← Chapters

အခန်း (၁၉၉၉-၂၀၀၀)

Vol. 200 Ch. 1999-2000

အခန်း (၁၉၉၉-၂၀၀၀)

Vol. 200 Ch. 1999-2000

အခန်း (၁၉၉၉) ကျားနှင့် အရေခွံလဲလှယ်ခြင်း

ဤမျှလောက် မြန်မြန်ဆန်ဆန်နဲ့ မသေမျိုးသန့်စင်ကန်ကို ရောက်သွားတာလား။

ဖျင်ရွှီ တစ်ပိုင်းသူတော်စင်သည် စိတ်ထဲကနေ တိတ်တဆိတ် တုန်လှုပ်အံ့ဩသွားရပြီး၊ ဝါ့ထျန်းဧကရာဇ်ရဲ့ ကျင့်ကြံခြင်းစွမ်းရည်နဲ့ နည်းလမ်းတွေက တစ်စစချင်း ပိုမို၍ အတိုင်းအဆမရှိ နက်နဲဆန်းကြယ်လာနေပြီဟုသာ ခံစားလိုက်ရတော့သည်။

ထိုခန့်ညားထည်ဝါလှသော တံခါးကြီး ပျောက်ကွယ်သွားသည်အထိ စောင့်ဆိုင်းပြီးနောက်မှသာ... သူက လေသံတိုးတိုးလေးဖြင့် ရေရွတ်လိုက်မိသည်။

"ဝါ့ထျန်းဧကရာဇ်က... သူတော်စင်အဆင့်ကိုတောင် တက်လှမ်းသွားခဲ့ပြီ ထင်တယ်"

သူသည် မူလနေရာတွင် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်ငြိမ်သက်စွာ ရပ်နေခဲ့ပြီးနောက်... သူ၏ အတွင်းနယ်မြေကို နောက်တစ်ကြိမ် ထိန်းချုပ်မောင်းနှင်ကာ လာခဲ့သည့် လမ်းအတိုင်း ပြန်လှည့်လာခဲ့တော့သည်။

မသေမျိုးသန့်စင်ကန်

ဖျင်ရွှီ တစ်ပိုင်းသူတော်စင်သည် ခန့်ညားထည်ဝါလှသော တံခါးကြီးအတွင်းမှ ခြေလှမ်းလှမ်း၍ ထွက်လာခဲ့ရာ... ဝါ့ထျန်းဧကရာဇ်၏ ပုံရိပ်ကို ချက်ချင်းပင် မြင်တွေ့လိုက်ရပြီး၊ သူ၏ အနီးအနားတွင်မူ ကျန်ရှိနေသည့် ကျဆုံးမသေမျိုး တစ်ပိုင်းသူတော်စင်များနှင့်အတူ လော့ရွှမ်သူတော်စင်တို့တစ်သိုက်ပါ မတ်တတ်ရပ်နေကြသည်။

ဒါကလည်း လော့ရွှမ်သူတော်စင်တို့တစ်သိုက်အတွက် ဝါ့ထျန်းဧကရာဇ်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်းပင် ဖြစ်ပေသည်။

အလွန်တရာ သာမန်ဆန်လှသော မျက်နှာအသွင်အပြင်နှင့် ဝတ်စားဆင်ယင်မှု၊ ခန္ဓာကိုယ်ပေါ်မှ စွမ်းအင်အရှိန်အဝါများကိုလည်း အမြင့်ဆုံးအဆင့်အထိ သိမ်းဆည်းရုပ်သိမ်းထားသဖြင့်... ကြည့်ရသည်မှာ လုံးဝ ကျင့်ကြံသူတစ်ဦးနှင့် မတူဘဲ သာမန်လူသားတစ်ယောက်နှင့် ပို၍ တူညီနေခဲ့သည်။

အကယ်၍ ဝါ့ထျန်းဧကရာဇ်သာ ၎င်းတို့ရှေ့သို့ တစ်ဦးတည်း သီးသန့် ပေါ်ထွက်လာခဲ့မည်ဆိုပါက... ထိုပုဂ္ဂိုလ်သည် လမ်းစဉ်သစ်တစ်ခုကို တီထွင်ဖန်တီးခဲ့ပြီး၊ နတ်ဘုရားလောကကြီးတစ်ခုလုံးကို အုပ်ချုပ်လုနီးပါး ဖြစ်ကာ သူတော်စင်အဆင့်သို့ အနီးစပ်ဆုံး ရောက်ရှိနေသည့် ခွန်အားကြီးသူတစ်ဦး ဖြစ်လိမ့်မည်ဟု ၎င်းတို့အနေဖြင့် ဘယ်လိုနည်းနဲ့မျှ တွေးတောမိကြမည် မဟုတ်ချေ။

"သူတို့ ခန္ဓာကိုယ်ပေါ်မှာ ခန္ဓာကိုယ်အစားထိုးကောင်တွေရဲ့ အငွေ့အသက် မရှိဘူး။ မင်းတို့ ပြောပြတဲ့ အချက်အလက်အရ ကြည့်မယ်ဆိုရင်လည်း... သူတို့မှာ ကျောက်လိုဏ်ဂူဘက်ကို သွားဖို့အတွက် အချိန်မရှိခဲ့ဘူး၊ ပြီးတော့ သူတို့ရဲ့ စွမ်းအားနဲ့ဆိုရင် ကျောက်လိုဏ်ဂူရဲ့ တားမြစ်ချက် အစီအရင်ကို ဖျက်ဆီးဖို့ ကြိုးစားတာနဲ့ မင်းတို့တွေတောင် ချက်ချင်း သတိထားမိနိုင်စွမ်း ရှိတယ်... ငါ့ကို ထားလိုက်ဦး"

ဝါ့ထျန်းဧကရာဇ်က ဖျင်ရွှီ တစ်ပိုင်းသူတော်စင်ထံသို့ လှမ်းကြည့်လိုက်ရင်း အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။

ထမုစကားတစ်ခွန်းက... လော့ရွှမ်သူတော်စင်တို့တစ်သိုက်၏ အပေါ်တွင် ကျရောက်နေသည့် သံသယအရိပ်အယောင်များကို တိုက်ရိုက် သန့်စင်ဆေးကြောပေးလိုက်ခြင်းပင် ဖြစ်သည်။

ထိုနေရာတွင် ရှိနေကြသည့် ကျဆုံးမသေမျိုးများ၏ စိတ်ထဲတွင်တော့ အနည်းငယ် မကျေမနပ် ဖြစ်သွားကြရသည်။

လော့ရွှမ်သူတော်စင်တို့တစ်သိုက်မှာမူ... ရင်ထဲကနေ သက်ပြင်းအရှည်ကြီးကို ချလိုက်နိုင်ကြတော့သည်။

၎င်းတို့သည် ဝါ့ထျန်းဧကရာဇ်အနေဖြင့် ခန္ဓာကိုယ်လုယူပြီး ပြန်လည်ကျင့်ကြံပြီးနောက်တွင်... ကျဆုံးမသေမျိုးများ၏ လမ်းစဉ်ဟောင်းကို ထပ်မံ၍ လျှောက်လှမ်းခြင်း မပြုတော့တာ ဖြစ်နိုင်သည်ဟု သံသယဝင်မိကြသည်။

သို့မဟုတ်ပါက... ဤပုဂ္ဂိုလ်၏ စရိုက်က ဘာဖြစ်လို့ ၎င်းတို့ ယခင်က တွေ့ဖူးခဲ့သည့် ကျဆုံးမသေမျိုးများနှင့် လုံးဝ ဥဿုံ ကွဲပြားခြားနားနေရတာလဲ။

ဤသို့ ဖြစ်လေလေ... ၎င်းတို့၏ စိတ်နှလုံးထဲတွင် ပိုမို၍ သတိကြီးစွာ ထားမိလေလေ ဖြစ်သည်။

စရိုက်ပိုင်းဆိုင်ရာတွင် အားနည်းချက် အမြောက်အမြား ရှိနေသည့် ခွန်အားကြီးသူတစ်ဦးက... စိတ်အာရုံပိုင်း ပြည့်စုံကွဲပြားနေသည့် တည်ရှိမှုမျိုးထက် ရင်ဆိုင်ရသည်မှာ အဆမတန် ပိုမိုလွယ်ကူလှသည် မဟုတ်ပါလား။

