အခန်း ၁၆၄
Vol. 17 Ch. 164
အခန်း (၁၆၄) ချင်းလန်အာ အဂ္ဂိရတ်မီးဖို လိုချင်ပြီး ဝိညာဉ်ကြွက်ကလေး ဝိညာဉ်သစ်သီး တောင်းဆိုခြင်း
ရှန်ချန်းရွှယ်က သူမ၏ ‘စိတ်စွမ်းအား ထိန်းချုပ်ခြင်း’ ကျင့်စဉ်ကို အသုံးပြုလိုက်၏။
တောရိုင်းဝံပုလွေ ၂၄ ကောင်ကို ယဉ်ပါးသွားအောင် ပြုလုပ်နိုင်ခဲ့သည်။ ထို့နောက် စာမရီငါးကောင်ကိုလည်း ဆက်လက် ယဉ်ပါးအောင် ပြုလုပ်ခဲ့၏။ တောဝက်နှင့် တောဆိတ်များအတွက်မူ စိတ်စွမ်းအား အသုံးပြုရန် မလိုပေ။ ဤတိရစ္ဆာန်နှစ်မျိုးမှာ အလွန်ယဉ်ကျေးပြီး အချိန်အတန်ကြာ မွေးမြူထားပါက အိမ်မွေးတိရစ္ဆာန်ကဲ့သို့ ဖြစ်လာကာ ထွက်ပြေးကြတော့မည် မဟုတ်ပေ။
မကြာမီပင် လူတစ်ထောင်ကျော် စုပေါင်းစားသောက်ကြမည့် အချိန် ရောက်ရှိလာခဲ့သည်။ သံအိုးကြီးဆယ်လုံးထဲမှ ထွက်ပေါ်လာသည့် ထမင်းနံ့သင်းသင်းလေးက လူတိုင်း၏ အစာစားချင်စိတ်ကို နှိုးဆွပေးလိုက်၏။ အဘိုးမြေးဖြစ်သူ မိုချန်းချွမ်းနှင့် မိုဟုန်လျန်တို့မှာ အဂ္ဂိရတ်ပညာရှင်များ ဖြစ်မှန်းပင် မေ့လျော့နေကြပြီး သူတို့ကိုယ်တိုင် ထွင်းထုထားသည့် သစ်သားပန်းကန်လုံးများကို ကိုင်ဆောင်ကာ အစားအသောက် တန်းစီသည့်နေရာသို့ စိတ်လှုပ်ရှားစွာ ပြေးသွားကြသည်။ သူတို့နှစ်ဦးမှာ ဟေးစုန်းရွာရှိ ဘဝကို လျင်မြန်စွာပင် အသားကျသွားကြပြီ ဖြစ်သည်။
အဆောက်အဦးကြီးထဲတွင် စည်ကားသိုက်မြိုက်နေသည်ကို ကြည့်ပြီး ကျောက်လင်က အေးဆေးစွာ ပြုံးလိုက်၏။ ဤလေထုမှာ သူ့ယခင်ဘဝက စက်မှုဥယျာဉ်နှင့် ဆင်တူနေသည်။ လူတစ်ထောင်ဖြင့် စတင်လိုက်သည်နှင့် သူတို့၏ လုပ်ငန်းမှာ အောင်မြင်မှုလမ်းစ ပေါ်နေပြီ ဖြစ်သည်။ ကျောက်လင်သည် အာကာသတဲမှ ထွက်ခွာပြီး ဝိညာဉ်ကြွက်ကလေး၏ သစ်သားအိမ်ဆီသို့ သွားရန် ပြင်လိုက်စဉ် ဝမ်းနည်းဖွယ် မျက်နှာပေးဖြင့် လျှောက်လာသည့် ဇနီးဖြစ်သူ ချင်းလန်အာကို မြင်လိုက်ရသဖြင့် ရပ်တန့်ကာ စောင့်ဆိုင်းလိုက်သည်။
"လန်အာ... ဘာလို့ ထမင်းမစားသေးတာလဲ... ဒီကို ဘာလို့ လာတာလဲ..."
