အခန်း ၂၈၄
Vol. 29 Ch. 284
အခန်း (၂၈၄) တစ်ဦးတည်းအပေါ် မျက်နှာသာပေးခြင်း
"မဟုတ်ဘူး... နင့်ဦးနှောက်ထဲမှာ ပဲပြားအကျိုးအပဲ့တွေ ပြည့်နေတာလား..."
"ပညာတတ်လွန်းလို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာလား... ဒီမင်းသမီးဆို ပညာတတ်ချင်ပေမယ့် ပါရမီတောင် မပါဘူး..."
"ဒီနေ့ ဒီမင်းသမီးက စာမေးပွဲကို ကြီးကြပ်နေတာ မဟုတ်ဘူးဆိုရင် သူ အရာရှိဖြစ်သွားပြီးနောက် နင့်မိသားစုတစ်ခုလုံး အသက်ရှင်နိုင်ဦးမယ်လို့ တကယ်ထင်နေတာလား... သူက နင်တို့အားလုံးကို ချက်ချင်း ရှင်းလင်းပစ်မှာ မဟုတ်ဘူးလား..."
"ငါသာ နင့်နေရာမှာဆိုရင် ကျောက်ခဲတစ်လုံးရှာပြီး ငါ့ရဲ့ ဒေါသတွေ ပြေပျောက်သွားတဲ့အထိ သူ့ကို ပြင်းပြင်းထန်ထန် ထုနှက်ပစ်လိုက်မှာပဲ..."
ယွင်ဟွားက အလွန် ဒေါသထွက်နေလေသည်။
စာကျက်လွန်း၍ သူမ၏ အစ်ကိုဖြစ်သူ ဉာဏ်ရည်ချို့တဲ့သွားသည်ကို သူမ မမြင်ဖူးပေ။
လော့ကျွန်းမင်...
သူသည် အံကြိတ်လိုက်ပြီး တန့်ဆုန်းအား အေးစက်ခက်ထန်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
မည်သူမျှ သတိမထားမိချိန်တွင် သူက မှင်သွေးကျောက်တစ်ခုကို ကောက်ယူလိုက်၏။
လုချန်ယွမ်သည် မြေပြင်ပေါ်ရှိ သနားစရာကောင်းနေသော တန့်ဆုန်း၏ အခြေအနေကို ကြည့်ကာ သူ့အား တားဆီးရန် ပြင်လိုက်သော်လည်း ယုံအန်းမင်းသမီး၏ အကြည့်များ သူ၏ အပေါ်သို့ ကျရောက်လာသည်ကို ခံစားလိုက်ရသည်။
သူသည် အပြုံးတစ်ခုဖြင့် တုံ့ပြန်လိုက်ပြီး ရှေ့သို့လှမ်းထားသော ခြေထောက်ကို ချက်ချင်းပင် နောက်သို့ ပြန်ဆုတ်လိုက်လေသည်။
"လော့ကျွန်းမင်... သူ့ကို အသက်ရှူနိုင်ရုံလောက်ပဲ ထားလိုက်..."
ယွင်ဟွားက သတိပေးစကား တစ်ခွန်း ဆိုလိုက်လေသည်။ ယနေ့သည် သွေးထွက်သံယိုဖြစ်ရန်အတွက် အချိန်အခါကောင်း မဟုတ်ပေ။
လော့ကျွန်းမင်သည် ခေါင်းညိတ်ပြလိုက်ပြီး အစောင့်များက တန့်ဆုန်းအား အသက်ငင်နေသော အခြေအနေဖြင့် ဆွဲထုတ်သွားသည်အထိ စောင့်နေလိုက်လေသည်။
"အမတ်မင်း... ကျွန်တော်မျိုး မည်သည့် ငြီးတွားမှုမျှမရှိဘဲ ပြစ်ဒဏ်ကို ခံယူပါမယ်..."
