← Chapters

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း ၂၈၆

Vol. 29 Ch. 286

အခန်း (၂၈၆) ဇနီးသည်များအား နှိုင်းယှဉ်ခြင်း

ငရဲလကျောက်သည် သေခြင်းရှင်ခြင်းစာအုပ်နှင့် တရားသူကြီးစုတ်တံတို့ကို မြင်သောအခါ ပန်းကလေးအတွက် သိပ်မစိုးရိမ်တော့ဘဲ တိတ်ဆိတ်စွာသာ နေလိုက်လေသည်။

သို့သော်လည်း စိတ်ထဲတွင် တစ်စုံတစ်ရာ မလုံခြုံမှုကို ခံစားနေရဆဲဖြစ်၏။ ထိုယုတ်မာကောက်ကျစ်သော ကောင်းကင်တာအိုက ဘယ်တော့မှ အကြံကောင်းမည်မဟုတ်ပေ။

၎င်း၏ ပုံရိပ်မှာ လက်ခနဲဖြစ်သွားပြီးနောက် ငရဲပြည်သို့ ချက်ချင်းပင် တိတ်တဆိတ် ပြန်လည်ထွက်ခွာသွားလေသည်။

ယွင်ဟွားသည် စားသောက်ပြီးနောက် ပူဇော်သက္ကာရများကို သယ်ဆောင်ကာ ချွေ့မိသားစု ဘိုးဘေးခန်းမသို့ လမ်းလျှောက်သွားလေသည်။

"ဟင်..."

ယွင်ဟွားသည် လက်နှစ်ဖက်ဖြင့် တံခါးကို အကြိမ်အနည်းငယ် တွန်းကြည့်လိုက်သော်လည်း မပွင့်သဖြင့် ဒေါသတကြီး ပါးစပ်ကို ကိုက်ထားလိုက်လေသည်။

"ဘိုးဘေးတို့တွေ ခုလိုမျိုး လုပ်ခွင့်ရှိလို့လား..."

"ကျွန်မခန္ဓာကိုယ်ထဲမှာ ချွေ့မိသားစုရဲ့ သွေးတစ်ဝက် စီးဆင်းနေဆဲပဲလေ... ကျွန်မက နံ့သာတိုင်လေး ထွန်းပေးပြီး ငွေစက္ကူလေး နည်းနည်းတောင် မီးရှို့ပေးလို့ မရဘူးလား..."

"စိတ်မပူပါနဲ့... ကျွန်မ ဘယ်သူ့ကိုမှ မပြောပါဘူး..."

"တံခါးဖွင့်စမ်း..."

"မဟုတ်ရင် နောက်ဆို ဘိုးဘေးတို့ မြေးရဲ့ ပူဇော်သက္ကာရတွေကို စားသုံးခွင့်ရမှာ မဟုတ်တော့ဘူးနော်..."

ယွင်ဟွားသည် လိမ်ပြောနေခြင်း မဟုတ်ပေ။ မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီးနောက်တွင် သူမသည် သာမန်လူသားတစ်ဦး မဟုတ်တော့သဖြင့် သူမ၏ ဘိုးဘေးများက သူမ၏ ပူဇော်မှုများကို ခံယူနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

ကျွီခနဲ အသံတစ်သံနှင့်အတူ။

ဘိုးဘေးခန်းမ၏ တံခါးမှာ ဖြည်းညင်းစွာ ပွင့်လာလေသည်။

ယွင်ဟွားသည် သူမ၏ နှုတ်ခမ်းလေးကို ဆူလိုက်ပြီး နံ့သာတိုင်များကို ထွန်းညှိကာ ငွေစက္ကူများကို တစ်ပြိုင်နက်တည်း မီးရှို့လိုက်သည်။ ထို့နောက် ပူဇော်ရာ ဖျာပေါ်တွင် ထိုင်ကာ ပူဇော်သက္ကာရများကို ချွေ့မိသားစု ဘိုးဘေးများအတွက် တစ်ဝက်စီ ခွဲဝေပေးလိုက်လေသည်။

"ဘိုးဘေးတို့... တကယ်ပဲ ငရဲပြည်မှာ အစိုးရအလုပ်တစ်ခုလောက်ရဖို့ မစဉ်းစားကြတော့ဘူးလား..."