ကျောက်လင်က ဖော်ရွေစွာ မေးမြန်းလိုက်သည်။
"ခင်ပွန်း.. ကျွန်မကို ပေးမယ်လို့ ကတိပေးထားတဲ့ အဂ္ဂိရတ်မီးဖိုက ဘယ်တော့ ရောက်မှာလဲ..."
"တခြားဇနီးတွေက အလုပ်လုပ်နေကြတာကို တွေ့ရပေမဲ့ ကျွန်မကတော့ ခင်ပွန်းကို ဘာမှ ကူညီပေးနိုင်တာ မရှိဘူး..."
ချင်းလန်အာက နှုတ်ခမ်းကို ကိုက်ကာ စိုးရိမ်တကြီး ပြောလိုက်၏။ ထိုစကားကို ကြားသောအခါ ကျောက်လင် နားလည်သွားသည်။ ချင်းလန်အာမှာ မိသားစုထဲသို့ အသစ်ဝင်လာသူဖြစ်ပြီး ကျောက်လင်က သူမကို လျစ်လျူရှုထားမည်ကို အလွန် ကြောက်ရွံ့နေသည်။ စုယောင်မှာ မွေးမြူရေးခြံကို တာဝန်ယူမည်ဖြစ်ပြီး ထျန်ကျီလင်က လက်ဝတ်ရတနာ အလုပ်ရုံကို တည်ဆောက်နေပြီ ဖြစ်သည်။
ပိုင်ဝမ်ချင်းမှာလည်း ဝိညာဉ်ဆေးပင် ဥယျာဉ်ကို ပိုင်ဆိုင်ထားကာ ရှန်ချန်းရွှယ်က အိမ်တွင်းရေး ကိစ္စအဝဝကို စီမံခန့်ခွဲနေရပြီး ယဲ့လင်အာမှာလည်း သန်မာသည့် စွမ်းရည်ရှိသည်။ ချင်းလန်အာမှာ ယောက္ခမဖြစ်သူ ကျီစုဖျင်၏ ထောက်ပံ့မှု ရှိသော်လည်း အိမ်တွင် ဘာမျှမလုပ်ဘဲ နေပါက ကျောက်လင်၏ စွန့်ပစ်ခြင်းကို ခံရမည်ကို စိုးရိမ်နေသည်။
ကျောက်လင်က ချင်းလန်အာကို ဖက်ထားကာ နှစ်သိမ့်ပေးလိုက်သည်။
"မိတ်ဆွေရဲ့ စွမ်းရည်နဲ့ဆိုရင် မီးဖိုက မနက်ဖြန် ရောက်လာမှာပါ..."
"လန်အာ...မင်းကလည်း ကိုယ့်အတွက်တော့ ထူးချွန်တဲ့ အမျိုးသမီးတစ်ယောက်ပါပဲ..."
"သူတို့အားလုံးမှာ ကိုယ်ပိုင် အသက်မွေးဝမ်းကျောင်းတွေ ရှိသလို မင်းမှာလည်း ရှိပါတယ်... မကြာခင်မှာပဲ မင်းက ကိုယ့်ကို ကူညီနိုင်လာမှာပါ..."
"ကိုယ်က မင်းရဲ့ အဂ္ဂိရတ်ပညာအပေါ်မှာ အများကြီး မျှော်လင့်ထားတယ်..."
ကျောက်လင်က နှစ်သိမ့်လိုက်၏။ ချင်းလန်အာမှာ ကျောက်လင်၏ အချစ်ကို ခံစားမိပြီး သူမ၏ စိုးရိမ်မှုများ ပြေပျောက်သွားသည်။ ကျောက်လင်က သူမကို စိတ်စွမ်းအားဖြင့် ဖုံးလွှမ်းလိုက်ကာ ခန္ဓာကိုယ် တင်းမာနေမှုများ ပြေလျော့သွားသည်ကို သိလိုက်ရမှ လက်ကို ပြန်လွှတ်ပေးလိုက်သည်။
"ဒါနဲ့ လန်အာ... မင်းက အဂ္ဂိရတ်ပညာမှာ ကျွမ်းကျင်သူဆိုတော့ တောရိုင်းတိရစ္ဆာန်တွေကို မြန်မြန် ကြီးထွားစေတဲ့ ဝိညာဉ်အရည်တွေ ဒါမှမဟုတ် ဆေးလုံးတွေအကြောင်း သိလား..."
