← Chapters

လူစုံတုန်း ခဏတာစကားစမြည်ပြောခြင်း

Vol. 9 Ch. 87

လူစုံတုန်း ခဏတာစကားစမြည်ပြောခြင်း

Vol. 9 Ch. 87

တောင်ပေါ်သို့အပြန်လမ်းတွင် ဝမ်ရှန်းကို မုရွှယ်က ဖိုင်တစ်ခုပို့ခဲ့သည်။ ထိုဖိုင်ထဲတွင် လမ်းဘေးလုံခြုံရေးကင်မရာမှ ဖမ်းယူထားသည့် လူငယ်တစ်ဦး၏ ဓာတ်ပုံနှင့် ကိုယ်ရေးအချက်အလက်အချို့ပါဝင်နေသည်။

၎င်းမှာ ချီဝမ် ပေးခဲ့သည့် ဘေးစောင်းပုံရိပ်ပင်ဖြစ်သည်။ နာရီပေါင်းများစွာ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးပြီးနောက် စုံစမ်းစစ်ဆေးရေးအဖွဲ့သည် မီးသူတော်စင်၏ ဓာတ်ပုံနှင့် ရာဇဝင်ကို နောက်ဆုံးတွင် အတည်ပြုနိုင်ခဲ့သည်။

ဝမ်ရှန်းက ချီဝမ်ကို ပြ၍ အတည်ပြုခိုင်းရာ သူမသည် အနည်းငယ်တွေဝေနေသော်လည်း နောက်ဆုံးတွင် ခေါင်းညိတ်ပြလိုက်သည်။

“သူပဲ...”

အရေးကြီးကိစ္စများ ကြန့်ကြာမှုမရှိစေရန် ဝမ်ရှန်းက မုရွှယ်ထံသို့ စာတိုချက်ချင်းပြန်ပို့လိုက်သည်။ ထို့နောက် ထိုလူ၏ ကိုယ်ရေးအချက်အလက်များကို သေချာဖတ်ကြည့်ရာ သူအတော်လေးအံ့အားသင့်သွားရသည်။

အသက် ၂၄နှစ်အရွယ် လူငယ်တစ်ယောက်က သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းကို တည်ထောင်ခဲ့တာလား…။

မီးသူတော်စင်၏ နာမည်အရင်းမှာ ကောင်းဖုန်းလင်ဖြစ်သည်။ သူ၏မှတ်တမ်းများတွင် ၇နှစ်မှ ၈နှစ်ခန့် လစ်ဟာနေသည့်ကာလရှိနေသည်။ အသက် ၁၆နှစ်မတိုင်ခင်အထိ သူသည် သာမန်အထက်တန်းကျောင်းသားတစ်ဦးသာဖြစ်ပြီး ထူးခြားမှုတစ်စုံတစ်ရာမရှိခဲ့ပေ။

အသက် ၁၆နှစ်အရွယ်တွင် အိမ်မှထွက်ပြေးသွားပြီး မိသားစုနှင့် အဆက်အသွယ်ဖြတ်ခဲ့သည်။ ထိုစဉ်က မိသားစုက တိုင်ကြားထားသည့် လူပျောက်တိုင်ချက်မှာ ရဲစခန်းတွင်ရှိနေဆဲဖြစ်သည်။

လောလောဆယ်တွင် ထိုမျှသာ သတင်းအချက်အလက်ရရှိထားသည်။

သို့သော် ယခုအခါ သူ၏ မျက်နှာနှင့် ရာဇဝင်ကို အတည်ပြုပြီးဖြစ်သဖြင့် သူသည် ဟွာပြည်သူ့သမ္မတနိုင်ငံအတွင်း လုံခြုံရေးကင်မရာရှိသည့်မည်သည့်နေရာတွင်မဆိုပေါ်လာသည်နှင့် ရဲတပ်ဖွဲ့က နှစ်မိနစ်အတွင်း သူရှိရာနေရာကို အတိအကျသိရှိနိုင်မည်ဖြစ်သည်။

၎င်းမှာ ကျင့်ကြံသူများ အင်မော်တယ်တတ်လှမ်းခြင်းအဆင့်တွင် အသုံးပြုသည့် ကောင်းကင်ရှာဖွေခြင်းစွမ်းရည်ထက် များစွာပို၍ ထိရောက်ပြီး နယ်ပယ်ပိုမိုကျယ်ပြန့်ပေသည်။