လော့ကျွန်းမင်သည် တုံလင်နိုင်ငံ၏ ဥပဒေများကို ကောင်းစွာ ကျွမ်းကျင်ထားသူ ဖြစ်သည်။ တန့်ဆုန်းသည် အရာရှိများကို လာဘ်ထိုးခဲ့ပြီး အခြားသူတစ်ဦးအား သူ၏ အစား ဝင်ရောက်ဖြေဆိုခိုင်းခဲ့သည်။ ထို့ကြောင့် သူ့ကို ကြိမ်ဒဏ်ပေးရုံသာမက အရာရှိစာရင်းမှလည်း ပယ်ဖျက်ခံရမည် ဖြစ်သည်။ ဤအခြေအနေသည် အလွန် ဆိုးရွားပြင်းထန်သဖြင့် နယ်စပ်သို့ နယ်နှင်ဒဏ်ပေးခံရမည် ဖြစ်ပြီး သူ၏ မိသားစုတစ်ခုလုံးလည်း အပြစ်ဒဏ် ခံရမည် ဖြစ်သည်။
ထို့နောက် သူသည်လည်း…
သူတို့၏ အရာရှိဘွဲ့နှင့် ဂုဏ်ထူးများကို ရုပ်သိမ်းခံရမည်ဖြစ်ကာ ကြိမ်ဒဏ်ပေးခံရပြီး ဘဝတစ်သက်တာလုံး အရာရှိလောကသို့ ဝင်ရောက်ခွင့် ပြုတော့မည် မဟုတ်ပေ။
သူသည် ဤအရာအားလုံးကို အကြပ်အတည်းကြောင့် ပြုလုပ်ခဲ့ရသည်ဆိုလျှင်တောင်မှ။
သို့သော်လည်း မှားယွင်းမှုမှာ မှားယွင်းမှုပင် ဖြစ်လေသည်။
လုချန်ယွမ်သည် လော့ကျွန်းမင်အတွက် စိတ်မကောင်းဖြစ်မိလေသည်။ ဤမျှ အရည်အချင်းရှိသော သူတစ်ဦး ဖျက်ဆီးခံလိုက်ရပြီ ဖြစ်၏။
"ဒီကိစ္စအတွက် အကြောင်းပြချက်တစ်ခု ရှိတယ်... မင်းကို ကြိမ်ဒဏ် အချက်ငါးဆယ် ပေးသင့်ပေမယ့် အချက်သုံးဆယ် လျှော့ပေးမယ်... မင်းကို ကြိမ်ဒဏ် အချက်နှစ်ဆယ်ပဲ ပေးပြီး မင်းရဲ့ ပညာရေးဘွဲ့ကို ရုပ်သိမ်းမယ်..."
"ကျေးဇူးတင်ပါတယ် အမတ်မင်း..."
လော့ကျွန်းမင်က လေးနက်စွာ ဦးညွှတ်လိုက်လေသည်။ သူသည် ဤရလဒ်ကို လက်ခံနိုင်စွမ်း ရှိသည်။
ထို့နောက် ချက်ချင်းပင် သူသည် ယွင်ဟွားအား ဦးညွှတ်ကာ ပြောလိုက်လေသည်။
"ကျွန်တော်မျိုးကို အမှန်တရား ဖော်ထုတ်ပေးခဲ့တဲ့အတွက် မင်းသမီးကို ကျေးဇူးတင်ပါတယ်..."
“နင်... နင် ဘာမှမတောင်းဆိုတော့ဘူးလား... ဆယ်နှစ်ကြာ ကြိုးစားပမ်းစား စာသင်ခဲ့ရပြီးနောက်မှာ တကယ်ပဲ လက်လျှော့လိုက်တော့မှာလား..."
ယွင်ဟွားသည် နှမြောတသ ဖြစ်မိသော်လည်း သူမ ဘာလုပ်သင့်သည်နှင့် ဘာမလုပ်သင့်သည်ကို ကောင်းစွာ သိရှိထားပေသည်။
"မင်းသမီး... ကျွန်တော်မျိုးရဲ့ မိဘတွေနဲ့ ညီငယ်ညီမငယ်တွေက အိမ်မှာ စောင့်နေကြပါတယ်..."
