← Chapters

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း ၂၈၂

Vol. 29 Ch. 282

အခန်း (၂၈၂) ဤလျှပ်စီးကြောင်းသည် သူ့အား အမှန်ပင် ပစ်ချနိုင်မည်မှာ မလွဲဧကန်ပင်

"ငါပြောတာက နင့်ရဲ့ လိမ်ညာမှုအကြောင်းကို ပြောတာ..."

"တန့်ဆုန်း... ငါ တွက်ချက်ထားတာ မှန်ရဲ့လား..."

ယွင်ဟွား၏ အသံသည် ကျယ်လောင်လွန်းသည်လည်း မဟုတ်၊ တိုးလျလွန်းသည်လည်း မဟုတ်သော်လည်း ဘေးခန်းမှ လော့ကျွန်းမင်ထံသို့ အတိအကျ ရောက်ရှိသွားသည်။ လော့ကျွန်းမင်၏ လက်ယာလက်မှာ တုန်ယင်သွားပြီး စုတ်တံမှ မှင်စက်များမှာ စာမေးပွဲစာရွက်ပေါ်သို့ ကျရောက်ကာ အမည်းရောင် အစွန်းအထင်းများ ဖြစ်ပေါ်သွားလေသည်။ လော့ကျွန်းမင်သည် စိုးရိမ်တကြီးနှင့် အမြန်ဖျက်ရန် ကြိုးစားလိုက်ရာ သူ၏ အတွင်းခံအင်္ကျီမှာ ချွေးအေးများဖြင့် စိုရွှဲနေပြီးဖြစ်သည်။ သူသည် အသက်ကို တိတ်ဆိတ်စွာ ရှူသွင်းလိုက်ပြီးနောက် သူ၏ အဖြေကို ဆက်လက် ရေးသားတော့သည်။

“မင်း.. မင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာပဲ..."

တန့်ဆုန်းက ချက်ချင်းပင် ထရပ်လိုက်သည်။ သူသည် ပင်ကိုယ်အားဖြင့် အလိုလိုက်ခံထားရသော ချမ်းသာသည့် ကလေးတစ်ယောက်ဖြစ်သဖြင့် အဖြစ်မှန် ပေါ်ပေါက်လာချိန်တွင် ပို၍ပင် ကျယ်လောင်စွာ အော်ဟစ်ကာ ခုခံကာကွယ်ရန် ကြိုးစားလေသည်။ သူ၏ ကြောက်လန့်နေသော မျက်နှာဖုံးနောက်ကွယ်တွင် ယုတ်မာသော အငွေ့အသက်များ ရှိနေသည်။ သူ၏ ရုန်းရင်းဆန်ခတ် ဖြစ်မှုကြောင့် အခြား စာဖြေသူများလည်း ခေါင်းလှည့်ကာ ကြည့်ရှုကြသည်။

"အားလုံးပဲ... ကိုယ်တိုင်ဆုံးဖြတ်ကြည့်ကြပါ... ငါ ဒီနေရာကို ရောက်လာတာ ငါ့ရဲ့ ကိုယ်ပိုင် အစွမ်းအစနဲ့တင်ပဲ... ငါ စုတ်တံကို ခဏလောက် မကိုင်မိရုံနဲ့ နင်က ငါ့ကို လိမ်ညာသူလို့ ခေါ်ရဲရသလား... ဒါဟာ ငါ့အပေါ်မှာ အကြီးမားဆုံးသော စော်ကားမှုပဲ..."

"ငါ ကန့်ကွက်တယ်... ငါ ကန့်ကွက်တယ်... သူမက ဘာသက်သေမှမပြဘဲနဲ့ ငါ့ကို ဂုဏ်သိက္ခာကျအောင် လုပ်နေတာ... သူမက ဘယ်လိုလုပ်ပြီး စာစစ်သူ ဖြစ်နိုင်မှာလဲ..."