မီးသူတော်စင်၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့သဖြင့် စုံစမ်းစစ်ဆေးရေးအဖွဲ့အတွင်းရှိ တင်းမာမှုများ သိသိသာသာလျော့ပါးသွားသည်။

ဝမ်ရှန်းသည် အမှုတိုးတက်မှုအခြေအနေနှင့် ပတ်သက်၍ မုရွှယ်နှင့် စာတိုအချို့အပြန်အလှန်ပို့ခဲ့သည်။ နောက် ၄၈ နာရီအတွင်း တစ်ဖွဲ့လုံးကို ဖမ်းဆီးနိုင်ရန် အပြည့်အဝရှာဖွေမှုများပြုလုပ်ဖို့ ပြင်ဆင်နေကြောင်းသာ မုရွှယ်က ပြောသည်။

သူတို့၏ ကပ္ပတိန်ကလည်း အနီးနားရှိ စစ်ဌာနချုပ်မှ စနိုက်ပါသမား တစ်ဒါဇင်ကျော်ကို ယာယီပြောင်းရွှေ့ထားလိုက်သည်။ ကျင့်ကြံသူများကို ရင်ဆိုင်ရာတွင် ပြင်းအားမြင့် စနိုက်ပါရိုင်ဖယ်များမှာ လက်ရှိတွင် အထိရောက်ဆုံးလက်နက်များအနက် တစ်ခုဖြစ်ကြောင်း သူတို့ သိရှိသွားပုံရသည်...

ဝူတန်းတောင်ကို လှမ်းမြင်ရသည်နှင့် ဝမ်ရှန်းသည် ထိုကိစ္စများကို စိတ်ထဲမှ ထုတ်ပစ်လိုက်သည်။

သူ ထွက်လာခဲ့ပြီးပြီဖြစ်သဖြင့် ဆက်၍ စိတ်ပူနေစရာမလိုတော့ပေ။

အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ မည်သို့တက်လှမ်းရမည်ကို စဉ်းစားခြင်းကသာ ပို၍ လက်တွေ့ကျပေလိမ့်မည်။

****

ဝူတန်းတောင်သို့ ရောက်ရှိချိန်တွင် မိုးဖွဲလေးများ ရွာနေသည်။ မိုးချုပ်လာပြီဖြစ်သဖြင့် တောင်တက်လမ်းများမှာ လူသူကင်းမဲ့၍ တိတ်ဆိတ်နေ၏။ ရံဖန်ရံခါတွင်မူ အေးချမ်းသည့် ပတ်ဝန်းကျင်၌ တရားထိုင်ကျင့်ကြံနေသူအချို့ကို တွေ့ရတတ်သည်။

ညနေခင်းမြူနှင်းများသည် မိုးရေထဲတွင် ပျံ့လွင့်နေ၏။ ဝါးရုံတောများကြားတွင် ဟောင်းနွမ်းနေသည့် သစ်သားတဲလေးများ ရှိနေသည်။

လေထုထဲတွင် သိပ်သည်းစင်ကြယ်နေသည့် ဝိညာဉ်စွမ်းအင်များကြောင့် လန်းဆန်းမှုကို ခံစားရစေသည်။ အသက်တစ်ချက်ရှူလိုက်ရုံဖြင့်ပင် စိတ်နှလုံးကို အေးချမ်းသွားစေပြီး ရှူသွင်းလိုက်တိုင်း ရီဝေမှုကို ခံစားရသည်။

တောင်ပေါ်သို့အတက်တွင် မုဝမ်ရွှမ်းက ချီဝမ်၏ လက်မောင်းကို တွဲထားပေးသည်။ ဝမ်ရှန်းကမူ ကျောပိုးအိတ်များစွာကို လွယ်ထားပြီး ခရီးဆောင်သေတ္တာလေးလုံးကို ကြိုးဖြင့်တွဲချည်ကာ ပခုံးပေါ်တွင် ထမ်းလာသည်။ ထိုသို့ဝန်စည်စလယ်များသော်လည်း သူ၏အတွင်းအားများမှာ အားစိုက်စရာမလိုဘဲ လည်ပတ်နေသဖြင့် သွက်လက်စွာသွားလာနိုင်နေ၏။