"ရရှိခြင်းနဲ့ ဆုံးရှုံးခြင်းအတွက် ဘာကြောင့် အဲ့လောက် စိုးရိမ်ပူပန်နေရမှာလဲ... နောက်ဆုံးမှာ ရှောင်မန်က အခြားအရာအားလုံးထက် ပိုကောင်းပေတယ် ဆိုတဲ့ ရှေးဟောင်းကဗျာလေးတစ်ပုဒ်က အရာအားလုံးကို ရှင်းပြနေပါတယ်... ကျွန်တော်မျိုး ကျေနပ်နေပါပြီ..."
သူသည် ကျွန်တော်မျိုးအား ကြိမ်ဒဏ်သာပေးပြီး အရာရှိဘွဲ့ကိုသာ ရုပ်သိမ်းခဲ့ခြင်း ဖြစ်သည်။
ပညာသင်ကြားခြင်းအပြင် အခြားရွေးချယ်စရာများလည်း ရှိပါသေးသည်။
ယွင်ဟွား...
“ဒါက… ဒါက ဘာကို ဆိုလိုတာလဲ... ဘာလို့ အဲ့လောက်နက်နဲသလို ပြောနေရတာလဲ..."
ယွင်ဟွားသည် နှုတ်ခမ်းဆူလိုက်ပြီး သူမ ပညာမတတ်သည်ကို သိသာစွာ စိတ်အနှောင့်အယှက် ဖြစ်သွားလေသည်။
နန်ကုန်းယွမ်က ညင်သာစွာ ချောင်းတစ်ချက် ဟန့်လိုက်လေသည်။
"ရှောင်ဟွားအာ... အဓိပ္ပာယ်က လူ့ဘဝဆိုတာက အမှန်တကယ် ပြီးပြည့်စုံခဲတယ် ရှောင်မန်ကသာ ပြီးပြည့်စုံမှုဖြစ်တယ် နောင်တရမှုများကြားမှာ လက်ရှိအချိန်ကို တန်ဖိုးထားပါ ဂုဏ်သိက္ခာနဲ့ စည်းစိမ်ချမ်းလို့ခေါ်တဲ့ အရာများကို စွန့်လွှတ်လိုက်ပါ အောင်မြင်မှု အနည်းငယ်သာ ရှိတယခဆိုရင်တောင် ပြီးပြည့်စုံခြင်းထက် ပိုကောင်းတယ်လို့ ဆိုလိုတာပဲ..."
ယွင်ဟွား၏ မျက်ခွံများမှာ ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။
"အင်း... ငါ နားလည်ပြီ..."
“ပန်းကလေး... နင် နားမလည်ရင်လည်း နားမလည်ဘူးပေါ့…”
သေခြင်းရှင်ခြင်းစာအုပ်သည် ပန်းကလေးအား သံသယဖြင့် ကြည့်လိုက်ပြီး သူမ နားမလည်ဟု တွေးလိုက်လေသည်။
ယွင်ဟွား...
“ရှောင်ရှူးရှူး... ကောင်းကောင်းပြောပါ... ငါတို့က ညီအစ်မတွေ ဖြစ်နေတုန်းပဲလေ…”
"ကောင်းပြီ... ကောင်းပြီ... ဒီမင်းသမီးက သိပ်မကူညီနိုင်ဘူး... နင့်ကို ငွေအနည်းငယ်ပဲ ပေးနိုင်တယ်... ဒါနဲ့ နင်လုပ်ချင်တာကို လုပ်နိုင်တယ်..."