"သိတဲ့အတိုင်းပဲ... ကိုယ်က ရစ်ငှက်၊ ယုန်၊ တောဝက်နဲ့ တောဆိတ်တွေကို အများကြီး ဖမ်းလာခဲ့တယ်... ဒီမွေးမြူရေးလုပ်ငန်းကို မြန်မြန်ချဲ့ထွင်ချင်လို့ပါ..."
ကျောက်လင်က ရုတ်တရက် မေးမြန်းလိုက်သည်။ လက်ရှိ အရေအတွက်ဖြင့်ပင် တစ်လအတွင်း စကေးကြီးကြီး ဖြစ်လာနိုင်သော်လည်း ကျောက်လင်က မကျေနပ်သေးပေ။
“ရှိတယ်.. ကျွန်မတို့ရဲ့ ဘိုးဘေးတွေက ဆေးဝါးဘုရင်တောင်ကြားကနေ လွင့်ပျံငှက်မွှေးနှင်းရည်’ လို့ခေါ်တဲ့ ဝိညာဉ်အရည်ရဲ့ ဖော်စပ်နည်းကို ရထားတယ်..."
"ဆေးဝါးဘုရင်တောင်ကြားရဲ့ မှတ်တမ်းအရ ဒီ လွင့်ပျံငှက်မွှေးနှင်းရည်ကို အစာထဲ ရောကျွေးလိုက်ရင် ရစ်ငှက်နဲ့ ယုန်တွေရဲ့ ကြီးထွားနှုန်းက အနည်းဆုံး ငါးဆလောက် မြန်သွားလိမ့်မယ်..."
"ကံကောင်းချင်တော့ ဒီဖော်စပ်နည်းကို ကျွန်မ မှတ်မိနေတယ်... ဒါက ပထမအဆင့် ဝိညာဉ်အရည်ပဲဖြစ်ပေမဲ့ တောရိုင်းတိရစ္ဆာန်တွေ ကြီးထွားမှုအတွက်တော့ အံ့ဖွယ်ပဲ..."
ချင်းလန်အာက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်၏။ ကျောက်လင်က ချင်းလန်အာကို အနမ်းပေးလိုက်သည်။
"ကောင်းလိုက်တာ လန်အာ... မင်း တကယ်တော်တာပဲ..."
"ဖော်စပ်နည်းထဲမှာ ဘာဆေးမြစ်တွေ ပါလဲဆိုတာ ပြောပြပါ… ကိုယ် ချက်ချင်း ဝယ်ခိုင်းလိုက်မယ်..."
ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။
"ရွှေနွယ်ပင်၊ သွေးကြောနွယ်၊ ကျောက်စိမ်းလက်ဖက်ညွန့်နဲ့ ရွှေဂျင်ဆင်း... ဒါတွေက ပထမအဆင့် ဝိညာဉ်ဆေးမြစ် လေးမျိုးပါ..."
ချင်းလန်အာက ချက်ချင်း ဖြေသည်။ ကျောက်လင်က မှတ်သားလိုက်၏။ ကျောက်လင်မှာ စနစ်ဈေးဆိုင်မှ ဝယ်ယူခွင့် ရှစ်ကြိမ်ကို ဒီနေ့အတွက် အသုံးပြုပြီး ဖြစ်သဖြင့် မနက်ဖြန်ကျမှသာ ဤဆေးမြစ်လေးမျိုးကို ဝယ်ယူနိုင်မည် ဖြစ်သည်။
"ကောင်းပြီ... ကိုယ့်လူတွေကို ဝယ်ခိုင်းထားလိုက်မယ်... ဆေးမီးဖိုရောက်ရင် မင်းရဲ့ လက်စွမ်းကို ကြည့်ရဦးမှာပေါ့ လန်အာ..."
