အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း (၁၆၃) ကျွန်ုပ်တို့ ဆက်လက်နေထိုင်လိုပါသည်
"ခင်ပွန်းက တောရိုင်းတိရစ္ဆာန်တွေကို အများကြီး ဖမ်းလာနိုင်တာပဲ..."
ဝါးလှောင်အိမ်များဖြင့် ပြည့်နှက်နေသည့် တောဆိတ်၊ တောဝက်၊ စာမရီတို့၏ ကျောပေါ်တွင် ရစ်ငှက်နှင့် တောယုန်များ တင်ဆောင်လာကြသည်ကို မြင်လိုက်ရသောအခါ လူတိုင်းမှာ အံ့အားသင့်သွားကြ၏။ ထို့နောက်တွင် ဝံပုလွေများ၊ စာမရီသမင်များနှင့် တောဝက်များ ဆက်တိုက် ထွက်ပေါ်လာပြန်ရာ လူတိုင်းမှာ ကြာရှည်စွာ အံ့ဩမဆုံး ဖြစ်နေကြတော့သည်။
"ခင်ပွန်းသည်... ရှေးဦးသစ်တောထဲက တောရိုင်းတိရစ္ဆာန်တွေကို အကုန်လုံး ဖမ်းလာခဲ့တာလား..."
ရှန်ချန်းရွှယ်က မေးမြန်းလိုက်မိသည်။
"နီးပါးလောက်ပါပဲ..."
ကျောက်လင်က အားတင်း၍ ပြုံးကာ ပြောလိုက်၏။ အမှန်စင်စစ် တောရိုင်းတိရစ္ဆာန် အမြောက်အမြားမှာ သတ်ဖြတ်ခြင်း ခံလိုက်ရပြီး စနစ်နေရာလွတ်ထဲ၌ ရှိနေသေးသည်။ ဤတိရစ္ဆာန်များကို မိသားစု၏ စားသောက်မှုပုံစံ တိုးတက်စေရန်အတွက် သင့်တော်သည့်အချိန်တွင် ထုတ်လွှတ်ပေးသွားမည် ဖြစ်သည်။
"အော်... ဒါနဲ့ ချန်းရွှယ်... ဒီရစ်ငှက်နဲ့ တောယုန်တွေကို မွေးမြူရေးခြံထဲ ထည့်ဖို့ လူတွေကို စီစဉ်ပေးပါဦး..."
"ဒီတစ်ခေါက်မှာ တောယုန်ကို ကိုးရာကျော် ဖမ်းလာခဲ့တယ်... ရှိပြီးသား တောယုန်အနည်းငယ်နဲ့ ပေါင်းလိုက်ရင် တစ်လအတွင်း တောယုန်အရေအတွက်ကို တစ်သောင်းအထိ တိုးမြှင့်ဖို့ ငါ စီစဉ်ထားတယ်..."
"ပြီးတော့ ရစ်ငှက်နှစ်ရာရဲ့ ဥတွေကိုလည်း ပေါက်အောင် လုပ်ဖို့ နည်းလမ်းရှာရမယ်... တစ်လအတွင်း ရစ်ငှက်အရေအတွက်ကို ငါးထောင်အထိ တိုးချဲ့ရမယ်..."
ကျောက်လင်က ထပ်မံ၍ ညွှန်ကြားလိုက်၏။
"ဟုတ်ကဲ့... ကျွန်မ အခုပဲ လူတွေကို သွားခေါ်လိုက်ပါ့မယ်..."
