျွန်တော် အခုလေးတင် ပြောခဲ့သလိုပဲ အခုက အဲဒီလို အခြေအနေမျိုး မဟုတ်ပါဘူး။

"တကယ်လို့ ငါတို့က တခြား ရှယ်ယာရှင်တွေရဲ့ ထောက်ခံမှုကို ရရှိနိုင်ရင် အမျိုးသား ပင်စင်အနေနဲ့ ကန့်ကွက်ဖို့ ခိုင်လုံတဲ့ အကြောင်းပြချက် ရှာတွေ့ဖို့ မလွယ်ကူပါဘူး"

"ခင်ဗျားက အနာဂတ်ရဲ့ တိုးတက်မှုတွေကို ကြိုတင်တွေးတောထားပြီးသားပဲ"

ဥက္ကဋ္ဌ လင်ဂျင်ယုံက မချိပြုံး ပြုံးလိုက်တယ်။

"

ဒါပေမဲ့လည်း ငါ သွားပြီး စိတ်မကောင်းဖြစ်ရကြောင်း ပြရလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ ရှယ်ယာရှင်တွေကန့်ကွက်မှာကို စိုးရိမ်စရာမလိုတဲ့ ဂျူနီယာတစ်ယောက် ဖြစ်နေတဲ့ မင်းကို အားကျမိတာတော့ အမှန်ပဲ"

"……"

ဘာတွေ တွေးပူနေတာလဲ မသိဘူး။

"ကျွန်တော်တို့က ချက်ချင်းပဲ အစုလိုက်အပြုံလိုက် ထုတ်လုပ်ဖို့အတွက် စက်ရုံတွေမှာ ရင်းနှီးမြှုပ်နှံတော့မှာပါ။ Austinနဲ့ ဟွာဆောင်း စက်ရုံတွေမှာ AP နဲ့ Semiconductorတွေအတွက် ထုတ်လုပ်မှု ပမာဏကို သတ်မှတ်ထားပြီးသားပါ"

ကျွန်တော် အော်ဟစ်ရယ်မောလိုက်တယ်။

"ဥက္ကဋ္ဌက အားလုံးကို ပြင်ဆင်ထားပြီးသားပဲ"

ကျွန်တော်တို့က ပေါ့ပေါ့ပါးပါး အခြေအနေမှာ စကားပြောခဲ့ကြတယ်။

ဥက္ကဋ္ဌ လင်ဂျင်ယုံက သူ့ရဲ့ အတွေးတွေကို ဖွင့်ဟလာတယ်။

"မင်းသိတဲ့အတိုင်းပဲ ဆိုဆောင်း အီလက်ထရောနစ်ရဲ့ အဓိက မဏ္ဍိုင်နှစ်ခုက စမတ်ဖုန်းနဲ့ Semiconductorတွေပဲ။ ဒါပေမဲ့ စမတ်ဖုန်းတွေရဲ့ တိုးတက်မှုက တဖြည်းဖြည်း နှေးကွေးလာနေပြီး လောလောဆယ် Semiconductor အဆင်ပြေနေတာကလည်း တစ်နေ့မှာ အဆုံးသတ်သွားလိမ့်မယ်။ ကဏ္ဍနှစ်ခုလုံးက တရုတ်ဆီကနေ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတာ"

တရုတ်စမတ်ဖုန်းတွေက ကောင်းမွန်တဲ့ ကုန်ကျစရိတ်၊ စွမ်းဆောင်ရည်နဲ့ ကြီးမားတဲ့ ပြည်တွင်းဈေးကွက်ကို အသုံးချပြီး ကမ္ဘာ့ဈေးကွက်ထဲကို ဝင်ရောက်လာနေကြတာပါ။

ဒါ့အပြင် တရုတ်က အမျိုးသား Semiconductor အစီအစဉ်ကို ကြေညာခဲ့ပြီး ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ပြုလုပ်ခဲ့တယ်။

နည်းပညာ ကွာဟချက်က ကြီးမားနေဆဲဖြစ်ပြီး ချက်ချင်း ခြိမ်းခြောက်မှု မဟုတ်သေးပေမဲ့လည်း ဆယ်နှစ်အကြာမှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။

ပြန်တွေးကြည့်ရင် လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက တရုတ်ကုမ္ပဏီတွေရဲ့ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်က ဒီလောက်အထိ တိုးတက်လာလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ပါဘူး။

"ငါ့အဖိုးက Semiconductorနဲ့ စတင်ခဲ့တာဖြစ်ပြီး ငါ့အဖေက စမတ်ဖုန်းလုပ်ငန်းကို ပျိုးထောင်ခဲ့တာ။ နောက်ထပ် ရောက်ရှိလာမယ့်အရာကို ပြင်ဆင်ဖို့က ငါ့ရဲ့ တာဝန်ပဲ"

"ဒါကြောင့်မလို့ ဥက္ကဋ္ဌက မော်တော်ယာဉ် အီလက်ထရောနစ် လုပ်ငန်းကို ရွေးချယ်ခဲ့တာပေါ့"

ဥက္ကဋ္ဌ လင်ဂျင်ယုံက ခေါင်းညိတ်ပြတယ်။

"ဒါက လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေတဲ့ ကြီးမားတဲ့ ဈေးကွက်ပဲလေ"

ကိုယ်ပိုင်မောင်းနှင်စနစ်က စတုတ္ထမြောက် စက်မှုတော်လှန်ရေးရဲ့ ဗဟိုချက်ပါပဲ။

မော်တော်ကားကုမ္ပဏီတွေတင်မကဘဲ တစ်ကမ္ဘာလုံးက အီလက်ထရောနစ်၊ အိုင်တီနဲ့ အငှားယာဉ် ကုမ္ပဏီတွေကပါ ဈေးကွက်ထဲကို ဝင်ရောက်လာပြီး ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်နေကြတာပါ။

BMW၊ Audi၊ Mercedes၊ Toyota၊ Hyundai Thread၊ Nvidia၊ Nikola၊ NPL၊ Gublနဲ့ Iverတို့ အပါအဝင် အများကြီး ရှိတာပါ။

Level 3 က စီးပွားဖြစ် ထုတ်လုပ်နေပြီဖြစ်ပြီး ကုမ္ပဏီတချို့ကတော့ Level 4 ကို အပြီးသတ်ဖို့ နီးစပ်နေပါပြီ။ Gublနဲ့ Iverလို ထိပ်တန်းကုမ္ပဏီတွေက ကီလိုမီတာ ထောင်ပေါင်းများစွာကို ကိုယ်ပိုင်မောင်းနှင်စနစ်နဲ့ မောင်းနှင်နိုင်ဖို့ အောင်မြင်ခဲ့ကြပြီ ဖြစ်ပါတယ်။

ဒါပေမဲ့ နီးစပ်တာနဲ့ အပြီးသတ်တာက ကွဲပြားခြားနားတဲ့အရာ နှစ်ခုပါ။ နည်းပညာကို အပြီးသတ်တာနဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်တာကလည်း ကွဲပြားခြားနားတဲ့ ကိစ္စရပ်တွေပါပဲ။