"ဝါ့ထျန်းဧကရာဇ်... အရှင်ပြောတဲ့အတိုင်းဆိုရင်၊ လူသားနယ်မြေ ကိုးခုထဲမှာ ဒါကို လုပ်ဆောင်နိုင်စွမ်း ရှိတာ... ဒါဆို ဟိုယန်နတ်ဘုရားတစ်စုများ ဖြစ်နေမလား"

ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က လေသံကို နှိမ့်၍ မေးမြန်းလိုက်သည်။

"ယန်နတ်ဘုရားတွေအနေနဲ့ ဒါကို ပြီးမြောက်အောင် လုပ်ဖို့က... အဲဒီလောက်အထိ မလွယ်ကူပါဘူး၊ ငါကိုယ်တိုင် ချမှတ်ထားခဲ့တဲ့ တားမြစ်ချက် အစီအရင်ထဲမှာ ယန်နတ်ဘုရားတွေကို အထူးနှိမ်နင်းချုပ်နှောင်နိုင်တဲ့ နည်းလမ်းတွေ ပါဝင်ပြီးသား"

ဝါ့ထျန်းဧကရာဇ်က ခေါင်းကို သာသာလေး ခါယမ်းလိုက်ရင်း -

"မင်းတို့ရဲ့ မျက်စိအောက်ကနေ 'ခန္ဓာကိုယ်အစားထိုးကောင်' အားလုံးကို သယ်ဆောင်သွားဖို့ နေနေသာသာ... ဘယ်ယန်နတ်ဘုရားမဆို ဒီနေရာရဲ့ မိုင်ပေါင်းသောင်းချီတဲ့ နယ်မြေအတွင်းကို ချဉ်းကပ်လာတာနဲ့ ငါကိုယ်တိုင် ချက်ချင်း သတိပြုမိမှာပဲ"

ယန်နတ်ဘုရား မဟုတ်ဘူးဆိုရင်... ဒါဆို ဘယ်သူလဲ။

လူတိုင်း အနည်းငယ် ဝေဝါးမရေမရာ ဖြစ်သွားကြရသည်။

"အသက်ရှိတဲ့ အရာဝတ္ထုတွေကို ထည့်သွင်းသိုလှောင်နိုင်တဲ့ ရတနာပစ္စည်းတစ်ခု ရှိတယ်... အဲဒါကို ယန်ဘူးသီးလို့ ခေါ်တယ်"

ဝါ့ထျန်းဧကရာဇ်က ပြုံးလိုက်ရင်း -

"ငါ သိထားသလောက်ဆိုရင်... ဒီရတနာပစ္စည်းက လက်ရှိမှာ ယင်လောပရဲ့ ဖန့်ငရဲမင်းကြီးရဲ့ လက်ထဲမှာ ရှိနေတယ်"

"ဖန့်ချန်လား"

ကျန်းဝူ တစ်ပိုင်းသူတော်စင်က ခေတ္တမျှ မှင်တက်သွားခဲ့ပြီးနောက်... အလန့်တကြား ရေရွတ်လိုက်မိသည်။

"သူက နတ်ဘုရားလောကထဲအထိ လိုက်လာခဲ့တာလား"

လော့ရွှမ်သူတော်စင်တို့တစ်သိုက်၏ မျက်နှာအမူအရာများမှာလည်း အနည်းငယ် ပြောင်းလဲသွားခဲ့ရသည်။

ထိုစဉ်က တိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ရကတည်းက... ၎င်းတို့အနေဖြင့် လူသားနယ်မြေ ကိုးခုနှင့် ယင်လောကထံမှ လာသည့် ဖိအားများကို ကောင်းစွာ ခံစားသိရှိနေခဲ့ကြရသည်။

ဖက်ပေါင်းစုံက ၎င်းတို့၏ အရိပ်အယောင်ကို ရှာဖွေနေကြသဖြင့်... အကယ်၍ အခြားနည်းလမ်း မရှိတော့၍သာ မဟုတ်လျှင်၊ ၎င်းတို့အနေဖြင့် ကြီးမားလှသော အဖိုးအခများကို ပေးဆပ်ပြီး နတ်ဘုရားလောကကြီးထဲသို့ ဖောက်ထွင်းဝင်ရောက်လာခဲ့ကြမည် မဟုတ်ချေ။

ဒါကလည်း နယ်မြေကိုးခု နှင့် ယင်လောက၏ ခြိမ်းခြောက်မှုဘေးမှ ရှောင်ရှားရန်အတွက်သာ ဖြစ်သလို... တစ်ချိန်တည်းမှာပင် အချိန်ကို ဆွဲဆန့်ထားရင်း၊ ထိုဟော်ဆွေ့မျိုးနွယ်စုရဲ့ သခင်လေး ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်၊ ထိုအချိန်ကျမှသာ အခြေအနေ အရပ်ရပ်အားလုံးက ကြီးမားစွာ ပြောင်းလဲသွားတော့မည် မဟုတ်ပါလား။

"ယင်လောက ငရဲမင်းကြီးရဲ့ ကျင့်ကြံခြင်းအဆင့်က အဲဒီလောက်အထိ မြင့်မားတာ မဟုတ်ပါဘူး... သူက ဆယ့်ရှစ်ထပ် ငရဲမျှော်စင် ဆိုတဲ့ ရတနာပစ္စည်းကို အားကိုးပြီးတော့မှသာ ငါတို့တွေကို ခုခံနိုင်စွမ်း ရှိတာ။

ဒါပေမဲ့... သူရဲ့ လက်အောက်မှာ ရှိတဲ့ အင်အားအကြီးဆုံးသူကလည်း အကန့်အသတ်ကျော်လွန်ခြင်း တတိယအဆင့်ပဲ ရှိတာ ဖြစ်လို့၊ မိတ်ဆွေတို့ရဲ့ ပြိုင်ဘက် မဟုတ်ပါဘူး"

လော့ရွှမ်သူတော်စင်က ဝါ့ထျန်းဧကရာဇ်ထံသို့ လှမ်းကြည့်လိုက်သည်။

"ဝါ့ထျန်းဧကရာဇ်... အကယ်၍ သူသာ ဒီနေရာထဲမှာ တိတ်တဆိတ် ပုန်းကွယ်နေတာဆိုရင်၊ ဖြစ်နိုင်တာက သူ အပြင်ကို မထွက်ခွာရသေးတာ ဖြစ်လိမ့်မယ်၊ ငါတို့တွေ လူအားလုံးကို ဒီနေရာ ဆင့်ခေါ်လိုက်ပြီးတော့... တစ်ဦးချင်းစီ သေသေချာချာ စစ်ဆေးကြတာပေါ့၊ သူ ဘယ်လိုပဲ ဖုံးကွယ်ထားပါစေ... သဲလွန်စ အရိပ်အယောင် အချို့တော့ သေချာပေါက် ကျန်ရစ်နေမှာပဲ"

ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က လက်အုပ်ချီကာ တင်ပြလိုက်သည်။

"သူ သေချာပေါက် အပြင်ကို ထွက်ခွာသွားဦးမှာ မဟုတ်သေးဘူး... အနည်းဆုံးတော့၊ သူ မသေမျိုးသန့်စင်ကန်ထဲကို မဝင်ရသေးခင်အထိတော့ အလွယ်တကူ ထွက်သွားမှာ မဟုတ်ဘူး။

ပြီးတော့ မသေမျိုးသန့်စင်ကန်ရဲ့ တားမြစ်ချက် အစီအရင်ကလည်း... လူသားတွေ ဖျက်ဆီးထားတဲ့ သဲလွန်စ အရိပ်အယောင်မျိုး လုံးဝ ရှိမနေဘူး"

ဝါ့ထျန်းဧကရာဇ်က ခပ်ဖွဖွ ရယ်မောလိုက်သည်။

သူ့ပုံစံက အနည်းငယ်မျှပင် စိုးရိမ်တကြီး ဖြစ်မနေခဲ့ချေ။

မသေမျိုးသန့်စင်ကန်ထဲကို ဝင်ဖို့ ဟုတ်လား။

လူတိုင်း ခေတ္တမျှ မှင်တက်သွားကြရသည်။

"ကြီးကျယ်ခမ်းနားလှတဲ့ ယင်လောက ငရဲမင်းကြီးတစ်ယောက်အနေနဲ့... အကယ်၍ မသေမျိုးသန့်စင်ကန်ကြောင့်သာ မဟုတ်ဘူးဆိုရင်၊ ဘာဖြစ်လို့ ဒီနေရာကို ပေါ်လာရမှာလဲ။

