← Chapters

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း ၂၉၀

Vol. 29 Ch. 290

အခန်း ၂၉၀ - မွေးနေ့

"သွေးခုန်နှုန်းက အားနည်းပြီး ချီနဲ့ သွေးက ချို့တဲ့နေတယ်... အချိန်ကြာရှည် အစားနည်းလို့ အားနည်းနေတာပါ... ဒီနေ့ ရုတ်တရက် အစားအများကြီး စားလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် ရင်ထဲမှာ အပူဟပ်သွားလို့ အရေးပေါ် အခြေအနေ ဖြစ်သွားတာပါ..."

သမားတော်ကြီးက မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်လေ၏။

တကယ်တော့ သူ၏ရင်ထဲတွင် အလွန်နားမလည်နိုင်အောင် ဖြစ်နေတော့သည်။

သူမသည် ရှန့်ကုန်းစံအိမ်မှ သခင်မလေးတစ်ဦးဖြစ်ပြီး ချမ်းသာသော မိသားစုမှ ဖြစ်လေ၏။ အပြင်တွင် ပွဲတက်သည့်အခါ အစားနည်းသည်ဟု ဆိုလျှင်တောင် အိမ်တွင်မူ တံခါးမည်မျှပင် ပိတ်ထားပါစေ ဗိုက်ဝအောင် မစားနိုင်စရာ အကြောင်းမရှိပေ။

ချင်ကျင့် ထိုစကားကို ကြားသောအခါ အံ့အားသင့်မသွားဘဲ မနေနိုင်တော့ချေ။

ဘေးနားရှိ သခင်မလီက ချင်ကျင့်ရှု၏ ချောင်ကျနေသော ပါးပြင်များကို ကြည့်ကာ လက်ကိုင်ပုဝါကို ဆုပ်ကိုင်ထားလိုက်လေ၏။

ရှန့်ကုန်းကတော်သည် အဝတ်အစား၊ ဖိနပ်နှင့် ခြေအိတ်များကို လဲလှယ်ပြီးနောက် နောက်ကျမှ ရောက်ရှိလာတော့သည်။

သမားတော်ကြီးက မည်သို့ ပြုစုစောင့်ရှောက်ရမည်ကို ပြောဆိုနေပြီ ဖြစ်လေ၏။

"သခင်မလေးက ငယ်သေးတော့ တခြား အပိုဆေးရည်တွေ ဆေးဝါးတွေ သောက်ဖို့ ခွင့်မပြုပါဘူး... ဒါပေမဲ့ နေ့စဉ် အစားအသောက်နဲ့ ဖြည့်စွက်တာကို အဓိကထားရပါမယ်... ပြီးတော့ အရမ်းလည်း စိတ်ပူပန်မှု မရှိစေရပါဘူး..."

ရှန့်ကုန်းကတော်သည် ထိုစကားကို ကြားလိုက်ရသဖြင့် ဘေးရှိ အဒေါ်ကြီးကို မျက်ရိပ်ပြလိုက်လေ၏။ အဒေါ်ကြီးက ချက်ချင်းပင် သမားတော်ကြီးကို ဘေးသို့ဆွဲခေါ်သွားပြီး သတိပေးစကားများ သေချာစွာ ပြောကြားလိုက်တော့သည်။

သမားတော်ကြီးသည် ထူထဲသော ငွေထုပ်ကို ယူလိုက်ပြီး ယနေ့ဖြစ်ရပ်နှင့် ပတ်သက်သည့် သတင်းများကို လုံးဝ မပေါက်ကြားစေရန် သဘာဝကျကျပင် ထပ်ခါတလဲလဲ ကတိပေးလိုက်လေ၏။

သူလည်း အများကြီး မတွေးတောခဲ့ပေ။ လူတိုင်းက အချိန်ကြာမြင့်စွာ နေမကောင်းဖြစ်နေခြင်း မဟုတ်ပါက နောင်အနာဂတ် အိမ်ထောင်ရေးကို ထိခိုက်စေမည့် အားနည်းပြီး ဖျားနာတတ်သော နာမည်ဆိုးရမည်ကို စိုးရိမ်သဖြင့် ထိုကိစ္စကို ပျံ့နှံ့စေလိုမည် မဟုတ်ကြောင်းကိုသာ သူ သိထားလေ၏။

ရှန့်ကုန်းကတော်က လက်ဝှေ့ယမ်းလိုက်ရာ အခန်းထဲရှိ အစေခံများအားလုံး ထွက်သွားကြပြီး သူမ၊ သခင်မလီနှင့် သူတို့၏ ကလေးနှစ်ယောက်သာ ကျန်ရစ်တော့သည်။