ကျောက်လင်က ပြုံးလိုက်သည်။ ချင်းလန်အာက ပျော်ရွှင်စွာဖြင့် ခေါင်းညိတ်ပြီး အစားအသောက် တန်းစီရန် အဆောက်အဦထဲသို့ ပြေးသွားတော့သည်။ သူမ ထွက်သွားသည်ကို ကြည့်ပြီး ကျောက်လင်သည် အနီးရှိ တောင်ကုန်းသို့ ပြေးသွားကာ ဝိညာဉ်ကြွက်ကလေး၏ အိမ်ရှေ့သို့ ရောက်သွား၏။
"ဖက်တီး... မင်းအတွက် မုန့်အနည်းငယ် ယူလာတယ်..."
ကျောက်လင်က ခေါ်လိုက်သည်။ ယနေ့ ရှေးဦးသစ်တောထဲတွင် ဝိညာဉ်ကြွက်ကလေးမှာ အလွန်စွမ်းဆောင်နိုင်ခဲ့ပြီး တောရိုင်းတိရစ္ဆာန် ဒါဇင်ပေါင်းများစွာကို သတ်ဖြတ်ကာ စာမရီ၊ တောဝက်၊ ဝံပုလွေနှင့် တောဆိတ်များကို ခြိမ်းခြောက်နိုင်ခဲ့၍ ကျောက်လင်အတွက် ရလဒ်ကောင်းများ ရရှိခဲ့သည်။ ကျောက်လင်က ဝိညာဉ်ကြွက်ကလေး၏ စိတ်ခံစားချက်ကို လျစ်လျူရှု၍ မရပေ။
ကျွီ...
ရုတ်တရက် ဝိညာဉ်ကြွက်ကလေးက အနီးရှိ သစ်ပင်မှ ပျံသန်းလာကာ တံခါးဝတွင် ဆင်းသက်လိုက်သည်။ သူက မတ်တပ်ရပ်လျက် ရှေ့ခြေထောက်နှစ်ဖက်ကို စိတ်လှုပ်ရှားစွာ ဝှေ့ယမ်းပြ၏။ ဤသည်မှာ ဝိညာဉ်ကြွက်ကလေးအတွက် အပျော်ဆုံး အချိန်ပင် ဖြစ်သည်။ ကျောက်လင်က ဝါးခြင်းနှစ်ခုကို ထုတ်လိုက်သည်။ တစ်ခြင်းတွင် ဆိုဒါနှင့် ကိုလာတို့ ရှိပြီး နောက်တစ်ခြင်းတွင် ပဲကြီးလှော်၊ ငါးအသေးလေးများနှင့် ချောကလက်များ ပါရှိသည်။ မီးမလို အမဲသားဟော့ပေါ့ ဆယ်အိုးလည်း ပါဝင်သေး၏။ စုစုပေါင်းတန်ဖိုးမှာ အမှတ် တစ်သောင်းထက် မပိုပေ။
ဝိညာဉ်ကြွက်ကလေးမှာ အလွန်ပျော်ရွှင်နေသည်။ အစားအသောက်များစွာ ရလိုက်သည့်အတွက် အလွန်ကျေနပ်သွား၏။
"ဒီနေ့ အမဲလိုက်တာအတွက် ဆုလာဘ်က ဒီမှာပဲ... ငါ ထမင်းစားတော့မယ်..."
ကျောက်လင် ပြောပြီး လှည့်ထွက်မည် ပြုစဉ် ဝိညာဉ်ကြွက်ကလေးက သူ၏ ပုခုံးပေါ်သို့ ချက်ချင်း ခုန်တက်လာသည်။
ကျွီ… ကျွီ…
ဝိညာဉ်ကြွက်ကလေးက အော်မြည်နေပြီး ရှေ့ခြေထောက်ဖြင့် သစ်သီးစားသည့် ပုံစံမျိုး လုပ်ပြနေ၏။ ကျောက်လင် စဉ်းစားလိုက်ပြီးမှ နားလည်သွားသည်။
"မင်း ဝိညာဉ်သစ်သီးကို လိုချင်တာလား... စတုတ္ထအဆင့် ဝိညာဉ်သားရဲအထိ တက်လှမ်းဖို့အတွက်ပေါ့..."
