အခန်း ၁၈၃
Vol. 19 Ch. 183
အခန်း (၁၈၃)
တစ်ခြားရွှေတွေဘယ်မှာလဲ
ရွှီပေါ်အန်းသည် ဤရွှေတုံးအား ဘွန်ဆိုင်းကမ္ဘာအတွင်းရှိ ကျောက်လိုဏ်ဂူထဲမှ ယူဆောင်ခဲ့ခြင်းဖြစ်ရာ တိတိကျ ကျ ပြောရမည်ဆိုပါက မြေအောက်မှ တူးဖော်ရရှိခဲ့ခြင်းဟုလည်း သတ်မှတ်နိုင်ပေသည်...။
ထိုသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထားများမှာ တဖြည်းဖြည်း ပေါ်လွင်ထင်ရှားလာနေပုံရ၏။
ရွှီပေါ်အန်းက တည်ငြိမ်စွာဖြင့်၊
“မင်းက ငါ့နာမည်ကို သိပြီးသားပဲ...။ ဒါပေမဲ့ ငါကတော့ မင်းကို ဘယ်လိုခေါ်ရမှန်း မသိသေးဘူး...။”
လူပြက်မျက်နှာဖုံးစွပ်ထားသူက၊
“ငါ့ကို လူပြက်လို့ပဲ ခေါ်ပါ...၊ အဲဒါက အရေးမကြီးပါဘူး...၊ အရေးကြီးတာက မင်းရဲ့ ရွှေတုံးတွေကို ဘယ်နေရာ ကနေ တူးဖော်ရရှိခဲ့လဲဆိုတာ ငါ့ကို ပြောပြဖို့ပဲ...။”
“တူးဖော်ရရှိခဲ့တာလား...၊ မင်းပြောတာကို ငါ နားမလည်ဘူး...။”
စကားပြောနေစဉ်အတွင်း ရွှီပေါ်အန်းသည် ထိုလူပြက်မျက်နှာဖုံးစွပ်ထားသူ၏ မျက်နှာသွင်ပြင်ကို သိရှိနိုင်ရန် သေသေချာချာ အကဲခတ်ကြည့်ရှုနေခဲ့လေသည်။
သို့သော်လည်း ရွှီပေါ်အန်းသည် မကြာမီမှာပင် ထိုကြိုးပမ်းမှုကို လက်လျှော့လိုက်ရလေ၏။
တစ်ဖက်လူ၏ မျက်နှာဖုံးမှာ အလွန်တရာ လုံခြုံလှသဖြင့် ရွှီပေါ်အန်း၏ ထူးခြားထက်မြက်လှသော အမြင်အာရုံ ဖြင့်ပင် သူ၏ မျက်နှာအမူအရာကို မမြင်တွေ့နိုင်ခဲ့ချေ။
သို့သော်ငြားလည်း ရွှီပေါ်အန်း၏ ထူးခြားလှသော အကြားအာရုံကြောင့် လူပြက်မျက်နှာဖုံးစွပ်ထားသူ၏ နောက်ကွယ်ရှိ တံခါးပြင်ပ၌ အခြားလူများ ရှိနေသေးကြောင်းကိုမူ သိရှိနိုင်ခဲ့ပေသည်။
ခြေသံများနှင့် အသက်ရှူသံများမှာ ရွှီပေါ်အန်း၏ ထူးခြားဆန်းကြယ်လှသော အကြားအာရုံကို ဖုံးကွယ်ထားနိုင် ခြင်း မရှိခဲ့ချေ။
လူပြက်မျက်နှာဖုံးစွပ်ထားသူက ရွှီပေါ်အန်းအား တိုက်ရိုက်စိုက်ကြည့်ကာ ပြောလိုက်လေသည်။
“ဟားဟား...၊ မစ္စတာရွှီ...၊ ငါ့ကို လှည့်စားဖို့ မကြိုးစားပါနဲ့...။ ငါ တိတိကျကျ ပြောပြီးပြီလေ...၊ ငါတို့က သိပ္ပံ နည်းကျ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးပြီမလို့ အဲဒီရွှေတုံးရဲ့ သက်တမ်းက မှန်ကန်ကြောင်း အပြည့်အဝ အာမခံနိုင်တယ်...။ မင်း ရိုးရိုးသားသား မပြောရင်တော့ အဆင်ပြေမှာ မဟုတ်ဘူးနော်...။”