"နင်လည်း ကြားတယ်မလား... သမားတော်ကြီးက နင့်ညီမ ဘာမှမဖြစ်ဘူးလို့ ပြောတယ်လေ... နင်က အမြဲတမ်း တည်ငြိမ်ပြီး ယဉ်ကျေးတာပဲ... ဒီနေ့ ဘာလို့ ဒီလောက် ရိုင်းစိုင်းရတာလဲ... ပင်မခြံဝင်းကို ခွင့်ပြုချက်မရှိဘဲ ဝင်လာပြီး ညီမကို ပွေ့ချီပြီး လမ်းတစ်လျှောက် ပြေးလာတာ လူတွေအများကြီးရဲ့ အာရုံကို ဆွဲဆောင်သွားတာပဲ... အိမ်ထဲမှာမို့လို့ တော်သေးတာပေါ့... မဟုတ်ရင် သတင်းတွေ ပြန့်သွားလိမ့်မယ်..."

ရှန့်ကုန်းကတော်က ငြီးတွားလိုက်လေ၏။

ချင်ကျင့် ထိုစကားကို ကြားသော်လည်း ပထမဆုံးအကြိမ်အဖြစ် ယခင်ကကဲ့သို့ မိခင်၏စကားကို နားမထောင်တော့ပေ။ ထို့အစား သူက ခေါင်းမော့ကာ မေးလိုက်လေ၏။

"မေမေက ညီမလေးကို ဘာတွေပြောလိုက်လို့လဲ... သူ့ကို ဒီလောက် စိုးရိမ်သွားအောင်လုပ်တာလဲ... သူက ခြောက်နှစ်ပဲ ရှိသေးတာလေ... မေမေ့ကို စိတ်ဆိုးအောင် သူ ဘာအမှားတွေ လုပ်ခဲ့လို့လဲ..."

ရှန့်ကုန်းကတော်သည် သူမ ပင်မခြံဝင်းတွင် ပြောခဲ့သော စကားများကို သားဖြစ်သူနှင့် ခယ်မဖြစ်သူအား သေချာပေါက် ပြောပြမည် မဟုတ်ပေ။ သူမက အကြည့်လွှဲကာ ဤသို့သာ ပြောလိုက်လေ၏။

"နင့်ညီမက အရမ်း နားမလည်တာပါ... သူ အပြင်သွားတာ တစ်ခါလောက်ပဲ ရှိသေးတယ်... ဘယ်သူမှ မစောင့်ကြည့်တော့ အပြင်မှာ တွေ့ကရာတွေ လျှောက်စားနေတာလေ... ငါက သူ့ကို နည်းနည်းပဲ ဆူလိုက်တာပါ... သူက သည်းမခံနိုင်ဖြစ်သွားတာ..."

ရှန့်ကုန်းကတော်က ဤသို့ပြောသောအခါ မငြီးတွားဘဲ မနေနိုင်တော့ချေ။

"သူ့အကြောင်း ပြောပြရဦးမယ်... သူက ကဗျာရွတ်ဆိုပွဲ တက်တာလေ... အဲဒီက သခင်မလေးတွေနဲ့ ဘယ်လို ပေါင်းသင်းဆက်ဆံရမလဲဆိုတာ မသိဘူး... အဲဒီအစား တောသူမလေးတစ်ယောက်နောက်ကိုပဲ လိုက်နေတာ... တကယ်ကို အရှက်ရစရာပဲ..."

"မေမေပြောတဲ့ တောသူမလေးဆိုတာ ဦးလေးကုရဲ့ သမီးလေ... ဦးလေးကုက သားကို အကြိမ်ကြိမ် ကူညီခဲ့ဖူးတယ်... အသက်သခင်ကျေးဇူးရှင်လို့ ပြောရင်တောင် လွန်မယ်မထင်ဘူး... ပြီးတော့ တခြားသူတွေနဲ့ ပေါင်းသင်းဆက်ဆံတဲ့အခါ သူတို့ရဲ့ အဆင့်အတန်းနဲ့ စရိုက်လက္ခဏာကို မကြည့်သင့်ပါဘူး... မေမေက ဒီလောက် မာနကြီးတဲ့သူဆိုတာ သား တစ်ခါမှ မသိခဲ့ဘူး..."