"ကုမ္ပဏီအများစုက နည်းပညာ တိုးတက်မှုထဲကို ခုန်ဝင်နေကြပေမဲ့ ဒီအခြေအနေက ကြာရှည်မှာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက စမတ်ဖုန်း OS ဈေးကွက်က NPL ရဲ့ NOS နဲ့ Gublရဲ့ Andromedaတို့နဲ့အတူ ပေါင်းစည်းသွားခဲ့သလိုမျိုးပဲ၊ နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ ဈေးကွက်က ပြီးပြည့်စုံမှု အမြင့်ဆုံးအဆင့်ရှိတဲ့ ကုမ္ပဏီ နှစ်ခု ဒါမှမဟုတ် သုံးခုဝန်းကျင်မှာပဲ ပြန်လည်ဖွဲ့စည်းသွားလိမ့်မယ်"

ကျွန်တော် ခေါင်းညိတ်လိုက်တယ်။

"နောက်ထပ် နှစ်အနည်းငယ်အတွင်းမှာ တခြားကုမ္ပဏီတွေက CarOSရဲ့ နည်းပညာပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို မှီလာနိုင်ပါတယ်။ ဒါပေမဲ့ အစုလိုက်အပြုံလိုက် ထုတ်လုပ်မယ့် ယာဉ်တွေကို အရင်ဆုံး ထုတ်လုပ်နိုင်ခဲ့ရင်တော့ နည်းပညာ ကွာဟချက်က ပိုပြီး ကျယ်ပြန့်သွားလိမ့်မယ်"

အရည်အသွေးက ပမာဏကို အာမခံချက် ပေးတာလေ။

တရုတ်က မြန်နှုန်းမြင့် ရထားလမ်းလုပ်ငန်းထဲကို ဝင်ရောက်ခဲ့တုန်းက လူတိုင်းက လှောင်ပြောင်ခဲ့ကြတာပဲ။ လက်တွေ့မှာလည်း တရုတ်က လုပ်ငန်းလည်ပတ်မှု အတွေ့အကြုံမရှိတာကို ပြသခဲ့ပြီး မတော်တဆမှု အများကြီး ဖြစ်ပွားခဲ့တယ်။

ဒါပေမဲ့ နှစ်အနည်းငယ်အကြာမှာတော့ ကယ်လီဖိုးနီးယားရဲ့ မြန်နှုန်းမြင့် ရထားလမ်း စီမံကိန်းအတွက် စာချုပ်ကို ရရှိဖို့ အောင်မြင်ခဲ့ပြီး လူတိုင်းကို အံ့အားသင့်စေခဲ့တယ်။

အဲဒါက တရုတ်ပြည်တွင်း ဈေးကွက်ရဲ့ စွမ်းအားပဲ။

တရုတ်က တစ်နှစ်အတွင်း လမ်းကြောင်း ၁၀၀ ကို မောင်းနှင်လည်ပတ်ပြီး တခြားနိုင်ငံတွေ လမ်းကြောင်း ၁၀ ခုနဲ့ ဆယ်နှစ်ကြာ တည်ဆောက်ခဲ့ရတဲ့ ကျွမ်းကျင်မှုတွေကို အမှီလိုက်တာပါ။

"အခုတော့ စာချုပ်က ပြီးဆုံးသွားပြီဖြစ်လို့ ငါ အမှန်အတိုင်း ပြောနိုင်ပါပြီ။ CarOS က ကုမ္ပဏီ နှစ်ခု ဒါမှမဟုတ် သုံးခုတင်မကဘဲ တစ်ဦးထဲမူပိုင်အဖြစ် တည်ထောင်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်"

သူတို့က အစုလိုက်အပြုံလိုက် ထုတ်လုပ်မယ့် ယာဉ်တွေကို ထုတ်လုပ်ပြီးတာနဲ့ တခြားကုမ္ပဏီတွေက စမ်းသပ်ကား ဒါဇင်ပေါင်းများစွာ ဒါမှမဟုတ် ရာပေါင်းများစွာနဲ့ အချက်အလက်တွေကို စုဆောင်းနေချိန်မှာ CarOS က ကားအစီးရေ သန်းပေါင်းများစွာနဲ့ မတူကွဲပြားတဲ့ အချက်အလက်တွေကို စုဆောင်းနိုင်ပါလိမ့်မယ်။

အဲဒီအချက်အလက်တွေအပေါ် မူတည်ပြီး သူတို့က စနစ်ကို မြှင့်တင်ပြီး ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန်တွေကို ထုတ်လုပ်နိုင်မှာ ဖြစ်လို့ပါပဲ။

"ကားတွေက ကောင်းကောင်း ရောင်းရပါ့မလား"

ကျွန်တော့်ရင်ထဲမှာတော့ စိုးရိမ်စိတ် အနည်းငယ် ရှိနေတုန်းပဲ။ တကယ်လို့ ကားအသစ်က ကျရှုံးခဲ့ရင် CarOS တင်မကဘဲ OTK ကုမ္ပဏီကပါ ကြီးမားတဲ့ ထိခိုက်မှုကို ခံရမှာ ဖြစ်လို့ပါ။

ကျွန်တော့်ရဲ့မေးခွန်းကို ဥက္ကဋ္ဌ လင်ဂျင်ယုံက ရိုးရိုးရှင်းရှင်းပဲ ပြန်ဖြေတယ်။

"မင်းက ဘယ်လောက်အထိ ရောင်းရမလဲဆိုတာထက် ဘယ်လောက်အထိ ထုတ်လုပ်နိုင်မလဲဆိုတာကိုပဲ ပိုပြီး စိုးရိမ်သင့်တယ်"

ကျွန်တော်က အကျယ်ကြီး အော်ဟစ်ရယ်မောလိုက်တယ်။

စကားပြောပြီးတဲ့နောက်မှာတော့ သူက ခုံကနေ မတ်တတ်ရပ်လိုက်တယ်။

"ကဲ… ဒါဆိုရင် မိတ်ဆက်ပွဲကျမှ ပြန်ဆုံကြတာပေါ့"

"ဟုတ်ကဲ့"

ပြတင်းပေါက်အပြင်ဘက်ကို လှမ်းကြည့်လိုက်တော့ နေက ဝင်သွားပြီဆိုတာကို သတိပြုမိလိုက်တယ်။ အဲဒါကို မြင်မှပဲ ကျွန်တော် နေ့လယ်စာ မစားရသေးတာကို သတိရတော့တယ်။ ရုတ်တရက်ကြီး ဆာလောင်မှုလှိုင်းက ရိုက်ခတ်လာခဲ့တယ်။

ကျွန်တော်က သွားစားဖို့ စကားစလိုက်မလို့ ပြင်နေတုန်းမှာပဲ အယ်လီက သူ့ရဲ့လက်နှစ်ဖက်နဲ့ မေးစေ့ကို ထောက်ပြီး ကျွန်တော့်ကို သေချာ စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

"ဘာဖြစ်လို့လဲ"

"နင်က တော်တော်လေးကို မိုက်တာပဲ"

"ဟမ်"

အယ်လီက စနောက်တဲ့ ပုံစံမျိုးနဲ့ မျက်လုံးလေး မှိတ်ပြတယ်။

"ဆိုဆောင်းအုပ်စုရဲ့ ဥက္ကဋ္ဌနဲ့ ညှိနှိုင်းတာကို လုံးဝ နောက်ဆုတ်မသွားဘဲ နင်လိုချင်တာကို ရအောင် ယူနိုင်ခဲ့တာလေ။ ကန်ဂျင်ဟူ၊ နင် ဒီနေ့ တကယ့်ကို အထင်ကြီးစရာ ကောင်းခဲ့တာ သိလား"

