← Chapters

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း ၁၆၂

Vol. 17 Ch. 162

အခန်း (၁၆၂) ရှေးဟောင်းသစ်တောကြီးကို ရှင်းလင်း၍ မွေးမြူရေးခြံအဖြစ် ပြောင်းလဲခြင်း

ဝူး...

သစ်တောအုပ်ကြီး၏ နက်ရှိုင်းသောနေရာမှ ဝံပုလွေတို့၏ အူသံကို ကြားလိုက်ရချိန်တွင် ကျောက်လင် ရပ်တန့်လိုက်၏။

"နောက်ဆုံးတော့ ဝံပုလွေခြေရာကို ရှာတွေ့ပြီ..."

"ဒီနေရာကို မွေးမြူရေးခြံအဖြစ် ပြောင်းလဲလိုက်မယ်ဆိုရင် တိရစ္ဆာန်တွေကို စောင့်ရှောက်တဲ့သူတွေအပြင် တိရစ္ဆာန်တွေကို အစောင့်အရှောက်အဖြစ် ဝံပုလွေရိုင်းတွေကလည်း မရှိမဖြစ် လိုအပ်တာပေါ့..."

"ဒီလောက်ကြီးမားတဲ့ မွေးမြူရေးခြံကို လူအားသက်သက်နဲ့တော့ လုံခြုံအောင် စောင့်ရှောက်လို့ မရနိုင်ဘူး... ဘာပဲပြောပြော လူဆိုတာ စွမ်းအင်က ကန့်သတ်ချက်ရှိတယ်... သစ်တောထဲမှာ လူတွေ ပြေးနိုင်တဲ့ အရှိန်နှုန်းကလည်း ကန့်သတ်ချက် ရှိနေတာပဲ..."

"အကယ်၍ ဝံပုလွေတပ်သားတွေကိုသာ ယဉ်ပါးအောင် မွေးမြူထားနိုင်ရင် တစ်ခြံလုံးကို ကင်းလှည့်ခိုင်းလို့ ရသလို သားရဲကောင်တွေရဲ့ တိုက်ခိုက်မှုကိုလည်း ကာကွယ်နိုင်လိမ့်မယ်... အကျိုးကျေးဇူးကတော့ အများကြီးပေါ့..."

ကျောက်လင်က ပျော်ရွှင်စွာ ရေရွတ်လိုက်၏။

ထို့နောက် ကျောက်လင်က မြင်းရိုင်းကို လွှဲကာ ဝံပုလွေတို့ အူသံကြားရာသို့ ဦးတည်သွားလိုက်သည်။

မကြာမီပင် ကျောက်လင်၏ လင်းယုန်မျက်လုံးက တောဝက်အုပ်ကို လိုက်လံတိုက်ခိုက်နေသည့် ဝံပုလွေအုပ်ကို တွေ့ရှိသွား၏။ ဝံပုလွေကောင်ရေမှာ ၂၄ ကောင်တောင် ရှိနေပေသည်။

"ကောင်းလိုက်တာ..."

ကျောက်လင်က အတော်လေးကို စိတ်ကျေနပ်သွား၏။

ဤဝံပုလွေ ၂၄ ကောင်ကို ဖမ်းဆီးပြီးနောက် ဝံပုလွေတပ်ဖွဲ့ကို မွေးမြူနိုင်ပြီး မွေးမြူရေးခြံကို ကာကွယ်ရန် အသုံးချနိုင်ပေသည်။

"ဖက်တီး... ဒီဝံပုလွေတွေကို ထိန်းချုပ်လိုက်..."

"မင်းကို မီးမလို အမဲသားဟော့ပေါ့ နှစ်ပွဲနဲ့ ဆုချမယ်..."

ကျောက်လင်က အမိန့်ကို ချက်ချင်း ထုတ်လိုက်၏။

*မီးမလို အမဲသားဟော့ပေါ့ နှစ်ပွဲနဲ့ ဝံပုလွေ ၂၄ ကောင်ကို ရလိုက်တာက တကယ့်ကို အမြတ်ကြီးပဲ…*

ကျွီ….