ချင်ကျင့်က ဤစကားကို အလွန်လေးနက်စွာ ပြောလိုက်လေ၏။

သူ၏ ယခင်ပုံစဖ့အရဆိုလျှင် ဤကဲ့သို့သော စကားမျိုးကို ပြောလိမ့်မည်မဟုတ်ပေ။ သို့သော် ယနေ့ ချင်ကျင့်ရှု၏ အသွင်အပြင်မှာ အလွန် ကြောက်မက်ဖွယ်ကောင်းလွန်းသဖြင့် သူ ဤကဲ့သို့သော စကားမျိုးကို ပြောလိုက်ရခြင်း ဖြစ်လေ၏။

ရှန့်ကုန်းကတော်သည် သူမ၏ သားအရင်းက ခယ်မဖြစ်သူရှေ့တွင် ဤကဲ့သို့ ပြောဆိုလိုက်သဖြင့် အလွန်ဒေါသထွက်သွားကာ မျက်နှာတစ်ခုလုံး နီရဲသွားတော့၏။

သခင်မလီမှာ အလွန် ဝမ်းသာသွားလေသည်။ ယခုအခါ သူမသည် သမီးဖြစ်သူအတွက် စိုးရိမ်နေသဖြင့် အခြေအနေကို ပြေလည်အောင် ဖြေရှင်းရန် အလျင်အမြန် ခုန်ထွက်လာပြီး ပြောလိုက်တော့၏။

"ကျင့်အာ... နင့်အမေကလည်း ကျင့်ရှုအတွက် ကောင်းစေချင်လို့ပါ... လူတိုင်းနဲ့ သူငယ်ချင်း ပိုလုပ်တာကလည်း နောင်ကျရင် သူ့အတွက် ကောင်းမှာပါပဲ... သူက သားသမီးတွေအတွက် မြှုပ်နှံထားတာပါ... နင် ဒီလိုပြောလိုက်ရင် နင့်အမေရဲ့ နှလုံးသားကို တကယ်ပဲ နာကျင်စေလိမ့်မယ်..."

သူမက ခေါင်းလှည့်ကာ ရှန့်ကုန်းကတော်ကို ထပ်ပြောလိုက်လေ၏။

"အစ်မ... ကျင့်ရှုက ငယ်သေးတော့ တစ်ခါတလေ ကစားချင်စိတ် ရှိနေတုန်းပဲလေ... သူ့ကို ဖြည်းဖြည်းချင်း ပြောပြပါ... ဖြည်းဖြည်းချင်း ရှင်းပြပြီး အမှန်တရားကို ပြောပြပါ... မကြာခင်မှာ သူ အစ်မရဲ့ ခက်ခဲတဲ့ ကြိုးစားအားထုတ်မှုတွေကို နားလည်လာမှာပါ..."

ရှန့်ကုန်းကတော်သည် သူမ၏ ခယ်မများကို မနှစ်သက်သော်လည်း သားဖြစ်သူနှင့် ရန်မဖြစ်လိုချင်ပေ။ မူလက သူမသည် အလျှော့ပေးချင်နေခဲ့လေ၏။

သို့သော် ချင်ကျင့်မှာ အလွန် ခေါင်းမာနေမည်ကို ဘယ်သူသိမည်နည်း။

"သား အဘွားကို သွားပြောပြီး ညီမလေးကို ပြုစုပျိုးထောင်ပေးဖို့ တောင်းဆိုလိုက်မယ်... ဒါမှ နောင်ကျရင် သူ တစ်ခုခုစားရင် ပုန်းနေစရာ မလိုတော့ဘူး..."

ရှန့်ကုန်းကတော် ထိုစကားကို ကြားသောအခါ အလွန်ဒေါသထွက်သွားတော့၏။

သခင်မလီ ခဏမျှ ဆွံ့အသွားပြီးနောက် ချက်ချင်းပင် ပျော်ရွှင်သွားလေသည်။ အကယ်၍ ချင်ကျင့်ရှုကို ရှန့်ကုန်းကတော်ကြီးက တကယ်ပဲ ပြုစုပျိုးထောင်ပေးမည်ဆိုပါက ကျင့်ရှု၏ အဆင့်အတန်းကို မြှင့်တင်ပေးနိုင်ရုံသာမက သူမလည်း ကျင့်ရှုနှင့်အတူ ပိုမို အချိန်ဖြုန်းနိုင်မည် ဖြစ်ပေ၏။