ကျွန်တော်က နှိမ့်ချတဲ့ အမူအရာနဲ့ ပြန်ဖြေလိုက်တယ်။

"အမြဲတမ်း ဒီလိုမျိုးတော့ မဟုတ်ပါဘူး။ ဒီနေ့အတွက်တော့ နင်ပြောသလိုဟုတ်လောက်မှာပါ"

အခန်း (၁၆၀)

ကျွန်တော်က CarOS ဆီ စာချုပ်ပို့ပြီး အကြောင်းအရာတွေအပေါ် သဘောတူညီမှု တောင်းခံခဲ့ပါတယ်။

ဒါရီလ်က သတင်းကို ကြားရတဲ့အခါ အရမ်းဝမ်းသာသွားတယ်။

"ဆိုဆောင်း အီလက်ထရောနစ်နဲ့ ရှယ်ယာလဲလှယ်တာက အများကြီး အထောက်အကူပြုမှာပါ"

လတ်တလော လဲလှယ်မှုအချိုးအစားကို ကြည့်ရုံတင်တင်ပဲ CarOS ရဲ့ တန်ဖိုးက ဝမ် သိန်းပေါင်း ၈၆ ကုဋေအထိ ရှိနေတာပါ။ ဒါကြောင့် ဒါရီလ်က ၁.၅ ရာခိုင်နှုန်း ပိုင်ဆိုင်မှုနဲ့တင် ဝမ် သိန်းပေါင်း ၁ကုဋေကျော် ချမ်းသာတဲ့ သူဌေးကြီး ချက်ချင်း ဖြစ်သွားခဲ့တယ်။ (အမှုဆောင်တွေ ကိုင်ထားတဲ့ ရှယ်ယာတွေကိုတော့ အလုပ်ကမထွက်မချင်း ရောင်းလို့မရသေးပေမဲ့ပေါ့လေ)

"စာချုပ်အသေးစိတ်နဲ့ ပတ်သက်တဲ့ ကြေညာချက်ကို ဆိုဆောင်း အီလက်ထရောနစ်ဘက်က နောက်မှ ထုတ်ပြန်မှာမလို့ အဲဒီအချိန်အထိတော့ အမှုဆောင်တွေကြားထဲတင် လျှို့ဝှက်ထားပေးပါ"

"နားလည်ပါပြီ"

အဲဒီနောက် ကျွန်တော်က OTK Company ရဲ့ ဒုတိယနဲ့ တတိယမြောက် ရှယ်ယာအများဆုံးပိုင်ရှင်တွေဆီ ဆက်သွယ်ခဲ့တယ်။

သတင်းကို ကြားရတဲ့အခါ ဒုတိယမြောက် ရှယ်ယာအများဆုံးပိုင်ရှင်က အံ့ဩလွန်းလို့ အသက်ရှူမှားမတတ် ဖြစ်သွားခဲ့တယ်။

"ဝိုး။ ဆိုဆောင်း အီလက်ထရောနစ်က တကယ်ပဲ CarOS ရဲ့ ဒုတိယမြောက် ရှယ်ယာအများဆုံးပိုင်ရှင် ဖြစ်လာတာပေါ့"

"OTK Company ကလည်း ဆိုဆောင်း အီလက်ထရောနစ်ရဲ့ အဓိကရှယ်ယာရှင် ဖြစ်လာတာပဲလေ။ နောက်ထပ် ၇ ရာခိုင်နှုန်း ထပ်ရရင် ငါတို့က အကြီးဆုံး ရှယ်ယာရှင် ဖြစ်လာတော့မှာ"

တက်ဂယူက စိတ်လှုပ်ရှားစွာနဲ့ ပြောတယ်။

"ဆိုဆောင်း အီလက်ထရောနစ်ရဲ့ put options တွေကနေ ပိုက်ဆံရှာခဲ့တုန်းက အခုထိ မှတ်မိသေးတယ်။ အခုဆို စမတ်ဖုန်းသာ ပေါက်ကွဲရင် ငါတို့လည်း ပျော်နိုင်တော့မှာ မဟုတ်ဘူး"

"သိပ်မှန်တာပေါ့"

တတိယမြောက် ရှယ်ယာအများဆုံးပိုင်ရှင်ဖြစ်တဲ့ အစ်မ ဟျွန်းဂျူးက ညှိနှိုင်းမှုလုပ်ငန်းစဉ်နဲ့ စည်းကမ်းချက်တွေကို ကြားပြီးနောက် ကျွန်တော့်ကို ချီးကျူးခဲ့တယ်။

"အခုတော့ နင့်ဘာသာနင် တစ်ယောက်ထဲ ကောင်းကောင်းလုပ်နိုင်နေပြီပဲ"

"ဒါတွေအားလုံးက အစ်မ သင်ပေးခဲ့လို့ပါ"

"အဲလိုကြားရတာ တန်ဖိုးရှိပါတယ်။ ဘာပဲဖြစ်ဖြစ် နင် ပင်ပန်းသွားပြီ"

CarOS Institute မှာ ရှင်းလင်းတင်ပြပွဲတစ်ခု ပြုလုပ်ခဲ့တယ်။

Silicon Valley က အလိုအလျောက်မောင်းနှင်စနစ် နည်းပညာအတွက် စစ်တလင်းတစ်ခု ဖြစ်တာကြောင့် ဒီလိုရှင်းလင်းပွဲမျိုးတွေက မထူးဆန်းပါဘူး။ ဒါပေမဲ့ ဒါက CarOS အနေနဲ့ နည်းပညာကို လူသိရှင်ကြား ပထမဆုံးအကြိမ် ထုတ်ဖော်ပြသတာ ဖြစ်လို့ သတင်းထောက်တွေနဲ့ တက်ရောက်လာသူ အများအပြား ပွဲကို စုပြုံရောက်ရှိလာကြတယ်။

ကျွန်တော်က ဥက္ကဋ္ဌ လင်ဂျင်ယုံနဲ့အတူ တက်ရောက်ခဲ့တယ်။ အယ်လီကတော့ လူအာရုံစိုက်မခံရအောင် သတင်းထောက်တွေနဲ့ ဝေးတဲ့နေရာမှာ ထိုင်နေပါတယ်။

ကိုရီးယားမှာ ရှိနေတယ်လို့ ထင်ထားတဲ့ ဆိုဆောင်းအုပ်စုရဲ့ ဥက္ကဋ္ဌ ရောက်လာတာကို မြင်တော့ သတင်းထောက်တွေ အံ့ဩသွားကြတယ်။

Instituteကို တာဝန်ယူထားတဲ့ မက်ဂနပ်စ်ဒူဝီက စင်ပေါ်တက်ပြီး ရှင်းလင်းတင်ပြခဲ့တယ်။ မက်ဂနပ်စ်ဒူဝီက CarOS ရဲ့ အမှုဆောင်တွေထဲက တစ်ယောက်ဖြစ်ပြီး ဒါရီလ် စီအီးအိုအဖြစ် တာဝန်ယူကတည်းက ကုမ္ပဏီမှာ အတူရှိခဲ့တဲ့ တည်ထောင်သူအဖွဲ့ဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

မက်ဂနပ်စ်ဒူဝီက ပထမဆုံးအနေနဲ့ နှစ်ကုန်ပိုင်းမှာ မိတ်ဆက်ဖို့ စီစဉ်ထားတဲ့ sedanနဲ့ SUV မော်တော်ယာဉ်နှစ်စီးရဲ့ ပုံစံတူဒီဇိုင်းတွေနဲ့ အရွယ်အစား၊ အင်ဂျင်ပါဝါ၊ ဆီစားနှုန်း၊ မောင်းနှင်မှုစွမ်းဆောင်ရည် စတဲ့ အချက်အလက်တွေကို ချပြခဲ့တယ်။