မီးမလို အမဲသားဟော့ပေါ့အကြောင်း ကြားလိုက်ရသဖြင့် ဝိညာဉ်ကြွက်လေးက နှုတ်ခမ်းကို သပ်လိုက်ပြီးနောက် လျှပ်စီးပမာ မြန်ဆန်စွာဖြင့် ဝံပုလွေအုပ်နားသို့ တန်း၍ ရောက်သွား၏။

ဝံပုလွေအုပ်က တောဝက်သုံးကောင်ကို သတ်ဖြတ်ပြီးခါစသာ ရှိသေးပြီး အသားကိုပင် မစားရသေးချိန်တွင် သူတို့၏ ခန္ဓာကိုယ်အပေါ် ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသည်။

ဝံပုလွေများက သဘာဝအရ သတိဝီရိယ အလွန်ကောင်းပြီး ထိုဖိအားသက်ရောက်လာသောအခါ သွေးရင်းမြစ်အဆင့်မှ လွှမ်းမိုးမှုကြောင့် သူတို့က လုံးဝ မလှုပ်ရဲကြတော့ဘဲ အညံ့ခံကြောင်းပြရန် ချက်ချင်းပင် မြေပြင်ပေါ်၌ ဝပ်တွားနေလိုက်ကြ၏။

ကျောက်လင်က မြင်းကို စီးကာ ချက်ချင်း ရောက်လာပြီး လက်ထဲတွင် ကြိုးကို ကိုင်ထားလိုက်သည်။

ချည်... ချည်...

ကျောက်လင်က ဝံပုလွေ ၂၄ ကောင်၏ လည်ပင်းတွင် ကြိုးဖြင့် တစ်ကောင်ပြီးတစ်ကောင် သေချာစွာ ချည်နှောင်လိုက်ပြီးနောက် ကြိုးတစ်ချောင်းတည်းဖြင့် ဆက်စပ်လိုက်သည်။

ထို့နောက် ကျောက်လင်က တောဝက်အသေကောင် သုံးခုဆီသို့ ပြေးသွားကာ စနစ်နေရာလွတ်ထဲသို့ အကုန်လုံး ထည့်လိုက်၏။

ဒုက္ခသည်ရှစ်ယောက်ကလည်း တောကျွဲများကို မောင်းနှင်၍ ရောက်လာကြသည်။

သူတို့က ဝံပုလွေ ၂၄ ကောင်ကို မြင်လိုက်ရသောအခါ အလိုအလျောက်ပင် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ကြ၏။ ဝံပုလွေများက မည်မျှ ကြောက်စရာကောင်းသည်ကို သူတို့ ကောင်းကောင်း သိထားကြသည်။

"မကြောက်ကြနဲ့... ဒီဝံပုလွေတွေက မင်းတို့ကို တိုက်ခိုက်မှာ မဟုတ်ဘူး..."

ကျောက်လင်က အနည်းငယ် ပြုံးကာ ပြောလိုက်သည်။

သူတို့ရှစ်ယောက်လည်း စိတ်သက်သာရာ ရသွားကြသည်။

ထိုအချိန်တွင် ကျောက်လင်က ရစ်ငှက်နှင့် တောယုန်အချို့ ထည့်ထားသော ဝါးကျည်တောက်များ တင်ဆောင်လာသည့် တောကျွဲ ရှစ်ကောင်ကို ကြည့်လိုက်၏။

စုစုပေါင်း အရေအတွက်က တစ်ရာတောင် မပြည့်သေး။

"နောက်တစ်ဆင့်ကတော့ ရစ်ငှက်နဲ့ တောယုန်တွေကိုပဲ အဓိကထားပြီး ဖမ်းရမယ်... ဒီမွေးမြူရေး လုပ်ငန်းနှစ်ခုကို တတ်နိုင်သလောက် အမြန်ဆုံး အကြီးစား ပြောင်းလဲချင်တယ်..."

ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။

တောဝက် နှစ်ကောင်၊ စာမရီ ငါးကောင်နှင့် ဝံပုလွေ ၂၄ ကောင်ကို ဖမ်းဆီးပြီးဖြစ်သဖြင့် တိရစ္ဆာန်ကြီးများကို ဖမ်းဆီးရန် တာဝန်မှာ ပြီးမြောက်သွားပြီ ဖြစ်သည်။

တောကျွဲများ၏ ကျောပေါ်ရှိ ဝါးကျည်တောက် စုစုပေါင်း ၃၂ ခု ရှိသော်လည်း ဖမ်းမိထားသော ရစ်ငှက်နှင့် တောယုန်များက ဝါးကျည်တောက် နှစ်ခုသာ ပြည့်တော့မည်။

ကျောက်လင်က အာရုံစိုက်မှုကို ပြောင်းလဲရန် လိုအပ်နေသည်။

သူက တွေ့သမျှ တိရစ္ဆာန်ကြီးများကို ဖမ်းယူမည်ဖြစ်သော်လည်း အဓိကအားဖြင့် ရစ်ငှက်နှင့် တောယုန်များကိုသာ ရှာဖွေရမည် ဖြစ်သည်။

ထို့ကြောင့် ကျောက်လင်က ဝိညာဉ်ကြွက်လေးကို ဝံပုလွေ ၂၄ ကောင်အား ဘေးနားတွင် ထိန်းချုပ်ခိုင်းထားပြီး သူကိုယ်တိုင်ကတော့ စိတ်စွမ်းအားကို အသုံးပြုကာ သစ်တောထဲတွင် လှုပ်ရှားသွားလာ၏။

မကြာမီပင် တောယုန်အမြောက်အမြား လှုပ်ရှားနေသည့် နေရာတစ်ခုကို ကျောက်လင် ခံစားမိလိုက်သည်။

ထိုနေရာမှာ တောယုန်တွင်း ဖြစ်နေသည်။

ကျောက်လင်က မြင်းစီး၍ ရောက်သွားပြီး စိတ်စွမ်းအားကို အသုံးပြုကာ ၅၀ မီတာ ပတ်လည်ရှိ မြေပြင်ကို စူးစမ်းလိုက်ရာ တောယုန်တွင်းပေါက်များ မည်သည့်နေရာတွင် ရှိသည်ကို သိလိုက်ရသည်။

ဤအချိန်တွင် ကျောက်လင်က မြေကြီးကို တူးဖော်ရန် အလျင်မလိုဘဲ တောယုန်တွင်းပေါက် အားလုံးကို အမြန်ဆုံး ပိတ်ဆို့လိုက်ပြီး တစ်ပေါက်ကိုသာ ချန်ထား၏။

ချက်ချင်းပင် ကျောက်လင်က တောယုန်တွင်းပေါက်ကို လက်ဖြင့် ထိလိုက်သည်။

တစ်ကုဗမီတာရှိသော မြေကြီးများ ပျောက်ကွယ်သွား၏။

နှစ်မီတာခန့် တူးလိုက်သည်နှင့် တောယုန်အချို့ ကျောက်လင်၏ မျက်စိရှေ့သို့ ရောက်လာသည်။

ဤတောယုန်တွင်းက အလွန်နက်အောင် တူးထားသည်။

သူတို့ပတ်လည်ရှိ မြေကြီးများ ရုတ်တရက် ပျောက်ကွယ်သွားပြီး ကျောက်လင်၏ မကောင်းဆိုးဝါးဆန်သော အပြုံးကို မြင်လိုက်ရသောအခါ တောယုန်များ ထိတ်လန့်သွားပြီး တွင်းထဲသို့ ပြန်ပြေး၍ ပိုမိုနက်ရှိုင်းသော နေရာသို့ ဝင်ရောက်သွားကြသည်။

ကျောက်လင်က အလျင်မလိုဘဲ လက်ဖြင့် မြေကြီးများကို ဆက်လက် ထိတွေ့နေ၏။

တစ်ကြိမ်တည်းဖြင့် ဆယ်မီတာအထိ တူးလိုက်ရာ တောယုန်တွင်းမှာ လုံးဝ ဟာလာဟင်းလင်း ဖြစ်သွားသည်။

တောယုန် ၂၀ သည် ဤတွင်းထဲတွင် နေထိုင်နေပြီး ယခုအခါတွင် ဆယ်မီတာ နက်သော တွင်း၏ အောက်ခြေသို့ အကုန်လုံး ရောက်သွားကြပြီ။

