အခန်း ၁၈၉
Vol. 19 Ch. 189
အခန်း (၁၈၉)
နေ့ကဲ့သို့ လင်းထိန်နေသော ညဉ့်ဦးယံ
ဘွန်ဆိုင်းကမ္ဘာအတွင်း၌မူ အခြေအနေများမှာ တကယ့်ကို အရေးတကြီး ဖြစ်နေခဲ့ပေသည်။
ညဉ့်ကောင်းကင်ယံတွင် လနှင့် ကြယ်တာရာများ ကင်းမဲ့နေပြီး လက်နှစ်ဖက်ကိုပင် မမြင်နိုင်လောက်အောင် မှောင်မိုက်လွန်းနေခဲ့ရလေ၏။ မြင်ကွင်းအနေအထားကိုမူ ပြောပြနေရန်ပင် မလိုတော့ချေ။
တောင်စောင့်နတ်မင်း နတ်ကွန်းဝင်း၏ အောက်ဘက်ရှိ ကမ်းပါးယံစွန်းတွင် အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထား သော ချန်ရှီရှီသည် နွယ်ပင်တစ်ပင်ကို လက်နှစ်ဖက်ဖြင့် တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့ပြီး သူမ၏ ခြေထောက်များ မှာမူ ဝေဟင်ထက်၌ တွဲလောင်းကျနေခဲ့ပေသည်။
သမီး၏ မှတ်ဉာဏ်ထဲ၌ သေသပ်စွာ တပ်ဆင်ထားသင့်သော လှေကားများရှိရမည့် သူမ၏ ခြေဖဝါးအောက်ခြေ နေရာတွင် ယခုအခါ၌မူ ဗလာကျင်းနေခဲ့လေပြီ။
ချန်ရှီရှီသည် ညိုမြသော ပါးပြင်လေးများ နီမြန်းနေလျက် လက်ထဲမှ နွယ်ပင်ကိုသာ တင်းကျပ်စွာ ဆုပ်ကိုင်ထား ပြီး အနည်းငယ်မျှပင် လက်လွှတ်ရန် မဝံ့မရဲ ဖြစ်နေခဲ့ရပေ၏။
သူမ၏ သွယ်လျသော လက်ဖျံလေးများပေါ်တွင် အကြောစိမ်းများ ဖောင်းကြွနေပြီး အလွန်ပင် ပင်ပန်းနွမ်းနယ် နေဟန် ရရှိနေခဲ့ပေသည်။
“ဒုက္ခပါပဲ...၊ ငါ တည်နေရာကို မှားပြီး တွက်ချက်မိလို့ လှေကားအမှားကို ရွေးချယ်မိသွားပုံရတယ်...။”
“ငါ ဘယ်လိုလုပ်ရမလဲ...၊ ဒီလောက်အထိ ဝေးကွာလှတဲ့နေရာကနေ ငါ အော်ဟစ်အကူအညီတောင်းလည်း သူတို့ ကြားနိုင်မှာ မဟုတ်ဘူး...။”
“ငါက မကောင်းမှုတစ်ခုမှ မလုပ်ခဲ့ဖူးတာကို...၊ ဘာဖြစ်လို့ ငါ့ရဲ့ဘဝက ဒီလောက်အထိ ဆင်းရဲဒုက္ခတွေနဲ့ ပြည့်နှက် နေရတာလဲ...။”
“ငါ မသေချင်သေးဘူး...။”
“ငါ ဆက်ပြီး တောင့်မခံနိုင်တော့ဘူး...။”
“တကယ်ပဲ ဒီနေရာမှာတင် အဆုံးသတ်သွားရတော့မှာလား...”