"မြေး ပြောပြမယ်... ရှောင်ယွမ်ယွမ်က တကယ့်ကို အံ့မခန်းပဲ... အခုကစပြီး မြေးက ငရဲပြည်မှာ ခေါင်းမော့ပြီး လမ်းလျှောက်သွားလို့ရပြီ... တစ္ဆေဧကရာဇ်ငါးပါးတောင် မြေးကို ဦးညွှတ်ရလိမ့်မယ်..."

"ဒါပေမယ့် မြေးလည်း အတော်လေး တော်ပါတယ်... ရှောင်ယွမ်ယွမ်ကို မြေးက နောက်ကိုဆွဲချမှာ မဟုတ်ပါဘူး..."

ဖယောင်းတိုင်မီးရောင်မှာ ယွင်ဟွားအား တုံ့ပြန်နေသည့်အလား တဖျပ်ဖျပ် တောက်ပသွားလေသည်။

"ဟင်... ဘိုးဘေးတို့က ချွေ့မိသားစုရဲ့ မျိုးဆက်တွေကို အနီးကပ် စောင့်ကြည့်သွားကြမလို့လား..."

ယွင်ဟွား၏ အမူအရာမှာ အနည်းငယ် တောင့်တင်းသွားလေသည်။

"အင်း... ဒါဆိုလည်း ကောင်းပါပြီ... ဒါပေမယ့် ဘိုးဘေးတို့ စိတ်ပြောင်းသွားခဲ့ရင် ဆိုတဲ့ အခြေအနေအတွက် နေရာတစ်နေရာတော့ မြေး ချန်ထားပေးဦးမယ်..."

ယွင်ဟွားသည် ချွေ့မိသားစု ဘိုးဘေးများနှင့် အချိန်ကြာမြင့်စွာ စကားပြောဆိုခဲ့ပြီး နောက်ဆုံးတွင် ပူဇော်သက္ကာရအားလုံးကို စားသောက်ပြီးမှသာ ဘိုးဘေးခန်းမထဲမှ တောင်းလွတ်တစ်လုံးဖြင့် ထွက်ခွာသွားလေသည်။

ကွယ်လွန်သူများ၏ အမည်စာရင်း ရေးထိုးထားသော ကျောက်သင်ပုန်းများ၏ အထက်ဆုံးနေရာတွင် အဘိုးအိုတစ်ဦးက မျက်လုံးတစ်ဖက်ကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်လေသည်။

ချွေ့မိသားစု၏ ဆွေစဉ်မျိုးဆက် မှတ်တမ်းသည် အကြိမ်များစွာ ပြင်ဆင်မွမ်းမံခြင်း ခံခဲ့ရပြီး အဓိကမျိုးဆက်မှာလည်း အချိန်ကြာမြင့်စွာကပင် ကြီးပွားတိုးတက်လာကာ သီးခြား အဓိကမျိုးဆက်တစ်ခုအဖြစ် ရပ်တည်နေခဲ့ပြီ ဖြစ်သည်။

ပြောစမှတ်ပြုကြသည်မှာ..

လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က ကျိနမျိုးဆက်မှ ချွေ့မိသားစု၏ စစ်မှန်သော ခေါင်းဆောင်တစ်ဦးသည် သူ သေဆုံးပြီးနောက်တွင် ယမမင်း၏ အယုံကြည်ရဆုံးသော ငရဲပြည်၏ နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်ဟု ဆိုကြလေသည်။

ထိုအရာက အမှန်လား အမှားလားဆိုသည်ကိုမူ မသိရပေ။

မည်သို့ပင်ဖြစ်စေ သူတို့၏ မျိုးဆက်မှ ငရဲပြည်၏ အရာရှိငယ်တစ်ဦး ထွက်ပေါ်လာခဲ့လေသည်။

ယွင်ဟွားသည် ဝန်ကြီးချုပ်အိမ်တော်သို့ ပြန်သွားခဲ့ပြီး နန်ကုန်းယွမ်သည်လည်း နန်းတော်ထဲမှ သူ၏ ဘာသာပြန်အလုပ်များကို ပြီးစီးပြီးနောက် ထွက်ခွာလာခဲ့လေသည်။