လမ်းတစ်လျှောက်လုံးတွင် မုဝမ်ရွှမ်းသည် ချီဝမ်ကို စိတ်ရွှင်လန်းအောင် ဟာသပုံလေးများပြ၍ ဖျော်ဖြေပေးခဲ့သည်။ ကံကောင်းထောက်မစွာပင် သူမ၏ စိတ်အခြေအနေ သိသိသာသာကောင်းမွန်လာခဲ့သည်။

တစ်ရက်အတွင်း ဘဝ၏ အပြောင်းအလဲကြီးကို ကြုံတွေ့ခဲ့ရသဖြင့် ချီဝမ်သည် အိပ်မက်တစ်ခုမက်နေရသကဲ့သို့ ခံစားနေရဆဲဖြစ်သည်။ သို့သော် သူတို့ ရောက်ရှိလာသည့်အခါတွင်မူ ဝန်းရံနေသည့် များပြားလှသော ကမ္ဘာဦးချီစွမ်းအင်များကြောင့် သူမမျက်နှာပေါ်ရှိ စိုးရိမ်ပူပန်မှုများ တဖြည်းဖြည်း လွင့်ပါးသွားတော့သည်။

သူမက ရုတ်တရက် ဝမ်ရှန်းဘက်သို့ လှည့်ကြည့်သည်၊၊

“ကျွန်မ... တစ်ခုခုကူသယ်ပေးရမလား”

ဝမ်ရှန်းက လက်ခါပြလိုက်သည်၊၊

“မိုးရွာထားလို့ လမ်းက ချောနေတယ်၊၊ခြေလှမ်းကို သတိထားပါ၊ ချော်မလဲစေနဲ့”

ချီဝမ်က ခေါင်းငြိမ့်ပြသော်လည်း ငေးငေးငိုင်ငိုင်ဖြစ်နေဆဲပင်။

ကွန်ကရစ်လမ်းအတိုင်း တောင်ပေါ်သို့ တက်လာပြီးနောက် ကျောက်လှေကားများမှတစ်ဆင့် ဆက်တက်ခဲ့ကြသည်။

လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဝူတန်းတောင်တွင် ရှားပါးသစ်ပင်ပန်းမန်များနှင့် ထူးဆန်းသည့် အပင်များ ပို၍ပေါများလာခဲ့သည်။ မကြာခင်မှာပင် မြူဆိုင်းနေသည့် တောင်တန်းအလှက ချီဝမ်ကို ဆွဲဆောင်သွားပြီး သူမ၏ အကြည့်များမှာ ထိုတောတောင်ရှုခင်းဆီသို့ ရောက်ရှိနေတော့သည်။

ဤနေရာသည် ထာဝရရှင်သန်ခြင်းလမ်းစဥ်ကို ကျင့်ကြံရန်အတွက် အမှန်တကယ်ပင် အကောင်းဆုံးနေရာဖြစ်ပေသည်။

အထက်သို့ ပိုတတ်လာလေ.. တာအိုဆရာများနှင့် ပိုမိုဆုံတွေ့ရလေဖြစ်သည်။

ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းအနီးသို့ ရောက်လာသည့်အခါ တောအုပ်အတွင်း ဟိုတစ်စု၊ ဒီတစ်စုရှိနေသော တပည့်ငယ်များကို တွေ့ရသည်။ အချို့က တရားထိုင်နေကြပြီး၊ အချို့က ဓားသိုင်းနှင့် ကိုယ်ခံပညာလေ့ကျင့်နေကြသည်။ အချို့က မန္တန်များ ရွတ်ဖတ်နေကြသလို အချို့ကလည်း စကားပြောရင်း ရယ်မောနေကြသည်။

ကံကောင်းထောက်မစွာပင် လီရှီဝူသည် သူတို့နေထိုင်ရာခြံဝင်းသို့ ဦးတည်သည့်လမ်းကို ယခင်က လူလွှတ်၍ ပြင်ဆင်ပေးထားခဲ့၏။ သို့မဟုတ်ပါက မုဝမ်ရွှမ်းသည် ချီဝမ်အပေါ် ဂရုစိုက်လွန်းလှသဖြင့် သူမ၏ ညီမလေးကို အန္တရာယ်ကင်းအောင် တောင်ပေါ်သို့ ပွေ့ချီသွားပေလိမ့်မည်။