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ တကယ်လို့ အဘိုးက ကောင်းကင်ဘုံကနေ စောင့်ကြည့်နေတယ်ဆိုရင် ကျေးဇူးပြုပြီး သမီးကို ကယ်တင်ပေးတော်မူပါ...။”
နောက်ဆုံးတွင် ချန်ရှီရှီ၏ လက်မောင်းများမှာ ထုံကျဉ်သွားခဲ့ရပြီး မည်သည့်ခံစားချက်မျှ မရှိတော့ချေ။
သူမ၏ လက်ကလေးများသည် ခန္ဓာကိုယ်၏ အလေးချိန်ကို ဆက်လက်မခံနိုင်တော့ဘဲ တဖြည်းဖြည်းချင်း လက်လွတ်လျက် ပွင့်ဟသွားခဲ့ရလေတော့သည်။
သူမသည် ရုတ်တရက် အောက်သို့ ပြုတ်ကျသွားခဲ့ရာ အဖြူရောင် လိပ်ပြာငယ်လေးတစ်ကောင် ပျံသန်းကျဆင်း လာသည့်အလား ဖြစ်နေခဲ့၏။ ချန်ရှီရှီသည် ဤအခိုက်အတန့်အတွင်း သူမ၏ တစ်သက်တာ ဖြစ်စဉ်တစ်ခုလုံး မျက်စိရှေ့၌ လျှပ်ခနဲ ဖြတ်သန်းသွားသကဲ့သို့ ခံစားလိုက်ရပေသည်။
မွေးဖွားစအချိန်မှစ၍ နွေးထွေးသော ရင်ခွင်အထိ၊ ထို့နောက် မှုန်ရီလှသော ကလေးဘဝမှ ယုတ်မာလှသော လူကုန်ကူးသူများလက်ထဲသို့ ရောက်ရှိသွားပုံ၊ ထို့နောက် တင်းကျပ်စွာ အုပ်ချုပ်သော စင်မြင့်ထက်သို့ ရောက်ရှိ သွားခဲ့ပြီး နောက်ဆုံးတွင် ယခုနေရာသို့ တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာခဲ့ပုံများ ဖြစ်ပေသည်။
လူတစ်ဦးသည် မသေဆုံးမီတွင် သူ၏ တစ်သက်တာ ဖြစ်စဉ်တစ်ခုလုံးကို ပြန်လည်မြင်တွေ့နိုင်သည်ဟု အမြဲ ပြောလေ့ရှိကြပေသည်။ ဤသည်မှာ အမှန်တကယ် ထိုကဲ့သို့သော ခံစားချက်မျိုးလား...။
အေးစက်လှသော လေပြင်းများမှာ သူမ၏ ခန္ဓာကိုယ်အား ဖြတ်သန်းတိုက်ခတ်သွားသော်လည် ချန်ရှီရှီအနေဖြင့် အအေးဒဏ်ကို လုံးဝ မခံစားရချေ။ လူတစ်ဦးသည် သေလုဆဲဆဲ အချိန်၌ ကြောက်ရွံ့မှုများ ကင်းမဲ့သွားလေ့ရှိ ပေသည်။
ကျွီရှန်ဖန်းဟူသော ဒုက္ခပင်လယ်အတွင်းမှ လွတ်မြောက်ခဲ့ခြင်းက ဘဝသစ်တစ်ခု စတင်နိုင်ရန် အခွင့်အရေး ရရှိခဲ့သည်ဟု သူမ အစက ထင်မှတ်ထားခဲ့မိလေ၏။ သို့သော်လည်း သူမ ချန်ရှီရှီတစ်ယောက် ဤမျှအထိ ကံဆိုးလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့မိချေ။
ဤမျှလောက်အထိ ကြာမြင့်ခဲ့ပြီဖြစ်ရာ အနိမ့်ဆုံးအခြေအနေသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပေသည်။ ချန်ရှီရှီသည် မျက်လုံးများကို ဖြည်းညင်းစွာ မှိတ်ထားလိုက်လေ၏။ အချိန်အတော်ကြာ ဖြတ်သန်းသွားခဲ့သကဲ့သို့ ခံစားရစေပြီး ခဏမျှသာ ကြာမြင့်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။
“ဘုတ်...”