မင်းတို့တွေက သူ့အတွက် ဘာခြိမ်းခြောက်မှုမျိုးမှ ရှိမနေတော့ဘူး... ငါ သိနားလည်ထားသလောက်ဆိုရင်၊ ဒီဖန့်ငရဲမင်းကြီးဟာ ကိုယ့်ကိုယ်ကိုတော့ အန္တရာယ်ရှိတဲ့ နယ်မြေထဲကို အလွယ်တကူ ပစ်ထည့်မယ့် လူစားမျိုး မဟုတ်ဘူး။

တစ်ချိန်တည်းမှာပဲ သူကလည်း နတ်ဘုရားလောကကြီးထဲမှာ ခန္ဓာကိုယ်အစားထိုးကောင် တွေကို ပြိုးထောင်နေတယ်ဆိုတာကို ကြိုတင်ပြီး သိရှိနိုင်စွမ်း မရှိဘူး။

ဒါကြောင့် သူ ဒီနေရာကို လာရတဲ့ ရည်ရွယ်ချက်က... မသေမျိုးသန့်စင်ကန်ထဲကို ဝင်ရောက်ဖို့အတွက်ပဲ ဖြစ်ရမယ်"

ဝါ့ထျန်းဧကရာဇ်က တည်ငြိမ်စွာ ဆိုလိုက်သည်။

"ဟုတ်သားပဲ... သူက ဓားမသေမျိုး လမ်းစဉ်ကို လျှောက်လှမ်းထားတာ မဟုတ်လား၊ ပြီးတော့ ဖန့်မျိုးနွယ်စုကလည်း ယခင်က ဓားမဟာဗျူဟာ နည်းလမ်းတွေနဲ့ နတ်ဘုရားနယ်မြေမှာ အခြေစိုက်ခဲ့တာ... ဒါပေမဲ့ အထွတ်အထိပ်အရိုး မရှိတော့တဲ့အတွက် ကြောင့်မို့လို့ သူတော်စင်ကျမ်းစာ လမ်းစဉ်ကို မလျှောက်လှမ်းနိုင်တော့ဘဲ၊ နောက်တစ်ဆင့်ဖြစ်တဲ့ လမ်းစဉ်ကိုပဲ ရွေးချယ်ခဲ့ရတာ"

ချန်ရှန်း သူတော်စင်က စဉ်းစားတွေးတောလျက် ဆိုလိုက်သည်။

"ဝါ့ထျန်းဧကရာဇ် ပြောတာ တကယ်ကို မှန်ကန်ပါတယ်၊ ဓားမသေမျိုး လမ်းစဉ်ရဲ့ အဆင့် ၉ မသေမျိုးဆေးဝါးကို... ဖြစ်နိုင်တာက ဒီလောကကမ္ဘာထဲမှာ ရှာဖွေလို့ ရတော့မှာ မဟုတ်ဘူး၊ သူ ဒီနေရာကို လာတာက မသေမျိုးလမ်းစဉ်ရဲ့ ကျင့်ကြံခြင်းလမ်းကြောင်းကို ပြောင်းလဲပစ်ချင်လို့ပဲ ဖြစ်ရမယ်"

"မင်းတို့တွေ မှတ်မိသေးလား... သူ လူသားနယ်မြေ ကိုးခုမှာ ရှိတုန်းက ရရှိထားတဲ့ အဆင့်အတန်းကို"

ဝါ့ထျန်းဧကရာဇ်က ပြုံးလျက် ဆိုလိုက်သည်။

"ကျွယ်မင်နန်းတော်ရဲ့ အမာခံတပည့်လား။ ဒါဆိုရင် သူရဲ့ လက်ထဲမှာ မသေမျိုးလှေတစ်စင်း သေချာပေါက် ရှိနေမှာပဲ... အဲဒါကို အသုံးချပြီးတော့မှ နတ်ဘုရားလောကကြီးထဲကနေ ထွက်ခွာသွားနိုင်မှာ"

ဝါ့ထျန်းဧကရာဇ်၏ လမ်းညွှန်ချက်ကို ရရှိပြီးနောက်တွင်... လူတိုင်း ဤအချက်ကို တွေးမိသွားကြပြီးနောက်၊ အသက်ရှူသံများပင် အလိုလို ပြင်းထန်မြန်ဆန်လာခဲ့ကြရသည်။

ဖျင်ရွှီ တစ်ပိုင်းသူတော်စင်တို့တစ်သိုက်သည် စိတ်ထဲကနေ အကယ်၍ မိမိတို့သာ ထိုဖန့်ငရဲမင်းကြီးကို ဖမ်းဆီးရမိခဲ့မည်ဆိုပါက... ၎င်းကို အသုံးချ၍ လူသားနယ်မြေ ကိုးခုအတွင်းသို့ ဖောက်ထွင်းဝင်ရောက်နိုင်မည် ဖြစ်ပြီး၊ ထိုအချိန်ကျလျှင် ကျဆုံးမသေမျိုး မျိုးနွယ်စု၏ စွမ်းအားဖြင့် ဆိုပါက အချိန်တိုအတွင်းမှာပင် လောကသုံးပါးလုံးကို အမှန်တကယ်ပင် တစ်ဦးတည်း သီးသန့် အုပ်ချုပ်နိုင်လိမ့်မည်ဟု တွေးတောနေမိကြသည်။

ဒါက အထွတ်အထိပ်အကျဆုံးသော မိစ္ဆာမျိုးနွယ်စုတွေတောင်မှ... ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိသည့် အရာမျိုး ဖြစ်ပေသည်။

ထို့နောက်ပိုင်းတွင် လူသားမျိုးနွယ်စုများ ပြောင်းရွှေ့အခြေစိုက်လာခဲ့ကြသော်လည်း... လောကသုံးပါးလုံးကို တစ်ဦးတည်း သီးသန့် အုပ်ချုပ်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။

ယခုအချိန်တွင်မူ... ဤအမှုက အလွန်တရာ နောက်ကျမှ ပေါ်ထွက်လာခဲ့သည့် ၎င်းတို့ ကျဆုံးမသေမျိုး မျိုးနွယ်စု၏ လက်ထဲတွင် ပြီးမြောက်အောင်မြင်သွားနိုင်ရန် အခွင့်အရေး ရှိနေပြီ ဖြစ်ရာ၊ စဉ်းစားကြည့်ရုံမျှဖြင့်ပင် လူကို အလွန်တရာ စိတ်လှုပ်ရှားစေလှပေသည်။

"သွားကြစို့... လူအားလုံးကို ဒီနေရာကို စုစည်း ဆင့်ခေါ်လိုက်ပါ"

ဝါ့ထျန်းဧကရာဇ်က ပြုံးလိုက်ရင်း -

"ငါကိုယ်တိုင်လည်း ဒီယင်လောက ငရဲမင်းကြီးနဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံချင်မိတယ်၊ ဖြစ်နိုင်တာက ငါတို့နှစ်ယောက်ကြားမှာလည်း... ပူးပေါင်းဆောင်ရွက်ဖို့ အခွင့်အရေး ရှိနေမလားပဲ"

ဖျင်ရွှီ တစ်ပိုင်းသူတော်စင်သည် ဤစကားကို ကြားလိုက်ရသည်နှင့်... ချက်ချင်းပင် အလျင်အစလို လှည့်ထွက်သွားခဲ့တော့သည်။

"ဝါ့ထျန်းဧကရာဇ်... သူတို့တွေက နတ်ဘုရားမြေရဲ့ ကျန်ရစ်သူ အကြွင်းအကျန်တွေ ဖြစ်သလို၊ ဟော်ဆွေ့မျိုးနွယ်စုက သေချာပေါက် သတ်ဖြတ်မယ့် လူစားမျိုးတွေ ဖြစ်တယ်၊ သူတို့နဲ့ ပူးပေါင်းဆောင်ရွက်တာက... မိမိကိုယ်ကိုယ် ပျက်စီးခြင်းလမ်းကို ခေါ်ဆောင်သွားတာနဲ့ အတူတူပဲ"

လော့ရွှမ်သူတော်စင်က လေးနက်တည်ကြည်သည့် လေသံဖြင့် သတိပေးလိုက်သည်။

"မင်းတို့ ပြောပြတဲ့ အချက်အလက်အရ ကြည့်မယ်ဆိုရင်... မင်းတို့ကိုယ်တိုင်လည်း နတ်ဘုရားမြေရဲ့ ကျန်ရစ်သူ အကြွင်းအကျန်တွေ မဟုတ်ဘူးလား။ ဒါဆို မင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ရင်ရော... ငါတို့ ကျဆုံးမသေမျိုး မျိုးနွယ်စုအတွက် ဘာပြဿနာမှ ရှိမလာဘူးလို့ အာမခံနိုင်မလား"