တန့်ဆုန်းသည် တုန်ယင်နေသော လက်ညှိုးဖြင့် ယွင်ဟွားအား ညွှန်ပြကာ မတရားသဖြင့် အနိုင်ကျင့်ခံနေရသူတစ်ဦးကဲ့သို့ ဝမ်းနည်းဟန်ဆောင်ကာ အော်ဟစ်ပြောဆိုလိုက်သည်။

နန်ကုန်းယွမ်သည် ထိုလက်ညှိုးအား အေးစက်စက် ကြည့်လိုက်ရာ အရိုးထဲထိ စိမ့်ဝင်သွားမည့် အအေးဓာတ်များမှာ ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွား၏။

"မင်းရဲ့ လက်ကို မလိုချင်တော့ဘူးနဲ့ တူတယ်..."

နန်ကုန်းယွမ်သည် လျှပ်တစ်ပြက်အတွင်း အလွန်လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ထိုသူ၏ လက်တစ်ဖက်ကို ချက်ချင်းပင် အဆစ်လွဲသွားစေသည်။ သူ၏ အသံမှာ ရေခဲကဲ့သို့ အေးစက်နေသည်။

"ဘယ်လိုပဲဖြစ်ဖြစ် မင်းက လိမ်ညာနေတာပဲလေ... ဒီစာမေးပွဲကို ဆက်ဖြေနေဖို့လည်း အဓိပ္ပာယ် မရှိတော့ဘူး..."

"အား..."

တန့်ဆုန်းသည် သူ၏ လက်ကို ကိုင်ထားလျက် တစ်ခန်းလုံးရှိ လူများပင် ကြက်သီးထသွားလောက်အောင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

ယွင်ချင်းမော့နှင့် ချွေ့ကျင်းချူတို့ နှစ်ဦးမှာမူ တစ်ယောက်က မသိကျိုးကျွန် ပြုနေပြီး အခြားတစ်ယောက်ကမူ သူ၏ စာရွက်ပေါ်တွင်သာ အာရုံစိုက်နေသည်။ သူတို့၏ ညီမငယ်/ဝမ်းကွဲညီမငယ် ရှိနေသမျှ ကာလပတ်လုံး ငြိမ်းချမ်းသော နေ့ရက်ဟူသည် ရှိမည်မဟုတ်ပေ။

ကတ်ကြေးကို ထုတ်ယူရန် ပြင်ဆင်နေသော သေခြင်းရှင်ခြင်းစာအုပ်က ရပ်တန့်သွားသည်။ ၎င်းသည် နန်ကုန်းယွမ်၏ ပါးပြင်ပေါ်သို့ ပျံသန်းသွားပြီး သူ့အား အနမ်းပေးချင်စိတ်များ ပြင်းပြနေ၏။

“ရှောင်ယွမ်ယွမ်.. နင်က တကယ့်ကို ခန့်ညားတာပဲ... ဒါက နင်လုပ်သင့်တဲ့ အရာပဲလေ... ငါ့ရဲ့ ဟွားဟွားကို လက်ညှိုးထိုးရဲတယ်ပေါ့... နင်က သေထိုက်တန်တယ်…”

အရမ်းချောတာပဲ... အရမ်းချောတာပဲ... သူသည် တကယ့်ကို သူတို့၏ ဖုန်းတုဧကရာဇ်ဖြစ်ပြီး ဟွားဟွားကို အဆုံးထိ ကာကွယ်ပေးနေသည်။

နန်ကုန်းယွမ်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး သေခြင်းရှင်ခြင်းစာအုပ်အား လျှို့ဝှက်စွာ လက်မထောင်ပြလိုက်သည်။