ချန်ရှီရှီသည် ထူထဲလှသော စောင်တစ်ထည်ပေါ်သို့ ပြုတ်ကျသွားသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရပေသည်။ မည်သည့် နာကျင်မှုဒဏ်မျှ လုံးဝ မရှိချေ။
*သေဆုံးပြီးနောက် စိတ်နှလုံး ဖြူစင်သူများမှာ ကောင်းကင်ဘုံသို့ တက်လှမ်းရမည်ဟု ပြောလေ့ရှိကြသည်မှာ တကယ့်အမှန်တရားများလား...။*
*ဒီခံစားချက်က...၊ ငါ တိမ်တိုက်တွေပေါ် ရောက်နေတာလား...။ ဒါ့အပြင် မွှေးပျံ့သင်းပျံ့လှသော ရနံ့တစ်ခုလည်း ရှိနေတယ်...။ ဒီနေရာက အင်မော်တယ်နယ်မြေလား...။*
ချန်ရှီရှီတစ်ယောက် အများကြီး စဉ်းစားနေခြင်း ဖြစ်ပေသည်။ သူမ၏ အောက်ခြေတွင် တိမ်တိုက်များ မရှိဘဲ ရွှီပေါ်အန်းက ပျာပျာသလဲ ထည့်ပေးထားသော ချင်းဖုန်းရနံ့သင်းပျံ့နေသော တစ်ရှူးများသာ ရှိနေခဲ့ခြင်း ဖြစ်ချေ သည်။
ရွှီပေါ်အန်းသည် အခန်းတွင်း၌ ပိုင်ရှန်းရှန်း၏ စစ်ဆေးမေးမြန်းမှုများကို ပူးပေါင်းဆောင်ရွက်နေစဉ်အတွင်း ဘွန်ဆိုင်းကမ္ဘာအတွင်းမှ အော်ဟစ်အကူအညီတောင်းသံများကို ရုတ်တရက် ကြားလိုက်ရခြင်း ဖြစ်ပေသည်။
ရွှီပေါ်အန်းသည် သတင်းအချက်အလက်များကို ဖမ်းယူနိုင်စွမ်းရှိသူတစ်ဦးကဲ့သို့ ဖြစ်ပြီး သူသည် ဘွန်ဆိုင်းကို အစဉ်သဖြင့် စောင့်ကြည့်နေခြင်း မဟုတ်ချေ။ သို့သော်လည်း “တောင်စောင့်နတ်မင်း” ဟူသော စကားလုံးကို ပြောဆိုလိုက်သည့်အခါတိုင်း ရွှီပေါ်အန်းသည် ချက်ချင်း အာရုံခံမိသွားပြီး မသိစိတ်အရ စောင့်ကြည့်ကြည့်ရှုလေ့ ရှိပေသည်။
စောစောက မြင်ကွင်းမှာ ဤသို့ ဖြစ်ပျက်ခဲ့ခြင်း ဖြစ်ပေသည်။ ရွှီပေါ်အန်းသည် မသိစိတ်အရ ဘွန်ဆိုင်းကမ္ဘာအား လှမ်းကြည့်လိုက်သည့်အခါ၌ ချန်ရှီရှီသည် ကမ်းပါးယံတွင် တွဲလောင်းကျလျက် အကူအညီမဲ့စွာ အော်ဟစ် နေသည်ကို မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။
ကံမကောင်းစွာဖြင့် ဤနေရာမှာ လူသူကင်းဝေးသော နေရာဖြစ်သဖြင့် နတ်ကွန်းအတွင်း အချိန်ပိုလုပ်ကိုင်နေကြ သော လူများဖြစ်စေ၊ တောင်ခြေရှိ ရွာသားများဖြစ်စေ ချန်ရှီရှီ၏ အော်ဟစ်အကူအညီတောင်းသံကို ကြားနိုင်ခြင်း မရှိကြပေ။
ထို့အပြင် ချန်ရှီရှီသည် ငယ်စဉ်ကတည်းက သေသပ်စွာ ပြုစုပျိုးထောင်ခြင်း ခံခဲ့ရသဖြင့် အလွန်ပင် သိမ်မွေ့နုနယ် လှပေသည်။ သူမသည် မည်သည့် ဆင်းရဲဒုက္ခကိုမျှ မကြုံတွေ့ခဲ့ဖူးသဖြင့် မည်သည့် ခွန်အားမျှလည်း မရှိချေ။
အကယ်၍ သူမ၏ အကူအညီတောင်းသံကို ကြားလျှင်ပင် တောင်ခြေ သို့မဟုတ် တောင်ခါးပန်းမှ လူများ ရောက်ရှိလာချိန်တွင် သူမသည် လက်လွတ်လျက် ပြုတ်ကျသွားခဲ့ပြီ ဖြစ်ပေလိမ့်မည်။