သူ နန်းတော်တံခါးဝမှ ထွက်လိုက်သည်နှင့် လူရိပ်နှစ်ခုက သူ၏ လမ်းကို ပိတ်ရပ်လိုက်ကြသည်။

"ဝမ်းကွဲညီ... ငါတို့က အိမ်ထောင်ရေးအရ ဆွေမျိုးတော်စပ်ကြပြီး အနာဂတ်မှာ ယောက်ဖတွေ ဖြစ်လာကြမယ့်သူတွေလေ... ပြောစမ်းပါဦး... မင်းရဲ့ အနာဂတ် ယောက္ခမက မင်းကိုပဲ တန်ဖိုးထားလာအောင် ဘယ်လိုနည်းလမ်းတွေ သုံးခဲ့တာလဲ... ယဉ်ယဉ်ကျေးကျေး ပြောပါ... မဟုတ်ရင်တော့..."

တတိယမင်းသားသည် ယွင်ဝေ၏ ပုံစံနှင့် တူညီသော ကျောက်စိမ်းအုတ်ခဲငယ်လေးကို ကိုင်ဆောင်ထားကာ နန်ကုန်းယွမ်အား မကောင်းဆိုးဝါးဆန်သော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။

"ဟုတ်တယ်... ဝမ်းကွဲညီလေး... ငါက မင်းရဲ့ ဒုတိယယောက်ဖပဲလေ... ငါတို့သုံးယောက်က အေးအတူပူအမျှ ရှိသင့်တယ်... မင်းတစ်ယောက်တည်း အကျိုးအမြတ်တွေ အကုန်ယူပြီး ငါတို့နှစ်ယောက်ကို ချန်ထားခဲ့လို့ မရဘူးလေ..."

ရှန်ကွမ်းဝမ်သော်သည် သူ၏ ဦးရီးတော်ထံမှ တုတ်အရိုက်ခံထားရသဖြင့် သူ၏ တင်ပါးမှာ နာကျင်နေဆဲဖြစ်၏။

အားလုံးသည် တူညီသော အစမှတ်မှ စတင်ခဲ့ကြသည်ဖြစ်ရာ သူက အဘယ်ကြောင့် အထူးအခွင့်အရေး ရရှိနေရသနည်း။

ထို့ကြောင့်…

သူသည် တတိယမင်းသားနှင့် ပူးပေါင်းကာ သူ့ကို ချုံခိုတိုက်ခိုက်ရန် ကြံစည်ခဲ့လေသည်။

"အသိတရားရှိရှိနဲ့ မင်းရဲ့ လျှို့ဝှက်ချက်ကို ငါတို့ကို ပြောပြစမ်းပါ... ဒါမှ အားလုံး အကျိုးအမြတ် ရနိုင်မှာပေါ့..."

တတိယမင်းသားသည် ခြေတစ်လှမ်း ရှေ့တိုးလာကာ ကြမ်းတမ်းသော အမူအရာလုပ်ရန် ရည်ရွယ်လိုက်သော်လည်း သူ၏ နှုတ်ခမ်းထောင့်ရှိ ပွန်းပဲ့ဒဏ်ရာကြောင့် နာကျင်စွာ မျက်နှာမဲ့သွားလေသည်။

ခမည်းတော်က အလွန် ရက်စက်လွန်းလှပေသည်။

နန်ကုန်းယွမ်သည် မျက်ခုံးတစ်ဖက်ကို ပင့်လိုက်ပြီး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်လေသည်။

"ငါက ဖုန်းတုဧကရာဇ်လို့ ပြောခဲ့တာ..."

တတိယမင်းသား၊ ရှန်ကွမ်းဝမ်သော်…

ဤအခိုက်အတန့်တွင် လုံးဝ တိတ်ဆိတ်သွားလေသည်။

"မင်းက ဖုန်းတုဧကရာဇ် ဟုတ်လား... ငါက ကျောက်စိမ်းဧကရာဇ်ပဲကွ..."

တတိယမင်းသားသည် ခုန်ပေါက်လိုက်ပြီး ကြက်သေသေကာ ရပ်နေသော ရှန်ကွမ်းဝမ်သော်အား လက်ညှိုးထိုးပြလိုက်သည်။

"သူက ကောင်းကင်ဘုံကနေ ဆင်းသက်လာတဲ့ စစ်နတ်ဘုရားလို့ ငါပြောရင် မင်းယုံမလား..."