ဝါ့ထျန်းဧကရာဇ်က ပြုံးစိစိ အမူအရာဖြင့် ဆိုလိုက်သည်။

"ငါတို့တွေက လူသားမျိုးနွယ်စုတွေ ထွက်ပြေးတိမ်းရှောင်ခြင်း မပြုရသေးခင်ကတည်းက...ဟော်ဆွေ့မျိုးနွယ်စုနဲ့ သဘောတူညီချက် တစ်ခုကို ရရှိထားခဲ့ပြီးသားပါ၊ အတိအကျ ပြောရမယ်ဆိုရင်... ငါတို့တွေက ဟော်ဆွေ့မျိုးနွယ်စုရဲ့ ကျင့်ကြံသူတွေ ဖြစ်နေပြီလို့တောင် ပြောလို့ ရတယ်"

လော့ရွှမ်သူတော်စင်က -

"ငါ့ရဲ့ တပည့်မ... ယခင်က နတ်ဘုရားနယ်မြေမှာ အလွန်တရာ နာမည်ကျော်ကြားလှတဲ့ ဇန်းရွှမ်သူတော်စင် ကတော့ ငါတို့နဲ့အတူ ထွက်ပြေးတိမ်းရှောင်လာခြင်း မရှိဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူမက ဟော်ဆွေ့မျိုးနွယ်စုရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ ပုဂ္ဂိုလ်ကြီးတစ်ဦးနဲ့ လက်ထပ်ထားခဲ့ပြီးသား ဖြစ်လို့ပဲ။

ဒီလို ပတ်သက်မှုမျိုး ရှိနေတဲ့အတွက်ကြောင့်... ငါတို့တွေကို ဘယ်လိုနည်းနဲ့မျှ နတ်ဘုရားမြေရဲ့ ကျန်ရစ်သူ အကြွင်းအကျန်တွေလို့ သတ်မှတ်မှာ မဟုတ်ဘူး"

"မှန်ပါတယ်... ငါတို့ အခုလို သူတော်စင်အဆင့်ရှိတဲ့ လူအများစုဟာ နောက်ကွယ်မှာ အားကိုးရာ အားလုံးကို ချန်ထားခဲ့ကြပြီးသား ဖြစ်လို့ ဟော်ဆွေ့မျိုးနွယ်စုနဲ့ ပတ်သက်မှုက အလွန်တရာ နီးကပ်လှပါတယ်"

ဟေးဖော် သူတော်စင်က ခေါင်းကို သာသာလေး ညိတ်ပြလိုက်ရင်း -

"အဲဒီလိုမှ မဟုတ်ရင်... ငါတို့တွေက ဘာဖြစ်လို့ အားလုံးကို ပုံအောပြီးတော့၊ ကျားနဲ့ အရေခွံလဲလှယ်တဲ့ လုပ်ရပ်မျိုးကို လုပ်ဝံ့ကြမှာလဲ"

ဝါ့ထျန်းဧကရာဇ်ကတော့ ဟုတ်သည်မဟုတ်သည်ကို ထုတ်ဖော်မပြောဘဲ ခေါင်းကို သာသာလေး ညိတ်ပြလိုက်ပြီး ဘာစကားမျှ ဆက်မပြောတော့ချေ၊ သို့သော်လည်း လော့ရွှမ်သူတော်စင်တို့တစ်သိုက်ကတော့ တစ်ဖက်လူအနေဖြင့် အကျိုးနဲ့ အပြစ်ကို သေသေချာချာ ခွဲခြားနားလည်နိုင်စွမ်း ရှိပြီး၊ နောက်ပိုင်းတွင် ဘာဆက်လုပ်ရမလဲဆိုတာကို ကောင်းစွာ သိရှိလိမ့်မည်ဟု ယုံကြည်နေကြသည်။

တစ်ချိန်တည်းမှာပင်

ဖန့်ချန်တို့တစ်သိုက်သည် တစ်စုံတစ်ဦး၏ ခေါ်ဆောင်ခြင်းကို ခံလိုက်ရပြီး အိမ်ရာဝင်းငယ်လေးထဲမှ ထွက်ခွာလာခဲ့ကြရသည်၊ ထို့ပြင် လမ်းမကြီးများပေါ်ရှိ နေရာအနှံ့အပြားတွင် ကျင့်ကြံသူများစွာက စောင့်ကြပ်ကြည့်ရှုနေကြပြီး... ၎င်းတို့ကို တစ်စုံတစ်ခုသော လမ်းကြောင်းအတိုင်း အတင်းအကျပ် မောင်းနှင်ခေါ်ဆောင်သွားနေကြသည်ကိုပါ မြင်တွေ့လိုက်ရတော့သည်။

"ငါတို့တွေကို ဘယ်နေရာကို ခေါ်သွားမလို့လဲ"

ဝူယဲ့တီ၏ မျက်နှာတွင် ထိတ်လန့်တုန်လှုပ်မှုများနှင့်အတူ မရေမရာ ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေခဲ့တော့သည်။

အခန်း (၂၀၀၀) လျှာအရိုးမရှိ စကားအင်မတန်ပြောကောင်းသူ

ဝူယဲ့တီနှင့် သူ၏အဖော်များအဖို့တော့ ယခုတစ်ကြိမ်တွင် အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ ကောင်းလှသော မြင်ကွင်းကြီးတစ်ခုကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရခြင်းပင် ဖြစ်တော့သည်။

လမ်းမကြီးများပေါ်တွင် နေရာအနှံ့အပြားမှ ကျင့်ကြံသူများကို ၎င်းတို့၏ အိမ်ရာဝင်းများအတွင်းမှ ဆက်တိုက်ဆိုသလို အတင်းအကျပ် မောင်းထုတ်ခေါ်ဆောင်လာနေကြသည်ကို မြင်တွေ့နေရသည်။ ထိုသူများသည် လူအုပ်ကြီးနှင့် တစ်စစချင်း ပေါင်းစည်းသွားကြပြီးနောက် တစ်ခုတည်းသော ဦးတည်ရာဘက်သို့ အတူတကွ ဦးတည်ရွေ့လျား လျှောက်လှမ်းနေကြရသည်။

ဤလမ်းခရီးတစ်လျှောက်တွင်မူ... ၎င်းတို့၏ ပတ်ပတ်လည်၌ အထူးတာဝန်ပေးအပ်ခြင်း ခံထားရသည့် ကျင့်ကြံသူများစွာက တင်းကြပ်စွာ ဝန်းရံစောင့်ကြပ်ကြည့်ရှုနေကြပြီး၊ ၎င်းတို့၏ အေးစက်စက်နိုင်လှသော မျက်လုံးအစုံဖြင့် လူအုပ်ကြီးထဲမှ လူတိုင်းတစ်ဦးချင်းစီအပေါ်သို့ စူးစူးစိုက်စိုက် လှည့်လည်ကြည့်ရှု စစ်ဆေးနေကြ၏။

"မုရုံဟွေ့... နင်ကတော့ ဒီတစ်ခေါက် ငါတို့ကို သေတွင်းထဲ ပို့လိုက်တာပဲ၊ ဘာ... မသေမျိုးကံတရား ဟုတ်လား၊ လျှောက်ပြောနေတဲ့ အဓိပ္ပာယ်မရှိတဲ့ ကံတရားပဲ"

လူအုပ်ကြီးထဲမှ တစ်စုံတစ်ဦးက ချက်ချင်းပင် အလွန်တရာ အမျက်ဒေါသထွက်နေသည့် ပုံစံဖြင့် မုရုံဟွေ့ထံသို့ စိတ်ချင်းဆက်သွယ်ကာ အော်ဟစ်ဆဲဆို ကျိန်ဆဲလိုက်တော့သည်။

ဤမျှလောက်အထိ တင်းကြပ်လွန်းပြီး စိတ်လှုပ်ရှားခြောက်ခြားဖွယ် ကောင်းလှသည့် အငွေ့အသက်များကြောင့်... တစ်စုံတစ်ရာသော ကြီးမားသည့် အန္တရာယ်ဆိုးကြီးတစ်ခု သေချာပေါက် ပေါ်ပေါက်လာတော့မည်ကို လူတိုင်းက အထင်အရှား ခံစားသိရှိနေကြရသည်။