ရှန့်ကုန်းစံအိမ်၏ တင်းမာနေသော အခြေအနေနှင့် မတူဘဲ ဤအချိန်တွင် ရှန်းယွဲ့အဆောင်၏ သီးသန့်အခန်းတွင်မူ လူအများအပြား စားပွဲကြီးတစ်ခု၌ ထိုင်နေကြလေ၏။

ကုမိသားစုမှ အဘိုးအဘွားများသာမက လျူရှောင်ရူနှင့် စွန်းမိသားစု ဇနီးမောင်နှံတို့လည်း ရောက်ရှိနေကြပြီး ပိုင်ယွင်မြို့နယ်မှ သားနှစ်ယောက်ပင်လျှင် ဝေါယာဉ်ဖြင့် မြို့တော်သို့ ပြန်လာကြလေ၏။

ရှဲ့ရှင်းချွမ်းသည် လူဒီလောက်အများကြီး ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ချေ။

"ဒါက ကျွန်တော့်ရဲ့ တူအသစ်လေးပဲ... လာပါဦး... လာပါဦး... သတိထားနော်... မင်း ဒါကို သိမ်းထားရမယ်..."

ဒါက ဆိုင်ရှင်လော်က ရှဲ့ရှင်းချွမ်းကို ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သော်လည်း သူက ကြိုတင်စုံစမ်းထားပြီး လက်ဆောင်ကို အလွန်ဂရုတစိုက် ပေးအပ်လိုက်လေ၏။

သူက သံကို ရွှံ့လို လှီးဖြတ်နိုင်သော ဓားမြှောင်တစ်လက်ကို ပေးလိုက်ခြင်း ဖြစ်ပေသည်။

"တူလေး... မင်းဆီမှာ လှံရှိပြီးသားပဲ... ဒီဓားမြှောင်ကို အရန်အနေနဲ့ သုံးပေါ့... ကိုင်ပြီး ဆော့လို့ရတာပေါ့..."

ဆိုင်ရှင်လော်က လက်ကိုပွတ်ရင်း ပြောလိုက်လေ၏။

လျူရှောင်ရူက မျက်လုံးလှန်ကာ ဒေါသတကြီး ပြောလိုက်တော့သည်။

"အဲဒါ ကျွန်မတူလေး... ရှင်က လူကြီးနေရာ ဝင်ချင်လို့ လောနေတာ... ပါးစပ်ဖွင့်တာနဲ့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်..."

ဆိုင်ရှင်လော်က ပြောလိုက်လေ၏။

"အနာဂတ် တူလေးကလည်း တူလေးပဲလေ..."

လျူရှောင်ရူက သူ့ကို ထပ်မံ စူးရဲစွာ ကြည့်လိုက်ပြန်သည်။

ကုမင်တာ့က ရှဲ့ရှင်းချွမ်းကို ပြောလိုက်လေ၏။

"မင်းရဲ့ အနာဂတ် ဦးလေးလော်က စေတနာကောင်းပါတယ်... သိမ်းထားလိုက်ပါ... မင်းအမေနဲ့ အဒေါ်လျူက ဆက်ဆံရေး အရမ်းကောင်းတာ... ဒါကြောင့် သူတို့နဲ့ တွေ့တဲ့အခါ အားနာနေစရာ မလိုပါဘူး..."

ထိုအခါမှ ရှဲ့ရှင်းချွမ်းက လက်ဆောင်ကို ယူလိုက်တော့၏။

ဘေးနားရှိ ဆရာစွန်းက ပြုံးကာ ပြောလိုက်လေသည်။

"ဆိုင်ရှင်လော်က အဆက်အသွယ် ကောင်းတာပဲ... ဒီလို အသုံးဝင်တဲ့ လက်နက်မျိုး ရှာတွေ့နိုင်တယ်... ငါကတော့ အများကြီး ညံ့တယ်... လူတွေ သဘောမကျမယ့်သူ ဖြစ်သွားမှာ ကြောက်တယ်..."

ဆရာစွန်း ဤသို့ပြောရခြင်းမှာ သူပေးသော လက်ဆောင်က စစ်ပညာစာအုပ်တစ်အုပ် ဖြစ်နေသောကြောင့် ဖြစ်လေ၏။

ရှဲ့ရှင်းချွမ်းမှာ စာဖတ်ရတာကို နှစ်သက်သူတစ်ယောက် မဟုတ်ကြောင်း ထင်ရှားနေပေသည်။

ကုမင်တာ့က ပြောလိုက်လေ၏။

"အစ်ကို့ရဲ့ လက်ဆောင်က ကောင်းပါတယ်လို့ ကျွန်တော်ထင်တယ်... ဒီကလေးက စစ်သူကြီး ဖြစ်ချင်တာဆိုတော့ စစ်ပညာစာအုပ်တချို့တော့ ဖတ်သင့်တာပေါ့..."