သူ စကားပြောနေစဉ်မှာပင် ရွှီပေါ်အန်းသည် လူပြက်မျက်နှာဖုံးစွပ်ထားသူက သူ၏ လက်ကို မြှောက်လိုက်သည် ကို မြင်တွေ့လိုက်ရလေ၏။
သူ၏လက်ထဲတွင် လက်မောင်းတစ်ဝက်ခန့် ရှည်လျားသော ပြောင်းတိုသေနတ်တစ်လက် ရှိနေပြီး ၎င်းမှာ ရိုးရှင်း သော နည်းလမ်းများဖြင့် ကိုယ်တိုင်ပြုပြင်ဖန်တီးထားသည့် သေနတ်တစ်လက် ဖြစ်သည်မှာ ထင်ရှားလှပေသည်။
ရွှီပေါ်အန်းသည် ပထမဦးဆုံးအကြိမ်အဖြစ် သူ၏စိတ်ထဲတွင် ထိတ်လန့်စိုးရိမ်မှုတစ်ရပ်ကို ရုတ်တရက် ခံစား လိုက်ရလေတော့သည်။
သူသည် ထိုသေနတ်ကျည်ဆန်ကို မိမိ၏ ခန္ဓာကိုယ်ဖြင့် ခုခံနိုင်လိမ့်မည်ဟု လုံးဝ ယုံကြည်မှုမရှိချေ။
ဤကဲ့သို့ ကျဉ်းမြောင်းလှသော အခန်းငယ်လေးအတွင်း သေနတ်၏ ပစ်ကွင်းမှ ရှောင်တိမ်းရန်မှာ အလွန်တရာ ခက်ခဲလှပုံရပေသည်။
၎င်းသည် ထိုလူ ယုံကြည်အားကိုးနေသည့် အရာ ဖြစ်ပေလိမည်...၊
ရွှီပေါ်အန်းသည် သူ၏ ကြွက်သားအားလုံးကို တင်းကျပ်ထားလိုက်ပြီး အရေးပေါ် အခြေအနေတစ်ရပ် ဖြစ်ပေါ် လာပါက တစ်ဖက်လူ မောင်းမဆွဲမီ အရေးကြီးသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို တတ်နိုင်သမျှ ရှောင်လွှဲနိုင် ရန် ပြင်ဆင်ထားလိုက်၏။
တစ်ချိန်တည်းမှာပင် သူ၏ ဦးနှောက်ကလည်း လျင်မြန်စွာ အလုပ်လုပ်နေပြီး ဖြေရှင်းနည်းတစ်ရပ်ကို ရှာဖွေရန် ကြံဆနေခဲ့လေသည်။
သူသည် ကြိုတင်ပြင်ဆင်မှု မရှိဘဲ မှားယွင်းတွက်ချက်မိခဲ့ခြင်း ဖြစ်ပေသည်။ သူ၏ လက်ရှိ အစွမ်းသတ္တိဖြင့် အရာအားလုံးကို အလွယ်တကူ အနိုင်ယူနိုင်လိမ့်မည်ဟု သူ ထင်မှတ်ခဲ့မိ၏။
တစ်ဖက်လူတွင် သေနတ် ရှိနေလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့မိဘဲ မိမိကိုယ်မိမိ အထင်ကြီးလွန်းခဲ့မိချေပြီ။
သူသည် ယခင်ကထက် ပိုမိုစိုးရိမ်ပူပန်နေရသော်လည်း ပေါ့ပေါ့ပါးပါးဟန်ဖြင့် ပြောဆိုလိုက်သည်။
“မင်း နောက်ပြောင်ချင်လည်း ရပါတယ်...၊ ဒါပေမဲ့ ဒါကြီးကို လူဆီ ချိန်ထားတာကတော့ သိပ်ပြီး မကောင်းလှ ဘူးမလား...။ မတော်တဆ ကျည်ထွက်သွားရင် ဘယ်လိုလုပ်မလဲ...။”
လူပြက်မျက်နှာဖုံးစွပ်ထားသူက သက်ပြင်းတစ်ချက်ချကာ၊
“ဟူး...၊ မစ္စတာရွှီ...၊ ငါလည်း ဒီလိုမျိုး မလုပ်ချင်ပါဘူး...။ ဒါပေမဲ့ မင်းက တကယ့်ကို မရိုးသားလွန်းလို့ပါ...။ ငါ့မှာ မင်းနဲ့ အချိန်ဖြုန်းနေဖို့ အချိန်မရှိဘူး...။ ပြောစမ်း...၊ အဲဒီရွှေတုံးကို ဘယ်နေရာကနေ တူးဖော်ရရှိခဲ့တာလဲ...။”