ကံကောင်းလှစွာပင် ရွှီပေါ်အန်းသည် သူမအား အချိန်မီ ရှာဖွေတွေ့ရှိခဲ့ပြီး ကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ချေသည်။
ချန်ရှီရှီသည် ချင်းဖုန်းရနံ့သင်းပျံ့နေသော တစ်ရှူးပုံကြီးပေါ်တွင် လဲလျောင်းလျက် လုံးဝ ကြောင်အမ်းအမ်း ဖြစ်နေပြီး သူမ၏ မျက်ဝန်းများမှာလည်း ဟာလာဟင်းလင်းဖြစ်ကာ တစ်စုံတစ်ခုကို စဉ်းစားတွေးတောနေ သည်ကို မြင်တွေ့လိုက်ရလေ၏။
သူမ၏ ပါးလွှာလှသော အဝတ်အစားများမှာလည်း ဖရိုဖရဲ ဖြစ်နေခဲ့ပြီး ကိုယ်ခန္ဓာ အလှအပ ပေါ်လွင်နေသည် ကိုပင် ဂရုမစိုက်နိုင်တော့ချေ။
“ချန်ရှီရှီ...၊ မင်း အဆင်ပြေရဲ့လား...။”
ချန်ရှီရှီသည် နောက်ဆုံးတွင် မျက်တောင်ခတ်လိုက်မိသည်။ ၎င်းမှာ တောင်စောင့်နတ်မင်း၏ စကားသံ ဖြစ်ပေ သည်။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးလား...။”
“ဟုတ်တယ်...၊ ငါပါ...။”
ရွှီပေါ်အန်းက ပြန်လည်ဖြေလိုက်လေသည်။ သူသည် ချန်ရှီရှီအား ဘာဖြစ်ခဲ့လဲဟု မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ချန်ရှီရှီက မယုံကြည်နိုင်သော လေသံဖြင့် မေးလာလေသည်၊
“သမီးက အင်မော်တယ်နယ်မြေကို ရောက်ရှိသွားတာလား...။”
ဤစကားကို ကြားလိုက်ရချိန်တွင် ရွှီပေါ်အန်း၏ စိတ်ထဲ၌ မေးခွန်းများစွာဖြင့် ပြည့်နှက်သွားခဲ့ရလေသည်။ ၎င်းမှာ တကယ့်ကို ဆန်းကြယ်လှသော စဉ်းစားပုံ ဖြစ်ပေသည်။ အမျိုးသမီးများ၏ အာရုံစိုက်ရာ ကိစ္စရပ်များမှာ တကယ့် ကို စိတ်ဝင်စားစရာ ကောင်းလှပေစွ...။
“မင်း အများကြီး တွေးနေတာပဲ...၊ မင်း မသေပါဘူး...။ ငါက မင်းရဲ့ အကူအညီတောင်းသံကို တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရလို့ ကယ်တင်ပေးလိုက်တာပါ...။”
တကယ့်ကို ထိပ်တန်းအကမယ်တစ်ဦး ပီသလှပေသည်...။ သူမသည် အသိဉာဏ်ကြွယ်ဝပြီး အတွေ့အကြုံများစွာ ရှိသူတစ်ဦး ဖြစ်ပေသည်။
တောင်စောင့်နတ်မင်း၏ စကားသံကို ကြားလိုက်ရပြီးနောက် ချန်ရှီရှီသည် အခြေအနေအား ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့ပြီး သူမ၏ ကြောင်အမ်းအမ်း ဖြစ်နေမှုများအားလုံး ကွယ်ပျောက်သွားခဲ့ရလေ သည်။
ချန်ရှီရှီသည် မျက်ရည်များကို သုတ်လိုက်ရင်း ဒူးထောက်လိုက်ကာ ပြောဆိုလိုက်သည်။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ ကယ်တင်မှုအတွက် ကျေးဇူးတင်ပါတယ်...။ သမီးက အမှားအယွင်း လုပ်မိ သွားလို့ ဘိုးဘိုးကြီးကို ရယ်စရာ ဖြစ်သွားစေခဲ့ပါပြီ...။”
“ကိစ္စမရှိပါဘူး...၊ ဘာဖြစ်ခဲ့လို့လဲ...။ မင်း အဆင်ပြေရဲ့လား...။”