ယွင်ဟွားသည် ငွေစက္ကူတစ်ဆုပ်ကို ရက်ရောစွာ ဆွဲထုတ်လိုက်ပြီး လော့ကျွန်းမင်အား ကမ်းပေးလိုက်လေသည်။
သူမသည် တောက်ပနေသော ရွှေစလေးများကိုသာ နှစ်သက်ပြီး ငွေစက္ကူများ သို့မဟုတ် လက်ဝတ်ရတနာများကိုမူ တစ်ချက်ပင် ကြည့်မည်မဟုတ်ပေ။
တစ်ချိန်တည်းမှာပင် သူမသည် ငွေစက္ကူများအတွင်းသို့ ယင်စွမ်းအင် အနည်းငယ်ကို ထည့်သွင်းလိုက်သဖြင့် သူမှလွဲ၍ မည်သူမျှ ဤငွေကြေးများကို ခိုးယူခြင်း သို့မဟုတ် လုယက်ခြင်း မပြုနိုင်ပေ။
"ယူလိုက်... နင့်မိဘတွေကို ကုသပေးပြီး နင့်ရဲ့ ညီငယ်ညီမငယ်တွေကို ရွေးချယ်ချင်တယ် မဟုတ်လား..."
လော့ကျွန်းမင်သည် မျက်လုံးထဲတွင် ဝဲတက်လာသော မျက်ရည်များကို အတင်းအဖျင်း ထိန်းချုပ်လိုက်ပြီး ယွင်ဟွားအား သုံးကြိမ်တိုင်တိုင် ဦးညွှတ်ကာ ပြောလိုက်လေသည်။
“ကျွန်တော်မျိုး မင်းသမီးရဲ့ ကြီးမားလှတဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး..."
သေခြင်းရှင်ခြင်းစာအုပ်သည် ၎င်း၏ အဆက်မပြတ် ပြင်ဆင်နေရသော မူလပုံစံကို ကြောက်လန့်တကြား စိုက်ကြည့်နေရင်း ယွင်ဟွား၏ ခေါင်းပေါ်မှ ပြုတ်ကျလုနီးပါး ဖြစ်သွားလေသည်။
“ပန်း... ပန်းကလေး... သူက အရာရှိလမ်းကြောင်းကို မလျှောက်ခဲ့ပေမယ့် စီးပွားရေးလုပ်ငန်းမှာ အရမ်းတော်ပြီး အဲ့ဒေသမှာ ကြီးကျယ်တဲ့ အလှူရှင်ကြီး တစ်ယောက် ဖြစ်လာခဲ့တယ်... သူက ကျောင်းတွေနဲ့ ဆေးခန်းတွေကို ဆောက်လုပ်ပေးပြီး ပြည်သူတွေနဲ့ ဆင်းရဲတဲ့ ကျောင်းသားတွေအတွက် အဆင်ပြေစေခဲ့တယ်... အနှစ်နှစ်ဆယ်ကြာပြီးနောက် သူက အလားအလာရှိတဲ့ အရာရှိများစွာကို နန်းတွင်းထံ စေလွှတ်ပေးခဲ့တယ်... ပြီးတော့…”
“နောက်ထပ် ဘာရှိသေးလဲ…”
ယွင်ဟွားက အလွန် းစပ်စုချင်စိတ် ပြင်းပြနေလေသည်။
“သူတို့က နင့်အတွက် ဘုရားကျောင်းငယ်လေး တစ်ခုကိုတောင် တည်ဆောက်ခဲ့ပြီး နင့်ရဲ့ ရွှေရုပ်တုကို ထုလုပ်ကာ အဲ့နေရာမှာ ကိုးကွယ်ထားကြတယ်…”
အားလုံး..…
“ဘာ…”
ယွင်ဟွားသည် လော့ကျွန်းမင်အား စူးစိုက်ကြည့်လိုက်ပြီးနောက် သူမ၏ သိုလှောင်နယ်မြေထဲမှ ငွေစက္ကူ အမြောက်အမြားကို အမြန်ဆွဲထုတ်လိုက်လေသည်။
"ဒါတွေကို ယူထားလိုက်... အနာဂတ်မှာ လူကောင်းတစ်ယောက် ဖြစ်အောင်နေပြီး ပြည်သူအားလုံးရဲ့ အကျိုးအတွက် အလုပ်လုပ်ပါ..."
"ပြီးတော့ ရွှေရုပ်တုကို နောက်တစ်ကြိမ်ကျရင် ပိုကြီးကြီး လုပ်ပေးပါ... ဟားဟား..."