ရွှီပေါ်အန်းက၊
“ဪ...၊ အဲဒီရွှေတုံးတွေကို ပြောတာလား...။ တကယ်တော့ ၎င်းတို့က ငါ့ရဲ့ ဘိုးဘွားစဉ်ဆက် လက်ဆင့်ကမ်း လာတဲ့ အရာတွေပါ...။ ဒါပေမဲ့ နှစ်ပေါင်းငါးရာလောက်တော့ ကြာလိမ့်မယ်မထင်ထားမိဘူး...။ ငါလည်း သေသေ ချာချာ မမှတ်မိတော့ဘူး...။ ငါ့အဘိုး ပြောပြတာကတော့...၊”
“ငါ့ရဲ့ ဘီ…၊ဘင်...၊”
ပြောရင်းဆိုရင်းဖြင့် ရွှီပေါ်အန်းသည် သူ၏ လက်ချောင်းများကို တစ်ခုချင်းစီ စေ့စေ့စပ်စပ် ရေတွက်နေခဲ့ပြီး တကယ့်ကို တွက်ချက်နေသည့်အလား ဟန်ဆောင်နေခဲ့လေသည်။
လူပြက်မျက်နှာဖုံးစွပ်ထားသူသည် ရွှီပေါ်အန်း၏ စကားများအပေါ် မည်သို့မျှ တုန်လှုပ်ခြင်းမရှိဘဲ တင်းမာစွာဖြင့် ဆိုလာခဲ့သည်။
“မစ္စတာရွှီ...၊ မင်းရဲ့ ဟာသက နည်းနည်းမှ မရယ်ရဘူး...။ ဒါက ငါ့ရဲ့ နောက်ဆုံး သတိပေးချက်ပဲ...၊ ငါတို့ စကားပြောရမယ့်အချိန် ကုန်ဆုံးသွားပြီ...။ ငါ့မေးခွန်းကို ချက်ချင်း ဖြေပါ...။”
“ဂျောက်...”
လူပြက်မျက်နှာဖုံးစွပ်ထားသူသည် ပြောင်းတိုသေနတ်ကို အားစိုက်၍ လှည့်လိုက်ပြီး မောင်းတင်လိုက်လေ တော့သည်။
တစ်ဖက်လူ၏ လုပ်ရပ်ကို မြင်တွေ့ရသောအခါ ရွှီပေါ်အန်း၏ စိတ်ထဲတွင်၊
*ငါက တကယ့်ကို တုံးတာပဲ..၊ သေနတ်ဆိုတာကို သိထားပေမဲ့ သေနတ်က ကျည်ဖြည့်ဖို့ လိုအပ်တယ်ဆိုတာကို မေ့နေတယ်...။ အရင်တုန်းက စီအက်စ်နဲ့ ပတ်ဗ်ဂျီ ဂိမ်းတွေကို အချိန်ဖြုန်းပြီး ကစားခဲ့တာ တကယ်ကို နှမြော စရာပဲ...။*
မဟုတ်ပါက ထိုလူ သေနတ်ကို ကျည်မဖြည့်ရသေးမီမှာပင် ထိုသူအား မေ့လဲသွားအောင် သူ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့ပေလိမ့်မည့်ဖြစ်သည်...။
အခြေအနေက ဤသို့ ဖြစ်လာခဲ့ပြီဖြစ်ရာ ရွှီပေါ်အန်းလည်း ဆက်လက်ပြောဆိုရန်သာ ရှိတော့ပေသည်။
“ကောင်းပြီ...၊ ငါ ပြောပါ့မယ်...။ ငါ တောင်ပေါ်မှာ...၊ နေဦး... ။ မစ္စတာလူပြက်...၊ ဒီဇာတ်ကွက်က လုပ်ထုံး လုပ်နည်းနဲ့ မကိုက်ညီဘူးမလား...။”
“ဘာလုပ်ထုံးလုပ်နည်းလဲ...။”
လူပြက်မျက်နှာဖုံးစွပ်ထားသူက ဗီဇအရ မေးမြန်းလိုက်၏။
ရွှီပေါ်အန်းက ပြတ်သားစွာဖြင့် ပြောလိုက်လေသည်၊
