← Chapters

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း ၁၈၆

Vol. 19 Ch. 186

အခန်း (၁၈၆)

မင်းရဲတိုင်လိုက်တာလား

သူ ဘေးဘက်သို့ လှည့်ကြည့်လိုက်ရာ လူပြက်၏ လက်ထဲတွင် အမှန်ပင် အခြားပြောင်းတိုသေနတ်တစ်လက် ရောက်ရှိနေသည်ကို မြင်တွေ့လိုက်ရလေသည်။

၎င်းမှာလည်း ကိုယ်တိုင်ပြုပြင်ထားခြင်းဖြစ်ပြီး အလွန်တိုတောင်းလှကာ သယ်ဆောင်ရလွယ်ကူလှပေသည်။

ကံကောင်းလှစွာပင် တစ်ဖက်လူမှာ ဒဏ်ရာရရှိထားသဖြင့် သူ၏ လှုပ်ရှားမှုများမှာ ထင်သလောက် မြန်ဆန်ခြင်း မရှိချေ။

ရွှီပေါ်အန်းသည် ယခုတစ်ကြိမ်၌ ဝက်ဝံညိုကြီးအား ဆင့်ခေါ်ရန် မကြိုးပမ်းတော့ချေ။ အဘယ်ကြောင့်ဆိုသော် ဘေးပတ်လည်၌ ကြည့်ရှုနေသော မျက်လုံးများ ရှိနေသဖြင့် မြင်မကောင်းနိုင်သောကြောင့် ဖြစ်၏။

ရွှီပေါ်အန်းသည် သူ၏ ခြေရင်းရှိ ကျောက်ခဲငယ်တစ်လုံးအား သာသာလေး ကန်ထုတ်လိုက်ရာ ဖရဲစေ့ခန့်အရွယ် အစားရှိသော ထိုကျောက်ခဲငယ်သည် အရှိန်အဟုန်ဖြင့် ပြေးထွက်သွားပြီး လူပြက်၏ လက်ကောက်ဝတ်အား တိုက်ရိုက်ထိမှန်သွားခဲ့လေတော့သည်။

လူပြက်သည် နာကျင်စွာဖြင့် ထပ်မံ အော်ဟစ်လိုက်ရပြီး ရွှီပေါ်အန်းသည် ချက်ချင်းပင် ရှေ့သို့ လှမ်းသွားကာ သူ၏ နောက်စေ့အား ရိုက်နှက်လိုက်ရာ သူသည် ချက်ချင်းပင် သတိမေ့မြောသွားခဲ့ရလေသည်။

ထိုပြောင်းတိုသေနတ်အား ရွှီပေါ်အန်းက သဘာဝကျစွာပင် ထပ်မံသိမ်းဆည်းလိုက်၏။

သို့သော်လည်း ရွှီပေါ်အန်းအား စိတ်ပျက်သွားစေသည်မှာ သူသည် တစ်ဖက်၌ အောင်မြင်မှု ရရှိတော့မည့် ဆဲဆဲတွင် အခြားတစ်ဖက်၌ ပြဿနာတစ်ရပ် ထပ်မံ ပေါ်ပေါက်လာခဲ့ခြင်းပင် ဖြစ်ပေသည်။

ကြိုးများ ဖြည်ပေးခြင်း ခံခဲ့ရသော ကျောက်ယွန်းထောင်သည် တစ်နေရာတည်း၌ မလှုပ်မယှက် ရှိနေခဲ့၏။ သူ၏ နောက်ကွယ်တွင်မူ ထိုထွားကြိုင်းသောအမျိုးသားသည် ပုန်းအောင်းလျက် သူ၏ လက်ဖျံကိုသာ ဖော်ပြထားပြီး ဓားမြှောင်တစ်စင်းဖြင့် ကျောက်ယွန်းထောင်၏ လည်ပင်းအား ချိန်ရွယ်ထားခဲ့လေသည်။

“သေနတ်ကို ချလိုက်စမ်း...၊ မဟုတ်ရင် ငါ သူ့လည်ပင်းကို လှီးပစ်လိုက်မယ်...။”

ကျောက်ယွန်းထောင်အား ဓားစာခံအဖြစ် ဖမ်းဆီးလိုက်နိုင်သဖြင့် ထိုထွားကြိုင်းသောအမျိုးသားသည် ပိုမို ယုံကြည်မှု ရှိလာပုံရပြီး ရွှီပေါ်အန်းအား တင်းမာစွာ ပြောဆိုလိုက်လေသည်။