ယွင်ဟွားသည် ခဏတာ ရပ်တန့်သွားပြီးနောက် ဆက်ပြောလိုက်လေသည်။
"အစပိုင်းမှာ အသေးလေးလုပ်ရင်လည်း အဆင်ပြေပါတယ်..."
သူမသည် မကြာမီတွင် မိုးကြိုးကပ်ဘေးတစ်ခုကို ကြုံတွေ့ရမည်ဟု ခံစားလိုက်ရပြီး ထိုအချိန်ရောက်လျှင် နံ့သာတိုင် ပူဇော်မှုများကို လက်ခံရရှိနိုင်မည် ဖြစ်သည်။
လော့ကျွန်းမင်မှာ ထပ်မံ၍ အံ့အားသင့်သွားရပြန်သည်။ သူသည် ဝါကျ၏ ဒုတိယတစ်ဝက်၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း စိတ်ထဲတွင် မှတ်သားထားလိုက်လေသည်။
"မင်းသမီး... စိတ်ချပါ... ကျွန်တော်မျိုး မင်းသမီးကို စိတ်ပျက်အောင် မလုပ်ပါဘူး..."
ဘေးတွင် ရပ်နေသော လုချန်ယွမ်မှာ ဝေခွဲမရ ဖြစ်နေလေသည်။
သို့မဟုတ်…
"မင်းသားစုရဲ့ဆက်ခံသူ... ကျွန်တော်မျိုး နန်းတော်ထဲကို သွားပြီး ဧကရာဇ်မင်းကြီးနဲ့ ဒီကိစ္စကို ဆွေးနွေးသင့်တယ်လို့ ထင်သလား... ကျွန်တော်တို့ လော့ကျွန်းမင်ကို နေခွင့်ရဖို့ အခွင့်အရေးတစ်ခု ပေးသင့်ကောင်းပေးသင့်ပါတယ်... သူက အနာဂတ်မှာ အလားအလာရှိတဲ့ အရာရှိများစွာကို နန်းတွင်းအတွက် ထောက်ပံ့ပေးနိုင်တယ်ဆိုတော့ သူက အတော်လေး အရည်အချင်းရှိတယ်ဆိုတာကို ပြသနေပါတယ်..."
နန်ကုန်းယွမ်သည် လုချန်ယွမ်အား လေးနက်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
"ငါ မင်းအကြောင်းကို တိုင်ပြောလိုက်မယ်..."
လုချန်ယွမ်...
သူသည် ယုံအန်းမင်းသမီး၏ ပုံရိပ်ကို နောက်တစ်ကြိမ် ကြည့်လိုက်လေသည်။
သူသည် ရုတ်တရက် အေးစက်မှုကို ခံစားလိုက်ရသည်။
*ထားလိုက်ပါတော့...မေ့ပစ်လိုက်တော့…*
လော့ကျွန်းမင်သည် သူ၏ ကိုယ်ပိုင်နည်းလမ်းဖြင့် ကံကောင်းသော အရူးတစ်ယောက် ဖြစ်သည်။ ယုံအန်းမင်းသမီးနှင့် တွေ့ဆုံခြင်းက သူ့ကို သနားစရာကောင်းသော ဘဝမှ လွတ်မြောက်ရန် လမ်းစတစ်ခု ပေးခဲ့သဖြင့် သူ၏ ကံကြမ္မာကို ငါ မဖျက်ဆီးသင့်ပေ။
ကိုးရက်ကြာ စာမေးပွဲ၏ ပထမဆုံးနေ့တွင် ယွင်ဟွားသည် ခိုးချနေသော ကျောင်းသား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးခဲ့လေသည်။
စုတ်တံထဲတွင် မှတ်စုများ ဖုံးကွယ်ထားသူဖြစ်စေ၊ ခန္ဓာကိုယ်ပေါ်တွင် ရေးမှတ်ထားသူဖြစ်စေ သူတို့အားလုံးကို ဖမ်းဆီးခဲ့လေသည်။
ယွင်ဟွားသည် နေ့စဉ် နေ့တိုင်း စာဖြေသူ ထောင်ပေါင်းများစွာ၏ စာရင်းကို သယ်ဆောင်ကာ သူတို့၏ အမည်များနှင့် သူတို့သည် ကိုယ်ကျင့်တရား သတ်မှတ်ချက်များနှင့် ကိုက်ညီမှု ရှိမရှိကို မှတ်စုများ ရေးခြစ်ထားလေသည်။
စာမေးပွဲခန်းမ၏ တံခါးများ ဖြည်းညင်းစွာ ပွင့်လာသောအခါ ၎င်းသည် စာမေးပွဲ ပြီးဆုံးခြင်းကို အမှတ်အသားပြုနေလေသည်။
"အမတ်လု... ဒီမှာ ရပါပြီ..."