၎င်းတို့၏ လက်ရှိအခြေအနေမှာ... အခြားသူများ၏ အတင်းအကျပ် မောင်းနှင်ခြင်းကို ခံနေရပြီး သားသတ်ရုံထဲသို့ တရွတ်တိုက် ဆွဲသွင်းခြင်း ခံနေရသည့် သိုးသူငယ်လေးများကဲ့သို့ပင် ဖြစ်နေပြီး၊ ဘယ်လိုနည်းနဲ့မျှ ပြန်လည်ရုန်းကန် တွန်းလှန်နိုင်စွမ်း မရှိကြချေ။

မုရုံဟွေ့ကမူ မျက်နှာတွင် အနည်းငယ်မျှ ပုံရိပ်ပြောင်းလဲခြင်း မရှိဘဲ အေးစက်တောင့်တင်းနေခဲ့ပြီး၊ ထိုလူများ၏ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုရှုတ်ချမှုများကို ဒီအတိုင်းပင် အောင့်အီးခံနေကာ ဘာတစ်ခွန်းမျှ ပြန်လည်တုံ့ပြန်ခြင်း မပြုခဲ့ချေ၊ ကြည့်ရသည်မှာ သူမ၏ နှလုံးသားတစ်ခုလုံး သေမင်းတမျှ အေးစက်ပြီး စိတ်ပျက်အားလျော့နေသည့် ပုံစံမျိုး ပေါက်နေခဲ့သည်။

"ဒီနေရာမှာ... ဘာဖြစ်လို့ ဒီလောက်တောင် ကျင့်ကြံသူတွေ အများကြီး ရှိနေရတာလဲ..."

လူစီးကြောင်းကြီးအတွင်းသို့ ပိုမိုများပြားလှသော ကျင့်ကြံသူများက ရေလှိုင်းများကဲ့သို့ ဆက်တိုက် စီးဝင်ပူးပေါင်းလာနေကြသည်။

ထိုအခါမှသာ... လူတိုင်းက ထိုကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်အတန်းများမှာ တစ်ဦးနှင့်တစ်ဦး လုံးဝ မတူညီဘဲ ကွဲပြားခြားနားနေကြသည်ကို သတိပြုမိလိုက်ကြတော့သည်။

ကြည့်ရသည်မှာ... ဗဟိုချက်မ တည်နေရာနှင့် ပိုမိုနီးကပ်စွာ နေထိုင်ရသူများ ဖြစ်လေလေ၊ ထိုကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်က ပိုမိုမြင့်မားလေလေ ဖြစ်ပြီး၊ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ အရေအတွက်ကလည်း ပိုမိုနည်းပါးသွားဟန် တူပေသည်။

ဘယ်လောက်တောင် ကြာသွားမှန်းမသိသည့် အချိန်တစ်ခုသို့ ရောက်ရှိလာပြီးနောက်... လူအုပ်ကြီးသည် ကြီးမားလှသော တားမြစ်ချက် အစီအရင်တစ်ခု၏ ရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ကြရတော့သည်။

ထိုတားမြစ်ချက် အစီအရင်ကြီး ပွင့်ဟသွားသည့် အခါတွင်မူ... ၎င်းတို့အားလုံးသည် အစောင့်အကြပ်များ၏ တွန်းပို့မှုနှင့်အတူ မသေမျိုးသန့်စင်ကန်ကြီး၏ ရှေ့မှောက်သို့ ရောက်ရှိသွားကြရလေသည်။

ထိုနေရာသို့ ရောက်သည်နှင့်... ၎င်းတို့အားလုံးကို စောင့်ဆိုင်းနေကြသည့် ဝါ့ထျန်းဧကရာဇ်နှင့် အခြားသော ခွန်အားကြီးသူတစ်သိုက်ကို ချက်ချင်းပင် မြင်တွေ့လိုက်ကြရတော့သည်။

"လူအားလုံး... စုံစုံလင်လင် ရောက်လာကြပြီလား"

ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က သူ၏ လက်အောက်ငယ်သားများထံသို့ လှမ်း၍ မေးမြန်းလိုက်သည်။

"အရှင်မင်းကြီးကို တင်ပြပါတယ်... လူအားလုံး စုံစုံလင်လင် ရောက်ရှိလာကြပါပြီ၊ တစ်ယောက်မှ ကျန်ရစ်ခဲ့ခြင်း မရှိပါဘူး ဘုရား"

လက်အောက်ငယ်သားက ရိုသေခန့်ညားစွာဖြင့် ချက်ချင်း တင်ပြလိုက်၏။

"ဧကရာဇ်မင်းကြီး... လူအားလုံး ရောက်ရှိလာကြပါပြီ"

ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က ဝါ့ထျန်းဧကရာဇ်ထံသို့ လှည့်ကာ လက်အုပ်ချီ၍ အစီရင်ခံလိုက်သည်။

ဝါ့ထျန်းဧကရာဇ် ဟုတ်လား...

ဖန့်ချန်သည် လူအုပ်ကြီး၏ အလယ်ဗဟိုတွင် ရောနှောမတ်တတ်ရပ်နေရင်း... ဝူယဲ့တီတို့တစ်သိုက် ကဲ့သို့ပင် ခေါင်းကို အသာအယာ ငုံ့ထားလိုက်မိသည်။

"အားလုံးပဲ... ခေါင်းတွေကို မော့လိုက်ကြစမ်း"

ဝါ့ထျန်းဧကရာဇ်က ညင်သာစွာ ပြုံးလိုက်ရင်း ဆိုလိုက်သည်။

လူအုပ်ကြီးက ခေတ္တမျှ မှင်တက်သွားခဲ့ကြရပြီးနောက်... ၎င်းတို့၏ ခေါင်းများကို တရွေ့ရွေ့ဖြင့် မော့ကြည့်လိုက်ကြတော့သည်။

"ငါ ကြားသိထားတာကတော့... ယင်လောကရဲ့ ဖန့်ငရဲမင်းကြီးမှာ ဘယ်လိုနည်းနဲ့မျှ ကုသလို့မရနိုင်တဲ့ မျက်စိရောဂါ အပြင်းအထန် ရှိနေတယ်လို့ ဆိုကြတယ်"

ဝါ့ထျန်းဧကရာဇ်၏ စူးရှလှသော မျက်ဝန်းအစုံက ထိုနေရာတွင် ရှိနေကြသည့် လူအုပ်ကြီးတစ်ခုလုံး၏ အပေါ်သို့ ဝေ့ဝဲကြည့်ရှုလိုက်ပြီး... မိမိတို့ရှေ့မှောက်တွင် ရှိနေကြသည့် တောက်ပကြည်လင်လှသော မျက်လုံးအစုံပေါင်းများစွာကို စိုက်ကြည့်ရင်း အေးဆေးတည်ငြိမ်စွာ စကားစလိုက်သည်။

မကြာမီအချိန်မှာပင်... သူ၏ မျက်လုံးများက ဖန့်ချန်၏ တောက်ပနေသည့် မျက်ဝန်းများနှင့် တည့်တည့်တိုးသွားခဲ့သော်လည်း၊ အလွန်လျင်မြန်စွာပင် ဘေးသို့ ပြန်လည်လွှဲဖယ်သွားခဲ့သည်။

ထိုအချိန်တွင် ဖန့်ချန်၏ မျက်ဝန်းအစုံမှာ အလွန်တရာ တောက်ပကြည်လင်နေခဲ့ပြီး... ၎င်းတွင် အနည်းငယ်မျှပင် မျက်စိမှုန်ခြင်း မျက်စိရောဂါ ဝေဒနာ ခံစားနေရသည့် အရိပ်အယောင်မျိုး လုံးဝ ဥဿုံ ရှိမနေခဲ့ချေ။

"စိတ်ဝင်စားဖို့ ကောင်းသားပဲ..."

ဝါ့ထျန်းဧကရာဇ်က ရုတ်တရက် ခပ်ဖွဖွ ရယ်မောလိုက်ရင်း -

"ဖန့်ငရဲမင်းကြီး... မင်းကိုယ်တိုင်လည်း ဒီနေရာကို ရောက်နေပြီပဲ၊ ဘာဖြစ်လို့ အပြင်ကို ထွက်လာပြီး ငါနဲ့ အေးအေးဆေးဆေး စကားစမြည် မပြောရတာလဲ။ မင်း ဘာကို လိုချင်တာလဲ... ငါ့အနေနဲ့ သေသေချာချာ စဉ်းစားပေးလို့ ရပါတယ်၊ ဒါပေမဲ့ မင်းက ငါတို့ ကျဆုံးမသေမျိုး မျိုးနွယ်စုရဲ့ အခြေခံအကျဆုံးသော အုတ်မြစ်ကိုတော့ လုယူသွားလို့ မရဘူး မဟုတ်လား"

လူအုပ်ကြီးကမူ မျက်နှာများ ဝေခွဲမရဘဲ ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။

ဘာ ဖန့်ငရဲမင်းကြီးလဲ...