ကျောက်လင်က တောယုန်များကို သတိမေ့သွားအောင် ရိုက်လိုက်ပြီးနောက် အိတ်တစ်လုံး ထုတ်ကာ အကုန်လုံးကို ထည့်လိုက်၏။

ချက်ချင်းပင် ကျောက်လင်က စနစ်နေရာလွတ်မှ သိမ်းထားသော မြေကြီးများကို ပြန်လည် ထုတ်လွှတ်လိုက်သည်။

ကျောက်လင် တစ်မီတာချင်း တက်လာသည်နှင့် မြေပြင်ပေါ်သို့ ပြန်ရောက်လာပြီး တွင်းမှာလည်း လုံးဝ ပြည့်သွား၏။

တောကျွဲ ရှစ်ကောင်လည်း ထိုအချိန်တွင် ရောက်လာသည်။

"ငါ ဝါးကျည်တောက်ကို ဖွင့်လိုက်တော့ တောယုန် ၂၀ တွေ့တယ်..."

ကျောက်လင်က အနည်းငယ် ပြုံးလိုက်၏။

ခဏလေးအတွင်းမှာပင် တောယုန် ၂၀ ကို ဖမ်းမိသွားသဖြင့် ဒုက္ခသည်ရှစ်ယောက်မှာ အံ့သြသွားကြပြီး ကျောက်လင်၏ စွမ်းရည်ကို များစွာ လေးစားသွားကြသည်။

ကျောက်လင်က တောယုန်များကို ဝါးကျည်တောက်ထဲ ထည့်လိုက်ပြီး မြင်းပေါ်သို့ ချက်ချင်း ခုန်တက်လိုက်၏။

ဤနေရာတွင် တောယုန်တွင်း ဆယ်တွင်းကျော် ရှိနေသေးသည်။

ကျောက်လင်က မပင်ပန်းဘဲ တောယုန် အားလုံးကို ဖမ်းဆီးလိုက်သည်။

တစ်နာရီ၏ လေးပုံတစ်ပုံအတွင်းမှာပင် တောယုန် နှစ်ရာကျော်ကို ဖမ်းမိသွား၏။

တောယုန်များ၏ မျိုးပွားနိုင်စွမ်းကို ထည့်တွက်ကြည့်ပါက ဤတောယုန် ၂၀၀ ကျော်နှင့် မွေးမြူရေးခြံရှိ တောယုန်များ ပေါင်းလိုက်လျှင် တောယုန်ပေါင်း ၃၀၀ နီးပါးသည် သုံးလအတွင်းတွင် ၂၀၀၀ ကျော်အထိ တိုးပွားလာနိုင်ပေသည်။

သို့သော် ကျောက်လင်က မကျေနပ်သေး။

"မလုံလောက်သေးဘူး... မလုံလောက်သေးဘူး..."

"တစ်လအတွင်းမှာ တောယုန်အရေအတွက်ကို အနည်းဆုံး တစ်သောင်းအထိ တိုးမြှင့်ရမယ်... ဒါမှ နေ့တိုင်း တောယုန်သား စားနိုင်မှာ..."

ကျောက်လင်က တိုးတိုးလေး ပြောလိုက်၏။

ထို့ကြောင့် ကျောက်လင်က တောယုန်များကို ဆက်လက် ဖမ်းဆီးရန် ဆုံးဖြတ်လိုက်သည်။

နောက်ပိုင်းအချိန်များတွင် ကျောက်လင်က ရစ်ငှက်နှင့် တောယုန်များကိုသာ အဓိကထား ရှာဖွေ၏။

ညနေ ၄ နာရီကျော်သွားပြီး သစ်တောအုပ်ကြီးထဲတွင် အလင်းရောင်များ မှိန်ဖျော့လာသည်။

"ပြန်ကြတော့မယ်..."