တရားသူကြီးစုတ်တံသည် စာအုပ်လေးက ရှောင်ယွမ်ယွမ်အား ကြယ်စင်လေးများ တောက်ပနေသော မျက်လုံးများဖြင့် ကြည့်နေသည်ကို မြင်သောအခါ မနာလိုဖြစ်သွားပြီး သူ၏သွားများကို ဖြီးပြကာ သူ၏ ဝမ်းဗိုက်ထဲသို့ လက်နှိုက်လိုက်သည်။ ချက်ချင်းပင် ဆူးပါသော တုတ်တိုတစ်ခု ပေါ်လာပြီး တန့်ဆုန်း၏ ခန္ဓာကိုယ်ဆီသို့ ရွယ်လိုက်သည်။

“ရှူးရှူးလေး..ပေပေ့ကို ကြည့်လိုက်ဦး…”

“ပေပေ့ရဲ့ ရိုက်ချက်တွေကလည်း အရမ်းခန့်ညားတာပဲ... ရှောင်ယွမ်ယွမ်ထက် မလျော့ဘူး…”

စာအုပ်လေး၏ အာရုံစိုက်မှုကို ရရှိရန်အတွက် တရားသူကြီးစုတ်တံသည် ရည်ရွယ်ချက်ရှိရှိဖြင့် ဇာတ်ဝင်ခန်းတစ်ခုကဲ့သို့ အနေအထားမျိုးစုံ လုပ်ပြနေသည်။

ယွင်ဟွား: …..

အခြားသူများ: …

*သူတို့... သူတို့တွေက လျှို့ဝှက်ချက်ကိုတောင် မဖုံးကွယ်တော့ဘူးပေါ့လေ…*

တန့်ဆုန်းသည် ရုတ်တရက် ပေါ်လာသော တုတ်တိုကြောင့် ကြောက်လန့်သွားပြီး အသံကုန် အော်ဟစ်လိုက်သည်။

"သရဲ…”

"သရဲရှိတယ်... စာမေးပွဲခန်းထဲမှာ သရဲခြောက်နေတယ်..."

စာဖြေသူများမှာလည်း ထိုအော်သံကြောင့် ထိတ်လန့်တကြား ဖြစ်ကုန်ကြသည်။ နန်ကုန်းယွမ်၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်ဖြစ်ပြီး သူ၏ လက်ချောင်းထိပ်များမှအတွင်းအားကို ထုတ်လွှတ်လိုက်ရာ အော်ဟစ်နေသော တန့်ဆုန်းမှာ ချက်ချင်း အသံတိတ်သွားသည်။ သူသည် စောင့်ရှောက်သူများကို အချက်ပြလိုက်ပြီး ထိတ်လန့်နေသော စာဖြေသူများကို နှစ်သိမ့်ပေးရန် ခိုင်းလိုက်သည်။

သေခြင်းရှင်ခြင်းစာအုပ်သည် တရားသူကြီးစုတ်တံကို ၎င်း၏ အတောင်ပံများမှ ဆွဲကိုင်ကာ ကြိမ်းမောင်းလိုက်သည်။

“ချောတာ မချောတာ နောက်မှ ထားလိုက်... ဒါက စာမေးပွဲခန်းဆိုတာ နင် သိရဲ့လား... နင်က လေထဲကနေ တုတ်ကို ထုတ်ပြလိုက်တာ... နင်က လူတွေကို ကြောက်ပြီး သေအောင် လုပ်ချင်တာလား…”

တရားသူကြီးစုတ်တံမှာ အပြစ်ရှိသလို ခံစားရပြီး သူ၏ ဝိုင်းစက်နေသော မျက်လုံးများတွင် မျက်ရည်များ ဝဲလာသည်။

“ဒ… ဒါပေမယ့် ရှူးရှူး... နင်လည်း ကတ်ကြေးကို ထုတ်ပြီး သူ့လက်ညှိုးကို ဖြတ်ဖို့ လုပ်နေတာလေ…”