ခရမ်းရောင်တိမ်တိုက်ဘုရားကျောင်းကို ဖြတ်ကျော်လာစဉ်မှာပင် နောက်မှ ခေါ်သံတစ်ခု ကြားလိုက်ရသည်။

“ဂျူနီယာညီလေးဝမ်… ညီမလေးပုယွီ… မင်းတို့နှစ်ယောက် ဘယ်လိုဖြစ်လို့ ဒီလောက်မြန်မြန်ပြန်ရောက်လာတာလဲ”

ဝမ်ရှန်း လှည့်မကြည့်သော်လည်း ကျိုးရင်လောင်မှန်း သိလိုက်ရသည်။ သူတို့သည် အတူတကွတစ္ဆေနှင်ထုတ်ဖူးသလို၊ ခေါင်မိုးပေါ်တက်ဖူးပြီး... အခန်းတွေတောင် အတူတူငှားခဲ့ဖူးသည်မဟုတ်ပါလား။

သုံးယောက်သား တောင်တက်လမ်းပေါ်တွင် ခဏစောင့်နေလိုက်ကြသည်။ ကျိုးရင်လောင်သည် သူ၏ တာအိုဝတ်ရုံကို အသာမကာ လျင်မြန်စွာ ပြေးလာသည်။

“အာ... ဒါက ဘယ်သူလဲ”

“ကျွန်တော်တို့ရဲ့ ဂျူနီယာညီမလေးပါ”

ဝမ်ရှန်းက ပြုံးလျက် ပြန်ဖြေသည်။

“ဂိုဏ်းဝင်ပွဲ လုပ်စရာမလိုတဲ့သူပေါ့”

ကျိုးရင်လောင်သည် ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ချက်ချင်းပင် နားလည်သွားသည်။

ဂိုဏ်းဝင်ပွဲလုပ်စရာမလိုသည့် ဂျူနီယာညီမလေးဆိုသည်မှာ ချင်ယန်ဇီ၏ ကလေးဖြစ်ကြောင်း သိသာလှသည်။

“တွေ့ရတာ ဝမ်းသာပါတယ်”

ကျိုးရင်လောင်က လက်သီးဆုပ်ကာ လေးစားသမှုဖြင့် နှုတ်ဆက်လိုက်သည်။ ထို့နောက် ကိုယ်ဟန်ကို မတ်လိုက်သည်၊၊

“ငါက ဒီမှာကျင့်ကြံနေတဲ့ တတိယမျိုးဆက်တပည့် ကျိုးရင်လောင်ပါ၊၊ ညီလေး ဖေးယွီ၊ ညီမလေး ပုယွီတို့နဲ့လည်း ရင်းနှီးပါတယ်၊၊ အခုကစပြီး ငါတို့အားလုံးက တပည့်တွေဖြစ်သွားပြီဆိုတော့ မကြာခဏတွေ့ကြတာပေါ့”

ချီဝမ်က နှုတ်ခမ်းလေးစေ့ကာ ခေါင်းအနည်းငယ် ငြိမ့်ပြလိုက်သည်၊၊

“ကျွန်မ ချီဝမ်ပါ”

ဝမ်ရှန်းက ကျိုးရင်လောင်ကို မျက်စိတစ်ချက်မှိတ်ပြလိုက်ရာ ကျိုးရင်လောင်ကလည်း ချက်ချင်း သဘောပေါက်သွားပြီး ဝမ်ရှန်းကို ပြန်၍ မျက်ခုံးပင့်ပြသည်။

မုဝမ်ရွှမ်း အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ သူမ၏ ဂျူနီယာမောင်လေးနှင့် ကျိုးရင်လောင်တို့ကြားမှ အသံတိတ်အကြည့်ချင်းဖလှယ်မှုကို သူမ နားမလည်နိုင်ပေ...