ရွှီပေါ်အန်း စကားမပြောရသေးမီမှာပင် ကျောက်ယွန်းထောင်က သက်ပြင်းချကာ ဆိုလိုက်၏။

“အစ်ကိုကြီး...၊ ဘာတွေ တွေးနေတာလဲ...။ ကျွန်တော်နဲ့ မစ္စတာရွှီက စီးပွားဖက်တွေပဲလေ...၊ ကျွန်တော့်ရဲ့ မိဘတွေလည်း မဟုတ်ဘူး...။ ကျွန်တော့်ကို သုံးပြီး သူ့ကို ခြိမ်းခြောက်လို့ ရလိမ့်မယ်လို့ ထင်နေတာလား...။ ကျွန်တော်က ဖုန်းနံပါတ် သုံးနေတာပဲ...။ အစ်ကိုကြီးက ဖုန်းဆက်သွယ်ရေးကုမ္ပဏီကို သွားပြီး မခြိမ်းခြောက် တာလဲ...။”

သို့သော်လည်း ထိုထွားကြိုင်းသောအမျိုးသားသည် သူ၏ စကားများအပေါ် တုန်လှုပ်ခြင်းမရှိချေ။

လက်ရှိအခြေအနေတွင် ကျောက်ယွန်းထောင်အား ဖမ်းဆီးထားခြင်းကသာ သူ့အတွက် တစ်ခုတည်းသော အကာအကွယ် ဖြစ်ပေလိမ့်မည်...။

အခြားကိစ္စရပ်များကိုမူ သူ ထည့်သွင်းစဉ်းစားနိုင်စွမ်း မရှိတော့ချေ။

“စကားအပိုတွေ ပြောမနေနဲ့...၊ ပါးစပ်ပိတ်စမ်း...။” ဟု အော်ဟစ်ရင်း ထိုထွားကြိုင်းသောအမျိုးသားသည် လက်ထဲရှိ ဓားမြှောင်အား ပိုမိုတင်းကျပ်စွာ ချိန်ရွယ်လိုက်လေသည်။

ကျောက်ယွန်းထောင်မှာ ထိတ်လန့်သွားပြီး တရစပ် အသနားခံလိုက်သည်။

“အစ်ကိုကြီး...၊ ကျေးဇူးပြုပြီး ဓားကို ကျွန်တော့်ဆီကနေ နည်းနည်းလောက် ခွာပေးပါဦး...။ ကျွန်တော့်ကို ဒဏ်ရာရအောင် မလုပ်ပါနဲ့ဗျာ...။”

“မင်းကတော့ တကယ့်ကို စကားများလွန်းတယ်...။”

ထိုထွားကြိုင်းသောအမျိုးသားသည် ကျောက်ယွန်းထောင်အား စိတ်ပျက်သွားပြီး သူ၏ လည်ပင်းနောက်ဘက်သို့ လက်သီးဖြင့် ထိုးနှက်လိုက်ရာ ကျောက်ယွန်းထောင်သည် ထပ်မံ၍ သတိမေ့မြောသွားခဲ့ရလေသည်။

“နှုတ်ကြောင့် သေရသည်” ဟူသော စကားစုမှာ အမှန်ပင် ဖြစ်ပေသည်။

စကားနည်းခြင်းက အကောင်းဆုံးသော နည်းလမ်းဖြစ်ကြောင်း အမြဲတမ်း သတိပြုရပေမည်...။

ရွှီပေါ်အန်းကမူ မျက်နှာတွင် အပြုံးတစ်ခုကို ဆင်မြန်းထားဆဲဖြစ်ပြီး အေးအေးလူလူ ပြောလိုက်လေသည်။

“လွန်ခဲ့တဲ့ ခဏက ဟိုလူ ကိုင်ထားတဲ့ ပြောင်းတိုသေနတ်က ငါ့လက်ထဲကို ဘယ်လိုရောက်လာလဲဆိုတာ မင်း တွေးကြည့်ဖူးလား...။”

ထိုထွားကြိုင်းသောအမျိုးသားက အော်ဟစ်လိုက်လေ၏၊

“စကားအပိုတွေ ပြောမနေနဲ့...။ အဲဒါက ငါနဲ့ ဘာဆိုင်လို့လဲ...၊ ဘေးကို ဖယ်ပြီး ငါ့ကို ထွက်သွားခွင့်ပေးစမ်း...။”