ယွင်ဟွားသည် စာရင်းကို လုချန်ယွမ်ထံသို့ ပစ်ပေးလိုက်ပြီးနောက် ရှောင်ယွမ်အား ဆွဲခေါ်ကာ သူမ၏ အစ်ကိုနှင့် အခြားသူများကို သွားရှာလေတော့သည်။
အဝေးမှနေ၍ လူအုပ်ထဲတွင် အနီရောင် ပုံရိပ်နှစ်ခုကို သူမ တွေ့လိုက်ရပြီး အပြင်ဘက်တွင် ချွေ့မိသားစုနှင့် ယွင်မိသားစုတို့ စောင့်ဆိုင်းနေကြသည်။
"အစ်ကိုကြီး... ဝမ်းကွဲအစ်ကို..."
သူမ၏ အဝတ်အစားများ၏ အကူအညီဖြင့် မောပန်းနွမ်းနယ်နေသော စာဖြေသူများနှင့် နှိုင်းယှဉ်ပါက ယွင်ချင်းမော့နှင့် ချွေ့ကျင်းချူတို့သည် အရင်ကလိုပင် တောက်ပနေကြလေသည်။
"ဒီတစ်ကြိမ်တော့ မင်း ကောင်းကောင်း လုပ်နိုင်ခဲ့တယ်... မင်း အလွန်ကောင်းမွန်တဲ့ အလုပ်တစ်ခုကို လုပ်ခဲ့တာပဲ..."
ချွေ့ဟုန်ယွမ်သည် သူ၏ မြေးမလေးကို လေးစားအားကျစွာ ကြည့်လိုက်လေသည်။ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ဧကရာဇ်မင်းကြီး၏ အပြုံးသည် နန်းတွင်း၌ ဘယ်သောအခါမျှ ရပ်တန့်မသွားခဲ့ပေ။ လိမ်လည်လှည့်စားသူ မည်သူ့ကိုမျှ လွတ်မြောက်ခွင့် မပေးခဲ့ဘဲ သူတို့သည် နေ့စဉ်နေ့တိုင်း ဇာတ်လမ်းများ ထွက်ပေါ်လာသည်ကို စောင့်ကြည့်နေခဲ့ကြသည်။
အိုး...
လိုအပ်နေသည်မှာ သရေစာတစ်ပန်းကန်နှင့် ခွေးခြေခုံတစ်ခုသာ ဖြစ်သည်။
ယွင်ဟွား၏ မျက်လုံးများ တောက်ပသွားလေသည်။ သူမ၏ အဘိုးသည် သူမကို ချီးကျူးရန် အခွင့်အရေး ရခဲလှသဖြင့် သူမသည် အခွင့်အရေးကို ချက်ချင်းပင် ဆုပ်ကိုင်လိုက်လေသည်။
"ဒါဆိုရင်... အဘိုး... ကြီးမားတဲ့ အမှုထမ်းခဲ့တဲ့ အဘိုးရဲ့ မြေးမလေးကို ချွေ့မိသားစုရဲ့ တံခါးဝထဲ ဝင်ခွင့်ပြုနိုင်မလား..."
ပြီးခဲ့သည့်အကြိမ်က...