ဘာ အခြေခံအကျဆုံး အုတ်မြစ်လဲ...

ပြီးတော့... ဘာ ကျဆုံးမသေမျိုးလဲ...

ဖန့်ချန်ကမူ အနည်းငယ်မျှ လှုပ်ရှားခြင်း မရှိဘဲ ခန္ဓာကိုယ်ကို ငြိမ်သက်စွာ ထိန်းထားရင်း... လူအုပ်ကြီး၏ လားရာအတိုင်း ဒီအတိုင်းပင် လိုက်ပါနေခဲ့သည်။ ဝူယဲ့တီတို့တစ်သိုက်က ဘယ်လို အမူအရာမျိုး ပြသနေသလဲ... သူကလည်း ကွက်တိ ထိုအမူအရာမျိုးကိုသာ ပုံတူကူးချ ပြသနေခဲ့ခြင်း ဖြစ်ပေသည်။

"ဖန့်မျိုးနွယ်... မင်း ဆက်ပြီး ပုန်းမနေနဲ့တော့၊ ဝါ့ထျန်းဧကရာဇ်က မင်း နောက်ကွယ်ကနေ လှည့်စားပတ်သတ်နေတာကို အကုန်သိပြီးသား။ ဘာလဲ... လုပ်ရဲပြီးတော့ မခံရဲဘူးလား"

ကျန်းဝူ တစ်ပိုင်းသူတော်စင်က ရုတ်တရက် ပြင်းထန်စူးရှလှသော လေသံဖြင့် အော်ဟစ်လိုက်ရင်း -

"မြန်မြန်... အဲဒီ ခန္ဓာကိုယ်အစားထိုးကောင် တွေကို အကုန်လုံး ပြန်လွှဲပေးစမ်း"

သူ၏ စူးရှထက်မြက်လှသော မျက်ဝန်းများက လူအုပ်ကြီးတစ်ခုလုံးအပေါ်သို့ သားကောင်ကို ရှာဖွေနေသည့် သိန်းငှက်တစ်ကောင်ကဲ့သို့ ဝေ့ဝဲကြည့်ရှု စစ်ဆေးလိုက်သည်။

လော့ရွှမ်သူတော်စင်တို့တစ်သိုက် ကလည်း တိတ်တဆိတ် စောင့်ကြည့်စစ်ဆေးနေကြပြီး... ထိုလူအုပ်ကြီးထဲမှ ဖန့်ချန်၏ အရိပ်အယောင်ကို ရှာဖွေရန် အစွမ်းကုန် ကြိုးစားနေကြ၏။

သို့သော်လည်း... ဖန့်ချန်၏ ဝိညာဉ်စွမ်းအား က အလွန်တရာ ကြီးမားထက်မြက်လွန်းလှပြီး၊ သူကလည်း မိမိကိုယ်ကိုယ် ရည်ရွယ်ချက်ရှိရှိဖြင့် အစွမ်းကုန် ဖုံးကွယ်တုပထားသဖြင့်... ဝါ့ထျန်းဧကရာဇ်ကဲ့သို့ ခွန်အားကြီးမားလှသော ပုဂ္ဂိုလ်ကြီးပင် ဖြစ်ပါစေဦးတော့၊ အချိန်တိုအတွင်းမှာ ဤမျှလောက် များပြားလှသော လူပင်လယ်ကြီးထဲမှ သူ့ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိခဲ့ချေ။

ကျန်းဝူ တစ်ပိုင်းသူတော်စင်တို့ကဲ့သို့ လူမျိုးများအတွက်မူ... ပို၍ပင် မဖြစ်နိုင်တော့ချေ။

"ဧကရာဇ်မင်းကြီး... ကြည့်ရတာ သူကတော့ တောက်လျှောက် ပုန်းကွယ်နေတော့မယ့် ပုံပဲ၊ ငါတို့တွေ သူတို့အားလုံးကို မသေမျိုးသန့်စင်ကန်ထဲကို ပစ်ချလိုက်တာက ပိုကောင်းမယ် ထင်တယ်"

ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က အေးစက်စက် ပြုံးလိုက်ရင်း -

"မသေမျိုးသန့်စင်ကန်ထဲကို ရောက်သွားတာနဲ့... သူတို့ရဲ့ တစ်ကိုယ်လုံးက ကျင့်ကြံခြင်းအဆင့်တွေ အကုန်လုံး ပျောက်ကွယ်သွားလိမ့်မယ်၊ အဲဒီအချိန်ကျရင် ဘယ်လို ဖုံးကွယ်တုပထားတဲ့ နည်းလမ်းမျိုးပဲ ဖြစ်ပါစေ... ငါတို့ရဲ့ မျက်စိအောက်ကနေ ဘယ်လိုနည်းနဲ့မျှ လွတ်မြောက်နိုင်မှာ မဟုတ်တော့ဘူး"

"အားလုံးကို တစ်ခါတည်း သတ်ပစ်လိုက်တာက ပိုပြီး အလုပ်ရှုပ်သက်သာလိမ့်မယ်"

ကျန်းဝူ တစ်ပိုင်းသူတော်စင်က နှာခေါင်းရှုံ့ရင်း ဆိုလိုက်သည်။

"ဒီနေရာမှာ မင်း စကားပြောပိုင်ခွင့် မရှိဘူး... ဒီထဲမှာ ရှိနေတဲ့ ကျင့်ကြံသူ တော်တော်များများက သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ နတ်ဘုရားစွန့်လွှတ်ခြင်းကျင့်စဥ် ရဲ့ အကျိုးသက်ရောက်မှုတွေ တိုးတက်ဖြစ်ထွန်းနေကြပြီ၊ အကယ်၍ အကုန်လုံးကို သတ်ပစ်လိုက်မယ်ဆိုရင်... နောင်ကျရင် ဘယ်သူတွေကို ခန္ဓာကိုယ်အစားထိုးကောင် အဖြစ် သုံးတော့မှာလဲ"

ဖျင်ရွှီ တစ်ပိုင်းသူတော်စင်က ကျန်းဝူ တစ်ပိုင်းသူတော်စင်ထံသို့ အေးစက်စက် ကြည့်လိုက်ရင်း ပြင်းထန်စွာ ဆူပူလိုက်သည်။

ကျန်းဝူ တစ်ပိုင်းသူတော်စင်သည်လည်း မိမိ စကားမှားသွားခဲ့သည်ကို ကောင်းစွာ သိရှိလိုက်သဖြင့် ခေါင်းငုံ့သွားခဲ့ရသော်လည်း... သူ၏ ရင်ထဲတွင်မူ အလွန်တရာ ဒေါသတကြီး ဖြစ်နေခဲ့ရသည်။ အကယ်၍သာ ၎င်းအတွက် အသုံးပြုရန် ခန္ဓာကိုယ်အစားထိုးကောင် မရှိတော့ဘူးဆိုပါက... သူသည် ကျင့်ကြံခြင်းလမ်းကြောင်းကို အစကနေ ပြန်လည်စတင်ရတော့မည် ဖြစ်ရာ၊ ထိုအမူရာကို သူ ဘယ်လိုနည်းနဲ့မျှ လက်မခံနိုင်ချေ။

"ဖန့်ငရဲမင်းကြီး... ကြားလိုက်ရတယ် မဟုတ်လား။ အကယ်၍ မင်းက ငါကိုယ်တိုင်ရဲ့ ရှေ့မှောက်မှာတင်... မသေမျိုးသန့်စင်ကန်ထဲကို အတင်းအကျပ် အပစ်ချခံလိုက်ရပြီးမှ ပြန်ထွက်လာမယ်ဆိုရင်တော့... အဲဒီအချိန်ကျရင် ဘယ်လိုမျက်နှာသာမျိုးမှ ပေးနိုင်တော့မှာ မဟုတ်ဘူးနော်"

ဝါ့ထျန်းဧကရာဇ်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်ရင်း ပြုံးလျက် ဆိုလိုက်သည်။