“သာမန် လုပ်ထုံးလုပ်နည်းအရဆိုရင် မင်းက ငါ့ကို ငါ့သူငယ်ချင်းနဲ့ အရင် တွေ့ခွင့်ပေးရမှာ မဟုတ်ဘူးလား...။”
လူပြက်မျက်နှာဖုံးစွပ်ထားသူသည် ရွှီပေါ်အန်း၏ လှည့်စားခြင်းကို ခံလိုက်ရသည်ဟု ချက်ချင်း ခံစားလိုက်ရပြီး အံကို တင်းတင်းကြိတ်ကာ ပြောလိုက်လေသည်။
“အခုက ဘယ်လိုအချိန်မျိုးလဲ...။ မင်းက ငါ့ကို ဤလိုမျိုး ဆက်ပြီး ပြောနေရဲသေးတယ်ပေါ့...။ ငါ မင်းကို တကယ်ပဲ သတ်ပစ်လိမ့်မယ်ဆိုတာ မင်း ယုံလား...။ ငါ ငါးအထိ ရေတွက်မယ်...၊ မင်း မပြောရင်တော့ ငါ...။”
ထိုလူပြက် စကားမဆုံးမီမှာပင် ရွှီပေါ်အန်းက ပျင်းရိစွာဖြင့် ၊
“ကောင်းပြီ...၊ ငါ့ကို ခြိမ်းခြောက်မနေပါနဲ့တော့...။ မင်း ငါ့ကို အခုချက်ချင်း သတ်မှာမဟုတ်ပါဘူး...၊ ငါ့ရဲ့အသက် က မင်းအတွက် ဘာမှ အသုံးဝင်မှာ မဟုတ်ဘူး...။ မင်း တကယ် လိုချင်တာက နောက်ထပ် ရွှေတုံးတွေပဲ မဟုတ် ဘူးလား...။”
လူပြက်မျက်နှာဖုံးစွပ်ထားသူ၏ မျက်လုံးများမှာ မျက်နှာဖုံးနောက်ကွယ်တွင် ချက်ချင်း ပြူးကျယ်သွားခဲ့ပြီး၊
“ငါ ထင်တာ မှန်နေတာပဲ...၊ တခြား ရွှေတွေ တကယ်ပဲ ရှိနေသေးတာပေါ့...။ ပြောစမ်း...၊ အဲဒါတွေ ဘယ်မှာ လဲ...။” ဟု အာရုံစိုက်ကာ မေးမြန်းလိုက်လေသည်။
ရွှီပေါ်အန်းက ရယ်မောလိုက်ပြီး ၊
“ဒီနေရာက စကားပြောဖို့ ကောင်းတဲ့နေရာ မဟုတ်ဘူး...။ ပြီးတော့ ငါက လွယ်လွယ်ကူကူ ပြောပြလိုက်ရင် တောင် မင်း ငါ့ကို ယုံကြည်ပါ့မလား...။”
လူပြက်မျက်နှာဖုံးစွပ်ထားသူက ရက်စက်ကြမ်းကြုတ်သော လေသံဖြင့် ခြိမ်းခြောက်လိုက်လေ၏။
“ဟွန့်...၊ မင်း ငါ့ကို လိမ်ညာရဲရင် မင်းနဲ့ မင်းရဲ့မိသားစုကို ရှာဖွေနိုင်မယ့် နည်းလမ်းတွေ ငါ့မှာ အများကြီး ရှိတယ်...။”
ရွှီပေါ်အန်းက ခေါင်းခါယမ်းကာ၊
“မင်း ငါ့ကို ထပ်ပြီး လိမ်ညာနေပြန်ပြီ...။ ငါ့ကို လန့်အောင် မကြိုးစားပါနဲ့...၊ ငါတို့က လူအတွေ မဟုတ်ပါဘူး...၊ ငါ ဒီနေရာကို လာရဲကတည်းက မင်းရဲ့ ခြိမ်းခြောက်မှုတွေကို မကြောက်လို့ပဲ...။”
“ဪ... အဲဒီတော့ မင်းက တကယ့်ကို အစွမ်းထက်ပြီး သတ္တိရှိတဲ့လူပေါ့...၊ အဲဒီလိုဆိုရင်တော့ ငါ မင်းကို အထင် သေးမိသွားတာပဲ...။”
ပြောရင်းဆိုရင်းဖြင့် လူပြက်သည် သူ၏လက်ထဲရှိ ပြောင်းတိုသေနတ်ကို အထက်အောက် လှုပ်ယမ်းပြလိုက်လေ ၏။ ၎င်းမှာ ရွှီပေါ်အန်းအား “သေနတ်ရှေ့မှာတော့ လူတိုင်း တန်းတူပဲ... သတိထားစမ်း ကောင်လေး...” ဟု ပြော နေသည့်အလားပင် ဖြစ်ချေသည်။