“လာ... ငါ ကူသယ်ပေးမယ်”

ကျိုးရင်လောင်က ရှေ့သို့တိုးလာပြီး ဝမ်ရှန်း၏ ပခုံးပေါ်မှ ဝန်စည်စလယ်တစ်ဝက်ခန့်ကို ယူလိုက်ရင်း လူသုံးလေးယောက်သာရှိသည့် စကားပြောအဖွဲ့လေးထဲသို့ စာတစ်စောင် ခိုးပို့လိုက်သည်။

“ညီလေးဝမ်က ညီမလေးတစ်ယောက် ခေါ်လာတယ်၊၊ အားရင်လာကြိုကြဦး”

ဝမ်ရှန်းက မြင်လိုက်သော်လည်း ဘာမှမပြောပေ။

ခြံဝင်းလေးထဲသို့ ရောက်ရှိချိန်မှာပင် ဟုန်လင်းနှင့် မုန့်ဟောင်တို့သည် စားစရာနှင့် သစ်သီးအချို့ယူလာကြသည်။

ခြံဝင်းလေးကတော့ ဘာမှပြောင်းလဲမသွားပေ။ သူတို့ ဆရာသည်လည်း ဆက်သွယ်၍ မရသေးချေ။

ဒါကလည်း အဓိပ္ပာယ်ရှိလှသည်။ အကယ်၍ သည်းခြေကျောက်တည်ခြင်း... အဟမ်း... ပုံရိပ်ယောင်အမြုတေဖွဲ့စည်းခြင်း သို့မဟုတ် ရွှေရောင်အမြုတေအဆင့်ကို ရက်အနည်းငယ်အတွင်း ရရှိနိုင်မည်ဆိုပါက ရွှေရောင်အမြုတေအဆင့်သို့ တက်လှမ်းရန် ခက်ခဲလှသည်ဟူသော ဆိုရိုးစကားမှာ လှောင်ရယ်စရာကြီးဖြစ်သွားပေလိမ့်မည်။

မုန့်ဟောင်နှင့် ဟုန်လင်းတို့က ချီဝမ်ကို နှုတ်ဆက်သော်လည်း သူမ၏ ငေးငိုင်နေသည့် ပုံစံကြောင့် စကားအများကြီးမပြောတော့ဘဲ ဝမ်ရှန်းကိုသာ တောင်အောက်ခရီးစဉ်အကြောင်း မေးမြန်းကြသည်။

ချီဝမ် အလွန်ပင်ပန်းနေသည်ကို တွေ့သဖြင့် မုဝမ်ရွှမ်းက သူမကို အိမ်မကြီးထဲသို့ ခေါ်သွားကာ အနားယူစေလိုက်၏။ ဝမ်ရှန်းကမူ ကျန်သူများနှင့်အတူ ခြံဝင်းတံခါးအပြင်ဘက်ရှိ သစ်ပင်ရိပ်အောက်တွင် ထိုင်ကာ လက်ဖက်ရည်သောက်နေသည်။

ဝမ်ရှန်းသည် ကျန်သုံးယောက်ကို ဘာမှ ဖုံးကွယ်မထားရန် ဆုံးဖြတ်လိုက်ပြီး သဘာဝလွန်ဖြစ်ရပ်မှန်ရှာဖွေရေးအသင်းဖြစ်စဉ်ကို အကျဉ်းချုပ်ပြောပြလိုက်သည်။ ကျိုးရင်လောင်နှင့် ကျန်သူများမှာ အတော်လေးအံ့အားသင့်သွားကြသည်။

တောင်ပေါ်တွင်သာ ကျင့်ကြံနေကြသူများဖြစ်သဖြင့် ပြင်ပလောက၏ အပြောင်းအလဲများကို သူတို့ အများကြီးမသိကြပေ။ ထို့ကြောင့် မိစ္ဆာကျင့်ကြံသူဟူသော သဘောတရားမှာ သူတို့ကို ဝေခွဲမရဖြစ်စေသည်။

“ကျင့်ကြံခြင်းဆိုတာ ကိုယ်တိုင်အတွက် မဟုတ်ဘူးလား၊၊ ငါတို့လည်း ဒီတောင်ပေါ်မှာ ကိုယ့်ကျင့်စဉ်ကိုယ် အာရုံစိုက်နေကြတာပဲ၊၊ တစ်နေ့နေ့မှာ အမှန်တရားကို သိမြင်ပြီး မသေမျိုးဖြစ်သွားရင် ငါတို့ခရီးက အောင်မြင်ပြီလို့ ပြောလို့ရတာပဲ၊၊ ဘာလို့ ကိုယ်ကျိုးအတွက် တခြားလူတွေကို ဒုက္ခပေးရတာလဲ”