"ငါ့ကို မယုံဘူးလား..."

နန်ကုန်းယွမ်သည် ရှန်ကွမ်းဝမ်သော်အား တစ်ချက် ကြည့်လိုက်လေသည်။

"သူက အားနည်းလွန်းတော့ ဒီဘွဲ့နာမည်နဲ့ မထိုက်တန်ပါဘူး..."

ရှန်ကွမ်းဝမ်သော်...

"မင်းမှ အားနည်းတာ... မင်းရဲ့ မိသားစုတစ်ခုလုံးလည်း အားနည်းတာပဲ..."

"တောက်... ငါတို့ စကားလွဲသွားပြီ... ဝမ်းကွဲညီလေး... မင်းက ငါတို့ကို ညီအစ်ကိုတွေလို့ သတ်မှတ်ထားသေးရင် ကပ်စေးနှဲတာကို ရပ်လိုက်တော့... ယောက္ခမကို အနိုင်ယူတဲ့ ပညာရပ်ကို ငါတို့ကို မြန်မြန် သင်ပေးစမ်းပါ... မဟုတ်ရင် ငါတို့ မင်းကို ဆက်ပြီး အနှောင့်အယှက် ပေးနေမှာပဲ..."

နန်ကုန်းယွမ်သည် တိတ်ဆိတ်စွာ နေလိုက်ပြီး သူတို့နှစ်ဦးအား အေးတိအေးစက်နှင့် မသက်မသာဖြစ်စေသော အကြည့်ဖြင့် ကြည့်နေလေသည်။

“ငါ အလေးအနက် ပြောနေတာပါ”

မည်သို့ပင်ဖြစ်စေ ထိုလူနှစ်ယောက်က ဘယ်တော့မှ ယုံကြည်မည်မဟုတ်ကြောင်း သူ သိထားလေသည်။

"မဟုတ်ဘူး ဝမ်းကွဲညီ... မင်း လုပ်နေတာ မှားနေပြီ... ငါတို့နှစ်ယောက်လုံးကတောင် မယုံတာကို မင်းရဲ့ ယောက္ခမက ယုံမယ်လို့ ထင်နေတာလား... သူက မင်းကို တံမြက်စည်းနဲ့ ရိုက်မထုတ်တာတင် ကျေးဇူးတင်ရဦးမယ်..."

နန်ကုန်းယွမ်သည် ကောင်းကင်ကို တိတ်ဆိတ်စွာ မော့ကြည့်လိုက်လေသည်။

သူ တကယ်ကို အခက်တွေ့နေရလေပြီ။

"မင်း ငါ့ကို ပြောတာ ပိုကောင်းမယ်... ဒါဆိုရင် ငါ ရိုင်းစိုင်းတယ်လို့ အပြစ်မတင်နဲ့နော်..."

တတိယမင်းသားသည် သူ၏ ခါးမှ ပိုက်ဆံအိတ်ကို ဖြုတ်ယူလိုက်ပြီး နန်ကုန်းယွမ်အား ကြွားဝါပြသလိုက်လေသည်။

"ဝမ်းကွဲညီလေး ကြည့်လိုက်စမ်း...ဒါတွေက ငါ့ရဲ့ ငရုတ်သီးလေး ဝေဝေ ကိုယ်တိုင် ချည်ထိုးပေးထားတဲ့ ရနံ့အိတ်သုံးလုံးပဲ..."

"ပြီးတော့ ဒီကျောက်စိမ်းဆွဲကြိုးကလည်း ငရုတ်သီးလေး လက်ဆောင်ပေးထားတာ... ငါ နေ့တိုင်း ဆွဲထားတယ်... ဒါကို မြင်လိုက်တိုင်း ငရုတ်သီးလေးက ငါ့အပေါ် ဘယ်လောက်ကောင်းလဲဆိုတာကို တွေးမိတယ်..."

"ဒါနဲ့ ဝမ်းကွဲညီ... ငါ့ရဲ့အစ်မကြီးက မင်းကို ဘာလက်ဆောင်ပေးလဲ..."