သူမသည် မရပ်တန့်ခဲ့ဘဲ နန်းတွင်းတစ်ခုလုံးရှိ အတင်းအဖျင်းများအားလုံးကို ဖော်ထုတ်ခဲ့လေသည်။
သူမသည် အလွန်ပျင်းရိနေပြီး ချွေ့မိသားစု၏ ဘိုးဘေးများနှင့် စကားပြောချင်နေလေသည်။
ချွေ့ဟုန်ယွမ်…
သူသည် သူ၏ မြေးမလေး၏ တောက်ပနေသော မျက်လုံးများကို ကြည့်ကာ သူမကို ငြင်းပယ်ရန် စိတ်မကူးရက်ပေ။
"ကောင်းပြီ... ကောင်းပြီလေ..."
သူ အဆူခံရတော့ရော ဘာဖြစ်လဲ။ ထိုအရာက ကြီးမားသော ကိစ္စမဟုတ်ပေ။
သူတို့၏ စာမေးပွဲ အောင်မြင်မှုကို ဂုဏ်ပြုရန်အတွက် မိသားစုနှစ်စုသည် ယနေ့ ချွေ့မိသားစု၏ အိမ်တော်တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြပြီး နန်ကုန်းယွမ်ကိုလည်း အတူပါလာရန် ဖိတ်ကြားခဲ့ကြသည်။
ယွင်ရှောင်ထျန်းသည် ယခုအခါ ဤသားမက်ကို အတော်လေး နှစ်သက်နေပြီဖြစ်သည်။
အခြားနှစ်ဦးနှင့် ပတ်သက်၍မူ သူသည် ဆက်လက် စုံစမ်းစစ်ဆေးသွားမည်ဖြစ်သည်။
"ငါတို့ မိသားစုနှစ်စုက အောင်ပွဲခံနေကြတာ... တတိယမင်းသားနဲ့ တူတော်မောင် ရှန်ကွမ်းတို့ အရင်ပြန်သွားသင့်တယ်... စေ့စပ်ပြီးမှ လာလည်ရင်လည်း နောက်မကျပါဘူး..."
ယွင်ရှောင်ထျန်းသည် တတိယမင်းသားနှင့် ရှန်ကွမ်းဝမ်သော်တို့အား ဝင်ခွင့်ပြုရန် တုံ့ဆိုင်းမှုမရှိဘဲ ငြင်းဆန်လိုက်လေသည်။
"ဒါက မတရားဘူး... ငါ မင်းသားက ကန့်ကွက်ရမယ်..."
"ကျွန်တော်လည်း ကန့်ကွက်ချင်တယ်... ဒါက ခွဲခြားဆက်ဆံမှုပဲ..."
ရှန်ကွမ်းဝမ်သော်သည် သူသည် နောက်ဆုံးတွင် ယွင်ယာနှင့် ပိုမိုရင်းနှီးလာခဲ့ပြီး သူမ၏ လက်ကိုပင် ကိုင်နိုင်ခဲ့ပြီ ဖြစ်သော်လည်း သူ၏ အနာဂတ် ယောက္ခမက သူတို့ကို အမှန်တကယ် ခွဲထားခဲ့သဖြင့် အလွန် ဒေါသထွက်သွားခဲ့ကြောင်း ပြောဆိုလေသည်။
နန်ကုန်းယွမ်က စိတ်အခြေအနေ အလွန်ကောင်းမွန်နေလေသည်။
သူသည် ခေါင်းကို နောက်သို့ ပစ်လိုက်ပြီး သူတို့ အံ့အားသင့်သွားစေရန် ချွေ့မိသားစု၏ တံခါးကို ဝုန်းခနဲ ပိတ်ချလိုက်လေသည်။
ယောက္ခမဖြစ်သူ၏ မျက်နှာသာပေးမှုကို ခံရခြင်း၏ ခံစားချက်ကို စကားတစ်ခွန်းတည်းဖြင့် အနှစ်ချုပ်နိုင်သည်။
မိုက်တယ်…