ရွှီပေါ်အန်းက ရုတ်တရက် ရယ်မောလိုက်ပြီး စိတ်အေးလက်အေး အမူအရာဖြင့် ပြောဆိုလိုက်သည်။
“ငါ မင်းကို ပြောပြဖို့ မကြောက်ပါဘူး...။ ငါ့ရဲ့ ရဲသူငယ်ချင်းတစ်ယောက်ဆီကို အချိန်ကိုက် အီးမေးလ်တစ်စောင် ပို့ထားပြီးပြီ...။ အဲဒီထဲမှာ ဒီနေ့ ဘာတွေဖြစ်ပျက်ခဲ့လဲဆိုတာတင်မကဘဲ မင်းတို့ စိတ်ဝင်စားနေတဲ့ ရွှေတုံးတွေရဲ့ နောက်ခံအရင်းအမြစ်ကိုပါ ရှင်းပြထားတယ်...။ တကယ်လို့ ငါ သုံးနာရီအတွင်း အဲဒီအီးမေးလ်ကို ပြန်မဖျက်ရင် မင်းတို့ ကျန်တဲ့ ရွှေတုံးတွေကို ရဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူး...။”
“မင်းရဲ့မိသားစု ဒုက္ခရောက်သွားမှာကို မကြောက်ဘူးလား...။”
လူပြက်က အေးစက်စွာ ပြောဆိုလိုက်၏။
ရွှီပေါ်အန်းက ၊
“ကြောက်တာပေါ့...၊ တကယ်ပဲ ကြောက်တာပေါ့...။ မဟုတ်ရင် ငါ ဒီအန္တရာယ်ရှိတဲ့နေရာကို တစ်ယောက်တည်း လာရဲပါ့မလား...။ ဒါပေမဲ့ လူတစ်ယောက်အနေနဲ့ ရင်ဆိုင်ရမယ့်အရာကို ရင်ဆိုင်ရမှာပဲ မဟုတ်ဘူးလား...၊ ငါသာ အရာအားလုံးကို အကြွင်းအမဲ့ ပြောပြလိုက်ရင် ငါ တကယ်ပဲ ဘေးကင်းလိမ့်မယ်လို့ မင်း ထင်နေတာလား...။”
လူပြက်က ပြောလိုက်လေသည်၊
“မပူပါနဲ့...၊ ငါတို့မှာ ဒီလို ကျင့်ဝတ်တော့ ရှိပါတယ်...။ ငါတို့က ပိုက်ဆံပဲ လိုချင်တာ...၊ လူမသတ်ပါဘူး...။”
ရွှီပေါ်အန်းက နှာခေါင်းရှုံ့ကာ ပြန်လည်မေးခွန်းထုတ်လိုက်၏။
“ဟဲ... ငါတို့တွေက လူကြီးတွေဖြစ်နေကြပြီ...၊ တစ်ရုံးတည်းတူတူလုပ်တဲ့ လူကိုတောင် ငါ မယုံကြည်တာ...၊ မင်းတို့လို လူမိုက်တွေကို ငါ ယုံကြည်လိမ့်မယ်လို့ ထင်နေတာလား...။ တစ်နည်းပြောရရင်...၊ ငါက မင်းတို့ကို ငါ့သူငယ်ချင်းနဲ့ ငါ့ကို လွှတ်ပေးဖို့ တောင်းဆိုပြီး ရွှေတွေရှိတဲ့နေရာကို ပြောပြမယ်ဆိုရင် မင်းတို့ကော ငါ့ကို ယုံကြည်ပါ့မလား...။”
လူပြက်က စိတ်မရှည်စွာဖြင့် ပြောလိုက်လေသည်၊
“မစ္စတာရွှီ...၊ မင်းရဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိတာက ငါ့ကို ဒေါသထွက်စေတယ်...။ ဒါကြောင့် မင်းကို ပြစ်ဒဏ် အနည်းငယ်ပေးတဲ့အနေနဲ့ မင်းရဲ့ ခြေထောက်တစ်ဖက်ကို ယူဖို့ ငါ ဆုံးဖြတ်လိုက်ပြီ...။”
ရွှီပေါ်အန်းက ခေါင်းခါယမ်းကာ၊