တတိယမင်းသားသည် နန်ကုန်းယွမ်၏ အမူအရာကို တိတ်တဆိတ် အကဲခတ်လိုက်လေသည်။ သူ၏ အစ်မကြီးက ဘာမှမပို့ထားကြောင်းကို သူ ကြားသိထားလေသည်။

နန်ကုန်းယွမ်…

"အင်း... ဝမ်းကွဲညီလေး... တောင်းပန်ပါတယ်... ဒါပေမယ့် ငါလည်း ယာအာဆီကနေ ရနံ့အိတ်တစ်လုံး ရထားတယ်..."

ရှန်ကွမ်းဝမ်သော်သည်လည်း အနီးကပ် လိုက်ပါလာကာ နှုတ်ခမ်းထက်တွင် အပြုံးဖျော့ဖျော့တစ်ခုဖြင့် ကြွားဝါပြသရန် ထိုအရာကို ထုတ်ယူလိုက်လေသည်။

"အိုး.. ပြီးတော့ ငါ ဆံပင်စည်းဖို့ သုံးတဲ့ ကျောက်စိမ်းဆံထိုးကလည်း ယာအာဆီက လက်ဆောင်ရထားတာလေ... ကြည့်စမ်း... လှတယ်မလား... ငါနဲ့ တကယ့်ကို လိုက်ဖက်တယ်မလား..."

"ငါ့ရဲ့ အစ်မကြီးရဲ့ ဟင်းချက်စွမ်းရည်က တကယ့်ကို ဆိုးရွားတယ်လို့ ကြားတယ်... ပြီးခဲ့တဲ့အကြိမ်က သူမက ခြံဝင်းကိုတောင် မီးရှို့ပစ်ခဲ့တာဆိုပဲ... မင်းက တကယ်ကို ကံဆိုးတာပဲ ဝမ်းကွဲအစ်ကိုရာ... ငါ့ရဲ့ ယာအာက လွန်ခဲ့တဲ့ရက်အနည်းငယ်က အချိုပွဲတချို့ ကိုယ်တိုင်လုပ်ပေးခဲ့တယ်... နံပါတ်တစ်စားသောက်ဆိုင်က စားဖိုမှူးတွေထက်တောင် အများကြီး ပိုကောင်းသေးတယ်..."

"ငါ့ရဲ့ ငရုတ်သီးလေး ဝေဝေ ချက်တာကလည်း တကယ့်ကို အရသာရှိတာပဲ..."

တတိယမင်းသားသည် တစ်ခါမှ မမြည်းစမ်းဖူးသော်လည်း ယခင်က အလွန်မောက်မာခဲ့သော သူ၏ ဝမ်းကွဲအစ်ကိုအား ကြွားဝါကာ ဒေါသထွက်စေချင်နေဆဲ ဖြစ်သည်။

နန်ကုန်းယွမ်…

သူသည် အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်လေသည်။

ဒေါသမထွက်နဲ့... ဒေါသမထွက်နဲ့…

"ရှောင်ဟွားအာက ငါ့အတွက် အဆိပ်ဖြေဆေးကို ယူပေးခဲ့တာကွ..."

နန်ကုန်းယွမ်သည် လည်ပင်းကို ဆန့်ကာ ပြန်လည်ချေပလိုက်လေသည်။

"ဒါပေမယ့် ငရုတ်သီးလေး ဝေဝေက ငါ့ကို တစ်ခုခု ပေးခဲ့တယ်လေ... မင်းကတော့ မရဘူးမလား..."

တတိယမင်းသားက ဝင်ကြွားစွာဖြင့် ပြောလိုက်လေသည်။

"ရှောင်ဟွားက ငါ့ကို ဘယ်တော့မှ မရိုက်ဘူး... ဒါပေမယ့် မင်းရဲ့ ဝေဝေကတော့ မင်းကို ရိုက်နှက်လိမ့်မယ်..."

တတိယမင်းသား…

"ဒါပေမယ့် ငါ့ရဲ့ ယာအာက ငါ့ကို မရိုက်ဘူးလေ..."