"ဒီလို အခြေအနေမျိုးအထိ မရောက်ခင်မှာ... မင်းကိုယ်တိုင် အလိုအလျောက် ထွက်လာခဲ့တာက ပိုကောင်းပါလိမ့်မယ်။ အဲဒီ ခန္ဓာကိုယ်အစားထိုးကောင် တွေသာ ဘာမှမဖြစ်ဘူးဆိုရင်... အရာရာအားလုံးကို ဆွေးနွေးတိုင်ပင်လို့ ရပါသေးတယ်"

သူက စကားကို ခေတ္တမျှ ရပ်တန့်လိုက်ပြီးနောက် -

"အကယ်၍ မင်းအနေနဲ့ ကျဆုံးမသေမျိုးတွေက ကတိ မတည်ဘူးလို့ စိုးရိမ်နေတာဆိုရင်တော့... အဲဒီလို တွေးစရာ မလိုပါဘူး၊ ငါ့ရဲ့ ယခင်ဘဝက ကျဆုံးမသေမျိုး ဖြစ်ခဲ့ဖူးပေမယ့်... ဒီဘဝမှာတော့ ငါဟာ အမှန်တကယ်ပဲ လူသားမျိုးနွယ်စုရဲ့ ကျင့်ကြံသူတစ်ဦး ဖြစ်နေပါပြီ၊ ဖန့်ငရဲမင်းကြီးနဲ့ လုံးဝ ကွဲပြားခြားနားခြင်း မရှိပါဘူး"

ဤစကားလုံး အချို့ကိုတော့... ဖန့်ချန်အနေဖြင့် အနည်းငယ်မျှ ယုံကြည်မိသွားခဲ့သည်။

သူ ယခင်က တွေ့ဖူးခဲ့သည့် အခြားသော ကျဆုံးမသေမျိုးများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက... ဝါ့ထျန်းဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်တွင် ကျဆုံးမသေမျိုးများ၏ အငွေ့အသက်မျိုး လုံးဝ တည်ရှိမနေခဲ့ဘဲ၊ အမှန်တကယ်ပင် မိမိကိုယ်ပိုင် လမ်းစဉ်သစ်တစ်ခုကို ဖောက်ထွက်အောင်မြင်ထားသည့် ပုံစံမျိုး ပေါက်နေခဲ့၍ ဖြစ်သည်။

သို့သော်လည်း... ထိုကျင့်စဉ်အမည်က နတ်ဘုရားစွန့်လွှတ်ခြင်းကျင့်စဥ် ဟု အမည်ရနေသဖြင့်... ၎င်း၏ နောက်ကွယ်တွင် ကျဆုံးမသေမျိုးများနှင့် ဆက်နွယ်နေသည့် လျှို့ဝှက်ချက်တစ်ခု သေချာပေါက် ရှိနေဦးမည် ဖြစ်ရာ၊ ဘယ်နေရာတွင် ကွဲပြားခြားနားနေသလဲ ဆိုတာကိုတော့ အတိအကျ မသိရသေးချေ။

"မှန်တာပေါ့... လက်ရှိအချိန်မှာ လူသားနယ်မြေကိုးခု က ကြီးမားလှတဲ့ ဘေးဒုက္ခဆိုးကြီးတစ်ခုနဲ့ ရင်ဆိုင်နေရတယ်၊ ဟော်ဆွေ့မျိုးနွယ်စုက မင်းတို့ရဲ့ ရှန်းဟုန်မျိုးနွယ်စု တစ်ခုလုံးကို အမြစ်ပြတ် သတ်ဖြတ်ချေမှုန်းဖို့ လုပ်ဆောင်နေကြတာ။

ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း... ငါ့အနေနဲ့ မင်းတို့ကို အနည်းငယ် ကူညီပေးနိုင်စွမ်း ရှိပါတယ်။ ငါ သူတော်စင်အဆင့်ကို အောင်မြင်စွာ တက်လှမ်းသွားနိုင်တဲ့ အချိန်ကျရင်... လူသားမျိုးနွယ်စုရဲ့ အဆင့်အတန်းနဲ့ မင်းတို့အားလုံးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်ပေးနိုင်လိမ့်မယ်၊ ဟင်းလင်ပြင်အဆင့်မြင့် မဟာမိတ်အဖွဲ့ ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို... ဟော်ဆွေ့မျိုးနွယ်စုအနေနဲ့လည်း လွယ်လွယ်ကူကူနဲ့ ချိုးဖောက်ဝံ့မှာ မဟုတ်ဘူးလေ"

ထိုစကား ထွက်ပေါ်လာသည်နှင့်... လော့ရွှမ်သူတော်စင်တို့တစ်သိုက်၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် သိသိသာသာ ပြောင်းလဲသွားခဲ့ရတော့သည်။

ဖျင်ရွှီ တစ်ပိုင်းသူတော်စင်ပင်လျှင် မနေနိုင်ဘဲ ဝါ့ထျန်းဧကရာဇ်ထံသို့ လှမ်း၍ တစ်ချက် ကြည့်ရှုလိုက်မိ၏။

"အဲဒီအချိန်ကျရင်... လူသားမျိုးနွယ်စုထဲမှာ ပထမဆုံးအကြိမ်အဖြစ် အထွတ်ထိပ်အရိုး တစ်ခု ပေါ်ထွက်လာတော့မှာ ဖြစ်ပြီး၊ ပြန်လည်အသက်ဝင်မယ့် လမ်းကြောင်းကြီးက မင်းတို့ရဲ့ ရှေ့မှောက်တည့်တည့်မှာ တည်ရှိနေပြီ။ ဟို မော်ထျန်းတီကျန့် ဆိုတဲ့ ပုဂ္ဂိုလ်က တာအိုကို အောင်မြင်နိုင်မလားဆိုတာကို ထိုင်စောင့်မျှော်နေမယ့်အစား... မင်းတို့ရဲ့ ရှေ့မှောက်က အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားလိုက်တာက ပိုပြီး ကောင်းမွန်လိမ့်မယ် မဟုတ်လား... ဖန့်ငရဲမင်းကြီး၊ မင်းကော ဘယ်လို ထင်သလဲ"

ဖန့်ချန်၏ ဦးနှောက်က အလွန်တရာ လျင်မြန်စွာ လည်ပတ်နေခဲ့ပြီး... ဝါ့ထျန်းဧကရာဇ်၏ စကားလုံးများနှင့် လက်ရှိအခြေအနေ၊ ယခင်က ဖြစ်ပျက်ခဲ့ဖူးသမျှ အရာအားလုံးကို တစ်ခုချင်းစီ သေသေချာချာ တိုက်ဆိုင်စစ်ဆေးနေခဲ့သည်။

အရာရာကို အသေးစိတ် ချင့်တွက်ပြီးနောက်တွင်... သူ၏ ရင်ထဲ၌ ရုတ်တရက် အေးစက်စက် နှာခေါင်းရှုံ့လိုက်မိတော့သည်။

ကျဆုံးမသေမျိုးဆိုတာ ကျဆုံးမသေမျိုးသာ ဖြစ်ပြီး... ဘယ်လိုနည်းနဲ့မျှ လူသားမျိုးနွယ်စု ဖြစ်လာနိုင်စွမ်း မရှိချေ။

ဝါ့ထျန်းဧကရာဇ်က သူတော်စင်အဆင့်သို့ ရောက်ရှိသွားခဲ့လျှင်ပင်... ထိုအထွတ်ထိပ်အရိုး ဆိုတာကလည်း လူသားမျိုးနွယ်စု၏ အပေါ်သို့ သက်ရောက်လာလိမ့်မည် မဟုတ်ချေ။

အကယ်၍ တစ်ဖက်လူ ပြောသည့်စကားသာ အမှန်တကယ် ဖြစ်ခဲ့မည်ဆိုပါက... သူသည် လူသားလောက ကိုးခုတွင် ရှိနေသည့် ယန်နတ်ဘုရားများနှင့် စောစီးစွာကတည်းက ဆက်သွယ်မှု ပြုလုပ်ထားခဲ့ပြီး ဖြစ်ရပေလိမ့်မည်။

၎င်းကို အခြေခံအဖြစ် အသုံးချပြီး... နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု အခြေခံအုတ်မြစ်ကို လွယ်ကူစွာ ချမှတ်နိုင်ခဲ့ရမည် ဖြစ်သည်။

ဒါဆို တစ်ဖက်လူက ဘာဖြစ်လို့ ထုတ်ဖော်မပြောရတာလဲ... ဟက်၊ လျှာအရိုးမရှိ စကားအင်မတန်ပြောကောင်းပြီး လှည့်စားတတ်တဲ့ လူစားမျိုးသာ ဖြစ်ပေသည်။

လူအုပ်ကြီးကမူ တောက်လျှောက် တိတ်ဆိတ်ငြိမ်သက်နေဆဲပင် ဖြစ်သည်။

ဝါ့ထျန်းဧကရာဇ်က ခပ်ဖွဖွ ရယ်မောလိုက်ရင်း... ဖျင်ရွှီ တစ်ပိုင်းသူတော်စင်ထံသို့ တစ်ချက် လှမ်းကြည့်လိုက်သည်။

ဖျင်ရွှီ တစ်ပိုင်းသူတော်စင်သည်လည်း ချက်ချင်းပင် သဘောပေါက်သွားခဲ့ပြီးနောက်၊ အေးစက်စက် လေသံဖြင့် ဆိုလိုက်သည်။

"ချီသန့်စင်ခြင်းအဆင့် ကနေ စတင်ကြစို့... အကုန်လုံး မသေမျိုးသန့်စင်ကန်ထဲကို တစ်ယောက်ပြီးတစ်ယောက် ဆင်းကြစမ်း"

"........"