ရွှီပေါ်အန်းက ပေါ့ပေါ့ပါးပါးပင် မေးမြန်းလိုက်၏။
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီး...၊ သမီး အဆင်ပြေပါတယ်...။ လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း တောင်ပေါ်မှာ နေ ထိုင်ရတာ သိပ်ပြီး အဆင်မပြေလှလို့ တောင်အောက်ကို ဆင်းချင်မိတာပါ...။ ဒါပေမဲ့လည်း ဒီလောက်အထိ တွေဝေသွားပြီး လမ်းမှားသွားလိမ့်မယ်လို့ မျှော်လင့်မထားခဲ့မိပါဘူး...။ အဲဒီ အန္တရာယ်ရှိတဲ့ နေရာကို လှေကား ထင်ပြီး လျှောကျသွားခဲ့တာပါ...။”
“မင်းက အမျိုးသမီးတစ်ယောက်ပဲ...၊ ဒီလိုမျိုး အန္တရာယ်ရှိတဲ့ ကိစ္စရပ်တွေကို တစ်ယောက်တည်း မလုပ်သင့် ဘူး...။”
“သမီး မကြောက်ပါဘူး...၊ တောင်စောင့်နတ်မင်းကြီးက စောင့်ရှောက်ပေးနေတာပဲ....။ သမီး ဘာကိုမှ မကြောက်ပါဘူး...။”
သူမ၏ ပုံသဏ္ဌာန်မှာ လွန်ခဲ့သော ခဏလေးက အော်ဟစ်ငိုယိုနေခဲ့သည့် မိန်းကလေးငယ်နှင့် လုံးဝ ဆက်စပ်မှုမရှိ သည့်အလား ဖြစ်နေခဲ့ပေသည်။
“မင်း ဒီနေရာမှာ အိမ်တစ်လုံး ရရှိခဲ့တာလား...။ ဒီနေရာနဲ့တော့ အတော်လေး ဝေးကွာနေသေးတယ်...။ မိုးချုပ်နေ ပြီမလို့ ငါ မင်းကို လိုက်ပို့ပေးမယ်...။”
“တောင်စောင့်နတ်မင်းဘိုးဘိုးကြီးအနေနဲ့ တန်ခိုးစွမ်းအားတွေကို အသုံးမပြုပါနဲ့တော့...၊ ဒီလမ်းကလည်း သိပ်ပြီး မဝေးလှပါဘူး...။ အခုတစ်ကြိမ် တောင်စောင့်နတ်မင်းဘိုးဘိုးကြီးရဲ့ အနားယူမှုကို အနှောင့်အယှက် ပေးမိခဲ့လို့ သမီး တကယ့်ကို အားနာမိပါတယ်....။”
ရွှီပေါ်အန်းသည် အနည်းငယ် နှမြောတသမှုကို ခံစားလိုက်ရလေသည်။ ဤအရာက ဘာမှမဟုတ်ချေ။ ၎င်းတို့ဆီ မှာ လျှပ်စစ်မီးနဲ့ ဖျော်ဖြေရေးတွေ မရှိသဖြင့် စောစောစီးစီး အိပ်စက်ကြသော်လည်း သူ့တို့ဆီမှာမူ ညဉ့်ဘဝက ယခုမှ စတင်နေဆဲပင် ဖြစ်၏။
ထိုစကားများကိုမူ သူက အပြင်ပန်း၌ ပေါ့ပေါ့ပါးပါး ထုတ်ဖော်ပြောဆို၍ မရနိုင်ချေ။ ရွှီပေါ်အန်းအနေဖြင့် သူ၏ ဆန်းကြယ်လှသော အရှိန်အဝါကို ထိန်းသိမ်းထားရဦးမည် ဖြစ်ပေသည်။
ရွှီပေါ်အန်းသည် အားနွဲ့လှသော အမျိုးသမီးငယ်လေးတစ်ဦး ညဉ့်နက်ပိုင်းတွင်တစ်ယောက်တည်း သွားလာ နေသည်ကို ကြည့်ရှုရင်း စိုးရိမ်ပူပန်နေဆဲပင် ဖြစ်ပေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ရွှီပေါ်အန်းသည် သူ၏ ဖုန်းကို ထုတ်ယူလိုက်ကာ လက်နှိပ်ဓာတ်မီးစနစ်ကို ဖွင့်လိုက် ရင်း၊
“ကောင်းပြီ...၊ အခြေအနေက အဲဒီလိုဆိုရင်လည်း မင်း မြန်မြန် ပြန်ပါတော့...။ ညဉ့်နက်ပြီး လမ်းကလည်း ချောနေလို့ ငါ လမ်းပြပေးပါ့မယ်...။”