ရွှီပေါ်အန်းက ခေါင်းခါယမ်းကာ တံခါးဝသို့ ပိုမိုတိုးကပ်သွားပြီး အဝင်အထွက်လမ်းအား လုံးဝ ပိတ်ဆို့ထား လိုက်တော့သည်။

“သူ ပြောခဲ့သလိုပဲ...၊ ငါက သူ့ကို ဂရုမစိုက်ဘူးလေ...။ မင်း ဆက်ပြီး တောင့်ခံနိုင်မယ်လို့ ထင်ရင်လည်း ငါတို့တွေ ဆက်ပြီး တောင့်ခံထားကြတာပေါ့...။”

ထိုထွားကြိုင်းသောအမျိုးသားကအံကို တင်းတင်းကြိတ်ကာ ပြောလိုက်လေသည် ၊

“ဟွန့်...၊ ဒီလိုဆိုရင်လည်း ဆက်ပြီး တောင့်ခံထားကြတာပေါ့...။ အဆိုးဆုံး ဖြစ်လာရင် ငါ့အသက်နဲ့ သူ့အသက်ကို လဲပစ်လိုက်မယ်...။ ငါ ဆက်ပြီး မတောင့်ခံနိုင်တော့တဲ့ အချိန်ကျရင် ဒီကောင်လည်း သက်သာလိမ့်မယ် မထင်နဲ့...၊ ငါ သူ့အသက်ကို လျော်ကြေးအဖြစ် ယူသွားမှာ...။”

သူ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် ပြင်ပမှ ရှုပ်ထွေးလှသော ဆူညံသံများ ထွက်ပေါ်လာခဲ့၏။

ထို့နောက်တွင် ရဲကားဥသြဆွဲသံများသည် ညဉ့်ကောင်းကင်ယံအား ဖြတ်သန်းကာ အခန်းတွင်းသို့ ပျံ့လွင့်ဝင် ရောက်လာခဲ့လေတော့သည်။

ထိုထွားကြိုင်းသောအမျိုးသားသည် ရွှီပေါ်အန်းအား မျက်လုံးပြူးကြည့်ကာ မေးမြန်းလိုက်လေ၏။

“မင်း….၊ ရဲတိုင်လိုက်တာလား...။”

ရွှီပေါ်အန်းသည် သူ့အား လျစ်လျူရှုကာ မလှမ်းမကမ်းရှိ စားပွဲပေါ်မှ စောင့်ကြည့်ဗီဒီယိုအား ကြည့်ရှုလိုက်လေ သည်။ ထိုအခါမှသာ တောစောင့်ဝန်ထမ်းအဖြစ် ဝတ်ဆင်ထားသော လူများမှာ အမှန်တကယ်တော့ ရဲတပ်ဖွဲ့ဝင် များ ဖြစ်ကြောင်း သူ နားလည်သွားခဲ့ရလေ၏။

သူတို့က ဝိုင်းရံပိတ်ဆို့ထားပြီး ဖြစ်ပေသည်...။ သူကသာ တစ်ကိုယ်တော် သူရဲကောင်းအဖြစ် သရုပ်ဆောင်နေမိ ခဲ့ခြင်း ဖြစ်ချေတော့၏။

သို့သော်လည်း ရဲများ ရောက်ရှိလာပါက ကျောက်ယွန်းထောင်အား ကယ်တင်ရန် ပိုမို ခက်ခဲသွားလိမ့်မည် ဖြစ်ပေသည်။

“ငါ ရဲမတိုင်ခဲ့ဘူးလို့ ပြောရင်လည်း မင်း ယုံကြည်မှာ မဟုတ်ဘူးမလား...။ ဒီလိုလုပ်ရအောင်...၊ ငါလည်း ငါ့ရဲ့ ရွှေတုံးအကြောင်းကို ဘယ်သူ့ကိုမှ မသိစေချင်ဘူး...။ ငါတို့ အရောင်းအဝယ်တစ်ခု လုပ်ကြရအောင်...၊ မင်း ငါ့သူငယ်ချင်းကို လွှတ်ပေးပါ...။ ငါလည်း မင်းကို လွှတ်ပေးမယ်...။”

ပြောရင်းဆိုရင်းဖြင့် ရွှီပေါ်အန်းသည် လက်ထဲရှိ ပြောင်းတိုသေနတ်ကို မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ချထားလိုက် ပြီး မတ်တတ်ရပ်လျက် ဘေးဘက်သို့ လျှောက်လှမ်းကာ တံခါးဝအား လမ်းဖွင့်ပေးလိုက်လေ၏။