အိမ်ရှင်မတစ်ယောက်အနေဖြင့် ရှန်ချန်းရွှယ်မှာ ကျောက်လင်၏ အစီအစဉ်ကို ကြားသည်နှင့် ချက်ချင်း နားလည်သွားသည်။ တောယုန်အရေအတွက် တစ်သောင်းနှင့် ရစ်ငှက်အရေအတွက် ငါးထောင် ပြည့်သွားလျှင် မိသားစုမှာ နေ့စဉ် ကြက်သားနှင့် ယုန်သားများကို စားသုံးနိုင်မည်ဖြစ်ပြီး ဥများကိုလည်း လိုအပ်တော့မည် မဟုတ်ပေ။ ထို့ပြင် မင်ချွမ်မြို့သို့ သွားရောက်ရောင်းချကာ ငွေရှာနိုင်မည် ဖြစ်သည်။ ဒုက္ခသည်ဘဝကို ဖြတ်သန်းခဲ့ရပြီးနောက် ရှန်ချန်းရွှယ်မှာ ငတ်မွတ်မှုပြဿနာကို ဖြေရှင်းရန် အလွန်စိတ်အားထက်သန်နေပြီး တောယုန်နှင့် ရစ်ငှက်များကို အစာကျွေးရန် လူအားကို စနစ်တကျ စီစဉ်ပေးတော့သည်။
ကျောက်လင်က ရှန်ချန်းရွှယ် ဂူထဲသို့ အလုပ်သမားများ စီစဉ်ရန် ပြေးသွားသည်ကို မြင်လိုက်ရပြီးမှ ဘေးမှ စုယောင်ကို လှည့်ကြည့်လိုက်သည်။
"ယောင်အာ... ဒီတောရိုင်းဝံပုလွေ ၂၄ ကောင်ကို ချန်းရွှယ်က ယဉ်ပါးအောင် လုပ်ပေးပြီးရင် မင်းရဲ့ ကွပ်ကဲမှုအောက်မှာ ထားမယ်..."
"ဒီဝံပုလွေတွေနဲ့ဆိုရင် နောင်အခါမှာ မွေးမြူရေးခြံကို တာဝန်ယူရတဲ့အခါ တိရစ္ဆာန်တွေကို စောင့်ရှောက်ဖို့ အသုံးပြုနိုင်တယ်... မင်းအတွက်လည်း အားစိုက်ထုတ်ရတာ သက်သာသွားမှာပေါ့..."
"ဒီတောရိုင်းတိရစ္ဆာန်တွေကို ကြည့်ပါဦး... စာမရီ၊ သမင်၊ တောဝက်၊ တောဆိတ်နဲ့ စာမရီတို့ဟာ မွေးမြူဖို့ သိပ်ကို သင့်တော်တယ်... စာမရီနဲ့ တောရိုင်းနွားတွေကို အောင်မြင်အောင် မွေးနိုင်ရင် လှည်းဆွဲဖို့ အသုံးပြုနိုင်တယ်... တောဝက်နဲ့ တောဆိတ်တွေကိုတော့ ပွားအောင် လုပ်ပြီးရင် တခြားသူတွေကို ရောင်းချပြီ ငွေများစွာ ရှာနိုင်မှာပါ..."
"ယောင်အာ... မင်းရဲ့ တာဝန်က အရမ်းအရေးကြီးတယ်..."
ထိုစကားများကို ကြားလိုက်ရသောအခါ စုယောင်မှာ ကျောက်လင်၏ စိတ်အားထက်သန်မှုကို ခံစားမိပြီး သူမ၏ တာဝန်မှာ အရေးကြီးကြောင်း သဘောပေါက်သွားသည်။
"ခင်ပွန်း... စိတ်ချပါ... ကျွန်မ မွေးမြူရေးခြံကို သေချာပေါက် စီမံခန့်ခွဲပါ့မယ်..."
စုယောင်က ချက်ချင်း ကတိပေးလိုက်၏။ အမဲလိုက်သည့် မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည့်အတွက် စုယောင်မှာ ငယ်စဉ်ကတည်းက တောရိုင်းတိရစ္ဆာန်များအကြောင်း နားလည်ထားပြီး ၎င်းတို့နှင့် ထိတွေ့ဆက်ဆံရန်လည်း စိတ်အားထက်သန်သည်။ ယခုအခါတွင် ဧရာမ ရှေးဦးသစ်တောကြီးကို မွေးမြူရေးခြံအဖြစ် စီမံခန့်ခွဲခွင့် ရရှိလိုက်ခြင်းမှာ စိတ်လှုပ်ရှားဖွယ်ပင် ဖြစ်သည်။
ကျောက်လင်သည် အနားတွင် ရပ်နေသည့် ထျန်ကျီလင်ကို လှည့်ကြည့်လိုက်သည်။
"ကျီလင်... အဲ့ဒီလက်ဝတ်ရတနာ ကိရိယာတွေကို ဘယ်လိုသုံးရမလဲဆိုတာ အမျိုးသမီး အလုပ်သမားတွေကို သင်ပေးပြီးပြီလား..."