ကျောက်လင်က လှမ်းခေါ်လိုက်သည်။

တစ်နေ့တာလုံး အလုပ်ရှုပ်ခဲ့သော်လည်း အကျိုးအမြတ် အလွန်များလှသည်။

တောကျွဲ ရှစ်ကောင်၏ ကျောပေါ်တွင် ဝါးကျည်တောက် ၃၂ ခု၌ တောယုန်နှင့် ရစ်ငှက်များ ပြည့်နေပြီ ဖြစ်သည်။

တောယုန် ၉၀၀ ကျော်နှင့် ရစ်ငှက် ၂၀၀ ကျော် ဖြစ်၏။

အနောက်မှ လိုက်ပါလာသူများမှာ ဝံပုလွေ ၂၄ ကောင်၊ စာမရီ ငါးကောင်၊ တောဝက် ရှစ်ကောင်နှင့် တောဆိတ် ၇၄ ကောင်တို့ ဖြစ်သည်။

ဟုတ်ပါသည်... နေ့လယ်ပိုင်း သစ်တောထဲတွင် အလည်အပတ် ရှင်းလင်းရင်း ကျောက်လင်က တောဝက်ကဲ့သို့ သားရဲ ခြောက်ကောင်ကို ထပ်ဖမ်းမိသလို တောဆိတ်အုပ်ကိုလည်း ဖမ်းမိသွားခြင်း ဖြစ်သည်။

စနစ်နေရာလွတ်ထဲတွင် တောဝက် ၈၀ ကျော်နှင့် သားရဲကောင်ကြီး ၃၀ ကျော် ရှိနေသည်။

ဝိညာဉ်ကြွက်လေးကလည်း အဆိပ်မြွေ ၂၀၀ ကျော်ကို မျိုချထား၏။

ဤရှေးဟောင်းသစ်တောကြီးထဲရှိ သားရဲကောင်ကြီးများမှာ အခြေခံအားဖြင့် ရှင်းလင်းပြီးဖြစ်သလို အဆိပ်မြွေ အများစုမှာလည်း သေဆုံးကုန်ပြီ ဖြစ်သည်။

နောက်တစ်ကြိမ် ရှင်းလင်းလိုက်ရုံဖြင့် ဤသစ်တောကြီးမှာ မွေးမြူရေးခြံအဖြစ် ပြောင်းလဲသွားတော့မည်။

နောက်တစ်ဆင့်တွင် ကျောက်လင်က ရှေ့မှ မြင်းစီး၍ လမ်းပြသွားပြီး အနောက်မှ သားရဲကောင်ကြီးများက လိုက်ပါလာကြသည်။

ဒုက္ခသည် ရှစ်ယောက်ကတော့ တောကျွဲများ၏ ကျောပေါ်တွင် စီးနင်း၍ အနောက်မှ လိုက်လာ၏။

နေဝင်ရီတရောအချိန်တွင် ကျောက်လင်မှာ ထင်းရှူးနက်တောင်သို့ နောက်ဆုံးတော့ ပြန်ရောက်လာသည်။

"ခင်ပွန်း”

ရှန်ချန်းရွှယ်နှင့် ဇနီးသည်များက အာကာသတဲနားတွင် စောင့်ဆိုင်းနေကြပြီး ကျောက်လင် ပြန်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ လက်ပြ၍ အော်ဟစ်လိုက်ကြ၏။

နောက်မှ လိုက်ပါလာသော သားရဲကောင်များ ရောက်လာချိန်တွင် ဇနီးသည်များမှာ အံ့သြပျော်ရွှင်ခြင်းဖြင့် ပြည့်နှက်သွားကြသည်။

မျှော်လင့်ထားသည့်အတိုင်းပင် မိုချန်းချွမ်းနှင့် မိုဟုန်လျန်တို့က ထင်းရှူးနက်တောင်မှ မထွက်ခွာသွားကြပေ။

ကျောက်လင်၏ အစီအစဉ် အောင်မြင်သွား၏။

အဂ္ဂိရတ်ပညာရှင်နှစ်ယောက်မှာ သူတို့ဖန်တီးထားသည့် မှော်ဆန်သော ပစ္စည်းကိရိယာများကြောင့် စွဲလမ်းသွားခဲ့ကြပြီး မခွာနိုင်ဘဲ ဆက်လက်၍ လေ့လာရန် ထိုနေရာ၌ပင် နေထိုင်လိုနေကြတော့သည်။

All Chapters