အဲဒီနောက် မက်ဂနပ်စ်ဒူဝီက နောက်ပြောင်တဲ့သဘောနဲ့ ပြောတယ်။

"အခုထိတော့ ထူးထူးခြားခြား စိတ်ဝင်စားစရာ မရှိသေးဘူးမလား။ အဲဒါကို ကျွန်တော် သိပါတယ်"

ပရိသတ်တွေဆီက ရယ်သံတွေ ထွက်ပေါ်လာတယ်။

"အခု စိတ်ဝင်စားစရာကောင်းတာတစ်ခု မျှဝေပါရစေ။ ဒီကားတွေမှာ အပြည့်အဝ အလိုအလျောက်မောင်းနှင်စနစ်ကို အသုံးပြုမှာပါ။ အရင်က ကားတွေက စက်သုံးဆီသုံး အင်ဂျင်နဲ့ မောင်းနှင်တဲ့ စက်ပစ္စည်းသက်သက်ပါပဲ။ အခုတော့ ဒီကားတွေမှာ နှစ်ဖက်ဆက်သွယ်မှု ပြုလုပ်နိုင်တဲ့ GPSနဲ့ ဆက်သွယ်ရေးကိရိယာတွေ ပါဝင်လာပြီး အဝေးထိန်းစနစ်နဲ့ အလိုအလျောက်မောင်းနှင်နိုင်တဲ့ အီလက်ထရောနစ် ပစ္စည်းတွေအဖြစ် ပြောင်းလဲတိုးတက်လာပါပြီ"

မက်ဂနပ်စ်က အလိုအလျောက်မောင်းနှင်မယ့် မော်တော်ယာဉ်တွေရဲ့ သဘောတရားနဲ့ စမ်းသပ်မှု လုပ်ငန်းစဉ်တွေကို ရှင်းပြခဲ့တယ်။

"ပြီးခဲ့တဲ့လတင် ကျွန်တော်တို့ စုစုပေါင်း မိုင် ၆၅,၀၀၀ မောင်းနှင်ခဲ့တယ်။ အနောက်ဘက် ဆန်ဖရန်စစ္စကိုကနေ အရှေ့ဘက် မန်ဟက်တန်အထိက မိုင် ၃,၀၀၀ တောင် မပြည့်တာမလို့ ဒါက အသွားအပြန် အခေါက်နှစ်ဆယ်ကျော်စာ ဖြစ်ပါတယ်။ ဒီက လူတွေလည်း ဆန်ဖရန်စစ္စကိုရဲ့ ယာဉ်ကြောပိတ်ဆို့မှု ဘယ်လောက်ဆိုးလဲဆိုတာ သိကြမှာပါ။ လမ်းပိတ်တာ၊ လမ်းခဏခဏပြင်တာ၊ တစ်လမ်းမောင်းတွေ များတာကြောင့် လမ်းပျောက်ဖို့ လွယ်ပါတယ်။ ဒါ့အပြင် လူထုရဲ့ စည်းကမ်းရှိမှု မြင့်မားတာကြောင့် လမ်းစည်းကမ်းမရှိ ဖြတ်ကူးတာ၊ မဆင်မခြင်မောင်းတာနဲ့ ယာဉ်မတော်တဆမှုတွေလိုမျိုး မမျှော်လင့်ထားတဲ့ အခြေအနေတွေလည်း ခဏခဏ ဖြစ်တတ်ပါတယ်။ Developer တွေက 'ဆန်ဖရန်စစ္စကိုမှာ ပြဿနာမရှိဘဲ မောင်းနိုင်ရင် အမေရိကန်ရဲ့ ဘယ်နေရာမှာမဆို မောင်းနိုင်တယ်' လို့ ပြောကြတယ်။ အဲဒါကြောင့်ပဲ Silicon Valley က အလိုအလျောက်မောင်းနှင်စနစ်ရဲ့ စစ်တလင်း ဖြစ်နေတာ ထင်ပါတယ်"

အားလုံးက သဘောတူတဲ့အနေနဲ့ ထပ်ပြီး ရယ်မောကြတယ်။

"အလိုအလျောက်မောင်းနှင်စနစ်က ပြဿနာတစ်ခုခုရှိရင် မောင်းနှင်သူကို ချက်ချင်း အချက်ပေးပြီး လူကိုယ်တိုင်မောင်းနှင်ဖို့ လွှဲပြောင်းပေးပါတယ်။ အဲဒီ မိုင် ၆၅,၀၀၀ မောင်းနှင်နေစဉ်အတွင်း မောင်းနှင်သူက ကိုယ်တိုင်ဝင်ထိန်းရတဲ့အကြိမ်ရေ ဘယ်လောက်ရှိမယ် ထင်ပါသလဲ"

စမ်းသပ်မော်တော်ယာဉ် မောင်းနှင်နေတဲ့ မြင်ကွင်းက မျက်နှာပြင်ပေါ်မှာ ပေါ်လာတယ်။ ကားက ချောချောမွေ့မွေ့ မောင်းနှင်နေတုန်း ဘေးလမ်းကြောက တခြားကားတစ်စီးက ရုတ်တရက် ဝင်တိုက်မိသွားတယ်။

ဒုန်း

ရုတ်တရက်ဖြစ်သွားတဲ့ မတော်တဆမှု မြင်ကွင်းကြောင့် လူတချို့ လန့်သွားကြတယ်။

ကံကောင်းထောက်မစွာပဲ လမ်းချော်သွားတဲ့ကားက အရှိန်လျှော့ပြီး လမ်းဘေးမှာ ရပ်လိုက်နိုင်ခဲ့တယ်။

"ပြင်ပရိုက်ခတ်မှုကြောင့် ဆန်ဆာ ထိခိုက်သွားခဲ့ပြီး ဒါကို သိရှိတာနဲ့ တပြိုင်နက် မောင်းနှင်သူကို ချက်ချင်း အကြောင်းကြားပြီး လူကိုယ်တိုင် ပြောင်းလဲမောင်းနှင်ဖို့ အကြံပြုခဲ့ပါတယ်။ ဒါပေမဲ့ မောင်းနှင်သူ ဝင်မထိန်းရသေးခင်မှာပဲ အလိုအလျောက် မောင်းနှင်စနစ်က အရေးပေါ်မီးတွေဖွင့်၊ အရှိန်လျှော့ပြီး လမ်းဘေးပလက်ဖောင်းပေါ်မှာ ကားကို ရပ်တန့်ပေးခဲ့ပါတယ်။ ဒါကြောင့် မောင်းနှင်သူ ဝင်ရောက်ထိန်းကျောင်းဖို့ ဘယ်တုန်းကမှ မလိုအပ်ခဲ့ပါဘူး"

ဖြောင်း။ ဖြောင်း။ ဖြောင်း

ရှင်းလင်းတင်ပြမှု ပြီးဆုံးတာနဲ့ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်တဲ့ လက်ခုပ်သံတွေ ထွက်ပေါ်လာတယ်။