မကြာမီ ဘွန်ဆိုင်းကမ္ဘာအတွင်းသို့ ကျယ်ပြန့်လှသော အလင်းတန်းတစ်ခု ကျရောက်လာခဲ့လေသည်။ ၎င်းမှာ ချန်ရှီရှီ၏ ခြေလှမ်းအနည်းငယ်အကွာ နေရာ၌ ဖြစ်ပေသည်။
ချန်ရှီရှီ၏ ကိုယ်ပေါ်သို့ အလင်းတန်းများ တိုက်ရိုက်ကျရောက်ပါက စူးရှလွန်းနေမည်ကို စိုးရိမ်သဖြင့် ရွှီပေါ်အန်း သည် ထိုအလင်းတန်းအား အနည်းငယ် ခပ်ဝေးဝေးသို့ ရွှေ့ပြောင်း ထိုးလင်းပေးထားခဲ့၏။
သို့သော်လည်း ရွှီပေါ်အန်းသည် ဖုန်းလက်နှိပ်ဓာတ်မီး၏ ပြင်းထန်လှသော စွမ်းအားကို လျှော့တွက်မိသွားခဲ့ လေသည်။
ပုံမှန် လက်နှိပ်ဓာတ်မီးဆိုပါက အလင်းတန်းမှာ မျဉ်းဖြောင့်တစ်ကြောင်းကဲ့သို့သာ သွားလေ့ရှိပေသည်။ သို့ သော်လည်း ဖုန်း၏ လက်နှိပ်ဓာတ်မီးမှာမူ ထိုးလင်းရုံသက်သက်ဖြစ်ပြီး စူးစိုက်မှုမရှိဘဲ ဘေးပတ်လည်သို့ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့သွားလေ့ရှိပေသည်။
ရွှီပေါ်အန်း၏ လုပ်ရပ်ကြောင့် ချန်ရှီရှီ သွားရမည့် လမ်းကိုသာ လင်းထိန်စေရုံသာမက ခေါင်ရှန်းရွာရှိ မြေနံရံ အိမ်ရာကြီးတစ်ခုလုံးကိုပါ လင်းထိန်သွားစေခဲ့ရလေတော့သည်။
ညဉ့်နက်ပိုင်းတွင် သတိတစ်ဝက်ဖြင့် နိုးထလာကြသော ရွာသားအချို့သည် ပြင်ပ၌ နေ့ခင်းဘက်ကဲ့သို့ လင်းထိန် နေသည်ကို မြင်တွေ့လိုက်ရသဖြင့် တွေဝေဆန်းကြယ်လျက် အဝတ်အစားများကိုပင် ထပ်မံ ဝတ်ဆင်နေကြမိ တော့သည်။
“ဟေး...၊ မိန်းမ...၊ ဒီနေ့ ဘာဖြစ်လို့ ဒီလောက်အထိ အိပ်ချင်နေရတာလဲ...။”
“ဟုတ်ပ...၊ ကြက်မတွန်ခင်မှာတင် မိုးလင်းနေခဲ့ပြီပဲ...။”
၎င်းကို ကြားရသောအခါ ရွှီပေါ်အန်းသည် ပျာပျာသလဲ သူ၏ လက်သီးကို ဆုပ်ကိုင်ကာ ဖုန်းကင်မရာနှင့် မီးသီး အား ကာကွယ်လိုက်ရင်း အလင်းတန်းငယ်တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်ရလေသည်။
မလှမ်းမကမ်းရှိ မြို့ရိုးထက်တွင် ကင်းစောင့်နေကြသော ရဲမက်ငယ်အချို့သည် ခေါင်ရှန်းရွာတစ်ခုလုံး မှောင်မိုက် ရာမှ လင်းထိန်သွားခဲ့ပြီးနောက် ချက်ချင်းပင် ပြန်လည် မှောင်မိုက်သွားခဲ့ပုံကို ကိုယ်တိုင် မျက်ဝါးထင်ထင် မြင် တွေ့လိုက်ကြရလေ၏။
ထိုအလင်းတန်းသည် မှောင်မိုက်လှသော ညဉ့်နက်ပိုင်းအတွင်း ကမ္ဘာကြီးတစ်ခုလုံးအား နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားစေခဲ့ခြင်း ဖြစ်ပေသည်။
ထိုရဲမက်ငယ်များသည် ချက်ချင်းပင် ဒူးထောက်လိုက်ကြပြီး အဝေးမှနေ၍ ဆုတောင်းပတ္ထနာပြုမှုများကို ထပ်မံ ပြုလုပ်လိုက်ကြလေတော့သည်။
မျက်လုံးတစ်ဖက်လပ် ခေါင်းဆောင်၏ မျက်နှာတွင်မူ ရှုပ်ထွေးလှသော အမူအရာများ ယှက်သန်းသွားခဲ့ရပြီး သူ ဘာတွေးတောနေသည်ကို မည်သူမျှ သိရှိနိုင်ခြင်း မရှိခဲ့ချေ။