လူတိုင်းက ရှဲ့ရှင်းချွမ်းကို လက်ဆောင်တွေ ပေးကြလေ၏။ ကုကျောက်နှင့် နျိုနျိုလေးပင်လျှင် ပါဝင်ကြသည်။

ကုကျောက်က အိတ်ကလေးတစ်လုံး ပေးလိုက်လေ၏။

"ကိုကိုရှဲ့... အိတ်ကလေးကိုတော့ ဝယ်ထားတာပါ... ဒါပေမဲ့ ဆေးဖက်ဝင်အပင်တွေကိုတော့ ကိုယ်တိုင် ပြင်ဆင်ထားတာပါ... သားဆရာက ပြောတယ်... ဒီဆေးဖက်ဝင်အပင်တွေက လူတွေကို ကြည်လင်လန်းဆန်းစေတဲ့ အာနိသင်ရှိတယ်တဲ့... ကိုကို ဒဏ်ရာရရင်လည်း အရေးပေါ် သုံးလို့ရတယ်..."

နျိုနျိုလေးက သူမ ချုပ်ထားသော လက်ကိုင်ပုဝါတစ်ထည်ကို ပေးလိုက်လေ၏။ လက်ကိုင်ပုဝါ၏ ထောင့်တွင် "ရှဲ့" ဆိုသော စာလုံးလေး ပါရှိပေသည်။

"ကိုကိုရှဲ့... သမီးက အခုမှ အမျိုးသမီးအသုံးအဆောင်တွေ လုပ်ဖို့ သင်နေတာ... ကိုကို အရင်သုံးထားလိုက်ပါ... နောင်ကျရင် သမီး အရမ်းတော်လာတဲ့အခါ ကိုကို့အတွက် ပိုက်ဆံအိတ်တွေ၊ ဖိနပ်တွေ၊ ခြေအိတ်တွေ၊ အဝတ်အစားတွေ ချုပ်ပေးမယ်..."

နျိုနျိုလေးက သူမ၏ အစီအစဉ်များကို ပြောပြလိုက်လေ၏။

ရှဲ့ရှင်းချွမ်းသည် လက်ဆောင်များစွာ ရရှိပြီးဖြစ်လေသည်။ ကုယန်က သူ့ကို ပန်းချီကားတစ်ချပ် ပေးပြီး ရှန်ချန်ဖုန်းက သူ့ကို ကျောက်စိမ်းဆွဲကြိုးတစ်ကုံး ပေးကာ ကုမင်တာ့က သူ့ကို အဆင့်မြင့် စာဖတ်ခန်းသုံးပစ္စည်း လေးမျိုး အစုံလိုက် ပေးလိုက်လေ၏။

ကျန်းယွင်နန်က အင်္ကျီတစ်ထည် ချုပ်ပေးပြီး အဖွားကုက ဖိနပ်တစ်ရန် အမြန်ချုပ်ပေးလေသည်။ အဘိုးမှာ ခေါင်းရှုပ်နေသော်လည်း သိုင်းလှံကိုင်ထားသော စစ်သူကြီး သစ်သားအရုပ်လေး တစ်ရုပ် ထွင်းပေးခဲ့ပေသည်။

"ဒီနေ့က သားမွေးနေ့ဆိုတာ သိကြလား..."

ရှဲ့ရှင်းချွမ်းက မမေးဘဲ မနေနိုင်တော့ချေ။

အရပ်ရှည်သော လူငယ်လေးတစ်ယောက်မှာ ဤအချိန်တွင် မျက်လုံးထဲ၌ မျက်ရည်များ ရစ်ဝဲနေပြီး လူတိုင်းရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် ရှက်ရွံ့မှုကို ပြသနေတော့၏။

"ပြောရမယ်ဆိုရင် သား တစ်ခါမှ မွေးနေ့ မလုပ်ဖူးဘူး... လက်ဆောင်ရတာလည်း ရှားပါတယ်..."

လူတိုင်း ထိုစကားကို ကြားသောအခါ ဆွံ့အသွားကြတော့၏။

ကုမင်တာ့သည် ရှဲ့ရှင်းချွမ်း၏ မွေးနေ့မှာ နွေဦးရာသီတွင်ဖြစ်ကြောင်းကိုသာ သိထားသော်လည်း ဤမျှ တိုက်ဆိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

All Chapters