ရှန်ကွမ်းဝမ်သော်က ပြောလိုက်လေသည်။

"မင်းက အရမ်းအားနည်းလွန်းနေလို့ပေါ့... သူမက မင်းကို အုတ်ခဲနဲ့သာ ရိုက်လိုက်ရင် မင်းအသက်တစ်ဝက်လောက် လွင့်သွားလိမ့်မယ်..."

ရှန်ကွမ်းဝမ်သော်…

"ငါ့ရဲ့ ရှောင်ဟွားအာက သူရဲကောင်းမလေးပဲ... သူမက အသေးအဖွဲကိစ္စတွေကို ဂရုမစိုက်ဘူး... သူမက ရှေ့ကနေ ဦးဆောင်တိုက်ခိုက်ပြီး ငါက အနောက်မှာ ထိုင်နေမယ်... မင်းတို့ကောင်တွေကော အဲ့လိုခံနိုင်ရည်ရှိလို့လား..."

"သူမက ငါ့ကို မြင်မြင်ချင်း သဘောကျခဲ့တယ်... ငါ့ရဲ့ အဆိပ်တွေကို ကုသပေးခဲ့တယ်... ပြီးတော့ ငါ အန္တရာယ်ကြုံရတဲ့ အခိုက်အတန့်မှာလည်း ငါ့ကို ကယ်တင်ဖို့ ချက်ချင်းရောက်လာခဲ့တယ်... ငါတို့ လိုအပ်တာက တစ်ယောက်နဲ့တစ်ယောက်ရဲ့ နှလုံးသားကို နားလည်ပေးဖို့ပဲ... အဲ့ရုပ်ဝတ္ထုပစ္စည်းတွေ အားလုံးက ခဏတာပါပဲ..."

“နားလည်လား…”

“ဘယ်လိုပဲဖြစ်ဖြစ်.. မင်းတို့ဘာသာ ယောက္ခမကို မျက်နှာလိုမျက်နှာရ လုပ်ချင်တယ်ဆိုရင် ကိုယ့်ဘာသာကိုယ် ရှာဖွေကြ... ငါ့ဆီ မလာနဲ့..."

နန်ကုန်းယွမ်သည် ခြေဖျားဖြင့် မြေပြင်ကို ညင်သာစွာ ထောက်လိုက်ပြီး သူတို့၏ မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။

တတိယမင်းသားနှင့် ရှန်ကွမ်းဝမ်သော်တို့မှာ အလွန် ဒေါသထွက်သဖြင့် အံကြိတ်ထားကြလေသည်။

ရှောင်လီဟွာသည် သူမ၏ ရင်ခွင်ထဲမှ စုတ်တံတစ်ချောင်းကို ဆွဲထုတ်လိုက်လေသည်။ ယနေ့ တင်ဆက်မှုကို အပြည့်အဝ ခံစားခဲ့ရပြီးနောက် သူမ၏ စုတ်တံဖြင့် စာအနည်းငယ် ရေးခြစ်ကာ ၎င်းကို စာကြောင်းတစ်ကြောင်းဖြင့် အနှစ်ချုပ်လိုက်လေသည်။

နန်းတော်တံခါးဝတွင် အရူးသုံးယောက် ၎င်းတို့၏ ဇနီးသည်များကို နှိုင်းယှဉ်နေကြလေသည်။

ရှောင်ရှင်းဟွာ၏ မျက်ခွံများမှာ ပြင်းထန်စွာ တုန်လှုပ်သွားလေသည်။ ရှောင်လီဟွာ အနေဖြင့် ဤသို့ ကြုံတွေ့ရလိမ့်မည်ဟု သူ ခံစားလိုက်ရသည်။

သေဖို့ သိပ်မလိုတော့ဘူး...။

နန်ကုန်းယွမ် ထွက်ခွာသွားပြီးမကြာမီ ယွင်ရှောင်ထျန်းသည် နန်းတော်တံခါးဝမှ ထွက်ပေါ်လာလေသည်။

တတိယမင်းသားနှင့် ရှန်ကွမ်းဝမ်သော်တို့၏ မျက်လုံးများမှာ တောက်ပသွားလေသည်။

"ကျွန်တော်တို့ရဲ့ အနာဂတ် ယောက္ခမ..."

"ယောက္ခမရဲ့ သားမက်က ကျောက်စိမ်းဧကရာဇ်ဆိုတာကို ယုံပါသလား..."

All Chapters