ဥက္ကဋ္ဌ လင်ဂျင်ယုံက ပြုံးပြီး ကျွန်တော့်ကို ပြောတယ်။

"အခုဆို မင်းဟာ နေရာအနှံ့အပြားကနေ ရင်းနှီးမြှုပ်နှံမှု ကမ်းလှမ်းချက်တွေ ရတော့မှာ။ ကံကောင်းလို့ ငါတို့က ကြိုပြီး စာချုပ်ချုပ်ထားလို့ပေါ့။ နောက်မှ နောက်ဆုတ်လို့ မရဘူးနော်"

ရှင်းလင်းတင်ပြပွဲအပြီးမှာတော့ စမ်းသပ်မောင်းနှင်မှု အစီအစဉ် ဆက်လက်ပြုလုပ်ခဲ့တယ်။

ပွဲကျင်းပရာနေရာရဲ့ အပြင်ဘက်မှာ Chrysler 300C ကို အခြေခံထားတဲ့ စမ်းသပ်မော်တော်ယာဉ် အစီး ၂၀ ကို ပြင်ဆင်ထားတယ်။ ဦးတည်ရာကိုတော့ ဆန်ဖရန်စစ္စကို မြို့လယ်ခေါင်မှာ ကျပန်းရွေးချယ်ခဲ့တာပါ။

စမ်းသပ်မော်တော်ယာဉ် အစီး ၂၀ စလုံးက ဆန်ဖရန်စစ္စကိုရဲ့ ရှုပ်ထွေးတဲ့ လမ်းမတွေကို အောင်မြင်စွာ ဖြတ်သန်းမောင်းနှင်ပြီး ခရီးသည်တွေကို လိုရာခရီးကို ပို့ဆောင်ပေးနိုင်ခဲ့ကာ ဒါကို မီဒီယာအသီးသီးကလည်း ဖော်ပြခဲ့ကြတယ်။

[CarOS ရဲ့ အလိုအလျောက်မောင်းနှင်စနစ် နည်းပညာ အောင်မြင်စွာ ပြီးဆုံး]

[အလိုအလျောက်မောင်းနှင်မယ့် ကားများခေတ် စတင်တော့မှာလား]

[အလိုအလျောက်မောင်းနှင်မယ့် မော်တော်ယာဉ်များ ပြောင်းလဲပေးမယ့် အနာဂတ်]

[အစိုးရအနေနဲ့ အလိုအလျောက်မောင်းနှင်မှုအတွက် ဥပဒေတွေကို အမြန်ပြင်ဆင်ရမယ်...]

သက်ဆိုင်ရာ သတင်းဆောင်းပါးတွေက သတင်းတွေမှာ လျှံထွက်လာပြီး အင်တာနက်စာမျက်နှာတွေမှာလည်း ဆူညံပွက်လောရိုက်သွားခဲ့တယ်။

– အလိုအလျောက်မောင်းတဲ့ကားတွေ တကယ်ပဲ ထွက်လာတော့မှာလား။

– မတော်တဆမှုဖြစ်လို့ လူသေရင် ဘယ်လိုလုပ်မလဲ။ ကန်ဂျင်ဟူက တာဝန်ယူမှာလား။

– ဥပဒေတွေ မပြောင်းလဲမချင်း မောင်းတဲ့လူမှာပဲ တာဝန်ရှိမှာပါ။ ဘာပဲဖြစ်ဖြစ် အပြည့်အဝ အလိုအလျောက်မောင်းနှင်မှုကို ခွင့်မပြုသေးဘူးလေ။

– Otaku Company ဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ။ ကန်ဂျင်ဟူကတော့ နောက်တစ်ကြိမ် ထပ်လုပ်ပြပြန်ပြီ။

– ဒါပေမဲ့ ဒါက ကန်ဂျင်ဟူကိုယ်တိုင်ထက် CarOS က ကောင်းကောင်းလုပ်နိုင်ခဲ့လို့ မဟုတ်ဘူးလား။

– အဲဒီကုမ္ပဏီကို ဝယ်ယူပြီး ဒီလောက်အထိ ကြီးထွားလာအောင် ရင်းနှီးမြှုပ်နှံတာကတော့ တကယ်ကို အထင်ကြီးစရာပဲ။

– ငါက Porsche ဝယ်မလို့ပဲ။ ဒါပေမဲ့ စိတ်ပြောင်းသွားပြီ။ အဲဒီကားထွက်လာရင် သေချာပေါက် ဝယ်မယ်။

– ဟုတ်တယ်။ ငါကတော့ ၉၆၉၃ပဲ ဆက်စီးရဦးမှာပဲ။

Gooble နဲ့ Iver လိုမျိုး ပြိုင်ဘက်ကုမ္ပဏီတွေကလည်း ၎င်းတို့က ထိုအဆင့်ကို ရောက်ရှိနေပြီဖြစ်ကြောင်းနဲ့ နည်းပညာကို မကြာမီ ကြေညာတော့မှာဖြစ်ကြောင်း ပြောဆိုလာကြတယ်။

ပြောရရင် အလိုအလျောက်မောင်းနှင်မှု စီးပွားဖြစ်ထုတ်လုပ်ဖို့က တခြားကုမ္ပဏီတွေမှာလည်း ကြိုတင်စီစဉ်ထားပြီးသားကိစ္စပါ။ ကျွန်တော်တို့ ပါဝင်ပတ်သက်မှုက ထိုအချိန်ဇယားကို သုံးနှစ်လောက် စောသွားစေခဲ့တာ ဖြစ်ပါတယ်။

နည်းပညာကိုယ်တိုင် ရှိနေရင် အလိုအလျောက်မောင်းနှင်မှု နည်းပညာနဲ့ မိတ်ဆက်ဖို့က ပြဿနာမဟုတ်ပေမဲ့ လက်တွေ့အသုံးချဖို့အတွက် ဥပဒေပြင်ဆင်မှုကနေ အာမခံအထိ ဖြေရှင်းရမယ့် စိန်ခေါ်မှုတွေ အများကြီး ရှိနေပါတယ်။

California Department of Motor Vehicles (DMV) က အခြေအနေတချို့ ပြည့်စုံမယ်ဆိုရင် လမ်းပေါ်မှာ အလိုအလျောက်မောင်းနှင်မှု စမ်းသပ်ခြင်းကို ခွင့်ပြုပေးခဲ့တယ်။ ဒါပေမဲ့ မောင်းနှင်သူက မောင်းနှင်သူထိုင်ခုံမှာ ထိုင်နေရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် ဒါက စမ်းသပ်မော်တော်ယာဉ်တွေအတွက်ပဲ ခွင့်ပြုထားတာဖြစ်ပြီး သာမန်ကားတွေကတော့ မောင်းနှင်သူက စတီယာရင်ကို ကိုင်ထားဖို့ လိုအပ်နေသေးပါတယ်။

လူမပါဘဲ အပြည့်အဝမောင်းနှင်နိုင်တဲ့ ကားတွေက ချက်ချင်းဆိုသလို ဖြစ်လာဖို့ ခက်ခဲနိုင်ပေမဲ့ အလိုအလျောက်မောင်းနှင်မှုကို အသုံးချနိုင်ဖို့အတွက် အနည်းဆုံးတော့ ဒီလိုဥပဒေပြင်ဆင်မှုမျိုး လိုအပ်ပါတယ်။