သေခြင်းရှင်ခြင်းစာအုပ်က စကားရပ်တန့်သွားပြီး သူ၏ မျက်နှာလေးမှာ နီရဲသွားသည်။

“နင်လို ကျိုးပဲ့နေတဲ့ စုတ်တံလေးက ငါ့ကို ပြန်ပြောရဲတယ်ပေါ့... ငါတို့ရဲ့ အဆင့်အတန်းကို မေ့မသွားနဲ့... နင်က အောက်ဆုံးအဆင့်ပဲ... ပြန်မပြောနဲ့…”

တရားသူကြီးစုတ်တံသည် သူ၏ပါးကို ဖောင်းလိုက်သည်။

“မဟုတ်ဘူး... အောက်ဆုံးအဆင့်က ကျောက်တုံးလေးပဲ…”

မှတ်တမ်းတင်ရန် အလုပ်ရှုပ်နေသော ငရဲလကျောက်: …

“ဒီအစ်မ... ဒီအစ်မစာအုပ်က...နင့်ကို ရိုက်သတ်လိုက်မယ်…”

နောက်ထပ် အရိုက်ခံလိုက်ရပြီးနောက် တရားသူကြီးစုတ်တံသည် ဘောလုံးကဲ့သို့ ကွေးလိုက်ပြီး ယွင်ဟွား၏ ဆံပင်ထဲတွင် ပုန်းကွယ်လိုက်သည်။

“ပန်းလေး.. စုတ်တံ ဒီနေ့တော့ စာအုပ်နဲ့ လမ်းခွဲတော့မယ်... ငါ သူ့ကို မကြိုက်တော့ဘူး…”

နန်ကုန်းယွမ်သည် မျက်ရည်စက်လက် ဖြစ်နေသော စုတ်တံကို ချစ်စရာကောင်းသည်ဟု ထင်မိသွားပြီး ရှောင်ဟွားအာ၏ ဆံပင်ထဲမှ ဆွဲထုတ်ကာ သူ၏ အင်္ကျီအတွင်းသို့ ထည့်ထားလိုက်သည်။ တရားသူကြီးစုတ်တံသည် အေးခဲသွားပြီး နန်ကုန်းယွမ်၏ နားတွင် တိုးတိုးလေး ပြောလိုက်သည်။

“ရှောင်ယွမ်ယွမ်... မိန်းကလေးတွေက ဒီလောက်တောင် ပြောင်းလဲတတ်တာလား…”

နန်ကုန်းယွမ်သည် ရှောင်ဟွား အား တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“မင်းရဲ့ စာအုပ်လေးပဲ ပြောင်းလဲတတ်တာပါ..”

တရားသူကြီးစုတ်တံ: …

တစ်ဖက်တွင်မူ တန့်ဆုန်းသည် မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး ချွေးများဖြင့် စိုရွှဲနေသည်။ သူ အသံမထွက်နိုင်သော်လည်း သူ၏ နှုတ်ခမ်းလှုပ်ရှားမှုကို ဖတ်နိုင်သည်။

“ရှောင်ယွမ်ယွမ်... သူ့ကို စကားပြောခွင့်ပေးလိုက်စမ်း..."

သူ၏ သတို့သမီးလေးက ပြောသဖြင့် နန်ကုန်းယွမ်လည်း သဘောတူလိုက်သည်။ ခဏအကြာတွင် တန့်ဆုန်း၏ ဒေါသတကြီး အော်ဟစ်သံများ ပြန်လည် ထွက်ပေါ်လာသည်။

"ငါ ဧကရာဇ်မင်းကြီးထံ အယူခံဝင်မယ်... ငါ မင်းတို့အားလုံးကို ဖော်ထုတ်ပစ်မယ်..."

"ငါက အဆင့်အတန်းရှိတဲ့သူတစ်ယောက်ပဲ... မင်းတို့က တုံလင်နိုင်ငံရဲ့ ဥပဒေကို လျစ်လျူရှုပြီး ငါ့ကို လူလိမ်လို့ စွပ်စွဲရုံတင်မကဘဲ ကိုယ်တိုင် ပြစ်ဒဏ်ပေးနေကြတယ်... ပြီးတော့ မင်းတို့က ငါ့ကို ထိန်းချုပ်ဖို့ မှော်ပညာတွေကို သုံးနေကြသေးတယ်..."