ကျောက်လင်က စိုးရိမ်စွာ မေးလိုက်သည်။ ထျန်ကျီလင်က ခေါင်းညိတ်ပြ၏။ ကျောက်လင်သည် လက်ဝတ်ရတနာ လုပ်ငန်းအပေါ် မျှော်လင့်ချက် ကြီးမားနေကြောင်း သူမ သိရှိထားသည့်အတွက် ပေါ့ပေါ့ဆဆ လုပ်၍ မရပေ။
"ခင်ပွန်း.. အမျိုးသမီး အလုပ်သမားတစ်ရာကို ဒီနေ့ ကိရိယာတွေ အသုံးပြုပုံကို ရှင်းပြပြီးပြီ..."
"မနက်ဖြန်ကျရင်တော့ စိန်တွေကို ဘယ်လို ပွတ်တိုက်ရမလဲဆိုတာ ကျွန်မ ကိုယ်တိုင် သင်ပေးမယ်..."
"သူတို့ သဘောပေါက်သွားရင် စိန်လက်စွပ်တွေကို ဘယ်လို လုပ်ရမလဲဆိုတာ ပြောပြလိုက်ပါ့မယ်..."
"ဒါပေမဲ့ ပြဿနာက လက်ဝတ်ရတနာ အလုပ်ရုံကို ဘယ်နေရာမှာ ထားရမလဲဆိုတာပါပဲ... သင့်တော်တဲ့နေရာ မတွေ့သေးဘူး..."
ထျန်ကျီလင်က ပြုံး၍ ပြောလိုက်သည်။ ကျောက်လင်မှာ တိတ်ဆိတ်သွား၏။ မွေးမြူရေးခြံနှင့် ဆေးပင်ဥယျာဉ်အတွက် နေရာများ သတ်မှတ်ပြီးဖြစ်သည်။ လက်ဝတ်ရတနာ အလုပ်ရုံမှာလည်း နောင်တွင် ငွေရှာပေးမည့် နေရာဖြစ်သဖြင့် ကျောက်လင်မှာ ပေါ့ပေါ့ဆဆ မလုပ်နိုင်ပေ။ အလုပ်ပတ်ဝန်းကျင်နှင့် လက်ဝတ်ရတနာ သိမ်းဆည်းမည့် အခြေအနေများကို ထည့်သွင်း စဉ်းစားရမည်ဖြစ်သည်။
"လက်ဝတ်ရတနာ လုပ်တာက တိတ်ဆိတ်ပြီး ပိတ်လှောင်တဲ့ ပတ်ဝန်းကျင် လိုအပ်တယ်..."
"ငါ စဉ်းစားထားတာ တစ်ခုရှိတယ်... ဝိညာဉ်ဆေးပင် ဥယျာဉ်အနီး၊ ကောက်နှံဂိုဒေါင်ရှိတဲ့ ကျောက်တောင်ပေါ်မှာပဲ မင်းအတွက် အလုပ်ရုံတစ်ခု တည်ဆောက်ပေးမယ်..."
"ဒီကစပြီး မင်းတို့ အလုပ်ရုံက လူတွေ အကုန်လုံး အဲ့ဒီကို ပြောင်းရွှေ့ကြရမယ်..."
ခဏတာ စဉ်းစားပြီးနောက် ကျောက်လင်က သူ၏ အစီအစဉ်ကို ထုတ်ဖော် ပြောကြားလိုက်သည်။ လက်ဝတ်ရတနာ ဖန်တီးရာတွင် အလုပ်သမားများမှာ စိတ်နှစ်ထားရန် လိုအပ်ပြီး ဆူညံသော ပတ်ဝန်းကျင်ကြောင့် အနှောင့်အယှက် မဖြစ်သင့်ပေ။ ထိုစကားကို ကြားသောအခါ ထျန်ကျီလင်မှာ ထိုဂိုဒေါင်ထဲတွင် ခန္ဓာကိုယ်ကို ပုံသွင်းရန် ဝိညာဉ်အရည်ကို အသုံးပြုခဲ့စဉ်က အမှတ်တရများကို ပြန်လည် အမှတ်ရသွားပြီး ထိုတောင်တန်းဒေသမှာ တိတ်ဆိတ်ငြိမ်းချမ်းကာ အလုပ်လုပ်ရန် အလွန်သင့်တော်ကြောင်း နားလည်သွားသည်။
"ကောင်းပါပြီ... ခင်ပွန်း ပြောတဲ့အတိုင်းပဲ လုပ်ပါ့မယ်..."