တစ်ချိန်တည်းမှာပင် သူသည် နှမြောတသစွာဖြင့် အမွှေးတိုင် စွမ်းအားများကို ထပ်မံအသုံးပြုကာ ယခုလေးတင် သူ လမ်းဖယ်ပေးခဲ့သော နေရာ၌ ဝက်ဝံညိုကြီးအား ထပ်မံဆင့်ခေါ်လိုက်လေသည်။

အခြားနည်းလမ်းမရှိတော့ချေ...။ ကျောက်ယွန်းထောင် ဒုက္ခရောက်နေသည်ကို သူက လျစ်လျူရှု၍ မကြည့်ရက် နိုင်ပါချေ။

သူ့တွင် စွမ်းအားမရှိစဉ်အခါကမူ ရွှီပေါ်အန်းသည် စိတ်အေးလက်အေး နေနိုင်ခဲ့ပေသည်။ သို့သော် ယခုကဲ့သို့ စွမ်းဆောင်နိုင်စွမ်း ရှိနေပါလျက် ဒုက္ခရောက်နေသော သူငယ်ချင်းအား ကယ်တင်ရန် ငြင်းဆိုခြင်းမှာမူ ရွှီပေါ်အန်း၏ စရိုက်မဟုတ်ပေ။

ထိုထွားကြိုင်းသောအမျိုးသားသည် ရွှီပေါ်အန်း၏ လုပ်ရပ်ကို မြင်တွေ့ရသောအခါ ချက်ချင်းပင် စိတ်လှုပ်ရှား သွားခဲ့လေသည်။

သူသည် ကျောက်ယွန်းထောင်အား ချက်ချင်းပင် လွှတ်ပေးလိုက်ပြီး တံခါးဝဆီသို့ အပြေးအလွှား ဦးတည်သွား ခဲ့လေတော့သည်။

ထိုခဏ၌ ဝက်ဝံညိုကြီးသည် ရွှီပေါ်အန်း၏ စေခိုင်းမှုအောက်တွင် လျင်မြန်စွာ ကြီးထွားလာခဲ့ပေသည်။

ထိုထွားကြိုင်းသောအမျိုးသားသည် ရွှီပေါ်အန်း စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် သူ၏လှုပ်ရှားမှုများကို မျက်လုံးထောင့်စွန်းမှ စောင့်ကြည့်ရင်း တံခါးဝဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားခဲ့လေသည်။

ရုတ်တရက် သူသည် နူးညံ့ကာ မွှေးပွပွဖြစ်နေသော အရာတစ်ခုနှင့် တိုက်မိသွားသကဲ့သို့ ခံစားလိုက်ရ၏။

သူ ခေါင်းကို လှည့်ကြည့်လိုက်ရာ ယပ်တောင်ကဲ့သို့ ကြီးမားလှသော မွေးပွလက်ဝါးကြီးတစ်ခုမှာ သူ၏ ဦးခေါင်း ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်ကို မြင်တွေ့လိုက်ရပြီး သူ၏ မြင်ကွင်းတစ်ခုလုံး မှောင်မိုက်သွား ခဲ့ရလေ တော့သည်။

ထိုအချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် ပြင်ပမှ အေးစက်စူးရှလှသော အော်ဟစ်သံတစ်သံ ထွက်ပေါ်လာခဲ့လေ ၏။

“အထဲကလူတွေ နားထောင်စမ်း...၊ မင်းတို့ကို ဝိုင်းထားပြီးပြီ...။”

*ဘုရားရေ...*

၎င်းမှာ အဖွဲ့ခေါင်းဆောင် ပိုင်ရှန်းရှန်း၏ အသံပင် ဖြစ်ပေသည်။ ရွှီပေါ်အန်းသည် ဝက်ဝံညိုကြီးအား ချက်ချင်းပင် ပြန်လည်သိမ်းဆည်းလိုက်ပြီး ခြေလှမ်းအနည်းငယ်ဖြင့် တံခါးဝသို့ ပြေးသွားကာ ဝက်ဝံ၏ ခြေရာများကို အမြန် ဖျက်ဆီးလိုက်ပြီး တည်ငြိမ်စွာဖြင့် အခန်းပြင်ပသို့ လျှောက်လှမ်းထွက်ခွာခဲ့လေ၏။

“အဖွဲ့ခေါင်းဆောင်ပိုင်...၊ မပစ်ပါနဲ့...၊ ကျွန်တော်တို့က အပြစ်မဲ့သူတွေပါ...။”

All Chapters