"ငါ ဒါကို လက်မခံဘူး... ငါ လက်မခံနိုင်ဘူး…”

"မင်းတို့လို အရာရှိမျိုးတွေ တုံလင်နိုင်ငံမှာ ရှိနေတာဟာ ပြည်သူတွေရဲ့ ကံဆိုးမှုပဲ..."

"အားလုံးပဲ စဉ်းစားကြည့်ကြပါ... သူတို့က ငါ့ကို တမင်တကာ စွပ်စွဲရဲတယ်ဆိုတော့ သူတို့ရဲ့ လူတွေကိုပဲ စာမေးပွဲမှာ အောင်မြင်အောင် လုပ်ပေးဖို့ ကြိုးစားနေတာ ဖြစ်ရမယ်... ငါတို့က နန်းတွင်းအတွက် စာမေးပွဲ ဖြေနေဖို့ ဘာအဓိပ္ပာယ် ရှိသေးလဲ... သူတို့ပဲ အကုန်အုပ်ချုပ်ပါစေတော့..."

တန့်ဆုန်းသည် သွေးရောင်လွှမ်းနေသော မျက်လုံးများဖြင့် အားလုံးကို စိုက်ကြည့်နေသည်။ သူသည် အရာရှိတစ်ယောက်ဖြစ်လာဖို့ တစ်လှမ်းသာ လိုတော့သည့် အချိန်ပင် ဖြစ်သည်။

"ရဲတင်းလှချည်လား..."

တန့်ဆုန်း၏ စကားကြောင့် စာဖြေသူအချို့ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ လုချန်ယွမ်သည် အမြန်ပင် ရှေ့ထွက်လာသည်။

"မင်းတို့ ရှေ့မှာ ရပ်နေတာဟာ ယုံအန်းမင်းသမီးတင်မကဘဲ နတ်ဘုရား... အဟမ်း... ကောင်းကင်ဘုံက နတ်ဘုရားတွေရဲ့ တပည့်ပဲ... သူမက နိုင်ငံနှစ်နိုင်ငံကြားက စစ်ပွဲကို တစ်ကိုယ်တော် တားဆီးခဲ့ပြီး နှင်းမုန်တိုင်း ကပ်ဘေးကိုလည်း ကြိုတင် ခန့်မှန်းခဲ့တယ်..."

"မဟုတ်ရင် မင်းတို့က ဒီမှာ အော်ဟစ်နေနိုင်ဦးမလား... ပေကျန်းနိုင်ငံက ပထမဆုံး တိုက်ခိုက်ဖို့ ရည်ရွယ်ထားတဲ့မြို့က လျန်ကျိုးပဲ..."

“အိုး... ရှောင်လုလုက တကယ်ပဲ စကားပြောတတ်တာပဲ... နောက်ထပ် ပြောပါဦး... ဒီမင်းသမီးက နင့်ကို အခုကစပြီး ကာကွယ်ပေးမယ်…”

လုချန်ယွမ်၏ မျက်လုံးများမှာ ပို၍ တောက်ပလာသည်။

"ယုံအန်းမင်းသမီး တုံလင်နိုင်ငံမှာ ရှိနေသရွေ့ အကျင့်ပျက် အရာရှိဆိုတာ ရှိနိုင်မှာ မဟုတ်ဘူး... သူမရဲ့ ဟောကိန်းထုတ်နိုင်စွမ်းနဲ့ ကံကြမ္မာကို ကြည့်တတ်တဲ့ အစွမ်းတွေကို နန်းတွင်းတစ်ခုလုံးနဲ့ ဧကရာဇ်ကိုယ်တိုင်ကပါ အသိအမှတ်ပြုထားတာပဲ..."