ဒါအတွက် ကျွန်တော်တို့ ရိုနယ်ရဲ့ အကူအညီကို အပြင်းအထန် လိုအပ်နေတာပါ။

ပထမဆုံးအနေနဲ့ စမ်းသပ်မော်တော်ယာဉ်တွေကို ခွင့်ပြုခဲ့ရတဲ့ အကြောင်းရင်းက Gooble နဲ့ Enple လိုမျိုး အိုင်တီကုမ္ပဏီကြီးတွေရဲ့ လော်ဘီလုပ်မှုကြောင့်ပါ။ ကျွန်တော်တို့မှာ အဲ့လောက် လော်ဘီလုပ်နိုင်စွမ်း မရှိပေမဲ့ ကံကောင်းထောက်မစွာပဲ အမေရိကန်သမ္မတနဲ့ အဆက်အသွယ် ရှိနေပါတယ်။

စိတ်လှုပ်ရှားမှုတွေ မငြိမ်သက်သွားခင်မှာပဲ ဒီတစ်ကြိမ်မှာတော့ ဆိုဆောင်း အီလက်ထရောနစ်က OTK Company နဲ့ ရှယ်ယာလဲလှယ်မှုနဲ့ အနာဂတ်ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကို ကြေညာခဲ့တယ်။

[ဆိုဆောင်း အီလက်ထရောနစ်က OTK Company နဲ့ ရှယ်ယာလဲလှယ်ရေး သဘောတူညီချက်ချုပ်ဆို]

[ဆိုဆောင်း အီလက်ထရောနစ်က CarOS ရဲ့ ၁၀.၅ ရာခိုင်နှုန်း ရှယ်ယာကို ပိုင်ဆိုင်ပြီး OTK Company က ဆိုဆောင်း အီလက်ထရောနစ်ရဲ့ ၃ ရာခိုင်နှုန်း ရှယ်ယာကို ပိုင်ဆိုင်]

[CarOS ကို ဝမ် သိန်းပေါင်း ၈၆ကုဋေ တန်ဖိုးဖြတ်။ ဒါက သင့်တော်ရဲ့လား]

အင်တာနက်စာမျက်နှာတွေက နောက်တစ်ကြိမ် အုန်းအုန်းကြွကြွ ဖြစ်သွားပြန်တယ်။

– CarOS က ဝမ် သိန်းပေါင်း ၈၆ ကုဋေ တန်ဖိုးရှိတယ် ဟုတ်လား။

– ဒါက ဖြစ်နိုင်လို့လား။

– အဲဒါက GM နဲ့ Nikola ထက်တောင် မြင့်နေသေးတယ်။

– လင်ဂျင်ယုံက ဘာကိုယုံပြီး ဒီလိုပြောတာလဲ။ ဒါက အလွဲသုံးစားလုပ်တာ မဟုတ်ဘူးလား။

– လင်ဂျင်ယုံက ကန်ဂျင်ဟူဆီကနေ လာဘ်ငွေ တစ်ခုခု ရထားတာလား။

ဆိုဆောင်း အီလက်ထရောနစ်က System Semiconductor ထုတ်လုပ်မှု အဆောက်အဦးတွေမှာ သိန်းပေါင်း ၁၅ ကုဋေနဲ့ အစိတ်အပိုင်း ထုတ်လုပ်မှု အဆောက်အဦးတွေမှာ သိန်းပေါင်း ၁၀ ကုဋေ၊ စုစုပေါင်း ဝမ် သိန်းပေါင်း ၂၅ ကုဋေ ရင်းနှီးမြှုပ်နှံမယ်လို့ ကြေညာခဲ့တယ်။

ဒီပမာဏက မနှစ်က စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုနဲ့ ညီမျှတာပါ။

Semiconductor ရင်းနှီးမြှုပ်နှံမှုက အချိန်ကိုက်ဖြစ်ဖို့ အရေးကြီးတာကြောင့် ဒါက ဈေးကွက်ပြောင်းလဲမှုတွေကို ကြိုတင်တုံ့ပြန်ဖို့ ဥက္ကဋ္ဌ လင်ဂျင်ယုံရဲ့ ဆန္ဒကို ထင်ဟပ်စေပါတယ်။

ပြီးခဲ့တဲ့ နှစ် ၂၀ လုံးလုံး Intel က Semiconductor ဈေးကွက်မှာ အသန်မာဆုံး ကစားသမား ဖြစ်ခဲ့တာပါ။ ဒါပေမဲ့ မကြာသေးမီက ဆိုဆောင်းက အရောင်းပမာဏမှာ Intel ကို ကျော်လွန်ပြီး နံပါတ်တစ် ဖြစ်လာခဲ့တယ်။

ဒါပေမဲ့ ဒါက Memory Semiconductorတွေကြောင့် ဖြစ်ပြီး ၎င်းတို့က System Semiconductor ကဏ္ဍမှာတော့ အားနည်းနေသေးပါတယ်။

တကယ်တော့ ဆိုဆောင်းရဲ့ Memory Semiconductor ဈေးကွက်ဝေစုက ၅၀ ရာခိုင်နှုန်းကျော် ရှိနေပြီး System Semiconductor ဈေးကွက်ဝေစုကတော့ ၅ ရာခိုင်နှုန်းပဲ ရှိတာပါ။ အဲ့လိုဖြစ်ရတာက ယေဘူယျအားဖြင့် ၎င်းတို့ရဲ့ စမတ်ဖုန်းတွေမှာ သုံးတဲ့ application processor တွေကြောင့်လို့ ပြောလို့ရပါတယ်။

System Semiconductor နယ်ပယ်မှာတော့ Intel၊ Qualcomm၊ Broadcom၊ Texas Instruments နဲ့ AMD တို့က ခိုင်မာတဲ့နေရာတွေကို ဆက်လက်ထိန်းသိမ်းထားဆဲပါ။

System Semiconductorတွေက Memory Semiconductorတွေနဲ့ ယှဉ်ရင် တန်ဖိုးမြင့်မားတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။ ဆိုဆောင်းက စဉ်ဆက်မပြတ် ရင်းနှီးမြှုပ်နှံမှုတွေကတစ်ဆင့် ၎င်းရဲ့ ဈေးကွက်ဝေစုကို ချဲ့ထွင်ဖို့ အမြဲတမ်း ကြိုးပမ်းခဲ့တာပါ။ အလိုအလျောက်မောင်းနှင်မှု ဈေးကွက်ထဲကို ဝင်ရောက်ခြင်းက System Semiconductor ကဏ္ဍမှာ ခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်ဖို့ ရွှေရောင်အခွင့်အလမ်းတစ်ခုပါ။

ဒါပေမဲ့ ကြီးမားတဲ့ စိုးရိမ်ပူပန်မှုတွေလည်း ရှိခဲ့တယ်။ ကားရောင်းအားက မျှော်မှန်းထားသလောက် မရှိရင် လွန်ကဲတဲ့ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှုတွေက အကျိုးသက်ရောက်မှု ပြောင်းပြန် ဖြစ်သွားနိုင်လို့ပါ။

လက်ရှိအချိန်မှာတော့ ရလဒ်အနေနဲ့ မဆင်မခြင် ရင်းနှီးမြှုပ်နှံမှုအဖြစ် အပျက်သဘောဆောင်တဲ့ သုံးသပ်ချက်တွေနဲ့ ဈေးကွက်ကို သိမ်းပိုက်ဖို့ ရဲရင့်တဲ့ ရင်းနှီးမြှုပ်နှံမှုအဖြစ် အပြုသဘောဆောင်တဲ့ အမြင်တွေကြား သဘောထားတွေ ကွဲပြားခဲ့ကြတယ်။