ထျန်ကျီလင်က ပြုံး၍ ဆို၏။ ထိုအခိုက်တွင် ကျောက်လင်က မိုချန်းချွမ်းနှင့် မိုဟုန်လျန်တို့ကို လှည့်ကြည့်လိုက်သည်။
"လူကြီးမင်းတို့... ကျွန်တော်တို့ ဟေးစုန်းရွာအကြောင်း စိတ်ဝင်စားကြရဲ့လား... ဒီမှာ ခဏလောက် ဆက်နေဖို့ အစီအစဉ် ရှိပါသလား..."
ကျောက်လင်က သူတို့ကို ပြုံး၍ မေးလိုက်သည်။ ဤအဂ္ဂိရတ်ပညာရှင် နှစ်ဦးကို ဤနေရာတွင် ဆက်ရှိနေစေရန် ကျောက်လင်သည် တတ်နိုင်သမျှ လုပ်ဆောင်မည်ဖြစ်သည်။ သူတို့နှစ်ဦး ရှိနေခြင်းဖြင့် ကျောက်လင်သည် သူ တည်ထောင်ထားသည့် လုပ်ငန်းများအားလုံးကို ၎င်းတို့ တီထွင်လိုက်ခြင်း ဖြစ်ကြောင်း အကြောင်းပြချက် ပေးနိုင်ပြီး စနစ်၏ လျှို့ဝှက်ချက်ကို မည်သူမျှ မရိပ်မိအောင် ကာကွယ်နိုင်မည် ဖြစ်သည်။
"ဟားဟား... မိတ်ဆွေလေးကျောက်… မင်းက ငါ့စိတ်ထဲက အတိုင်းပဲ ပြောလိုက်တာပဲ..."
"ဟုတ်တယ်... ငါနဲ့ ငါ့မြေးက ဒီမှာရှိတဲ့ ပစ္စည်းတော်တော်များများကို စိတ်ဝင်စားနေကြတာ... ဒါကြောင့် ဒီမှာ ခဏလောက် နေပြီး လေ့လာကြည့်ချင်တယ်…”
မိုချန်းချွမ်းက ပွင့်လင်းစွာပင် ပြန်ဖြေလိုက်သည်။
"ကျောက်လင်... ဒီမှာ စားရတဲ့ အစားအစာတွေက သိပ်အရသာရှိတာပဲ... ကျွန်မလည်း အလကားစားပြီး အလကား သောက်ဖို့ ဆက်နေချင်တယ်... မငြင်းပါဘူးနော်..."
မိုဟုန်လျန်က အနည်းငယ် ပြုံးလိုက်သည်။
"ကြိုဆိုပါတယ်... အလွန်ကြိုဆိုပါတယ်..."
"ကျွန်တော် ကျောက်လင်က မိတ်ဆွေဖွဲ့ရတာကို သဘောကျပါတယ်..."
"ဒီလိုလုပ်ပါ... ဒီအလွတ်ရှိတဲ့ အာကာသတဲ နှစ်ခုထဲမှာ ခင်ဗျားတို့ နှစ်ယောက် တစ်ခုစီ နေလိုက်ကြပါ... ကြိုက်သလောက် နေနိုင်ပါတယ်..."
ကျောက်လင်က ချက်ချင်း ပြန်ပြောလိုက်၏။ ဤနေရာတွင် ဆက်နေရဲသရွေ့ သူတို့နှစ်ဦးကို ထာဝရ ရှိနေစေရန် ကျောက်လင် ယုံကြည်မှု ရှိသည်။ အကြောင်းမူကား ကျောက်လင်သည် အခါအားလျော်စွာ ထူးခြားသော ပစ္စည်းများကို ထုတ်ပြကာ သူတို့နှစ်ဦးကို စိတ်ဝင်စားအောင် လုပ်ထားနိုင်မည် ဖြစ်သည်။
ထိုစဉ်တွင် ကျောက်လင်သည် ယောင်းဟွိုင်တောက်၊ ရှုံ့တာကျွမ်းနှင့် တခြားသူ ငါးယောက်တို့ ပထမဆုံး ဂူထဲမှ ထွက်လာကာ သူ့ဆီသို့ စိတ်လှုပ်ရှားစွာ ပြေးလာသည်ကို မြင်လိုက်ရသည်။
"နောက်ဆုံးတော့ ရှရွှယ်ချန်တောင်ကနေ ပြန်ရောက်လာကြပြီပဲ..."