ဟုန်လင်းက နားမလည်သလိုမေးသည်။

ကျိုးရင်လောင်နှင့် မုန့်ဟောင်တို့က ရယ်လိုက်ကြသည်။

“လူတိုင်းမှာ မတူညီတဲ့ရည်မှန်းချက်တွေ ရှိကြတာကိုး”

ဝမ်ရှန်းက ပြန်ဖြေသည်။

မုန့်ဟောင်က မျက်မှောင်ကြုတ်ကာ “အဲဒီအသင်းကို သိနေပြီပဲ၊၊ ရဲတပ်ဖွဲ့က ဘာလို့ အမြစ်ပြတ်မရှင်းပစ်တာလဲ၊၊ ကမ္ဘာပေါ်မှာ ကျင့်ကြံသူ ၁၀၀၀ကျော်ပဲ ရှိတာဆိုတော့ ဒါက ပြဿနာမဟုတ်ပါဘူး”

ဝမ်ရှန်းက ခေါင်းယမ်းလိုက်သည်၊၊

“ကျင့်စဉ်တွေရောင်းနေတဲ့ လူတစ်ဒါဇင်လောက်ကိုပဲ အပြစ်ပေးလို့ရမှာလေ… ကျန်တဲ့လူတွေကတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ သားကောင်ဖြစ်နေကြတာပါ၊၊ အပြင်လောကက ကျယ်ပြန့်သလို လူတွေလည်း အများကြီးပဲ၊၊ အဓိက တရားခံတွေကလည်း ကြိုတင်ပြင်ဆင်ထားကြတယ်၊၊သူတို့ခေါင်းဆောင်ရဲ့ ဓာတ်ပုံရှိနေပေမယ့် သူက ရုပ်ဖျက်တာ ဒါမှမဟုတ် ပလတ်စတစ်ဆာဂျရီလုပ်ပြီး ဖမ်းမမိအောင် ရှောင်နိုင်သေးတယ်”

အခြားတစ်စုံတစ်ခုကို ပို၍ စိတ်ဝင်စားပုံရသော ကျိုးရင်လောင်က မေးလိုက်သည်၊၊

“ညီလေးဝမ်၊ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဆိုတာက ဘယ်လိုမျိုးလဲ… ရှေးခေတ်က လျှို့ဝှက်အထောက်တော်တွေလိုမျိုးပဲလား”

ဟုန်လင်းက မနေနိုင်ဘဲ စနောက်လိုက်သည်၊၊

“အရှေ့ပိုင်း ဒါမှမဟုတ် အနောက်ပိုင်း ထောက်လှမ်းရေးဌာနလို့ မပြောတာတောင် အံ့သြဖို့ကောင်းနေပြီ၊၊ စီနီယာကျိုးက ဒါတွေကို အတော်သိထားတာပဲ”

“အရင်က ဒါတွေကို လေ့လာဖူးလို့ပါ”

ကျိုးရင်လောင်က ရှက်ကိုးရှက်ကန်းနှင့် နဖူးမှ ချွေးကို သုတ်လိုက်သည်။ ထို့နောက် အကြောင်းအရာဆီသို့ ပြန်ဆွဲခေါ်လိုက်သည်၊၊

“ညီလေးဝမ်… အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့အကြောင်း ထပ်ပြောပြပါဦး”

ဤနေရာတွင်ရှိနေသူအားလုံးမှာ ယုံကြည်ရသူများဖြစ်သဖြင့် ဝမ်ရှန်းက သူတို့ကို သတိပေးချက်အချို့ ပေးထားချင်ခဲ့သည်။ သူက ချောင်းတစ်ချက်ဟန့်ကာ အသံကို နှိမ့်လိုက်သည်၊၊

“အခု ကျွန်တော်ပြောမယ့်အကြောင်းကို ဘယ်သူ့ကိုမှ မပြောပါနဲ့… ကျွန်တော်တို့ကြားထဲမှာပဲ ထားပါ”

မုန့်ဟောင်နှင့် ကျန်သူများက ခေါင်းငြိမ့်ကာ နားစွင့်လိုက်ကြသည်။

All Chapters