ကျောက်လင်က ပြုံး၍ မေးလိုက်၏။ နောက်ဆုံးအကြိမ်က ကျောက်လင်ပေးလိုက်သည့် မိုးကြိုးဝိညာဉ်သစ်သီးကြောင့် ဝိညာဉ်ကြွက်ကလေးမှာ တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့သည်။ အမှိုက်မုန့်များက အစာရေစာကို ပြေစေနိုင်သော်လည်း စွမ်းအားကို တိုးတက်စေသည့် ဝိညာဉ်သစ်သီးမှာ ဝိညာဉ်ကြွက်ကလေးအတွက် လိုအပ်နေသည်။
ဝိညာဉ်ကြွက်ကလေးမှာ မိုက်မဲသူ မဟုတ်ပေ။ အရေးကြီးသည်နှင့် မကြီးသည်ကို သူ သိသည်။ ကျောက်လင်၏ မေးခွန်းကို ကြားလျှင်ပင် ဒရမ်တီးသလို ခေါင်းကို အဆက်မပြတ် ညိတ်ပြလိုက်သည်။
"မင်း မိုးကြိုးဝိညာဉ်သစ်သီးကို စားပြီးပြီပဲ... ခန္ဓာကိုယ်က ဝိညာဉ်စွမ်းအားကို စုပ်ယူပြီးပြီဆိုရင် ငါ မင်းကို စတုတ္ထအဆင့် ဝိညာဉ်သစ်သီး ပေးမယ်... မင်း တက်လှမ်းနိုင်အောင်ပေါ့..."
ကျောက်လင်က ပြုံး၍ ပြောလိုက်၏။ ဝိညာဉ်ကြွက်ကလေးက ချက်ချင်း ခုန်ပေါက်လိုက်ပြီး တစ်ဖန် ပြန်အော်သည်။
"ဘာကိုဆိုလိုတာလဲ..."
"မင်း မိုးကြိုးဝိညာဉ်သစ်သီးကို စုပ်ယူပြီးသွားပြီလား... သစ်သီးကို ထပ်စားလို့ ရတယ်ပေါ့..."
ကျောက်လင်က စပ်စုစွာ မေးလိုက်သည်။ ဝိညာဉ်ကြွက်ကလေးက ခေါင်းညိတ်ပြီး ရှေ့ခြေနှစ်ဖက်ကို ခါးထောက်သည့်ပုံစံ ပြလိုက်သဖြင့် သူက သန်မာနေကြောင်း ပြောချင်သည့်ပုံပင် ဖြစ်သည်။
"သဘောပေါက်ပြီ... မနက်ဖြန်ကျရင် စတုတ္ထအဆင့် ဝိညာဉ်သစ်သီး ပေးမယ်..."
ကျောက်လင်က အားနာစွာ ရယ်လိုက်သည်။ ပြဿနာက ဒးယနေ့ ဝယ်ယူခွင့်ကုန်သွားခြင်းပင် ဖြစ်သည်။
ကျွီ..
ထိုစကားကို ကြားလျှင် ဝိညာဉ်ကြွက်ကလေးမှာ ကျောက်လင်၏ အဖြေကို ကျေနပ်စွာဖြင့် အိမ်ထဲသို့ ပြေးဝင်သွားတော့သည်။
တကယ့်ကို အမှိုက်စာကျွေးရုံဖြင့် ငါ့ကို ဤနေရာတွင် ထားနိုင်မည်ဟု ထင်နေသလား... မင်း၏ အလားအလာကို ငါ စောင့်ကြည့်နေတာ။
ဝိညာဉ်ကြွက်ကလေးသည် ကျောက်လင်က သူ၏ စွမ်းအားကို မြှင့်တင်ပေးနိုင်ကြောင်း သိရှိထားသဖြင့် ကျောက်လင်၏ ဘေးတွင် ရှိနေရန် ပျော်ရွှင်နေခြင်း ဖြစ်သည်။