ရှယ်ယာရှင်တွေက ရှယ်ယာဈေးနှုန်းကိုပဲ စိတ်ဝင်စားကြတာပါ။ ကံကောင်းထောက်မစွာပဲ လုပ်ငန်းသစ်တွေအပေါ် မျှော်လင့်ချက်တွေကြောင့် ရှယ်ယာဈေးနှုန်းက အနည်းငယ် မြင့်တက်လာခဲ့တယ်။

ဒီအချိန်မှာပဲ ဆိုဆောင်း အီလက်ထရောနစ်လိုပဲ လူထုရဲ့ အာရုံစိုက်မှုကို ခံနေရတဲ့ တခြားကုမ္ပဏီတစ်ခု ရှိပါသေးတယ်။

– ဟားဟား။ အခု အွန်ဆောင်း မော်တာက ဘာဖြစ်သွားမလဲ။

– ဒီလိုနည်းပညာမျိုးရှိတဲ့ ကုမ္ပဏီကို ကန်ဂျင်ဟူဆီ ဒေါ်လာ ၈၈ သန်းတည်းနဲ့ ဘယ်လိုလုပ် ရောင်းလိုက်ရတာလဲ။

– အို… မဟုတ်ဘူး။ လုံးဝ ပျက်စီးသွားပြီ။

– မင်းဝယ်လိုက်တဲ့ ကုမ္ပဏီက ငါ့ဟာ ဖြစ်သင့်တာ။

– ငါသာ CarOS ကို ဆွဲထားခဲ့ရင် အွန်ဆောင်း မော်တာရဲ့ ရှယ်ယာဈေးက နှစ်ဆ တက်သွားမှာပဲ။

– ငါက အွန်ဆောင်း မော်တာရဲ့ ရှယ်ယာရှင်တစ်ယောက်ပါ။ ယုံကြည်မှု ဖောက်ဖျက်မှုနဲ့ ဥက္ကဋ္ဌ ဟန်မင်းဂူကို တရားစွဲလို့ ရမလား။

– ဥက္ကဋ္ဌ မင်းဂူကို သွားမရှုပ်ပါနဲ့။ သူ ဘယ်လောက် စိတ်နာကျင်နေရမလဲ။

– စားပွဲထိုး။ ဒီကို Gelpott တစ်ပန်းကန်ပေးဟေ့။

[CarOS က ကမ္ဘာ့ပထမဆုံး အမြောက်အမြား ထုတ်လုပ်မည့် အလိုအလျောက်မောင်းနှင်မည့် မော်တော်ယာဉ်ကို မိတ်ဆက်မည်]

[တောင်ကိုရီးယားရဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာ အဆင့်အတန်းက ဘယ်နားမှာလဲ]

[အွန်ဆောင်း မော်တာရဲ့ နည်းပညာ အနေအထားက ဘယ်နေရာမှာ ရှိနေလဲ]

ဥက္ကဋ္ဌ ဟန်မင်းဂူက သတင်းစာကို ချလိုက်တယ်။

အလိုအလျောက်မောင်းနှင်မှုက အနာဂတ်မော်တော်ယာဉ်တွေရဲ့ အဓိကနည်းပညာ ဖြစ်တယ်ဆိုတာ လူသိများတဲ့ အချက်ပါ။ ဒီနယ်ပယ်မှာ နောက်ကျကျန်ခဲ့ရင် ၎င်းတို့ရဲ့ လက်ရှိအနေအထားက အန္တရာယ်ရှိလာမှာ ဖြစ်ပါတယ်။

အွန်ဆောင်း မော်တာရဲ့ နည်းပညာနဲ့ အလိုအလျောက်မောင်းနှင်မှုကို အကောင်အထည်ဖော်ဖို့က လုံးဝ ဖြစ်နိုင်ချေ ရှိခဲ့တာပါ။ ဒါပေမဲ့ ဒါက သာမန်မောင်းနှင်မှု အခြေအနေအောက်မှာပဲ ဖြစ်ပါတယ်။ ရှုပ်ထွေးပြီး မမျှော်လင့်ထားတဲ့ အခြေအနေတွေအတွက် ပိုမိုဆန်းပြားတဲ့ algorithm တွေ လိုအပ်ခဲ့တာပါ။

အခြားတစ်ဖက်မှာတော့ CarOS က ဉာဏ်ရည်တုကတစ်ဆင့် machine learningကို တီထွင်ခဲ့တယ်။

အစပိုင်းမှာတော့ ရိုးရှင်းတဲ့ စည်းကမ်းချက်တွေနဲ့တင် ရုန်းကန်ခဲ့ရပေမဲ့ အချိန်ကြာလာတာနဲ့အမျှ AI ရဲ့ ဆုံးဖြတ်ချက်ချနိုင်မှုက ပိုမိုမြန်ဆန်ပြီး ပိုမိုစိတ်ချလို့ရလာခဲ့တယ်။ အခုဆို စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ အဆင့်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ အွန်ဆောင်း မော်တာရဲ့ အလိုအလျောက်မောင်းနှင်မှု နည်းပညာက Google ထက် တစ်နှစ်ကျော် နောက်ကျနေပြီး CarOS ထက် သုံးနှစ်ကျော် နောက်ကျနေတယ်လို့ အကဲဖြတ်ခံထားရတာပါ။

အွန်ဆောင်း MD က အလိုအလျောက်မောင်းနှင်မှု နည်းပညာကို တီထွင်ဖို့ အပြည့်အဝ အာရုံစိုက်နေပေမဲ့ ကွာဟသွားပြီဖြစ်တဲ့ နည်းပညာကွာဟချက်ကို ကျော်ဖြတ်ဖို့က ပြောသလောက် မလွယ်ကူပါဘူး။

အမြောက်အမြား ထုတ်လုပ်ဖို့အတွက် အကြီးမားဆုံး အတားအဆီးက ကုန်ကျစရိတ် ဖြစ်ပြီး CarOS က ဒါကို ဆိုဆောင်း အီလက်ထရောနစ်နဲ့ ရှယ်ယာလဲလှယ်မှုကတစ်ဆင့် ဖြေရှင်းခဲ့တယ်။

အွန်ဆောင်း မော်တာက ဆိုဆောင်းအုပ်စုရဲ့ ဘဏ္ဍာရေးနဲ့ နည်းပညာစွမ်းအားတွေက ဆိုဆောင်းအုပ်စုကို မော်တော်ယာဉ်ဈေးကွက်ထဲ ပြန်လည်ရောက်ရှိလာစေမှာကို စိုးရိမ်တာကြောင့် အမြဲတမ်း စောင့်ကြည့် စစ်ဆေးနေခဲ့တာပါ။

မော်တော်ကားစျေးကွက်ထဲ ဆိုဆောင်းအုပ်စု ပြန်ဝင်မလာနိုင်အောင် အွန်ဆောင်းအုပ်စုက ဆိုဆောင်း SB နဲ့ ဆိုဆောင်း အီလက်ထရောနစ်တို့အစား လျှပ်စစ်ကားဘတ္ထရီအတွက် CL Chem နဲ့ရော၊ မော်တော်ယာဉ် အီလက်ထရောနစ်ပစ္စည်းတွေအတွက် CL Electronics နဲ့ပါ ပူးပေါင်းဆောင်ရွက်ခဲ့တယ်။