"မင်းကရော... မင်းက ဘာဖြစ်လို့ မင်းသမီးကို စွပ်စွဲရဲရတာလဲ... စာဖြေသူတွေအားလုံးကို လှုံ့ဆော်ဖို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလား..."

“ရဲမက်တို့... သူ့ကို ဖမ်းဆီးပြီး တရားရေးရာရုံးတော်ကို ပို့လိုက်ကြစမ်း..."

ထိုစကားကို ကြားသောအခါ တန့်ဆုန်း ထိတ်လန့်သွားပြီး ဘေးခန်းရှိ လော့ကျွန်းမင်မှာလည်း ပို၍ပင် စိတ်မငြိမ်သက် ဖြစ်လာသည်။

"မတရားဘူး... ဒါဟာ မတရားဘူး..."

"မင်းတို့ဆီမှာ ဘာသက်သေမှမရှိဘူး... မင်းတို့ ငါ့ကို ဖမ်းလို့ မရဘူး..."

တန့်ဆုန်းသည် ပြင်းထန်စွာ ရုန်းကန်နေပြီး သူ၏ မုန်းတီးသော အကြည့်များမှာ ယွင်ဟွားထံတွင်သာ ရောက်နေသည်။

"သက်သေလား..."

လုချန်ယွမ်သည် လက်ကို ဝှေ့ယမ်းလိုက်သည်။

"မလိုဘူး... ဧကရာဇ်မင်းကြီးက လူတွေကို ကွပ်မျက်ဖို့ သက်သေမလိုဘူးဆိုရင် ငါတို့လည်း လိုမှာ မဟုတ်ဘူး..."

တန့်ဆုန်း : ….

"မင်းရဲ့ အံ့အားသင့်နေတဲ့ မျက်လုံးတွေနဲ့ ငါ့ကို မကြည့်နဲ့... မင်းသမီးရဲ့ စကားတွေက နတ်ဘုရားတွေရဲ့ စကားလောက် ယုံကြည်ရတယ်... မင်း မယုံဘူးဆိုရင် မင်း လိမ်ညာတာ မဟုတ်ကြောင်း သူမရှေ့မှာ ကျိန်ဆိုကြည့်လိုက်ပါလား... လျှပ်စီးကြောင်းက မင်းကို မပစ်ချဘူးဆိုရင် ငါ့ရဲ့ ခေါင်းကို ကိုယ်တိုင်ဖြတ်ပြီး ဘောလုံးလို ကန်ပစ်လိုက်မယ်..."

“ဘောလုံးလို ကန်ပစ်မယ်…”

ယွင်ဟွားက မျက်လုံးကို လှိမ့်လိုက်သည်။

“ဒါ... ဒီမင်းသမီးတစ်ခါမှ မမြင်ဖူးဘူး... ရှောင်လုလုကို စမ်းခိုင်းကြည့်ရင် ကောင်းမလား... ငါ ကစားလို့ ပြီးသွားရင် ‌ချွေ့ချွေ့လေးကို ခေါ်ပြီး သူ့ခေါင်းကို ပြန်ချုပ်ပေးခိုင်းလိုက်မယ်…”

လုချန်ယွမ်သည် ခြေထောက်ယိုင်သွားပြီး ထိုနေရာမှာပင် မေ့လဲလုနီးပါး ဖြစ်သွားသည်။ ကံကောင်းစွာဖြင့် သူ၏ လုပ်ဖော်ကိုင်ဖက်များက သူ့ကို အမြန် ထိန်းလိုက်ကြသည်။

"မ... မင်းသမီးယုံအန်း... ဒီအရာရှိမှာလည်း ရွှေစတွေ ပြင်ဆင်ထားပါတယ်..."

"သေချာ... သေချာပေါက် ဒီလျှပ်စီးကြောင်းက သူ့ကို ပစ်ချနိုင်မှာပေါ့နော်..."

"ဟုတ်တယ်မလား..."

All Chapters