ဝူယဲ့တီ၏ နှလုံးသားတစ်ခုလုံး အလွန်တရာ ထိတ်လန့်တုန်လှုပ်သွားခဲ့ရပြီး... ထိုမသေမျိုးသန့်စင်ကန် ဆိုသည့် အရာက ကြားရုံမျှဖြင့်ပင် ကြောက်မက်ဖွယ် ကောင်းလှပေသည်၊ ခုနကတင် တစ်ဖက်လူက ပြောပြီးပြီ မဟုတ်ပါလား... ၎င်းထဲသို့ တစ်ခေါက် ဆင်းသွားရုံမျှဖြင့် ကျင့်ကြံခြင်းအဆင့်အားလုံး ပျောက်ကွယ်သွားလိမ့်မည်ဟု ဆိုခဲ့သည်။

ဒါက... သူ၏ နှစ်ပေါင်းများစွာ အပင်ပန်းခံ လေ့ကျင့်ကျင့်ကြံခဲ့သမျှ အရာအားလုံးက သဲထဲရေသွန် ဖြစ်သွားရတော့မည်ဟု ဆိုလိုခြင်း မဟုတ်ပါလား။

လူတိုင်း ရင်တမမဖြင့် ထိတ်လန့်ခြောက်ခြားနေကြရစဉ်မှာပင်... ပထမဆုံး အသုတ်ဖြစ်သည့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများသည် အတင်းအကျပ် တွန်းပို့ခြင်း ခံလိုက်ရပြီး မသေမျိုးသန့်စင်ကန်ထဲသို့ ဆင်းသွားကြရတော့သည်။

၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်က အလွန်တရာ နိမ့်ပါးလွန်းလှသဖြင့်... ကန်ရေပြင်ထဲတွင် စက္ကန့်အနည်းငယ်မျှသာ နစ်မြုပ်သွားခဲ့ရပြီး၊ ချက်ချင်းပင် ကုန်းပေါ်သို့ အလုအယက် ပြန်လည်ကူးခတ် တက်လာခဲ့ကြရသော်လည်း... ၎င်းတို့ထဲမှ တစ်ဦး နှစ်ဦးခန့်မှာမူ ဘယ်လိုနည်းနဲ့မျှ ပြန်လည်ပေါ်ထွက်လာခြင်း မရှိတော့ချေ။

"ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်တွေ... အကုန်လုံး ပျောက်ကုန်ပြီ..."

ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက မျက်ရည်စက်လက်ဖြင့် ရင်ထုမနာ ဖြစ်နေခဲ့ရသည်။

ကျဆုံးမသေမျိုးများကမူ ၎င်းတို့၏ ခံစားချက်များကို ဂရုစိုက်မနေဘဲ... ထိုသူများကို ဘေးသို့ တရွတ်တိုက် မောင်းထုတ်လိုက်ပြီးနောက်၊ နောက်ထပ် ‌ေ ကျင့်ကြံသူတစ်သိုက်ကို ကန်ထဲသို့ ထပ်မံ၍ အတင်းအကျပ် မောင်းသွင်းလိုက်ကြပြန်သည်။

မသေမျိုးသန့်စင်ကန်ထဲသို့ ဆင်းသွားကြရသည့် ကျင့်ကြံသူတိုင်း၏ မျက်နှာပေါ်တွင်... သေမင်းထံသို့ သွားနေရသည့်အလား အလွန်တရာ စိတ်ပျက်အားလျော့ပြီး ကြေကွဲဝမ်းနည်းနေသည့် အရိပ်အယောင်များ ထင်ဟပ်နေခဲ့ကြရသည်။

တိုတောင်းလှသော တစ်နာရီမျှ အချိန်အတွင်းမှာတင်... ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူပေါင်း သိန်းချီ၍ မသေမျိုးသန့်စင်ကန်၏ အရည်ဖျော်ခြင်းကို ခံလိုက်ရပြီး ကျင့်ကြံခြင်းအဆင့်များ အားလုံး ကုန်ဆုံးပျောက်ကွယ်သွားခဲ့ကြရလေသည်။

မကြာမီအချိန်မှာပင်... လူစုအလှည့်က ဖန့်ချန်နှင့် အခြားသူများ၏ ထံသို့ ရောက်ရှိလာခဲ့တော့သည်။

"မုရုံဟွေ့... နင် ကောင်းကောင်းသေရမှာ မဟုတ်ဘူး"

ကျင့်ကြံခြင်းအဆင့်များ ပျောက်ကွယ်သွားရခြင်းမှာ မိမိတို့ သေဆုံးသွားရခြင်းနှင့် အတူတူပင် ဖြစ်သည်ဟု ခံစားလိုက်ရသဖြင့်... လေ့ကျင့်ရေးအဆင့် ကျင့်ကြံသူအချို့က ဘာကိုမျှ ဂရုမစိုက်တော့ဘဲ မုရုံဟွေ့ထံသို့ လှည့်၍ အစွမ်းကုန် အော်ဟစ်ဆဲဆို ကျိန်ဆဲလိုက်ကြတော့သည်။

မုရုံဟွေ့ကမူ မျက်နှာတစ်ခုလုံး ညိုမှိုင်းအေးစက်နေခဲ့ပြီး ဘာစကားတစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်နေခဲ့၏။

အလွန်လျင်မြန်စွာပင်... ဖန့်ချန် အပါအဝင် ၎င်းတို့၏ အသုတ်မှ ကျင့်ကြံသူများအားလုံးသည် ထိုနေရာတွင် ရှိနေကြသည့် လူအများအပြား၏ စောင့်ကြည့်မှုအောက်တွင် မသေမျိုးသန့်စင်ကန်ကြီး၏ အတွင်းသို့ တစ်ဦးပြီးတစ်ဦး လျှောက်လှမ်းဆင်းသွားကြရတော့သည်။

စက္ကန့်အနည်းငယ်မျှ ကြာပြီးနောက်... ဝူယဲ့တီနှင့် အခြားသူများသည် ကန်ရေပြင်ပေါ်သို့ တရွေ့ရွေ့ဖြင့် ပြန်လည်ပေါ်ထွက်လာခဲ့ကြသော်လည်း...

ဖန့်ချန်၏ ပုံရိပ်တစ်ခုတည်းသာ... ရေပြင်ပေါ်သို့ ပြန်လည်ပေါ်ထွက်လာခြင်း မရှိတော့ချေ။

"ကျင့်ကြံဖော် ဝမ်... သေသွားပြီ ထင်တယ်..."

ဝူယဲ့တီ၏ မျက်နှာပေါ်တွင် အလွန်တရာ ရင်နင့်ဖွယ်ကောင်းလှသော စိတ်ပျက်အားလျော့သည့် အပြုံးတစ်ခု ပေါ်ထွက်လာခဲ့တော့သည်။

ဝါ့ထျန်းဧကရာဇ်နှင့် အခြားသူများကမူ... ဤအမှုအပေါ်တွင် အနည်းငယ်မျှ စိတ်ထဲထားခြင်း မရှိကြဘဲ၊ ကျန်ရှိနေသေးသည့် အခြားသော ကျင့်ကြံသူများ၏ အပေါ်သို့သာ ၎င်းတို့၏ မျက်လုံးများကို ဆက်လက်၍ စူးစိုက်ကြည့်ရှု စစ်ဆေးနေကြတော့သည်။

All Chapters