သူငယ်ချင်း ခြောက်ယောက်ကို မြင်လိုက်ရသောအခါ ကျောက်လင်မှာ ပြုံးလိုက်၏။ နှစ်ရက်ခန့်က ကျောက်လင်သည် ရှရွှယ်ချန်တောင်မှ တိုက်ရိုက် ထွက်ခွာလာပြီး ဟေးစုန်းရွာသို့ ပြန်လာခဲ့သည်။ သို့သော် ယောင်းဟွိုင်တောက်နှင့် သူငယ်ချင်း ခြောက်ယောက်တို့မှာ ယွီရွှေတပ်စခန်းနှင့်အတူ တောင်ထဲတွင် ပုန်းအောင်းနေသည့် ဓားပြများကို လိုက်လံ ဖမ်းဆီးရန် ဆက်လက် ကျန်ရစ်ခဲ့ကြပြီး ကုန်သည်များထံ ရောင်းချရန် ရတနာများ ပိုမို လုယူလိုကြသည်။ ယခုအခါတွင် သူတို့ ခြောက်ယောက် ပြန်ရောက်လာပြီး ကျောက်လင်ကို ချက်ချင်း နှုတ်ဆက်ကြသည်။
"ကျောက်လင်... ငါတို့ ပြန်ရောက်လာပြီ..."
"ကျောက်လင်... ငါ ကျန်နေတဲ့ ဓားပြအချို့ကို သတ်လိုက်ပြီး ရတနာတွေ အများကြီး သိမ်းဆည်းနိုင်ခဲ့တယ်... ငွေပြား ငါးဆယ်နဲ့ ရောင်းလိုက်ရတယ်..."
"ကျောက်လင်... ငါတို့ ပြန်ရောက်ရောက်ချင်းပဲ မင်းနာမည်က မင်ချွမ်မြို့ တစ်မြို့လုံးမှာ ကျော်ကြားနေတယ်လို့ ကြားရတယ်..."
သူငယ်ချင်း ခြောက်ယောက်က ပြေးလာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။ ကျောက်လင်က သူတို့ကို တိတ်ဆိတ်စေရန် လက်ယက်ပြလိုက်သည်။
"ကောင်းပြီ... အခုတော့ ငွေနည်းနည်းပါးပါး ရလာကြပြီဆိုတော့ မနက်ဖြန် ဒုက္ခသည်စခန်းကို သွားပြီး နောက်ထပ် ဒုက္ခသည်တွေကို ထပ်ဝယ်လိုက်ကြဦး... မင်းတို့ရဲ့ စစ်တပ်ပိုင်မြေ ခြောက်ခုမှာလည်း စပါးပျိုးပင်တွေကို စိုက်ပျိုးဖို့ အချိန်တန်ပြီ..."
ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။ ထိုသူတို့မှာ ချက်ချင်း ခေါင်းညိတ်လိုက်ကြ၏။
"မနက်ဖြန်ကျရင် မင်းတို့ရဲ့ စွမ်းအားတွေကို တိုးတက်စေဖို့အတွက် ဝိညာဉ်ဆေးပင်တွေကို နောက်ထပ် ပေးဦးမယ်..."
ကျောက်လင်က ရုတ်တရက် ပြောလိုက်သည်။ ကျောက်လင်တွင် စနစ်အမှတ်များစွာ ကျန်ရှိနေသေးသည်။ သူသည် သူ့ပတ်ဝန်းကျင်ရှိသူများ၏ စွမ်းအားကို မြှင့်တင်ပေးလိုပြီး ဟေးစုန်းရွာမှာလည်း သန်မာသည့် အင်အားစု၏ အကာအကွယ်အောက်တွင် ရှိနေစေကာ စိတ်အေးချမ်းသာစွာဖြင့် ကမ္ဘာလောကသို့ ထွက်ခွာနိုင်မည် ဖြစ်သည်။