“ကောင်းပြီ...၊ မင်း ငါ့အကြောင်းကို စုံစမ်းထားတယ်ဆိုရင် ငါ့မှာ မကြာသေးမီကမှ ကုသမရတဲ့ ရောဂါဆိုးတစ်ခု ရှိနေတယ်ဆိုတာကို သိပြီးသားမလား...။ ငါက သေခြင်းတရားနဲ့ ခြိမ်းခြောက်တာကိုတောင် မကြောက်တာ...၊ တခြားနည်းလမ်းတွေက ငါ့အပေါ် အလုပ်ဖြစ်လိမ့်မယ်လို့ မင်း ထင်နေလား...။”
လူပြက်မျက်နှာဖုံးစွပ်ထားသူမှာ အံ့အားသင့်သွားပြီး၊
“မင်းရဲ့ ရောဂါဆိုးက ဆေးရုံက မှားပြီး ရောဂါရှာဖွေခဲ့တာ မဟုတ်ဘူးလား...။”
ရွှီပေါ်အန်းသည် အံ့အားသင့်သွားခဲ့ရလေသည်။ ဤလူများသည် တကယ့်ကို တော်ကြပေသည်...။ ဆေးရုံတွင် သူ့အား ရောဂါမှားယွင်းရှာဖွေခဲ့ကြောင်းကိုပင် သူတို့က စုံစမ်းသိရှိထားကြပေသည်။
ရွှီပေါ်အန်းက ပခုံးတွန့်လိုက်ပြီး၊
“အခုက နည်းပညာ တိုးတက်နေတဲ့ လူ့အဖွဲ့အစည်းလေ...၊ အရာရာကို အသိဉာဏ်စနစ်နဲ့ လုပ်ဆောင်နေတာ...။ ဘယ်လိုဖြစ်ပြီး ရောဂါရှာဖွေမှု အမှားတွေ ဒီလောက်အထိ များပြားနိုင်မလဲ...။ မင်းပြောတဲ့ ရောဂါရှာဖွေမှုအမှား ဆိုတာ ငါ သုံးခဲ့တဲ့ လှည့်ကွက်တစ်ခုပဲ...။ ငါတို့ ဝန်ထမ်းတွေ ခန္ဓာကိုယ် ပျက်စီးသွားရင် အလုပ်ပြုတ်သွားလိမ့် မယ်ဆိုတာ မင်း သိရမယ်...။ ငါ့ရဲ့ လက်ရှိ ရာထူးက ငါ့အတွက် အချို့အရာတွေကို လုပ်ဆောင်ဖို့ အကူအညီ ဖြစ်စေတယ်... ။ မင်း နားလည်နိုင်လိမ့်မယ်လို့ ထင်ပါတယ်...။”
ရွှီပေါ်အန်း၏ ဆန်းကြယ်ဟန်ဆောင်နေသော စကားများကြောင့် တစ်ဖက်ရှိ လူပြက်မျက်နှာဖုံးစွပ်ထားသူမှာ လုံးဝ ဝေခွဲမရ ဖြစ်သွားခဲ့ရလေသည်။
လူပြက်မျက်နှာဖုံးစွပ်ထားသူက ရွှီပေါ်အန်းအား စိုက်ကြည့်ကာ တစ်လုံးချင်းစီ ပြောဆိုလိုက်သည်။
“ငါ နားလည်ပြီ...၊ ငါ ထင်တာ မှန်နေတာပဲ...။”
“အို...၊ မင်း ဘာကို ခန့်မှန်းမိလို့လဲ...။”
ရွှီပေါ်အန်းက စပ်စုလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
လူပြက်မျက်နှာဖုံးစွပ်ထားသူက နှာခေါင်းရှုံ့ကာ၊
“အခြေအနေက ဒီအထိ ဖြစ်လာပြီမလို့ ဟန်ဆောင်မနေပါနဲ့တော့...။ အဲဒီရွှေတုံးတွေက မင်းတို့ ကျူချန်းလမ်း မြို့ဟောင်း တည်ဆောက်ရေး စီမံကိန်းရဲ့ တည်ဆောက်ရေးခွင်မှာ ရှာဖွေတွေ့ရှိခဲ့တဲ့ ရှေးဟောင်းနေရာကနေ ခိုးယူခဲ့တာ မဟုတ်ဘူးလား...။”
“အို...၊ အဲဒါကိုတော့ ငါ ဝန်မခံနိုင်ဘူး...။”
ရွှီပေါ်အန်းက တန်းငြင်းလိုက်လေသည်။