ဒါပေမဲ့ အဲ့လိုပူပေါင်းဆောင်ရွက်တာက အဆိုးရွားဆုံး ရလဒ်ကို ဖြစ်ပေါ်စေခဲ့တယ်။ ဆိုဆောင်းအုပ်စုနဲ့ OTK Company အကြား မဟာဗျူဟာမြောက် မဟာမိတ်ဖွဲ့မှု ဖြစ်လာခဲ့တယ်။ တကယ်လို့ အွန်ဆောင်းအုပ်စုက အစကတည်းက ဆိုဆောင်းအုပ်စုနဲ့ ပူးပေါင်းခဲ့မယ်ဆိုရင် အခြေအနေက ဒီလောက်အထိ ဆိုးရွားလာမှာ မဟုတ်ပါဘူး။

ဒီရှယ်ယာလဲလှယ်မှုက ကန်ဂျင်ဟူရဲ့ တောင်းဆိုမှုကြောင့် မဟုတ်ဘဲ လင်ဂျင်ယုံရဲ့ ကြိုတင်တောင်းဆိုမှုကြောင့် ဖြစ်ပွားခဲ့တာကို သိရှိထားပြီးပါပြီ။

"ငါ လင်ဂျင်ယုံကို အထင်သေးခဲ့မိတာပဲ"

အွန်ဆောင်း မော်တာကို ဒီနေရာအထိ တည်ဆောက်ခဲ့တဲ့ ဟန်မင်းဂူအတွက် လင်ဂျင်ယုံက အတွေ့အကြုံမရှိသေးသူလို့ ထင်ရဆဲပါ။ ဒါပေမဲ့ ဥက္ကဋ္ဌ ရာထူးကို လွှဲပြောင်းရယူပြီး မကြာမီ အချိန်အတွင်းမှာပဲ သူဟာ ဘယ်လောက် မြန်မြန်ဆန်ဆန်နဲ့ ပြတ်ပြတ်သားသား လုပ်ဆောင်ခဲ့လဲဆိုတာက အံ့ဩစရာဖြစ်ခဲ့တယ်။

CarOS က အလိုအလျောက်မောင်းနှင်မယ့် မော်တော်ယာဉ်တွေကို မိတ်ဆက်ခဲ့ရင်တောင် တောင်ကိုရီးယား ဈေးကွက်ထဲကို ထိုးဖောက်ဖို့က လွယ်ကူမှာ မဟုတ်ပါဘူး။

တောင်ကိုရီးယားက အွန်ဆောင်း မော်တာအတွက် ရေရှည်လက်ဝါးကြီးအုပ် ဈေးကွက် ဖြစ်ခဲ့တာပါ။ ဒါကြောင့်မလို့လည်း အစိုးရအနေနဲ့ အွန်ဆောင်း မော်တာက အလိုအလျောက်မောင်းနှင်မှုကို စီးပွားဖြစ် မထုတ်လုပ်နိုင်မချင်း သက်ဆိုင်ရာ ဥပဒေတွေကို ဖန်တီးမှာ မဟုတ်သလို စည်းမျဉ်းတွေကိုလည်း လျှော့ချပေးမှာ မဟုတ်ပါဘူး။

ပြဿနာက အမေရိကန် ဈေးကွက်မှာ ရှိနေတာပါ။

ဈေးကွက်ဝေစု တိုးတက်နေတဲ့ ကိုရီးယားဈေးကွက်နဲ့ မတူဘဲ အွန်ဆောင်း မော်တာက အမေရိကန် ဈေးကွက်မှာ အမျိုးမျိုးသော အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။

ရိုနယ် သမ္မတ ဖြစ်လာကတည်းက စက်ရုံတွေ ရွှေ့ပြောင်းဖို့ ဖိအားက ပြင်းထန်ခဲ့ပြီး ကိုရီးယား-အမေရိကန် FTA ပြင်ဆင်မှုက ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်ခဲ့တယ်။ အခြေအနေတွေကို ပိုဆိုးစေတာက CarOS လို့ ခေါ်တဲ့ အစွမ်းထက်တဲ့ ပြိုင်ဘက်တစ်ခု အခု ပေါ်ထွက်လာတာပါပဲ။

ဒါတွေအားလုံးမှာ ကန်ဂျင်ဟူ ပါဝင်ပတ်သက်နေပါတယ်။

ဟန်မင်းဂူက ရိုနယ် အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ စီးပွားရေး စကားဝိုင်းတစ်ခုမှာ တွေ့ဆုံခဲ့တဲ့ အသက် ၂၀ ကျော် လူငယ်လေးကို ပြန်လည်အမှတ်ရမိတယ်။

"သူသာ မရှိခဲ့ရင်..."

ကန်ဂျင်ဟူသာ ဝင်ရောက်မစွက်ဖက်ခဲ့ရင် အမေရိကန်သမ္မတက ရိုနယ်အစား ဒိုင်ယန် ဖြစ်လာနိုင်ပါတယ်။ ဒါတင်မကပါဘူ။ CarOS ကလည်း အွန်ဆောင်း ကားရဲ့ လက်အောက်မှာပဲ ရှိနေဦးမှာပါ။

CarOS ရဲ့ နည်းပညာကို ရောင်းချပြီးနောက် ခြောက်လမပြည့်မီမှာပဲ ပြန်လည်အကဲဖြတ်ခဲ့ကြတယ်။ တကယ်လို့ OTK Company က CarOS ကို ဝယ်မယူခဲ့ရင်... CarOS က အွန်ဆောင်း ကားနဲ့အတူ ဆက်ရှိနေခဲ့ရင် အဲဒီနည်းပညာက အွန်ဆောင်း ကားရဲ့ အပိုင် ဖြစ်နေမှာ သေချာပါတယ်။

ဒီလို အခြေအနေမျိုးအောက်မှာ Toyota ကို ကျော်လွန်ပြီး မော်တော်ယာဉ် လုပ်ငန်းမှာ နံပါတ်တစ် ဖြစ်လာဖို့က အိမ်မက်သက်သက် မဟုတ်တော့ပါဘူး။ ဒါပေမဲ့ အဲဒီ အခွင့်အရေးက အခုတော့ လုံးဝ ပျောက်ကွယ်သွားခဲ့ပါပြီ။

ဟန်မင်းဂူက စားပွဲရဲ့ တစ်ဖက်မှာ တင်ထားတဲ့ ကန်ဂျင်ဟူရဲ့ ဖိုင်တွဲကို ကောက်ကိုင်လိုက်တယ်။ ဖိုင်ထဲက အကြောင်းအရာတွေကို အကြိမ်ကြိမ် ဖတ်ခဲ့ပြီးပြီဖြစ်သော်လည်း သူက နောက်တစ်ကြိမ် အသေးစိတ် ပြန်ဖတ်ကြည့်တယ်။

ကုမ္ပဏီ ဒေဝါလီခံရမှုနဲ့ ကန်ဂျင်ဟူရဲ့ ဖခင်ဖြစ်သူ ကန်ဒုံဟျွန်း သေဆုံးမှု ဆိုင်ရာ အပိုင်းတွေကို ရောက်တဲ့အခါ သူ ခဏရပ်သွားခဲ့တယ်။

ဟန်မင်းဂူက ဖိုင်တွဲကို ချလိုက်ပြီး သူသောက်နေတဲ့ အချိုရည်ကို တစ်ငုံသောက်လိုက်တယ်။ ခဏလောက် အတွေးထဲ နစ်မျောနေပြီးနောက် သူက တိုးတိုးလေး ရေရွတ်လိုက်တယ်။

"သူ့ကို တစ်ခေါက်လောက်တော့ တွေ့ကြည့်ရင် ကောင်းမယ် ထင်တယ်"

All Chapters